Sunday, February 15, 2009

sorry dear


မုနှ်ု့ဟင်းခါး

အကြော်မပါ။
ငါးရုတ်သီးမှုန့်မပါ
ဘဲဥမပါ. ငပျောအူမပါ။
ဇွန်းမပါ။သပုရာ မပါ
နံနံ့ပင်မပါ။




ဘဲဥ.ချဉ်ရည်.

ခြောက်ကပ်ကပ်။
အခင်းအကျင်းစွဲမက်ဖွယ်ရာမရှိ.။

လက်ဘက်သုတ်
အဆိုးဆုံးဘဲ
ပုဇွန်ခြောက်မပါ. ကြက်သွန်ကြော်မပါ.
အကြော်စုံ. မြေပဲမပါ. နှမ်းမပါ
ငရုတ်သီးစိမ်းမပါ
ရေနွေးကြမ်းမပါ။

လွန်တာရှိ ဝန္တာမိ။
ဦးချပါ၏။

42 comments:

  1. ဘယ်သူက ဘာပြောပြော မဇနိမုန့်ဟင်းခါး စားသွားပြီ။ ဘဲဥချဉ်ရည်လည်း မသွားမယ်။ လက်ဖက်သုပ်ကတော့ ဘယ်လိုစားရမလဲ စဉ်းစားနေတုန်း။ အရင်ဦးထားတာပါ။

    ReplyDelete
  2. စားလိုက်ပြီ

    ReplyDelete
  3. မနေ့က..ရုပ်ရှင်ရုံမှာ..အအေးတခွက်နဲ့ စောင့်ရတာ မကျေနပ်လို့..ဒီနေ့ မကျေပွဲ မုန့်ဟင်းခါး ထပ်လက်စွမ်းပြသည်ဟု ယူဆပါကြောင်း။း)

    ကေ-

    ReplyDelete
  4. မမ ရေ
    စားစရာ ၃ မျိုးတောင်ရှိတာ
    ကျေနပ်စရာ ကောင်းလှပါပြီ
း)

    ReplyDelete
  5. ကောင်းလိုက်တယ့် ကဗျာ၊ကောင်းကင်ကို တွေ့ရင်
    အဘား အဘားနဲ့ထိုင်ငိုသွားမယ်။

    ReplyDelete
  6. မမ...
    တို့တွေက ချစ်သူရဲ့ ခန္တီပါရမီကို ဖြည့်ပေးနေကြတာပါကွယ်...။:P
    ထင်တော့ထင်နေတယ်.. KMSL တစ်ယောက် မုန်လာဥနဲ့ဝေးရှာပြီထင်တာ ပုဇွန်ကြော်နဲ့ပါ မနီးစပ်နိုင်ဖြစ်သွားတာကိုး...။

    ReplyDelete
  7. ဒီနေ့တော့ မုန့်ဟင်းခါး မုန့်ဖတ်မပါ ဟင်းရည်မပါ အကြော်မပါနဲ့ ဒန်ပေါက် ကြက်သားမပါ ထမင်းမပါတို့ကို စားမယ်ဟု စိတ်ကူးမိပါကြောင်း။ :P

    ReplyDelete
  8. မုန်လာဥ လုပ်သွားတယ်ဆိုတာ ဒါမျိုးနေမှာ။ မနက်ကတော့ မုန်လာဥချဉ်ရည်နဲ့ ပုဇွန်ကြော်ဆိုဗျ။ (ခွိခွိ)
    ဒါတွေ ဘယ်အချိန်ချက်လိုက်ပါလိမ့်လို့ စဉ်းစားသွားရသည်။ မနက်ကလဲ တချိန်လုံး စက်ရှေ့က မထဘဲနဲ့။ ကြည့်ရတာ ကိုမဆလာချက်ပုံရတယ်။

    ReplyDelete
  9. အငြိမ့်ထဲက ဆောရီးကိုကို ကိုတောင် သတိရလိုက်မိသေး.....

    ReplyDelete
  10. မုန့် ဟင်းခါးတော့ဘယ်လိုဖြစ်ဖြစ် စားတယ်

    ReplyDelete
  11. မမ..
    မုန့်ဟင်းခါးဆို ဘယ်လိုဖြစ်ဖြစ် ကြိုက်မှကြိုက်...
    ဘဲဥချဉ်ဟင်းတော့ သိပ်မကြိုက်...
    လဘက်သုပ်ဆိုရင်တော့... ကုန်နေတာတောင် ပန်းကန်ကို ထမင်းနဲ့ လူးစားတတ်တဲ့အထိ ကြိုက်နှစ်သက်ပါကြောင်း...
    ပုံပဲတွေ့ရပြီး တကယ်မစားရတာတော့ သိပ်မကြိုက်လှပါကြောင်း...
    အိမ်ကို အလည်ဖိတ်ပြီး တကယ်ကြီး ကျွေးစေချင်ပါကြောင်း....

    ReplyDelete
  12. ချားမယ်..ချားမယ်။။ :D

    ReplyDelete
  13. ဆိုင်ဖွင့်လို့ရပြီ...း)

    ReplyDelete
  14. ဘာမှ မထည့်နဲ့ ဘာမှ မထည့်နဲ့ အလွတ်တပွဲ
    :D

    ReplyDelete
  15. ဒီနေ့အားကျလို့မုန့်ဟင်းခါးချက်စားတယ်
    ကြက်သွန်ကြော်နဲ့ ..း)ငှက်ပျောအူကတော့
    ငှက်ပျောပင်သနားတာနဲ့ ..း)

    ReplyDelete
  16. အစုံပါတာတွေက ရိုးနေပြီ မမရေ... အထူးအဆန်းစားရတာ..ကောင်းလိုက်တာနော်..။ လက်ဖက်ဆို လက်ဖက်ချည်းပဲလဲ ကြိုက်တာပဲ..

    ReplyDelete
  17. တခါတလေ ဘာမှ မပါတာလေးပဲ စားလို့  ပိုကောင်းတတ် ပါတယ်

    ReplyDelete
  18. အကြော်မပါလဲဟင်းရည်နဲ့စမ်းစားရင် အရမ်းကောင်းပါတယ်။ဘဲဥချဉ်ဟင်းလည်းစမ်းစားရင်းကောင်းမှာပါ။

    ReplyDelete
  19. အပေါ်ကလူများ အတော်လေး စုံစုံစိစိ ပြောသွားပြီ ဖြစ်လို့ ပြောစရာ မကျန်တော့ကြောင်း ပြောသွားပါတယ်..

    ReplyDelete
  20.ဲဘဲ
    ဥချဉ်ရည်နဲ့ထမင်းအရင်စားမယ်။

    ပြီးမှလက်ဖက်သုပ်စားမယ်။
ိမုန့်ဟင်းခါးကအစာပိတ်။

    ReplyDelete
  21. မုန့်ဟင်းခါး
    ကိုယ့်ပို့စ်ကိုယ်တွေး (ကိုယ်ရေးတဲ့ပို့စ် အီမျာ၂)
    မရွေးရဲဘူး ။

    ဘဲဥချဉ်ရည်
    အမြင်တွေမလှလို့
    ပယ်ရပြန်ပြီ ။

    လက်ဖက်ကောင်းတောင်
    ဗိုက်ကကြောင်လို့ (စားရင် အောင့်လို့)
    ထိတောင်မထိ ရဲဘူး ။

    ဆာတာရှိလည်း
    ငါသာသိတာမို့
    ဘာသိဘာသာပဲ
    ပြန်တောမယ် ။

    အလကားလျောက်နောက်တာ ။ အလကားရရင်တော့
    ပါဆယ်ပါ လာဆွဲချင်သေးတာ ။ အဟေးဟေး

    ReplyDelete
  22. မုန့်ဟင်းခါးကလဲ..နံနံပင်မပါဘူး
    ...........
    Xထုံ

    ReplyDelete
  23. မမဝါဆီမှာဘာမှမတွေလို့ ဘာမှမပါတာတွေ အကုန်စားသွားပါရစေနော်၊စားသွားပီနော်

    ReplyDelete
  24. မမရဲ့ ကဗျာကို ဖတ်ရှုခံစားသွားကြောင်း... sorry dear ဆိုတာ kmsl ပေါ့နော်။ ပို့စ်လေးနဲ့ ချော့တာပေါ့။

    ReplyDelete
  25. ဟား... ဟား.. မမKOM ရဲ့မုန့်ဟင်းခါးကို... မုန့်ဟင်းချိုလိုစားနေစဉ်မှာ....
    ဟဲ့... ဟဲ့.... ရွှီး....ရွှီး... ကုန်ပြီ.... မလုနဲ့လေ.... အဟင့် ဟအင့်... ရွှတ်ရှလွတ်... မမရေ... အနော်ဆီက... AMMK နှိုက်စားသွားတယ်.... ပြန်ချက်ပေး.....အဟင့် ဟအင့်... ရွှတ်ရှလွတ်...

    ReplyDelete
  26. ကိုယ်တောင် ဟင်းချက် ညံ့လှပြီ ထင်နေတာ။ မမကိုတော့ အရှုံးပေးလိုက်ရပါကြောင်း။ :D

    ReplyDelete
  27. အော် ..ဘာမှမပါလို့သာပဲ..ခုတောင်ဘာမှကိုမကျန်တော့ဘူး။ ဖွယ်ဖွယ်ရာရာ စုံစုံလင်လင်ဆိုရင်မတွေးရဲစရာ။

    ကြည်

    ReplyDelete
  28. အဲဒီ သုံးခုက တစ်ခုနဲ့တစ်ခု ဘာမှလည်း မဆိုင်သလိုပဲး)
    သုံးနပ်စာ ချက်ကျွေးတာကို ဆောရီး ပြောစရာ မလိုပါဘူး။ သူကတောင် ကျေးဇူးတင်ရဦးမှာ ဟိ။

    ReplyDelete
  29. ပြောရမှာ တော့ အားနာစရာ။ ပြီးစလွယ် ချက်ထား မှန်း ပုံ နဲ့တင် သိသာပါတယ်။

    နံနံပင်မပါသော မုန့် ဟင်းခါး၊ က်ြသွန်မြိတ် မပါသော အုန်းနိ့ခေါက်ဆွဲ၊ မုန်ညင်းချဉ်မပါသော ရှမ်းခေါက်ဆွဲ၊ ကြက်သွန်ချဉ် မပါသော ခေါက်ဆွဲကြော်၊ ပူစီနံ မပါသော ဒန်ပေါက်၊ ပါစလေ မပါသော စပါဂက်တီ စသည်တို့ ဟာ ဖြစ်ကတတ်ဆန်းလုပ်ထားကြောင်း ပြနေပြီး တကယ် အစားကောင်းကို လေးလေးနက်နက်ကြိုက်တတ်သူများအတွက် ပြသနာပါ။

    အမည်မဖေါ်လိုသော ပုံမှန် စာဖတ်သူ။

    ReplyDelete
  30. Oh wait. All the vermicelli strands look broken :(

    ReplyDelete
  31. မုန့်ဟင်းခါးကို အဲလို ဖြစ်သလိုချက်တာလေး မြင်တာတောင် စားချင်လာလို့ ဒီနေ့ အိမ်မှာ ချက်စားတယ် အမရေ။

    ReplyDelete
  32. ဖြစ်ချင်ရာဖြစ် မော့သောက်သွားတယ် (ဇွန်းမှမပါတာ)

    ReplyDelete
  33. ကိုယ့်ဇွန်းကိုယ်ယူလာပြီး ရုံးမသွားမီစားသွားပါပြီ။

    ReplyDelete
  34. တော်သေးတာပေါ့.. ဓာတ်ပုံပါလာလို့...

    ReplyDelete
  35. အချစ်တွေ ထည့်ချက်ထားမှတော့ ဘာလိုဦးမှာလဲ…

    ReplyDelete
  36. SMNTL ကော်မန့်ပါ

    ပြောရမှာ တော့ အားနာစရာ။ ပြီးစလွယ် ချက်ထား မှန်း ပုံ နဲ့တင် သိသာပါတယ်။

    နံနံပင်မပါသော မုန့် ဟင်းခါး၊ က်ြသွန်မြိတ် မပါသော အုန်းနိ့ခေါက်ဆွဲ၊ မုန်ညင်းချဉ်မပါသော ရှမ်းခေါက်ဆွဲ၊ ကြက်သွန်ချဉ် မပါသော ခေါက်ဆွဲကြော်၊ ပူစီနံ မပါသော ဒန်ပေါက်၊ ပါစလေ မပါသော စပါဂက်တီ စသည်တို့ ဟာ ဖြစ်ကတတ်ဆန်းလုပ်ထားကြောင်း ပြနေပြီး တကယ် အစားကောင်းကို လေးလေးနက်နက်ကြိုက်တတ်သူများအတွက် ပြသနာပါ။

    အမည်မဖေါ်လိုသော ပုံမှန် စာဖတ်သူ။

    February 16, 2009 4:28 AM

    ReplyDelete
  37. ဟာ.. ဒါနဲ့ပဲဧည့်ခံနေတာပဲ၊ အသစ်လေးဘာလေး ချက်ကျွေးပါအုံးဗျ။

    ReplyDelete
  38. Just want to know..can he really eat all these?..hehe:p..no hard feeling pls.

    ReplyDelete
  39. ဘဲဥချဉ်ရည် စားသွားပါသည်။

    အမငှက်ပျောအူခြောက်အထုပ်လေးတွေရှိတယ်လေ။ သိပ်တော့မကောင်းလှဘူး ဒါပေမဲ့ လုံးဝဗလာကြီးထက်စာရင်တော့ တော်သေးတာပေါ့

    ReplyDelete