Friday, October 17, 2008
Honesty
နောက်ကျနေပြီ. ခြေကုန်သုတ် မှ။ တွေးပြီး ရထား ဘူတာရုံထဲ ကိုဝင် လိုက် တယ်။ မော့ကြည့်လိုက် တော့ ကိုယ်စီး မဲ့ ရထား က ၂ မိနစ် သာ လိုတော့တယ်။ ရထား ဝင် လာတော့မယ်။ ထုံးစံ အတိုင်း ဘယ်သူ့ ကို မှ မကြည့်ဖြစ်ဘဲ ခေါင်း စိုက်စိုက် နဲ့ escalator ပေါ်တက်လိုက်တယ်။ မျက်စိ က မြင်မိတယ် ။ ရွှေရောင် ဟန်းချိန်လေး တစ်ခု ကိုယ့်ကို မျက်စ ပစ် ပြရင်း သူလဲ escalator စီး နေတယ်။ ငုံ့ ကောက် လိုက် မိတယ်./ ဘယ် သူ မှ လဲ ကိုယ့် ကို ကြည့်မနေ။ ကိုယ်လဲ ဟန်းချိန်းလေး ကိုင် လို့ယောင် နန နဲ့ ရပ်နေမိတယ်။ ဘယ်သူ့ကို ပြန် ပေးရ ပါ့။ ဒါ ကိုယ့်ရှေ့တင် ကျခဲ့တာ ဖြစ် နိုင်တယ်။ အားလုံးက မီး ရ ထား ပေါ် တိုးတက် ဘို့ အာရုံဘဲ ရှိနေ ကြတယ်။ ကိုယ့် ကို ဘယ်သူ မှ လဲ ကြည့်မနေ။
စိတ်ထဲ ပေါ် လာတာက ထုံးစံ အတိုင်း ပေါက်တတ် ကရ အတွေး။ ဒါ ဘယ်လိုဖြစ်တာ ပါလိမ.်။ မောင်ကောင်းထက် စာအုပ်ထဲ ကလို ဘုရားသခင် က ငါ့ ကို ချီးမြှင်.တာလား။ ဒါ မှ မဟုတ် ရိုးသား မှူ ကိ စမ်းသပ်တာလား။ စိတ်ထဲ မှာ လဲ ရှုတ် ထွေး သွားတယ်။ ငါ ယူလိုက် ရကောင်း မလား ။ ပြန်ပေး လိုက် ရကောင်း မလား ။ ဒါ အစစ် လား ။ ဒါ အတုလား ။ ကိုယ်လဲ မဝေခွဲ တတ် ။ ကဲ ပြန်ပေးဘို့သာ ပြင် လိုက်တော့. ။ ဒါ စင်္ကာပူ။ နေရာ တကာ မှာ ကင် မရာတွေနဲ့./ အခုလောက် ဆို မင်းသမီး တောင် ဖြစ်ပြီး လောက်ပြီ။ တော် ကြာနေ အိမ်လိုက် လာ မှ အခက် တွေ့မယ်။ သံယောဇဉ်ဖြတ်။ ပျောက်တဲ့ သူလဲ နှမျော ရှာမယ်။ ကံကောင်းရင် သူ ပြန် ရလိမ့် မပေါ့။ စဉ်းစားပြီး သကာလ အင်။ နောက် ကျနေပြါ့ပီ ဆိုမှ အောက် ကိုပြန် ဆင်း control station က သူ ကို အပ်။ သူက ကျေးဇူး တဲ့။ အင်း…. ဒီလိုလဲ မဖြစ် သေးပြန်ဘူး။ ကျေးဇူး ဆိုရင် လန့်တယ်။ အစ်ကိုရယ.်.. ဖြတ်ပိုင်းလေး သူများကို မစ ပါ။ တကယ်လို့ တယောက်ယောက် လိုက်လာ ရင်ကိုယ်ပြန်အပ် ထားတယ် ဆိုတဲ့ သက်သေ လေး ရှိအောင်လို့ပါ။
မှျှူိုးရိုး ရှိတယ်လေ။ ကိုယ့်အဖေ က အရာရှိ။ ဟိုခေတ် က ကျောက်စိမ်းမှောင် ခို တွေ ကို ဖမ်းပြီး ကျောက်စိမ်း တွေ ကို သိမ်းတဲ့ တာဝန် ယူဘူးတယ် ။ ကျောက်စိမ်း ကို လဲ ရင် ရတယ် ဆိုဘဲ။ ဒါပေမဲ့ အဖေ မလုပ်ဘူး သမီး လို့ အဖေ ကပြောတယ်။ အဖေ စိတ်အေး လက်အေး နေချင်တယ်။ ရဲမြင် ရင် လန့်နေရမဲ့ အလုပ် မလုပ် လိုဘူး လို့ ကိုယ့် ကို ပြော ပြ ဘူး တယ်။ ကိုယ်က အဖေ့သမီးလေ ။့ ရိုးသား မှူ ကို အမြဲ ရှေ့တန်း တင်ပါတယ် ။ အဲလို ပြောရင်တော့ Kmsl က သက်ပြင်းချ ပါတယ်။
35 comments:
  1. ''ရိုးသား မှူ ကို အမြဲ ရှေ့တန်း တင်ပါတယ်''
    မမရဲ့ စိတ်ဓါတ်ကို လေးစားပါတယ်။
    ဒီခေတ်ကြီးထဲမှာ တော်ရုံလူ ဒီလိုမလုပ်လောက်ဘူး။ တုတု၊ စစ်စစ် ယူသွားကြမှာချည်းပဲ။
    Well Done!!! I admire your sense of humor...
    Keep it up!!
    SMNTL
    ReplyDelete
  2. ရိုးသားမှုသာ ချစ်စရာ တဲ့။
    ဒါကြောင့်လဲ မမကို ချစ်ခင်မိတာပေါ့။
    ReplyDelete
  3. ကျွန်တော်လည်း မကေအိုအမ်လို
    ရဲကိုအပ်ချင်တယ်..
    အခုထိတော့ ၁ကျပ်တောင် မကောက်ရဖူးဘူး
    အမရဲ့ ရိုးသားမှုအတွက် ဂုဏ်ယူပါတယ်(ဒီလိုပြောလို့ရလား..မသိဘူးနော်)
    ReplyDelete
  4. တော်လိုက်တာ။
    ReplyDelete
  5. မမက ..တော်တယ်တော့..။
    ReplyDelete
  6. အစမ်းသပ်ခံ အသည်းနှလုံးပိုင်ရှင်ရေ
    သူတစ်ပါးကို အောင်နိုင်ရတာထက်
    မိမိရဲ့ လောဘ၊ ဒေါသ...အကုသိုလ်တွေကို အောင်နိုင်ရခြင်းကသာ စစ်မှန်သော အောင်နိုင်ခြင်း။
    သီလ သမာဓိ ပညာ ရှိသူတွေကို ကြည်ညိုလေးစားရသလို ကိုယ့်ရဲ့ သီလအတွက် မိမိကိုယ်မိမိ ကြည်ညိုရခြင်းကနေ ဖြစ်လာတဲ့ ပီတိကို ဝေမျှလိုက်တဲ့ ပို့စ်လေးမှတစ်ဆင့် မျှဝေစားသုံးသွားပါကြောင်း
    ReplyDelete
  7. ပြန်ရမယ့် သူလည်း ၀မ်းသာမှာပါ အမရယ် ။ ကိုယ် ပျောက်ရင်လည်း အရမ်း နှမြောမိမှာ။ ပျောက်တာလေး ပြန်ရမယ့် လူကိုယ်စား အမကို ကျေးဇူးတင်ပါတယ်။ အမရဲ့ ရိုးသားမှူကိုရော ၊ ကိုယ်ချင်းစာမှူ့ကိုပါ လေးစားလျက်ပါ အမရေ ။
    ReplyDelete
  8. ရိုးသားမှူကို အမြဲရှေ့တန်းတင်တဲ့ မမဂွိ ကြီး ကို လေးစားပါတယ်ဗျာ ၊၊ မမဂွိ တို့က သူငှေးတွေပေါ့ ၊၊ အရာရှိ မျိုးရိုးရှိတယ့် မမဂွိ၊၊ မုန့်ဝယ်ကျွေးပါ ၊၊
    (အင်း ကွိကွိ ၊ ခွိခွိ တို့ကိုကြုံမှ ပြောပြရအုံးမယ်)
    ကိုကြီးဝီ
    ReplyDelete
  9. ကျွန်တော်ရောက်စက အရင်ကထုတ်တဲ့ စင်္ကာပူငါးဆယ်တန်တစ်ရွက် ကောက်ရဖူးတယ်။ နောက်တော့ နှစ်ကျပ်တန်တစ်ရွက် ကောက်ရတယ်။ နောက်ဆုံး တစ်ဆယ်တန်တစ်ရွက် ထပ်ကောက်ရထားတယ်။ အခုတော့ ငါးဆယ်တန်တစ်ရွက်ပဲ ရှိတော့တယ်။ သိမ်းထားတယ်။ မမခင်ဦးမေရဲ့ စေ့စေ့စပ်စပ်ရိုးသားမှုအတွက် ဂုဏ်ယူပါတယ်ဗျာ။ မြန်မာလို့ရော ပြောခဲ့သေးလားမမ။
    မေတ္တာဖြင့်
    ReplyDelete
  10. ရိုးသားမူ့ ဂုဏ် ဆိုတာ တန်ဖိုးဖြတ်လို့ ရတဲ့အရာ
    မဟုတ်လေ........
    ReplyDelete
  11. မမ ဝေမျှတဲ့ honestyကို ဖတ်လိုက်ရလို. မနက်ခင်းလေးက ပိုလှပသွားရပါတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ မမ... ရိုးသားမှုရဲ. ဆုလာဘ်တွေနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ...
    ReplyDelete
  12. မမKOMရဲ့ ရိုးသားမှုကို လေးစားပါတယ်... ဂုဏ်လည်း ယူပါတယ် မမရေ... :)
    ReplyDelete
  13. ကျွန်တော်တို့ အစ်မဗျ..
    မkomဆိုတာ
    စစ်ပွဲတစ်ရာ နိုင်ရတာထက် တောင် ခက်သေး
    ကျန်းမာချမ်းသာပါစေဗျား
    ReplyDelete
  14. မခင်ဦးမေ..ဂုဏ်ယူပါတယ်။ အဲလို ရိုးသားတဲ့ အတွက် မခင်ဦးမေ မတော်တဆ ပစ္စည်း ပျောက်ခဲ့ရင်တောင် ပြန်ရလိမ့်မယ်။ တူသော အကျိုးပေးမှာ။ :-)
    ReplyDelete
  15. မမရေ… great job!... ပျောက်သွားသူသိရင် သိပ်ပျော်မှာပဲ…
    အချစ်အကြောင်းရေးပြီးပြီလားလို့  လာချောင်းတာ…
    ဒါနဲ့ မမခင်ဦးမေဆိုတဲ့ နာမည်လှလှလေးကို ဘယ်သူကဂွိလို့ ပြောင်းလိုက်တာလဲ…
    ReplyDelete
  16. အမရေ လေးစားပြီးရင်း လေးစားသွားပါတယ် BTW အမ တန်ခူး က ဂွိလို့နာမည်ပေးဘယ်သူလဲတဲ့ ဟီး သာမီးပါဘူးနော် :P
    ReplyDelete
  17. လေးစားပါတယ်
    (ခေတ်မမှီမှာစိုးလို့  ၀င်ရေးသွားတာပါ ။)
    ReplyDelete
  18. မမ ရိုးသားတဲ့အပြောလေးနဲ့ ၇ိုးသားတဲ့ အရေးလေးကို သဘောကျမိပါကြောင်း။
    ReplyDelete
  19. thu mya le e' d lo kauk ya chin lite tar..ko go ko yo thar lah ma yo thar bu lar so dar san thut chin lo..kauk ya daw hma be sat sin sar dar po..:p
    ReplyDelete
  20. sa gar ma sup, who is ur dad? maybe i noe him..my dad also catch jade..the 37 tons jade was catch by my dad..
    ReplyDelete
  21. ရိုးသားတဲ့ မမ ကိုလေးစားချစ်ခင်မိပါရဲ့။
    ခင်တဲ့
    ReplyDelete
  22. မမကေအိုအမ်ရဲ့ Honesty ကို မနက်ကတည်းက ဖတ်ပြီးပြီ..ကောမန့်ဘယ်လိုရေးရမယ်မှန်းမသိလို့ ပြန်သွားတာ..မမကိုလေးစားပါတယ်ပြောရမလား..မမရဲ့ရိုးသားမှုအတွက် ဂုဏ်ယူပါတယ်ပြောရမလား..
    အဲလို စဉ်းစားပြီးနောက်တစ်ခေါက်ပြန်လာတော့ သာမီးရေးမယ့်စကားတွေ သူရို့ အကုန်ရေးသွားကြပြီ..
    :(((
    ငယ်ငယ်က ရေးခဲ့ရတဲ့ essay ခေါင်းစဉ်လေးပဲ ရေးလိုက်တော့မယ်..
    Honesty Is the Best Policy
    ReplyDelete
  23. ဖတ်ရတာ တကယ်ကြည်နူးတယ်။
    ပစ္စည်းပျောက်သူရဲ့သောကကို ခံစားဖူးတယ်။ သုဝဏ္ဏဘူမိ လေဆိပ်အ၀င်မှာ Taxi ပေါ်က အထွက် အိတ်ကို မ ထုတ်လိုက်တဲ့ဆီမှာ Passport, Air Ticket တွေက ကားပေါ်ကျန်ခဲ့တယ်။ မိုးတွေကလည်းရွာနေတော့ မသိသေးဘူးပေါ့။ ကော့တော့ ကော့တော့နဲ့ဝင်သွား check in လုပ်မယ်ဆိုမှ မပဒါမြေလူး ဆိုတာထက်ဆိုးလို့ ပြာယာတွေခတ်.... အပြေးအလွှား taxi ကိုထွက်ရှာ.... မတွေ့တော့ နံပါတ်လဲမမှတ်မိ... ဖတ်ဖတ်ကိုမော ချွေးတွေ စီးကျ ဇောချွေးတွေရော ပြေးလွှားရလို့မောတာရော .. လေယာဉ်ချိန်ကလည်း နီးနေပြီ ... tourist police ဆိုတဲ့ဆီတွေရောက်။ Hotel မှာကျန်တာလား ကားပေါ်ကျခဲ့တာလားမသိ။ ပိုက်ဆံကလည်း သိပ်မကျန်...
    နောက်ဆုံးတော့ taxi ဆရာကြီးက lost and found မှာ သွားအပ်ခဲ့ပါသတဲ့။ ကျေးဇူး တင်လိုက်တာ အကြိမ်ကြိမ်။ ကိုယ်တိုင်ကိုယ်ကျ တောင် ကျေးဇူးတင် စကားပြောချင်လိုက်တာ။ အခွင့်မသာခဲ့ဘူး။
    ကိုယ်ကိုယ်တိုင် သူများပစ္စည်းတွေကိုလဲ ဒီလိုပဲ ရိုးသားစွာ ပြန်ပေးခဲ့ဖူးတဲ့အဖြစ်တွေကြောင့်ပဲ ဒီလိုပြန်ရတာလားလို့ ထင်မိသလိုလို .....
    ReplyDelete
  24. အပေါ်က ရေးသွားကြတာတွေက များလွန်းလို့ ကိုယ်ရေးဘို့တောင် မကျန်တော့ဘူး။ အဖေတူသမီးဆို ကောင်းစားမှာပါ။
    ReplyDelete
  25. မန္တလေးက ကာတွန်းဆရာ ဗိုမောင် ရဲ့ တကွက်ကာတွန်းလေးကို ဒီနေရာမှာ ဝင်ရေးလိုက်ပါတယ် ။ သူကာတွန်းမှာရေးထားတာက “ ကျေးဇူးဆပ်ခြင်းများလက်ခံနေပါပြီ ၊ နုတ်ဖြင့် ကျေးဇူးဆပ်ခြင်း သည်းခံပါ ” လို့ရေးထားပါတယ် ။ ဆက်ရေးပါခင်ဗျား စောင့်ဖတ်လျက်။
    ReplyDelete
  26. interesting! but for me I wont touch any items found on the street or floor. Mobile phone could be a bomb. Currency note could be contaminated with RICIN.
    http://en.wikipedia.org/wiki/Ricin
    Just my precaution although these events not common.
    ReplyDelete
  27. ပစ္စည်းပျောက်သူရဲ့သောကကို ခံစားဖူးတယ်။ သုဝဏ္ဏဘူမိ လေဆိပ်အ၀င်မှာ Taxi ပေါ်က အထွက် အိတ်ကို မ ထုတ်လိုက်တဲ့ဆီမှာ Passport, Air Ticket တွေက ကားပေါ်ကျန်ခဲ့တယ်။ မိုးတွေကလည်းရွာနေတော့ မသိသေးဘူးပေါ့။ ကော့တော့ ကော့တော့နဲ့ဝင်သွား check in လုပ်မယ်ဆိုမှ မပဒါမြေလူး ဆိုတာထက်ဆိုးလို့ ပြာယာတွေခတ်.... အပြေးအလွှား taxi ကိုထွက်ရှာ.... မတွေ့တော့ နံပါတ်လဲမမှတ်မိ... ဖတ်ဖတ်ကိုမော ချွေးတွေ စီးကျ ဇောချွေးတွေရော ပြေးလွှားရလို့မောတာရော .. လေယာဉ်ချိန်ကလည်း နီးနေပြီ ... tourist police ဆိုတဲ့ဆီတွေရောက်။ Hotel မှာကျန်တာလား ကားပေါ်ကျခဲ့တာလားမသိ။ ပိုက်ဆံကလည်း သိပ်မကျန်...
    A few years ago, my friend eating in Burger King had been a victim of mugging in London. That guy took the shoulder bag loaded with mobile phone, passport, wallet and other personal items. 2 days later, local police station rang my friend saying that someone posted her passport to be collected. It that Honesty? or Empathy? Did he a good mugger?
    ReplyDelete
  28. ခုမှပဲ ရောက်လာတော့ နောက်ဆုံးမှ ခေတ်မီသူ ဖြစ်တော့မှာပဲ =)
    ရိုးသားမှုအတွက် ဂုဏ်ယူပါတယ်.. ပြီးတော့ ဖြတ်ပိုင်းတောင်းဖို့လည်း သေချာ မှတ်သားမိသွားပါတယ် =)
    ကိုယ်ကောက်သွားတာပဲ မြင်တဲ့သူနဲ့ တိုးရင် ပြဿနာ။
    အဖိုးရှိတုန်းကလည်း ရွှေတိဂုံဘုရားက သူများခိုးခွာထားတဲ့ ရွှေပြားအလိပ်လိုက်ကြီးကို ကောက်ရခဲ့လို့ ဂေါပကကို သွားအပ်ဖူးတယ်။ ဖြတ်ပိုင်းလေးတစ်ခု အမှတ်တရ အိမ်မှာ ရှိခဲ့တယ် လို့ အဖေက သတိတရ ပြောပြပါတယ်။ ညီမကို မွေးတော့ အဖိုးဆုံးပြီးတာလည်း ကြာနေပြီ။ ဘယ်အရာ ဘယ်တွေကို ရောက်ကုန်မှန်းလည်း မသိတော့လို့ ညီမလည်း မမြင်ဖူးလိုက်ပါဘူး။
    ReplyDelete
  29. မမ..ကိုယ်ပြောချင်တာတွေနဲ့ သူများရေးထား comemnt တွေက ကွက်တိမို့ ရေးတော့ဘူးနော်.. အမရဲ့ ရိုးသားမှုကို လေးစားတယ်.. ကျနော်ကတော့ ဒီနေ့ထိ ဘာမှ ကောက်မရဖူးဘူး.. :D
    ReplyDelete
  30. ကောက်ရတဲ့ ပစ္စည်းကို ပြန်အပ်ရင် လက်ခံဖြတ်ပိုင်း တောင်းဖို့လိုတယ် ဆိုတာ သိလိုက်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်လည်း ပိုက်ဆံအိတ် ကောက်ရဖူးပါတယ်။
    တခါက ရထားစီးရင်း အရှေ့ခုံမှာထိုင်တဲ့ ကောင်မလေးတစ်ယောက် ပိုက်ဆံအိပ် ကျကျန်ခဲ့တာ ကျနော်တို့ (ကျနော် + မိန်းမ) ဆင်းမှ သိပါတယ်။ ဟိုကောင်မလေး ဆင်းသွားတာကတော့ ၃ - ၄ ဘူတာတောင်ရှိပါပြီ။ ဒီတော့လည်း ပိုက်ဆံအိတ်ကလေး ကို ရထားတွဲစောင့်ကို အပ်ပါတယ်။ တွဲစောင့်က ဘူတာရုံကို အပ်ဖို့ ဘော်လီဘောပုတ်ပါတယ်။ ရထားဘူတာရုံက လူကို အပ်တယ်။ ကျနော်တို့ နှစ်ယောက်ကို အလုပ်လာရှုပ်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပိုက်ဆံအိတ်ကို ယူထားလိုက်ပါတယ်။
    ခဏကြာတော့ အဲဒီလူနှစ်ယောက် ရထားစင်္ကြန်ပေါ်မှာပဲ ပိုက်ဆံအိပ်ကို ဟိုနှိုက်ဒီနှိုက် စပ်စုနေပါတယ်။ ကျနော်တို့ တောင် သူတပါးရဲ့ ပစ္စည်းမို့လို့ ဖွင့်တောင် မကြည့်ခဲ့ပါဘူး။ သကောင့်သားနှစ်ကောင် (နှုတ်ခမ်းမွေးနဲ့ အာရှသားတွေ) ကတော့ စပ်စပ်စုစု လုပ်နေကြပါတယ်။ သူတို့တတွေ တာဝန်အရ ဖွင့်ကြည့်တယ်၊ ဖုန်းနံပါတ် ဘာညာ တွေ့ရင် ပိုင်ရှင်ဆီ ဆက်ကြည့်မယ် ဆိုရင်တော့ လက်ခံပါတယ်။ ဒီလိုဆိုလဲ ရုံးခန်းထဲမှာ သေသေချာချာ လုပ်သင့်ပါတယ်။ အခုဟာက လမ်းလည်ကောင်မှာ မြင်မကောင်းရှုမကောင်း။
    ReplyDelete
  31. A few years ago, my friend eating in Burger King had been a victim of mugging in London. That guy took the shoulder bag loaded with mobile phone, passport, wallet and other personal items. 2 days later, local police station rang my friend saying that someone posted her passport to be collected. It that Honesty? or Empathy? Did he a good mugger?
    That's call " Professional" ..steeling is part of his job but don let the victim suffer unnecessarily..:p
    ReplyDelete
  32.့ ဖြတ်ပိုင်းလေး တောင်းတဲ့အကြောင်း ဝေမျှထားတာ ကျေးဇူးပါ အမရေ။
    ဒါမျိုးက သတိမရတတ်ဘူး။ ရိုးရိုးသားသား ကူညီပြီးတဲ့အပြင် စေတနာကနေ ဝေဒနာ မဖြစ်ရစေဖို့ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ဖို့ သတိရတာ ချီးကျူးပါတယ်။
    ReplyDelete
  33. လေးစားဂုဏ်ယူမိပါတယ် အမ
    ReplyDelete
  34. အစ်မလိုသာ ရိုးသားမှုရှိမယ်ဆိုရင် ကျတော်ဖုန်းလေးပြန်ရမှာဗျာ။ အဲ့ဖုန်းလေးကို လွမ်းလိုက်တာ စလုံးရောက်ပြီး သိပ်မကြာသေးဘူး ထွက်ကျသွားရော ဖုန်းခေါ်တော့ ပိတ်ပြစ်တယ်။ message ပို.တော့ ဘာမှပြန်မလာဘူး။ အဲ့နေ.က တော်တော် ၀မ်းနည်းသွားတယ်။ ကိုယ်အရင်းနှီးဆုံး လူတစ်ယောက်ကို လက်လွှတ်လိုက်ရသလိုပဲ။ ရန်ကုန်မှာထဲက အစ်ကို ကျတော်အတွက်ဆိုပြီး ၀ယ်ပို.လိုက်တာ ကျတော်ရဲ့ဖွားဘက်တော်လိုဖြစ်နေတယ်လေ။
    ReplyDelete