Monday, September 29, 2008
First thing in my life
ရှေးပဝေသဏီ က ဆိုတော. မမှတ်မိ နိုင်တော. ပါဘူး။ ရှေးဟောင်း နှောင်းဖြစ်တွေ ကြားဘုးတယ်ဘဲ မှတ်ပါတော.။ ပထမဆုံး ကျောင်းတက် တာကတော. ပူတာအို.ပါ. ကချင်ပြည်နယ် မှာ အဖေက ဝန်ထမ်းမို.လိဲု့ မိသားစုလိုက် နေကြပါတယ်။ ကျောင်းသွားရင် ဖယောင်းတိုင် ယူ သွားရ ပါတယ်။ အေးလွန်း လို. လက်ကလေးတွေ ထုံနေ ပါတယ်။
ကချင်ပြည်နယ် မိုးညှင်း နား က အင်းတော် ကြီး ကို ရောက်ဘူးပါတယ။် တောထဲ မှာ ဂျစ်ကားနဲ့အတော်ကြာ သွားရပြီး ကန် ကြီး ကို မြင်ရပါတယ်။ ရေလည် မှာ ဘုရားရှိ ပါတယ်။ ရေ ကျရင် လမ်းလျှောက် သွားလို.ရတဲ့ တံတားလေး ရှိပါတယ်။ ရေတက် ရင် တံတားကလေး မြှုပ် သွားပါတယ်။ ငါးအကြီးကြီး တွေ ရှိပါတယ။်
မုံန်ဘို.ရဘူးတာ ငါးမူးပါ။ ရှမ်းခေါက်ဆွဲကို ၃ကျပ်ခွဲ ခေတ်က စားဘုး ပါတယ်။ ကှူရှင် လခ က တဆယ်ပါ။ ဒါတောင် အကုန် မတက်နိုင်လို. သု့းခုဘဲ တက်နိုင်ပါတယ်။ ကျောင်းလခ က သုံးဆယ် ပါ။ အိမ်လခ က အစိုးရ ဆီ က ငှားတာ ၂ရ ကျပ်ပါ။ သီချင်းမဆိုတတ်ပါ. . ။တပုဒ် မှ အစအဆုံး မရပါ. တခါ ဆို ဆို မ.ှ… သီချင်း မဆိုဘူးပါ။
စာအုပ် ကတော. နှစ်တန်း လောက် က ထည်း က ဖတ် ပါတယ်။ ဖတ်စရာ မရှိရင် လမ်းဘေး ဆိုင်းဘုတ်ဖတ်ပါတယ်။ မှုံ့ဆိုင် ကထုတ် ပေးလိုက် တဲ့ သတင်းစာ ကို ဖတ်ပါတယ်။ ပထမဆုံး လက်ပါတ်နာရီ ကို ရတန်း ကျောင်းသူ ဘဝ မှာ အဖေ ဝယ် ပေးပါတယ်။ ကျပ် ရ၀၀ နဲ. လေးထောင့် ကြိုးအမဲ လေးပါ။
ကျိုက်ထီးရိုးကို လူကြီးတွေ မပါဘဲ လူငယ်တွေချည်းဘဲ စုသွားဘူးပါတယ်။ ရုပ်ရှင် ကို ရတန်းကတည်း ကကျောင်းပြေြး့ပီး ကြည်.တတ်ပါတယ်။ ပထမဆုံး မျက်နှာဖုံးရိုက် မလို့ စိုးသူ ကို ပြောပြီးသား ဦးမြတ်ခိုင် ကို ရက် ချိန်းပေးပြီး ကာမှ ဦးလေး နာရေးဖြစ်တာနဲ့ မင်း သမီး မဖြစ် လိုက်ရပါ။။ စိုးသူ နဲ. လဘက်ရည် ဆိုင် ထိုင်ဘူး ပြီး။ ရဲအောင် နဲ့ အတော် ခင် ပါတယ်။ ပြေငြိမ်း ကို ချစ် လို့ အိမ် ကို ပြော ခိုင်းတာ အဆူခံရတာနဲ့ ဇာတ်လမ်း မဆက် လိုက်ရပါ။။
နိင် ငံခြား စလုံး ကို တော. ပထမဆုံး အနေနဲ့ ရောက်ဘူးပါတယ်။ အလုပ် ကတော. အစိုးရ အလုပ် ကို ဂေဇတ်တတ် အရာရှိ ဟိုတုံး က ၄၅၀ စကေး ။ ကိုယ်တို့.ခေတ် မှာ ၁၆၀၀ ရပါတယ်။
တရားစခန်းကတော . ရည်းစား ကို စိတ် ဆိုးလို့ မဟာစည် ခဏ ဝင် ဘူးပါတယ်။ တရားမရခဲ့ပါ။ အခန်းတံ့ခါး ကို အပြင် မှ ပိတ် ခိုင်းကာ အိပ်ခဲ့ဘူးပါသည်။ ပထမဆုံးရည်းစား က kmsl ပါ။ အရက် မသောက်ဘူးပါ။ မြန်မာ မိန်းကလေး ပီသခဲ.ပါသည်။
ပစ်ဘူးတဲ. သေနတ် ကတော.ဖောင်ကြီး တက် တုံးက သေနတ်ပါ ။ ရှိ ပူရသေး။ ကုန် မှအေး ဆိုပြီး တဒိုင်း ဒိုင်း ပစ်ခဲ.ကြပါတယ်။ ဘလော.ကိုတော. ကိုစိုးထက် ဆီ သွားပြီး ကြော်ငြာ ထည်.ပါတယ။် အကယ်ဒီ ကတော. Wesheme ရဘူးပါတယ်။
(မီးငယ်။ သက်ဝေ။ ကို Andy ။ မွန် တို.ကို ခင်လွန်းရွေ. ရေးခြင်း ဖြစ် သည်.။ )
30 comments:
  1. တော်သေးတယ် မျက်နှာဖုံးမထွက်ဖြစ်လို့ နို့မို့...........:)
    ReplyDelete
  2. Ko Boyz said...
    ငယ်ငယ်တုန်းက ရှမ်းခေါက်ဆွဲ တစ်ပွဲကို ၅ ကျပ်နှုန်း မှီခဲ့ပါတယ်...။ ဒွေး၊ စိုးမြတ်နန္ဒာ၊ အူဝဲ၊ ခရစ်စတီး၊ ရတနာခင်တို့နဲ့ တွဲရိုက်ဖူးပါတယ်...။ ကျောက်ကန်လန့် ဘုရားထိပ်ပေါ်အထိ တက်ဖူးပါတယ်...။ (ကျိုက်ထီးရိုး အသွားလမ်းမှာ ရှိတာ)...။
    ReplyDelete
  3. TZA said...
    ဟွန်း.. အကုန်ရေးသွားကြပြီ၊ ဘာရေးရမှန်းသိတော့ဘူး၊ ဒါပဲ။
    September 29, 2008 1:14 AM
    ReplyDelete
  4. ဟိုက်ရော..လမ်းဘေးက ဆိုင်ဘုတ်တောင် ချမ်းသာမပေးဘူး ဆိုပါ့လား။ အိမ်ရှေ.က ထောင်ထားတဲ့  ဆိုင်းဘုတ်ပြန်ဖြုတ်ဦးမှပဲ။ ဟေဟေ. ရည်းစားကို စိတ်ဆိုးလို့ မဟာစည်ခဏဝင်ဘူးပါတယ် ဆိုပဲ။ ခေါ်လိုက်ပြီဗျ တာဓု တာဓု ဟီးဟီး။
    ReplyDelete
  5. ပြေငြိမ်းကိုချစ်လို့ အိမ်ကိုပြောခိုင်းတယ်ဆိုပါလား
    ဟိ ရန်သူနော်
    မွန်လဲပြေငြိမ်းချစ်တာတော့ ၃နှစ်သမီးလောက်က
    မွန်ငါးနှစ်လောက်မှာလားမသိ သူကသေရော
    အခု ပြေငြိမ်းနဲ့တူလို့ ဝဿန်ဆိုတဲ့ကောင်လေးကားတွေကြည့်နေတယ်
    မမကြည့်ပါလား တော်တော်တူသား ချစ်ချာလေး ဟိ
    ReplyDelete
  6. မမရေ...အိပ်ရာကနိုးနိုးခြင်းလာဖတ်တာ...
    ဟိရေးထားတာကောင်းလိုက်တာ...ညီမလေးနဲ့ကွာလိုက်တာနော်...ပထမဆုံးရည်းစားနဲ့ လက်တွဲဖော်ကတူတူပဲကောင်းလိုက်တာ..
    ReplyDelete
  7. အစ်မချစ်သူကို ခဏခဏစိတ်ဆိုးအောင်လုပ်ခိုင်းမှ။ ဒါမှ အစ်မကုသိုလ်များများရမှာ :P
    ReplyDelete
  8. အဲဒီနေ့က မှုခင်းသတင်းထဲမှာ ဖတ်လိုက်ရတယ်။
    အစ်မတို့ သေနတ်ပစ်တဲ့နေရာမှာ... ငှက်အလောင်း(၃)လောင်း တွေ့တယ်တဲ့။
    လက်စသတ်တော့ အစ်မပစ်လိုက်တာကိုးးးး :D
    ReplyDelete
  9. မမရေ
    ဦးလေးနာရေးဖြစ်တာ အဆိုးထဲက အကောင်းပေါ့။ နို့မို့ဆို ရုပ်ရှင်မင်းသမီး KOM ဆို ချိုသင်းတို့နဲ့ ခင်ရမှာ မဟုတ်ဘူးနော်။ Blogger KOM ကိုတော့ ခင်လိုက်တာ မပြောပါနဲ့တော့။
    ReplyDelete
  10. အမရေ... စိုးသူနဲ့တောင် လက်ဖက်ရည်ဆိုင် ထိုင်တယ်တဲ့လား
    ဟီးဟီးးးးး
    အမ မဟာစည် မဝင်တာကြာပီဆိုရင် kmsl က စိတ်ဆိုးအောင်မလုပ်တော့ တာ ကြာပီပေါ့နော်။
    ကံကောင်းလိုက်တာ ပထမဆုံးရီးစားနဲ့ပဲ ရွှေလက်တွဲခဲ့ရတာ ဆိုတော့ ကံကောင်းလိုက်တာ
    ReplyDelete
  11. အမရေ.. ဆက်ရေးပါဦး ကျန်သေးတဲ့ ပထမဆုံးလေးတွေ..
    ReplyDelete
  12. မခင်ဦးမေက “ဖောင်ကြီးဆင်း”ကိုး ဟိဟိ။ ပူတာအိုအကြောင်းက ဖတ်လို့ကောင်းတယ်။ အကျယ်တ၀င်လေး ရေးပေးရင် ကောင်းမယ်။ တကယ်ဆို အခုအချိန်မှာ သရုပ်ဆောင် ခင်ဦးမေရယ်ဆိုပြီး နာမည်ကြီးနေမှာပဲ… ဘ၀ အလှည့်အပြောင်းက ထူးဆန်းတယ်။ အစ်မ အကြောင်းက စိတ်ဝင်စားဖို့ ကောင်းတယ်။
    ReplyDelete
  13. မမ...
    သူများနဲ့ မတူတဲ့ အကြောင်းအရာတွေနဲ့  မမရဲ့ ပထမဆုံးတွေကို ဖတ်သွားပါကြောင်း...
    ချစ်လို့ ရေးပေးတာ ကျေးဇူးတင်ပါကြောင်း...မင်းသမီးဖြစ်ခါနီး နဲနဲလေးဘဲလိုတယ်နော်...
    ဒီအတိုင်းဆို မမက တော်တော် ချောမောလှပမှာဘဲ လို့  ထင်မြင်မိပါတယ်...
    ဓါတ်ပုံလေး တင်ပေးစေလိုပါတယ်...။
    ReplyDelete
  14. အော် မမရယ် မင်းသမီးဖြစ်ခါနီးကျမှများ အစ်မစာတွေဖတ်ရတာ အရမ်းကောင်းတယ်
    ReplyDelete
  15. ဟုတ်ပါတယ် မမသက်ဝေပြောတာကို ထောက်ခံပါတယ် :P
    ReplyDelete
  16. လာဖတ်တယ် အစ်မ ... နာမည် ပါတယ် ဆိုလို့ ... သားသား က ဘလော့ ရီဒါပါ အစ်မ :P
    ReplyDelete
  17. :-) ဘ၀က နေတတ်ရင် ပျော်စရာကြီးနော်..
    အစ်မရဲ့  ပထမဆုံးတွေကို ဖတ်ရင်း "ရှိ ပူရသေး ကုန်မှအေး" ဆိုတာကို ရယ်သွားတယ်။
    ReplyDelete
  18. မမရေ..ဦးလေး နာရေးသာ မဖြစ်ဘူးဆိုရင် အမတော့ ရုပ်ရှင်မင်းသမီးဖြစ်နေလောက်ပြီ။ စိုးမြတ်သူဇာတို့ မေသန်းနုတို့ နဲ့ အပြိုင်ပေါ့နော်.. :D ရုပ်ရှင်မင်းသမီးမဖြစ်လို့ အမရဲ့ အကြောင်းတွေ အခု Blog မှာ ဖတ်လို့ရတာ..
    အမက ၇ တန်းကတည်းက ကျောင်းပြေးဖူးတာကိုး.. အတော်ရီရတဲ့ အမ.. ရည်းစားကို စိတ်ဆိုးလို့ တရားစခန်းဝင်ရတယ်လို့... :D
    ReplyDelete
  19. အယ်..မမ က..မေသန်းနုရဲ့ ညီမ..မေဦးခင် လားဟင်။
    အယ်..ဟုတ်ဖူး..မမ က ခင်ဦးမေ နော်..အဟီး
    ချစ်လို့စတာ..မမ က မေဦးခင်ထက် ပိုချောမှာပါ၊
    မိုးညှင်း အကြောင်းရေးလေ..မမ
    မိုးညှင်းကိုလွမ်းနေတာ.. အခုမှ အမျိုးတွေ ဘလော့ထဲမှာတွေ့နေလို့..အဟီး။။။ပျော်စရာကောင်းတယ်။
    ReplyDelete
  20. မကေအိုအမ်...
    ဘလော့မှာပဲ မျက်နှာဖုံးတင်ပါ့လား ငှင်...
    ကျွန်တော်တို့ အားပေးမယ်...
    ReplyDelete
  21. ကိုသင်ကာတို့ ဟန်သစ်ငြိမ်တို့ ထုတ်တဲ့ ဖွဲ့တည်ရာ မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင် လုပ်ပါလား ဟင်...
    မြှောက်ပေးတယ်လို့ သဘောမထားပါနဲ့။ တကယ်ပြောတာပါဗျ...
    ReplyDelete
  22. မမရေ… ဒါဆိုkmslနဲ့  ပြေငြိမ်း ဘယ်သူ့ ပိုချစ်… ချွန်လိုက်တာ…
    ReplyDelete
  23. မမKOMရေ... ဓါတ်ပုံကြည့်ချင်တယ်... :D
    ReplyDelete
  24. အခုမှဖတ်မိလို့
    ကောင်းတယ် အမရေ အဲလို ရှေးဟောင်းနှောင်းဖြစ်တွေကို
    ဖတ်ရတာသဘောကျတယ်။ မုဒိတာ ငယ်ငယ် ကဆို
    အဘွားတို့စစ်ပြေးခေတ်က အကြောင်းတွေ နားထောင်ရတာ
    သဘောကျ
    တဲ့သူပါ။
    ReplyDelete
  25. မုန့်ဖိုး ငါးမူးတောင် ရတယ် ဆိုတော့ သူဌေးပဲ၊ ကိုယ်တို့ က တမတ်ပဲ ရတယ်၊ ရှမ်းခေါက်ဆွဲ ၅ ကျပ်တန်တော့ မသိဘူး၊ မုန့်ဟင်းခါး တစ်ပွဲ ငါးမတ် (၁ကျပ် ၁မတ် ) ကိုယ်တော့ မှီတယ်။ မခင်ဦးမေ ကြည့်ရတာ သိပ် အသက် မကြီးသေးဘူးထင်တယ်၊ အသက်ကြီးချင်ယောင် ဆောင်နေတာ မဟုတ်လား၊ အမြဲ အားပေးနေပါတယ်၊
    ReplyDelete
  26. ဖတ်စရာမရှိရင် ဆိုင်းဘုတ်ပါဖတ်တဲ့ မမ
    တရားစခန်းလည်း ၀င်လိုက်သေးတဲ့မမ
    ရုပ်ရှင်မင်းသမီးမလုပ်လိုက်လို့ တော်သေးတာပေါ့
    ခုတောင် မာနကြီးနေပြီ မဟုတ်လို့ကတော့ ခင်ရမှာကို မဟုတ်တော့ဘူး
    ReplyDelete
  27. နာမယ်ကြီး မမဂွိ .. ၊၊
    ကိုနိကိုကြီးဝီ မမကွိ မမခွိ တို့ကို တော့ မမေ့ပါနဲ့ဗျာ ၊၊
    ဒါပဲ ၊၊ ဆက်ရေးပါ ၊၊ စိတ်ထဲရှိတာကို ၊၊
    ReplyDelete
  28. Ι know this if off topic but I'm looking into starting my own weblog and was wondering what all is needed to get set up? I'm asѕuming havіng a blog like yourѕ ωoulԁ
    cost a pretty penny? І'm not very internet smart so I'm not 100% positive. Any recommendations or advice would be greatly appreciated. Kudos
    Feel free to visit my page; pikavippi
    Here is my weblog : pikavippi
    ReplyDelete
  29. If you wish for to obtain much from this piеce of writing then you hаvе to
    apply these methods to your won wеbpagе.
    Feel free to visit my ωebsite followersempire.com
    Also see my website > gain more twitter followers
    ReplyDelete
  30. My family always say that I am wasting my time here at web,
    however I know I am getting know-how daily by reading thes pleasant articles or reviews.
    My site; zulutradeb.tumblr.com
    Also see my site > zulutrade
    ReplyDelete