Sunday, June 7, 2009

Yangon 19

မြို့ထဲပြန်လှည့်လာတာ ရွှေဗဟိုရ် ရုပ်ရှင်ရုံဘက် ရောက်လာပါတယ။် မြေနီကုန်းဘက်ကို သွားဘို့ ဦးတည်ပါတယ။် အဲဒီမှာလဲ ဂမုန်းပွင့် ကုန်တိုက် ရှိတယ်လေ။

အဲဒီက တစ်ခါပြန်လှည့်လာတော့ ယုဇနဟော်တယ် ရှေ့ရောက်ပါတယ။် မဝင်ပါဘူး. ။ ဦးငှေးမြင့် အမျိုး နဲ့ ရန်ဖြစ်ထားတယ။်

ဆုထူးပန်ရုံရှေ့ဆိုတော့ ဗိုလ်ချူပ်လမ်းပေါ့။
ဒီရန်ကုန်သူကတော့ရန်ကုန်လမ်းတွေ ကိုကျွမ်းကျင်ပါတယ။် ဝန်ကြီးများရုံးကတော့လွမ်းပါတယ်။

မြို့လည်မှာ လမ်းလျောက်ဖြစ်ပါသေးတယ။် ခြောက်ကပ် တယ်လို့ထင်ရခြင်းအကြောင်းက ဒီလိုရှိပါတယ။် တို့သွားတာ သင်္ကြန် ဆိုတော့ အဲဒီအချိန်မှာ ပြီးကာစ ရှိပါသေးတယ။် ရုံးတွေလည်းပြန်မဖွင့်သေးပါဘူး။ အဲဒီတော့ အဲသလိုဖြစ်တာပါ.အမှန်က စည်ပါတယ။် တို့အပြစ်ပါ။

ရေကျော်ဘက်လှည့်လာပြန်ပါတယ။် အထက၄ ပုဇွန်တောင်ကိုတွေ့တော့ ကျောင်းသူဟောင်းကလေး မေမိုးနှဲsnadakoo အတွက် အလွမ်းပြေ ရိုက်ခဲ့ပေးပါတယ။် ထပ်ပြီးကျောင်းသားဟောင်းများရှိခဲ့ရင်လည်း သူတို့နဲ့ဘဲ ဆက်သွယ်ပြီး တွေ့ဆုံပွဲလုပ်နိုင်ပါတယ်။

ရေကျော်သူ ရေကျော်ဈေးထဲသွားခဲ့တာ မဆန်းပါဘူး။















နေသိတ်ပူလို့ အအေးလိုက်ရှာပါတယ။် ဗိုလ်ချုပ်လမ်းတစ်လျောက် စားသောက်ဆိုင်တွေမှ မနည်းဘူး. ထုံးစံအတိုင်း ဖာလူဒါနဲ့ ဒိန်ချဉ်နဲ့ မှာသောက်တယ။် ဒိန်ချဉ်က မဆူိုးပေမဲ့ဖာလူဒါက ရေခဲသုပ်နဲ့တူနေတယ်။






41 comments:

  1. မဖတ်ဘူး ၁ ယူတယ်
    ဒါဗြဲ.....

    ReplyDelete
  2. အင်း ဒါကြောင့် ပြန်မလာနိုင်ဇာတ်ကားဖြစ်နေတာကိုး။ တောင်ပြေးလိုက်မြောက်ပြေးလိုက်ပါလားနော်

    ReplyDelete
  3. ဦးငှေးမြင့် ကြားရင်တော့ ရင်ကျိုးမယ် ။ http://burmatodaymedia.com/zawgyi_keyboard_layout.htm
    shift + x = ဌ

    ပုံ ခငှငှ

    ReplyDelete
  4. ဖာလူဒါသောက်ချင်တယ်.........

    မမ ရန်ကုန်ပို့စ်တွေ ဖတ်ပြီးတိုင်း ကိုယ့်ကိုကိုယ့်တော့ ရန်ကုန်သူမစစ်ဘူးခံစားရပါတယ်၊ မမ သွားသမျ နေရာတွေ ဆယ်နေရာမှာ ကိုးနေရာ လုံးဝမမှတ်မိပါ၊ အင်းလေ.. ရန်ကုန်မှာ ရည်းစားထားတဲ့ အရွယ်မရောက်ခဲ့တော့ လမ်းမသားလိုက်ရဘူးပေါ့၊ စိတ်တောင်မကောင်းဘူး

    ReplyDelete
  5. နောက်ထပ်တကြိမ်တော့ ၁ မရနိုင်တော့ပါဘူး
    ဒီအချိန်မှာ နိုးနေဖို့ဆိုတာ မသေချာတော့ဘူး..

    အဲလို အသီးအရွက်တွေကို အပုံလိုက်ချရောင်းထားတာမြင်ရင် သိပ်ဝယ်ချင်တာပဲ..

    ဖာလူဒါနဲ့ ဒိန်ချဉ်ကို တခါမှ တွဲမသောက်ဖူးဘူး..

    ReplyDelete
  6. Htay ကို ဋ္ဌေး လို့ ပေါင်းသလား စဉ်းစားမိတယ် .. ဒါဆိုရင်တော့ shift + | = ဋ္ဌ ပဲ
    ရန်ကုန်သူ ရန်ကုန်ကျွမ်းတယ် ဆိုတော့ ဥက္ကလာ အသိုင်းအဝိုင်း ဘက်များ ရောက်ခဲ့သေးလား သိချင်ပြန်ရော ။

    ReplyDelete
  7. ဝန်ကြီးများရုံးက နာရီသံ။ ဌဲဌဲ။
    (တမင်သက်သက် ဌ နှင့် ရေးသွားသည်။)

    ReplyDelete
  8. လာတယ်ဗျို့  အဲ.. ချင့်

    ReplyDelete
  9. ရှိသမျှနေရာ မရောက်ဖူးတာကို မရှိတော့လောက် အောင်ပါလား ကွယ်ရို့ ... ငါ့မကြီး သွားခဲ့တာတွေ အားကျတယ် .. စားခဲ့တာတွေ အားရတယ် ... :D

    ReplyDelete
  10. မမရန်ကင်းဘက်များ မရောက်ခဲ့ဘူးလား၊ ဖာလူဒါ သောက်ချင်လိုက်တာ

    ReplyDelete
  11. မမ ရန်ကုန်ပို့စ်ကတော့ အဝေးရောက်ရန်ကုန်သူရန်ကုန်သားတွေအတွက် အလွမ်းပြေဖွယ်ကြီးပါလားနော်..ဟဲဟဲ..
    နောက်တခေါက်ဆို sponsor တောင်းလို့ရပြီ..
    ရန်ကုန်သင်္ကြန်တွင်းမှာတောင် အနှံ့ရောက်တယ်..အံ့ဖွယ်ပဲ..

    ReplyDelete
  12. ကိုယ့်ကျောင်းက ဆေးအသစ်နဲ့ မြင်ရတာ ၀မ်းသာမိပါတယ်။ ဓါတ်ပုံရိုက် ပေးတာ ကျေးဇူး ပါ။ ရေကျော်သူ ရေကျော်ဈေးကို လွမ်းတယ်။ ပုဏားမကြီးရဲ့ မလိုင်ဆန်ပြုတ်၊ ရွှေရင်အေး၊ မုန့် ဟင်းခါး၊ မုန့် ဦးဏှောက်၊ မုန့် ကျွဲသဲ၊ မုန့် ဗိုင်းတောင့်၊ မုန့် ပစ်စလက်၊ ခေါက်ဆွဲသုပ်၊

    ရေကျော်ဈေးကို ရော ရိုက်ခဲ့သေးလားဟင်။ အတော် ပြောင်းလဲနေမယ် ထင်တာဘဲ။

    ရေကျော်လမ်းထိပ်က မောင်အေး စမူဆာရော စားခဲ့လား။

    ခပ်ငယ်ငယ်က ကျောင်းက အိမ်ပြန်လာတိုင်း ဗံဒါရိပ် အေးအေးလေး အောက်က ဖြတ်ပြန်တာ အမှတ်ရ တယ်။ နောက်တော့ အပင်တွေ တခုမှ မထားရ တော့ ဘူး။

    ရန်ကုန်ကို ခြောက်သယောင်းတယ် ပြောရင် ရန်ကုန်သူ နာပါတယ်။ ညစ်ပတ်တယ် ပြောရင် စိတ်မကောင်းပါဘူး။

    စစ်ပြီးခေတ်က ဆိုရင် လမ်းထိပ်က လမ်းဗိုလ်က အမြဲစစ်တယ်။ အမှိုက်တွေ့ ရင် အမှိုက်ကျူံးသူတွေကို ချက်ချင်း ပြန်သိမ်းခိုင်းပါတယ်။ ဂျာဒူးဝါလားတွေ သိမ်းပြီး စုထားတဲ့ အမှိုက်တွေကို အမှိုက်ကားကြီးနဲ့ လာကျုံးတာပါ။ ကျုံးပြီးရင် ရေကားကြီးနဲ့ လမ်းမကို ရေဖြန်း ဆေးကြော သွားတာပါ။ လမ်းမ ဆိုတာ သန့် ရှင်းနေပါတယ်။ မြောင်းထဲ ပစည်းကျရင် ကျတဲ့ ပစည်း ရေစီးနဲ့ မျှောပါသွားတာပါ။ ရေလျံတယ် မြောင်းပိတ်တယ် ဆိုတာ မရှိပါဘူး။ စစ်ပြိးခေတ် မှာ မြန်မာ နိုင်ငံဟာ အရှေ့ တောင် အာရှမှာ အတိုးတက်ဆုံး အသန့် ရှင်းဆုံး အယဉ်ကျေးဆုံး အစသဖြင့် ထိပ်ဆုံးက နိုင်ငံပါ။ အခု လို တစတစ ဆုတ်ယုတ်လာတာကို ဖြင့် မြင်ရတိုင်း စိတ်မကောင်း ပါဘူး။ ရန်ကုန်မြို့ ကို မကောင်း မပြောကြပါနဲ့ လေ၊ နယ်က လူတွေ လည်း ရန်ကုန်ဆင်း နေကြတာ ဘဲမဟုတ်လား။

    တကမာလုံးမှာ စလုံးနဲ့  ဂျပန်က သန့် ရှင်းတော့ ရန်ကုန်ကို ညစ်ပတ်တယ် ပြောရင် လက်ခံပါတယ်။ တခြားနိုင်ငံမှာ နေတဲ့သူ တွေက ပြောရင် လက်မခံ ချင်ပါဘူး။ အနောက်နိုင်ငံ တွေမှာ အမှိုက်ပုံး ထားရင် တောင် ပုံးထဲ မပစ်ဘဲ လမ်းမပေါ် စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်နေကြတာ မြင်ရတာ စိတ်ညစ်စရာ။ အင်္ဂလန်ဆိုရင် ရန်ကုန်နဲ့  သူမသာ ကိုယ်မသာ အဆင့်ဘဲ ရှိပါတယ်။ တိုက်အို တိုက်ဆွေး တွေနဲ့ ရန်ကုန်ကမှ ခေတ်မှီတဲ့ တိုက်တွေ ရှိသေးတယ်။ အင်္ဂလန်မှာ ခေတ်မှီတဲ့ တိုက်ဆောက်ရင် အိမ်နီးချင်းတွေ မနာလို လို့  ကန့် ကွက် တာနဲ့ အိမ်ကို ဖြိုခံရပြီဘဲ။

    ဒါကြောင့် အင်္ဂလန်ဟာ ချမ်းသာတဲ့ရွာကြီး လို့ ဘဲ မြင် တာဘဲ။ စလုံးနဲ့ ဂျပန်ကတော့ သန့် ရှင်းရေးကို နိုင်အောင် လုပ်ပြီး ဥပဒေနဲ့ တင်းကြပ်ထားတော့ သန့် ရှင်းတာပေါ့။

    ဘာဘဲ ဖြစ်ဖြစ် ရန်ကုန်ပြန်ရောက်တိုင်း ကျမက တိုးရစ် ဖြစ်နေရတာပါဘဲ။ အခုတော့ ဧည့်သည်လို နေ ဧည့်သည်လို သွားဖြစ်နေပြီ။

    ငယ်ငယ်က ပုံစံ နဲ့ မတူ တော့ဘူး။ မိန်းခလေး တွေကို အမေမိဘ၊ ဆရာ တွေက မဆုံးမတာလား ပြောမနိုင် တော့တာလား မသိပါဘူး။ တခါ ရန်ကုန် ပြန်တုန်းက ၃၇လမ်း ဆူးလေ မြို့ လယ်ခေါင်မှာ မိန်းခလေး အုပ်စု ၀တ်ထားတာကို ကြည့်မိတဲ့ ကျမတောင် ရှက်မိသေး..

    တိုးတက် ပြောင်းလဲလာတဲ့ ခေတ်ဆိုတာထက် မြန်မာ ယဉ်ကျေးမှု့  ဓလေ့ ထုံးစံ ဆိုတာ လက်ခံချင် စိတ် ရော ရှိသေး ရဲ့လား တွေးမိတယ်။

    ဆရာမတွေကရော မိဘတွေကရော ဆုံးမလို့ မရနိုင် တော့တာလား... တွေးရင်း ရင်လေးပါတယ်။

    ReplyDelete
  13. ရေကျော်သူဆိုတော့ ရန်ကုန်ပြန်လို့ ကြုံရင်တွေ့ဖြစ်နေအုံးမယ်.. မပြောနိုင်ဘူး တွေ့ဖူးမြင်ဖူးသူဖြစ်ချင်ဖြစ်နေမှာ...။ ဘယ်နားမှာနေတာဘဲ..။

    ReplyDelete
  14. ပြန်မရောက်ဖြစ်တော့တဲ့ ဒီနေ့ခေတ် ရန်ကုန်မြို့တော်ကြီး အကြောင်းကို အကျယ်တဝင့် ပြန်လည်တင်ပြပေးတာ ကျေးဇူးပါ မမရေ...

    သြော်... ဒါနဲ့ ရန်ကုန်က အရင်လို မြို့တော်ပဲလား ?????

    ReplyDelete
  15. ဒိန်ချဉ်ရော ဖာလူဒါရော သောက်ပစ်လိုက်ပြီ။ အော် ငါ့နှယ် ချဉ်လိုက်..ချိုလိုက်။

    ReplyDelete
  16. ဖာလူဒါကြိုက်တယ်
    သောက်ချင်တယ်

    ReplyDelete
  17. ဦးငှေးမြင့်ကို မတွေ့တာကြာလို့ လွမ်းနေတာ။
    အခုမှ ပြန်တွေ့ရလို့ ရယ်လိုက်ရတာ ဖတ်ဖတ်မော။ မှားတာလေးက ချစ်ဖို့ကောင်းလို့ အမှန် မသင်ပေးကြပါနဲ့။ ဟီးဟီး
    ဌဲဌဲလို့ ရယ်တာကိုလဲ ရယ်လိုက်ရသေးတယ်။
    ထဲထဲ ထဲထဲ လို့ တယောက်ငှဲ ရယ်မိတယ်။ ဌီးဌီး

    မမ ဘယ်ချိန်စာထရေးတာလဲ။ လိုက်လို့ကို မမီဘူး၊ ဂယ်ပဲ ဂယ်ပဲ။

    ဓာတ်ရှင်ကြည့်ခဲ့သေးလား။ ရန်ကုန်မှာ။
    ရွှေဘုန်းပွင့်ဘုရားရော မရောက်ခဲ့ဘူးလား။
    ရန်ကုန်ကို လွန်းထှာ မမရယ်။

    နိုတောင်နိုချင်လာဘီ

    ReplyDelete
  18. မမ ရေ
    ဖါလူဒါ ခွက် လေး မ သွားပါတယ်...
    မမကိုချစ်တဲ့
    မေလေး

    ReplyDelete
  19. လူမုန်းJune 7, 2009 at 9:43 AM

    တို့လည်း တောင်လုံးပြန် “လူမုန်း” ပါကွ..
    (ဌီးလျောင်း...ဌီးလျောင်း)

    ဟင့်အင်း . နောက်တာ (လူရှိန်အောင်လို့)

    “ရန်ကုန်” မှာ ကုန်ရန် သာပြင်ထားကြ

    ReplyDelete
  20. တမင်အူတက်အောင်လုပ်နေတာလား ဦးငှေးမြင့်ရယ်.. အဲ... မမရယ်...။

    ReplyDelete
  21. picture တွေကြည့်သွားတယ်.. ခင်ဗျာ..

    ReplyDelete
  22. ဖာလူဒါလေး သောက်ချင်လိုက်တာ .. ရန်ကုန်ပုံလေးတွေ လာကြည့်သွားပါတယ်ဗျို့ ..

    ReplyDelete
  23. တောင်လုံးပြန်လူမုန်းဆိုလို့ ပါ ငယ်ငယ်က အဲဒီက ဓမာရုံမှာ သွားဘုရားရှစ်ခိုး သင်တန်းတက်ရတာ တကယ်ပျော်တယ် အခုတွေးမိမှ သင်ပေးတဲ့ အဖိုးတွေကို ကျေးဇူးတင်မဆုံးဘူး။ စာလည်းသင် မုန့် လည်း ကျွေးတယ်။ ခလေးဆိုတော့ သင်ပေးလည်း (အိယောင်ဝါးနဲ့ )

    ReplyDelete
  24. မမ ဦးငှေးမြင့်တော့ လျှာကိုက် ခလုတ်တိုက် အိပ်ငိုက်နေလောက်ပြီ။
    ပို့ပေးချင်လိုက်တာနော်။ ဒီ post လေးတွေ။

    ReplyDelete
  25. သာကေတ ဘက်ရောရောက်လားမမ...
    ၁၃ လမ်းဘက်ရောရောက်လား

    ReplyDelete
  26. မမ သာမီးက ဘိုတထောင် ၄ ပါ ဟီးဟီး ပုဇွန်တောင်ဟုတ်ဘူး :P

    ReplyDelete
  27. ရန်ကုန် ၁၉ လာဖတ်သွားပါတယ် မမရေ။



    မအယ်ဇီ

    ReplyDelete
  28. မမရေ မျိုးရဲ့ ၁ ယူတယ်ဆိုတဲ့ ကိစ္စပြောရဦးမယ် သိလား ဟိုးတခါကလေ ညီမက မနိုင်းနိုင်းဆီကို သွားတာပေါ့ အဲဒီမှာ မနိုင်းက mursi လူမျိုးတင်ထားတာ ညီက ပထမဆုံး ကွန့်မန့်ပေးလိုက်တာပေါ့နော် i m the first ဆိုပြီးတော့ အဲဒါကို g|-|0$7 said...
    စိန်ကောင်း ကျောက်ကောင်း ရောင်းဝယ်တဲ့နေရာမှာ ဆေးရိုးသည်က ကန့်လန့်ဆိုတာ
    အပေါ်က i m the first ဆိုတဲ့ user လိုဟာမျိုးကို ပြောတာထင်တယ်
    ညီမလဲ တော်တော် စိတ်မကောင်းဖြစ်သွားတယ် သိလား ကိုယ်က ဒီလိုပဲလေ အရင်ရောက်ရင် အဲလိုပဲ မန့်သွားတာကို သူက ဒီလိုပြောတော့ စိတ်ထဲမကောင်းဘူး မမရေ
    အခုက ညီမက မျိုးကို ပြောတာ မဟုတ်ပါဘူး သတိရလို့ပြောလိုက်တာပါ ညီမသိပါတယ် တခါတလေ ညီမတို့က ပထမ ရတယ် တခါတလေ မရဘူး ပထမဆုံးမန့်ရတော့ ပျော်လို့ ရေးလိုက်တာပေါ့ အဲဒါကို အဲလိုပြောခံရတယ် မမရေ အီးရွှတ် ဝမ်းနည်းတယ် (ဝမ်းမများဘူး)

    တာ့တာ

    ဒါနဲ့စကားမစပ် ဖာလူဒါသောက်ချင်တယ် ဝမ်းနည်းနေတဲ့ အနေနဲ့ တိုက်ပါလား ငင်

    ReplyDelete
  29. မှားနေတယ်
    “ ဒိန်ချဉ် ”များများ သောက်...

    စိတ်ထဲ မထားပါနဲ့
    ဒါမျိုးတွေ က Blog ရွာမှာ ဖြစ်နေကျ
    အရေထူ ဖို့ဘဲလိုတယ်.

    ReplyDelete
  30. နွေးနေခြည်June 7, 2009 at 7:51 PM

    ရေကျော် ဘိန်းမုန့့်  မစားခဲ့ဘူးလား အန်တီကွန်

    ReplyDelete
  31. ငယ်ငယ်က ဦးလေးတစ်ယောက်အိမ်က ရေကျော် သံလမ်းဘေးနားတင်။ မောင်အေးကဖီး ခဏခဏသွားကြတယ်။ စမူဆာကောင်းတယ်။

    ReplyDelete
  32. မမရေ.. ဒိန်ချဉ်ရော ဖာလူဒါရော ကြိုက်တယ်.း)

    ReplyDelete
  33. 7 Jun 09, 10:32 PM
    myo: ဒါကတော့ဒီလိုရှိပါတယ် ငှက်ကလေး ရယ် ဟိုဟာကတော့ ဟိုလိုရှိပါတယ်

    7 Jun 09, 10:33 PM
    myo: မမ ကေအိုအမ်ဆီမှာဆိုရင်တော့ ရဲရဲကြီးသာ ၁ ယူလိုက်ပါ ဖြစ်လာတဲ့ ပြသနာ အ၀၀ကို မမကတာဝန်ယူပါတယ်.. ငှဲငှဲ

    7 Jun 09, 10:33 PM
    kom: မှန်ပါတယ်။မှန်ပါတယ်။မျိုးပြောတာ။
    7 Jun 09, 10:33 PM
    kom: အမ်. ပထမ sentence ကို ထောက်ခံနေတုံးရှိသေးတယ။်

    7 Jun 09, 10:34 PM
    kom: ဒုတိယ sentece ကိုလည်းထောက်ခံပါတယ။် ရဲစခနိးကိုတော့ မျိုးက အာမခံလိုက်ပေးပါလိမ့်မယ်။

    ReplyDelete
  34. ဒိန်ချဉ်ဆို ထညှက်ရည်နဲ့ပဲကြိုက်တယ် .. ဖာလူဒါလည်းသောက်ချင်တယ်

    ReplyDelete
  35. မမရေ ၀န်ကြီးများရုံးက သရဲကားထဲက အိမ်ကြီးလိုပဲ။ အဲ့ဒီအရှေ့ဖြတ်တိုင်း မမကို သိရတယ်ဆို ယုံနော်။

    ReplyDelete
  36. ဒိန်ချဉ်သောက်ချင်တယ်...သောက်တာထက် လမ်းဘေးမှာ ထိုင်ပြီး လူရေစီးကြောင်းကြီးကို ငေးချင်တာက ပိုတယ်

    ReplyDelete
  37. ၀န်ကြီးများရုံးဘေးမှာမီးမီးနေသည်။ ၄၂လမ်းပြောတာ။

    ReplyDelete
  38. မမ kom
    ဒိန်ချင်သောက်ချင်တယ်။ ဒိန်ချင်သောက်ချင်တယ်လို့။ သကြား နဲ့ ထန်းညှက်ရည် မပါ ပလိန်းနော်။

    ReplyDelete
  39. ဒုတိယအကြိမ် အဖတ်မှာ စားစရာတွေလွမ်းသွားပြန်ပြီ။ (ကြိုက်လွန်းလို့ လေးခါဆက်တိုက် တစ်မိနစ်ခြားတစ်ခါ ဖတ်တာမဟုတ်ဘူးနော် နောက်တစ်ရက် မှာ နောက်တစ်ခေါက်လာဖတ်တာခင်ဗျ)
    ရေကျော်မီးပွိုင့်က ဘိန်းမုန့်
    မောင်အေးဒေါင့်က အသားကင်
    လမ်းဒီဘက်က အီကြာကွေးကျော်ကျွတ်ကျွတ်လေး
    ဟိုး city mart နားက အကြော်ပူပူလေးကို ဆလက်ရွက်နဲ့
    ရောသမမွှေက ထောပတ်သီး
    နမ့်မောက မြေအိုးမြီးရှည်
    နမ့်မောရှေ့က တုတ်ထိုးဆိုင်
    လမ်းကြားလေးထဲက DVD အခွေဆိုင်(စားပြီးရင် သွားဝယ်နေကျမို့)
    ထူးရေခဲမုန့် တစ်မှတ်တိုင်လောက်ပဲ
    ဟိုးအောက်ဖက်က home sweet home (မရမက ကပ်လွမ်းသွားတာပါ)
    မြောင်းမြဒေါ်ချို (မနက်ကျူရှင်လာတိုင်း အနံ့ပေးတတ်လွန်းလို့)
    ရဲစခန်းမျက်စောင်းထိုးက မာလာဟင်း
    တရားခွေတွေကော ငှားသေးလားဟင်....

    ReplyDelete
  40. အင်း စားချင်သောက်ချင်စိတ်တွေ တဖွားဖွား တဖွားဖွား ကို ပေါ်လာစေတာပါလား

    ReplyDelete
  41. မမရေ တောင်လုံးပြန်က အန်တီကြီးတယောက်က ဘော်လီချုပ် အ၇မ်းတော်တယ်... ကာဆင်ဘိုင်ကြက်သားသုတ်ကို လွမ်းတယ်... မချားခဲ့ဘူးလား...

    ReplyDelete