Friday, July 31, 2009

ice lemon tea

အအေးတစ်ခွက်ကိုခံစားခြင်း.


























မှတ်ချက်
ဒီအတွေးကိုရောက်ဘို့နစ်နာရီကြာပါတယ်။

Thursday, July 30, 2009

ko paw. madam paw

ကိုပေါ ရဲ့ပိတောက်ရိပ်

ဖတ်ရင်းနဲ့ဟာသပုံပြင်ကို သတိရသွားတာတော့
စိတ်ရောဂါ ဆရာဝန်ဆီကို အမျိုးသမီးတစ်ယောက်က အမြဲလာပြတယ်တဲ့ ။.စိတ်ကျဝေဒနာပေါ့။

အဲ သူ့အမျိုးသားက သိတ်ကြိးပွါးချင်တဲသူပေါ့။ စာအုပ်စာတန်းတွေကို သဲသဲမဲမဲလိုက်နာပြီး.ဖတ်ပြီး. ဘယ်လိုကြီါ်ပွားရမလဲဆိုတာ အမြဲတွေးတောနေသူပေါ့။

ဒါပေမဲ့ လဲကြာလာတော့ မဒမ်ပေါ ကမျှာ....စိတ်ညစ်လာတယ်။ အလုပ်က မဖြစ်တာ များနေတယ်။ အဲဒီ တော့ သူ က ဆရာဝန် ကိုမပြတ်တွေ့နေရရှာတယ။်

နောက်ဆုံး သည်းမခံနိုင်တဲ့မဒမ်ပေါက ကိုပေါကိုပြောတယ။် ဒီမှာ ကိုပေါ. ရှင် ဘယ်လိုလူလဲ ကြီးပွားဘို့ကြံ့ နေတာ ကြာလှပြီး ဘလာဘလာပေါ့......တွန်းအားတွေ ပေးလိုက်တယ်။

အဲဒီတော့ကို ပေါ အသည်းအသံကြံရတော့တာပေါ့၊နေ့မအိပ် ညမအိပ် စဥ်းစား ဖတ်. တစ်ညမှာတော့ မ ဒမ် ပေါ အိပ်နေတာ ကိုသွားနီုးပြီးပြောသတှဲု့။ဒီမှ မဒမ်ပေါ မင်းဘာမှ ပူနဲ့တော့ငါ ရှာဖွေ နေတဲ့ နည်း လမ်းတွေ့ပြီ. ။ အရင်းမရှိဘဲနဲ့ အမြတ်က ရာခိုင်နုးပြည့် ဆိုတာကို တွေ့ပြီ လို့အားရဝမ်းသာ လာ နိုး ပါ သ တဲ့ ။

မဒမ်ပေါကလည် ကြည်လင်ရွှုင်ပြပြီး ဘာများလဲ ကိုပေါရယ် မထိတ်သာ မလန့်သာရှီလိုက်တာ ပြော ပါဦး ဆို တော့။

ဒီမှာ ခွက်တစ်ခွက်ဘဲ ရင်းဘို့လိုတယ်။ တောင်းစားမယ်။ ကြိုက်သလောက်ထည့်သွား အမြတ်ကြီးဘဲ မိန်းမ. ဒီလောက် ကောင်းတဲ့အကြံကွာ. ငါဘာလို့ စောစော က မတွေးမိသလဲတဲ့။

နောက်တစ်နေ့မှာတော့ဆေးခန်းမှာ ကိုပေါတို့ ဇနီးမောင်နံ ကိုတွေ့ရ လေ သ တဲ့။ဒီတစ်ခေါက်ပြမဲ့ သူကတော့မဒမ်ပေါ မဟုတ်တော့ပါဘူးတဲ့ကွယ.်.........

july 30 2009
မှတ်ချက်
စကားမစပ်..
မနက်မိုးလင်တော့ အိပ်ရာကထ………. သီချင်းဆိုရွေ့အမြန် ဖတ်သွားသည်။) နီးစပ်ရာဖတ်တာပါ. ကြိုက်လွန်းလို့မဟုတ်ပါဘူး။
http://www.saturngod.net/?p=1553
http://www.angelshaper.blogspot.com/
http://yanmyo123.blogspot.com/
http://heartstations.blogspot.com/
http://degolar.blogspot.com/
http://www.blog.kokopm.info/
http://thergyi72.blogspot.com/2009/07/blog-post_29.html
http://privatecrazyworld.blogspot.com/2009/07/energy-ministers-call-for-closer.html
http://prosperandpeace.blogspot.com/2009/07/blog-post_29.html
http://mrdba.info/
http://www.cuteavocado.blogspot.com/
http://arrmanthit.blogspot.com/2009/07/blog-post_29.html
http://thagyee.blogspot.com/

Wednesday, July 29, 2009

TV 32

ဟိုနေ့ က သတင်းစာမှာ expo မှာ နာမည် ရှိ ၃၂ လက်မ တီဗွီကို စလုံး ၅၀၀ ကျပ်နဲ့ရမယ်လို့ ကြော်ငြာ တွေ့ တော့ kmsl စိတ်နဲနဲလှူပ်ရှားသွားမိတယ။် ဒါပေမဲံ့လည်း သူ မသွားလိုက်နိုင်ဘူး. ။ ညနေ စောင်း တော့ တစ်နေရာ ကို သွားပြီး အဲဒီတီဗွီ မျိုးသွားရှာကြတယ်။ အဲဒီဈေးနဲ့တော့မရပါဘူး။ ဟိုဟာက ဟိုနေရာဈေး။ ဒီဟာက ဒီနေရာဈေးပါ။ သူက ကိုယ့်အစ်မ ကို ပေးချင်တယ်တဲ့။ ကိုယ်ပြန်ရင်သယ် သွားပါ ဆိုဘဲ။ ကိုယ်လဲ နဲနဲစိတ်ညစ်သွားတယ။် ကိုယ့်ပိုက်ဆံအိတ်တွေ မသယ်ရတော့ မှာစိုးလို့ ။ အင်း. ဒါပေမဲ့ လဲ ကိုယ့်အစ်မ ရမှာဘဲလေ ဆိုပြီး စိတ်လျော့ပြီး လက်ခံ လိုက်ရတယ။် ကိုယ့်အမျိုး။ သူ့အမျိုး အတူတူဘဲ လို့ပြောထားပြီးသား။

သူနဲ့များ အပြင်သွားရ ရင် ဒါဆိုဒါဘဲ . ။ လွဲချော်လို့မရဘူး. အိမ်က ထွက်တယ။် ဒီနေရာဆို ဒါဘဲ။ ဒီအပြင် မရောက်ဘူး. ဘေးမှာ ဘာရှိရှိ.စိတ်မဝင်စားဘူး။ ဒါပြီး ရင်ပြန်မယ်ဆိုတာဘဲ။ မိန်းကလေး သဘာဝ ကို လျစ်လှူရူ ထားတယ။် အဲဒီရောက်တုံး မုန့်ကလေး စားပါလားဆိုလဲ အိမ်မှာ ကိုယ်ချက်ထားတဲ့ ကြက်ဥခ်ျင်္ဉ်ရည် ရှိ တယ်ဆိုဘဲ။ အင်း ချစ်တီးမယား ဖြစ်နေပြီလို့ ခဏခဏ ကိုယ့်ဘာသာကိုယ် ပြောရတယ်။ စိတ်နဲ့လူနဲ့ ညစ်ပါတယ်။ ကိုယ်ကတော့ သူ လစ်ရင်လစ်သလိုသုံးတာဘဲ။

ဝယ်လာကြပါတယ။် Delivery က နစ်ဆယ်ကျပ်လား သုံးဆယ်ကျပ်လားမသိတောင်းတယ်။ ကိုယ့်ဘာသာ သယ်သွားရင်တော့ ပေးစရာမလိုဘူး. ကိုယ်တို့ Taxi နဲ့ မလာတယ်။ စလုံး ၆ ကျပ်ဘဲ ကျပါတယ။် ပေါ့လည်းပေါ့တယ။် တစ်ဆယ် ကီလိုလောက်ဘဲ ရှိမယ်ထင်ရဲ့။ ကိုယ်တောင် မလိုဘူး သူသယ်နိုင်ပါတယ။် ဗလရှိပါတယ။်

အိမ်ရောက်တော့စမ်းကြတယ်။ စမ်းကြည့်ချင်တယ်တဲ့ ။ အမျိုးချင်းဘဲ အသစ် ကိုဖောက်ပြီးပေးလဲ ဘာမှ မဖြစ်ပါဘူး.။ အဲဒါနဲ့ ကိုယ်တို့ ဖောက်လိုက်ကြတယ။် ဆင်တာမှာ အင်ဂျင်နီယာ ချွေးပြန်သေးတယ။် အောက်က အထိုင်ကလေး က ဒီအတိုင်းစွပ်လို့ မရဘူး။တစ်ခုခုခံပြီး ဝက်အူနဲ့ မူလီစုပ်ပြီးမှ ထိုင်လို့ရတယ။် ကိုယ် တစ်ယောက်ထဲ ဆိုရင်တော့ကိုယ်မလုပ်တတ်ဘူး။ ပြီးတော့  မီးဖွင့်လိုက်ကြတယ်။ (On)

မီးဖွင့်တိုင်း ကိုယ်တို့ စိတ်လှူပ်ရှားကြဘူးတယ်။ ဟိုးငယ်စဉ်င်္က သူသဘောင်္စလိုက်ခါစ မှာ JE (junior engineer ) ပေါ့ ။ လခလေးလဲ နဲနဲဘဲ ရပါတယ။်ဟိုတုံးက အဲဒါ ပြန် လာတော့သူသဘောင်္ပေါါ်မှ ကြည့်ခဲ့တဲ့ ၁၄ လက်မ တိဗွီကလေး ကို အိမ်ပြန်သယ်လာတယ။် အဲဒီခေတ် က တီဗွီ ဆိုတာ လည်း ရှားပါတယ်။ အဲဒိတီဗွီကလေး ကို သူက ကိုယ့်ကိုဖွင့်ပြချင်လို့ အားကြိုးမာန်တက်ဆင်ပြီး ဖွင့်လည်းလိုက်ရော ဖောင်းကနဲ အသံမြည်ပြီး လျှပ်ကနဲ ဖြစ်ပြီး တီဗွီလေး ပျက်သွားပါလေရော.။ ကိုယ်တို့နစ်ယောက် တစ်ယောက် မျက်နာ တစ်ယောက်ကြည်ပြီး လန့်လည်းလန့် စိတ်မကော်းလဲ ဖြစ်သွားကြတယ်။ သူက ကိုယ့်ကို မပြလိုက်ရလို့စိတ်မကောင်းဖြစ၊်. ကိုယ်ကလည်း သူ အဝေးကြီး သယ်လာပြီမှ အလုပ်မဖြစ်……...နောက်ဆုံးမှ ဘာဖြစ်သွားတာလဲ ဆိုတာ သိရတယ်။

ဂျပန် တီဗွီဆိုတာ က ဗို့ အား ၁၀၀ လောက်နဲ့ဖွှု့င့်တာ ကိုယ်တို့ ရန်ကုန် မီိးးအား က ၂၂၀ လောက်ဆိုတာ မှာ မီးအားမညီဖြစ်ပြီး ပေါက်ကွဲသွားတာ. . အမှန်က မီးအား ပြောင်းတဲ့ဟာ ကို ကြားခံပြီးမှ ဖွင့်ရမှာ ကို ကိုယ်တို့ နားမလည်ကြတာ.

အဲဒီကနေ စတာ အခုလည်း အသည်းတစ်ယာားယားနဲ့ ဖွှုင့်လိုက်ကြတယ။် ကံကောင်းတယ်။ မပေါက်ကွဲဘူး အရုပ်မြင်တယ်။ အသံမကြားပြန်ဘူး ။ နစ်ယောက်သား တစ်ယောက်မျက်နျာ တစ်ယောက်ကြည့်ကြပြန်ရော.။ အားကိုးတဲ့ အကြည့်တွေ နဲပေါ့။ ကိုယ်က သူ့ကို အင်ဂျင်နီယာ ကြီးဆိုပြီးအားကိုးတယ်။ သူကလည်း ကိုယ့်ကိုယ့်ကို ဟိုစပ်စပ် ဒီစပ်စပ် ရှိတယ် ဆိုပြီး အားကိုးတယ်။ မရပါဘူး. နစ်ကောင်သား စိတ်ညစ် သွား ကြတယ။်

မနက်က call center ကိုကိုယဲ ဖုံးဆက်ရတယ။် ပြင်တဲ့သူ လွတ်လိုက်ပါ့မယ်တဲ့ ချက်ချင်း ရောက် လာပါ တယ။် ဝရမ်တီသုံးနစ်ပါ။ လိုအပ်နေတာ ဆက်တင်ပါဘဲ။ အဲဒါ ပြန်ချိန် လိုက်တာ အိုကေသွားရော။ အဲဒီလူပြန်သွားမှ ကိုယ် သတိရတယ်။ ကိုယ်အောက်စက် ကလေး ထုတ်ပြီး ဖွင့်ကြည့်တယ်။ ဘယ်နား အပေါက်ကိုထိုးရမလဲ ခေါင်း စားသေးတယ။် အပေါက်တွေ က အများကြီးရယ်။ ပြီးပြန်တော့ ထုံးစံ အတိုင်း အရုပ်မြင်တယ်။ အသံမကြား ဘူး.။ အင်ဂျင် နီယာ ကိုတင်ပြတော့ အင်ဂျင်နီယာက စိတ်လျော့သွားပါပြီ မကြိုးစားတော့ဘူး။ ရန်ကုန်ရောက်မှ ဘဲ သက်ဆိုင်ရာ technician ကိုခေါ်ပြီး ကလိလိုက်ရင် ကောင်းသွားမှာ ဘဲဆိုတယ်။ ။ ကိုယ်မတတ်တဲ့ ပညာတစ်ခုကိုလေ့လာရတာ တယ် ခက်တယ။်

Hi technology တွေကို မုန်းတယ်။
အင်ဂျင်နီယာကိုလဲ မုန်းတယ်။

Tuesday, July 28, 2009

hello ……Singapore

ကိုယ်နဲ့မဆိုင်သလိုဘဲ။ ဒါပေမဲ့လည်းဆိုင်ပါတယ်။ သာမာန်ဝန်ထမ်း မျိုးရိုးက လာတဲ့ကိုယ်ဟာ နိုင်ငံခြားဆိုတာ ကိုယ်နဲ့ မဆိုင်သလိုဘဲ ဖြစ်ခဲ့မိတယ်။ ကျောင်းတက်တယ် ရိုးရိုးဘဲ။ ကျောင်းပြီးတယ။် ရိုးပါသေးတယ်။ အလုပ်ဝင်တယ်။ ဒါလည်း ရိုးသေးတယ။် အိမ်ထောင်ကျတော့ အဲဒီခောတ်က ခေတ်စားတဲ့သဘောင်္ာသားနဲ့ အိမ်ထောင်ကျပါတယ။် သတင်းစာမှာ လက်ထပ်ပြီးစီးခြင်း ဆိုတဲ့ ကြော်ငြာ တစ်ခုရယ်။ မြန်မာ ကျပ်ငွေ ၇၀၀တန် လက်ထပ်စာချုပ်ရယ်နဲ့ဘဲ နစ်ဦးသဘောတူ ယူခဲ့တဲ့ သူ က သဘောင်္သားဆိုတော့ကာ တစ်နစ်မှာ တစ်လ ဘဲ.နားဖြစ်ပါတယ။်

ဒီလို နဲ့ နစ်ပေါင်း နဲနဲကြာလာ။ သူ လဲ သဘော်ပေါ်ကနေ ရှိုးပြောင်း ကိုယ့်ကို ခေါ်ချင်တဲ့ အရိပ်အယောင်ရှိပေမဲ့လဲ ကိုယ်က ကိုယ့်ရဲ့ အလုပ်သံယောဇဉ်ရယ်။ လေဖြတ်နေတဲ့ အဖေရဲ့သမီး ..ကို မသွားစေချင်ဘဲ သူ့အနားမှာရှိစေချင်တဲ့ ဆန္ဒကို နားလည်လို့ကိုယ်နဲ့ မဆိုင်သလိုဘဲနေခဲ့တယ။် ဒါပေမဲ့ဘွဲ့လွန်ဆက်မတက်ခဲ့မိဘူး. ဘွဲ့လွန်တက်ရင် နောက်ထပ် နစ် အနည်းငယ်ကို ထပ် ပေးဆပ်ဘို့ အ တွက် အာမမခံနိုင်ဘူး ဖြစ်နေတယ။် ဒါဟာ မှန်ပေမဲ့လည်းမှားသွားတဲ့ ဆုံးဖြတ်ချက်ဘဲလား. ဝေမခွဲနိုင်ခဲ့ဘူး။ လုပ်စရာရှိတာတွေကို ငယ်စဉ်မှာ အပြတ်ဖြတ်နိုင်ရမယ်ဆိုတာ ကို မဖြတ်နိုင်ခဲ့ဘူး။

နောင် ကိုယ် တောနယ်ပိုင်းမှာမှ တော်တော်လေးချောင်ကျတဲ့နေရာကိုပြောင်းရပြီဆိုတော့မှ အလုပ်သံယောဇဉ်က ပြတ်သွားခဲ့တော့တယ။် ကိုယ်မပြတ်ပေမဲ့လဲ သူက ဖြတ် သွားပေးခဲ့ပြီလေ။ အဖေအမေ လည်း မရှိတော့တဲ့ အချိန်မှာ ကိုယ့်အတွက်တော့ ရွေးချယ်စရာမကျန်အောင်ဖြစ်ခဲ့ပြီ။
ဘာကြောင့်နိုင်ငံရပ်ခြားထွက်ခဲ့တာတဲ့လဲ။

Sunday, July 26, 2009

Analysis

မစန္ဒာဝတ္ထုတွေ ထဲမှာ မှတ်မိနေတာ

(ငယ်သူမို့ မသိပါ) တက္ကသိုသ် ကျောင်းသူက ဆယ်တန်းလောက်ယောင်ဆောင်ပြီး. ဘရုတ်ကျတာ။ ဟို လူ က တော့ အဟုတ်ကြီး မှတ်ပြီးသနားလိုက်ရတာ။ အဲဒါကို တော်တော်လေးကြိုက်တယ်။

နောက်.ဝထ္လ္ဘူတိုတွေထဲက ဆိုရင်..ကိုကိုညီညီ ပါတဲ့ဇတ်လမ်းအချို့. ကိုကို က ပျော့ညံတယ်။ ညီက ပြတ်သား တယ်။ အဲဒီတစ်ချို့။

နောက်အတိုတပုဒ်က. ကောင်မလေး ကတွေးတာ သူ့ရည်းစားနဲ့ သူ လိုက်အိပ်ဘူးတယ် ထင်ပါတယ်။ ပိုက်ဆံနဲ့များတွက်ယူလိုက်ရရင် မနည်းဘူး ဆိုပြီး တွေးမိတဲ့အကွက်..

အရိပ်ထင်ပါရဲ့... အတော်ကြိုက်ခဲ့တယ်။ ညီ က လေဆိပ်မှာ ကောင်မလေး ကို အတင်းကြုန်းပြီး ပြန်လာခဲ့ပါလို့အော်တဲ့ အခန်း.. ကောင်မလေး က လက်ထဲက ပစ္စညိးလေးတွေ ပြုတ်ကျတဲ့အခန်း ။ မျက်ရည်တွေ ဝိုင်းလာတဲ့အခန်း.. အတော်ထိခိုက်တယ်။ သူ..ကလေးဖျက်ချလိုက်တယ်လို့ ကားထဲကနေ ညီ့ကို မထီသလို အိုက်တင်နဲ့ ပြောတဲ့အခန်း..၊ ညီ က ရက်စက်လိုက်တာဗျာ လို့ပြောတဲ့အခန်း အဲဒီအခန်းတွေ ဟာ ရုပ်ရှင်ရိုက်လို့ ဘယ်လို မှ မမှီတဲ့ အခန်းတွေ ပေါ့။ စာဖတ်ရင်းနဲ့ အရမ်းခံစားရတယ။် ကောင်မလေး ကားတစ်စီးနဲ့ လေ တဲ့အခန်း. သဘောကျလို့ ကိုယ်လဲ လေခဲ့ဘူးတယ်။ ကိုယ် ကလေးများ ရခဲ့ရင်ကိုကိုညီညီတို့ အဲသလိုနာမည်ပေးချင်တယ်လို့လဲ စဉ်းစားခဲ့ဘူးတယ်။

ကန်ထရိုက်တိုက် ခြောက်ထပ်လွာ က လူတွေ အကြောင်းလဲကြိုက်တယ။် အဲဒီလူကြီး သားသမီးတွေ နိုင်ငံခြားမှာနေပြီး မေတ္တာ ငတ်မွတ်နေပြီး နောက်ဆုံးတိုက်က လူတွေ ကိုဘဲ ချစ်ခင်နေရတဲ့ဇာတ်။ မိဘတွေ ဖြတ်ကနဲ ကားတိုကိလို့ ရုတ်တရက်ကြီး. မိဘမဲ့ဖြစ်သွားတဲ့ ကလေးတွေဇာတ်.၊ ကန်ထရိုက်ပေါ်ကနေ ငလျင်လှုပ်လို့ဆင်းပြေးကြတာတွေ၊. နောက်တစ်ခေါက် လှုပ်ဦး မယ်ထင်လို့ဆင်းနေကြတာတွေ..သတိရတယ်။

ဂျီဟောသူကိုလည်း အတော်ကြိုက်တယ် ။၊ ပြောသလိုဘဲ ဘရုတ်ကျတဲ့ကောင်တွေ ကိုသဘောကျတယ။် သူ့ခမျှာ ဒသာဂီရိကိုတော့အသေ ကြောက်ရှာတယ်။ ခဏခဏ ဖတ်ဖြစ်တယ။်

တစ်အုပ်မှ မလွတ်ခဲ့ဘူးထင်တယ်။ ထပ်ခါတလဲလဲဖတ်ဖြစ်တယ်။ နောက်ပိုင်းသူ မရေးတာ အရမ်းနမျောတာဘဲ။ အတိုကလေးတွေ တော့ ကြိုကြား ကြိုကြားရေးဖြစ်သေးတာ တွေ့ရတယ်။

မိုးမိုးအင်းယား။ ကိုကြိုက်တော့ကြိုက်ပေမဲ့သိတ်မွန်းကျပ်လွန်းတယ်။ ဖတ်ပြီးရင် အဖြေမရထွက်ပေါက်မရှိ. စိတ်ငြစ်တယ။် မစန္ဒာကတော့ပေါ့ပေါ့ပါးပါး ၊ ကိုယ်နဲ့ ကိုက်တယ်။ အရမ်းသဘောကျခဲ့တယ။်

တစ်ချို့ တွေ က အဲဒီခြောက်ထပ်တိုက်ဇတ်လမ်းက အစိုးရ အကျိုးပြူဇတ်လမ်းကြီး. အမေကျော် ဒွေးတော်လွန်းတဲ့ သူတွေ ကို မှားတယ်ဆိုတာ ထောက်ခံထားတယ်ဆိုပြီး ပြောကြသေးတယ်။

ဝတ္ထု တိုများ လဲဖတ်တာပါဘဲ။ တစ်ချို့မဖတ်လိုက်ရတာတွေ မြန်မာဆိုင်ကနေ ဝယ်ဖတ်၊ ငှားဖတ်တယ်။ အခုဘလော့လုပ်တော့ စာဖတ်တာ တအားပျက်သွားတယ်။ စာအုပ်ကိုမဖတ်ဖြစ်တော့ဘဲ ဘလော့ဘဲဖတ်နေဖြစ်တယ်။ ဖတ်ချင်လို့ဖတ်တာရယ် .... ..ဖတ်ရတာရယ်။ ... ... စိုးလို့ဖတ်ရတာနဲ့ ချာလပတ်လည်နေလေရဲ့၊ ဘလော့ဆိုတာ ကို မစဖြစ်ခဲ့ရင်ကောင်းမယ်လို့တွေးမိတာ အခါခါ..၊ သုနင်းဆီလို စည်းလေး ကမ်းလေးနဲ့နေမှသာလျင် ဘလော့မှာ အသက်ရှည်နေနိုင်မှာဘ၊ဲ ကိုယ့်လိုသာ ဆိုရင်ကြာရင် ခက်ရချည်ရဲ့။။

ဝတ္ထုတိုများထဲမှာ... ပိုက်ဆံရှာတာတော်တဲ့ အန်တီကြီးက သူ့ကိုအန်တီ ခေါ်ရင် မကြိုက။် နာမည်ကို ရင် နဲ့တောင် မပေါင်းဘူး ။ ယ ပလက်ကနဲ့မှ ယဉ်ချင်တဲ့သူ.၊ မြေးတွေ က တောင်. နာမည်ခေါ်ရင် ပိုကြိက်တယ် ဆိုတဲတစ်ယောက်..ပိုက်ဆံရှာတာသဘောကျတယ။် မြေတွေ ဝယ်ထားပြီးချမ်းသာလာတာ. ရွေတွေ စုလွန်းလို့မိတ်ဆွေ များက ပြောကြတာ ကိုကိုရေ..ဒါလေး သင့်တယ်။ ဝယ်ထားလိုက်ရင် မမှားဘူး ဆိုပြီးဝယ်ထားတာတွေ ..သှူုသမီးတွေ သူ့ကို မမှီလို့ အားမလိုအားမရဖြစ်တာတွေ.. သဘောကျတယ်။

နှိုငံခြားသား နဲ့ မယူစေချင်တဲ့ အမေနဲ့ ယူစေချင်တဲ့ အမေ နစ်ယောက်ကိုလည်း တွေ့ဘူးခဲ့သေးတယ်။ သူ့ဝတ္ထုတွေ ထဲကကနေ.။ အမေ သဘောတူပါ့မလားလို့ သမီးက မေးတဲ့အခါ. တူတာပေါ့အေ. တူလွန်းလို့ တတူတူနဲ တောင်ရင်ဘတ်ထဲက နေ မြည်နေသေးလို့စိတ်ထဲကနေ သူတွေးမိတဲ့အခန်းတွေ..သတိရတယ်။။

မှတ်ချက်
Boyz က မစန္ဒာ စာအုပ်တွေ ပင်လယ်ထဲမှာဖတ်နေတယ်ဆိုတာကနေ အတွေးရပြီး ဆက်ရေးပါတယ်။ လက်တန်းချ ရေးတာဖြစ်လို့ စာရေးသူနဲ့ ဇာတ်လမ်းတွေ မှားခဲ့ရင်လဲ ခွင့်လွတ်စေချင်ပါတယ်။ စာအုပ်ထပ်ရှာတာမှာ Pauk ကကူညီပြီး. (http://sagarwarmyae.22web.net/?p=63#more-63) တစ်ခါမှ မမြင်ဘူးတဲ့ ANNNY ကလဲ ဝိုင်းပြီးအဖြေရှာပေးတာကို ကျေးဇူးတင်ပါတယ။် ရုတ်တရက် ပေါါ်လာတာမှာ အံသြမိတယ်။ တစ်ကယ်ဘဲ အစစ်ဘဲလား. ကိုယ်တွေ ထဲက နစ်ဘဲလား မသဲကွဲမိဘူး. နစ်ဆိုလဲ / အစစ်ဆိုလဲ ဝမ်းသာတာပါဘဲ။

Saturday, July 25, 2009

The Taking of Pelham 123

ယုံမယ်ဆိုရင်တော့ပြောပြချင်လိုက်တာ..

Kmsl က ရုပ်ရှင်လက်မှတ်ဝယ်ပြီးပြီ။ ဆိုလို့ ရုံရှေ့ရောက်ခဲ့တယ်။ ဗိုက် သိတ်မဆာပေမဲ့ လည်း ဆိုင်မှာ ထိုင်ဖြစ်ကြတယ်။ ကိုယ့် mini port က စားတာ နှေးပါတယ်။ သူ့ lau mee က အရင်ပြီးသွားပြီး ရုံထဲ သွားထိုင်နှင့်မယ်ဆိုပြီး လစ်သွားပါတယ်။ ကိုယ့်ကို ရုပ်ရှင်လက်မှတ် တစ်စောင်နဲ့ ထားခဲ့လေတယ်။ ဘုရားစူး မညာဘူး. သက်သေနဲ့တစ်ကွ တင်ပြပါတယ်။ ဒါဟာ အချစ်လားဟေ့..အချစ်ဟာ ခါးခါး. ခါးသည်း တယ် ဟေ့...
















ရုပ်ရှင် သရုပ်ဆောင်များကတော့ Denzel Washington နဲ့ John Travolta ဖြစ်တယ်။ ကိုယ်တော့ကြိုက်ပါတယ။် ကြည့်မယ်ဆိုရင်တော့ ညွန်းချင်ပါတယ်။ trailer လေး ၂ မိနစ် ကျော် ကို ကြည့်မိမယ်ဆိုရင် ကြည့်ချင်သွားမယ်လို့ ထင်ပါတယ်။ သရုပ်ဆောင်များကတော်လို့ ဘယ်သူ့ဘက်လိုက် ရမလဲမှန်းတောင် မသိဘူး ကိုယ့်သဘောအလိုအရ ဆိုရင်တော့ မေတ္တာရှိရင်းစွဲ John Travolta ဘက် လိုက် ချင်တာဘဲ။ ကောင်းတဲ့ အခန်းတွေ လည်းအများကြီးပါဘဲ။

ပေါက်တတ်ကရ ကိုယ်ကတော့ မှတ်မိနေတာကတော့ ရထားကြီးကို ပြန်ပေးဆွဲတဲ့အခါ မှာ ခရီးသည်က urine ချင်တယ်ဆိုတော့ တံခါးဖွှုင့်ပြီးသကာလ သူ့ခမျာ ပရိတ်သတ်တွေ ရှေ့မှာ ဘယ်လို သရုပ်ဆောင်ရတော့မယ်မှန်းမသိတာနဲ့ ခ့ရီးသည်အဖော် ကလေးလေး က ငါကူညီမယ်ဆိုပြီး အတူ ပူးပေါင်း ကူညီလိုက်တော့မှ ဘဲ သူ့ခမျာ လျောလျောရူရူ ဖြစ်သွားတာလေး သတိရမိတယ်။

John Travolta က denzel ကို ဘေဘီ..ဘေဘီနဲ့လဲခဏခဏ ခေါ်သေးတယ်။ I do like you man လို့လဲပြောသေးတယ်။ တစ်ကယ်။ အရမ်းအရေးကြီးနေတဲ့အခန်းမှာ denzel ‘မိန်းမ က denzel ကို အပြန်နွားနို့ဝယ်ခဲ့ဘို့လည်းမှာနေသေးတယ်။ ဟင်း…..

ဒီရုပ်ရှင်ကို ကိုယ်ကြိုက်တယ်ဆိုတာ မှာ စိတ်လူပ်ရှားရတာရယ်။ John Travolta ကို ရုတ်တရက် မမှတ်မိအောင်ဘဲ ပြောင်းလဲထားတာရယ်။ ဗလတောင့်တာရယ်။ အက်ရှင်ကားဖြစ်တာရယ်။ အကျယ်မချဲ့တော့ပါဘူး ။ ဓါတ်ပုံကိုသာ ရှုလိုက်ပါ။

ပြီးကာနီးမှာလဲ John Travolta က denzel ကို you might dam hell လို့ဆူပူကြီးမောင်းသွားတာလဲ ကြားမိသလိုလို။ ကိုယ်က လွမ်းတတ်တယ် ဗိုတာရယ်………



















Friday, July 24, 2009

cooker

အလှူလဘက်နဲ့ဘဲ မျက်နာလုပ်လိုက်ပရစေ။






Thursday, July 23, 2009

ma / maung

ဒီနေ့ အိမ်မှာ သီချင်းလေ.းနားထောင်လိုက် .. လုပ်ချင်တာ လုပ်ဘို့အတွက် အလုပ်မသွားဘူး။။ ကျောင်း စာအုပ်ကတော့ ဝတ်တရားကျေ တစ်နာရီဖွင့်လိုက်မိသေးတယ်။ ဘာဖြစ်လို့ ကျောင်းစာအုပ် ကိုင်သလဲ။ ကိုင်ချင်လို့ ကိုင်ပါတယ။် ကိုင်လိုက်ရင် အားရှိတယ်လေ။ အဲဒီကနေ ..နေကြတ်တဲ့ဆီရောက်သွားတယ်



အင်း. .အဲဒီအချိန်မှာ ချစ်လှစွာသော မောင်ငယ်…ဆီက ဖုံးရပါတယ်။ လေဆိပ်ရောက်နေပြီ ဆိုတဲ့ အကြောင်း.။ ပြန်တော့မယ်ဆိုတဲ့ အကြောင်း…….
ဟမ်. ဘယ်လိုဖြစ် ……………ဘယ်လိုမှ မဖြစ်ပါဘူး .ဒီလိုပါဘဲ ဆိုတဲ့ အန်မတန်အေးချမ်းတဲ့ကောင်ကြောင့် စိတ်တိုရပေါင်းလဲ များပါပြီ။ သူကအေးချမ်းတော့လည်း
ကိုယ်လည်းအေးချမ်းရတော့တာပေါ့။ အဲဒီကောင် က မိန်းမခိုးတာမှာ အစ်မ ဆီ က သူ အေးချမ်း တယ်ဆို ပိုက်ဆံတောင်းသွားတဲ့ကောင်ပါ။ အစ်မ ပိုက်ဆံပေးဆိုလို့ ပေးလိုက်တာ အဲဒီညက ပျောက်သွားပါလေရောလား. . ဘီယာသောက်ချင်တယ် ပေးပါဦးဆို လို့လဲပေးရပါသေး။ ဖဲရိုက်တာကတော့ စီးပွားဖြစ်ရိုက်လို့မရဘူး ကိုယ်ပေးတာ က နဲတယ်လေ။

အိမ်ကထွက်တာနောက်ကျတာရယ်။ ကိုယ်ကိုယ်တိုင်ကလဲ kmsl လစ်ရင် လစ်သလို တက်ကစ်ီ ခိုးစီး တတ်တာကြောင့် တက်ကစီ စီးဖြစ်လိုက်ပါတယ်။ လေဆိပ် မှာ မောင် ကို ရှာပြီး ကမန်းကတန်း မုန့်စားခိုင်းလိုက်ရသေးတယ်။ ကိုယ့်မောင်လဲ လက်ပတော့ပါတယ။် ဟိဟိ။ ဘာညာဝယ်သွားတာ ကိုယ့်ကဒ်နဲ့ဘဲ ဖြတ်လိုက်တယ်။ စကားလဲ သိတ်မပြောလိုက်ရပါဘူး။ ဝင်သွား………ရော.။ လွမ်းတာနဲ့ ပါးကို ဖက်နမ်းလိုက်သေးတယ်။ တစ်ကယ်ပါ မညာဘူး။ ကိုယ့်မောင် ကိုယ်နမ်းဘာ ဖြစ်သလဲနော့။

ပြန်လာတယ်။ မြန်မာဆိုင်ရောက်ပါတယ။် တောက်တိုမယ်ရတွေ လုပ်ပါတယ်။ သရက်သီးက တစ်လုံး စလုံး သုံျးကျပ်ခွဲပါ။ ဒါကတော့ကိုယ့်မေတ္တာပါ


























မောင် သဘောင်္ပေါ်ကဆ င်းလို့စိတ်ညစ်လာတာနဲ့ စိတ်ပြေလက်ပျောက် ပိုက်ဆံအိတ်ကလေး ဝယ်လိုက်တော့မှ စိတ်နဲနဲ ချမ်းသာသွားတယ။် ကြားထဲက ခါး နာသွားတာကတော့ kmsl ဘဲပေါ့။ အင်. ဘာဖြစ်လို့လဲ မေးနေရသေးလား ။သူက ငွေရှင်လေ။ ဒီညတော့ နိပ်ပေးရင်ကောင်းမယ်ထင်ရဲ့. ……ဲ.





komရေးတဲ့စာ


မောင်ကလေးတစ်ယောက် အမည်ပေါက်
မတောက်တစ်ခေါက်...
ဟိုမရောက် ဒီမရောက်
မယုလေး က မျက်စိမှောက်
အစ်မတွေ က ခေါင်းတွေခြောက်
စိတ်ပြေလက်ပျောက် အိတ်ဆိုင်ရောက် ……..then.. ကိုမဆာလာ ငါးပါးမှောက်။

Wednesday, July 22, 2009

sigh

သူပြန်လာပြီ။








အမျိုးမေတျွှာ သုံးလုံး တစ်ထောင်ကျပ်။

Tuesday, July 21, 2009

De lo lo ho lo lo

ဟိုနေ့က ဟိုကိုသွားတာ တစ်နာရီကျော်ကြာပါတယ်။ ဟိုကနေ ဒီကိုသွားတာ နစ်နာရီကြာပါတယ။် ဒီကနေ အိမ်ကိုပြန်တာ တစ်နာရီကျော်ကြာပါတယ။် စုစုပေါင်းကြည့်လိုက်တော့ မှောက်သွားပါလေရော။။။ အကျီတောင် မလဲလိုက်ရဘူး။..။ဟူး.........

































Sunday, July 19, 2009

mad

မနေ့က ညနေက ထိုင်နေရင်းနဲ့စိတ်ထဲက Y Wine သီချင်းကို သတိရနေမိတယ်။ လူတွေကို ထိုင်ကြည့် ရင်းနဲ့ ဘဲ မှောင်သွားတယ်။

ပင်လယ်ဟာ ကိုယ်ပါ. ..အမှောင်တွေလာရင်
ရင်ခုန်စွာနဲ့..မျှော်လင့်မိတယ်
လမင်းခြေသံ..ဖြတ်လျောက်သွားချိန်
ရင်ခွင်အလယ်မှာ …လှိုင်းထန်သွားတယ်
ပင်လယ်လိုဆူညံ.........ကိုယ်ခေါ်နေပါတယ်
ဒါပေမဲ့လည်း…......သူမကြားဘူးကွယ်။

ငွေရောင်လမင်းလေး …….ဝေးကွာနေလည်း
မင်းရဲ့အလှအပဟာ …………ရူးစေတယ်

ကိုယ်မျော်နေပါတယ် ..လမင်းကလေးရယ်
ထာဝရငိုသံ …အသည်းကွဲ သီချင်းသည်……....ပင်လယ်














မှတ်ချက်
အဲဒီသီချင်းကြည့်ပြီး Y Wine ကို သိတ်သနားတယ်
ရှပ် အကျီင်္တထည်လောက်ပို့ပေးချင်လိုက်တာ................

Saturday, July 18, 2009

yangon 28


ရထားကြီး စီးချင်တယ်ဆိုပြီး နောက်ဆုံး ပဲခူးကို ဘဲဖြစ်ဖြစ် စီးမယ်လုပ်သေးတယ်။
ဒါလည်း မအောင်မြင်ဘူး.
ရထား ဝင်တဲ့ အချိန် ထွက်တဲ့ အချှိန် လက်မှတ် ဝယ်ပုံဝယ်နည်း တွေ ဒါတွေ အားလုံးက ကိုယ်မပိုင်တဲ့ အရာတွေဖြစ်နေတယ်။
ဒါဆိုလဲ မြို့ပတ်ရထားဘဲသွားစီးတော့မယ်ကွာ လို့စဉ်းစားပြန်တယ်။ အဆင်မပြေလိုက်ပြန်ဘူး။

နောက်ဆုံးတော့ အကြံရတယ်။ သန်လျင် ရေလည်ဘုရားကိုသွားမယ်ဆိုပြီး...တစ်ခုခုတော့သွားရမှ ဖြစ်မယ်။ မဟုတ်ရင် ရန်ကုန်မြို့ထဲနဲ့တင် ကိုယ့်ဘဝက ပြီးသွားနိုင်တယ။် သွားမယ်ဆိုရင်သွားရမှ ဆိုတဲ့ကိုယ့်အကျင့်အတိုင်း ဒီကိစ္စကတော့အထက်ကိုလည်းတင်ပြစရာမလို.. တင်ပြလည်း ပယ်နေဦးမှာ စိုးတာ နဲ့ အလစ်မှာ အခွင့်ကောင်းယူပြီး ဒိုးသွားတယ်။

လမ်းက မသိတော့ချာလပတ်လည် ယမ်းသွားသေးတယ။် အရင်ဆုံး သန်လျင်တံတားကိုသွားရမယ်ဆိုတာ သိတယ် .သန်လျင်တံတားက သာကေတဘက် ကသွားရမယ်ဆိုတာ သိတယ် အဲသလိုနဲ့ဟိုလူမေး ဒီလူမေးနဲ့သွားလိုက်တယ။်

သန်လျင်တံတားရောက်တယ။် မြို့ဝင်ကြေးတွေလား ဘာကြေးတွေလား ညာကြေးတွေလား. တောက်တိုမယ်ရကြေးတွေ ပေ့းပြီးတော့သန်လျင်မြို့ထဲရောက်တယ်။ ဘယ်မှ မဝင်ပါဘူး။ အချိန်ကုန်မှာ စိုးလို့ ..အင်း. ထမင်းပေါင်းတော့သန်လျင်အထွက် က မြန်မာ ဘီယာလို့ဆိုင်းဘုတ်တွေ အများကြီး ရှိတဲ့ဆိုင်မှာတော့စားမိတယ။် အိုက်လိုက်တာ အဲဒီအချိန်က မပြောပါနဲ့တော့ ။ချွေးပြိုက်ပြိုက် ကျတယ်။ နေကလည်းပူ. လေကလည်းပူ. မိတ်ကပ် သို့မဟုတ် သနားခါးလိမ်းစရာမလိုဘူးး. လိမ်းပြီးငါးမိနစ်ဆိုရင် ဘာမှ မရှိတော့ဘူး. တစ်ရှူးဘူးဘဲလိုပါတယ်။
လမ်းတွေ ကအတော်ချောသွားပြီ.ဆိုလိုတာက လမ်းအတော်ဖြူးလို့သွားပြီ. ဟိုတုံးကနဲ့စာရင် အဲဒီတော့လမ်းခရီးက နီးသွားပြီလို့ခံစားရတယ်။
သိတ်မဝေးတော့ဘူး သိတ်တော့ လည်း မမှတ်မိတော့ဘူး ဒါပေမဲ့ မနက် ၁၁ နာရီလောက် က စပြီး အရှိန်ယူပြီးသွားဘို့လုပ်လိုက်တာ ညနေ ပြန်ရောက်လာပါတယ။် ကားစီးတာ တစ်နာရီခွဲ လောက်ဘဲထင်ပါတယ်။

ဟိုမေးဒီမေးနဲ့နောက်ဆုံးရောက်သွားတယ။် ရေပြင်ကိုကြည့်ရကတည်းကပျော်ပါတယ်။ ရေလည်ဘုရားကိုလည်းမြင်ရတယ်။ ဈေးသည်တွေလည်းအများကြီးဘဲ။ စားစရာတော်တော်များများရှိပါတယ် ။ အဲဒီအချိန်မှာ တော့မစားရဲတော့ဘူး. နဲနဲကြောက်နေပြီ။ မစားဘူးဆိုတာတောင် အုန်းသီးခွဲပြီး ဇွန်းခြစ်တော့ စားခဲ့သေးတယ။်

လှေစီးဘို့ လက်မှတ်ဝယ်တာ တစ်ယာက်ကို တစ်ရာလား ပေးရတယ်။ အသွားအပြန် လက်မျှတ် တစ်ခါတည်းဝယ်ရတယ်။ သမန်ပေါါ်တက်တော့လူးနေသေးတယ။် ပြူတ်မကျအောင် သတိထားရသေးတယ။် အမှန်က ကိုယ်ရေမကူးတတ်ပါဘူး။ ကြောက်ပေမဲ့လဲ မကြောက်တော့ဘူး. ။

ဘုရားရောက်တယ် တစ်ပါတ်ပါတတ်တယ်ဆိုတာ ခဏလေးဘဲ။ ငါးကြီးတွေ ကို အစာကျွေးဘို့ဝယ်တယ်။ ပေါက်ပေါက် လိုမျိုးကို တစ်ခွက် ငါးရာ နစ်ခွက် ၁၀၀၀ ကျပ်ထင်တယ်။ ဝယ်ပြီးကမ်းစပ်ကလေးမှာ ထိုင်ပြီး ငါးတွေ ကို နဲနဲချင်းပစ်ကျွေးတယ်။
ကြည့်ရတာအေးချမ်းပါတယ။် နယ်သူနယ်သား အချို့ကိုတွေ့ရတာ စိတ်ဝင်စားစရာဘဲ။ အသွေးအမြင်ပြောင်းသွားတာပေါ့။

အပြန် သမန် တော်တော်နဲ့မလာလို့ ရေစပ်မှ ရေချပြီး ဆော့ရင်းက စောင့်ရသေးတယ။် အသက်က ကြီးလာတော့ခြေထောက် လှုပ်ပြီး ဆော့တာတောင် လူမြင်မှ တင့်ရဲ့လားလို့စိတ္တဇ ဖြစ်မိသေးပေမဲ့ ဒါက ကိုယ့်အတွက် rare chance မို့လို့ လုပ်ဖြစ်အောင်တော့လုပ်ခဲ့တယ။် နောက်တစ်ခေါက်ဆိုရင်တော့ beach ဖြစ်ဖြစ် တစ်နေရာရာ ကိုဖြစ်ဖြစ်သွားဖြစ်အောင် သွားဘို့တော့ခေါင်းထဲထည့်ထားလိုက်မိတယ။် ပြသာနာ က traveling သိတ်အဆင်မပြေတာဘဲ။ ကိုယ်မသွားတတ်တာပါတယ် ရန်ကုန်သူက ရန်ကုန်ကို ထုံးလိုချေထားပေမဲ့ အပြင်ထွက်ဘို့ကိုတော့ကြောက်နေမိတယ်။

ဘုရားလား .
.ရှိခိုးခဲ့ပါတယ။် ဆုတောင်းတာကတော့ရိုးရှင်းပါတယ။် ကျန်းမာ ချမ်းသာရပါလို၏. ဒါပါဘဲ။ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံရပါလို၏။ ဒါဆိုရင် ပြည့်စုံပါပြီ။












ရန်ကုန်ဲနဲ့ဝေးနေတာ ကြာပြီဆိုရင်တော့ ၁၆ စက္ကန့်ဖိုင်ကလေးကိုဖွင့်ကြည့်စေချင်ပါတယ။် လွမ်းမိမယ်ထင်တယ်။




မှတ်ချက်.
တစ်ယောက်ထဲမသွားချင်လို့လွင်မိုးကိုသွားခေါ်ပါတယ။်

Thursday, July 16, 2009

Nature of women 8

မိန်းကလေးတွေ က ဏှာဘူးကျတာကိုမုန်းတယ။် မသိမသာလေးတော့လိုချင်ကြပြန်ရော။

ကိုယ်တို့ကျောင်းတက်တုံးက ဆရာတစ်ယောက်ဆို အတော်ဆိုးတယ။် သမီး .သမီးနဲ့ မိန်းကလေး ချောချော သူငယ်ချင်း တောင့တောင့်ဖြောင့်ဖြောင့်များဆို ကိုယ်တို့မှာ မနည်းကာကွယ်ထားရတယ်။ ဒါတောင် သမီး အကျီက ကြယ်သီးပြုတ်နေတယ် ဆိုပြီးလက်ကြီး ရောက်လာသေးလို့ကိုယ်တို့ သူငယ်ချင်းတစ်စု မှာ ဆရာ လက်ကို မနည်း လက်ဆွဲကြရတယ။်

အဲသလိုမျိုးကို မုန်းပေမဲ့ မသိမသာ ဂရုစိုက်တာမျိုးလေးတွေ ကိုတော့လိုချင်ပြန်တယ။် ကိုယ်ကြိုက်တာ မျိုးကိုမှတ်ထားပြီး အမှတ်ရတာ မျိုးလေးများတော့လည်းလိုချင်မိတယ။် မသိမသာ နဲ့ ရှိုးလိုက်တာ မျိုးကို မက်မောမိပါတယ်။ လမ်းသွားရင်းနဲ့ လမ်းကူးတဲ့ နေရာမှာ အစကတည်း ကလက်ကို လာတောင်းရင်ပေးမှာမျီူးမဟုတ်ပေမဲ့ လမ်းကူးနေရင်းနဲ့ ကားတွေ ရှုပ်ခဲ့ရင် ကိုယ့်လက် ကို ဖတ်ကနဲ့ လာဆွဲသွားခဲ့ပြန်ရင်တော့ ရင် ခုန်မိပြန်ပါလေရော..

ဒါတွေ ဟာ ရှုတ်ထွေးပါတယ။် သင်လို့လဲတတ်တာ မဟုတ်ပါဘူး talented . Gifted ပါဘဲ ပုံသေနည်း မရှိဘူး. Case by case နဲ့ အဆင်ပြေသလို သုံးသွားရတာမျိုးပါ။ အဲဒီတော့ကာ တို့ကသင်နေတာ မဟုတ်ပါဘူး မြင်တာ ကို ပြောပြတာပါ။ ရှင်းပြရင်တော့ ခက်တယ်။

Wednesday, July 15, 2009

yangon 27



ရှေ့ဆက်ဘို့တောင် ခက်သွားတယ် ။
အစားနဲ့ အကြွားဘဲနော်ဆိုလို့။။............
မှန်ပါတယ် မှန်ပါတယ်။
ဘယ်သူဘာပြောပြော............သမာဓိခိုင်ပါတယ။်
၃၆၅ ဆိုင်မှာ သွားထိုင်ပါတယ။်
ထိုင်ချင်လို့ကိုသွားထိုင်ပါတယ်။
သဘောကျလို့သွားထိုင်ပါတယ်။














ညသန်းကောင်သန်းလွဲလည်း ကွန်ပြူတာ ဆိုင် ရောက်ခဲ့တယ်။ ဘလော့ကို လွမ်းတာလား။ စီပုံးကို လွမ်းတာ လား။ လူတွေကိုဘဲ လွမ်းတာလား။ ဆိုင်ရောက်ရင် မပြန်နိုင်ခဲ့ဘူးတစ်ခါသုံးမိရင်တောင် အတော်ကြာတယ်။ ရန်ကုန်ရောက်နေတာ မေ့မေ့သွားပြီး။ အင်တာနက်ထဲမျောမျောသွားလို့ သတိမနည်း ပြန်ပြန်ဆည်ရတယ်။











Tuesday, July 14, 2009

Revenge

ပိုလှသွားပြီ။
















Sunday, July 12, 2009

BTW again

အိမ်က အင်ဂျင်နီယာ ရန်ကုန်သွားပါတယ။် လိန်ပျံကြီးစီးပြီး။ ပြန်လာမှာပါ။ သေချာပါတယ။် နောက်မိန်းမလဲ မရှိပါဘူး။ ယူဘို့လဲ စိတ်ကူးမရှိပါဘူး။ အဲ..ဘာတွေညာတွေ တော့မသိပါ။ ပြန်လာရင်တော့ သိရမယ်ထင်ပါတယ။် ဘာတွေညာတွေ ကမန်းကတန်းဝယ်လိုက်ပါတယ်။ အသေးအဖွဲလေးတွေတော့ စာရင်းထဲ မထည့်တော့ဘူး. ။

လူကြုံက ၁၀ ကီလိုပါ။ အဲဒီည့ ကိုယ်တို့အိမ် လူစည်သွားတယ။် တစ်ခါမှအမျိုးတွေ မလာကြတာ။ အဲဒီညကတော့အမျိုးတွေလာကြတယ။် သိတ်ပြောလို့တော့မဖြစ်ဘူး. ကိုယ်ဘလော့ရေးတာ အမျိုးက သိသွားပြီ။ နာမည်ကြီးတယ်ဆိုဘဲ။ အိုးမိုင်ဂေါ့။ အတင်းတွေ ဘယ်လိုဆက်တုပ် ဆက်အုပ်ရပါ့။

။ကိုယ့်အမျှိုးတွေအတွက် က ၁၆ ကီလိုပါ။ စုစုပေါင်း ၂၆ ကီလို. ။ သူ့အဝတ်အစား က နဲနဲပါဘဲ။ ..(၃၀ ) ကီလိုရပေမဲ့ ပေါင်ပို ၅ ပေါင်. ၅၅ကျပ် ဘိုးထိဘူးထားတော့ အသာလေးဘဲ လျှော့ထည့်တာ အနွယ်ရယ်ကင်းပါတယ် ။ နဂိုရှိတာတွေ နဲ့ပေါင်း။ ပါတိတ်ကတော့ဈေးမကြီးပါဘူး. အားလုံးအသစ်တွေပါ။ အရင်တစ်ခါက အားလုံးပေးပြီးသွားပြီ။ လောက်တောင်မလောက်ဘူး။ .အို………ဘာမဈေှး မကြီးပါဘူး။ စလုံးသူတွေ တိတ်တိတ်နေကွာ.။ ဒီမှာ အင်ထုမလို့။ ဒါပေမဲ့ရှုပါ။ အမှတ်တရပေါ့။