Tuesday, September 15, 2009

internet


ရန်ကုန်မြို့က အင်တာနက်ဆိုင်ပေါင်းများစွာကို ကိုယ်ရောက်ခဲ့တယ်။ ကျောက် မြောင်း .ရေကျော်. ပန်းဆိုးတန်း။ ဆူးလေ.။ ကန်တော်ကလေး။ ဗိုလ်တစ်ထောင်. အစရျှိ သဖြင့်.. ရပ်ကွက်တိုင်း လိုလိုမှာ လူတော်တော်များများ အသုံးပြုတာ တွေ့ရတယ်။ လူကြီးတွေရော. လူငယ်တွေရော။

အင်တာနက်ကဖီးဆိုတာ လည်းတွေ့တယ်။ ကိုယ်အင်တာနက်ဆိုင်လိုက်ရှာတာမှာ အင်တာနက်ကဖီးလို့တော်တော်များများ အထူးသဖြင့် ပန်းဆိုးတန်း နဲ့ဆူးလေ မှာတွေ့တယ် ။ ကိုယ်မ၀င်ရဲဘူး. ။ ကျန်တဲ့ဆိုင်တွေ မှာက အင်တာနက် အထိန်းအမှတ် လော့ဂိုကလေးတွေ ရှိတယ။် g talk တို့ ပင်ဂိုတို့ ဘာတို့ညာတို့ ။ အဲဒီဆိုင်မျှိုးကတော့အင်တာနက် ကဖီးလို့ဘဲရေးထားတယ။် ဝင်ပေါက်ကို မှန်အမဲတွေနဲ့လဲကာထားသေးတယ် အထဲကို မမြင်ရဘူး။ ကိုယ်က မိုးချိုသင်းနဲ့ သူငယ်ချင်းဆို တော့ကာ စိတ်ထဲထင်တာ က ဆိုင်တဲမှာ လက်ဘက်ရည်ဆိုင်လို ထိုင်ခုံတွေ ရှိမယ်။ အင်တာနက် ကွန်ပြူတာ ရှိမယ် ကာဖီမှာသောက်ရမယ်လို့ထင်တယ်။ ငါမှ ကာဖီ မသောက်ချင်ဘဲ ။ ၀င်ချင်ပါဘူး လို့ထင်မိတယ။် နဲနဲလဲ ရှိန်မိတယ်။် ကိုယ့်ကိုယ်ကို စကာင်္ပူက လာတယ်မထင်ဘဲ တောရွာက နေ မြို့ကြီးကိုရောက်လာသလိုဘဲ မ၀င်ရဲ ဖြစ်မိတယ။်

တစ်ရက်ကတော့ဘယ်လို့မှ တစ်ခြားဆိုင် ဘက်မရောက်ဘဲ. အဲဒီဆူးလေ မှာဘဲ လည်နေတာနဲ့ ဆူးလေက ရုပ်ရှင်ရုံတွေဘေး နားက အင်တာနက် ကဖီးဆိုတဲ့ ဆိုင်ကိုရောက်တယ။် အဲဒီဆိုင်က ဈေးကြီးတယ။် တစ်နာရီခြောက်ရာ ထင်တယ။် ဒါပေမဲ့တစ်နာရီသုံးရင်ဘယ်နစ်နာရီအလကားပေးမယ်တို့ဘာတို့ ညာတို့ တော့ ရေးထား ပါတယ်။ ထားပါတော့လေ။ အဲဒါနဲ့ ဆိုင်ထဲဝင်သွားတယ။် ဘာကော်ဖီမှ မတွေ့သလို ဘာ လက်ဘက်ရည်စားပွဲမှလည်းမတွေ့ဘူး။ ကိုယ်အူကြောင်ကြောင်ဖြစ်သွားတယ်။ ပုံမှန်အတိုင်းဘဲ ကွန်ပြူတာတွေ နဲ့သဲုးစွဲသူများဘဲ တွေ့တယ။် ဘာလို့များ အင်တာနက်ကဖီးလို့ခေါ်ပါလိမ့်လို့စဉ်းစားမိတယ်။

အင်တာနက် ဆိုင်တိုင်းမှာ အိမ်သာ၀၀်လို့ရပါတယ။် လာပြန်ပြီလား အိမ်သာ လို့မပြောပါနဲ့လေ။ e ပန်းနေပါတယ်လို့ကြိုပြောထားပါတယ် အင်တာနက်ဆိုင်တွေ က များသောအားဖြင့်တိုက်ခန်းတွေ ထဲမှာ ကွန်ြ့ပူတာ များစွာ နဲ့ ဆင်ထားပါတယ။် နောက်ဆုံး က ထုံးစံအတိုင်းရေချိုးခန်းအိမ်သာပါ။ ၀င်ခွင့်ပြူပါတယ။် ကိုယ့်ရဲ့ ကွန်ပြူတာ သုံးစွဲမှူ အင်အားကိုတော့ ဆိုင်တွေ ကို ကအသိအမှတ်ပြူရပါတယ။် တစ်နစ်ရီကို အကြမ်း ဖျင်း သုံးရာနဲ့ငါးရာကြား ဆိုင်နေရာပေါ်မူတည်ပြီးပေးရပါတယ။် ကိုယ့်ရဲ့အသုံးစရိတ်က အမြဲထောင်ဂဏန်းရှိပါတယ။် ဆိုင်ကတောင် အံသြယူရတယ်။ အစ်မ အတော် ထိုင်နိုင်တယ်နော်တဲ့။ ဒါတောင် အကင်းဘဲ ရှိသေးတယ် ဆိုတာ သူတို့မသိသေးကြဘူး ။ ညှင်းညှင်း ညှင်း.

ဘလော့ဖတ်တာလဲ ရလိုက်မရလိုက်ဘဲ။ အိုင်အီးနဲ့ရလိုက် ဂေါ်ဇီလာနဲ့ရလိုက်။ အမျှော်အမြင်ရှိတဲ့ကိုယ်က အစကတည်းက ကိုယ်နစ်သက်တဲ့ ဘလော့အချို့ ကို ဘလော့ ရီဒါနဲ့ထည့်ထားခဲ့တော့ အချို့ကိုတော့လှမ်းဖတ်လို့ရပါတယ် ။ ပိုစ့်တင်တာကတော့ကာ အီးမေးလ် နဲ့တင်ပါတယ်။ ဘယ်လိုလုပ်သလဲဆိုတာ ကတော့ ငှက်ကလေးရဲ့ပိုစ်ကို အခြေခံပါတယ။်

Pfingo နဲ့ ခေါ်တာ ကတော့ ညီလင်းဆက်ရေးပြီးပါပြီ.။ လိုင်းကတော့ များသောအားဖြင့် လူကြပ်တဲ့အချိန်မဟုတ်ရင်ကောင်းပါတယ။် ကြည်ကြည် လင်လင်ကြားရပါတယ။် ဖုံးလောက်မကောင်းပေမဲ့ ပိုက်ဆံသက်သာတော့ အသူံးပြုသင့်တဲ့ အနေအထားပါ။ ဆိုင်တော့ရွေးရတယ် အင်တာနက်ကောင်းတဲ့ဆိုင်. လူရှငိးတဲ့ဆိုင် ကို ရွေးရတယ။် ကိုယ့်ဘေးမှာပြောနေတဲ့သူမရှိမှ လဲဖြစ်မယ။် ရှိလို့က တော့ သူကလည်းပြော ကိုယ်ကလဲပြောနဲ့ သူက ကျယ်ကျယ် ပြောတဲ့သူ များဖြစ် ရင်ပြီး ပါလေရော။ ကိုယ့်အတွက်လည်း လှူို့ဝှက်ချက်ဆိုတာ မရှိ. ဘေးလူက ကိုယ်ပြောသမျကို ကြားရနိုင်တဲ့ အနေအထားပါ။ သူမကြားဘူးဆိုပြီး အဲသလို သဘောထားပြီး ပြောရ တော့တာပါဘဲ။ တစ်မိနစ်ကို မြန်မာငွေ ၅၀ ကျပ်ပေးရတယ။် ဆယ်မိနစ်ဆိုရင်ငါးရာ။ စလုံးကနေ ခေါ်ရင် တစ်မိနစ်တောင် ရလိုက်မှာ မဟုတ်ဘူး.။ အဲလေပိုပြန်ပြီ. ။ ဘာဘဲဖြစ်ဖြစ် တန်တယ်လို့သာ မှတ်လိုက်ပါ။

တစ်ချို့ဆိုင်တွေ က ည ဆယ်တစ်နာရီပိတ်သလို တစ်ချို့ဆိုင်တွေ ကလည်း ည နစ်နာရီလောက်အထိ ပေးပါတယ။် အိမ်ဆိုင်လိုမျိုး အဲဒီချာတိတ်က ဆိုင်မှာဘဲအိပ်တော့ မိုးချုပ်တဲ့အထိ သုံးချင်ရင်အဲသလိုဆိုင်မျိုးကို သွားရပါတယ်။ မနက်တော့ဖွင့်တာ နဲနဲ နောက်ကျကြတယ်။ အဲဒါလဲဆိုင်ပေါ်မူတည်တာဘဲ ။ မနက်ပိုင်းတော့ ကိုယ်လဲ သိတ်မသုံး တတ်လို့သိတ်မသွားဘူး။

35 comments:

  1. ညှင်း ညှင်း ညှင်း

    ReplyDelete
  2. အမတော်တော်ထိုင်နိုင်တယ်နော် ဆိုတဲ့ စကားနဲ့
    e flower နေတယ် ဆိုတာနဲ့
    ဘာဆိုင်သလဲ နားမလည်လိုက်ဘူး...

းဝ)

    ReplyDelete
  3. ကိုလူထွေး ဘလော့ဂ်ဂါကောင်စီရုံးမှာ လက်မှတ်လာထိုးပါ ဒါဗြဲ comment ၃ ခုယူမှု ဟွင်းးးကျေနပ်ဘူး

    ReplyDelete
  4. အော် comment ၃ ခုယူတာ ဦးလူထွေးမဟုတ်ပါ ငါ ဖြစ်နေပါရောလား ဟားဟားးးးးးးးးးးး

    မမကွန်ရဲ့ ငှက်ကလေးပို့စ်ဆိုလို့ ဘာများလဲ သွားဖတ်ကြည့်ရသေးတယ် ဟက် ကိုယ်ရေးထားတာ ဘာမှန်းတောင် မသိတဲ့ ဘွ ငှက်တဖြစ်လဲ ဝက်တို့များ ပြောချင်ပေါင် ပြောမဆုံးပေါင် တောင် ၃ ကောင်လေ ဟားဟားးးးးးး

    ရေးတာတွေက များ သွားလည်တဲ့ ဘလော့ဂ်တွေ ကလဲများတော့ တခါတလေ အသစ်တင်လို့ သွားဖတ်တယ် ဘယ်သူ့ဆိုဒ်မှန်းမသိလို့ အူကြောင်ကြောင်နိုင်စွာနဲ့ ပဲ ဖတ်ပြီး မန့်ပြီး ပြန်လာ တော်တော် ကြာမှ အော်... ဘယ်သူ့ဆိုဒ်ပဲ ဆိုပြီးသိရတယ် ဟီးးးး အဲဂလို ရှပ်ပြာမ ပြာတာလူးတို့ကတော့လေ ဟက် မမကွန်ရေ ရန်ကုန်မှာ ညီမကတော့ အင်တာနက်ဆိုင် သိပ်မထိုင်ဖြစ်ဘူးရယ် ခိခိ

    အိုကေ နော် comment ၃ နဲ့ပဲ ကျေနပ်လိုက်တော့မယ် ဖွားကိက တော်နေ လက်မှတ်လာထိုးခိုင်းမှာ စိုးလို့ ဟားဟားးးးးးးးးးးးးးးးးးးးးးး

    ပြန်ပြီ ဒုန်းးးးးးးဒုန်းးးးးးးးးးးးးး ထော်နဲ့တော့ ဘိုင်တာ့တာ

    ReplyDelete
  5. ဂမန်းဂတမ်းလာရတယ်

    ReplyDelete
  6. အင်တာနက်ဆိုင်တွေ မှိုလိုပေါပေမဲ့...

    အမရာ.. အရမ်းဝမ်းနဲမိတယ်...။ နေနိုင်တဲ့ နေစိမ့်တဲ့
    မိသားစုတွေကို အံ့လဲပိုအံ့သြသွားတယ်..

    ဘာပဲဖြစ်ဖြစ်ပါလေ.. ခုတော့လဲ တကောင်ကြွက်ဘဝမှာ
    နေသားကျဖို့ ကြိုးစားနေတတ်ပါပီ..
    မြန်မာပြည်မှာ အင်တာနက်ပေါတာ ကိုယ်နဲ့ မဆိုင်တော့တဲ့ အရာတခုလို ဖြစ်သွားပါပီ..

    ReplyDelete
  7. ဘယ်ဆိုင်အကောင်းဆုံးလည်း ညွှန်းပေးပါခင်ဗျာ

    ReplyDelete
  8. မမရေ....မှတ်ထားတယ်...။ ဒီလကုန် ပြန်မှာ ... အင်တာနက် ဆိုင်ကို အားကိုးရဦးမယ်..။း))

    ReplyDelete
  9. ကြည့်ရတာ အမ KOM ရွာပြန်ပြီး အင်တာနက်ဆိုင် ဖွင့်လာပြီ ထင်တယ်....း)

    ReplyDelete
  10. အင်တာနက်ဆိုင်အကြောင်းလာဖတ်ပါတယ်....

    စလုံးမှာထက်ဈေးသက်သာပါတယ်အစ်မရဲ့

    ဒီမှာဆို တနာရီ ၂ ကျပ် ဆိုတော့ ၁၅၀၀နီးပါးလေ

    ပျော်ရွှင်ပါစေ

    မင်းအိမ်ဖြူ

    ReplyDelete
  11. ကျနော်ကတော့ ပြန်ရင် သိပ်မသုံးဖြစ်ဘူး..
    မေမြို့မှာတော့..
    မီးလာရင်...၁နာရီ ၈၀၀..

    မီးမလာရင်..၁နာရီ ၁၅၀၀လား..၁၂၀၀လား မမှတ်မိဘူး..

    Xထုံ

    ReplyDelete
  12. internet cafe ဆိုင်တွေကတော့ အများကြီးပါ။ အဓိကက ကွန်နက်ရှင်ကောင်းဖို့ပဲအရေးကြီးတာ။ အိမ်က မာမီတို့နဲ့စကားပြောရင် ကွန်မကောင်းလို့ စကားတောင်သိပ်မပြောဖြစ်ပါဘူး :(

    ReplyDelete
  13. internet cafe လို့ရေးတာ အင်တာနက်ဆိုင်တွေရဲ့ဓလေ့များလား... ကော်ဖီရရမရရ အင်တာနက်ဆိုင်ဆိုရင် အင်တာနက်ကဖေးဘဲခေါ်ကြတယ်ထင်တယ်.. ရီစရာတော့ကောင်းသား

    ReplyDelete
  14. တို့တောင်ကြီးမှာလည်း internet cafe ဆိုင်တွေ အများကြီးပါ။ ညှင်း ညှင်း ညှင်း။

    ReplyDelete
  15. ရွာကလူတွေက ဖြေးဖြေးမို့
    အင်တာနက်ကလည်း
    ရိုးရာမပျက်နှေးနှေးပေါ့

    ReplyDelete
  16. 2005 လောက်က ဒဂုံစင်တာက အင်တာနက်ကဖေးကို မဝင်ရဲလို့ ရှေ့က ပတ်ကြည့်နေတာ အကြာကြီး...
    နောက်မှ ဟယ်.... ဖစ်ချင်ရာဖစ် ဆိုင်္ပြီးအရဲကိုး ဝင်ချသွားတာ တော်သေးတယ် ကော်ဖီသောက်စရာမလိုလို့..။
    ဒါပေမယ့် တစ်နာရီ 1500 တောင်ယူတယ်.. နာရီဝက်ကို 700 တဲ့.. ကော်နက်ရှင်လည်း သူများထက်ညံ့ပြီး....။

    ReplyDelete
  17. ဒို့ ရွာ ကအိမ်သာနက်မှာ..
    ကိုးနတ်ရှင် ..မကောင်းချက်ကတော့ ..
    ကျားလား.. ကျားလား ..နဲ့  ဟစ်လိုက်ရတာ..
    ဖင်ကကို..လိပ်..ထွက်ရော..

    ReplyDelete
  18. မှတ်သားသွားတယ် အစ်မရေ... ပြန်ရင် ကြိုတင်ပြင်ဆင်စရာရှိတာ ပြင်လို့ရတာပေါ့... နော့ .. ကျေးဇူး :P

    ReplyDelete
  19. idea ကိုသွားကြည့်ပါ...
    ကျနော့်cousinတစ်ယောက်ရဲ့ဆိုင်ပါ။
    ကွန်ကွန်လည်းကောင်းပါတယ်။
    ဟဲ...ကြော်ငြာဝင်တာ :P

    ReplyDelete
  20. idea ဆိုင်က လိပ်စာ ပေးဦးလေ..

    ReplyDelete
  21. ပုံက ဘယ်ဆိုင်မှာရိုက်ထားတဲ့ပုံလဲဗျ.. လှည်းတန်းက ဆိုင်တစ်ဆိုင်ကိုရော မရောက်ခဲ့ဘူးလား.. ပန်းချီကားတွေချိတ်ထားတဲ့ဆိုင်လေ..

    ReplyDelete
  22. မမရေ ...... ကော်နက်ရှင်ရော ကောင်းရဲ့လား။ :)

    ရုံးကနေ ရက်ကန်ရက်ကန်နဲ့ ခိုးလာပါတယ်။
    တာ့တာ

    ReplyDelete
  23. လှည်းတန်း..ဦးထွန်းလင်းခြံလမ်းအတွင်းပိုင်းကဆိုင်က
    တော့စားစရာလည်းရတယ် Service လည်းကောင်း
    တယ်..၂၀၀၈ တုံးကနော်..ခုတော့မသိ...

    ReplyDelete
  24. အဲဒီ ဆိုင်တွေမှာ wi-fi သုံးလို့ရယင် ကောင်းမှာပဲ။ ကိုယ့် laptop ယူသွားပြီးသုံးလို့ရတာပေါ့။

    ReplyDelete
  25. မမရေ
    မြန်မာနိုင်ငံရဲ့ ကွန်နက်ရှင် အခြေအနေလေးရောဟင် .. ဒွန့်ဒွန့်ဒွန့် ပဲလား :D
    ဘာပဲဖြစ်ဖြစ် မရှိတာထက်စာရင် တော်သေးတာပေါ့နော် .. :D

    ReplyDelete
  26. အင်တာနက် .. အင်တာနက်..အင်တာနက်..

    ReplyDelete
  27. ရုံးမှာ ဖတ်မိသေးတယ်။
    အိမ်သာ နေရာရောက်တော့ မနေနိုင်တော့ဘူး။ တယောက်တည်း ထရီမိရော။ တော်သေး ဘေးက စီနီယာ အလုပ်ရှုပ်နေလို့။

    မမ ဆိုးတယ်ဗျာ...

    ReplyDelete
  28. အင်... အမပြောတဲ့ဆိုင်ကိုတော့ တစ်ခါမှ မထိုင်ဖူးဘူး

    ကျွန်တော်တို့ မြို့က အင်တာနက် ကဖေးကိုသွားလိုက်အုံးမယ်.. မနက်စောစောပေါ့.. နံပြားပါ ဝယ်သွားလိုက်မယ်..ငှဲ.. ငှဲ.. ငှဲ

    ReplyDelete
  29. မမရေ ရန်ကုန်ရောက်တုန်း သူငယ်ချင်းအစ်ကိုဆိုင်မှာထိုင်ပါတယ် ဘလော့ဖွင့်တာတင် တော်တော်ကြာနေလို့ နောက်ထပ်ဘယ်တော့မှကို မထိုင်ဖြစ်တော့တာပဲ။ ပြန်ရောက်တုန်း အစ်ကိုတယောက်ကခေါ်လို့ မိုက်နဲ့စကားပြောမယ်ဆိုပြီးလုပ်လိုက်တာ ကွန်နက်ရှင်က တက်ကိုမလာတော့တာ။ သူပြောသွားတာမှတ်သားလောက်တယ်။ မင်း အခုရောက်နေတာက မြန်မာပြည်လေတဲ့။ ထိုင်ဝမ်မဟုတ်ဘူးတဲ့။

    ReplyDelete
  30. မြန်မာပြည် ပြန်ရောက်တဲ့ အချိန် အင်တာနက် ကို သတိမရပါ။ မေ့ထားပါတယ်။ :D

    ReplyDelete
  31. မမ ကတော့ ဆော်ပဟေ့။
    ကဖီးဆိုရင် ကော်ဖီဆိုင်မဟုတ်ဘဲ ဆီ ရောင်းတဲ့ဆိုင်လို့ ထင်ရမှာလားဗျ။

    ReplyDelete
  32. အင်တာနက်ကဖေးတဲ့ လား။
    မှတ်သားလိုက်ပါတယ်။
    အရမ်းညစ်နေတယ် အိမ်ပြန်ပြီး အင်တာနက်ဆိုင်ဝင်ရမဲ့အရေးကိုလေ။
    အွန်လိုင်းမော်တော်ပီကယ်ဒုက္ခအတွက် ညစ်နေတယ်။ ဟူးးး

    ReplyDelete
  33. အိမ်နဲ့ ပြောရင် တခါမှ ကောင်းကောင်း မပြောရပါဘူး မမရယ်၊ ကြားတချက် မကြားတချက်ပဲ၊

    ReplyDelete