Friday, February 27, 2009

Tuition intensive

အစ်မရယ် .။ အစ်မရယ် ဆိုပြီး ဂျီတော့မှာ ချဉ်းကပ်လာကြ သူတွေများလွန်ူးးလို့ ဒီနေ့မနက်က စာရိုက်ရတာ လက်အံတောင် သေပြီးလက်ကို ခါလိုက်ရပါတယ။် အဲဒါကြောင့် လက်ချာကို ဒီနေ့ ဒီနေရာမှာဘဲ ပေးပါ့မယ်။

မောင်ကျောင်းသားရဲ့မေးခွန်းကတော့ အစ်မရယ် မိန်းကလေးတွေ ကဘာဖြစ်လို့ အဖြေပေးဘို့ အချိန်ဆွဲကြတာလဲဟင် ဆိုတဲ့မေးခွန်းပါဘဲ။ လွယ်ပါတယ။် ဒီထက် ကောင်းမဲ့ နောက်တစ်ယောက်များလာဘို့ အချိန်ဆွဲထားတာပါ ။။ လေလံတင်သလိုပေါ့။ ဈေးကောင်းရေမဲ့သူကို ပိုရောင်းချင်တှဲု သဘောပါ။ ကိုယ့်ပစ္စည်းကလဲ ကကောင်းတယ် မဟုတ်လား။

အချိန်ဆွဲထားတော့ အချိန်ကုန်တာပေါ့။ အဲဒီတော့ကြားထဲ မှာ မောင်ကျောင်းသား အနေနဲ့ မှန်မှန် ကြူနေပေးဘို့တော့လိုအပ်တာပေါ့။ ဖုံးဘိုးကုန်တယ် လို့ ပြောချင်သေးလို့လား။ ဒီအချိန်ဘဲ ယောက်ကျာ်လေးများ ကို အနိုင်ရတာပါ်။ တသက်လုံး အပိုးကျီူး ကျိုးနေ သွား ရတော့မှာ ။ သူတို့က ရပြီ:ရင်တော် အိလျှော် အီ ထိုး ထားချင်ကြတာပါ။

အဲလိုဖုံးဘိုးကုန်မယ်ဆိုရင်တော့လည်း ကိုယ့်ရဲ့ future girl friend ရဲ့ အခြေအနေကို အမှန် အတိုင်းသုံးသပ် နိုင်ရပါမယ်။ ဘယ်လို မိန်းကလေးလည်း ဆိုတာ ကို အမြန်ဆုံး နှူံးနဲ့ အကဲခတ် နိုင်ရပါမယ။် မိန်းကလေး နှစ်မျိုးရှိပါတယ်။ တစ်မျိုးက တော့ ပိုက်ဆံကို concern လုပ်ပါတယ်။ နားလည်မှူလည်း ရှိပါတယ်။ အဲလို မိန်းကလေး မျိုးဆိုရင်တော့လဲ သေချာ ရှင်ြး့ပရမှာပေါ့ ။ ညီမလေးရယ် ဖုံးဘိုးက ဒီလို ရှိပါတယ။် တယ်လီဖုံးကဒ် တစ်ဒ် စလုံး ၁၀ ဆိုတာ မြန်မာငွေ ဘယ်လောက်ရှိတယ် ဆိုတာ။ သူမြင်အောင်ပြောပြရ့င် နှစ်ကဒ်က ပိုက်ဆံအိတ် တလုံး. (သို) ဒါးကြီး ပါတိတ်တထည်. (သို့)နှူတ်ခမ်းနီ တစ်ဗျူး. နဲ့ညီမျှတယ် ဆိုတဲ့ အကြောင်းကို သူနားလည်အောင် ပြောပြထားပေးဘို့လိုပါတယ်။

ရန်ကုန်က လူများက နားလည်မှူ တစ်ခါတစ်လေ မရှိပါဘူး။ တစ်ချို့ ဆို ပိုအသည်းယားဘို့ကောင်းသေး အခု ဆက်နေတာ ဘယ်သူပါလဲရှင်။မမလေးလာ။ ခဏ ကိုင်ထားပါနော်ဆိုပြီး ရ.မိနစ်လောက်ပျောက်သွားတာတို့။ အခုပြောတာ ဘယ်သူပါလဲရှင် တို့နဲ့ ဒီကကောင်ကတော့ချွေးပြန်နေပါပြီ။

အဲဒီလို မှ မဟုတ်တဲ့ တခြား အမျိုးအစားမှာပါတဲ့ မိန်းကလေး နောက်တစ်မျိုးရှိပါတယ။် သူလေးတွေ ကတောက အချစ်ကိုကိုးကွယ်သူများပါ။ ကိုကို က ဖုံးဆက်တာ ဘယ်နစ်မိနစ် ကြာသွားတယ် လို့ပြောချင်သူများပါ။။ နာရီမိနစ် ကုန်ဆုံးသွားတာကို မကြည့် အချစ်ကို သာကြည့်သူများပါ။ သူလေးနဲ့မေတ္တာ မျှရင်တော့လဲ နာပြီသာမှတ် ။ ကြည်နူးနေရင်မိနစ် ၂၀ တစ်ကဒ် ကုန်ပြီး ရန်သတ်ကြပြီ ဆိုရင်ောတ့ကဒ်ပြားလဲမလောက် ၀၁၉ နဲ့သာ နှိပ်လိုက်မိတဲ့သကာလ ..ကိုယ်ကလဲ ရင်ပူနေပြီလေ. လကုန်မှ ဘဲ ငိုချင်တော့တာပါဘဲ။ မတတ်ုနိင်ဘူးလေ ကိုယ်ကလည်း ချစ်မိပြီ မဟုတ်လား။ ယူပြီးမှ ဘဲ နှိပ်စက် ရတော့မှာဘဲ ။ အခုကတော့ ဒင်း နေပလေ့စေဦး ဆိုပြီး ဖုံးလေးတော့ ဆက်ရမှာပါဘဲ။ မဟုတ်ရင် မချစ်ဘူးလို့ သူလေးတွေ ကထင်ကြသေးတယ။်

မောင်ကျောင်းသား ကဆက်မေးပြန်ပါသေးတယ။် ဘာဖြစ်လို့များ ချာကြတာလဲ မသိပါဘူး။ စဉ်းစားလို့တောင်မရဘူး။ သူ့မေးခွန်းက ဖုံးပြောရင် ဘယ်အကြောင်းလဲ များပြော ရမှာပါလဲ လို့ဆိုပါတယ။် ကိုယ့်လူတွေချာသကွယ်။ ဒါလေး ကအစသင်နေရ.. ဘယ်လို လုပ်ကြီးပွါးမှာလဲ။ ရှောင်ရန်ဆောင်ရန်လေး များ ရှိပါသလား လို့ဆိုပါတယ။်

ရှိပါတယ် ရှိပါတယ်။ မိန်းကလေးတော်တော်များများ က အချစ်ကို စိတ်ဝင်စားတယ်။ ပိုက်ဆံကို မသိမသာ နှစ်သက်ပါတယ်။ အများကြီးတော့မဟုတ်ပါဘူး ရှေ့ရေး စိတ်အေး ချင်တဲ့သဘောပါ။ အဲလို အချိန်မှာ ကိုယ်စိတ်ဝင်စားတဲ့ နိုင့်ငံရေးတို့ ဘောလုံးပွဲတို့ ဘီယာဆိုင်တို့ အကြောင်းမပြောသင့်ပါဘူး . ချက်ချင်းဘဲ hang up ဖြစ်သွားနိုင်ပါတယ။်

အလုပ်လုပ်တဲ့ မိန်းကလေး ဆိုရင်သူလုပ်နေတဲ့ လုပ်ငန်းခွင် အကြောင်း. သူ့ပတ်ဝန်းကျင် ကလူတွေ အကြောင်းသာ စပေးလိုက်ပါ။ အလုပ်မလုပ်ရင်လဲ မိသားစု ရဲ့ဒီနေ့တနေ့တာ ကို တူးဆွ ကြည့်ပါ။ ကိုယ်စိတ်ဝင်စားလို့မဟုတ်ပါဘူး ။ သူပြောချင်နေတာကို ကိုယ်က ဖွင့်ပေးလိုက်တဲ့သဘောပါ။ ဥပမာ. ကိုကို ရေ. ဒီနေ့ကြောင်ကလေး သေသွားတယ် သိလား။ ဘာဖြစ်မှန်းမသိဘူး . သူ့ဘာသာသေနေတယ် ဆိုပြီး ဆိုပြီး တရှုံရုှု့ငိုရင် ကိုယ်ကပါ လိုက်ပြီး ခံစားပေးတဲ့သဘောပေါ့။ အမှန်ကတော့ မီးမြိုက်စားခြင်နေတာပါ။ ရင်ထဲ ရှိတာတွေ ဘယ်ပြောလို့ဖြစ်မလဲ်။ နှူးနေတဲ့ကာလ မဟုတ်လား။ သူကျေနပ်ဘို့ အရေးကြီးတယ။် သူစိတ်ဝင်စားတာလေးတွေ ကို Update လုပ်ပေးနေရင် လေပေးကို ဖြောင့်လို့ သူက ကိုယ်နဲ့ စကားပြောဘို့ကို ဝန်လေးမှာ မဟုတ်တော့ပါဘူး။

စကားပြောရင်းနဲ့လည်း သူဘာကြိုက်မလဲ ဆိုပြီး သွေးတိုးစမ်းမေးမြန်းနေရပါတယ်။ နှူတ်ခမ်းနီလား။ မိတ်ကပ်လား။ ပေါင်ဒါလား။ ကာခြယ်လား။ ရေမွေးလား။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က လည်းအကုန်မဝယ်ပေးနိုင်ဘူး လေ. နိုင်သလောက်ပေါ့။ မဟုတ်ရင် ဝယ်ပေးဝယ်ပေးနဲ့ အရင်းဆုံးနေမှာ လဲ စိုးရသေးတယ်။

ပိုက်ဆံအိတ်ဆိုရင်လည်း တကြိုးနဲ့ယူမှာလား နှစ်ြကိုးနဲ့ယူမှာလား။ ဘာအရောင်ယူမလဲ . ပါတိတ်ကော ယူဦးမလား။ ကိုကို့ကိုရောချစ်သလား နဲ့ ရူးချင်ယောင် ဆောင်ပြီး သွေးတိုး စမ်းရပါသေးတယ။် အခြေအနေကို တီးခေါက်နေတယ် သဘောပေါ့။ အဲလို မိန့်ခွန်း ခြွေလိုက်တာ မောင်ကျောင်းသား အရမ်းကို ကျေနပ်သွားတယ။် တကယ်ကို ဆရာ တင်ရကြိုးနပ်တယ် ဆိုပြီး ဖြစ်သွားတာဘဲ။

ကိုယ့်ပညာလား မကုန်သေးပါဘူး။ တပုံချည်းရှိသေးတယ။် ဆက်လက် ပို့ချပါဦးမယ်။ ကြားထဲမှာ လဲ နဲနဲ လှူပ်ပေးရပါသေးတယ။် ရုံးမှာ အခုတစ်လောမြန်မာ ကောင်မလေး တစ်ချို့ ဝင်လာတယ် တို့ဘာတို့ နဲ့ပြောပေးရပါသေးတယ်။ တကယ်မှ မဟုတ်ဘဲ ပြောဦးမလို့လား။ လှူပ်ပေးတာပါဆို. လုပ်ကြံပြောရတာပေါ့။ စလုံးပေါ်လီက ဆင်းတာ ထင်ပါရဲ့ ကိုယ့်က အင်ဂျှီနီယာ စီနီယာ ဆိုတော့ အံသြနေကြတယ်တို့။ဲ MRT ပေါါ်မှာ ကောင်မလေး အချို့နဲ့ မျက်မှန်းတန်းမိနေတယ် တို့။ မောင်ကျောင်းသား က ဝင်ရှူပ် သေးတယ်။ ရု့းံ့ကား ကို အပြန်မှာစီးတယ် ခင်ဗျ ဆိုပြီး. ကိုယ်က ကြီမ်းမောင်းရတာပေါ့။ မောင်ကျောင်းသားရယ် ငြိမ်ငြိမ်နေစမ်းပါ။ သိတ်တိကျနေစရာ မလိုဘူး။ ကြုံသလို ပညာသုံးရတယ်ဆိုမှ ဘဲ ခေတ္တငြိမ်သွားတော့တယ်။

ကိုယ့်သူငယ်ချင်း တစ်ယောက်ရဲ့ တပည့်မလေးတစ်ယောက်ကလည်း ရောက်နေတာ တစ်ပါတ် ရှိပြီး ယောင်လည်လည် နဲ့ အိမ်အဆင်မပြေသေးလို့ အိမ်ဝိုင်းရှာ ပေးပါလို့ လုပ် နေတယ။် ကိုယ်တို့အိမ်မှာတော့လွတ်ပါတယ်။ ကိုယ်က အပြင်မှာဘဲ ဝိုင်းရှာပေးနေရတယ်။ အခုတလော အိမ်ငှားဈေးတွေ ကလည်းခပ်တက်တက်နဲ့ ဆိုတော့ ကကောင်မလေး စိတ်ငြစ်နေတယ်တို့ မရှိတာတွေ ကို လုပ်ကြံပြောရပါတယ်။ ချာတိတ်မကလည်းကွာ အလိုက်ကို မသိဘူး ည ၉ နာရီကျော်လည်းဆက်လိုဆက်နဲ့လို့လဲ အပိုဆာဒါးလေးတွေ ထည့်ပေးရပါသေးတယ။်

ရေးရင်းနဲ့လက်ညောင်း လာလို့မောင်ကျောင်းသားရယ် ဖတ်ကော ဖတ်ရဲ့လားဆိုတော့ ဟုတ် ဖတ်ပါတယ်ခင်ဗျ ဆိုမှ တို့လဲ ဘဝင်ကျတယ်။ ဖတ်တယ် ဆိုတော့လည်းအ ရှိန်ရပြီး ဆက်ပြောတော့တာပေါ့်။ ဆက်ပို့ချပါတယ်။ မိန်းကလေး ဆိုတာ အပြိုင်ဂှိမှ တိုးတက်တာ။ သူတစ်ယောက်ထဲ က ကြိုက်သလိုလို လုပ်ရမှာ တစ်မျိုးဘဲ ။ အများက ပါကြိုက်တယ်ဆိုမှ နဲနဲလေးစားတယ။် ဈေးဝယ်သလိုပေါ့်။ ဘယ်သူမှ မဝယ်တဲ့ပစ္စည်း ဆိုရင် သူတို့လဲ အင်တင်တင် ဖြစ်တာပေါ့။ လူတိုင်းက ကြိုက်နေတယ် ဆိုရင် မလိုချင်တာတောင်မှ လက်ကကိုင်ထားမိလိုက်တာမျိုးပေါ့။

နောက်တစ်ခု သိတ်မပျော့ညံ့ဘို့။ အညတရ.ဆိုတဲ့စကားလုံးကို မသုံးမိစေဘို့။ သူက သိတ်ဘဝင်ကျချင်ပုံမရဘူး။ ဘာဖြစ်လို့လဲဗျ လို့ ကွန်ပလိန့်တက်တယ်။ စာလုံးလေးက ကဗျာ ဆန်တာကိုး။် စာရေးရင်းနဲ့ အရှိန်ရပြီး အောက်ကနေ အညတရ.ကိုဘယ်သူပါလို့ လတ်မှတ် ထိုးချင်တဲ့ပုံဘဲ။ ရှင်းပြရပြန်တယ်. မိန်ူကလေး ဆိုတာ အားကိုးအားထားြ့ပူချင်လို့ ရည်းစားထားတာ. အိမ်ထောင်ပြူတာ ကိုယ့်ချစ်သူ အိမ်ထောင်ဖက် က အညတရ ပါဆိုမှ ကိုယ်က ပြန်ရှာကျွေးရမလိုဖြစ်နေပြီ။ တို့သာဆိုရင်အဲဒီစာကို ရော လူကိုရော ဆွဲပြီး လွတ်ပစ်လိုက်မှာဘဲ တကယ် သိတ်စိတ်ဆိုးတယ်လို့။ အဲဒီတော့မှ ရေးတေးတေး မြင်သွား ရှာတယ်။

နောက်လာပြန်သေးတယ်။ ချာတိတ်မက အခုမယူချင်သေးဘု ဘယ်တော့လောက်မှ ဆိုတာ ဘယ်လိုလုပ်ရမလဲ ဆိုပြီး စိတ်အိုက်နေရှာပြန်တယ။် အဲဒါ စောင့်နိုင်သလားလို့ မေးထားတယ် ဆိုတာကို ဘယ်လိုအဖြေပေးရမလဲ တိုင်ပင်ပြန်တယ။် အဖြေမပေးရသေးဘဲနဲ့ စောင့်နိုင်ပါ့မလားလို့ စိတ်ပူနေရှာပါတယ်။ အပွေးမြင်အပင်သိ ဒီက အစ်မကတော့ အဖြေ positive ဆိုတာ ရိပ်မိနေပါပြီ။ ရှင်းပြလိုက်မှ ရေးရေးမြင်သွားပြီး မောင်ကျောင်းသား ပျော်သွားတယ။်

မစောင့်ချင်ဘူးအစ်မ ။ဘယ်နယ် လုပ်ရမလဲ ဆိုပြီခေါင်းလာစား တာကိုတော့ ဒါ အဖြေရပြီးမှ အနုနည်းနဲ့သော်လည်းကောင်း အကြမ်းနည်း နဲ့သော်လည်းကောင်း ကိုင်တွယ်မယ် ဆက်လက် ညွန်ကြား ပေးမယ်. အခု အဖြေကိုသာ အပိုင်သိမ်းထားပါလို့ ပြောထားရတယ။်

ပြီးတော့လဲရှိသေးတယ်။ ကိုယ့်မိန်းကလေး ကိုယ် မကြခဏ ချိးမွမ်းပေးရမယ။် ဘယ်နားလေးကလှတယ် ညာနားလေးက လှတယ် ဆိုပြီး လုပ်ကြ့ပြောနေရမယ်။ မင်းဆံနွယ်လေးတွေ မွေလိးုက်တာ။ ဘာခေါင်းလျော်ရည်ဝယ်သလဲ ဟင် တွေ ဘာတွေ ညာတွေ လုပ်ရမယ် ဆိုတော့မောင်ကျောင်းသား ကတစ်စခန်းထလာသေးတယ်။ .ချစ်တဲ့သူက ရန်ုကုန်မှ ခင်ဗျ. ဆိုသေးတယ။်ဘယ်လိုမွေးမလဲ ဆိုလာသေးတယ။်

ဥပမာ ပါ။ ဥာဏ်ရှိသလို သုံးရမယ် ဆိုမှ ပြန်ငြိမ်သွားတယ်။ သနခါးလေးနဲ့ သိတ်ချစ်စရာကောင်းတာ ဆိုပြီးလွမ်နေသေးတယ။် အဲဒါအကွက်ဘဲ အဲဒါဆိုရင် ပေါင်ဒါ ဝယ်ပေးကွာ။ သနပ်ခါးပေါါ့် ရိုက်လို့ရတယ် ဆိုတော့ဘယ်မှာဝယ်ရမလဲ လုပ်သေးတယ။် Watson မှာဝယ်လို့ရတယ် ဆိုပြီးမှ တို့က အိုင်ဒီယာပြောင်းသွားပြန်တယ။် Watson က အိတ်က မလှဘူး ROBBISON ကအိတ်က ပိုလှတာ အမှန်ပါ။ အဲဒါနဲ့ ROBBISON ကို ညွန်လိုက်ရတယ်။ ဒါတောင်ဘယ်မှာလဲ လုပ်နေသေးတယ။် စိတ်နဲ့လူနဲ့များညစ်ပါတယ်။

ဘောက်ချာ ထည့်ပေးလိုက်ပါလို့ လည်းညွန်ကြားလိုက်သေးတယ်။ ဘာဖြစ်လို့လဲ ဆိုရင် လု့သဘာဝ ဘယ်လောက်တန်သလဲ သိချင်ပါတယ်။ ထည့်ပေးလိုက်တော့အေးရော ။ ဘယ်လောက်လဲ ဆိုတာပြောပြီးသားဖြစ်ကရော။ နှူတ်ခမ်းနီ ဆိုရင်လဲ medium အရောင်ဝယ်ပါလို့ တခါတည်း ညွန်ကြားလိုက်ရပါတယ်။ သေချာအောင်လို့ ဖတ်နေရဲ့လားလို့လဲ ထပ်ထပ် မေးမိပါ သေးတယ။် စာရိုက်ရတာလည်း လက်ညောင်းပြီလေ။ ဖတ်ပါတယ်။ သေချာပါတယ် ဆိုတဲ့ မောင်ကျောင်းသားဆီ ကအဖြေရမှဘဲ လက်ကလေးကို ခြါီပီး ဒီနေ့သင်ခန့်းစာ ကိုဒီမှာဘဲ ရပ်လိုက်ရပါတော့တယ။် အဲဒါတောင် နောက်တစ်ယောက် ဆီက မီးစိမ်းလေး လင်းလာလို့ကမန်းကန်း လက်ခါနေရင်းနဲ့ အမြန်ဆုံးနှူန်းနဲ့ ဂျီတော့ထဲက ထွက်ပြေးခဲ့ရပါ၏၏၏၏၏။

Thursday, February 26, 2009

weather report


မနက်ပိုင်း က မိုးလေး မလင်းတလင်း တိမ်တွေက လုနေကြတုံးဘဲ။ အခုတလော ကောင်းကင် ကို ခဏခဏ မော့ကြည့်မိတယ် ဘာဖြစ်လို့လဲ မမေးပါနဲ့ လေယဉ်ပျံကြီး စီးချင်လို့လား။ ရန်ကုန်ပြန် ချင် လို့ ထင်တယ။်




နေ့လည်နေသာတယ။် ကောင်းကင်ပြာပြာနဲ့ တိမ်အုပ်စုက လေးတွေ သိတ်လှတယ။် ။ တိမ် တွေ ကတော့ အမြဲလှနေတာ ပါဘဲ။ အဆုပ်လိုက် အဆုပ်လိုက် စု ထား သ လိုဘဲ။





သွားရင်းလာရင်းလဲ ပန်းပွင့်ကလေးတွေကိုတွေ့တယ်။ အားလုံး မြေစိုက်ပန်းက လေးတွေ ချည်းဘဲ။ ဘာပန်းမှန်းလဲ မသိ. ရန်ကုန်မှာတော့ သိတ် မတွေ့ ဘူးခဲ့ ဘူး။





















စပယ်ပန်းလိုလို ဇွန်ပန်းလိုလိုနဲ ပန်းကလေးကလဲ ကောင်းကင် ကိုမျက်မှာ မပြူ ။ မြေပြင် ကို မျက်နှာပြူလို့ ဘာမှန်းမသိ. ။ သူ့အတွက် စိတ်မကောင်း ဖြစ်မိတယ်။ လောကကြီးကို ကြည့်ခွင့် မရတဲ့သူလိုဘဲ။ သူ့ကိုကြည့်ချင်လို့ မော့ကြည့် ခဲ့ရတယ။် ချစ်စရာ သနားစရာ။















ကြားထဲမှာ မိုးတွေရွာသွားသေးတယ။် heavy ဘဲ။












သင်မီးရထားတစ်စီးကို အစကနေ အဆုံးအထိ ဓါတ်ပုံ ရိုက်ဘူးပါသလား။ သန်းကောင် သန်းလွဲမှ သာလျင် အဲဒီအခွင့်အရေးကိုရပါလိမ့်မယ်။ အစအဆုံး တဖြောင့်ထည်း လည်း ဖြစ်ရမယ်နော်။ စောင့်နေတာကြာပြီ။ ဒီအခွင့်အရေး မနေ့ညကမှ ရလိုက် တယ်။ ဘယ်ဘူတာနားလဲ ဆိုတာတော့ စဉ်းစားကြည့်။ ဆားပုလင်းနှင်းမောင် တောင် လက်မှိုင် ချသွားစေရမယ။်

Tuesday, February 24, 2009

river of no return

တသက်လုံး စာမပြန်ဘူးတဲ့သူစာပြန်လိုက်ပါဦးမယ်.။

၁. ကာကာ
IELTS ဖတ်ပါ. အစ်မဘလော့ကိုဘဲလာမနေပါနဲ့။ တော်တော်ကြာနဲ့ဗြိတိသျှလိုဘဲရေးတဲ့သူ က ဗြိတိသျှလို ရည်းစား စာ ပေးခိုင်းမှ ခက်နေမယ်။

၂။ လဲကာကာပါဘဲ။

၃.။ ပန်ဒိုရာ
သူ့အကြောင်းကတော့သိပြီးသားပါ။ သူကိုယ်တိုင်ကပြောထားပါတယ်။ ဂျီတော့လဲ လျော့ ပါ့မယ်။ ဘလော့လည်တာလဲလျှော့ပါ့မယ်။ စာဘဲဖတ်ပြီး စာဘဲရေးမယ်လို့ ပြော ထားဘူး ပါတယ်။ ပြောတဲ့ အတိုင်းလဲနေပါတယ်။

၎။ ပေါက် ကတော့ပြောစရာမရှိပါ။ အစ်မကိုချစ်ပြီးသားမို့လို့ မြင်းတစ်ကောင်နဲ့သားအဖ ပုံပြငဘဲပြောသွားပါတယ။်

၅။ sin dan lar ကတော့ စဉ်းစာတုံးပါဘဲ။

၆။ ကိုအောင်သာငယ် အကြံပြူချက်ကောင်းပါ၏။ နောက်ဆိုရင် ကွန်မက် ကို ရှည်စေလိုသူကို ရှည်ပြီး မရှည် နိုင်လိုလျှင် အမြန်ဆုံး ပြန်ပြေးမည် ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် ဂတိပြူလိုက်သည်။

ရ။ သုခမိန်ရဲ့ တားမြစ်ထားသောက တော့ သင်၏ လွတ်လပ်မှူသည် သင်ကိုယ်တိုင် ဖြစ်ပေ၏ တဲ့ ဘာမှန်းတော့မသိ. သုခမိန်က မိန့်တော့လဲ နားထောင်ရမည်ပေါ့။

၈။ မောင်မျိုးကတော့ ငလောင်ပါ။ ထုံးစံအတိုင်း visited သွားပါတယ်။

၉။ ပေါက် ကတဖတ် သုခမိန် ကို ပြန်ဝေဖန်သွားပါတယ်။ တားမြစ်ထားသော သုခမိန် ရဲ့ နစ် ကို ရယ်သွားတာပါ။

၁၀။ မိုးချိုသင်းကလဲ ကိုယ့်ရဲ့ချစ်ညီမဘဲ ဆိုတော့အမြဲတမ်း ချစ်တဲ့စိတ်နဲ့ဘဲကြည့်ပါတယ်။

၁၁။ Kay ကတော့ မနှူတ်ဆက်လဲသိတယ် ဆိုဘဲ။ အာရုံရတယ်ထင်ရဲ့။ ဒါဆို မဆိုးဘူး။ သူ့ဘလော့မှာ သွားသွားဖတ်ပြီးမရေးခဲ့တာတွေ ကို ခွင့်လွတ်တဲ့သဘော ရှိတယ။်

၁၂။ မြတ်နိုးဦးကတော့ ဘာမှ မဆိုင်ဘဲ အလွမ်းလာသယ်တာပါ။ ဟိုနှေု့က ကိုယ်ဘလော့ကို ဘက်ကပ် လုပ်ဘို့ကြိုးစားနေရင်း ဘယ်လိုဖြစ်တယ် မသိ. ဘလော့ပိတ်သလိုဖြစ်သွားခဲ့လို့။

၁၃။ သူလေး (မြတ်နိုးဦး) ပါဘဲ နှစ်ခါ မန့်ပါတယ်။

၁၄။ AMMK သူ့ဘလော့ကို အစ်မလာတာသိရင်စိတ်ချမ်းသာပါတယ် တဲ။ဒါဆိုရင် နောက်ဆို :D ဘဲလုပ်တော့မယ်။ အချိန် ကို save လုပ်ရမယ်။

၁၅။ ကတော့ဇတ်လိုက် Zatlite ပါဘဲ။ သူလိုချင်တဲ့ preference ကိုတောင်းဆိုပါတယ်။ ဒါကတော့ နဲနဲခက်တယ်။ ဖြစ်သလို :D ခဲ့ရင် စိတ်ဆိုးတဲ့သဘောမှာ ရှိတယ။် noted/

၁၆။ Steve Evergreen ကတော့ဘယ်လို ခင်မိမှန်းမသိဘဲ ခင်သွားတဲ့တစ်ယောက်ပါ။ သူကလဲ တစ်မျိုးပါဘဲ။ သိတ်တော့စိတ်မမှန်ဘူး။ သတိထားရပါတယ်။

၁ရ.။ ၁၈။ မာ့ခ်ပါ။ သူက အမြဲ :D လုပ်ပါတယ။် ကြည့်ရတာ မြန်မာလို သိတ်မတတ်ဘူးထင်ပါတယ။် သူလဲ ဘဲ နဲနဲဂေါက်တဲ့ အထဲပါပါတယ်။ ဂျပန်တွေလိုပြောလို့ ဘာသာပြန်ပြီးဖတ်ရပါတယ်။ ကိုယ့်ဒုက္ခ လဲ မသေးပါဘူး။ သူ့ရဲ့လက်သုံးစကားတွေကတော့ကြောက်မက်ဘွယ်ပါဘဲ။ စိတ်ရင်းတော့ကောင့း်ပုံရပါတယ်။

၁၉။ Mr DBA. သူကတော့ ဘလော့ထောင်ပြီးး လျောက်လည်နေတဲ့သူပါ။ စီပုံးနဲ့ Link ဘဲ အသက်ဝင်ပါတယ။်

၂၀။ myo. ဒီ စာပြန်တာကတော့ မျိုြးေ့ပာ လို့ပါ။ တသက်နဲ့တကိုယ် တစ်ခါမှ မလုပ်ဘူးပါဘူး အမှားပါရင်ခွင့်လွတ်ပါ။ ကိုယ့်ကိုလာပြီး စကားပြောတဲ့စီပုံးရော ကွန်မကတွေ ကိုရော တစ်ခုမှ မလွတ်ပါဘူး အားလုံးဖတ်ပါတယ။်ဒါပေမဲ့ပြန်ပြောဘို့ကို ဝန်လေးနေတယ်။ အကျင့်မရှိသေးတောူ့း။ မမ လို လူတော်တော် များများမလုပ်နိုင်ပါဘူး ဆိုတာကို သဘောကျပါတယ် လုပ်လဲ မလုပ်စေချင်ပါဘူး အချိန်တွေ ကုန်လွန်းလို့။ ကိုယ်လဲသံယောဇဉ်ဖြတ်ဖြတ်..နေတာဘဲ။ ဒါတောင် ဖြတ်နေတာပါ။

၂၁။ nu-san အပြောကတော့မိုက်တယ်။ အစ်မစိတ်နဲ့အိုကေတယ် ရေးချင်တာ ရေးသွားပါ ဆိုတော့သဘောကျတယ်။ တစ်ခါတလေ. အခုတစ်လော တကယ်ပါ။ ရေးပြီးမှ ပြန်ဖျက်တာ မနေ့က သုံးခါ။ ရေးပြီးကာမှ ဘလော့ပိုင်ရှင်များ..သက်ဆိုင်သူတွေများ မကြိုက်မှာစိုး။အမှန်ကတော့ရေးချင်တာရေးခွင့်ြ့ပုစေချင်တာဘဲ။ စိတ်ကို မထိန်းချုပ်လိုပ်ါ။

၂၂။ ကတော့ကိုယ်တို့ရဲ့ဇတ်လိုက် ပေါက်ပါ။ တကယ်ပေါက်ပါတယ်။ နာမည်ကြီးတွေ ကို သူဘယ်သူလဲဟင် ဘယ်ဝှာလဲဟင်နှု လိုက်မေးတတ်ပါတယ်။ welocome နဲ့ နားခိုရာ ကို အတူတူ လို့ထင်တဲ့သူပါ ဆိုကတည်းက သဘောပေါက်သင့်ပါတယ်။

၂၃။ megumi လေးလဲလာအားပေးတယ်။ ကိုယ်လုပ်နိုင်တာကို လုပ်။ လိုက်လျောနိုင်သလောက် လိုက်လျောပါတဲ့။ သူ့ကို ကိုယ်အားနာနေမိတယ်။ သူရေးတဲ့ပိုစ်ကို ကိုယ်ခံစားပြီးရေးလိုက်တာ ပို ဆွ သလိုဖြစ်ပြီး ပိုထိခိုက်သွားသလားလို့စိတ်ထဲမှာ အခုထက်ထိ guilty ဖြစ်နေတုံးပါဘဲ။

၂၄။ လွတ်ငြိမ်းလေပြေ ကတော့ အိုကေဘဲ လာလည်ရင်ရပါပြီလို့ဆိုတယ်။ ဒါမျိုးကြိုက်တယ် :D လေးပေးပြီး လစ်ရု့ဘဲ များများဖတ်နိုင်တာပေါ့။ကွန်မက်ပေးတာကလဲကြာသဗျ။ ward verification များပါရင် ဘလော့ပိုင်ရှင်ကို သတ်ချင်တယ်။တကယ်ပြောတာပါ။

၂၅။ nu thwe ပြောတာမှန်တယ် သူလိုချင်တာ သူပြောတာ ပြောချွင့်ရှိတယ် ။ မရေးနိုင်ရင် ပြန်ခဲ့မယ် ဒါဘဲ။
စကားမစပ်..ကိုယ်လာတယ် နုသွဲ့သိတယ်လား။ ဟုတ်တယ် အကြိမ်ပေါင်းမနည်းဘူး ဘာမှ မရေးဘဲထားခဲ့တာ။ အားနာလိုက်တာ။

၂၆။ လွတ်ငြိမ်းလေပြေပါဘဲ အလွမ်းလာသယ်တယ်။ ဘလော့မပိတ်ပါနဲ့ဆိုပြီး။ စိတ်ကူးကိုမရှိ။

၂ရ။ လင်းဒီပ. သူ့ကဗျာလေးတွေ သိတ်ကောင်းတယ်။ မဆိုးဘူး .သူလဲနားလည်မှူရှိတယ်။ နောက် တစ်ခါဆိုရင် :D ဘဲ။

၂၈။ subuue.ain ဆီကတော့ကွန်မက်ရဘို့မလွယ်ဘူးဆိုတာသိလိုက်ရတယ်။ သုံးခါလာမိပြီးမှ ဘာရေးရမှန်းမသိဘူးလို့ မန့်သွားတယ်။

၂၉။ ကြည်..အစ်ကို့ကိုလောင်တာလား။

၃၀။ UDP Myanmar လဲအိုကေတယ် နောက်တစ်ခါ ဆိုရင် အစက်ချလို့ရမယ်။ သူခွင့်ပြူထားပါတယ။်

၃၁။ su ကတော့..su ကတော့

၃၂။ နွေးနေခြည် အိုကေတဲ့ အထဲပါတယ်။

၃၃။ tg.nwai အထွေအထူးပြောစရာမလို။ သူ့ဘလော့ကိုယ်သွားဖတ်ပြီး ကွန်မက်မပေးဘဲ စီပုံးမှာဘဲ အလာပသာလပပြောပြီး ပြန်လာတာ အခါပေါင်းများစွာ။ သူဘာရေးလဲ လဲကြည့်ဦးလေ.။ သူတို့ကျောင်းအကြောင်းထိုင်ရေးနေတာ ..ဘေးကလူမှာ မျက်စိသူငယ် နုားသူငယ်။

၃၄။ Anonymous ကတော့ ဇတ်လိုက်ကို နဲနဲ စိတ်ဆိုးချင်တဲ့သဘောရှိတယ်။ ခွင့်လွတ်ပါ။ သူလောကကြီး အကြောင်းသိတ်မသိသေးလို့ပါ။

၃၅.။ strike ကိုတော့စကားထဲ ထည့်မပြောပါ။ လူဇိုး

၃၆။ JuneOne ကကြားနေရေးသမားပါ။

၃ရ.။ အပြုံးပန်းကတော့ အေးဆေးပါဘဲ

၃၈။ ၃၉။ ဝါဝါခိုင်မင်း ကတော့ ကွန်မက်ကို တိုတိုရေးဘို့ အရှည်ကြီးလာမှာသွားပါသည်။ ကွန်မက်တစ်ခုနှင့်အားမရ။ နှစ်ခုနှင့်မှာသည်။

၄၀။း) သူကတော့ခင်နေတာဘဲ။ ဘယ်လိုက်လည်ရမလဲ မသိ။

၄၁။ မေမိုး အချစ်တုံးကလေး ကတော့ ….

၄၂။ uranusaquarian သူ့ကိုလဲ :D ပေးလို့ရတဲ့အထဲ ထည့်ထားလိုက်သည်။ ကျေးဇူးတင်ပါသည်။

၄၃။ Yu Wa Yi မဂျီးက ဘလော့အများကြီးနဲ့သိဆို ထီးဆောင်းပြီး လည်တာကို။ ယုဝရီဘလော့ကို အစ်မ မဖြုတ်ထားပါး သူ့ဘာသာ ရေပိုက်က ချူပ်ပြီး မလာတာပါ။

၄၄။ သူပြောတာ မှန်တယ် .တို့ဘလော့မှာ ဗဟုသုတ. သတင်း.ရသ မရှိပါ။ ရင်ထဲရှိတာ ရေးချင်းဖြစ်သည်။ မကောင်းသူထိပ်.ကောင်းသူထိပ် ရံ့ဖန်ရံခါပါသည်။ ကွန်မက်များတာကတော့ကိုယ်ကကွန်မက်တွေ သိတ်ပေးတာ များလို့ ပြန်လာ ပေးကြတာ လား လို့ တစ်ခါတစ်လေ အားငယ်မိပါသည်။ ပိုစ်ဖြစ်ရော တင်သလိုဖြစ်သော်ငြား အားထုတ်ရတာလေးတော့ အသိအမှတ်ပြူစေချင်သည်။ သရက် သီးပိုစ် ည က အကြံမရ ဟိုရေးလိုက် ဒီရေးလိုက်စိတ် တိုင်း မကျလိုက်။ နောက်ဆုံ သရက်သီးပိုစ် နှင့် မှ ကိုယ့်ဘာသာ စိတ်တိုင်းကျသွားသည်။ တစ်ညလုံးမအိပ်လိုက်ရပါ။ strike သက်သေရှိသည်။ (အထင်လွဲစရာတွေများဖြစ်ကုန်မလားမသိ)။

၄၅။ Steve Evergreen ပါ.ကွန်မက်တွေပြန်လာဖတ်တယ်။

၄၆။ မီယာကတော့ဘော်ဒါပါ။ အမာခံ။ပြောစရာမရှိ။

၎ရ။ Steve Evergreen နဲ့လဲ အရင်က အဲလို့ဘဲဖြစ်ဘူးတယ်။ နောက်တော့သူနားလည်မှူရသွားတယ်။ ပထမတော့သူလဲ အတော်စိတ်ဆိုးတယ်။ ကိုယ်ကလဲကိုယ်ပါဘဲ။ ပြန်လာခဲ့မယ်တို့ဘာတို့ပြောထားပြီး ပြန်သွားချင်မှ ပြန်သွားတာ။ အရူးလုပ်သလိုဖြစ်တာပေါ့။ ဒါပေမဲ့တို့သေချာဖတ်ပြီဆိုရင် သေချာဖတ်ပါတယ်။ သူ့ဘလော့ကို အကုန်နီးပါးဖတ်သွားရုံမက ဓါတ့်ပုံတွေ ပါ မွေသွားသေးတယ။် ဝါသနာပါရင်သွားမွေပါ။ ယောကျာ်းေးလးလုပ်ပြီး အတော်လေးကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း သူ့အိမ်ကိုပါ သွားလေ့လာနိုင်ပါတယ်။ အခုတလောတော့ရောမကပြန်လာပြီး ဓါတ်ပုံပေါင်းများစွာ နဲံ့ အလုပ်ရှုပ်နေလေရဲ့။ ရုပ်ကလေးလဲသနားကမားပါ။ သွားကြည့်နိုင်ပါတယ်။

၄၈။ အဲဒါက တော့ Zatlite ကဘဲ ဖြေကြားပါလိမ့်မယ်

၄၉။ ၅၀။ Phyo Evergreen ကလည်း ကာကာ က အာဝါးပေးပြီးကတည်းက တို့ကို ခင်သွားတာပါ။ အမြဲလာလည်ပါတယ် အဲဒီကတည်းက။

၅၁။ ဆိုင်းအောင် ကတို့ဘက်က မခံရပ်နိုင်လို့သွားပြီး visited လုပ်လိုက်ပါတယ်။ လက်စားချေတဲ့သဘောပေါ့။ကျေးဇူးပါ ဆိုင်းအောင်း။ကျေးဇူးကမာဆိုင်။ (ပူတာအိုမှာနေဘူးတယ်။)


၅၂။ ပုံရိပ်ကလေည်း နုသွဲ့ကိုထောက်ခံပါတယ။်

၅၃.။ Anonymous2 said... I'm just happy to know that you're alive.(အင်း ဒါကတော့ပြောရခက်တယ်။ ရည်းစားဟောင်းကများ အမြင်ကပ်ကပ် နဲ့လာပြောသွားသလားလို့ထင်မိတယ်။ ) ရည်းစားဟောင်း မဟုတ်ကြောင်းပြန်လည်ဖြေရှင်းပါရန်။

၅၄။ green gril လေး အခုတလောငြိမ်တယ်။ သူလေးကလည်းကိုယ့်ုကို ချစ်သူထဲပါပြီးသားဆိုတော့ပြောစရာမရှိပါ။

၅၅။ မေအောင်…ကိုနိမနိစ် နဲ့ပက်သက်ပြီးမှခင်ရပေမဲ့ (ဟင် ကြည့်စမ်း နိစ် ဆီ ကမန့်တာ မတွေ့ဘူး. တာဝန်မကျေဘူး။ ) ဂျိတော့မှာခင်နေပါပြီး ချစ်စရာလေးပါ။ စိတ်ဝင်စားသူများအစ်မကို ဆက်သွယ်ပါ။ လူချင်းတွေ့ရင်ပိုချစ်ဦးမယ် လို့သူကဆိုပါတယ်။

၅၆။ ကောင်းကင်ပြာ ကလည်း :D ကိုလက်ခံပါတယ်. beginner ဘလော့ကလေးပါ။ အသစ်ကလေးမို့ အားပေးကြပါဦးလို့ ။ ဘာမှ မရှိသေးပါဘူး သွားမကြည့်ပါနဲဥိး။ ဘာဆိုဘာမှ မရှိပါ။

အသီးကွဲနေတဲ့ကိုဂျူလိုင်. မိုနိုပိုလီကစားနေတဲ့ရွာသားလေး။ ငယ်သူငယ်ချင်းကိုဂီ။ သုနှင်းဆီ.။ TZA. ko boyz. / ksg. လင်းစ.် Lin htet,
ရွှန်းမီ: , and dear list ကိုလည်းထည့်ပြီးစာပြန်လိုက်ပါတယ်။

အီတွင်.သတင်းကျေငြာလို့ပြီးပါပြီရှင်။ စကားမစပ် ၅၆ ဂဏန်းနဲ့အကျိုးပေးပါတယ။် ဖောင်ကြီးတက်တုံးက နံပါတ်က .ကသ ၅၆ ပါ။ ငါးခြောက်လို့ခေါ်ကြပါတယ်။ အဲဒီတုံးကပိန်သေးတယ်လေး အခုတော့လဲ လှရု့ပါဘဲ။ မိန်းမများ ဘယ်အရွယ်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ်လှတုံးလို့ထင်ပါတယ။် ငါ မအိုသေးလို့ထင်ပါတယ်။ ဘုရားစူး နိယာမပါ။

Sunday, February 22, 2009

visited

ပီးခဲ့တဲ့ ရက်ပိုင်းက virtual world သူငယ်ချင်း တစ်ယောက်ဆီက မေလ်ရပါတယ်။ သူ့ခံစားချက်ကို ဖတ်ပြီး ကိုယ် စိတ်မကောင်းပါဘူး။

ကိုယ့်မှာ အချိန်လေး အတော်နည်းပါတယ။် ဘလော့ကိုလည်း အန်မတန်ချစ်ပါတယ်။ ထွက်သမျှကို နိုင်သလောက်ဖတ်ပါတယ်။ တစ်ချို့ တွေမှာ ကွန်မက် ရှည်ရှည်ရေးဖြစ်သလို တစ်ချို့မှာလည်း တိုတိုရေးဖြစ်ပါတယ်။ တစ်ချီု့မှာလည်း သိတ် မဆွေးနွေးလို၍ သော် လည်းကောင်း သိတ် နားမလည်၍ သော်လည်းကောင်း ဆိုရင် သိတ်မရေးဖြစ်ပါဘူး။ တခါတစ်လေ လည်းဘာပြောရ မှန်းမသိရင် အဲလိုဘဲပြောမိပါတယ်. ထွက်သမျှနီးပါးကို အကုန်လုံးလောက်နီးနီး ဖတ်ဖြစ်ပါတယ်။

သူရေးတဲ့ ဗြိတိသျှလိုကို မြန်မာလို ပြန်လိုက်ပါ့မယ်။ တို့ကလဲ e သိတ်ကောင်းတာ မဟုတ်ဘူး။

သူပြောချင်တာကတော့ တို့ဟာ သူ့ရဲ့ reader no 1 ဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ ကျေးဇူးြ့ပီုး ကျေးဇူးပြူပြီး (သုံးခါ သုံးပါတယ်။ ) သူ့ရဲ့စာ ကိုလာဖတ်တဲ့အခါမှ ပြောစရာ ရှိမှသာလျင် လာခဲ့တဲ့ အကြောင်းကွန်မက်လုပ်ပါ လို့ ဆိုပါတယ်။ ကိုယ်ပြောချင်တာ ပြောခဲ့ လို့ရပါတယ်။ ဒါပေမဲ့ visited တို့ read တို့တော့ မလုပ်ပါနဲ့လို့ဆိုပါတယ်။ သူ့အတွက်လဲ အဓိပါယ် မရှိ။ လာဖတ်တဲ့သူများအတွက်လည်း အဓိပါယ် မရှိလို့ဆိုပါတယ်။

ဒါကို သူစိတ်ပျက်လွန်းလို့ တိုဲရဲ့ ပိုစ်တစ်ခုထဲမှ seen လို့လာရေးဘူးပါတယ် လို့ဆိုပါတယ်။ သူ့ရဲ့ တခြားသော reader တွေ က မြင်ဲခဲရင် သူက ကိုယ့်ကို by force လာ ခိုင်းထားတယ်လို့မြင်နိုင်သွားပါတယ်တဲ့။ မြန်မာ ဘလော့တွေမှာ အဲလို သဘောမျီူး သုံးခဲကြပေမဲ့ အင်္ဂလိပ်လိုမှာတော့ အဓိပါယ် အတူ မဆောင်ဘူးလို့ ဆိုပါတယ။် ဒါပေမဲ သူကတော့ တို့ကို ချစ်မြဲခင်မြဲပါဘဲ လို့ဆိုပါတယ။်

တို့လဲ စိတ်ငြစ်သွားတယ်။ အားလုံးကို နိုင်သလောက်ဖတ်ပေမဲ့ အားလုံးကိုတော့ မဝေဖန်နိုင်ပါ။ တို့သည်လည်းဦးဝင်းငြိမ်းမဟုတ်။ စိန်ခင်မောင်ရီမဟုတ်။ သာမန် စာဖတ်သူသာဖြစ်ပါတယ်။ သူလဲ သူတကယ် ခံစားရတာကို ရေးတာပါ။ ခံစားလို့ရပါတယ်။ သူသေချာရေးထားတာကို တို့က ပေါ့လျှပ်လျှပ် သွားလုပ်သလို ဖြစ်သွားမယ် ဆိုတာ နားလည်ကြည့်လို့ရပါတယ။်

မြန်မာလိုရေးမယ်ဆိုရင်...ရောက်လာပါတယ်အစ်မရေ.မမရေ..လည်တယ်။......မင်္ဂလာပါချင့်လည်လည် လာရယ်.လည်ပတ်ဖတ်ရှူသွားပါတယ်ခင်ဗျာ ရောက်စ။ ချစ်စ်။ လည်ပါတယ်။ ရောက်ခဲ့တယ်နော်။ ဆိုတာတွေထက် လိုရင်းတိုရှင်း visited ဆိုတာ ရောက်ခဲ့တယ် လို့ ဆိုပါတယ်။ read ဆိုတာ ဖတ်သွားတယ်လို့ ဆိုလိုပါတယ်။ ဒီကိစ္စ ဟာ.megumi နဲ့မှာတစ်ခါဖြစ်ပြီးပါပြီ။ ဘာမှ မရေးဘဲ ပြနိပြန်သွားလို့သူစိတ်ငြစ်ရတယ်ဆိုတာ။ မို့ကိုယ်က ကိုယ် ရောက်ခဲ့ကြောင်း ဖတ်သွားကြောင်း ကြောင်း လေးစားစွာ အသိပေးတာပါ။ ကိုယ်မြန်မာလို မရေးတာက e လိုရေးတာပိုမြန်လို့ပါ။

အဲဒီတော့ရှေ့ဘယ်လိုဆက်သွားကြမလဲ။ တိတ်တိတ်လေးဘဲ ဖတ်ပြီးပြန်လာခဲ့ရမလား။ စဉ်းစားပြီး ကွန်မက်ခဲ့ရမလား ။ အခု မြင်တာကတော့ စာရေးသူ အချို့ဟာ သူဖတ်ချင်တာ ဖတ်ပြီး သူရေးချင်တာ ရေးနေတာ မြင်မိတာလဲရှိတယ်။ ကိုယ့်လို ထွက်သမျှဖတ်. ရေးလည်းရေးဆိုရင်တော့ ကိုယ် ကွန်ပြူတာရှေ့ ကထရတော့မယ် မထင်…………မထင်..။



E လိုဖတ်ချင်သူများ
ဘာသာပြန်မှားသွားမှာစိုး၍ ကိုယ်တိုင်ပြန်ဖတ်ကြရန်။
>
> visited
>

I know!!! You're like my number one reader but please please please only comment if you have something more to add then to tell me you've been to my site. Tell me I've written something badly or that my writing this week is boring ...anything... but comments like "visited" and "read" are just not interesting to read. Not for me nor the rest of my readers.

I got so annoyed of it, I once commented "Seen" on one of your posts :(

When my other readers read comments like "Visited", they assume I'm forcing people to come visit my site. It gives the impression that you were under obligation to visit or read. I know it is a common thing and a good thing to say among Myanmar blogs like "လာလယ်သွား ပါတယ်။"
"ဖတ်သွားတယ် နော်။" but the language just doesn't translate to the same meaning when you say it in English.

Saturday, February 21, 2009

Torture
















အစ်မ အရေးပေါ်ခွင့်ယူပြီး ဘာချက်စားနေသလဲဆိုတော့ အဲဒါဘဲ၊မြင်တဲ အတိုင်းဘဲ။ အောက်ဆင်းသွားတယ်။ ထုံးစံအတိုင်း ပုဇွန် နဲ့ မုန်လာဥ ဝယ်တယ်။ သရက်သီးတွေ့တော့ သူငယ်ချင်းတွေ ကို သတိရ တာနဲ့ သူတို့ အတွက် ဝယ်သွားဦးမှ ဆိုပြီး။ ဝယ်တယ်။ နှိပ်စက်ဦးမှ ဆိုတဲ့ အကြံလည်း ပါပါတယ။်


အစိမ်းကြော်ကြော် စားမယ်ဆိုပြီးပေါက်တတ်ကရတွေ ဝယ်တယ်။ ကြော်တယ်။ ထမင်းပေါ် အုပ်လိုက်ရင် ထမင်းပေါင်း ဖ်ြစ်သွားတာပေါ့။ လွယ်လွယ်လေး။ မဇနိ လောက်တော့ ရယ်တာပေါ့။ အာလောက်လောက် ..အာလောက်..လောက်။

အာလောက်လောက် အကျယ်ကို ရှူချင်ရင်တော့ ဒီ ကိုသွားပါ။ ဖြန့်ဝေရင် တရား စွဲမယ် ဆိုလို့ အာပတ် လွတ်ကလေး ညွန်ပြတာ။ သင်္ကြန်လည်း နီးပြီလေ။

http://www.youtube.com/watch?v=4sMUo1wG8vo

ပုဇွန်ကြော်လေးပါ ပန်းကန်ပေါ်ပုံပြီး တင်စားလိုက် ဟော..အမြင်လဲ လှသွားတယ်။ ဒါနဲ့ စကားမစပ် ပန်းကန်လေး တော့ဝယ်ဦးမှ ..အခုလို နှစ်ကျပ်တန် ပန်းကန် နစ်ချပ် လေး နဲ့ လုပ်စားနေတာ ကြာနေပြီ။ အလွတ်တောင် ရကြတော့မယ်။

သရက်သီးကတော့ သူငယ်ချင်းတွေ အတွက်ဝယ်လာတာပါဘဲ။ ငြံ့ပာရည်ထည့် ငရုတ်သီးမှူန့်ထည့်။ သရက်သီးကလည်းချဉ်လိုက်တာ မပြောပါနဲ့။ ချဉ်စုပ်နေတာဘဲ။ တစ်ကိုက်ကိုက်ပြီးတိုင်း မျက်နှာကို ရှုံ့သွားတာဘဲ။ ကုန်တော့သွားတယ။် အီပုံ ကို ရှူပါ။

Friday, February 20, 2009

view

ဘတ်စကားစီးမိတိုင်းမှာ ညာဖက်ခြမ်း မှာထိုင်တယ်။
မော်တော်ကားတွေ ကိုကြည့်ချင်လို့

တချို့ ဘယ်ဘက်မှာထိုင်တယ။်
အိမ်တွေ ကို ကြည့်ချင်လို့။

တချို့က အပေါ်ထပ်မှာ ထိုင်တယ်။
ရှုခင်းတွေ ကြည့်ချင်လို့

တချို့က ရှေံဆုံးမှာထိုင်တယ်။
မြင်ကွင်းကျယ် ကြည့်ချင်လို့။

တချို့…..
တချို့..

Wednesday, February 18, 2009

Fever

အချစ် ဖျားနေသည်။ စလုံး ဖလူ ဆိုတာ အဖျား မကြီးပါ.။ ငွေ့ငွေ့ နှင့် ယိုင် တိုင်တိုင် ဖြစ်ရုံသာ။ သူ ယိုင် နေစဉ် ကိုယ် အိမ်မှာ မရှိသော ကြောင့် အတော် စိတ်ဆိုးနေသည်။ သို့ဖြစ်လေရာ ရံဖန်ရံခါ ယောကျာ်းကြောက် ချင်ယောင် ဆောင် ရသောကြောင့်…

Tuesday, February 17, 2009

theory

ဈေးကျတယ်။ဈေးကျတယ်

မော်တော်ကား
အပေါ်ကားပြူတ်ကျပေမဲ့အောက်ကား ပြူတ်မကျ.

အိမ်ခြံမြေ
ဈေးနည်းတာတွေ ကျ..ဈေးကြီးတာတွေ က မကျ.


ငွေ
ရှိတာကို ပို့./နောက်နေ့ထပ်ကျ.
ကျတဲ့အထဲက အမြတ်ရ။

Sunday, February 15, 2009

sorry dear


မုနှ်ု့ဟင်းခါး

အကြော်မပါ။
ငါးရုတ်သီးမှုန့်မပါ
ဘဲဥမပါ. ငပျောအူမပါ။
ဇွန်းမပါ။သပုရာ မပါ
နံနံ့ပင်မပါ။




ဘဲဥ.ချဉ်ရည်.

ခြောက်ကပ်ကပ်။
အခင်းအကျင်းစွဲမက်ဖွယ်ရာမရှိ.။

လက်ဘက်သုတ်
အဆိုးဆုံးဘဲ
ပုဇွန်ခြောက်မပါ. ကြက်သွန်ကြော်မပါ.
အကြော်စုံ. မြေပဲမပါ. နှမ်းမပါ
ငရုတ်သီးစိမ်းမပါ
ရေနွေးကြမ်းမပါ။

လွန်တာရှိ ဝန္တာမိ။
ဦးချပါ၏။

Saturday, February 14, 2009

q & a




ယခုပုံကိ အဓိပ္ပါယ် စိတ်ကူးတည့်ရာဖြေဆိုပါ။
ဟိုဟိုဒီဒီ မေးမြန်းခြင်းမြ့ပူရ။
ကူးချခြင်းခွှုင့်မပြူ။


Friday, February 13, 2009

crazy



အချိန်တွေ အကုန် သိတ်မြန်တယ်။ လုပ်ချင်တာတွေ အများကြီး ရှိသေးပေမဲ့ ညက ၁၂ ထိုးနေပြီ။ လုပ်ချင် တာ တွေ က အများကြီး ကျန်သေးတယ်။ အိပ်ချိန်ကို လျော့ သော်လည်း ကျန်းမာရေး ထိခိုက်အောင်တော့ လျော့ လို့ မဖြစ်သေးဘူး။။ အသစ်မရေးရင် မနေနိင် လို့ အတော် လေး စဉ်းစားပြီး သကာလ အကြံ ရတယ်။ နိုင်ငံခြားက လူတွေ မေ့ကုန်မှာစိုးလို့ အမှတ်တရ..


Wednesday, February 11, 2009

sun/moon

ဒီနေ ဒီရေ ဒီလေ


ညနေစောင်းမှာ မိုးတွေ ညို့လို့။။ တိမ်တွေ မဲနေတဲ့အထဲမှ နေမင်းက ဆင်းကာနီး ကြိုးစားပြီး အလင်းရောင်တွေ ထုတ် လွတ်ပေးနေတယ်။ ရေထဲမှာ လဲ နေရဲ့ အလင်း ရောင် ကလည်း ရောင်ပြန်နေတယ်။ လမင်း ကို ကောင်းကင် ပေါ်တက်မလာခင် ဖမ်းမိ ထားတယ်။ သာမန်မျက်စိ နဲ့တုံးက မတွေ့ ခဲ့ဘူး။ ဓါတ်ပုံထဲ မှာလာပေါါ်တယ်။






ညဘက်မှာတော့လမင်းကြီးကို ကောင်းကင်ပေါ်မှာ တွေ့တယ်။

Sunday, February 8, 2009

nature of men 3

မနေ့က သွားရင်းလာရင်း. မြနဒ္ဒာ ရောက်သွားခဲ့တယ်။ လူစည်ပါတယ်။ တစ်ယောက် တည်းဘဲ ။ အချစ်လား မမေးပါနဲ့။။ ရျှိပါတယ်။ တစ်နေရာရာမှာ.. ရှိတယ်။ ဘယ်သွားသွား ဘယ်လာလာ အတူတူဘဲ ဆိုတာ ပါးဖောင်းစဉ် ကာလကပါ။ ပါးလေး ပိန်သွားရင် တော့ ဒီလိုပါဘဲ.. လောက နိယာမကို နားလည်ထားရင် ခံနိုင်ရည်ရှိပါတယ်.............(ခိုင်ထူးသီချင်းကလေး ကို တိုးတိုး ဆို)



လိုချင်တာ ပါဆယ် မှာပြီး.။ ဘာမှ မစားဘဲ ရဲရဲရင့်ရင့် ထိုင်ရဲတာ ကိုယ်ပါ.။ ပြိတ္တာ လို့လဲ ခေါ်နိုင်တာပေါ့။ စားဘို့ ပိုက်ဆံရှိရဲ့သားနဲ့ မစားနိုင်တာ.. (ဘာလို့ မစားနိုင်သလဲ အချင်းချင်း တော့သိကြပါတယ်ရှင်) ငယ်စဉ်က စားသမျှ မဝ.. နဲနဲကြီး.လာရင်.. (များများ ကြီးလာရင် လို့ ပြင်ဖတ်ပါ) နဲနဲ စားလဲဝ..များများ စား လဲဝ..ဝဘို့သာကြီးပါကောလာ.း။.



စလုံးမလေးတွေ ဘာများစားပြီး ပိန်နေတာလဲကွယ် လို့ ခပ်ညည်း ညည်းလေး ပြောမိရင်တော့ ဘာမှ မစားဘဲ ရေဘဲ သောက်နေလို့ပေါ့ကွာ ဆိုတဲ့ အဖြေကို ရမယ် ဆိုတာ ကြို သိထားပါတယ်။ မေးစရာ မလိုတဲ့ out of question မေးခွန်း တစ်ခုပေါ့။ မော့ကြည့်လိုက်ရင် သီချင်း ဆိုနေတာတွေ့မယ် .ဘယ်သူလဲ မမေးပါနဲ့ အကျီင်္အဆင် ကလေး မြင်တာနဲ့ လေးဖြူ လို့ သိလိုက်ပါ။



စားပွဲလေး ပျင်းနေမှာ စိုးလို့တယ်လီဖုံးလေး တစ်လုံး ချထားပေးလိုက်တယ်။ ပိုက်ပိုက် အိတ်ထဲ မှာ တယ်လီဖုံးတွေ အများကြီး ရှိနေသေးတယ် ဆိုတာ ကို သတိရပါ။ နောက်ဆုံးတော့လဲ အပေါ်ထပ် လေးထပ် အသုတ်စုံ ဆိုင်ရောက်သွားပြီး ကြပ်ကြပ် သပ်သပ် ကပ်ကပ် သတ်သတ် ကလေး. ထိုင်ပြီး စားခဲ့ပါ၏။





စိတ်မထိန်းနိုင်တာကို တစ်ခါတစ်လေ ဘဲလေ လို့တွေးခေါ်ြီ့ပီး excuse လုပ်ခဲ့ရုံ့မကာ ရွေချည်ဆနွင်းမကင်း လေးပါ ဝယ်ခဲ့သေး.။ ရန်ကုန်ကို မမှီပေမဲ့ စားလို့ရရင် ကျေနပ်ပါလေ လို့လည်း ကိုယ့်ဘာသာ ဖြေသိမ့်ခဲ့တယ်။ ကိုယ်မချက်တတ် ရင်တော့ အားလုံးချက်တာ ကို ကောင်းပါသည် ခင်ဗျား လို့သာပြင်ထားပါ။


အချိန်ရှိသေးရင်တော့ မိန်းကလေး မီးဖိုချောင်မှာ ချက်တတ် ပြူတ်တတ် ဖြစ်အောင် သင်ထားစေလိုကြောင်း.. မဟုတ်က အိမ်ထောင်ြ့ပူရင် အန်မတန် မျက်နှာငယ်မည် ဖြစ်ကြောင်း.. မရခင်သာ သူတို့က ရပါတယ်ကွာ လို့ပြောပြီး ရပြီးရင်တော့ မရတော့ဘူး ဟေ့ ဆိုတာကို နားလည် ဘို့လိုကြောင်း.........။

Academy (Source: http://www.burmeseclassic.com/)

အကယ်ဒမီစာရင်း
တေးဂီတ
စိန်မွတ်တား (ကိုးဆယ်ဆသာလိမ့်မယ်)


ဒါရိုက်တာ
မောင်ယဉ်အောင် (ကိုးဆယ်ဆသာလိမ့်မယ်)


ဇာတ်ကား
ကိုးဆယ်ဆသာလိမ့်မယ်( မြင့်မာလာ ရုပ်ရှင်)


ဓါတ်ပုံ
ကျောက်ဖြူပဒေသာ (ငါ့ဓား ငါ့သွေး ငါ့ ဧရာဝတီ)


ဇတ်ပို့အမျိုးသား
မိုးဒီ (ကိုးဆယ်ဆသာလိမ့်မယ်)


မင်းသား
ကျော်ရဲအောင် (ကိုးဆယ်ဆသာလိမ့်မယ်)


ကျန်သည့်ထူးချွန်ဆုများကို ယခုနှစ်တွင် ချီးမြှင့်ခြင်းမရှိပါ။


Source: http://www.burmeseclassic.com/


Myo မှ စီပုံးတွင် လာရောက်သတင်းပေးသည်။ ကျေးဇူးပါ myo


Saturday, February 7, 2009

karaoke

တစ်နာရီ ခုနှစ်ထောင်.။ လေးနာရီ.. နစ်သောင်းရှစ်ထောင်..။ ခလေးမလေး မုန့် ကျွှေး. သီချင်းဆို ဟိုလိုလိုဒီလိုလို. စာပွဲထိုးအား တစ်ပေးက ချောချောရ.။ စုစုပေါင်း က လေးသောင်းခွဲ။

Thursday, February 5, 2009

cloud

အခုတလော တိမ်တွေ ကိုစိတ်ဝင်စားနေတယ်။ ရန်ကုန်ကို လွမ်းလို့ထင်ရဲ့။ အညာဘက် သွားရင် တိမ်တွေ သိတ် လှတယ်။ အခုတိမ်ကတော့ စလုံးတိမ်နဲ့ မလေးတိမ်ပါ။

စလုံးတိမ်




မလေးတိမ်















မလေးတိမ်

Wednesday, February 4, 2009

screw

ငယ်နာမည် မောင်ရစ်ဟုခေါ်ပါသည်။
ပုံ
kom

Tuesday, February 3, 2009

massage

အသေနှိပ်တစ်ထောင်
နှိပ်သောနေရာတွင် တစ်နေရာ ဆိုကြပါစို့။ တစ်နာရီ သုံးထောင် ပေးရ၏။ အကြမ်းဖျင်း တစ်နာရီ နှစ်နာရှီ အနှိပ်ခံကြသည်။ အချို့သောသူများ လေးနာရီ နှိပ်ခံသည် ဆိုသည်။ တသောင်း နစ်ထောင်။ နှိပ်သောသူ ကို တစ်ထောင် ဘောနပ်စ် ပေးသည် ဆို၏။ ထိုသူများ ကို အသေနှိပ်တစ်ထောင် ဆိုရွေ့ နှိပ်ပေးသောသူမျှား ထွက်ပြေးကြသည် ဆို၏။

Monday, February 2, 2009

deep heart pain

စိတ်မကောင်းဖြစ်စရာတွေ ဘဲ ဆက်တွေးမိပြန်တယ်။ စောစော ကပြောခဲ့သလိုဘဲ ဆက်မဖတ်ပါနဲ့.။

အဖေ
အဖေ့မှာ သွေးတိုးရှိပါတယ်။ ဆေးမှန်မှန်သောက်ဘို့ ဆရာဝန် က မှာတာ ကြားဘူးတယ်။ ဆေးခန်းလဲ အန်မတန်သွားခဲတယ်။ ဆေးသောက်တာ လဲ မတွေ့ဘူး။ ဘာဖြစ်လို့ ဆေးခန်းမသွား ဆေးမသောက်တာလဲ ကိုယ် အခု အချိန်မှာပြန် စဉ်းစားကြည့်တာ စဉ်းစား လို့ မရဘူး။ ဆေးခန်းသွားရင် ပိုက်ဆံကုန်လို့လား။ ဒါကတော့အမှန်ဘဲ ကုန်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်လဲမသိဘူး။ ဘာဖြစ်လို့ မသွားလဲ ဆိုတာ လဲ တစ်သက်လုံး မမေးခဲ့မိပါဘူး။

တစ်ရက် ခေါင်းမူးတယ် လို့တော့ ပြောတယ်။ ပြီးတော့ အဖေနဲ့ ကိုယ် နဲ့ ပဲခူး က အဖေ့ညီ ဆီ ကို သွားလည်ကြတယ်။ အဲဒီ ည က ထုံးစံ အတိုင်းအဖေ အရက်နဲနဲ သောက်တယ် ထင်တယ်။ မနက် အစောကြီးလဲ ရေထချိုးသေးတယ်။ ပြီးတော့ တော က အိမ် ကလေး မှာ ခေါင်းရင်းတံခါး ဖွင့်ပြီး အိပ်ပါတယ်။ ခဏနေတော့ဘယ်လိုဖြစ်လဲ မသိ..တက်တာ လား ခေါ်လို့ မရတာလား မသိ.. အဲလိုဖြစ်..ကိုယ် မှာ ယောက်ယက်တွေ ခတ်..စဉ်းစား လို့မရ..ပဲခူးဆေးရုံတက် မလား. ရန်ကုန်ပြန် သွားမလား။။နောက်ဆုံး ကိုယ်ရန်ကုန် ကို ပြန်ခေါ်လာတယ်။ လမ်းမှာ တစ်ခါ တက်ပြန်ရော.. ဆောက်တည် ရာမရ ကိုယ် လမ်းမှာ အင်းတိုင် စစ်ဆေးရုံထဲဝင်သွားပြီးအကူအညီတောင်းပြန်တယ။် ကူညီလိုက်ပါတယ်။ စစ်သား လေး တစ်ယောက်ပါ အဖော်ထည့် ပေးလိုက်တယ်။ ဆရာဝန် နာမည် မှတ်လာခြဲ့ပီး မေ့ သွားပါတယ်။

နောက်ဆုံး ရန်ကုန် ဆေးရုံကို တန်းတင်လိုက်ရတယ်။ အဲဒီ ကတည်း ကဘဲ ဆိုပါဆို့ အဖေ လေဖြတ်ချိနဲ့သွားတယ်။ ပထမ ရုံ့းပြန်တက်နိုင်သေးတယ်။ နောက်ပိုင်း တစ်ခါ အဲလို ဖြစ်ပြန်တော့ ဆရာဝန်မကြီးဒေါ်စန်းမြ က အဖေ့အသက်ရှည်စေရင် ပင်စင်တင် ပါလို့ ပြောတော့နားထောင်ခဲ့ပါတယ်။

တစ်ခါ တစ်သက်လုံးသောက်ခဲ့တဲ့ ဆေးလိပ်နဲ့ဓါတ်မှန် ကို ဆရာဝန်ကြီး က ကြည့်ပြီး အဆုတ်ကင်ဆာ..ဆေးရုံအခုတက်ပါဆိုတာကို ကိုယ်တို့ညီအစ်မများ က မကျေနပ်ပါဘး.ူ မဖြစ်နိုင်တာ. ဆရာဝန်ကြီး ကဓါတ်မှန်ကို တစ်မိနစ်ထဲကြည့်တာ ဆိုပြီး ပွစိပွစိ လုပ်ပြီး လက်မခံကြပါဘူး။ စိတ်ထဲကနေ လက်ခံပေမဲ့လဲ ဆေးကု ဘို့ကို စိတ် မကူးကြဘူး.. ကိုယ့်အဖေ ကလည်း သိတ်စိတ်နုပါတယ်။ သူ့ကို သာ ရှင်းပြလိုက်ရင်တော့ ချက်ချင်း လဲသွားမှာပါ။ ကိုယ်တီု့ဘာသာ ဆုံးဖြတ်ပြိး အဖေ့ကို အသိတောင် မပေးခဲ့ကြတော့ဘူး။ နိုင်ငံခြား မှာ ကတော့ လူနာ ကို တိုက်ရိုက်ဖွင့်ပြောပြီး သူ့သဘောဆန္ဒ ကိုမေးတာပါ။ ကိုယ်တို့ကတော့ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်ကြတယ်။

အမေ
အဖေကဒီလိုလေးနဲ့နေလာလိုက်တာ နှစ်ပေါင်း အတော်လေးနေပါတယ်။ ကိုယ်တို့ကလည်း အန်မတန်ပြူစုပါတယ်။ ကိုယ်က အဖေ့ခုတင် ဘေးမှာဖျာခင်းပြီး အိပ်တာပါ။ အဖေခေါ်ရင် အလွယ် တကူ လုပ်ပေးနိုင်အောင်။ ကိုယ်က အဖေချစ်..အလတ်မ က အမေချစ်..အဖေနဲ့အမေ နဲ့ က အစ်မ အကြီးဆု့းနဲ့ မောင်လေးကို ချစ်..အမေ ကလည်းအဖေ့ကို ဆို အန် မတန်ချစ်..အစ်ကို..အစ်ကို နဲ့လိုအပ်တာ ကို အမြဲ စီမံ့ပေးပါတယ။် ငြူစူတာ ဆိုလို့တစ်ခါမှ မတွေ့ဘူးဘူး။

နောက်ဆုံးအဖေ တော်တော်လေး ယိုင်လာတော့ ဆေးရုံကလည်း တက်လိုက် ဆင်းလိုက်..နောက်ဆုံး တစ်ခေါက်မှာတော့ ကိုယ် က ဆေးရုံ့တင်ဘို့ စဉ်းစား ပါတယ။် ဒါပေမဲ့ အစ်မအကြီးဆုံး ကလည်း ခရီးသွားနေတော့ သူခရီးက ပြန်လာမှဘဲ ဆေးရုံတက် တာပေါ့။ နှစ်ရက်လောက်တော့ အိမ်မှာဘဲ ပြူစု လိုက်ဦးမယ် ဆိုပြီး အဖေ့ကို ကိုယ် က အိမ်မှာဘဲ နှာခေါင်းပိုက်ထည့်ဘူို့ စီမံပါတယ။် နှာခေါင်းပိုက် ဆိုတာ အစာ မဝင်တဲ့ အချိန်မှာ နှာခေါင်းကနေ ပိုက်သေးသေး ကို အစာအိမ်ထဲကို တိုက်ရိုက်ထည့်ပြီး အစာရေစာ ထည့်ပေးတာ ကို ဆိုလိုပါတယ်။ ပြုစုဘို့ကတော့ အိမ်မှာ ချာတိတ်မ လေးတွေ ရှိပါတယ။် အဲဒါနဲ့ ဆုံးဖြတ်ပြီး နှာခေါင်းပိုက်ထည့်လိုက်ပါတယ်။ ဘယ်သူထည့်လဲ လို့တော့ မမေးပါနဲ့ တော့။ တစ်စုံတစ်ယောက်ဘဲဆိုပါစို့။

ပြီးတော့ ကိုယ်လဲ စိတ်က မချမ်းသာတာနဲ့ အမေ့ကို အပြင်ခဏသွားဦးမယ် လို့ပြောပြီးယောက်ခမ အိမ်သွားပါတယ်။ သိတ်မကြာပါဘူး။ အဲဒီ အချိန် က hand phone တွေ သိတ် မသုံးနိုင်သေးပါဘူး။ ကိုယ်ပြန်လာတော့ အမေ ကို ဆေးရုံတင်လိုက်ရတယ် ။အိမ်နား က ဆရာဝန် မနဲ့ အလတ်မ ဆေးရုံကို လိုက်သွားတယ် လို့ ချာတိတ်မတွေ ကပြောတယ်။ ကိုယ် ဆေးရုံလိုက်သွားတယ်။ အစ်မေ့ကို အရေးပေါါ်မှာ တွေ့ပါတယ်။ နှလုံး ရင်ဘတ် အောင့်တယ် လို့ဆိုပါတယ် ။အလတ်မ က အမေ့လက်ကလေးကို ကိုင်လို့ မျက်နှာ ငယ်လေးနဲ့ ။သူ ကအမေ ကို သိတ်ချစ်ပါတယ်။ ဆေးရုံတက်ရမယ် ၁၉-၂၀ အဆောင်ကို လို့ ပြောပါတယ်။

အဲဒီမှာ ကိုယ်စဉ်းစားတယ်။ ကိုယ့်စိတ်ထဲ တယ်ပြီးမပူမိဘူး။ ဆေးရုံတက်တာ ဘာ ထူး ဆန်းလဲ။ လူတိုင်းဆေးရုံတက်နေတာဘဲ။ နလုံးမကောင်းတာ ဆိုတော့ လေးငါးရက်ပေါ့။ အဲဒါ ဆိုရင် ကိုယ်က ဘယ်လိုပြူစုမလဲ။။ အဲဒီတော့ အိမ် ကအဖေ အတွက်..ဆေးရုံက အမေ အတွက် ကိုယ်စဉ်းစားတယ်။

အဖေ့အတွက် သူနာပြူ အိမ်မှာ။ အမေ့အတွက် သူနာပြူဆေးရုံ့မှာ အရေးတကြီး လိုအပ်မယ်. ကိုယ် အစ်မလတ်ကို အမေ နဲ့ထားခဲ့ပြီး. သူနာပြူဆရာမများ အဆောင် ရန်ကုန်ပြည့်သူ့ဆေးရဲုကြီးကို သွားပါတယ်။ ဆရာမ သွားရှာ ပုံတော်ဖွင့်ပြီး ဆေးရုံ ကို ပြန်လာတယ်။ အမေကို ၁၉-၂၀ နှလုံးဆောင် ပို့လိုက်ပြီဆိုလို့ လိုက်သွားတယ်။ အလတ်မ မျက်စိမျက်နှာပျက် နေပြါီ့ပီ။ တင်္နင်္ဂနွေ ကလည်း ဖြစ်ပြန် ဆိုတော့ ဆရာဝန် မ အငယ် ကလေးဘဲရှိပါတယ်။ အစ်မ အမေ အခြေအနေမကောင်းဘူး ဆရာကြီး ကို သွားခေါ်ပါဆိုပြီး လူနာ မှတ်တမ်းပေးလိုက်ပါတယ်။

ဆရာကြီး အိမ်လဲ ဆေးရုံဝင်းထဲမှာပါဘဲ အမြန်ဆုံးလိုက်သွားပြီး ဆရာကြီးကို မှတ် တမ်း ပြပါတယ်။ ဆရာကြီးက သမီး အမေ မရတော့ဘူး ။ဆရာလိုက်လာလဲ မထူးဘူး လို့ပြောပါတယ်။ ကိုယ် အရမ်းစိတ်ဆိုးတယ် အဲဒီ အချိန်က နောက်ပိုင်း သွေးအေးသွားတော့လဲ ဆရာကြီးပြောတာ မှန်ပါတယ်။ အဲဒါနဲ့ ကိုယ် ဆေးရုံ့ကို ပြန်လာတယ်။ အမေက အတော် ဆိုးနေပါပြီ. ကိုယ်ပြန် ရောက်ပြီး ဆယ်မိနစ် အတွင်း အသက်ရှူရပ် သွားပါတယ။် ကိုယ် အရူးတစ်ပိုင်းဖြစ်သွားတယ်။ ခုတင်ပေါါ်ကို ခုန်တက်လိုက်မိတယ်။ အမေ အမေ ဆိုပြီး လှူပ်မိတယ်။

ဆရာဝန် မကလေးနဲ့ဆရာမ များက အစ်မ ခဏဆင်းပါ. သူတို့ shock ရိုက်ချင်လို့ ဆို. ကိုယ်က မထူးတော့ပါဘူးဒီ အချိန်ရောက်မှ မထူးတော့ပါဘူး ဆိုပြီး မျက်နျာကို လက်ဝါးနဲ့အုပ် ငုတ်တုတ် ထိုင် နေမိပါတယ်။ သိလိုက်ပါပြီ. မရှိတော့ဘူးဆိုပြီး. မယုံနိုင်ဘူး. ညနေ ၄ နာရီလောက် က စရင်ဘတ်အောင့်တာ ည ၈ နာရီ မှာ မရှိတော့ဘူး။ အိမ်ကနေယူလာတဲ့ အိပ်ရာခင်းတောင် မခင်းရသေးဘူး.။ တကယ်ကို ဘရူတ်ဘရက်နဲ့။ အမေဟာ အရမ်းကို သနားစရာ ကောင်း ပါတယ။် သနားစရာထပ် ကောင်းပါသေးတယ်။ အမေ့စိန်နားကပ်တို့ ရွေဆွဲကြိုးတို့ လက်ကောက် တို့ ကို ကိုယ် တို့ဖြူတ်ယူ ထား လိုက်ကြတယ်။ အော်. လူ့ဘဝ. လူ့ဘဝ.။

ကိုယ့်အစ်မ အလတ်မ ကို သူ က သူဘယ်နားမှာ အတွင်းပစ္စည်း အချို့ဖွက်ထားတယ် လို့ ပြောခဲ့သေးသတဲ့.။ ကိုယ်လဲ ကိုယ့်ကိုကိုယ် ခွင့်မလွတ်နိုင်ဘူး. ဒီလိုမှန်းသိရင် ကိုယ် ဆရာမဘယ်သွားရှာပါ့မလဲ။ အနားမှာဘဲနေမှာပေါ့။ အရေးပေါ်ကနေ ၁၉-၂၀ ကို ဆေးရုံကားနဲ့ပို့တာလဲ ကိုယ်ဘယ်လက်ခံပါ့မလဲ ကိုယ့်ကားနဲ့ကိုယ်ပို့မှာပေါ့။ တစ်ခါ တစ်ခါ ကျရင် လူတွေ ဟာ ကိုယ်ရင်းနှိးတဲ့သူတွေ အသည်းအသန်ဖြစ်တာ ကို မဖြစ်ပါဘူး လို့ကိုယ့်ကိုယ်ကို လှည့်စားပြီး နေတာကို ကိုယ် လက်တွေ့သိလိုက်ရတယ်။

အလတ် မကလဲကိုယ့်ကို အရမ်းစိတ်ဆိုးတယ်။ ကိုယ့်ဆုံးဖြတ်ချက် နှာခေါင်းပိုက် အဖေ့ကိုထည့်မယ် ဆိုတဲ့ မြင်ကွင်းကို အမေ မခံစားနိုင်လို့ အခုလို နှလုံး အတက်ခ် ရတာလို့ ဆိုတယ်။ ဒါလဲဖြစ်နိုင်ပါတယ်။ ငါသိတ်စိတ်ငြစ်တယ် .ငါသေချင်တယ် လို့ ကိုယ် အြ့ပင်မထွက်ခင်ကလေးမှာတင် အမေ ကိုယ့်ကို ပြောသွားခဲ့တယ်။ ဆေးရုံမှာ လုပ်တဲ့မြင်ကွင်းကို အိမ်မှာ သူမြင်ဘို့ဘယ်ခံနိုင်ရည် ရှိပါ့မလဲ။

အားလုံးရှုပ်ကုန်တယ်။ လူကြီးဆိုလို့ ဘယ်သူမှ မရှိ။ အမျိုးလူကြီး တွေ ကို ပြေးခေါ်။ အစ်မနဲ့သူ့အမျိုးသားက ခရီး ထွက်.နေလို့မရှိ .။ ကိုယ့် အမျိုးသား နဲ့ အလတ်မ အမျိုးသား ကလည်းပြည် တွင်းမှာ မရှိ။ မောင်လေး သဘော်သားကလည်း သဘောင်္လိုက်နေ.။ အဖေ့ကို အစ်မ အကြီးအိမ် ခဏပို့ဘို့စီမ။ အိမ် ကလည်းချက်ချင်းဘဲ ရှူပ်ရှက်ခတ်သွား။။ အလတ်မ ကလည်းခပ်အေးအေးသမား. ။ အားလုံးဘဲရှူတ်ကုန်တယ်။ နောက်တစ်ရက်ဘဲ အကြီးဆုံးအစ်မ ခရီးကပြန်လာတယ်။ လမ်းထဲဝင် လိုက်ကတည်းက အိမ်ရှေ့မှာ ရှူတ်ရှူက် ခတ်နေတာ သူမြင်တယ်။ သူထင်တာက အဖေ လို့ထင်တယ်။ အဖေက မမာတဲ့သူကိုး.။ အမေ လို့ပြောလိုက်တော့သူလဲ ရူးသွားတယ်။ ပေါက်ကွဲသွားတယ်။ သူ က အဖေနဲ့အမေ ရဲ့အသည်းစွဲ.သူကလည်း မိဘ ကိုချစ်တာ နှစ်ယောက် မရှိပါဘူး။

အခြေအနေတွေ အရမ်းရှူတ်ထွေးသွားတယ်။ အဖေ လည်း ဆေးရုမှာ တောက် လျောက် ဘဲနေပြီး.နောက်ဆုံး ICU ရောက်ပြီး တစ်လ မပြည့်လိုက်ဘူး. ။ အမေ့ နောက် လိုက်သွားတယ်။ အမေမရှိတော့တာကို ကိုယ်တီု့အားလုံးသူ့ကို မပြော ပြလိုက်ကြဘူး။ ဘယ်သူမှ မပြောထွက်ကြဘူး။ ဆေးရု့ကမြင့်လို့အပေါ်ကို လိုက်မ လာဘူးလို့ အခြေအမြစ် မရှိတဲ့ ဆင်ခြင်ကို ပေးလိုက်ကြတယ်။ ဒါပေမဲ့သူသိမယ်ထင်တယ်။ အမြင့်ကို မင်းသမီး အဝတ်အစားလေးနဲ့ ခုတင်ခြေရင်းမှာ ထိုင် နေတယ် လို့သူကိုယ့်ကိုပြောတယ်။

အဖေရက်လည်ဆွမ်းကျွေးတဲ့နေ့က လိပ်ပြာလေးနှစ်ကောင် အိမ်ထဲက ဘုန်းကြီး တရားဟောတဲ့အနားမှာ နေတယ်။ အားလုံးငြိမ်ြ့ပီး ဘဲကြည့်နေရတယ်။ စိတ် မကောင်းလိုက်တာ။ တရားဟောပြီးမှ ပြန်သွားကြတယ်။ အခြေအနေတွေ ဘယ်လို ပြီးဆုံးသွား တယ်ဆိုတာ မသိတော့ပါဘူး ဘယ်သူလာလို့ ဘယ်သူပြန်လဲမသိ..မိတ်ဆွေ များ လာတဲ့အချိန်လည်း အိမ်မှာ မရှိ.။ အန်မတန် မှ ကို စိတ်ထိခိုက်ရတဲ့ အချိန်တွေပါဘဲ။ မိဘတွေ ကို အိမ်မက်တွေ မက်လိုက်တာ ဆိုတာလဲ နှစ်နျစ်လောက် ကြာတယ်။ ကိုယ့်ကို ကိုယ်လဲခွင့်မလွတ် နိုင်ခဲ့ဘူး။

Sunday, February 1, 2009

http://thuhninsee.blogspot.com/


hello everyone!

This is just testing page.

Thanks!

4 comments:

khin oo may said...

very good.
သိတ်ကောင်းတာဘဲ။ ဖတ်လို့။

JuneOne said...

ဟုတ်ပ။ရှင်းကနဲ့၊ထင်းကနဲ့ပဲ။

sin dan lar said...

စာဖတ်သူကို အဆုံးထိရောက်အောင် ဆွဲခေါ်သွားဒယ်ကွယ်...၊
(ဒရွတ်တိုက်..)

Craton said...

ဟုတ်ပါ့.. သားဆိုအသက်တောင်မရှူမိဘူးထင်ရတယ်..

strike said...

Very Nice Post...We Love itttttttttttttttttttttt

strike said...

အမြဲတမ်းဒီလိုပဲရေးနော်

http://privatecrazyworld.blogspot.com/2009/01/breakfast.html





Breakfast
အိမ်ကိုဝယ်လာပြီး ကလေးတွေနဲ့ အတူစားခဲ့တဲ့ နံနက်စာလေးပါ။ မြီးရှည်ရယ် လက်ဖက်ရည်ရယ်ပါပဲ။ မုန်ညှင်းချဉ်လေးတွေကတော့ သိပ်ကောင်းပါတယ်။ မန္တလေးရောက်ရင် စားဖြစ်အောင်စားကြည့်နော်။...


9 comments:
sin dan lar said...

ဟုတ်ကဲ့... (ငိုသံပါဖြင့်...)


Yu Wa Yi said...

စင်စင်လေး ငိုနဲ့ တိတ်တိတ်။ မမ မှာမုန့် တွေအများကြီးရှိတေးတယ်။



Anonymous said...

မန်းလေးရောက်ဖို့ အဝေးကြီး ၊ ရန်ကုန်တောင် မပြန်ဖြစ်သေးတာ အစ်မရယ်။
စားစေချင် ပို့လိုက်ပါလားဟင်၊ အဟင့်။:(
mm


Moe Cho Thinn said...

အသံတိတ် ကြိတ်ရှိုက် သွားသည်..


Republic said...

အာရုံ နဲ့ပဲ စားသွားပါတယ် ၊၊ ဘလော့ဂ်ထဲမှာ ခဏခဏ စားရင်းနဲ့ ပါဝါတက်သွားတာ ၊၊ အဟီး ..ကောင်းသား ၊၊ နောက်တစ်ပွဲ နဲ့ တစ်ခွက် ထပ်ပေးပါ ၊၊


sonata-cantata said...

သွားရည်တောက်တောက်ယို...


Craton said...

မန္တလေးမြီးရှည်ကို အသည်းအသန်လွမ်းသွားတယ်
!_!


ဒီဇင်ဘာနှင်း said...

မြန်မာအစာတွေလွမ်းနေတာကို မမက သွားရည်ကျအောင်စားပြနေတယ် ဟင့် ဟင့် :(


Recent comment

Recent comment ကိုမြင်ချင်ရင် လွယ်လွယ်လေး။

http://blogger-templates.blogspot.com/2007/03/recent-comments.html
Blog address နေရာမှာ. ကိုယ့် ဘလော့နာမည်. ဥပမာ khinoomay77 လို့်ဖြည်.လိုက်.
ပြီးရင် apply ကိုနှိပ်
ရလာတဲ့ widget ကို ထုံးစံအတိုင်း ဘလော့ရဲ့ Dashboard က Layout ကိုသွား.add a Gadget မှာ နဲနဲ play လုပ်လိုက်ပေါ့.။ ဒီလောက်တော့ ဖြစ်မှာပါ။

ကိုယ်လုပ်တဲ့method ကိုပြောတာပါ။ ရန်အောင်နဲ့ ကိုမောင်လှ နဲ့ဆီ က စပြီး သွား လေ့ လာ ပါ တယ်။ လုပ်တုံးက အတော်တော့ လည်သွားသေးတယ။် html ဆို တာ.. code ဆိုတာ တွေကို နားမလည်သူမို့လို့။ ကိုယ်လုပ်ထားတာတော့ ကြာသွားပြီ..memory ကို recall ခေါ်ကြည့်ထားတာပါ။ မမေ့သွားခင်…