Friday, October 30, 2009

be careful

ယုဝရီ ဘလော့မှာ khin oo may နာမည်နဲ့ကွန်မက်ပေးသွားတာကို တွေ့ပါတယ်။ ဘာမျှမပြောသေးဘဲ ထားလိုက်ပါတယ။် အခု Nge Naing ဘလော့မှာပါ ရေးခဲ့တာကိုတွေ့ပါတယ်။ အဲဒိတော့ ခင်မင်သူ မိတ်ဆွေ များကို အသိပေးဘို့ လိုအပ်ပြီထင်လို့ အခု အသိပေးပါတယ။်

အတော်စိတ်မကောင်းဖြစ်မိပါတယ။် ကိုယ်အလုပ်သွားစဉ် kom စီပုံးမှာလည်း ကိုယ့်နာမည်နဲ့ဝင်ရေးသွားတာ ကိုမြင်လိုက်ပါတယ်။ ဘာသဘောနဲ့ လုပ်နေသလဲဆိုတာ ကိုတော့လုပ်သူဘဲ အသိဆုံးဖြစ်မှာပါ။

နေ့စဉ်နင့်အမျှ ကွန်မက်က နိုင်င့ရေးတွေရယ် စီပုံးက မဟုတ်တရုတ်တွေကိုလည်း ဖျက်နေရတာ မနိုင်ပါဘူး ။ ဘန်းထားတာလဲ မနည်းတော့ပါဘူး။



မှတ်ချက်
http://privatecrazyworld.blogspot.com/2009/10/blog-post_20.html
Ko Boyz said...To check who is real or who is fake/imposter is easy.
Just click the nick in the comment.
The real person will come with gmail logged in nick... which is will forwarded to the personal profile.
The fake one just put the blog link and no personal data or profile is available.
So far I'v seen, Khin Oo May never commented without logging into her gmail account.I may wrong, but this is just my two cent.
October 22, 2009 10:49 AM

Rita said...
အဲဒါအပြင် အထက်က တယောက်က စာလုံးပေါင်းတွေလဲ မှန်နေတယ်။:P
October 22, 2009 6:48 PM

Wednesday, October 28, 2009

coolblog


















အခုတစ်လော သောက်ချင်နေပြီး..သောက်ဖြစ်နေတာကတော့ coolblog ဘဲ။ အဲဒီဆိုင်တွေ မလေးမှာလဲတွေ့တယ်။ စလုံးမှာလဲတွေ့တယ်။ ဘာအဓိပ့ါယ်ရှိမှန်းမသိပေမဲ့သူများတွေ သောက်နေတာ အတော်လေးမြင်တာနဲ့ သောက်ကြည့်ချင်စိတ်ရှိပြီး သောက်ကြည့်တယ်။


မှာမိတာ ဘာလဲ.. Chendol ထင်တယ်။ အချိုများမယ်ထင်မိသေးတယ်။ သကြားရည်တွေ နစ်ဇွန်းတောင်ထည့်တော့လန့်သွားတယ်။ ဟာ. အဲသလောက်မထည့်ပါနဲ့ ။ လျော့ပါ ဆိုတော့ မလျော့လိုဘူး အရသာ မရှိဘူးဖြစ်သွားမယ်တဲ့။ အင်း.. ဒီလိုဆိုတော့လဲထည့်ပါလို့ဘဲပြောရတော့တာပေါ့။

ဘာတွေညာတွေ အသီးတွေ နို့တွေ ရော..ပြီးတော့ရေခဲနဲ့ရော။ မွေစက်ထဲထည့်လိုက်ပြီးထွက်လာတဲ့အရည်ကို ဗူးကလေးထဲထည့် ပြီးတော့ စက်ကလေးက ပလက်စတစ်နဲ့အုပ်ပေးသေးတယ်.လှတပတ ထွက်လာတဲ့ ဗူးကလေးကို စတောကြီးကြီးနဲ့ ဖောက်ပြီးသောက်ရတယ်။

ဖောက်စရာ အပေါက်ရှာမတွေ့လို့ဘေးက ကလေးမ ကို မေးကြည့်ရသေးတယ။် အဲဒါနဲ့မပြီးသေးဘူး မသောက်ခင် သေချာ လှူပ်ပါဦးလို့ဆိုင်က ချာတိတ်မက မှာလိုက်သေးတယ။် တောသား မြို့ရောက်ဖြစ်နေတာ လူသိနေလို့နဲ့တူပါရဲ့။ သောက်ကြည့်တော့မဆိုးဘူး။

နောက်နေ့တွေလည်းသောက်ချင်နေလို့ကာ အင်းလေ မဖြစ်သေးပါဘူး ဒီလောက် အကောင်းစားတွေစားနေရင် မဖြစ်သေးဘူး . ဆိုပြီး သောက်ချင်စိတ်ကို မျက်နာလွဲထားရတယ်။

Monday, October 26, 2009

Shwedagon

ရွေတိဂုံရောက်တယ်။ ညနေမှ ဘဲ စိတ်ကူးပေါက်တယ။် ပြန်ကာနီးမှဘဲရောက်တယ်။ ခဏတစ်ဖြုတ် အေးအေးချမ်းချမ်းထိုင်ဖြစ်တယ် လလဲသာတယ်။ လူလဲအ သင့်အတင့် များ တယ်။ မိုးဖွဲလေး ကျ သေးတယ်။
















Saturday, October 24, 2009

Hlaing Thar Yar

ရွေပြည်သာ သွားမလို့စိတ်ကူးတုံးမှာ လှူိင်သာယာဘက် ရောက်သွားတယ်။ ပြည်လမ်းက နေတက်လာပြီး လေဆိပ်ကျော် ဆက်သွားပြီး အင်းစိန်ဈေးဘက်ကို ရောက်သွား တယ်ထင်တယ်။

သွားတဲ့အချိန်ကလည်းနေညိုနေပြီ။ မိုးကလည်းမှိုင်းသေးတယ။် တံတားပေါ် တက်တဲ့ လမ်းကဖြူး နေတယ။် တံတားကြီးကလည်း လှတယ်။

ဘုရင့်နောင်တံတားလား အောင်ဇေယျတံတားလား။ ရွေပြည်သာတံတားလား။ ဘာတံတားဘဲဖြစ်ဖြစ်. ကိုယ့်အတွ့က်တော့အရာရာကလှနေတာဘဲ ။စိတ်ချမ်းသာ နေလို့ လည်းဖြစ်ပါလိမ့်မယ။်စိတ်ချမ်းသာနေတဲ့သူတစ်ယောက်အတွက်ကတော့အရာရာဟာ လှ နေ ပါတယ်။

ဓါတ်ပုံတွေ များတယ်လို့ပြောချင်လား. ပြောချင်ရင်လည်းပြော. ကိုယ့်အတွက်တော့ ကြည့်လို့ကို မဝနိုင်ဘူး။ မြန်မာပြည်သားမို့လို့ မြန်မာ ရှုခင်းကို မ့ရိုးနိုင်ပါဘူး။ ဒါတောင် မြို့ပြင် မရောက်ဘူး မြို့ထဲကနေဘဲ လွမ်းလို့ကို မဆုံးနိုင်ဘူး။

အသွားလမ်းကတော့အတော့ကိုဆိုးတယ။် ကျောက်ခဲတွေများတယ်။ ကားဘီး ပေါက်မှာတောင် စိုးရိမ်မိတယ်။ ကားကြီးတွေများတယ်။ အပြန်လမ်းက တော့ အတော် ချောသွားတယ။် ကားလေးလည်းသွားတယ။် နဝဒေးအိမ်ယာဘေးကနေ ဖြတ်ခဲ့ တယ။် ဗစ်တိုးရီးယာ ကုန်တိုက်ဆိုလား ကမန်းကတန်းရအောင် ဆိုင်းဘုတ်ဖတ်ခဲ့တယ။် အဲဒီနားမှာတော့ကားအတော်များတယ။်

မှောင်စလည်းပြုနေပြီ။ ပြန်ဝင်လာတော့ကိုးမိုငးလမးဆုံဘက်ကိုရောက်တယ။် အတော် လေးတော့မျက်စိလည်သွားသေးတယ်။နောက်ဆုံးတော့မြို့ထဲပြန်ရောက်လာပါတယ်။














Thursday, October 22, 2009

Hepatitis B

ဆေးပညာဘာသာရပ်ရယ်လို့မဟုတ် ဘာသာရပ်တိုင်းကလေ့လာလိုက်စားမယ်ဆိုရင် လိုက်လို့ မကုန်လေ့လာလို့ မကုန်ဖြစ်နိုင်ပါတယ။် ဆေးကျောင်းမှာ ဘာသာရပ်အားလုံးကို လေ့လာပြီး ဆရာဝန်ဘွဲ့ရကြသလို အထူးကုအဆင့်မှာ ဘာသာရပ်တစ်မျိုးုဘဲ အထူးပြူပြီ လေ့လာကြပြန်ပါတယ်။ သုတေသန ဘက်မှာတော့ရောဂါတစ်ခုထဲကိုလေ့လာပြီးတော့ကို မဟာဘွဲ့. ။အဲဒီနေရာ့နေ အဲဒီရောဂါကို နက်ရှိုင်းစွာ တိုးဝင်လိုက်တာ ပါရဂူဘွဲ့ဖြစ်သွားနိုင်ပါတယ်။။ လေ့လာရင်မကုန်နိုင်ပါဘူး။

ဒီနေ့ပြောချင်တဲ့ အကြောင်းအရာကတော့ Hepatitis B ဘဲဖြစ်တယ်။ သူလဲဘဲပြောရင်ပြောမကုန်ပါဘူး ။ အကြမ်းအားဖြင့်စရရင် Hepatitis B ဆိုတာ hepatitis B virus (HBV) ကြောင့်ဖြစ်တဲ့ အသည်းရောဂါပါဘဲ။ ဒီရောဂါဘယ်ကရတတ်သလဲဆိုရင် များသောအားဖြင့် sex ရယ် ဆေးသုံးစွဲသူတွေ မှာ ဆေးကို ရှယ်ကြရာမှာ. ဆေးထိုးအပ်ကိုရှယ်ကြရာမှာ. လည်းဖြစ်နိုင်တယ။် တနည်းအားဖြင့် တက်တူးထိုးရာ ကနေသော်လည်း ကောင်းသေချာပိုးမသတ်ထားတဲ့ဆေးထိုးအပ်များမှာလည်းကောင်း ကူး စက်နိုင် တယ်။ ဆေးထိုးအပ် စူးမိတာမျိုး. လုပ်ငန်းခွင်မှာ ပြတ်ရှဒဏ်ရာ. နဲ့ expose ဖြစ်တာမျိုးမှာ လည်းကူးစက်နိုင်တယ်။

ကလေးဘဝမှာလည်းကူးစက်တာများတယ်။ chronic (life-long) HBV infection ရှိသူရဲ့ အသုံးအဆောင်ပစ္စည် ဥပမာ. မုတ်ဆိတ်ရိတ်ဒါး. တို့ သွားပွတ်တံတို့ တွေက နေကူးနိုင်တယ်။ ကလေးသူငယ်များကို အဲဒီ ရောဂါပိုးသယ် ဆောင်သူကနေထမင်းဝါးကျွေးတာမျိုး. ကနေလည်းကူးနိုင်တယ်။ သူတို့ရဲ့ သွေး ဒါမှမဟုတ် အရေပြားရောဂါ ဒါမှ မဟုတ် အရည်ကြည်များ နဲ့ထိတွေ့ရာကလည်းကူးစက်နိုင်ပါတယ်။

ပုံမှန်အားဖြင့်တော့လည်း ပိုးရှိသူများဟာ သာမာန်လူကောင်းလိုဘဲ ဖြစ်ကြပါတယ။် ဒါပေမဲ့လည်း အသည်းနဲ့ပက်သက်တဲ့ရောဂါဖြစ်ဘို့အတွက်ကတော့သူများထက်ပိုပြီး ဖြစ်နိုင်ချေများသွားမယ်။ ဖြစ်တတ်တာကတော့အသည်းနဲ့ပက်သက်နဲ့ရောဂါ. အသည်းခြောက် ရောဂါ. အသည်း ကင်ဆာတို့ဖြစ်ဘို့အတွက် ဖြစ်နိုင်ချေများသွားတယ။် ဒါပေမဲ့ဒီလိုပြောလို့ လည်း အားငယ်စရာမရှိပါဘူး ဖြစ်နိုင်ချေများတယ်လို့ဘဲပြောတာပါ။ ဖြစ်မယ်လို့ ပြောတာမဟုတ် ဘူး. မဖြစ်ဘဲနဲ့ ဒီလိုဘဲနေ သွားတဲ့သူ တွေလည်းအများကြီးရှိပါယ။်

ကာကွယ်ဆေးမထိုးခင် B ပိုးရှိမရှိ အရင်စစ်လေ့ရှိကြပါတယ်။ ဒီလိုစစ်ခြင်းအားဖြင့် ပိုးရှိသူကို တွေ့ခဲ့ရင်လိုအပ်သလို သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆက်လက်ပြဘို့ အတွက်ဘဲရည်ရွယ်ပါတယ။် ဒီပိုးရှိသူ ကို ကာကွယ်ဆေးထိုးခြင်းဖြင့် မကူညီနိုင်သလို အန္တရာယ်လည်းမဖြစ်စေနိုင်ပါဘူး။

အသည်းယောင်အသားဝါ ဘီပိုးကာကွယ်ဆေး မှာ အသား ဆေးဖြစ်ပါတယ်။ အသားဆေးဆိုတာ အကြောမှာထိုးတာမဟုတ်. အရေပြား မှာထိုးတာမဟုတ်. အသားထဲကိုထိုးတာလို့ဆိုလိုပါတယ်။

သုံ့းကြီမ်ထိုးရမယ်။
ပထမဆုံးအကြီမ်ကတော့ပထမဆုံးလာထိုးတဲ့ရက်စွဲ
ဒုတိယအကြိမ်ကတော့ ပထမ ဆုံးဆေးထိုးပြီး တစ်လအကြာမှ တစ်ခါထပ်ထိုးရမယ်။
တတိယအကြိမ်ကတော့ ပထမဆုံးထိုးပြီးတဲ့ အခါ ခြောက်လကြာပြီးရင် ထိုးရမယ်။

တစ်ချို့က ထိုးပြီးငါးနစ်အကြာတို့ဘာတို့မှာ စွမ်းအားကျသွားပြီဆိုပြီး ထပ်ထိုးဘို့ ကြံစည်ကြသေးပေမဲ့ များသောအားဖြင့် ကတော့အဲဒီကိစ္စကို အားမပေးပါဘူး ။ မလိုအပ်ဘုး လို့ယူဆနိုင်ပါတယ်။

ဒါပေမဲ့ တစ်ချို့သောအရပ်ဒေသ နဲ့လိုအပ်တဲ့အချိန် ဥပမာ. မိခင်က အသည်းယောင် အသားဝါ ပိုးရှိပြီးမွေးဖွားလာတဲ့ကလေး။ တစ်ချို့ ကျောက်ကပ်ဝေဒနာရှိသူများ နဲ့ကိုယ်ခံအားကျဆင်းသူ များအတွက်တော့လိုအပ်ရင် ထပ်ထိုးဘို့ဖြစ်နိုင်တယ်။

ဘယ်အခါမှာ မသုံးသင့်ဘူးဆိုတော့ ဒီဆေးမှာ ပါဝင်တဲ့ content ကို အလားဂျစ်ဖြစ်ဖူးတဲ့သူ မှာမသုံးသင့်ဘူးလို့ဆိုတယ။် အခုလောလောဆယ် တစ်စုံတစ်ရာ နေမကောင်းဖြစ်နေခဲ့ရင်လည်း ဆေးမထိုးသင့်ပါဘူး ။ ဆေးထိုးပြီးဖြစ်တတ်တဲ့ အရာလေးတွေကတော့ နဲနဲနာမယ်။ ယောင်မယ်။ အဖျားနဲနဲရှီနိုင်တယ်။ ဒါတွေ ကလည်းဖြစ်ခဲပါတယ်။ ဖြစ်ခဲ့လည်း တစ်ရက်နစ်ရက်အတွင်း ပျောက်ကင်းသွားမှာဖြစ်ပါတယ်။

Hepatitis A , B, C ဆိုပြီးရှိရာမှာ A, နဲ့ B အတွက်ကတော့ကာကွယ်ဆေးရှိပြီး C အတွက်ကာကွယ် ဆေးက တော့ မလွယ်သေးပါဘူး။

ဒီနေ့အတွက်ဒီလောက်ပါဘဲ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Reference:
http://www.immunize.org/catg.d/p4205.pdf

Tuesday, October 20, 2009

khin phone kyi























အခုတစ်လော မျက်စေ့ကျနေတာကတော့ New M1 Superpac Plan

ဆိုတဲ့ တယ်လီဖုံးကြိုပေးစနစ်နဲ့ (prepaid) ရောင်းတဲ့ကဒ် ကိုဘဲ။ တွဲရက်ရောင်းတဲ့တယ်လီဖုံးက nokia 2730 classic ပါ။ 3G, internet. Radio, video, camera. 1GB memory card. မဆိုးပါဘူး။

အခုတစ်လောသတင်းစာ ပြန်ဖတ်ဖြစ်တယ်။ ဘလော့လုပ်ရာကနေ အခြေအနေ မကောင်းတော့ အသာလေးစတေးရှောင်နေမှ ဆိုပြီး အပြင်လည်းထွက်ဖြစ်တယ်။ သတင်းစာလဲ ဖတ်ဖြစ်တယ်။

ကိုယ်က ဘလော့ကို ပရော်ဖက်ရှင်နယ်လုပ်တာပါ။ အချိန်ဘယ်လောက်ပေးသလဲဆိုတာ အလုပ်ချိန်ကလွဲရင် ဘလော့ချိန်ပါဘဲ။ ကိုယ့်ဘဝရဲ့တိုးတက်ရေးဆိုတာ ကိုမေ့ပြီး. ရေးလဲရေး.ဖတ်လဲဖတ်. မှတ်ချက်လည်း ရေး.စီပုံးမှာလည်း စကားပြော။ ထွက်သမျှကို လည်းမဖတ် လိုက်ရရင် တာဝန်မကျေသလိုဘဲ။ မကွန့် လိုက်ရရင် လည်း စာရေးသူကိုအားနာမိသလိုဘဲ။

ကွန်မက်ကတော့ ကိုယ့်သူငယ်ချင်း ပြည်ကြီး ချိုင်းနားကလာတဲ့ဝမ်ဇောင်ဂျင်း ပြောသလိုဘဲ။ သူက ဆီမီနာတွေ ကွန်ဖရင့်တွေ မှာ အမြဲဘဲ တင်ပြသူတွေ ကို မေးခွန်းထုတ်လေ့ရှိတယ်။ ကိုယ်က ဘာဖြစ်လို့လဲမေးရင် ဟိုလူတွေ ဖြေတာ မဖြေတာ အပထား သူမေးခွန်း ထုတ်လိုက်တဲ့အခါမှာ လူတွေ က သူ့ကိုမြင်သွားတယ် လို့တင်ပြတယ်။ အဲဒါကိုများကိုယ်စွဲလမ်းနေလို့ရောက်လေ ရာအရပ်မှာ ကွန်မက်ထားခဲ့တာဖြစ်ပါလိမ့်မယ။ ကိုယ့်ရည်ရွယ်ချက်လဲ အောင်မြင်ပါတယ်။

အဲဒါနဲ့သတင်းစာထဲက m 1 ကြော်ငြာကိုဖတ်ြီပီးသဘောကျသွားတာနဲ့ဆိုင်ကို သွားကြည့်တယ်။ တယ်လီဖုံးကဒ် ကို ၂၅ကျပ်တန်ဝယ်ရမယ် အထဲမှာ ၃၀ ဘိုးပါမယ်။ တယ်လီဖုန်းက စလုံး ၁၅၀ ကျမယ်ဆိုတော့စုစုပေါင်း စလုံး ၁၇၅ ကျပ်ကျသင့်မယ်။ prepaid card ပါဘဲ။ တစ်လဘဲသက်တန်းရှိမယ်။ တစ်လမကုန်ခင် ၂၅ ကျပ်ထပ်တိုးရမယ်။ မတိုးရင် ရှိတဲ့ပိုက်ဆံအဆုံ့း။ ကဒ်ပြားထဲက ပိုက်ဆံမကုန်ရင်လည်းရှေ့လတွေ ကို ဆက် ယူသွားလို့ရတယ်။

သဘောကျသွားတာက incoming free ဆိုတာဘဲ။ကျန်တဲ့ကဒ်တွေ က free လိုချင်ရင် တစ်နေ့ကို ပြားခြောက်ဆယ်နှူံနဲ့တစ်လ ၁၈ကျပ် ပေးမှာ incoming free ရမယ်။ အခုကဒ်ရဲ့အားသာတဲ့အချက်က ည ၁၂ ကနေ မနက် ၁၀ နာရီအထိ outgoing call နဲ့ internet free ရမယ်။ caller number display နဲ့ ဘာတွေညာတွေလည်း ဖရီးရမယ်။ ၁၉ နိုင်ငံ့ကိုလည်း တမိနစ်ကို local rate နဲ ခေါ်လို့ရမယ်။ per second billing လည်းဖြစ်တယ်။

စလုံးမှာနေရတာ ညဏ်ရည်မြင့်လို့သာနေနိုင်တာဘဲ။ တယ်လဲတွက်ရချက်ရသကိုး. ဟိုပလန်ဆို ဘယ်လိုနေမလဲ။ဒီပလန်ဆို ဘယ်လိုနေမလဲနဲ့တွက်ရချက်ရ။ တယ် ခေါင်းစားတယ်.။ နောက်ဆုံးတော့ဝယ်ဖြစ်သွားတယ်။ ဘယ်သူကမှ ဖုံးမခေါ်ကြဘဲနဲ့..ဖုံးသုံးလုံးနဲ့ကိုယ်ဖြစ်သွားပြန်ပြီ။

Kmsl ကတော့သက်ပြင်းချသွားရှာတယ်။ စိတ်မကောင်းပါဘူး မောင်။

Sunday, October 18, 2009

relax


များစိတ်ညစ်လို့........

Saturday, October 17, 2009

collapsing


ထုံးစံအတိုင်း ခေါင်းငိုက်စိုက်နဲ့မြေကြီးကိုကြည့်ပြီး လမ်းလျောက်နေပေမဲ့ ခြေထောက်နဲ့ကန်ချင်တဲ့စိတ်တွေ ကိုထိန်းနေရတယ်။ ပြင်ပလောက မှာစကားပြောစရာ မိတ်ဆွေ နည်းပါလိးု့ virtual world က မိတ်ဆွေများနဲ့သာ နေတဲ့ကိုယ့်ဘဝဟာ စိတ်အaနှာက်အယှက်ဖြစ်စရာတွေ ဖြစ်လာနေခဲ့တယ်။


ဒီနေ့ မနက်က ဘာပြူလို့မှန်းမသိဘဲနဲ့ ပတ်ဝန်းကျင်ဟာ မြုဆိုင်းသလို ဘာမှ မမြင်ရဘူး အရာအားလုံးဟာ မှိုင်းဝေနေခဲ့တယ်။ ရေတွေကို ကိုယ်ချစ်တယ်။ တိမ်တွေကိုလည်းချစ်တယ်။






































မလေးရှား လဝက အရင် အဆောက်အဦးမြေနေရာကလည်း ပြောပြမှသာ သိရမဲ့ အခြေအနေဖြစ်နေခဲ့တယ်။



























ညဘက်ကတော့ happy Deepavali နားကိုရောက်သွားခဲ့သေးတယ်။ ပျော်စရာကြီးပါဘဲ ကြည့်ရတာ။

Free Image Hosting at www.ImageShack.us


Free Image Hosting at www.ImageShack.us

QuickPost

































အပြန်လမ်းမှာ ရှောပင်းစန်တာ ကြီးလဲ မိုးချုပ်လို့
သိမ်း ဆည်းနေခဲ့ပြီ ။ ဆိုင်တွေ လဲ အိပ်ဘို့ပြင်ကြပြီ။ ကြည့် နေရင်းနဲ့ ပတ်စွာခွာ ဖျာသိမ်း ဆိုတဲ့ စကားလုံး the end ဆိုတာ ခေါင်းထည်း ကိုရောက်လို့ရေရွတ်နေခဲ့မိတယ်။

ကိုယ်ဘလော့ပိတ်မှာလား။ စီပုံးပိတ်မှာလား။ ပိတ်ဘို့ ရည်ရွယ်ချက်မရှိပေမဲ့ မခိုင်တဲ့ နလုံးသား ကတော့ယိုင်နေခဲ့ပြီ။ နေ့စဉ်နဲ့အမျ ထိခိုက်ံခံနေရတဲ့ ကိုယ့်နလုံးသား ရင့် ကျက်ပေ မဲ့လည်း. အောင့်နေခဲ့ပြီ။

ရည်ရွယ်ချက်ကဘာလဲ ဘယ်လဲ ဘာဖြစ်စေချင်တာလဲ။ ရပ်စေချင်တာလား။ ဟင့်အင်း ကိုယ်မရပ်ပါဘူး။ ရေးချင်ရင်ရေးမယ်။ မရေးချင်လည်းမရေးဘူး။ ရေးလဲရေးပါတယ်။ မကောင်းဘူးလား. ကျော်ဖတ်သွားပါ။ ကျေးဇူးတင်တယ်။

Anonymous ကြိုဆိုပါတယ်။ ပြောချင်ရာပြောဘို့ဖွင့်ထားပေးခဲ့တယ်။ ကြို့က်သျူရှိမယ်။ မကြိုက်သူရှိမယ်။ ချစ်သူရှိမယ်။ မုန်းသူရှိမယ။် ကြိုက်နစ်သက်သလိုပြောသွားနိုင်ပါတယ်။ ဒါပေမဲ့ မသက်ဆိုင်သူတွေ နစ်နာလို့ မပိတ်ချင်ဘဲပိတ်ခဲ့ရတယ်။ နိုင့်င့ရေးတွေလာရေးပြန်တယ်။ အော်ခက်ပါ့။ လူမှားနေပြန်တယ။်

စီပုံးမှာ မိုးမွန်နေပြန်တယ။် ဘာဖြစ်တာလဲကွယ်။ မကရက ပိတ်သွားတာနဲ့ဘဲ ဒီမှာလာပြီး များ ပေါက်ကွဲနေပြန်တာလား။ ပရိသတ်လိုချင်လို့လား။ ပြောချင်လို့လား။ outlet လိုချင်လို့လား. ဘာများအကျိုးရှိသွားမှာပါလိမ့်။ ပြောလိုက်ရလို့ ရင်ထဲပေါ့သွားသလား။ ဆက်ပြောနိုင်ပါတယ်။ စီပုံးတော့ မပိတ်ချင်ပါဘူး။ အထီးကျန်တဲ့ကိုယ့်ဘဝက စီပုံးကလေးကိုချစ်ပါတယ်။ လောကကိုညည်းငွေ့နေတဲ့အချိန်မှာ ညျော်ကျမယ်ရှင့်လို့ .. အိမ်ပေါ်ကဆင်းလိုက်ဦးမယ်တို့ နဲ့ စိတ်သက်သာသလိုနေနေတာမို့လို့ ခံနိုင်ရည်ရှိ သလောက်ကတော့ ပြောသွားနိုင်ပါသေးတယ်။

သူဘယ်သူလဲလို့တော့သိခွင့်ရှိရင်သိချင်ပါသေးတယ။် ချောင်းရိုက်မလို့မဟုတ်ပါဘူး။ သိချင်တာပါဘဲ။

Thursday, October 15, 2009

guru

ကျောင်းဆရာမတို့ ဘာတို့ညာတို့ ကိုအိမ်ထောင်ပြူဘို့ စဉ်းစားရင် အတော် စဉ်းစားရတယ်ဆိုတာ ဟုတ်မယ။် တယ်ဆရာလုပ်တတ်တာကိုး.......လူကိုမြင်ရင် ကိုယ့်တပည့်ကြီးဘဲထင်တယ်။

မလေးရှားကို ကိုယ်ဂဒီးဂဒီးသွားတတ်ပါတယ်။ ဘတ်စကား ကိုလည်းစီးတာ ခဏခဏ ပါဘဲ။ မလေးက အပြန်တစ်ရက်မှာ.. မြင်အောင်ပြောရရင် မလေးလဝက က ပထမထပ်မှာရှိတယ်ဆိုရင် ဘတ်စကားတွေ ကမြေညီထပ်မှာရှိပါတယ။် အဲဒီတော့ကာ မလေးလဝက ကိုဖြတ်ပြီးရင် အောက်ကိုဆင်းပြိး ဘတ်စကားတွေ စီးရပါတယ။်

အဲသလိုဆင်းလာတဲ့ အချိန်မှာ ဥရောပသားလူမျိုး လင်မယားထင်ရဟန်တူတဲ့နစ်ယေက်က ကိုယ့်ကို အားကိုးတကြီးမေးတယ်။ အဲဒီအချိန်မှာ ဖြစ်ချင်တော့လူကလည်းရှင်းနေတယ် ကိုယ့်ဘဲမေးစရာရှိသလိုဖြစ်နေတယ်။ စကာင့်္ပူသွားတဲ့ဘတ်စကားက ဘယ်မှာလဲတဲ့။ ကိုယ်လဲဖြေပါတယ်။ အခု ဒီမှာမြင်နေရတဲ့ကားတွေ အားလုံးစင်္ကာပူသွားပါတယ်လို့။ အင်း express စီးချင်တယ်တဲ့။ ဘာဖြစ်လို့ express စီးချင်ရတာလဲ။ အဲဒီကားက စောင့်ရတာ နဲနဲကြာပါတယ် ကျန်တဲ့ကားတွေ အများကြီးရှိရဲ့နဲ့ ။

မလေးပိုက်ဆံရှိသလားဆိုတော့မရှိဘူးတဲ့။ မရှိလဲ ကိစ္စမရှိပါဘူး ကိုယ်သူတို့ အတွက် ပေးနိုင်ပါတယ။် တစ်ယောက်ကို မလေးတစ်ကျပ်ပါ. ။ အဲသလိုဆိုတော့လည်း အင်တင်တင်လုပ်နေတယ။် ကဲ အဲဒါဆိုလည်း စလုံးက ဘတ်စကားကဒ်ပါသလား ဆိုတော့ကာ ပါပါတယ်။တဲ့။ ပါရင်ပြ ဆိုတော့ အမျိုးသမီးက ထုတ်ပြတယ်။ ကိုယ့်ကလည်း သေချာအောင် မေးရတယ်လေ. တော်ကြာနေ ဘတ်စကားပေါ်ခေါ်သွားပြီးမှ သူ တို့ ထုတ်ပြတဲ့ ကဒ်က မဟုတ်ရင် ကားပေါ်မှာစကားအပိုတွေ ပြောနေရဦးမယ်။

စလုံးမှာဘယ်ကိုသွားချင်တာလဲဆိုတော့ tampanies- တဲ့။ ဘယ်လဲလို့လဲမေးရသေးတယ။် အဲဒါမှ သူတို့သွားချင်တဲ့ခရီးစဉ်ကို ကိုယ်ဆွဲပေးနိုင်မယ်။ ဘူဂစ်ကိုသွားချင်တယ်တဲ့။ဒါများ express မလိုပါဘူး။ အခု မြင်နေရတဲ့ မလေးက ကားအဝါတွေ နဲ့ လိုက်သွားလို့ရပါတယ်ဆိုတော့လည်း လက်မခံချင်ပြန်ဘူ့း။ လက်မှတ်က ဘယ်လောက်လဲဆိုတော့ မလေးငါးကျပ်. နစ်ယောက်အတွက်ပါ။ ဘူဂစ်အထိ လို့ ကိုယ်ကပြောပါတယ်။ ကိုယ်ပေးလိုက်ဘို့ လဲ ဝန်မလေးပါဘူး။

ခက်တာက သူတို့ ကလည်းလမ်းသိတ်မသိတော့ကိုယ်က ခေါ်သွားရမလိုဖြစ်တယ်။ အဲဒီတော့မေးမိပြန်ရော စလုံးမှာနေတာလား. လာလည်တာလားဆိုတော့အမျိုးသမီးက နေတာပါလို့ဖြေတယ် ။ကိုယ့်ရည်ရွယ်ချက်က စလုံးမှာနေတဲ့သူဆိုရင် စလုံးလဝက ကိုဖြတ်တာ မြန်ပါတယ်။ social visit နဲ့ဆိုရင်တော့နဲနဲကိုကြာတာပေါ့ကိုယ့်က ဖြတ်တာ မြန်မယ်ဆိုတော့သူတို့ကသိတ်ကြာနေရင်လည်းကိုယ့်ကစောင့်မခေါ်နိုင်ဘူးလေ.

ကိုယ့်ဘာသာ ကိုယ်အတွေးတွေ နဲ့စကားတွေ ပြောနေတာမှာ အမျိုးသားက စိတ်မရှည်တော့ပါဘူး. ။ ဟိုနားက ဆိုင်မှာ တစ်ခုခုသွားဝယ်လို့က်ဥိးမယ်ဆိုပြီးလစ်သွားရော အမျိုးသမီးလည်းးကျေးဇူး စကားဆိုပြီးကမန်းကတန်းလိုက်သွားတယ်။ ကိုယ်လည်း ကမန်းကတန်း သူတို့စီးချင်တဲ့ express ကဟိုနားမှာဆိုပြီး ညွန်လိုက်ရတယ်။ ကိုယ့်ဘာသာလည်းယူကြုံးမရဖြစ်သွားတယ်။ ကူညီချင်ရဲ့သားနဲ့ မကူညီလိုက်နိုင်တဲ့ အပြင် စိတ်ကွက်ခြင်းပါခံလိုက်ရတယ။်

နောက်ဆိုရင် မရစ်ဘို့ ဆရာကြီးမလုပ်မိစေဘို့။ အမေးအမြန်းသိတ်မထူဘို့။ ဘာဘာညာညာ ထုတ်မပြခိုင်းမိဘို့။ သူတို့လိုချင်တာကို ပြောပြလိုက်ဘို့ကိုယ့်ကိုယ်ကို သတိပေ့း ဆုံးဖြတ်လိုက်မိတယ်။

ဒါကြောင့်မို့ ကိုယ့်လူများ မယူခင်မှာ စဉ်းစားနိုင်ဘို့...တစ်ချက်ကို ခေါင်းထဲထည့် ပေးလိုက်တယ။်

ဒီနေ့အတွက် message ပါ။
သင့်ရည်းစားဘာအလုပ်အကိုင်လုပ်သနည်း။ ကိုယ်ပြောသလိုလား။ အဲသလိုဆို ရင်.ယူဘို့နစ်ခါစဉ်းစားပါ ။

Wednesday, October 14, 2009

mee



















၄၉လမ်းထင်တာဘဲ မေ့သွားပြီ. lucky seven ဆိုတဲ့ဆိုင်.

Monday, October 12, 2009

simple life

ကိုယ်အနေအစားရိုးပါတယ။်

အဖေ့သမီးပီသတယ်။ အဖေတို့များ အကျီ်သစ်နေရင် ခြေပြီးမှ ဝတ်တယ်လို့ကြားဘူးတယ်။ အနေရိုးသလို အဝတ်အစားလဲရိုးပါတယ။် လူလဲရိုးပါတယ။် မြင်ဘူးသူတွေ သိကြပါလိမ့်မယ။် ထောက်ခံကြပါ။ အကျီလေး ၁၀ ထည်လောက်ကိုဘဲ လှည့်ဝတ်နေတယ။် ကြို့က်မိရင အဲဒါချည်းဘဲဝတ်တော့တာဘဲ။ စကဒ်တစ်မျိုးထဲကိုဘဲ သုံးလေးထည်ဝယ်ပြီးဝတ်တယ်။ အကျီ့ကြိုက်ရင် အဲဒီအကျီကိုဘဲ ထပ်ဝယ်တယ်။ ဖိနပ်လည်း ကြိုက်မိရင် အဲဒီအရံကိုဘဲ ဆက်တိုက်ဝယ်ပါတယ်။ kmsl ကို ကံကောင်းတယ် လို့ ပြောကြတယ် ။ ကိုယ်က သိတ်မသုံးဖြုန်းတတ်လို့။ ကိုယ့်ရဲ့ လှပတဲ့အချိန်တွေက Giadano နဲ့ပြီးသွားခဲ့တယ်။

ဒီနေ့ မနက် အိမ်ကထွက်. ဘတ်စကားဂိတ်ရောက်တဲ့အချိန်မှာ မျက်စေ့မပွင့် သေးဘဲနဲ့ ထိုင်မယ်အလုပ် ဘေးကနေ အန်တီ India က ခုံ က ရေတွေ စိုနေတယ်ဆိုလို့ ကျေးဇူး တင်လိုက်တယ်။ အဲဒီမှာ သူကပြုံးပြ ကိုယ်က ပြုံ့းပြ နဲ့ မေးသမျှ မေးခွန်းတွေ ကို ဖြေလိုက်ရတယ။် ဘာဖြစ်လို့ လူတွေ က ကိုယ့်ကို မေးခွန်းထုတ်ချင်ကြသလဲမသိဘူး တက်ကစီစီးရင်လဲ မေးကြတယ်။ အခုက ဘတ်စကားဂိတ်မှာပါ မေးကုန်ကြပြီ။

ဘာလူမျိုးလဲကနေ စလိုက်တာ အလုပ်လုပ်သလား ဆိုတာ ကို ခေါင်းညိတ်ပြတော့ house မှာလားတဲ့။ အမ်. ဘာပါလိမ့် …..ပြီးတော့မှ သတိရတယ။် ဒါ ငါ့ကို maid လားလို့မေးတာဘဲဆိုပြီး .စိတ်မဆိုးပါဘူး ။ စိတ်ဓါတ်ကျသွားတာ။ ဒါတောင်ကိုယ့်ကိုယ်ကို သေသေသပ်သပ်ဝတ်ထားတယ်လို့ထင်မိတဲ့ အချိန်မှာ။ အင်း ပေါ့ .ဖော်လိုလိုက်တတ်တဲ့ ကိုယ့်အကျင့်အတိုင်း ကိုယ်လဲ maid ဖြစ်သွားတယ်။ ဒါမဆန်းပါဘူးထင်နေကြပါ။ ရန်ကုန်မှာတုံးကလဲ ကိုယ်ပန်းကန်ဆေးနေတုံး အသစ်ရောက်လာတဲ့ အကူကောင်မလေးက အစ်မ ရောက်တာ ကြာ့ပီလားလို့မေးတာ ခံရဘူးတဲ့အချိန်.... ကြာပါပြီလို့ဖြေခဲ့တာတောင် ရုပ်ရှင်ပြသလို ဖြတ်ကနဲ့ flash နဲ့သတိရလိုက်မိသေးတယ။်

တစ်နာရီ ဘယ်လောက်ယူသလဲတဲ့ ဒါလွယ်ပါတယ်။ တစ်ဆယ်ပေါ့။ ကိုယ်ခေါ်တုံးက တစ်ဆယ်ပေးရပါတယ။် ကိုယ့်နေတဲ့အိမ်သေးသေး ကလေးကို ငါးနာရီကြာအောင် သန့်ရှင်းရေးလုပ်တဲ့ အမှူရယ် ။ ကိုယ့်ရဲ့ဂန္တဝင် အိုးကလေးကို ၁၅ မိနစ်လောက်ကြာအောင် တိုက်နေတဲ့အမူရယ်။ မီ့းပူတိုက် တာကြာတဲ့ အမှူရယ်နဲ့ ကိုယ်ဆက်မခေါ်တော့တာ။ ကိုယ်ဘဲ အာယားမလုပ်ပြီး အဲဒီငါးဆယ် ကိုယ်ယူမယ်လို့ဆုံးဖြတ်လိုက်တာ အခုတော့ါ အဲဒီါငါးဆယ်တော့ယူမိတယ်. အာယားမတော့မလုပ်မိဘူး ဒါပေမဲ့ အလုပ်မြ့ပုတ်ပါဘူး ။

ဘယ်အိမ်မှာလုပ်သလဲတို့ India boss လား။ Chinese boss လား တစ်လ ဘယ်လောာက်ရသလဲတို့ အဆင်ပြေ့ရဲ့လားတို့။ ဘာတို့ညာတို့စုံနေအောင်မေးပြီးမှ ဘဲ သူစီးချင်တဲ့ ဘတ်စကားလာလို့ကိုယ့်မှာ နားအေးတော့တယ်။

ဖုံးနံပါတ်မမေးသွားလို့။ မေးလို့ကတော့စင်စင်နံပါတ် ပေးပလိုက်မှာ။

Friday, October 9, 2009

ei kyar

လသာလမ်းနဲ့ ၂၁လမ်းဒေါင့်က ညဘက် မှာ နွားနို့ နဲ့အီကြာကွေးရောင်းတာကို သွားစားရင်းနဲ ဘေးကဆိုင်က အုန်းနို့ခေါက်ဆွဲကို ဝယ်စားတာပါ။ မစားရ တာကြာလို့စိတ်မထိန်းနိုင်တာနဲ့ နဲနဲ စားပြီးမှ ရိုက်ဘို့သတိရသွားတယ်။ အတော် လူများတယ်။ ညဘက်မှာ ကော်ဖီ သောက်ရမှာ စိုးရင် နွားနို့ သွား သောက်ကြတယ် လို့ကိုယ့်ဘာသာကိုယ်ထင်လိုက် တာဘဲ . ။ စကားလဲပြောလို့ကောင်းတယ။်. လမ်းဘေးမှ လေလေး လည်းအေးတယ်။ အဲဒီညက လလည်းသာပါတယ်။










































အုန်းနို့ခေါက်ဆွဲစားချင်တဲ့ ADDRESSEE အတွက်...

Wednesday, October 7, 2009

Story of J>D




ပုလင်းတစ်လုံးရဲ့ story


ရန်ကုန်သွားတဲ့နေ့က ပုလင်းတစ်လုံ့းဝယ်သွားတယ်။ ဘာပုလင်းလဲ မေးမနေနဲ့။ အရက်ပုလင်းပါ။ လေဆိပ်မှာ ဂျုတီဖရီးဆိုင်ထဲဝင်သွားပြီး ဟိုကြည့်ဒီကြည့်။ ပုလင်းတစ်လုံ့း လောက်ဝယ်သွား ရင်ကောင်းမယ် လို့စဉ်းစားပြီး ရန်ကုန် ရောက်ရင် ချစ်သူ ခင်သူတွေ ကိုပေးရတာပေါ့ ဆိုပြီး ပုလင်း တွေ ကိုသွားလေ့လာတယ်။

အရင်တုံးကတော့ ဘလက်လေဘယ်တို့ချီးစ်ဗားစ် တို့ ဝယ်တတ်တယ်။ အဆင်ပြေသလို ပက်သက်ရာပက်သက်ကြောင်းကို ကန်တော့ ဘို့ဝယ်တယ်။ ဒီတစ်ခါကတော့ တစ်ခြား reason နဲ့ဝယ်တယ်။ jack Daniel ခေတ်စားနေတယ် ထင်တယ်ဆိုပြီး ကြားဘူးနားဝရှိတာ နဲ့ အဲဒါသွားလေ့လာတယ်။

အင်း ပုလင်းက နစ်မျိုးဖြစ်နေပြန်ပြီ။ one liter ရယ် ပုလင်းအသေးရယ်။ ဘာကွာသလဲ လို့ဆိုင်ကို ရှင်းပြခိုင်းတော့ ပုလင်းအသေးက အရက်ပြင်းအားပိုတယ်။ လိမိတက် အက်ဒီရှင်လဲဖြစ်တယ။် ပုလင်းကလေးကလည်းလှတယ်။ သောက်ပြီးရင်လည်း အမှတ်တရသိမ်းထားချင်စရာလေး။ အင်း ဟိုပုလင်းကြီးကတော့ ကြီးတော့ကြီးပါရဲ့။ အရက်ပြင်းအားက ပျော့နေတယ။် ဘာဝယ်ရမလဲ ခေါင်းခြောက်သွားပြန်ရော။ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်များ တယ်ခက်တာဘဲ။

အဲဒါနဲ့ ခေါင်းကုတ်ပြီး အကြံထုတ.်. အဲဒီမှာတော့ အရက် သောက်တတ်တဲ့ သူတစ်ယောက်ကို သတိရပြီး ဖုံးဆက်မေးလိုက်တယ။် အကြံ့ပုချက် ကတော့ အရက်ကို သောက်တာ ပုလင်းကိုသောက်တာ မဟုတ်ဘူးဆိုတာနဲ့ အမြင်မှန်ရပြီး ပုလင်းကြီးဘဲ ဝယ်လိုက်တော့တယ်။ ဝါသနာရှင်များက သောက်ဘဲသောက်ချင်တယ်. ပုလင်းလွတ်ကိုတော့ သိမ်းချင်ပုံမရဘူးလို့ဘဲ ကိုယ့်ဘာသာကိုယ် ကောက်ချက် ချလိုက်တော့တယ်။ ကိုယ်တို့ကတော့ ရေမွေးပုလင်းလေး ကုန်ုသွားတာတောင် အလွတ်ပုလင်း ကလေးကို အလှကြည့်ချင်တတ်သေးတာကိုး...

အဲဒါနဲ့ပုလင်းက ဝယ်ရော. စလုံး ၄၀ ကျော်ပါဘဲ ။စတန်းဒတ်ပေါ့။ ပလက်စတစ်အိတ်နဲ့ ဆိုတော့လေဆိပ်ထဲ ဆွဲရတာတော့သိတ်မဆင်မပြေဘူး။ ပုလင်းကြီးဘဲ အောက်ပြုတ် ကျပြီးကွဲတော့ မလိုနဲ့အသည်းယားမိတယ။် အဲဒါနဲ့ အဲဒီပုလင်းကြီးက ရန်ကုန်ပါလာရော။ စီတီမက်မှာမြင်ခဲ့တာ သုံးသောင်း။ ပုလင်းက တစ်ပုလင်း.. ပေးချင်တဲ့သူက များနေတယ။် တစ်ယောက်ကို တီးခေါက်ကြည့်တော့ သောက်တတ်ဘူးတဲ့။ တစ်ယောက် ကို တီးခေါက်က်ြည့တော့ဘီယာဘဲသောက်သတဲ့။ အင်း .. နားခိုရာဆိုရင် ဘယ်လိုနေမလဲ..သောက်တတ်မဲ့ပုံဘဲလို့စဉ်းစားတယ။် ဒါပေမဲ့ သူ့ကြည့်ရတာမိန်းမ ကို မလွန်ဆန်ရဲလို့ သောက်ရဲပုံမပေါ်ဘူး ။ ဒါဆိုရင်..ကိုနဗနရော.. ဟင်း.. ဖုံးနံပါတ်မရှိပါလား။။။။။။။။။ ဒီလိုဆို နန်းညီတို့ ပြည့်ုကို ဘလော့ဂါတွေ သွားကြမယ်ဆိုဘဲ။ ညီလင်းဆက်ကော ပါမလားမသိ. ..ပေးလိုက်ရင်ကောင်းမယ်ထင်တယ်။ ဟိုတစ်ခါက ကိုခင်မောင်အေးက သူ့ကိုဘာကြီးလဲမသိ ပေးဘူးတယ်။ ကိုယ်က မဖြစ်စလောက်နဲ့သွားနောက်နေသလိုဖြစ်နေဦးမယ်။ . နန်းညီတို့ ဖိုးဂျယ်တို့ အုပ်စု…မဖြစ်သေးပါဘူးလေ. ခလေးတွေ ပျော်ချင်လို့သွားတာ တော်ကြာနေ ညဘက် မူးနေကြရင် မပျော်နိုင်ရင်ခက်မယ်။ စိုးဇေယျကော..သူက လဲ ကိုယ့်ကို သိတ်ခင်ပုံမရဘူး။ တစ်နစ်မှ နစ်ခါတောင် မမြင်ရဘူး။ ဘာလာဂေါက်.. ကိုယ့်ကိုရှိတယ် ဆိုတာတောင် သိပါ့မလားမသိ. .။ ရန်ကုန်က ဘလော့ဂါတွေ များ သွေးကြီး လိုက် ကြတာ.....ကဲပါလေ………့ရှိပါစေတော့ …ထားခဲ့လိုက်တော့..museum ထဲမှာ.. . ဘာလုပ်ရမှန်းမသိတဲ့အတူတူ......

Monday, October 5, 2009

FAR CRY

















အားတယ်မအားဘူးဆိုတာ စိတ်ထဲကဖြစ်တာပါဘဲ။ မအားပါဘူးဆိုတဲ့ကြားကတည်းက ကို လစ်တာနဲ့ ရု့ပ်ရှင်ရုံရောက်သွားတတ်တယ်။ ဘာကြည့်ရမလဲ လိုက်ရှာတယ် .ထုံးစံအတိုင်း ကြော်ငြာဘုတ်ကိုသာကြည့် လိုက်ပါ။ ရုံထဲရောက်သွားတယ်။ လူတော့ သိတ်မများဘူး။ မများဘူးဆို စောတာကိုး။ နောက်ဘက်နားက ခုံကို ယူပြီး ဘေးမှာ လူမလာတာနဲ့ couple seat ကို ပြောင်းပြီး ထိုင်လိုက်တယ်။ ပိုတန်သွားတာပေါ့။ ရုံ့ပ်ရှင်ကြည့်ရင်ခြေထောက်ကို ကုလားထိုင်ပေါ် မကြာခဏတင်ရတယ်။ အရပ်က ပုတော့ ခြေထောက်နဲ့ မြေကြါ်ီနဲ့က ထိလိုက် မထိုလိုက်နဲ့ ခြေထောက် အပေါ် တင်ထားတော့အေးရော။ ကာပယ်ဆိ ကတော့ပိုမိုက်တာပေါ့။ ခြေထောက်ကလေး အပေါ် တင်ထိုင်။ ဇိမ္ဘဲ။ လက်ကတော့ချမ်းတာနဲ့ လက်ပိုက်ထားရတယ်။ ချစရာမရှိ တာနဲ့လဲ အတော်ဘဲ။ အတော်ချမ်းတယ်။ ခိုက်ခိုက်တောင်တုန်တယ်။ ဒါတောင် well planed နဲ့ အနွေးထည်အထူယူလာတယ်။

ဇာတ်လမ်းလေးလား.ကောင်းပါတယ။် မင်းသားလဲကိုယ့်အကြိုက် မင်းသမီးလေးလဲ လှ တယ။် လှလို့လဲမင်းသမီးဖြစ်တာဘဲ။ အရ့ပ်ရှည်ရှည် ။ ပါးပါးလှပ်လှပ်. ဆံပင်ကလေးက လေး အခွေ အလိပ်က လေးတွေ နဲ့ ကိုမဆလာအကြိုက်ဘဲ။ နောက်မိန်းမများယူခဲ့မိရင် နောက် တစ်ယောက်က တော့အရပ်ရှည်ရမယ်ဟေ့ ဆိုတဲ့သူ့စံနဲ့ ကိုက်တယ်။ ပြောပြမိရင် သူ့ ဘာသာ သူလာကြည့် နေမယ်နဲ့ တူတယ်ဆိုပြီး မင်းသမီးလှ ကြောင်းမပြောပြ ဘို့လို့ ဆုံးဖြတ် လိုက်တယ်။