Wednesday, September 9, 2009

ride on train

ပဲခူး
ပြီးခဲ့တဲ့တစ်ခေါက်ကတည်းက Mandalay ကိုသွားချင်နေတာ.. ..ဘာလို့ သွားချင်တာလဲဆိုတော့ အထွေအထူးတော့မရှိပါဘူး။ ရထားစီးချင်တာ အဓိကပါဘဲ။ စလုံးရထားကတော့ စီးရပါတယ။် မလေးရှားသွားရင်လဲ စလုံးကနေ ရထားစီး သွားလို့ရတယ။် မလေးရှားထဲက ရထားလဲစီးဘူးပါတယ်။ ခံစားချက်ခြင်းက တစ်မျိုးစီ.. ပတ်ဝန်းကျင်ရှုခင်းက တစ်မျိုးစီပါ။

စိတ်မလျှော့သေးတဲ့ကိုယ် ..ရထားစီးချင်လို့ အတော်စုံစမ်းလိုက်သေးတယ။် ရန်ကုန် ဘူတာကြီးကို ရောက်သွားတယ။် မနက် ၁၁ နာရီလောက်.. အမှန်က တော့ ရထားချိန်သွားစုံစမ်းတာ ..အကြမ်းဖြင်း မိုးလင်းထွက်တဲ့ ရထားရယ်. နေ့လည်ထွက်တဲ့ရထားရယ် ရှိတယ။် မနက် စောစာထွက် ဟိုဘက်ကို ညဘက်ရောက်။ တော်တော်လေးတော့စီးရမယ်။ ကိုယ့်အနေနဲ့လည်း ဘာမှ လုပ်စရာမရှိဘဲနဲ့ အဲသလောက်ခါးညောင်းမယ် ဆိုတော့လဲ အင်တင်တင်ဖြစ်သွားတယ်။

အဲဒီမှာ အကြံရသွားတယ်။ ရထားစီးချင်တာများ ပဲခူးလောက်စီး.. မဆိုးဘူး. ခြေနိုင်လက်နိုင်ရှိတယ် ဆြိုီပီး မေးခွန်းထုတ်ကြည့်တယ်။ ကံအားလျော်စွာ မနက် ၁၁း၃၀ နာရီထွက်မဲ့ရထားက နေပြည်တော်ကိုသွားမယ်။။ အိုကေဘ..ဲ ပဲခူးကို လိုက်သွားမယ်။ အဲဒီကနေ ပြန်လာမယ်ဆိုပြီးလက်မှတ်သွားဝယ်တယ်။ ရထားထွက်ခါနီးမှာ ကျန်တဲ့ လက်မှတ်အချို့ကို ရောင်းပေးမယ်လို့စာရေးထားတာ သွားစုံစမ်းတော့ ရိုးရိုးတန်းလက်မှတ် ကုန်ပြီတဲ့ ။အဲဒါနဲ့ အထက်တန်းလက်မှတ်ပေါက်မှာ သွားဝယ်တော့ အဲ. ပဲခူးသို့ အထက်တန်းလက်မှတ်လဲ ကုန်ပြီတဲ့။ စိတ်ညစ်သွားတဲ့ကိုယ့်ကို တစ်စုံတစ်ယောက်က အကြံပြုတယ်။ နေပြည်တော်ကိုဝယ်လိုက်ပါလား. လမ်းမှာဆင်းလေတဲ့. ။ အင်း.. ဒါမဆိုးဘူး ဆိုပြီး ဆုံးဖြတ်လိုက်တယ။် ပဲခူးကို အထက်တန်းလက်မှတ်က ၅၀၀ ကျပ်။ နေပြည်တော် ကို ၂၀၀၀ ကျပ။် အဲဒါနဲ့ ၂၀၀၀ ကျပ် ပေးပြီး ပဲခူးသွားမဲ့ အထက်တန်းတွဲ့ကို ရှာလိုက်တယ်။ မတက်ခင် ရေဘူးနဲ့ ဘီစကစ်တစ်ထုတ်ပြေးဝယ်လိုက်သေးတယ်။။ သိတ်တော့ လမ်းဘေးစာမစားရဲတော့ဘူး. .၀မ်းလျောတာက ခဏခဏဘဲ။

အထက်တန်းတွဲလား..ကောင်းပါတယ်။ ဆိုဖာနဲ့ ပန်ကာနဲ့ ထိုင်ခုံမှာ ခေါင်းမှီစွပ် ကလေးတွေတောင် စွပ်ထားသေးတယ။် ကြမ်းပြင်လည်းသန့်တယ်။ လူတွေလည်း လူရည်သန့်တွေ ဖြစ်ကြပါတယ။် အေးအေးချမ်းချမ်းပါဘဲ။ မိသားစုပါမယ်။ လင်မယားစုံတွဲ ပါမယ။် အလုပ်ကိစ္စနဲ့ သွားမဲ့သူအချို့ပါမယ။် အထက်တန်း လဲပြည့်သင့် သလောက်လူပြည့်ပါတယ။် ရာသီဥတုကလေးက လည်း ကိုယ့်ဘက်ပါနေတယ။် နေလည်းသိတ်မပူ. မိုးလည်းသိတ်မရွာ။ လမ်းခရီးလဲ သာယာာတယ်။ မြက်ခင်းပြင်. လယ်ကွင်း.စပါးခင်း.. မြေပြန့်ကို အားရပါးရကြည့်ရတယ။် တိမ်တွေ ကိုလည်း ကြည့်ရတယ်။ လူတွေ ကိုလည်း အကဲခတ်လို့ရတယ်။ ဦးဖိုးကျားသာ ရှိရင် စာတစ်ပုဒ်ဖြစ်ဦးမှာ။ အဲသလိုဆိုတော့လည်ကျန်တဲ့သူတွေ ကစာမရေးတတ်ဘူးလို့ ပြောသလိုဖြစ်နေဦးမယ် ။ ကိုယ်သတိရသွားတာကကိုပြောတာပါ။

စီးလို့လဲကောင်းတယ်။ လေကလေးတဖြူးဖြူး ။ ဟိုငေး.ဒီငေး..။ အိပ်ချင်လာရင် မျက်စေ့ကလေးပိတ်ထားပြီး အိပ်လိုက်..။ နိုးလာရင် ဟိုကြည့် ဒီကြည့် လုပ်လိုက်.. ဟိုစားဒီစား.. တော့သိတ်မလုပ်ရဲတော့ဘူး။ ပိုက်ဆံအိတ်ထဲမှာ ဆေးထုတ်က အဆင်သင့် ပါနေရတယ။် ပါရာစီတမောရယ် .ဘာမီတွန်ရယ်။ ဟတ်ချိုးပျောက်တဲ့ဆေးရယ်။ ဘိုင်အိုဂျဲဆစ်ရယ်။ ၀မ်းပိတ်ဆေးရယ။် က အဆင်သင့်ရှိနေရတယ။် လိုအပ်တဲ့ဆေးကို လိုအပ်သလို သောက်ရတာပေါ့။

ပဲခူးကိုရောက်သွားတယ။် အသွားနစ်နာရီကြာပါတယ။် စိတ်ထဲတော့ သိတ်ကြာတယ် မထင်မိဘူး. ဆင်းတောင်မဆင်းချင်ဘူး. နေပြည်တော်ထိ လိုက်သွားဘို့ စိတ်ကူးသေးတယ်။ အလုပ်လား. ။ မရှိပါဘူး.။ လူရှိန်တာပေါ့။ လက်မှတ်က လည်းအဆင်သင့်ဘဲဥစ္စာ..

ပဲခူးက အထွက် မှာလက်မှတ်စစ်ပါတယ။် နေပြည်တော်အထိ ၀ယ်လာပြီး ပဲခူးမှာဆင်းလို့ အံ့သြနေတယ်။ ဘာများဖြစ်လို့လဲတဲ့။ဘာမှ မဖြစ်ပါဘူးဘဲပြောရတာပေါ့။ ပဲခူးဘူတာမှာယောင်လည်ယောင်လည်နဲ့ဘာလုပ်ရမှန်းမသိဘူး. ။ ဘယ်သူပါလဲဟုတ်လား. ဘယ်သူမှ မပါပါဘူး..။ အသက်ကကြီးပြီလေ။ ခမသထ၀ တို့ လွင်မိုးတို့ကလည်း ရှောင်ဖယ်ရှောင်ဖယ်နဲ့ … ကိုယ့်ဘာသာ ဘဲ ဒိုးရတော့တယ။် အင်. .. တရားရှိပါတယ် ။ ဘယ်လိုမှ မနေပါဘူး…။

အစကတည်းက ရထားစီးဘို့ဘဲလာတာဆိုတော့က အိုင်ဒီယာ မရလိုက်ဘူး. ။ အိုင်ဒီယာတွေ လည်း ဘားလမ်းထိပ်မှာ မ၀ယ်ခဲ့မိဘူးလေ။ ဘယ်ဘုရားသွားမယ်။ ညာဘုရားသွားမယ် ဆိုတဲ့ ပဲခူးက ဘုရားနာမည်တွေ လည်းမေ့နေပြီ။ ဘုရားသွားဘို့လဲ သတိမရလိုက်ဘူး. ဘယ်လိုပြန်ရမလဲဘဲ စဉ်းစားနေမိတာ.. အပြန်ရထားက အခုလို ညနေပိုင်းမှာ ပေါပါတယ်ဆိုမှ စိတ်အေးရတော့တယ်။ မြန်မာတပြည်လုံးက ရထားတွေ က အခုလို ညနေပိုင်းမှာ အားလုံးက့ ပဲခူးကို ဖြတ်ပြီးမှရန်ကန်ုရောက်တာ ဆိုတော့ ပူစရာမလိုဘူး. နာရီဝက် တစ်နာရီ ကို ရထားတစ်စီးရှိတယ်လို့ဆိုပါတယ။်

အမြန်ကားစီးပြီးရန်ုကန်ုပြန်ချင်လည်းဖြစ်တယ် ဆိုတယ်။ ပဲခူးဘူတာနားလေးတင် ကားဂိတ်ရှိတယ်တဲ့။ ခက်တာ ကအဲဒီကားဂိတ်က မြို့ထဲ ရန်ကုန်ကို မရောက်ဘဲ အဝေးပြေူးကားဂိတ်ဘဲရောက်မှာ။ အဲဒီအဝေးပြေးကနေ မြို့ထဲကို သွားဘို့ကခက်ဦးမယ်။ ရထားစောင့်စီးတာဘဲကောင်းပါတယ။် ရထား ကဘူတာကြီးကိုတန်းရောက် တယ်။ အဆင်ပိုပြေတယ်။

ရထားလက်မှတ်ကို ရထားမလာခင်ကလေးမှ ကပ်ရောင်းပါတယ်။ တန်းစီပြီး စနစ်တကျ ဝယ်ကြတယ်။ ထိုင်ခုံ ကုန်နေပြီ။ ထိုင်ခုံမဲ့ဘဲရောင်းပါတယ်။ လက်မှတ်တစ်စောင် ၂၀၀ ကျပ်ပါ။ စိတ်ညစ်သွားပြန်တဲ့ကိုယ့်ကို ဘေးက လူက အားပေးပါတယ်. စိတ်မပျက်ပါနဲ့ ငါ တို့ အထက်တန်းတွဲတက်စီးမယ်တဲ့ ။ ဟုတ်တယ။် ကိုယ်တို့ အထက်တန်းတွဲ ပေါ်တက်လိုက်ကြတယ်။ ခုံအချို့လွတ်နေတယ်။ ဘာကြောင့် ညာကြောင့် လာမမေးပါနဲ့ကိုယ်လဲမသိဘူး. ။ သူက ထိုင်လို့ရတယ်ဆိုတော့ကိုယ်လဲ ရူးချင် ယောင်ဆောင် .. (တကယ်လဲရူးနေပါတယ်လေ..) ။ ပြီး အဲဒိကနေ ပြန်လာတော့တွက်ခြေကိုက်သွားတယ။် အသွား ၂၀၀၀ ကျပ်.။ အပြန် ၂၀၀ ကျပ် ဆိုတော့ဘဲစားဘဲချေ မဆိုးဘူး .. ကိုက်တယ်လို့ပြောလို့ရတယ။်

ရန်ကုန်ပြန်ဝင်လာတယ် ။ အသွားနစ်နာရီ.အပြန်နစ်နာရီ. ။ လူလဲ နုံးချိချိဖြစ်သွားတယ်။ ဒါပေမဲ့ပျော်ပါတယ်။ စိတ်ချမ်းသာတယ။် something new တစ်ခုလုပ်လိုက်ရတယ်။ အားရင်လုပ်ကြည့်ပါ. . မဆိုးပါဘူး။


























56 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ဘယ်လိုသွားသွား သွားဖြစ်ဖို့အဓိကပဲ..
    သာယာလိုက်တာ..
    တိမ်တွေ ကြည့်လိုက်ရတာ..အပျော်ဆုံးး

    သွားလိုက်တော့လဲ သွားဖြစ်သွားတာဘဲမို့လားး
    အားကျတယ်..
    အမှန်က မန်းလေးထိသွားပြီး မေမြို့တက်သင့်တာ..


    Xထုံ

    ReplyDelete
  3. သစ်ပင်လေး အလယ်မှာ ပါနေတဲ့ပုံ လှလိုက်တာ

    ReplyDelete
  4. ဓါတ်ပုံလေးတွေ လာကြည့်သွားပါတယ် .. ဘိန်းမုန့်စားချင်လိုက်တာ .. :PP

    ReplyDelete
  5. အဲဒီလို စိတ်ဓါတ်မျိုးနဲ့ အရေးအသားကိုကြိုက်တာ။
    ဘာလို့လည်း လာမမေးနဲ့။ ကိုယ်လည်းမသိဘူးးP

    ReplyDelete
  6. You also like to take pictures..
    Keep it up..

    ReplyDelete
  7. မြန်မာပြည်မှာ ရထားတခါမှ မစီးဖူးဘူး..
    ကိုယ့်ကိုကိုယ် သနားလိုက်တာ.. :(

    မမ ပစဝ ပြောင်းသွားပြီ

    ReplyDelete
  8. မမရေ..အံ့ပါရဲ့...
    ပစ၀ ကို ပို့ထဲ ထည့်ပြရတယ်လို့..
    ပစ၀ အဟောင်းရော အသစ်ပါ..တွေ့နေရတယ်..
    ဟီးးဟီးး

    Xထုံ

    ReplyDelete
  9. မမခင်ဦးမေရဲ့ ဘလော့ကို နှစ်သက်တာ..
    ဒီလို အရေးလေးတွေကြောင့်..
    ပြီးတော့.. ကြံတိဖန်တန် လုပ်တတ်တာလေးတွေက စိတ်ဝင်စားစရာ..း)

    ဒီခရီးစဉ်လေးကလည်း ပြုံးစရာ..

    အမြဲ မမန့်ဖြစ်ပေမယ့် အသစ်တက်တိုင်း လာလာချောင်းတယ်..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

    ReplyDelete
  10. စိတ်သွားတိုင်း ကိုယ်ပါတာလည်း ကုသိုလ်တမျိုးပဲ။ သွားနိုင်တုန်းမှာ သွားသာသွား မမ :)

    ReplyDelete
  11. အံမယ်...။ ဒီတစ်ခေါက်က ကင်မလာနဲ့ပါလား။ ပုံတွေကို ကြည်လို့...။

    ReplyDelete
  12. ဝေါင်း...လေးစားတယ်ဗျာ...
    ပဲခူးကို တစ်ယောက်တည်းရထားစီးပြီးလိမ့်
    သွားတာ...
    ကျနော်ဒီတစ်ခေါက်ပြန်တုန်းကလည်း
    ပဲခူးကိုရောက်ဖြစ်သေးတယ်...
    ရွှေသာလျောင်း၊ ရွှေမုဓေါ၊ ကိုးသိန်းကိုးသန်း
    ဘုရားတို့တော့ရောက်ခဲ့တယ်
    မနက် ၇ နာရီအိမ်ကထွက်တာ နေ့လည်
    ၁ နာရီ
    ပဲရှိသေးတယ်ပြန်ရောက်တာ...
    ဆရာမကြီးဆိုင်မှာ ထမင်းဝင်ဆွဲခဲ့သေးတယ်...
    တီကွန် တင်လိုက်မှပဲ ပြန်ပြီးသတိရသွား
    တော့တယ်...

    ReplyDelete
  13. ပုံတွေ ဘွားလိုပဲ ရန်ကုန်ပြန်ပြီး ရိုက်ချင်လိုက်တာ
    အားကျတယ် ဘွား

    ReplyDelete
  14. မိုက်တယ်။ :)

    ReplyDelete
  15. လူမုန်းSeptember 9, 2009 at 11:55 PM


    “Steve” အတွက် ဘူတာလေး တစ်ကူး တစ်က ရိုက်လာတာ ထင်တယ်။

    “ပဂိုး” က “မနီ ငါးဖယ်ချဉ်” ဝယ်မလာဘူးလား..အဖွား

    ရှူခင်းလေးတွေ လှတယ်ဗျာ.(ဘဲ ခြံလေး အပါ)

    ReplyDelete
  16. ဓာတ်ပုံကိုအခုမှသေချာကြည့်မိလို့...
    ရွာသာကြီးဘူတာကိုရောက်ဘူးတယ်...
    အရူးဆေးရုံသွားတာတော့ဟုတ်ဝူးဗျ...ဟီး...
    သူငယ်ချင်းတွေနဲ့ အီကိုကျောင်းကိုသွားလည်တာ
    အဲဒီတုန်းကတော့ ပထမဆုံးရထားစီးဖူးချင်းပဲ...
    အသွားရောအပြန်ရော မြို့ပတ်ရထားနဲ့ပဲလေ...
    အသွားတုန်းကတော့ ဘူတာကြီးကစီးတာ
    အပြန်တော့ အလုံထိကိုလိုက်သွားသေးတယ်..

    ReplyDelete
  17. ရထားတော့မစီးဖူးသေးဘူးဗျ
    မမ ကိုယ်တိုင် တစ်ယောက်တည်းသွားတာဆိုတော့
    မပျင်းဘူးလားဗျ
    အနည်းဆုံးအဖော်တစ်ယောက်လောက်ပါရင် ကောင်းမှာနော်
    တစ်ယောက်လည်းအေးပါတယ် နားအေးပါးအေးတာပေါ့
    သွားရဲတဲ့သတ္တိကိုလည်းချီးကျူးပါတယ် မမ
    မမ ပြောသလိုပါပဲ တရားရှိတယ်
    တစ်ယောက်တည်းပဲလေ လာလည်းတစ်ယောက် ပြန်လည်းတစ်ယောက်ပဲ

    ReplyDelete
  18. ဗမာပြည်မှာရထားသွားစီးသတဲ့
    အံ့ ရောKOM ရယ်
    ကျွန်တော်ဗမာပြည်မှာတုန်းကတညလုံးခြေတစ်ချောင်း
    ထည်းထောက်ပြီးမတ်တပ်ရပ်ရထားစီးခဲ့ ရဘူးတာပဲ။
    နံနံစော်စော်အိမ်သာထဲမှာဟင်းသီးဟင်းရွက်တွေနဲ့ 
    ညပ်ပိတ်ပြီးလဲစီးခဲ့ရတာပဲ။
    ဒါပေမဲ့ အခု US မှာ နှစ်ထပ်ရထားကြီးတွေဇိမ်ခံစီး
    ရတိုင်း ဗမာပြည် မှာ ခွေးတိုးဝက်ဝင် ရထားစီးခဲ့ ရတာ
    ကို လွမ်းတယ်ဗျာ
    လွမ်းရင် ပြန်စီးဆိုတော့ လဲ ငယ်ငယ်တုန်းကလို
    ဒူပေဒါပေ မခံနိုင်တော့ ဘူး။
    အခု မိုင် ၃၀၀ လောက် တရက်ထဲ ကားမောင်းလိုက်
    ရရင်ပက်လက်လန်နေပြီ။ ငယ်ငယ်တုန်းကတော့
    ဒါလေးများ ပျင်းတောင်ပျင်းသေး။

    ReplyDelete
  19. ဟုတ်ပါတယ်
    လူရှိန်ပါတယ်
    ရှိန်ကိုရှိန်ပါတယ်

    ReplyDelete
  20. တခါထဲ return ticket ဝယ်လိုက်ရင်ပြီးရော

    လူအများစီးတဲ့ရထားစီးတော့ တီဘီရောဂါ ကူးမှာမကြောက်ဘူးလား။

    ရန်ကုန် ပဲခူး မိုင် ၅၀ကို နှစ်နာရီကြာအောင်မောင်းတာတော့ တော်တော်ဆန်းကြယ်တာပဲ။ ရွာတွေမှာရပ်ပုံရတယ်

    ရှုခင်းဓာတ်ပုံတွေအတွက်ကျေးဇူးပါ။

    အကြော်ဘမ်းပေါ်မှာ ပိုက်ဆံတင်ထားတာတော့သိတ်မနှစ်မြို့ဘူး။

    ReplyDelete
  21. ရွှေဟင်္သာရုပ်ရှင်ရုံ...
    သွားမပေါက်ခင်ကတည်းက ကြည့်ခဲ့ရတဲ့ရုံကြီး။
    ပဲခူးသားကို ပြန်ချင်အောင် လုပ်ရက်ပ။

    ReplyDelete
  22. မကွန်ရေ..ညီမတော့ ဗမာပြည်ပြန်လည်မလို့
    စိတ်ကူးတာ မလည်တော့ဘဲနဲ့ မမကွန်သွားလိုက်လာလိုက်နဲ့ ရေးထားတာတွေဘဲဖတ်ပြီး အလွမ်းပြေတော့မလားလို့ ..ဒီတခါရေးတဲ့ ပို့စ်က
    ဖတ်လို့ ပိုကောင်းတယ်...ကျေးဇူးပါ မမ ကွန်..

    ပဲခူးကို သူငယ်ချင်းတွေနဲ့ အိမ်က မသိအောင်
    ဒုတိယနှစ်တက်တုန်းက ရွှေသာလျောင်းဘုရား
    သွားဖူးတာ သတိရသွားတယ်..တသက်မှာ အဲဒီတခါရယ် ရုပ်ရှင်ခိုးပြီးတခါကြည့်ဖူးတာရယ်
    ရှိခဲ့ဖူးတယ် ...အခုတော့လည်း အမှတ်တရပေါ့..လွမ်းတယ်...ဘယ်လိုလွမ်းမှန်းမသိဘူး...

    ReplyDelete
  23. ၁ မရပေမယ့် ဓာတ်ပုံလေးတွေ ကြည့်သွားကြောင်းပါ မမကွန်ရေ နော် ဘိုင်တာ့တာ

    ReplyDelete
  24. သြော် မ kom က ရန်ကုန်လာ ကဲနေပြန်ပြီကိုး၊ :)

    ReplyDelete
  25. အခုမှသေချာကြည့်မိတယ်။ ထမင်းဝိုင်းက ဂျီးတက်ပြီး ပဲ့နေတဲ့ ခွက်က ဘာလုပ်ထားတာလဲ။ မမကွန်တို့အိမ်နောက်ဖေးအလုပ်သမားတန်းလျားက သူတွေ စားတာကို ရိုက်ထားတာဖြစ်ရမယ်။ ငပိရေလဲပါတယ်ဆိုတော့

    ReplyDelete
  26. မကြီးဂွိစ် ရထားထာစီးသွားပီ ။ အိပ်ပီ

    ReplyDelete
  27. လွမ်းလိုက်တာ..ဘာကိုလွမ်းမှန်းမသိဘူး။
    mm

    ReplyDelete
  28. မီးရထားဘူတာ သန့်ပြန့်နေတာဘဲနော်..
    မထင်ရဘူးး..း) မမkom တစ်ယောက်တည်း လျှောက်သွားနေတာလား... :O

    ReplyDelete
  29. ပဲခူး ရွှေမောဓောဘုရားလေးဝင်ဖူးပီး
    ချိုပြုံး ဒါမှမဟုတ် ဆရာမလေး ဆိုင်မှာ ထမင်းဝင်စားတာ ဟုတ်ဘူး

    မေးပါလား မီးမီးကို ပြောပြမှာပေါ့လို့...


    မြတ်နိုး

    ReplyDelete
  30. minthant2009.blogspot.comSeptember 10, 2009 at 8:31 AM

    ရထားစီးရတာ ပင်ပန်းပေမယ့်ကားထက်ကြိုက်တယ်..
    ခု ရထားတွေကနည်းနည်းတိုးတက်လာပါပြီ.....

    ReplyDelete
  31. Prefer your previous post

    "mixed language" and love to read more on the comments.

    ReplyDelete
  32. ဟင်
    ဒီထဲက အလယ်မှာ သစ်ပင်လေးနဲ့ ပုံ အလှဆုံး
    ဘူတာတွေ အရမ်းသန့် နေပါလား..
    မမကွမ်း ကံကောင်းသွားတယ်မှတ်။
    မီးမီးပြန်တုန်းက ရထားစီးတာ တွဲတွေကို ချိတ်တဲ့ဆီမှာ ဘာနဲ့  ချိတ်ထားတယ်ထင်လဲ.. ဟွန်းး ကြေးနန်းကြိုးနဲ့ ချည်ထားတာဗျ သိလား.. ဘုရား..ဘုရား.. လူဆိုတာ ရင်တွေပန်းတွေ တုန်သွားတာပဲ :( သူများပြောရင် ယုံမှာ မဟုတ်ဘူး..
    ဖေက ကားစီးရတာ မကြိုက်လို့ သာ ရထားနဲ့ သွားကြတာ..ဖေ့ကို မှာခဲ့ရသေးတယ်.. တတ်နိုင်သလောက် ကားပဲစီးပါလို့ .. အိမ်သာတံခါးက လက်ကိုင်နေရာမှာ ၆ လက်မလောက် ကျယ်တဲ့ အပေါက်ကြီးနဲ့ ...
    ဖေ နဲ့ မေကို ပြောလိုက်ပါတယ်.. မီးမီးတို့ တော့ အစုတ်ဆုံး ရထားစီးဖူးတာပေါ့ဆိုလို့  ဖေ နဲ့ မေဆိုတာ ရီလိုက်တာ.. အဟမ်း.. ခုံတွေလား ညစ်ပတ်နေတာပဲ.. မီးမီးမေးကြည့်တော့ ဒီလိုရထားတွေချည်းပဲတဲ့.. သာရင် နည်းနည်းပဲတဲ့..
    အရင်ကတော့လည်း မမကွမ်းပြောတဲ့ရထားမျိုး စီးဖူးပါတယ်.. မဆိုးပါဘူး အဲလို ရထားတွေ ခုရှိသေးတယ်ဆိုတော့..
    စကားမစပ် မမကွမ်း..
    မီးမီး ဘိန်းမုန့် စားမယ်နော်..
    ဟိဟိ
    nn

    ReplyDelete
  33. လွမ်းအောင်လဲ ရေးတတ်သလို အလွမ်းပြေအောင်လဲ ရိုက်တတ်တဲ့ မမ၊ ဓါတ်ပုံလေးတွေက အလွမ်းပြေသွားတယ်၊ ဘိန်းမုန့်လဲ စာချင်းတယ်၊ ဘေး မုန့်လုံးကြီး လို့ ခေါ်တာလား အဲဒါလဲ စားချင်တယ်၊း)

    ReplyDelete
  34.ဲ Jeff Dunham ရဲ့ ဇတ်ကောင် Achmed ပြောသလို I kill u !! လို.့ ပဲပြောလိုက်ခြင်တော့တယ် မမရယ်

    ReplyDelete
  35. အမှန်အတိုင်း ၀န်ခံရရင်
    ဗမာပြည်မှာ အလွန် ခရီးထွက်ချင်ပါသော်လည်း ပြည်သူပိုင် ယာဉ် ရထားတွေ တစ်ခုမှ မစီးချင်ပါ။
    မမ စိတ်ကူးလေးနဲ့ လုပ်ရပ်ကိုတော့ စိတ်ဝင်တစား ချစ်ခင်မိပါတယ်။

    ReplyDelete
  36. ဟာဟ ခုမှသိတယ် အစ်မက လူတစ်မျိုးဗျ... ဆရာမဂျူးရဲ့ ဇာတ်ကောင်တွေ သွားသတိရမိတယ်...

    ReplyDelete
  37. Rita so de` kaung ma ka south chin be`

    ReplyDelete
  38. ပြန်တောင်ပြန်ချင်လာပြီ.......မမရယ်

    ReplyDelete
  39. မောင်ဝေးSeptember 10, 2009 at 11:09 AM

    ရထားပေါ်မှာ ဂျပိုးကိုက်တတ်တယ်လို့ ကြားရပါတယ်။ ဟုတ်ရဲ့လား။ ဟိုတယောက်ပြောတာ ‘ရင်တွေပန်းတွေတုန်သွားတာပဲ’ဆိုတော့ ရင်တုန်တာတော့ နားလည်ပါတယ်။ ကျန်တာတွေ ဘယ်မှာလဲမသိလို့ အံ့သြတွေဝေ စိတ်ကူးပုံဖော် စဉ်းစားနေမိပေမဲ့ ဘာမှရေရေရာရာ ပုံမပေါ်မိပါဘူး။
    အပြောင်အပျက်ပြောတာကို စိတ်မရှိကြပါနဲ့ခင်ဗျား။
    စိတ်ဝင်စားစရာ ပဲခူးသွားတောလားလေးပါပဲ။

    ReplyDelete
  40. ဘိန်းမုန့်စားချင်လိုက်တာ.

    ReplyDelete
  41. မမ နည်းကိုမှတ်ထားလိုက်ပါပြီ..
    ရန်ကုန်ပြန်ဖြစ်ရင် အဲဒီလိုလုပ်ကြည့်ပါမယ်...
    ဓါတ်ပုံတွေမြင်ရတာ ရန်ကုန်သူ ရန်ကုန်ကိုလွမ်းပါတယ်..း(((((

    ReplyDelete
  42. မုန့် တွေဘေးနားမှာပိုက်ပိုက်ကြီးတင်ထားတာ
    တွေ့ လိုက်ကတည်းက မမဘာကြောင့်ဝမ်းသွားရလဲ သိသွားပါပြီ ဖြစ်နိုင်ရင်ဝမ်းကိုက်ပိုးရှိမရှိပါ ဆေးစစ်စေခြင်ပါတယ်ကွယ်

    ReplyDelete
  43. ပါရာစီတမော၊ ဘိုင်အိုဂျက်စစ်။
    ဘာမီတွန်၊ ဟတ်ချိုးပျောက်ဆေး။
    ခမသထဝ၊ လွင်မိုး။
    ရန်ကုန်၊ ပဲခူး။
    ၂၀၀၀၊ ၂၀၀။
    ၂နာရီခရီး၊ တရေး ရခြင်း။
    ထိုင်ခုံမဲ့လက်မှတ်၊ အထူးတန်းထိုင်ခုံ။
ုkom ရဲ့ ရထား နှင့် တအံ့ တသြ မန့်ကြသူများ။
    ;)

    ReplyDelete
  44. အဲလိုလေး စိတ်ထဲပေါ်တာ ထလုပ်လို့ ရတဲ့ ဘဝလေး လိုချင်လိုက်တာ

    ReplyDelete
  45. အိုင်ဒီယာလေးကောင်းတယ် ဒီလထုတ်..အဲ ရောကုန်ပြီ.:P
    ရထားလေးနဲ့ လျှောက်လို့လည်... ပျိုပျိုမေ တစ်ယောက်တည်းရယ်..:P

    ReplyDelete
  46. http://khinoomay77.blogspot.com/2009/09/mixed-language.html

    De post ka po kaung de` he`he`

    ReplyDelete
  47. မမရာ ဒီလောက်သာယာတဲ့ မြို့ကို ရောက်တာ ဘုရားမဖူးခဲ့ဘူးလားး

    ReplyDelete
  48. ပဲခူး ဘူတာ ဘယ်လောက် ညစ်ပတ်လဲ မပါဘူးနော်.. ကျတော်တို့ကတော့ စိတ်ညစ်သဗျ ဘူတာထဲ ဝင်ကတည်း က အနံတစ်မျိုးမျိုး နံတယ်။ ဒါနဲ့ပဲ ပဲခူးဘူတာကနေ သွားနေတာ တစ်နှစ်ကျော်ကြာ သွားခဲ့ဘူးတယ်။ ပဲခူးက နေ ပြန်မယ်ဆိုရင် ပဲခူးမြို့ထဲကနေ အဝေးပြေးဂိတ်ကို သုံးဘီးဆိုင်ကယ်စီးသွား။ အဲဒီ အဝေးပြေးကနေ မှ ကားကြီး တွေ နာရီဝက် တစ်စီလောက်ထွက်တယ်။ ကြံတိုင်းအောင်၊ ဖြိုး ၊၂၀၀၀ စတဲ့ ကားလိုင်း တွေရှိတယ်။ ဒါပေမဲ့ တစ်ချို့ပဲ မြို့ထဲရောက်ပီး တစ်ချို့က စော်ဘွားကြီးကုန်းမှာ ဂိတ်ဆုံးတယ်။ ဟိုင်းလတ် ကားလေးတွေကတော့ သမိုင်းလမ်းဆုံထိရောက်တယ်။ ပဲခူးရောက်တာများ ဘုရားလေး ဘာလေး လိုက်မဖူးခဲ့ဘူး။ သုံးဘီးဆိုင်ကယ် တစ်စီး ပုတ်ပြတ်ငှားပီး လိုက်လည် လို့ရတာပဲဗျ။။ ဖြစ်နိုင်ရင် ရွှေမော်ဓေါ ဘုရားရှေ့မှာ အကြော်တောင် စားနိုင်သေးသဗျ....
    (အဲ..ကျတော်ပြောတဲ့ ဒေတာတွေက ပြီးခဲ့တဲ့နှစ်က ဒေတာတွေ အခုတော ဘယ်ဟာတွေ ဘယ်လိုပြောင်းနေလဲ ကျတော်လဲ မသိဘူး)

    ReplyDelete
  49. ဦးဖိုးကျား ရထားစီးရင် စာတစ်ပုဒ်ဖြစ်သလို ဒေါ်ဖွားဆင် အဲ ဒေါ်ခင်ဦးမေ ရထားစီးတော့လည်း ဘလော့ခ်ပို့စ်တစ်ပုဒ် ရပါတယ်။ နှမြောစရာ (၃) ပိုင်းလောက် ခွဲရေးရင် ရသားနဲ့။ :P

    ReplyDelete
  50. ရေတမာပြောသလိုပဲ။ မမလို တယောက်ထဲ လွတ်လွတ်လပ်လပ် လျှောက်သွားချင်ပါတယ်။ ဖြစ်လာတော့မယ်မထင် :(

    ReplyDelete
  51. အခုတော့ ဘယ်လိုနေတယ်မသိဘူး.. သံလမ်းတို့၊ ဘူတာတို့ မြင်မိတိုင်း အနံ့တမျိုးမျိုး နှာခေါင်းထဲ ဝင်လာတာပဲ။

    ReplyDelete
  52. မမက မှ ရထားစီးခဲ့ရသေးတယ် နှင်းဆိုရင် ရထားတောင်မစီးခဲ့ရဘူး။ ဘာတွေရှုပ်မှန်းမသိပဲနဲ့ ပြန်လာရတယ်။ နောက်တခါပြန်ရင်တော့ ရထားစီးဖြစ်အောင်ကိုစီးဦးမယ်။

    ReplyDelete
  53. မမရေ အလွမ်းဖြေခြင်းတမျိုးပဲ။
    ကိုယ်လုပ်ချင်တာ လုပ်လိုက်ရတာ၊ လုပ်ခွင့်ရတာ ကျေနပ်စရာပဲပေါ့။
    ဒါနဲ့ ဘာကြောင့် ပဲခူးမှ သွားချင်ပါလိမ့်။ :))

    ReplyDelete
  54. စာဖတ် ပုံကြည့်၊ ဝေဖန်ရေးလုပ်ခဲ့ပါတယ်။
    ဓာတ်ပုံရိုက်ချက်တွေ ပိုကောင်းလာသလိုပဲ။ ပုံထွက်တွေ၊ အယူအဆ အဖြတ်အတောက်တွေ ပို၍ကောင်းလာတယ်။ ဘယ်မှာများ သင်ခဲ့သလဲ???

    ReplyDelete