Monday, July 26, 2010

ကြယ်စုံတဲ့ည

ညကမိုးချုပ်နေတယ်။ သုတ်သုတ်လျောက်တယ်။ ဒိန်းကနဲမြည်တယ်။ ဒုံးကနဲ ရင်ခုန်သွားတယ်။ ကောင်းကင်မှာ ကြယ်ပွင့်တွေ စုံသွားတယ်။ ငေးမောမိတယ်။ အဆက်မပြတ်ကြယ်တွေ တက်လာတယ်။ ဖြူတစ်ချို့ ဝါတစ်ချို့ နီတစ်ချို့. .ကြယ်တွေ ပြန့်ကျဲသွားတယ်။ နမျောသလိုဖြစ်သွားတယ်။


































































ကောင်းကင်ကိုမော့ကြည့်မိတယ်။ လကလင်းထိန်နေတယ်။ ပြင်္ကဒိန်ကြည့်မိတယ်။ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာနေ့ ကဒီနေ့ဘဲ။ ၂၆ရက်နေ့.


































မှတ်ချက်

ရုံးပိတ်တယ်။ လက်မနိပ်လို့မရဘူး။

16 comments:

ZT said...

လက်မနှိပ်လို့ မရရင် ခြေမနဲ့ နှိပ်ခဲ့ပါ။

ကိုဇော် said...

အဟီး. . .ကျွမ်းကျင်ရင် လျှာနဲ့ပါ နှိပ်လို့ရပါတယ်။
ချစ်စမ်းမောင် ဆိုရင် ဂစ်တာကို လျှာနဲ့ပါ တီးပြနိုင်ပါတယ်။ ဒီလို နှိပ်ပြမယ် ဆိုရင် တကူးတက လာပြီး ဓါတ်ပုံ သတင်း လာယူပါ့မယ်။

နေ၀သန် said...

နားမလည်ဘူး.. ဘာလက်မနှိပ်လို့မရတာလဲ.. ရတာနဲ့နှိပ်..း))

ခင်မင်တဲ့
နေ၀သန်

Anonymous said...

၂၆ရက်နေ့.



happy birthday

mgmyo

Vista said...

သိပါဘူး ချော်လဲလို့ ခေါင်းဆောင့်မိသွားလို့ များလားလို့ 
အလန့် တကြား မမနှယ်။

Anonymous said...

ကြယ်တွေ စုံတဲ့ညမှာ..
.........
.......
ဟိုအရင်လို..ငိုကြွေးလို့မရ..
ဟိုအရင်လို..ရန်ဖြစ်လို့မရ..
ဟိုအရင်လို...စိတ်ကောက်လို့မရ..
ဟိုအရင်လို..တွေးတောလို့မရ..
ဟိုအရင်လို...မျှော်လင့်လို့မရ..
ဟိုအရင်လို...
ဟိုအရင်လို....ပေါ့..။



စိတ်ဗလာနဲ့..
Xထုံ

ဆန်းဝင်း said...

ဒီမှာတော့..ကြယ်တွေစုံတဲ့ည..တယောက်တည်း..ဖြတ်ကျော်ရဦးမယ်.. နောက်ထပ် ၂ နှစ်လောက်..

မြတ်မွန် said...

တို့မမ တစ်ယောက် ကဗျာ ဆန်တယ်ဆိုပြီး လာကြည့်သွားတယ် မမရေ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဓာတ်ပုံရိုက်ထားတဲ့ အိုင်ဒီယာလေးကောင်းတယ်.

:P said...

လက်မ နှိပ်မရရင် တံတောင်ဆစ်လေးသုံးကြည့်ပါလား..။

:P said...

တကယ်ကြယ်တွေလား...မီးလုံးတွေလိုပဲ...။
ခေါင်းစဉ်မြင်တော့ ကိုထူးအိမ်သင် သီချင်းတောင် ဖျပ်ကနဲ သတိရလိုက်သေး
" ကြယ်တွေ စုံတဲ့ည..."

ညိမ်းနိုင် said...

ဟုတ်တယ်...ခေါင်းစဉ်ကို မြင်တော့ အရင်ဆုံးသတိရလိုက်
တာက ထူးအိမ်သင်ရဲ့သီချင်းပဲ...။
အားလုံးဖတ်ပြီးလို့ မှတ်ချက် ကိုဖတ်လိုက်ရတော့ သတိရ
မိတာက အင်္ဂလိပ်ခေတ်က ချစ်တီးတွေကို...။
ချစ်တီးဆီမှာ ငွေချေးတဲ့ တောင်သူလယ်သမားတွေက
(စာမတတ်တော့)လက်မနှိပ်၊ကြက်ခြေခတ်ရတယ်လို့
ဆိုကြတာကိုး....
အစ်မ ကွန် ကတော့ ဘာလို့ဆိုတာမသိဘူး..။
(ထင်ရတာကတော့ ရုံးတက်၊ရုံးဆင်း တိုင်းကဒ် ရိုက်ရ
တာမျိုးထင်ပါရဲ့ )

Anonymous said...

သံရုံးပိတ်တာ ပြောချင်တာ မဟုတ်လား မမကွန်

Moe Cho Thinn said...

အော်..မမ၊ ထုံတို့ ညီအမတတွေ စာလာဖတ်နေတာ သတိပြုပါလေ။
ဓမ္မစကြာနေ့မှာ စင်ကာပူမှာ မီးပန်းဖောက်တာကို ပြောတာလား။ ဘာဆိုင်တုန်း..။ လက်မကရော ဘာတွေကို သွားနှိပ်နေတာတုန်း။
သူက ကဗျာဆန်လွန်းတော့ ဒီက တရွတ်တိုက် လိုက်နေရပြီ။
ပုံ
လှထုံ

Anonymous said...

ရုံးပိတ်တယ်။ လက်မနိပ်လို့မရဘူး။

She may refer to this post.

http://naynaynaing.blogspot.com/2010/07/new-passport.html

CTM

Anonymous said...

Thanks to CTM!!!!
မမ မျက်စိလည်အောင် လုပ်သမျှ ရှင်းပေးသွားလို့ :D
ကြယ်တွေ တက်လာတယ်
ကြွေသွားတယ်
ပြန့်ကျဲသွားတယ်
အချိန်အတိုင်းအတာတစ်ခုထိပေါ့ မမရယ်
ကြယ်မစုံတဲ့ ကောင်းကင်မှာ
လ မမြင်ရတဲ့ နေရာက
အိမ်က “လ” ကို လွမ်းတယ်