Sunday, February 20, 2011

The Mechanic



ဒီမိုးဒီရေနဲ့မှ မကြည့်လို့မဖြစ်ဘူး။ ကြည့်ကိုကြည်ရမယ်။ နာရီကိုကြည့်လိုက်တော့ ရုပ်ရှင်စဘို့ ငါးမိနစ်ဘဲလိုတော့တယ်။ မှီနိုင်ပါသေးတယ်လေ. သုတ်သုတ်လေးတန်းစီ. ရှေ့မှာ လူလဲသိတ်မများဘဲနဲ့ ဘာဖြစ်လို့များကြာနေရတာလဲ။ အမျိုးသမီးတစ်ယောက်မေးတာရယ် မြန်းတာရယ် ဖြေတာရယ်ကြာလိုက်ကြာတာ. စဉ်းစားတာလဲပါသေးတယ် နောက်ဆုံးသူတစ်ယောက်ထဲ ဆယ်စောင်ကျော် လောက်လက်မှတ်ဖြတ်သွားတယ။် နောက်တစ်ယောက်မေးပြန့်ပီ. မြန်းပြန်ပီ. ဘာတွေများသိချင်ကြာတာလဲ very clear cut. ဒီကားကြည့်မယ် ဘယ်နစ်ယောက် ဘယ်အချိန် ဘယ်နေရာ ရော့ ဒီလောက် မိနစ်ပိုင်းအတွင်းပြီးရမဲ့ကိတ်စ. နောက်တစ်တတွဲ တိုင်ပင်ကြပြန်ပီ. သည်းက မခံနိုင်တော့ဘူး လှူပ်စိလှူပ်စိဖြစ်လာပြီ ရုပ်ရှင်ကြည့်တာမှာ trailer တွေ ကိုလည်းကြို့က်တယ် အကောင်းဆုံးအခန်းတွေ ရွေးထုတ်ထားတာဆိုတာအဲဒါလေးတွေ ကိုကြည့်ရတာလဲ enjoyable ဖြစ်တယ် အမြန်လုပ်ပါတော့ဗျို့ စိတ်က မရှည်. ဆယ်ငါးမိနစ်ကြာသွားတယ်။ စောင့်ရတာ။ ဆယ်ငါးမိနစ်လောက်နော့က်ကျပြီးမှ ရုံထဲရောက်တယ်။ ရွစိထိုးနေတဲ့ကိုယ့်ကိုအမြင်ကပ်လို့လားမသိ. အစွန်ဆုံးခုံကို ယူမလားမေးတာ ငါ. မအဘူး ရေကူးတတ်တယ်. နောက်ဆုံးရောက်နိုင်သလောက်ရောက်. အလည်နေရာ. ဘယ်အချိန်လဲ now …..now လို့ အော်မိ။ စိတ်ရှည်တတ်တတဲ့ကိုယ် စိတ်က မရှည်နိုင်တော့ဘူး.ကြည့်ချင်လှပီး မလွတ်ချင်ဘူး။

ရုံထဲရောက်တယ် ထုံးစံအတိုင်းထိုင်ချင်တဲ့နေရာ ကို ရွေးထိုင်တယ်။ ဇတ်လမ်းကစနေပြီး ကလပ်လိုမျိုးမှာ မိန်းကလေးတစ်ယောက်က ကနေပြီးမင်းသားကိုလာမြူဆွယ်နေပြီ. သီချင်းလဲလိုက်ဆိုနေသေးတယ် လာပါ. ကရအောင်ပါလို့လဲ ပြောနေတယ်။ မင်းသားကတော့သဘောကျနဲ့အမူအယာနဲ့ဘဲကြည့်နေတုံး....(အဲဒီမှာ မိန်းကလေးတစ်ယောက်ရဲ့ အရွယ်ဆိုတာကို သတိရမိတယ်။ အသက်က သိတ်မကြီးသေး ကိုယ်လုံးကိုယ်ပေါက် ပါးပါးယားယား မင်းသားးကို ကျောပေးပြီး နောက်ပိုင်းလှုပ်ပြသေးတယ်။ ဒါလဲတင့်တယ် ကြည့်ကောင်းတာဘဲ ကြည့်ကောင်းတဲ့အရွယ်ကို . ကိုယ်လဲစိတ်ကူးလိုက်တယ်။ စိတ်ကူးတာဘဲ ဘယ်သူသိတာမှတ်လို့ငါလဲဝင်ကတယ်ဆိုပါဆို့အဲသလိုလှူပ်တယ်ဆိုပါစို့. ဖျားဖျား မတော်မတဲ့ အမြင်မတော်လိုက်တာ ဆိုပြီးကိုယ့်ဘာသာကိုယ် စိတ်ကူးနဲ့ကတာကိုရပ်လိုက်ရတယ်။ ) ဟောချက်ချင်းဘဲ အိပ်ရာထဲရောက်တဲ့အခန်းကိုကျော်ပြီး နစ်ယောက်သားနားနားနေနေစကားပြောတဲ့အခန်းကိုတောင်ရောက်သွားတယ် ကောင်းခန်းတွေ ဖြတ်သွားတာနာတာဘဲ။

မင်းသားက လူသတ်သမားလားမသိဘူး ထင်တာဘဲပြောတာ ဇတ်လမ်းမဖတ်ရသေးဘူး ပြောတာလဲ နားမလည်ပါဘူး။ သူ့ဇတ်လမ်းနဲ့မတူရင်ကိုယ်ထွင်ပြီး လုပ်ကြ့ရေးတဲ့ အနားသားဇတ်လမ်းလို့ဘဲ ဖတ်ရမယ်။

ဒါပေမဲကအားကြီးကြည့်ကောင်းတယ် တောင့်တောင့်တင်းတင်း. အဆီအသားမရှိ. မောလဲ မမောတတ်. ဘယ်လောက်လုပ်လုပ် အားရှိတယ်။ အဲသလိုပြောပြန်တော့လဲ အစ်မ တစ်ကယ်ဘဲ အဲသလို မျိုးကိုကြိုက်သလားမေးဘူးတဲ့သူကို သတိရတယ်။ ကြိုက်ပါတယ်။ အရပ်လဲရှည်ရမယ် ကိုယ်လုံးကိုယ်ထည်လဲတောင့်တင်းရမယ်။ ပါးပါးလျှားလျားအဆီအသားမရှိရဘူး။ ကြိုက်တာပေါ့။ အရပ်ကလေးပု ဘိုက်ကလေးပူ. လှုပ်စိ လှူပ်စိ နနဲ လုပ်တာနဲ့များများမောနနေရင် မကြိုက်ပေါင်.။ အပြုးံအရယ်လဲသိတ်မရှိဘူးအဲဒါလဲကြိုက်တာဘဲ ယောက်ကျားလေး ဟီးဟီးမကြိုက်။ တည်တည်တံ့တံဘဲကြိုက်တယ်။ အဲ . နောက်လင်များယူချင်နေသလားယူလို့ကော ရသေးလို့လားမေးတော့မှာဘဲ ဘာမှမဆိုင်ပါဘူး ကြိုက်စရာရှိတာတော့ကြိုက်ရမှာဘဲ။ အရပ်ပုတာခွင့်လွတ်ထားတာ တွမ်ခရုစ်တစ်ယောက်ဘဲရှိတယ်။

သေနတ်နဲ့ပစ်တာတွေ ဓါးနဲ့ထိုးတာတွေ လည်မြိုကကိညှစ်တာတွေ ပါပေမဲ့ ကြည့်လို့ရတယ် ဒါရိုက်တာ တော်တယ်။ သွေးရဲရဲသံရဲ့ရဲတွေ ကိုတည့်တည့်ကြီးတွေ မပြဘူး. ဥပမာဓါးနဲ့အားရပါးရထိုးတယ်ဆိုရင် ထိုးတဲ့သူကိုဘဲ အားကြိုးမန်တက် ထိုးချတာ အကြိမ်ကြိမ်ထိုးချတာကိုပြတယ်။ ဟိုဘက်ကသွေးရဲရဲ့သံရဲရဲကကိုမတော်မတရားမပြဘူး ဘာဖြစ်လို့သတိထားမိရတာလဲဆိုတော့နောက်ပိုင်း ကိုယ်အသည်းသိတ်ငယ်တယ်.အသက်ဘဲကြီးလာလို့လား နလုံးဘဲမကောင်းတာလဲ မီနိုပေါစ်မို့လိုကဘဲ သွေးသားခြောက်ခြားတာလားမသိဘူးအဲသလိုမျိုးတွေ ကိုကြည့်လို့မရတော့ဘူးမြင်တာနဲ့ မျက်စိမှိတ်ပြီးမကြည့်တော့ဘူးပြီးလောက်မှ ပြန်ဖွင့်ကြည့်တယ်။ အခုကားကတော့ပသာဒရှိတယ်။ သီချင်းတွေ လည်းကောင်းတယ်။ ဆူညံတီးလုံးကြိုက်တဲ့လူကိုတောင် အေးချမ်းတဲ့ဟော်လိုဂစ်တာလိုမျိုးနဲ့အသံအဓိကထားပြီးဆိုသွားတဲ့သီချင်းလေးတွေ အတော်ကောင်းတယ်။ အဲသည်သီချင်းလေးတွေ လိုချင်လို့ောတ့ပရိုဂျုဆာ လုပ်ပြီးရိုက်ခိုင်းပြီးတော့တော့လည်းမသိမ်းချင်ပါဘူးလေ. ကောင်းတဲ့သီချင်းလေးတွေ ကဘာဖြစ်လို့ရုပ်ရှင်ထဲရောက်သွးတာလဲ အဲဒါမှ မဟုတ် ရုပ်ရှင်ထဲက သီချင်းလေးတွေ ကဘာဖြစ်လို့အတော်ကောင်းနေရတာလဲ ဒါဆိုရင်လည်းရိုက်ခိုင်းပြီးသိမ်းသင့်ရင်သီမ်းရမှာပေါ့။
အဲသည်မင်းသားနဲ့လာပေါင်းမိသွားတဲ့ လက်ရဲဇတ်ရဲ ကောင်လေးတစ်ယောက်ကလေည်းဆိုက်သေးလေးပေမဲ့လဲက်ြည့ကောင်းတာဘပါဘဲ (ငါများမြင်မြင်ကရာဖမ်းကြိုက်နေတဲ့ သူများဖြစ်နေပလားတောင်ကိုယ့်ကိုယ်ကိုသံသယဖြစ်ရမလိုဖြစ်နေပီ) သူက အခြောက်ဆိုက်ကြီးတစ်ယောက်ကို သွားညုရတဲ့အခန်းပါသေးတယ်။ ရင်တောင်ခုန်မိတယ်။ ဒါကျတော့ပြတယ်။ မုန်းစရာ။ အဲသည်ကောင်လေးက ထိုင်လို့ အခြောက်ကြီးက မတ်တတ်ရိုက်လို့ ကောင်လေးက ခေါင်းလေးငုံ့လို့ ဟိုလူကြီးကကောင်လေးကို ခေါင်းလေးသပ်လို့ကောင်လေးက လူကြီးကို ကြယ်သီးလေးဖြုတ်လိုက်. ဟိုဟာလေးဖြုတ်လိုက် ပွတ်သီးပွတ်သပ်လုပ်ရာကနေ ထသတ်တာ ဟိုလူကြီးကလည်းအသေပြန်ဆော်တာ နစ်ယောက်လုံးဖွတ်ဖွတ်ကြေ. နောက်ဆုံးတော့ကောင်လေးနိုင်တာပေါ့။

ကြည့်လို့ကကောင်းတယ်ကွယ်။ x 2 ခါပြော။ သွက်သွက်လက်လက်ပြးလိုက်ကျ. ခုန်ချလိုက်ကြ. မမောကြတာ အားကျတယ်။ ဒီမှာတော့ မောမော နေလှိုကော်ဖီခဏခဏသောက်ရတယ်။

ထားပါတော့လေ. လိုရင်းက နောက်ဆုံးကောင်လေးနဲ့ပက်သက်တဲ့သူကို သတ်ခဲ့ဘူးကြောင်းကောင်လေးက ရိပ်မိသွားသလို ကောင်လေးရိပ်မိသွားတာကို လဲမင်းသားကရိပ်မိသွားတယ်အနရယ်ရဲ့အငွေ့အသက်တွေ ကိုရလိုက်တာပေါ့. အဲဒါ မင်းသားကို မော်တော်ကားဒါတ်ဆီဖြည့်နေတော့ ပေါက်ကွဲအောင် လုပ်ပလိုက်တော့မင်းသားသေသွားပီလို့ငအ ကောင်လေးကထင်သွားတာပေါ့ (တို့ကတော့မထင်။ ) အဲသည်မှ နွမ်းပါးပုံရတဲ့ကောင်လေးက မင်းသားနေတဲ့ ပရိုက်င်္ဗိုက် အိမ်ကိုပြန်သွားပီး မင်းသား အိမ် ကဒါတ်ပြားကိုဖွင့် နားထောင် ပီး မင်းသားရဲ့ အပျံစားကားကိုယူသွားပီးမောင်းထွက်. ထိုင်မောင်းနေရင်းကနေ ဘေးခုံမှာချထားတဲ့ စာရွက်တစ်ရွက်ကိုမြင်မိလို့ဖတ်ကြည့်တော့ steve နင်ဒီစာကို နင်ဖတ်နေရင် နင် dead ပြီတဲ့ ဟာ မဟုတ်တစ်.ုယုတ်တွေ ဟားဟား။ ဟား. ( သူက ဘာမှ မပြောပါဘူး ကိုယ်က အဲသလိုနားလည်လိုက်တာ ) ဆိုပြီး စာရွက်ကို လဲ လွတ်အပစ် မည်သို့မည်ပုံစီမံ့ထားသည်မသိတဲ့ကားကြီး ပေါက်ကွဲရုံတင်မက အိမ်မှာပေါက်ကွဲတစ်စီဖြစ် ကောင်လေးလဲ dead သွားတယ်ထင်တာဘဲ မမြင်လိုက်ရတော့ဘူး မမြင်လိုက်ရတာဘဲကောင်းပါတယ်။

မြင်လိုက်ရတာတေ့ဓါတ်ဆီဆိုင်မှာ ပေါက်ကွဲတဲ့ကားကို စောင်ကြည့်ကင်မရာတစ်ခုကနေဖမ်းယူမိလိုက်တာ လူတစ်ယေယက်က အဲဒီပေါက်ကွဲကားထဲကနေ လှိမ့်ထွက်လာတာကိုမြင်လိုက်ရတာဘဲ ဘယ်သူရှိဦးမလဲ မင်းသားပေါ့။ နောက်ဆုံး ဘယ်ကဘယ်လိုရပ်ထားမှန်းမသိတဲ့ကားပေါ်တက်သွားပီး အဂ်လိပ်ကားတွေ တော်တော်များများမှာ ဇတ်သိမ်းလေ့ရှိတဲ့ လမ်းမ အရှည်ကြီး ကားတစ်စီးမှ မရှီတဲ့လမ်းပေါ်မောင်းထွက်သွားတာနဲ့ ပြီးလိုက်တယ်။ ကားပေါ်တက်သွားတ မြင်ရတာအားရှိလိုက်တာ အားလုံးကိုချေမှုန်း မထိမခိုက်. ကားကြီးစီးပြီးထွက်သါာတားအားကိုးစရာကောင်းလိုက်တာ အားကိုးချင်လိုက်တာနော်။


မှတ်ချက်
မင်းသာ : Jason Statham
သူ့ကိုမှတ်မိတာ. The Transporter (2002) စကားများတဲ့ကောင်မလေး Qi Shu နဲ့ များလွန်းလို့ပလာစတာကပ်ထားရတယ်။

22 comments:

  1. ဒါပေမဲကအားကြီးကြည့်ကောင်းတယ် တောင့်တောင့်တင်းတင်း. အဆီအသားမရှိ. မောလဲ မမောတတ်. ဘယ်လောက်လုပ်လုပ် အားရှိတယ်။အရပ်လဲရှည်ရမယ် ကိုယ်လုံးကိုယ်ထည်လဲတောင့်တင်းရမယ်။ ပါးပါးလျှားလျားအဆီအသားမရှိရဘူး။ ကြိုက်တာပေါ့။ အရပ်ကလေးပု ဘိုက်ကလေးပူ. လှုပ်စိ လှူပ်စိ နနဲ လုပ်တာနဲ့များများမောနနေရင် မကြိုက်ပေါင်.။
    >> Wha Wha What are these? A he he.

    ReplyDelete
  2. “ဖျားဖျား မတော်မတဲ့ အမြင်မတော်လိုက်တာ ဆိုပြီးကိုယ့်ဘာသာကိုယ် စိတ်ကူးနဲ့ကတာကိုရပ်လိုက်ရတယ်။” တဲ့... အဟိ.. ဒေါ်ခင်အူးမေ နဲ့  ကောင်မလေးနဲ့ များ တူနေသလားပဲ .... ကြည့်မယ်..

    ကြည့်မယ်....

    အဲ့သည်ကား ကြည့်ဖြစ်အောင်ကြမယ်...

    BTW (အသားကြီးပဲ ကောင်းဗူးဗျ... အဟဲ... သုံးထပ်သားလေးမှ ကောင်းတာ....) “၀က်သား” ကိုပြောတာပါ

    ReplyDelete
  3. အဟီး.... လာပါများလို့ လားမသိ... စာလုံးပေါင်းမှားတာတွေ ဓါတ်ကူးနေတယ်...

    အော်... ပြောရအုန်းမယ်.... ဒို့ ဂတော့ သုံးထပ်သားပဲ.... အဆီအသားပေါ့... ဘူသူကြိုက်ကြိုက် မကြိုက်ကြိုက် ဂုမစိုက်ဘူး... ဒါဗျဲ..

    ReplyDelete
  4. ညီလင်းသစ်February 20, 2011 at 4:55 AM

    အင်း..ဒီကားတော့ ကြည့်ဦးမှ ပါပဲလေ...၊ ကြော်ငြာက ကောင်းလွန်းတော့လည်း......၊း)

    ReplyDelete
  5. စိတ်ကူးယဉ်တဲ့ အခန်း အကြိုက်ဆုံးပဲ။ ဖတ်ရင်းနဲ့ ပြုံးနေရာကနေ အသံထွက်ပြီး ရယ်မိတယ်။

    များတို့ကတော့ action သိပ်မကြိုက်ဘူး။ drama ပဲကြည့်တယ်။ ပြီးတော့ အိမ်မှာပဲ ဒေါင်းကြည့်တာ ... ဟီး ...
    အစ်မကြည့်လိုက်ရင် action တွေချည်းပဲနော်။
    မယ်ဆွိ

    ReplyDelete
  6. ဒီနေ့တင် မနက်ဖြန်ကတည်းက ကြည့်ပြီးပေါ့။ အဲဒီမင်းသားက ရုပ်တည်အောင် လုပ်ထားသလိုကြီး ဖြစ်လွန်းပါတယ်။ ဒါပေမဲ့ ကိုယ်လည်း ကြိုက်ပါတယ်။ ဇာတ်လမ်းကိုတော့ မကြိုက်လှဘူး။ ကိုယ်ကလည်း လှုပ်တိုင်း မမောလှဘူး ဒါပဲ အဟဲ။

    မောလ်ရောက်ပေမဲ့ ၃၇ ဂ မစမ်းရဲသေးပါကြောင်း။

    ReplyDelete
  7. သာမီး ဆလူးFebruary 20, 2011 at 6:38 AM

    အဲဒိ မြင်းသားက အသက်ကြိးဘီမား များကတော့ သိပ်မကြိုက်ပါဘူး
    မာမီ ရေးပြတာနဲ့တင် ဇာတ်လမ်းအားလုံးသိသွားဘီ ကြည့်ဖို့မလိုတော့ဘူး များက တခါမျ ရုပ်ရှင်မကြည့်ဖူးဘူး အဟုတ် ပြောတာ ဒီရောက်ပြီးမှလေ

    ReplyDelete
  8. ဒီလောက် ကြော်ငြာနေမှတော့ ကြည့်သင့်ပါတယ်။ ဒါပေမဲ့ စာဖတ်ရတာက ပိုကောင်းနေသလိုလို။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  9. ဒီနေ့မနက် အစောကြီးနိုးလို့
    ဘလော့ဂ်စာမျက်နှာကို ဖွင့်တာ၊ ဘယ်သူမှ အသစ်ရေးတာ မတွေ့ဘူး အမရယ်၊
    ဒါနဲ့ မဖြစ်နိုင်ဘူးဆိုပြီး အမစာမျက်နှာကို ဖွင့်တာ တွေ့ပါလေရော၊
    တယောက်တည်း ဖတ်နေရင်း
    “အင်္ဂလိပ်ကားများ ဇာတ်သိမ်းရင် လမ်းမအရှည်ကြီးမှာ ကားမောင်းပြီး ထွက်သွားတာနဲ့ ပြီးသွားတယ်” ဆိုတဲ့နေရာမှာ အသံထွက်အောင် ရယ်မိလိုက်တယ်၊
    အဖော်မွန်က လှည့်ကြည့်တယ်၊
    အဲဒါနဲ့ သူလည်း ရယ်ရအောင် အစအဆုံး အသံထွက် ဖတ်ပြလိုက်ပြီး နှစ်ယောက်သား ပြုံးရယ်ကြတယ်၊

    ကောင်းလိုက်တာ အမရယ်၊ ရုပ်ရှင် ရီဗျူးက၊
    အဲဒီမင်းသားကို ကြိုက်တယ်၊ ဘော်ဒီဂတ်မင်းသားကို ပိုကြိုက်တယ်။ ၀င်တနီဟစတန်ကို စောင့်ရှောက်နေတဲ့ အကြင်နာ မျက်လုံးတွေကို စွဲလန်းလွန်းလို့ပါ။
    ထရန်စပိုတာမင်းသား၊ မင်းသမီး တရုတ်မလေးကို စကားများလွန်းလို့ ပလာစတာကပ်ထားတာလည်း သတိယလို့ ရယ်မိပြန်တယ်၊

    ပိုစ့်တင်ချိန် ၂.၄၉ အေအမ်ဆိုတော့ ကော်ဖီတွေ သောက်ပြီးများ ရေးသလား အမ၊
    ဘရာဗို

    အပြုံးပန်း

    ReplyDelete
  10. ကျောက်ကဲနစ်February 20, 2011 at 9:26 AM

    ဓါတ်ရှင်ထဲက ကောင်လေးကလဲ အ လိုက်တာ ။ဒို့ဂျီးတော်ကြီးလောက်မှ လည်လည်ဝယ်ဝယ် မရှိဘူး..၊ ဒို့ဂျီးတော် ကမှ မင်းသားမသေမှန်းသိသေး၊
    နောက် ..ဟောလီဝုဒ်ရောက်လို့ အဲဒီကားရိုက်တဲ့ ဒါရိုက်တာတွေ့ရင် ဒီလောက် အတဲ့ကောင် ခေါ်မရိုက်နဲ့ ပြောရအုန်းမယ်...

    ReplyDelete
  11. ငါ့အမကတော့ လုပ်ချ လိုက်ပြန်ပြီ။ အမရဲ့ ရုပ်ရှင် ဇာတ်ညွှန်းဆို ကျွန်တော်ကတော့ ကြိုက်လွန်းလို့ မလွှတ်တမ်းဖတ်.... :P ဟီးးးးးးး

    ReplyDelete
  12. မင်းသားက လူသတ်သမားလားမသိဘူး ထင်တာဘဲပြောတာ ဇတ်လမ်းမဖတ်ရသေးဘူး ပြောတာလဲ နားမလည်ပါဘူး။

    သိပ် သဘောကျသည်။
    အများကြီး ရယ်သွားရ၍ ရှဲ့ရှဲ့ နီ ပါ ။

    Appana

    ReplyDelete
  13. " ပွတ်သီးပွတ်သပ်လုပ်ရာကနေ ထသတ်တာ ဟိုလူကြီးကလည်းအသေပြန်ဆော်တာ နစ်ယောက်လုံးဖွတ်ဖွတ်ကြေ. နောက်ဆုံးတော့ကောင်လေးနိုင်တာပေါ့။ " :))))))

    ရယ်လိုက်ရတာ....:P
    မမကိုသိပ်ချစ်တာ ဒီအပြောလေးတွေကြောင်.ပဲ။

    ReplyDelete
  14. အဲ့မင်းသားကို သိပ်ကြိုက်တယ်....။
    ဒီကားကြည့်ရတာ သိပ်စွံဟန်မထင်ဘူးလို့ တွက်ထားတာ..။
    အစ်မကွန်ရေးပြမှ ကြည့်ချင်သွားပြီ..။ဒါနဲ့ မင်းသမီး ပါဘူး
    လားဗျ...။

    ReplyDelete
  15. မင်းသားက ဂတုံးကြီးလားဟင်..
    သားက အဆီမရှိ...နေအရမ်းပူရင်တော့မောသလိုလို...

    ReplyDelete
  16. ကြိုက်သွားပြီ..ဒီကားကို..။
    မကြည့်ရပေမယ့်..
    သိပ်သဘောကျတယ်..။


    Xထုံ
    (ပိုက်ဆံပေးပြီးတော့တော့ သွားမကြည့်သေးဘူး
    မမရေ..ဟိဟိ)

    ReplyDelete
  17. ကြိုက်သွားပြီ..ဒီကားကို..။
    မကြည့်ရပေမယ့်..
    သိပ်သဘောကျတယ်..။


    Xထုံ
    (ပိုက်ဆံပေးပြီးတော့တော့ သွားမကြည့်သေးဘူး
    မမရေ..ဟိဟိ)

    ReplyDelete
  18. “စိတ်ကူးတာဘဲ ဘယ်သူသိတာမှတ်လို့ငါလဲဝင်ကတယ်ဆိုပါဆို့အဲသလိုလှူပ်တယ်ဆိုပါစို့. ဖျားဖျား မတော်မတဲ့ အမြင်မတော်လိုက်တာ ဆိုပြီးကိုယ့်ဘာသာကိုယ် စိတ်ကူးနဲ့ကတာကိုရပ်လိုက်ရတယ်။”
    ပေါ့ဇစ်တစ်ဗ် နဲ့ ပဲ ဆက်ကပါ မကွန်ရယ်။
    ဒီလို ရုပ်ရှင်ဇတ်ကား အညွှန်းကို ဖတ်ရတာ ရုပ်ရှင်ထက် နောက်တစ်ခါရေးလာဦးမယ့် အညွှန်းကိုပဲ စိတ်ဝင်စားမိတော့တယ်။
    ခင်မင်စွာဖြင့်

    ReplyDelete
  19. သွား အားမကိုးလိုက်နဲ့ ။ အဲလူ က ကြေးစား နော်။ ကြောက်စာကြီး...။

    သုံးစက်

    ReplyDelete
  20. ဟဟ.. ဖတ်ပြီးတော့ ပြုံးသွားတယ်... လက်မှတ်ရောင်းကို အော်နေပုံကိုလည်း မျက်လုံးထဲ မြင်သွားတယ်....


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  21. မမနဲ့ဇွန် trailer ကြည့်ရတာ ကြိုက်တာချင်းတူတယ်။ ဇွန်လည်း ရုပ်ရှင်ဆို အစကမှီမှ၊ trailer အားလုံးကြည့်ရမှကြိုက်တယ်။ နမူနာ ၄၊ ၅ကားလောက်ကြည့်ချင်တာ၊ trailer မပြဘဲ ရုပ်ရှင်ချည်းအရင်ပြတာမျိုး မကြိုက်ဘူး။ :D

    စကားစပ်လို့ ဒီည m1 ကနေ free ရတဲ့ ရုပ်ရှင်သွားကြည့်လိုက်ဦးမယ်။ ကားနာမည်က Unknown တဲ့။ ;)

    ReplyDelete