Monday, January 12, 2009

Criteria to be bloggers

အင်တာနက် ဆက်သွယ်မှူလျင်မြန်မှူ ဧရိယာအတွင်း ရှိရမည်။
ပတ်ဝန်းကျင် နှောက်ယှက်မှူ မရှိစေရ။

အိမ်ထောင်မရှိ။
အိမ်ထောင်ရှိက..သားသမီးမရှိ
သားသမီးရှိက..ကိုယ် ကြည့်ရန်မလို ..သူများကြည့်မည့် အခြေအနေတွင်ရှိရမည်။

စိတ်ချမ်းသာ.. ကိုယ်ကျန်းမာရမည်။
အလုပ်အကိုင် stable ဖြစ်ရမည်။
fragile မဖြစ်စေရ.။

နိုင်ငံခြားတွင် နေထိုင်သူ ဖြစ်စေရမည်။
အမိနိုင်ငံနှင့်ဝေးလေ.. Blog လေ ဖြစ်သော ကြောင့် ဖြစ်သည်။
ပြည်တွင်း နေထိုင်သူများ. …..ဆွေမျိုးညာတိ..နည်းပါးသူ.
မိတ်ဆွေ ပြင်ပတွင် နည်းသူ ဖြစ်ရမည်.။
စကားနည်းသူဖြစ်ရမည်။

စာဖတ်ဝါသနာပါသူ။
စာရေးလိုသူ.ငယ်စဉ်က စာမူအပယ်ခံရသူများ ဖြစ်ရမည်။
လောကတွင် တနည်းတဖုံ အောင်မြင်နေသူများလည်း ဖြစ်ရမည်။

36 comments:

  1. ဟိုက်ရှာလပါတ်ရည် ငါအရင်ဘဲ။ ဟုတ်ကဲ့ လိုအပ်ချက်များနဲ့ ကိုက်ညီပါတယ်ခင်ည။

    ReplyDelete
  2. ဒီဘလော့ဂ်မှာ ကော်မန့်တာ ဒုတိယတောင်မနဲရအောင် ကျိုးစားနေရတယ်။ ကံကောင်းပါ့။ ဘယ်အချက်နဲ့မှ မကိုက်ညီပါဘူး။ စကားနည်းတယ်။ မိတ်ဆွေနည်းတယ်ဆိုတာကလွဲရင်ပေါ့။ ဒါကြောင့် ဘလော့ဂ်ပိတ်လိုက် ဖွင့်လိုက်တာ ဖြစ်နေတာထင်ပါရဲ့။

    ReplyDelete
  3. အလုပ်ရှိက အလုပ်ထဲတွင် အားနေသူဖြစ်ရမည်။ :D

    ReplyDelete
  4. ဟတ်ဟတ် မမ ရေ..

    မီးမီးက အချက်အားလုံး တော့ မကိုက်ညီဘူး။
    သမီးလေးရှိတယ်လေ.. ဟီးဟီး ဒါပေမယ့်
    ရေးမှာပဲ... ။
    အမျိုးသားလားးး ..ဟဟ..အမျိုးသားက သိတ်
    မပြောတော့ပါဘူး..လက်မြှောက်ထားလိုက်ပြီ..
    "မီးသဘော..မီးသဘောတဲ့... မီးစိတ်ချမ်းသာ
    ရင်ပြီးရော"တဲ့.. စိတ်ဆိုးပြီး ဘလော့ပိတ်မယ်
    လုပ်တော့ ပိတ်ရဘူးတဲ့..ဟီးးး :P
    (၂) ချက်ပဲ မကိုက်ညီတာပါ.. ဒါပေမယ့် အေး
    ဆေး... အခုဆို သားအဖ နှစ်ယောက် အိပ်
    ပျော်နေကြပြီ..မီးမီးက အိမ်တွေလည်ပြီး
    စာဖတ်နေလေရဲ့..း)
    တာ့တာ.. အိပ်တော့မယ်. ဂွတ်နိုက်.
    မမမှာ အသစ်တွေ့လို့ အပြေလာနှုတ်ဆက်တာ. နံပါတ် ၁ မရဘူး.
    ဟီးးး
    ပျော်ပျော်နေသေခဲ..မော်တော်တွေရေထဲ တဲ့
    မမရေ..း)

    ReplyDelete
  5. ဟုတ်လိုက်လေ... မှန်လိုက်လေ... ထောက်ခံပါတယ်ရှင်

    ReplyDelete
  6. ဗေဒင်ဆရာမကြီးဒေါ်ခင်ဦးမေ..ပါလားဟရို့...
    ဒါကြောင့်လည်း ဒေါ်ခင်ဦးမေ၊ ဒေါ်ခင်ဦးမေနဲ့ နံမယ်သုံးလုံးနဲ့ နေနေတာကိုး။ လက်ဖျားခါသွားပါသည်..အကုန်လုံးမမှန်သောလည်း ဆရာ စံဇာဏီဘို နေရာလှုပ်ကိန်းမြင်နေပါသည်။

    ReplyDelete
  7. အဲလိုလားမမ

    ReplyDelete
  8. ကြိုးစားပါအုန်းမည် :P

    ReplyDelete
  9. ကိုက်ညီပါသည်..
    ဆက်လက်ရေးသားခွင့်ပြုပါရန်..ဟီး..

    ReplyDelete
  10. ပြုံးသွားရပြန်ပြီ။း))

    ReplyDelete
  11. အချက်အားလုံးနှင့် ကိုက်ညီတယ်မမ။ ဒါပေမယ့် blog လိုက်ဖတ်ရတာကို ပိုကြိုက်သောကြောင့် blogger မဖြစ်နိုင်ပါ။

    ReplyDelete
  12. မသိဂီ င်္..
    ``ဒေါ်ခင်ဦးမေ ´´ဆိုတာ..
    လေးလုံး ထင်ပါတယ်..
    ဟီးဟီ..
    နောက်ပြီး..မမက မြန်မာမှာနေပြီးဘလောဂ်တက်တာ..
    စကားနည်းပြီး..မိတ်ဆွေနည်းတယ်လို့
    ပြောတာ...မသိဂီ င်္ကိုစောင်းပြောတာ..
    ဟီးး(ချွန်လိုက်ပြီ..)
    Xထုံ

    ReplyDelete
  13. လိုအပ်ချက်နဲ့ မကိုက်ညီလို့ လမ်းခွဲလိုက်ပါတယ်။

    ReplyDelete
  14. အလုပ်အကိုင် အတည်တကျမဖြစ်သေးပါ။ “အောင်မြင်မှုဆိုတာ ချိုနဲ့လားကွဲ့”လို့ မေးယူရမလိုဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်ုပ် “ဘလော့ဂါ”မဖြစ်သေးကြောင်း အသိပေးအပ်ပါသည်။

    ReplyDelete
  15. ဟားဟားဟား မမကတော့ လုပ်ချ လိုက်ပြန်ပြီ။
    နိုင်ငံခြားမှာ နေသူ၊ စာဖတ်ဝါသနာပါသူ၊ ငယ်စဉ်က စာမူအပယ်ခံရသူသာ ချိုသင်းအတွက် မှန်တယ်။

    သားသမီးကလဲ ၀မ်းမနာ ကြောင်ကလေး ၁၀ ကောင် ရှိလေ၏။
    အလုပ်ကလဲ stress များလွန်းတဲ့ အလုပ်၊ ဒါပေမဲ့ အလုပ်က အလုပ်၊ Blog က Blog လို့ ခွဲထားပေလို့။
    စကားကတော့ များပါဘိ၊ ကြက်တူရွေးနဲ့ အမျိုးလား ထင်ရတယ်။

    ၂၀၀၉မှာ ဗေဒင်ဆရာမအလုပ်ကိုပါ ပူးတွဲ တိုးချဲ့လုပ်ကိုင်ဖို့ စဉ်းစားနေပြီလား မမ။
    အလေးပြု သွားတယ်။
    ချစ်ညီမ
    လှထုံ

    ReplyDelete
  16. ကိုက်ညီကြောင်းပါ ခင်ဗျ :P

    ReplyDelete
  17.ိတခို့ အချက်တွေ ထပ်ဖြည့်သွားတယ်ဗျာ...း)

    ပတ်ဝန်းကျင်နှောက်ယှက်မှုများကို လစ်လျူရှုနိုင်သူ ဖြစ်ရမည်။

    သားသမီးများကို ကွန်ပြူတာရှိရာ အခန်းထဲထည့်ပြီး ဘလော့နိုင်ရမည်။

    အလုပ်မရှိပဲ ဆက်လက် ဘလော့နိုင်ရမည်။

    ငယ်စဉ်ကတည်းက စာရေးလာခဲ့ပြီး မိမိစာများကို မည်သူ့မျှ ပေးမဖတ်ခဲ့သူ ဖြစ်ရမည်။

    ReplyDelete
  18. တော်လိုက်တဲ့ မမ။ အားလုံးမှန်ပါသည်။ တစ်ခုမှ မလွဲပါ။

    ReplyDelete
  19. သားသားတို့လို ကလေးတွေကျတော့ဘိုလုပ်ကြမလဲ?
    ကဲ..။

    ReplyDelete
  20. နောက်တစ်ချက်ပါထည့်လိုက်ပါလား...

    တစ်နည်းမဟုတ် တစ်နည်းဖြင့် ဂေါက်နေသူဖြစ်ရမည်... :P

    ReplyDelete
  21. မှန်၏ ...။ တော်၏ ...။ တစ်ခုကျန်သေး၏ ... ။ မျက်ကွင်းများ အကွင်းလိုက် အကွင်းလိုက် ညိုသည် အထိ အိပ်ရေးပျက် ခံနိုင်သူ ဖြစ်ရမည် ... :D

    ReplyDelete
  22. ၁ ။ မိ မိ ကိုယ် ကို PROMOTE ( Indirect or Direct ) လုပ် တတ် ရ သူ ဖြစ် ရ မည်..

    ၂ ။ Non-senses / Meaningless များ များ ပြော တတ် ရူ သူ ဖြစ် ရ မည်...

    ၃ ။ အ ပြင် လော က တွင် ( အ များ အား ဖြင့်  ) လူ ရာ မ၀င် သော သူ ( Or ) Nothing-To-Do-Better-Things in Real World ဖြစ် ရ မ ည်....

    ၄ ။ အ ချင်း ချင်း မြှောက် တတ် / ပင့်  တတ် သော သူ ဖြစ် ရ မ ည်....

    ၅ ။ အ ပြင် လော က တွင် လေ့  လာ စ ရာ မ ရှိ တော့  သော သူ ဖြစ် ရ မည်...

    ၆ ။ Etc.......

    ReplyDelete
  23. အနော့်ကို တည့်၂ပြောနေသလိုပဲ

    http://winzaw-mdy.blogspot.com

    ReplyDelete
  24. မမကတော့လုပ်ပြီ။
    မိတ်ဆွေနည်း စကားနည်းကြတော့ ဗေဒင်ဟောရင်တောင် ရေးပြီးဟောတဲ့
်ဘလော့ဗေဒင်လေးပေါ့....ဟီးဟီး

    ReplyDelete
  25. တော်တော်များများ အရည်အချင်းတွေနဲ့ မကိုက်ညီလို့ .... အနော် ဘလောကာ မဖြစ်နိုင်သေးပါဘူး။

    ReplyDelete
  26. တော်တော်များများ အရည်အချင်းတွေနဲ့ မကိုက်ညီလို့ .... မဇနိလည်း ဘလောကာ မဖြစ်နိုင်သေးပါဘူး။

    ReplyDelete
  27. အိမ်က ကွန်ကိုO/S ပြောင်းနေလို့ အလုပ်ရှုပ်သွားတယ် ၊၊ ကျနော် လည်း အရည်အချင်း မမှီသေးဝူး ၊၊ ကြိုးစားပီဗျာ ၂၀၀၉ မှာ အပြေးလိုက်ရအုံးမယ် ၊၊

    ReplyDelete
  28. အထီးကျန်နေသူ ဖြစ်နိုင်သည်။

    ReplyDelete
  29. ဖတ်ပြီး ပြုံးမိပါတယ်။ ရေးလည်းရေးတတ်တဲ့ အစ်မ ခင်ဦးမေး)

    ReplyDelete
  30. အသဲကွဲ အထီးကျန် စိတ်မမှန်
    ဟီးဟီး ကိုယ့်ကိုကိုယ်ပြောတာနော်။

    လင်း

    ReplyDelete
  31. အမရဲ့မူတွေက
    ထိချက်ပြင်းတယ်ဗျို့...

    ReplyDelete
  32. အား.......ငယ်.........လိုက်..........တာ.....
    :(

    ReplyDelete
  33. အဲဒီ အချက်တွေ နဲ့ မကိုက်ညီရင်..
    ဘလော့ဂါ မဖြစ်နိုင် ဘူးလား ဟင်....

    ReplyDelete
  34. မမရေ...
    တော်တယ်...
    ဗေဒင်ဟောနေသလိုပါပဲ...

    ReplyDelete
  35. စာရေးလိုသူ.ငယ်စဉ်က စာမူအပယ်ခံရသူများ ဖြစ်ရမည်။
    လောကတွင် တနည်းတဖုံ အောင်မြင်နေသူများလည်း ဖြစ်ရမည်။

    well im not.. :)

    ReplyDelete