Tuesday, September 22, 2009

gamer


ဟိုတစ်နေ့က မအားတဲ့ကြားထဲကကို လစ်တာနဲ့ ရုပ်ရှင်ရုံကို ရောက်သွားတယ။် မကြည့် ဖြစ်တာ ကြာ နေ ပြီ.။ kmsl က မျက်စေ့ အောက် က အပျောက်မခံတာနဲ့ဘဲ။ သူ လက် လှမ်းမမှီတဲ့ အချိန်.. ရုံ့ကို ရောက်သွားတယ်။ ဖုံးတောင် silent လုပ်ထားလိုက်သေးတယ်။ အလုပ် များ နေ တဲ့ ပုံစံနဲ့။


ထုံးစံအတိုင်း ကုလားကား တရုတ်ကား မလေးကားမကြည့်ချင်တော့ အင်္ဂလိပ်ကား.. ပွဲစဉ်များတဲ့ကား... နစ်ခု မှာ ဘာကြည့်ရမလဲ ရွေးရခက် နေသေးတယ်။ မဘေးက ချာတိတ် ရှစ်ယောက်. တိုင်ပင်ပြီးလို့ ကြည့်မဲ့ ကားဆုံးဖြတ်အပြီး လက်မှတ်သွားဝယ်တာမှာ မယောင်မလည်လိုက်နား ထောင်ပြီး သူတို့ဆုံးဖြတ်တဲ့ကား ကိုဘဲ ဝယ်လိုက်တယ်။ ကိုယ် ကလဲ အဲဒီကားကြည့်ချင်ချင်နဲ့ အတော်ပါဘဲ။ ဘာဖြစ်လို့ကြည့်ချင်သလဲ မေးနေ ရသေးလား .. ကြော်ငြာ ဆိုင်းဘုတ် ကိုကြည့်လိုက်ပါ။ နားလည် သွားပါလိမ့်မယ်။

ဇာတ်ရည်ကတော့မလည်ဘူး ။ အင်္ဂလိပ်လိုက လဲသိတ်နားလည်တာမဟုတ်ဘူး ။ ဇာတ် သိမ်းခါနီး မှ ရေး တေးတေးသဘောပေါက်တယ်။ တစ်ကားလုံးတော့ချနေ.. ပစ်နေတာဘဲ။ မိန်းကလေးဆိုတော့ ပစ်တာတွေ သိတ်တော့ လဲသဘောမကျတော့... ညကလဲ အိပ်ရေးပျက်ထားသေးတယ် ။ အဲဒါနဲ့ မျက်စိမှိတ်ပြီး ခဏ အိပ်လိုက်သေးတယ်။ အဲ့ကွန်း ကလည်း အေးက အေးနဲ့ဇိမ်ဘဲ။ sweat baby sweat ဆိုတဲ့ ကိုယ်ကြိုက် တဲ့သီချင်းတောင်ကြားလိုက်မိသလိုဘဲ။ သိတ်တော့လဲမသေချာဘူး. တပိုင်းတစ်စရယ်။.. ဒီလိုနဲ့ဘဲ ကြည့်လို့ တော့လည်းအဆင်ပြေပါတယ်။ သိတ်အကြိုက်ကြီးမဟုတ်ပေမဲ့ လောလောဆယ်မှာ ရွေး လိုက် တာ မမှားဘူး လို့ ထင်ရတာဘဲ။ ကိုယ်က အရွေးမမှားတတ် ပါဘူးလေ…………..

27 comments:

  1. 1 လို့ထင်တာဘဲ

    ReplyDelete
  2. မရဘူး ဟားဟား

    ReplyDelete
  3. အမခင်ဦးမေ ... အခုထိ မအိပ်သေးတာလား ... တရေးနိုးလို့ ဘလော့မှာပို့စ်ထတင်တာလား ... ။ နောက်တော့ ညဘက်အိပ်ရေးပျက်လို့ ရုပ်ရှင်ရုံထဲ သွားအိပ်မယ်ပေါ့လေ ... ။ :)

    ReplyDelete
  4. အရေးအကြောင်းဆို ကြော်ငြာ ၀င်လာပြီ၊ :)

    ReplyDelete
  5. မမkom အရွေးမမှားတတ်ဘူး ယုံ၏

    ReplyDelete
  6. ဒီပို့ (စ) သာ kmsl ဖတ်လိုက်ရင်
    မြောက်ကားကားဖြစ်သွားမှာ မြင်ယောင်သေး
ုkom ကအရွေး မမှားတတ်ဘူးတဲ့

    ReplyDelete
  7. ကိုယ်က အရွေးမမှားတတ် ပါဘူးလေ…………..ဟုတ်မယ်..
    ကိုယ့်ကို ရွေးလိုက်သူတွေသာ မှားတာ နေမယ်..ဟိဟိ

    mm

    ReplyDelete
  8. ကိုယ်က အရွေးမမှားတတ် ပါဘူးလေ………တဲ့..
    သူလေးကလည်း တစ်ပုဒ်မှာ တစ်လုံးလောက်တော့ပါသကွဲ့။
    (JD ရဲ့ "ချေးသူလစ်" လိုပေါ့ :P )

    စင်ထုံ

    ReplyDelete
  9. ကြည့်ချင်တယ်...
    ရုံမှာတော့သွားမကြည့်တော့ဘူး
    ဒေါင်းပြီးမှ ဇိမ်နဲ့ကြည့်တော့မယ်... :)

    ReplyDelete
  10. ကြိုက်ပါဘူး အာ့မျိုးကားဒွေ

    ReplyDelete
  11. မျက်စိအောက်က အပျောက်မခံဘူး ဆိုပါလား :)

    ReplyDelete
  12. မမ အရွေးမမှားလောက်ပါဘူးး)

    ReplyDelete
  13. ဟုတ်ပါတယ် ..မမ အရွေးမမှားဘူး..အဲဒီကား ကောင်းတယ်..အဟေး။

    ReplyDelete
  14. အရွေးမှားသွားတယ် မမရယ်။
    မကောင်းလိုက်တဲ့ ဒိုင်နိုဆောကား။

    ReplyDelete
  15. ညဉ့်နက်ပိုင်းတွေကြည့်တာများတော့ လောလောဆယ် အပို့အကြိုလုပ်နေကျသူငယ်ချင်းက သူ့ကားပြန်မရသေးတော့ ရုပ်ရှင်တွေနဲ့ တစ်လလောက်ရှိပြီ အဆက်ပြတ်နေတာ.. ပြန်ကြည့်ချင်တယ်.. ဂျီးဒေါ်ကြည့်တဲ့ကား နမူနာပဲကြည့်ဖူးတယ်.. ကောင်းမယ့်ပုံ။

    Bloodhound Gang သီချင်းတွေကြိုက်တယ်လား.. ပွင့်လင်းလွန်းလို့ရော.. တခါတခါ နားငြီးလို့ သားသားတော့ကြိုက်ဘူး..

    ReplyDelete
  16. ခွိ.. kmsl သိရင်တော့ ရင်ကျိုးမယ်.. ရုပ်ရှင်ရုံမှာ ပိုက်ပိုက်ပေးပြီးသွားအိပ်လို့.. :P

    ReplyDelete
  17. လွန်ခဲ့သည့် နှစ်နှစ် က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အထိမ်းအမှတ်နှင့် ယနေ့ ကျရောက်သော ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဖြင့် ထိုင်းနိုင်ငံမဲဆောက်မြို့ တွင် စီတန်းလှည့်လည် လမ်းလျှောက်ပွဲ တစ်ရပ်ပြုလုပ်ရာ ထိုင်း နှင့် မြန်မာ လူမျိုးများပါဝင်ကြသည် ဟု သတင်းရရှိသည်။

    ထိုဆန္ဒပြပွဲကိုမြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးရရှိရန် အတွက် ထိုင်း နှင့် မြန်မာ နိုင်ငံသားများ ပူးတွဲ၍ပထမ ဦးဆုံးအကြိမ်ကျင်းပကြခြင်း ဖြစ်သည်။ချီတက် ဆန္ဒပြပွဲ ကို ယနေ့ နံနက် ကိုးနာရီမှစတင်ကာ ထိုင်း သူရဲကောင်းထိပ် ကျောက်တိုင်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်သည် ။ချီတက်လမ်းလျှောက်ပွဲ တွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ရွှေ့ပြောင်း မြန်မာ ကလေးငယ်များကျောင်းမှ ကျောင်းဆရာ တစ်ဦးဖြစ်သူ ကို အောင်လှဝင်းက “ချီတက် ပွဲ က မဲဆောက် မြို အရှေ့ဘက်ကနေ မဲဆောက်မြို အနောက် ဘက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားပေါ်ဖြတ်ပြီး မြ၀တီ ထဲ ထိ ၀င်ဖို့ ပဲ ဒါပေမယ့် ထိုင်းအာဏာ
    ပိုင်တွေ က ခွင့် မပြုလို့ တံတားနား ထိမှာ ပဲ မေတ္တာ ပို့ ဆုတောင်းခဲ့လို့ ရတယ် ”

    ReplyDelete
  18. Burmese refugees flee to China town

    "A Burmese military officer came to address a meeting in Kokang," he told us. "When he was giving his speech, fighting erupted. The Kokang army fired first."

    All of them said fear of the violence was the reason they had crossed the border.

    "We are scared," said another woman, "It's war over there. We don't know what's going on. We saw other people run away so we just followed them."

    There were three generations here - old women, their daughters and their small children. They did not know how long they would have to stay, they said. The Chinese they had encountered - the police and others - had treated them well.

    ReplyDelete
  19. လာဖတ်သွားပါတယ်

    ReplyDelete
  20. အရေးထဲကျော်ညာဝင်နေသေးတယ်.{Moethee}..ဟိဟိ...

    ReplyDelete
  21. ကိုယ်ကအရွေးမမှားတတ်ပါဘူးလေ ဆိုတော့ ဘယ်သူကပဲ အရွေးမှားသလိုလို ဘာလိုလို ညာလိုလို နဲ့...

    ရှင်းရှင်းပြောဘာ...းD

းဝ)

    ReplyDelete
  22. bottle + Umbrella မှာပဲ နည်းနည်းလေး လွဲသွားတယ်မဟုတ်လား အစ်မကွန်းရေ..အဟီး။

    yu ya

    ReplyDelete
  23. အရွေးမမှားတတ်တဲ့ မမ.. ဘယ်လိုရွေးရလဲဆိုတာ သင်ခန်းစာပို့ချပါ

    :P

    ReplyDelete
  24. မမရေ မျက်စိအောက်က အပျောက် မခံနိုင်လောက်အောင် ချစ်တာကို အနိုင်မယူပါနဲ့လေ... မမ အရွေးတော်တာ သိပါတယ် :P

    ReplyDelete
  25. Please give the some point for every post for every reader Thanks

    ReplyDelete