Monday, September 22, 2008

Slow motion generation

ကိုယ် တို့ မျိုးရိုး က လှူပ်ရှားမှူ သိပ် နှေး ပါတယ်။ ကိုယ့် အစ်မဝမ်းကွဲ တစ်ယောက် ဆိုရင် ရေချိုး ခန်းထဲ ဝင် သွားပြီး ရေ ကို ခေါင်း က စလောင်းရ မလား။။ ခြေထောက်က စလောင်းရ မလား ဆိုတာ ကို အချိန် အတော်ကြာ စဉ်းစားပါသတဲ့။ အစ်ကို ဝမ်းကွဲ တစ်ယောက် ဆိုရင်လဲ လက် ဖက်ရည် ဆိုင် သွား ကြ စို့ဆို ရင် နာရီဝက် လောက် သူ့ ကို ထပ်စောင့် ရပါတယ် လို. ဆိုပါတယ်။ ခေါင်းဖြီး လိုက် မှန်ကြည်.လိုက်နဲ့ တော်တော် နဲ့ အောက် ကို ရောက် မလာ ပါဘူး။

တို့လဲ အပြင် ထွက် မယ် ဆိုရင် ကော်ဖီလေး ကမန်းကတန်း ဖျော် သောက် လိုက် ။ အနွေးထည် ရှာလိုက် ။ ဖိနပ် ဘာဝတ်ရမလဲ စဉ်းစားလိုက။် ပိုက်ဆံအိတ်ကို ဟိုအိတ် ကနေ ဒီ အိတ် ပြောင်း လိုက် နဲ့ စိတ် မ ရှည် အောင် စောင့်ရ ပါတယ်။ kmsl ဆိုရင် ငါးမိနစ် အတွင်း အဆင် သင့်ဖြစ် သွားပြါ့ပီ.။ သှု ကို အားနာ လို့ မြန် မြန် လုပ် မယ် ဆိုရင် လဲ ပြာယာ ခတ်ပြီး ဟိုဟာ မေ့ ။ ဒီဟာ မေ့နဲ့ အဆင် မပြေ မှူ တွေ ဖြစ် ပါတယ်။ အထက် အရာ ရှိ တစ်ယောက် က ဆိုရင် သည်း မခံ နိုင် လိဲု့ ခင်.....you are very slow လို. ပြော ရပါတယ်။ဒါပေမဲ့လဲ ဒါ ကို compensate ဖြစ်ဘို့ အတွက် ဝီရီယ ကတော့ အတော် ကောင်းပါတယ်။ အဲဒီတော. ခင် ..she is very persistent လို့လဲ ပြောကြပါတယ်။

မနက် ရုံး သွား ဘို့ ကို ည ကတည်း က ပြင်ဆင် ထား မှ။ ကော်ဖီလေး တောင် ကြို ဖျော်ထားလိုက် ပါသေးတယ်။ ပြော ထားတယ် မဟုတ်လား။ နှေး ပေမဲ့ ဝီရီယ တော့ ကောင်းပါတယ် လို့။ မဟုတ် လို့ က တော့ အကျီင်္င်္ ရွေးတာ နဲ့တင် အတော်ကြာ ပြီး နောက် ကျတတ်ပါ တယ်။ အိမ်သော့ခတ် ပြီးရင် လဲ သုံးခါ လောက် ဆွဲ ကြည်.သေးတယ်။ ဒါပေမဲ့ လဲ ကိစ္စမရှိ ပါဘူးလေ။ နှေးတော. လဲ တစ်မျှိုး ကောင်းတာပေါ။ တို. အဖွား ဆိုရင် နှေးနှေး ဘဲ နေ သွားပြီး.အသက် ၁၀၀ ထိ နေ သွား ပါ တယ်။

23 comments:

  1. Join The Club!!!

    I am slow Fan as well.

    နှေးတော့ အမှားနဲတာပေါ့။ ဟုတ်ဘူးလား မမရ။

    SMNTL

    ReplyDelete
  2. မ ကေအိုအမ်ရေ...
    ကျွန်တော်ကတော့..ပြောင်းပြန်..
    ဘာလုပ်လုပ်မြန်မြန်ပဲလုပ်ဖြစ်တယ်..
    အိမ်သာတက်တာကလွှဲလို့ပေါ့..အဟီးး
    အလုပ်ထဲမှာဆိုရင်..နှေးတဲ့သူနဲ့တွဲလုပ်ရရင်..စိတ်မရှည်ဘူးဟီးးဟိ
    လမ်းလျှောက်လည်းမြန်မြန်..ထမင်းစားလည်းမြန်မြန်..စကားပြောလည်းမြန်မြန်..
    ဟင်းချက်လည်းမြန်မြန်ပဲ..
    အိမ်ရှင်းဖို့ကတော့..နှေးချက်ကတော့လက်လန်တယ်...
    ဒီတပတ်မရှင်းဖြစ်ရင်...နောက်တပတ်ပေါ့ဆိုပြီးကိုယ့်ကိုယ်ကိုနှစ်သိမ့်တယ်..ဟီးး

    ReplyDelete
  3.း-) ..
    ညီမလဲ နှေးနှေးကွေးကွေး ပါပဲ .. ဒီတော့ join တယ်..

    ReplyDelete
  4. ကျနော့်အစ်မ မြန်တာတော့ ရှိပါတယ်။ အချက်အပြုတ်နဲ့  အစားအသောက်။ ဟုတ်တယ်ဟုတ်။ ဟဲဟဲ မြှောက်ပေးထားပြီဗျ။ ဒါမှ ဗိုက်ဆာတိုင်း လာပြေးတီးလို့ ရအောင်။

    ReplyDelete
  5. မမ
    ချိုသင်းလဲ နှေးတဲ့အခါနှေး၊ မြန်တဲ့အခါ မြန်ပဲ။
    အဲဒီတော့ balance လုပ်လို့ကို မရဘူး။ ကပြောင်းကပြန် ဖြစ်ကုန်ရော။

    ReplyDelete
  6. အမရေ အိမ်မှာတော့ အပြင်မထွက်ခင် အိမ်ရှေ့သွားလိုက် အိမ်နောက်သွားလိုက်လုပ်ရင် ဖင်မွှေ့တယ်ဆိုပြီး ကောင်းချီးပေးတယ်..

    ReplyDelete
  7. Wooo.. i don't like slow motion. hee...
    i think it's bad habbit for such an usual and unimportant daily activities.
    but should be balance..
    so , will get good habbit. hee.. :)

    ReplyDelete
  8. မKOM ရဲ့ BOSS ကိုပြောပြရအုံးမယ် ၊၊ မKOM ကို လစာ ဖြေးဖြေးချင်းပဲ ထုတ်ပေးပါလို့ ၊၊ ဟားဟား ဟုတ်လား..မမဂွိ

    ReplyDelete
  9. မမKOMရေ...
    စလိုးမိုးရှင်းနဲ့ တက်လာတဲ့ မမရဲ့ဘလော့ဂ်ကို စလိုးမိုးရှင်းနဲ့ ဖတ်ပြီး စလိုးမိုးရှင်းနဲ့ မန့်သွားတယ်... :D
    ညီမက တခြားနေရာတွေမှာသာ မြန်ချင်မြန်တာ... နက်သုံးရင်တော့ စလိုးမိုးရှင်းပဲ... ဟိ... :P

    ReplyDelete
  10. မမရေ..
    ဝေလေးလဲနှေးနှေးကွေးကွေးပဲ.. ဟဲ ဟဲ. join မယ်... အပြင်တစ်ခါထွက်ဖို့လုပ်ရင်မပြီးတော့ဘူး... ပြောခံရပေါင်းလဲများပြီ.. ရပါဘူး တို့ကတော့ နှေးနှေးပဲ. ဟဲ ဟဲ...

    ReplyDelete
  11. လဖ္ဘက်ကောင်းစားချင် ပလောင်တောင်တက်နှေး တဲ့မရေ။ ဒါကြောင့် အလွန်နှေးတဲ့
    မရဲ့ဘလော့ကို comment ပေးနိုင်ဖို့  ထမင်းစာခံပြီးစောင့်နေတာ။

    ReplyDelete
  12. ဒီပို့စ်ကို နှေးနှေးနဲ့ မှန်မှန် စာလုံး မကျန်အောင် ဖတ်သွားပါတယ်

    ReplyDelete
  13. ခေါင်းစဉ်ပေးတာ ကဗျာဆန်လို့ကြိုက်တယ် ။

    ReplyDelete
  14. ဒီပိုစ်လေးဖတ်ဖို့နှေးနေတာနဲ့နောက်တောင်ကျသွားတယ်။ :P နှေးနှေးနဲ့မှန်မှန်ပဲပေါ့ ကောင်းပါတယ်ဗျာ ဟားဟား။

    ReplyDelete
  15. အစ်မရဲ့ အစ်မ၀မ်းကွဲကို ပြောလိုက်ဗျာ။
    ခေါင်းကလဲ စ မချိုးနဲ့။ ခြေထောက်ကလဲ စ မချိုးနဲ့။
    ရေကန်ထဲသာ ခုန်ချပစ်လိုက်လို့။ :D
    ဗွမ်း..... !!!

    ReplyDelete
  16. ဒီကတော့လေ မြန်တဲ့ထဲ ပါသလိုပဲ။ ခက်တာက လမ်းခုလတ် ရပ်ရပ်သွားတတ်တာ။ (ဟိုပုံပြင်ထဲက ယုန်လိုပေါ့။) မမကတော့ ပန်းဝင်တဲ့ လိပ်လေးလို နှေးတာမျိုးပါ။

    ReplyDelete
  17. သက်ဝေကတော့ ဘာလုပ်လုပ် ခပ်မြန်မြန်ဘဲ..။
    ဟုတ် ဟုတ် မဟုတ်ဟုတ် မှားမှား မှန်မှန် မြန်မြန်ပြီး အေးရော...။ တကယ်တော့ မကောင်းမှန်း သိပါတယ်။ ဒါပေမယ့် စိတ်မရှည်တတ်တာ က ခက်နေတာ..။

    ReplyDelete
  18. သဉ္ဖာတော့ တစ်ခုခု လုပ်လိုက်ရင်တော့ မြန်တယ်။ ဒါပေမယ့် စိတ်က slow motion ဖြစ်နေတာ။ တစ်ခုခုဆို ထလုပ်လိုက်ရင် ပြီးနိုင်ပေမယ့် စိတ်ထဲမှာ အချိန်ဆွဲပြီး last minute ဘဲ လုပ်ဖြစ်နေတယ်။ အစ်မလိုမျိုး ၀ိရိယ ကောင်းဖို့ ကြိုးစားရဦးမယ်။

    ReplyDelete
  19. ဟေးးဟေးးး ရန်ကုန်မှာ ကျောင်းတက်တုန်းက နှေးလွန်းလို့ သူငယ်ချင်းတွေက စိတ်မရှည်ဖြစ်ပြီး ထားခဲ့တာကို ခံနေကျဗျ။ အခုတော့ အခြေအနေကောင်းမှ နှေးတော့တယ်။ နောက်ကျရင် Ticket ပေးတယ်ဗျ။

    ReplyDelete
  20. မမ ဘလော့ဂ်တွေကျ အကုန်လည်နိုင်တယ်
    ဒါကြောင့်လည်း အိမ်က ညနက်လို့ ဒုတ်နဲ့စောင့်နေတာကိုး :P

    ReplyDelete
  21. လိပ်ကလေးက နောက်ဆုံးပန်းတိုင်ကို အရင်ရောက်သွားတာပဲမိုလား မမရေ… အိမ်တံခါးသော့ခတ်ပြီး ခဏခဏပြန်ကြည့်တာချင်းတူတယ်…

    ReplyDelete
  22. ကျွန်မကတော့ မြန်တယ်အစ်မရယ်။
    အမြဲရှပ်ပြာပြာ။
    နှေးတဲ့သူဆီက တစ်ဝက်ခွဲယူချင်တယ်
    မျှသွားအောင်လေ။

    ReplyDelete
  23. ဖြေးဖြေးနှေးနှေး လုပ်တတ်တဲ့ အကျင့်က လှိုင့် ယောက်ျား နဲ့ တူလိုက်တာ :P လှိုင်ကတော့ အပြင် ထွက်တော့မယ် ဆိုရင် ၃မိနစ်ပဲ။

    ReplyDelete