Sunday, February 8, 2009

nature of men 3

မနေ့က သွားရင်းလာရင်း. မြနဒ္ဒာ ရောက်သွားခဲ့တယ်။ လူစည်ပါတယ်။ တစ်ယောက် တည်းဘဲ ။ အချစ်လား မမေးပါနဲ့။။ ရျှိပါတယ်။ တစ်နေရာရာမှာ.. ရှိတယ်။ ဘယ်သွားသွား ဘယ်လာလာ အတူတူဘဲ ဆိုတာ ပါးဖောင်းစဉ် ကာလကပါ။ ပါးလေး ပိန်သွားရင် တော့ ဒီလိုပါဘဲ.. လောက နိယာမကို နားလည်ထားရင် ခံနိုင်ရည်ရှိပါတယ်.............(ခိုင်ထူးသီချင်းကလေး ကို တိုးတိုး ဆို)



လိုချင်တာ ပါဆယ် မှာပြီး.။ ဘာမှ မစားဘဲ ရဲရဲရင့်ရင့် ထိုင်ရဲတာ ကိုယ်ပါ.။ ပြိတ္တာ လို့လဲ ခေါ်နိုင်တာပေါ့။ စားဘို့ ပိုက်ဆံရှိရဲ့သားနဲ့ မစားနိုင်တာ.. (ဘာလို့ မစားနိုင်သလဲ အချင်းချင်း တော့သိကြပါတယ်ရှင်) ငယ်စဉ်က စားသမျှ မဝ.. နဲနဲကြီး.လာရင်.. (များများ ကြီးလာရင် လို့ ပြင်ဖတ်ပါ) နဲနဲ စားလဲဝ..များများ စား လဲဝ..ဝဘို့သာကြီးပါကောလာ.း။.



စလုံးမလေးတွေ ဘာများစားပြီး ပိန်နေတာလဲကွယ် လို့ ခပ်ညည်း ညည်းလေး ပြောမိရင်တော့ ဘာမှ မစားဘဲ ရေဘဲ သောက်နေလို့ပေါ့ကွာ ဆိုတဲ့ အဖြေကို ရမယ် ဆိုတာ ကြို သိထားပါတယ်။ မေးစရာ မလိုတဲ့ out of question မေးခွန်း တစ်ခုပေါ့။ မော့ကြည့်လိုက်ရင် သီချင်း ဆိုနေတာတွေ့မယ် .ဘယ်သူလဲ မမေးပါနဲ့ အကျီင်္အဆင် ကလေး မြင်တာနဲ့ လေးဖြူ လို့ သိလိုက်ပါ။



စားပွဲလေး ပျင်းနေမှာ စိုးလို့တယ်လီဖုံးလေး တစ်လုံး ချထားပေးလိုက်တယ်။ ပိုက်ပိုက် အိတ်ထဲ မှာ တယ်လီဖုံးတွေ အများကြီး ရှိနေသေးတယ် ဆိုတာ ကို သတိရပါ။ နောက်ဆုံးတော့လဲ အပေါ်ထပ် လေးထပ် အသုတ်စုံ ဆိုင်ရောက်သွားပြီး ကြပ်ကြပ် သပ်သပ် ကပ်ကပ် သတ်သတ် ကလေး. ထိုင်ပြီး စားခဲ့ပါ၏။





စိတ်မထိန်းနိုင်တာကို တစ်ခါတစ်လေ ဘဲလေ လို့တွေးခေါ်ြီ့ပီး excuse လုပ်ခဲ့ရုံ့မကာ ရွေချည်ဆနွင်းမကင်း လေးပါ ဝယ်ခဲ့သေး.။ ရန်ကုန်ကို မမှီပေမဲ့ စားလို့ရရင် ကျေနပ်ပါလေ လို့လည်း ကိုယ့်ဘာသာ ဖြေသိမ့်ခဲ့တယ်။ ကိုယ်မချက်တတ် ရင်တော့ အားလုံးချက်တာ ကို ကောင်းပါသည် ခင်ဗျား လို့သာပြင်ထားပါ။


အချိန်ရှိသေးရင်တော့ မိန်းကလေး မီးဖိုချောင်မှာ ချက်တတ် ပြူတ်တတ် ဖြစ်အောင် သင်ထားစေလိုကြောင်း.. မဟုတ်က အိမ်ထောင်ြ့ပူရင် အန်မတန် မျက်နှာငယ်မည် ဖြစ်ကြောင်း.. မရခင်သာ သူတို့က ရပါတယ်ကွာ လို့ပြောပြီး ရပြီးရင်တော့ မရတော့ဘူး ဟေ့ ဆိုတာကို နားလည် ဘို့လိုကြောင်း.........။

53 comments:

  1. Hmm, from the look of photo, some big noodles hate those. Always gives me headache.

    ReplyDelete
  2. ပါးလေးမဖောင်းတော့တဲ့နောက်...
    ခိုင်ထူးလေးသီချင်းလေးတိုးတိုးဆိုရင်း..
    တစ်ယောက်တည်းပဲ သွားနေ စားနေသည်ပေါ့..:P

    ReplyDelete
  3. Ok မမ
    သင်မယ် သင်မယ်
    ဥရောပစာ အရှေ့တိုင်းစာ ထိုင်းစာ အိန္ဒိယစာ တရုတ်စာ အကုန်သင်မယ်
    (ဒါပေမယ့် မသင်လဲ ငါတတ်နေတာပဲ လို့ တွေးမိတာကို ဖျောက်လို့မရဘူး)
    ;)

    ReplyDelete
  4. မမဂွိ အသုပ်တွေရော ဆနွင်းမကင်းတွေရော စားချင်တယ်။ ဖုန်းလေးထုတ်ထားတာ သိပါတယ်။ ချစ်ချစ်ကြီးခေါ်မှာစိုးလို့ မဟုတ်လား။

    ReplyDelete
  5. ဒါနဲ့ အသက်ကြီးလာရင် နည်းနည်းစားတောင် များများဝ ဆို...ပါးလေးကျ ဘာလို့ ပိန်သွားတာလဲ ဟင်

    ReplyDelete
  6. ဘာပဲ စားစား ဝိတ်တက်မလာရင် ကုသိုလ်ထူးပြီလိုသာ မှတ်လိုက်တော့ မမရေ။

    ReplyDelete
  7. အစ်မရေ....ရေးလာခဲ့သမျှ

    ဒီပို့စ်လေးကိုတော့ ကျွန်တော် သဘောကျတယ်ဗျာ။

    ပါးဖောင်းစဉ်ကာလတို့ ၊ ရေသောက်လို့ပေါ့ကွာတို့ ၊ မရတော့ဘူးဟေ့ တို့ ဆိုတဲ့ စကားတွေကို သဘောကျတယ် :)

    ReplyDelete
  8. သင်မယ်၊သင်မယ်..အစ်မ၊ဘယ်နားကမှ ပြောစရာမရှိအောင်လေ.။:)))

    ReplyDelete
  9. ဟက်ဟက်.. သားတို့ကတော့ စားသလောက်မ၀။း)
    ရွှေချည်ဆနွင်းမကင်း စားချင်တယ်.. အသေကြိုက်စ်

    ReplyDelete
  10. မဂျီးရေကျွန်တော်ကတော့ဘယ်လောက်စားစားမ၀ဘူး.
    ဟီးဘာကွာလဲတော့မသိဘူး..
    ပါးဖောင်းစဉ် ကာလကပါ။ ပါးလေး ပိန်သွားရင် တော့ ဒီလိုပါဘဲ.. ..ဒီစာလေးတော့အကြိုက်ဆုံးပဲ..ဟီးဟိး

    ReplyDelete
  11. သင်ရဦးမှာပေါ့နော်း(

    တော်ပြီမမရာ သင်တော့ဘူး
    အပျိုကြီးပဲ လုပ်တော့မယ် ဟီးဟီး

    ReplyDelete
  12. ဆနွင်းမကင်းစားချင်လို့..း)

    ReplyDelete
  13. လေးလွှာမှာအသုပ်ဆိုင်ရှိတယ်လား မမ။
    သူများလည်း ရွှေကြည် သိပ်ကြိုက်။

    ReplyDelete
  14. ပါးလေးနဲနဲပိန်လာပြီ ဒါကြောင့်ဖြစ်မယ် ဟင့်! :'(
    ခိုင်ထူးသီချင်းက ဘယ်သီချင်းလဲငင်?
    ဟင်းချက်တာက တခါတလေ ငံ တခါတလေ တူး ဖြစ်သွားလို့ ရလားဟင် ဆိုရင် ရဘာဒယ် ရဘာဒယ် တဲ့၊ ခုထိတော့ မရဘူး ဟေ့ လို့ မလာသေးဘူး။ ဘယ်တော့လာမည်မသိ၊ သတိထားမှ။

    ReplyDelete
  15. တို့ ကတော့ဘယ်လောက်စားစားမဝ :)
    အသုတ်နဲ့ ဆနွင်းမကင်းစားချင်တယ်

    ReplyDelete
  16. မခင်ဦးမေက ဆံပင်ကောက်လား
    ဟိုတစ်ခါ ရထားပေါ်မှာတွေ့မိလို့
    ဟုတ်မလားလို့ ကြည့်မိခဲ့တယ်။
    နောက်တခါ တစ်ယောက်တည်းဆိုရင် လာနူတ်ဆက်မယ်။ စားပွဲပေါ်တင်ထားတဲ့
    ဖုန်းလေးကို မှတ်ထားလိုက်တယ်။

    ReplyDelete
  17. ဟုတ်တာတွေမှန်တာတွေပဲ ပြောနေတော့တာပဲနော်.တို့မမကတော့။

    btw, kmsl က မမ ပို့စ်တွေ မဖတ်တော့ဘူးလား။

    ReplyDelete
  18. အချစ်ဆိုတာ အချိန်တွေ ကြာလာတဲ့အခါ ဒီလိုပဲလား၊ ပျော်အောင် နေပါနော် မမး)

    ReplyDelete
  19. အင်း ကိုမဆလာ။ ခင်ဗျားလည်း ကျွန်တော့်လိုပဲ မိန်းမချက်ကျွေးသမျှ ကျိတ်မှိတ်မျိုချရင်း ၀ဋ်ခံနေရပါရော့လား။ ကိုယ်ချင်းစာတယ်ဗျာ။ တကယ်ပါ။

    ReplyDelete
  20. ဆနွင်းမကင်းစားချင်တယ် မမ
    အသုတ်လေးလည်းစားချင်တယ်..
    Xထုံ

    ReplyDelete
  21. မိန်းကလေးတွေရေ

    ချက်တတ်တဲ့သူသာ ရှာထားကြပေတော့။

    ReplyDelete
  22. လွန်ကုန်ပြီ မမ။ အချိန်နှောင်းကုန်ပြီ။ ဒါပေမဲ့ ခုမှ သင်လဲ ဘာမှ မထူးတော့ဘူး။ ဥာဏ်တွေလဲ တုံးကုန်ပေါ့။ သူလဲ သူများချက်လို့ ဟင်းကောင်းနေရင်တောင် မစားတတ်သလို ဖြစ်နေပါပကော။ ချိုသင်းလက်ရာလေးပဲ စွဲနေလို့။ အဟိ။

    ခိုင်ထူးသီချင်းက ဘာသီချင်းလဲ မမ။ အဝေးဆုံး ထင်ပါရဲ့။ :D

    ReplyDelete
  23. ခိုင်ထူးသီချင်းနဲ့ ဆန့်ကျင်ဖက် ဖြစ်တာကို ပြောချင်တာ နေမှာ...။
    ခိုင်ထူးက “အိမ်မှာ ချက်တဲ့ ဟင်းတွေ မကောင်းလို့ အပြင်မှာ ၀ယ်စားကြည့်တဲ့ အခါ၊ ဆိုင်က ချက်တဲ့ ဟင်းနဲ့ ထမင်းဟာ မင်းချက်တဲ့ ဟင်းလောက် မကောင်းဘူး”
    ဆိုတော့... ဆန့်ကျင်ဖက် ပြန်တွေးပေါ့လေ...

    လေးဖြူက အိုင်စီ ၁၅ နှစ်ပြည့်ကို ဆိုထားတဲ့ အခွေထင်ပါရဲ့။
    အဲဒီ အခွေမှာ C&C အ၀တ်တွေ ၀တ်တယ် ထင်တာပဲ..။

    ReplyDelete
  24. ရသမျိုးစုံပေးစွမ်းနိုင်တဲ့ပို့စ်ကောင်းလေးတစ်ပုဒ်ပါ။


    စကားမစပ်၊ ဆနွင်းမကင်းကျွေးပါလားဟင်။ :P :P

    ReplyDelete
  25. ကိုယ်ချက်တာ မကြိုက်ရင် အပြင်မှာ တူတူသွားစားပေါ့ မမရယ်... စလုံးမလေးတွေ ရေပဲ သောက်တယ် ဆိုတာ ဟုတ်မယ်နော် မမ...

    ReplyDelete
  26. မဟုတ်ရင်တော့... လွဲပြီ...

    ခိုင်ထူးသီချင်းက - ဆို - ပဲ ဖြစ်ရမယ်...

    ဆို... ဆို... ဆို... ဆို... ဆို...
    ၀ူး.... ဆိုရတာ မောတယ်...း)

    ReplyDelete
  27. စားနိုင်တာ အလှတပါး တဲ့။ စားသာစားပါ။ But, you need to know how to be slim(what to eat and how to cook?)

    ReplyDelete
  28. I also use Vodafone which is backup one. very good to use in europe.

    ReplyDelete
  29. မဂွိစ် တယ်လီဖုန်း ခဏ လာငှားတာ ၊၊ စီးတီးဟော တောင်မရောက်တာ ကြာပီဗျာ ၊၊မဂွိစ် ကိုတွေ့ရင်တော့ မုန့်ဝယ်ကျွေးခိုင်းရမယ် ၊၊

    ReplyDelete
  30. အဲ့ဒီနေ့ပဲ အဲ့ဒီဆိုင်ကို ရောက်ခဲ့တယ် မမKOM ဓာတ်ပုံ ရိုက်တဲ့နေရာမှာပဲ ထိုင်ခဲ့တာ။ မမကို တွေ့မလားလို့ ရှာမိသေးတယ်။ ပေါင်ဖွေးဖွေးနဲ့ ကောင်မလေးတွေပဲ တွေ့ခဲ့တယ်။ ကြေးအိုးဆီချက် သိပ်စားမကောင်းခဲ့ပါဘူး။ ကိုဧရာ ဘယ်ကြည့်နေသလဲလို့ check နေရသေးသကိုး။ (ဤကား nature of women...)

    ReplyDelete
  31. အမရေ... ဖုန်းလည်း သူများလာငှါးသွားပြီ၊ အသုတ်စုံနဲ့ ရွှေကြည်လည်း သူများဦးသွားပြီ၊ ဟင့် ... နောက်ကျ (မျိုးကျော့မြိုင်သီချင်းကို ဆိုသွားပါကြောင်း) ကိုယ့်အကြောင်းသိသူတွေချည်းဆိုတော့ .... ခိုင်ထူးသီချင်းတွေ ဆိုရစရာ အခွင့်အရေးတောင် ရှိတော့မည်မထင်ပါ ။ (ဟိ) :D

    ReplyDelete
  32. အစကတည်းက အစားချည်းမများတဲ့သူဆို အဲလောက် မဟုတ်လောက်ပါဘူး။

    ReplyDelete
  33. nature of men ဆိုပြီး..သူ ပန်နီဆူလားမှာ စားတာတွေချည်းပဲ။ အသုတ်စုံလေး စားချင်လိုက်တာ။ အမ ကလဲ တယောက်တည်း သွားရတာ..ဘယ်လောက်ကောင်းလဲ.. ကိုယ်ပတ်ချင်တာ လျှောက်ပတ်ကြည့်လို့ရတယ်။

    သဘာဝ ဟာ..သဘာဝ ပါ... ( သီချင်းဆိုသံ)

    ReplyDelete
  34. ရွှေချည်ဆနွင်းမကင်းလေး စားသွားတယ်

    ReplyDelete
  35. မမရေ....
    Nature of Men 3 ဖတ်သွားပြီး မန့်မယ်ကြံတော့
    မချိုသင်းနဲ့ မနေ့က မမအကြောင်းပြောတာ သတိရတယ်..။ ပါးလေးမဖောင်းတော့တာ အားမငယ်ပါနဲ့ မမရယ်လို့ အားပေးရင် မမနဲ့ ကိုမဆလာနဲ့က ဖတ်ပြီးရယ်နေကြမှာလားလို့။
    ဝ တာကောင်းပါတယ်...။ ပိန်လို့ နေမကောင်းဘူးလား အမေးခံရတာ စိတ်ညစ်တယ်...။ ပိန်ရုံပိန်တာ မဟုတ်ပဲ လူမမာရုပ်ပါထွက်နေလားမသိဘူး...။ ထမင်းနည်းနည်းပဲစား၊ မုန့်များများစား၊ နို့မှုန့်စား၊ ဇီးထုတ် ရေခဲချောင်းစား၊ အသုတ်ချဉ်ချဉ်တွေစား၊
    ခေါက်ဆွဲချဉ်စပ်စား၊ ရေခဲရေခဏခဏသောက်
    အဲဒါဆိုပိန်မယ်ထင်တယ်။ ညီမက အဲဒါတွေ ကြိုက်လို့စားရင်း skeleton ဖြစ်လာတယ်..။

    ReplyDelete
  36. အဲဒီနေ့ ကအဲဒီနေရာကိုရောက်ခဲ့တယ်။
    လေးဖြူသီချင်းဆိုတာလည်းနားထောင်ခဲ့တယ်။
    မန္တလေး မြီးရှည်လို့ နာမည် တပ်ထားတဲ့ ခေါက်ဆွဲပျော့ပျော့စားခဲ့တယ်။
    မြနန္ဒာက စေတနာကောင်းပါ့ အစာမကြေမှာစိုးလို့ ထင်တယ် ခေါက်ဆွဲက ဝါးစရာတောင်မလိုဘူး ပျော့လွန်းလို့  အရင်တစ်ခေါက်က တို့ ဖူးနွေးစားတော့ မာလို့  ထားခဲ့ရတယ် :)
    အရသာကို performance တစ်ခုလို မတူအောင်များပေးနေတယ်ထင်ရတယ် :P

    ReplyDelete
  37. This comment has been removed by the author.

    ReplyDelete
  38. This comment has been removed by the author.

    ReplyDelete
  39. “မရခင်သာ သူတို့က ရပါတယ်ကွာ လို့ပြောပြီး ရပြီးရင်တော့ မရတော့ဘူး ဟေ့ ဆိုတာကို နားလည် ဘို့လိုကြောင်း”.........။

    **ဆိုင်ကရောင်းတဲ့ ထမင်းနဲ့ ဟင်းဟာ မင်းချက်တဲ့ ဟင်းလောက် မကောင်းဘူး **.....

    ဆိုတဲ့( ခိုင်ထူး ရဲ့သီချင်းလေး ကို တိုးတိုးဆို ပြီး ချက်ပြလိုက်စမ်းပါ)

    ReplyDelete
  40. "မရခင်သာ သူတို့က ရပါတယ်ကွာ လို့ပြောပြီး ရပြီးရင်တော့ မရတော့ဘူး ဟေ့ ...."


    အဲဒါ တချို့ကဗျာဆရာတွေ တွေ့ရင် LP လို့ပြောမလားမသိဘူး
    မိုက်တယ်ဗျာ။

    ReplyDelete
  41. ဒီစာကို ကြိုက်တယ် အမ။ မေးခွန်းမေးတဲ့ ပုံလေးနဲ့ရေးပြတာလေးကို သဘောကျမိတယ် ။ ပါးဖောင်းစဉ် (ပါးဖောင်းဖောင်းလေး ဆိုတာကိုမြင်မိတယ်) သုံးသွားတာလေးလဲ မိုက်တယ် ။ ရေးသွားတဲ့ စာအသွားလေးကလည်း တမျိုးပဲ ။ ( လွမ်းစရာလိုလို ၊ --)

    ReplyDelete
  42. ဘယ်သွားသွား ဘယ်လာလာ အတူတူဘဲ ဆိုတာ ပါးဖောင်းစဉ် ကာလကပါ ဆိုတာကျွန်မနဲ့ တော့ပြောင်းပြန်။ ခုတော့ ဘယ်သွားသွားမလိုက်ချင်ဘူး။ ပျင်းလို့ ...

    ReplyDelete
  43. ဆနွင်းမကင်း နဲ့ အသုတ်စုံ...အမိုက်စားပဲ..
    စားချင်လာပြီ။...
    အမ ပျော်ရွှင်ပါစေ...။ =)

    ReplyDelete
  44. အဟီး .. မမKOm ရဲ့ Nature of men ကြောင့် အိမ်တွေ တော်တော်များများမှာ ဟင်းတွေချက်နေကြပြီ....

    ReplyDelete
  45. မမ...
    ပါးမဖေါင်းတော့မှာစိုးလို့ တနေ့ကို ၈ နာရီ အိပ်နေတာပါလေ...
    မမလဲ ပါးဖေါင်းလာအောင် များများ အိပ်လေ...
    သက်ဝေကို မရဘူးဟေ့ လို့ လာပြောရင်... “အေး.. အေး.. မရရင် ကိုယ့်ဟာကိုယ်ချက်ပေတော့လို့ ပြောလိုက်မှပဲ...” :-P

    ReplyDelete
  46. """အတူတူဘဲ ဆိုတာ ပါးဖောင်းစဉ် ကာလကပါ။ ပါးလေး ပိန်သွားရင် တော့ ဒီလိုပါဘဲ.."""

    ကွမ်းသီးပို့လိုက်မယ် kom ရေ ဘယ်၊ညာတစ်ဖက်တစ်လုံးစီ
    ထည့်ငုံထားလိုက်။

    ReplyDelete
  47. မမကလဲ ၄ထပ်ကဆိုင်မှာသွားစားတာကို ... အဲဒီကိုရောက်ရင်တော့ အဲဒီဆိုင်မှာပဲစားဖြစ်ပါတယ်. အမြဲတမ်းလာလည်တာကျေးဇူးနော်.. မမတယောက်ပဲလာမယ့်သူရှိတာ.. စာရေးကော်းပုံများတော့

    ReplyDelete
  48. ဟုတ်
    မမ
    မှတ်သွားတယ်
    ဒါမျိုးက မှတ်သားရမယ်မှတ်လား
း))

    ReplyDelete