Sunday, December 11, 2011

ဒီည



























ယနေ့သည် စနေညဖြစ်သည်.။ မည်သည့်နေရာသို့သွားရမည်နည်းဆိုသည်မှာသိတ်စဉ်းစားစရာမရှိပါ။ အော်ချတ်. စီးတီးဟော နင့်ဘူးဂစ်သာဖြစ်သည်။ ယနေ့အတွက် ဘူဂစ်ကိုစဉ်းစားသည်။

အိမ်တွင်အိုက်သော်လည်း ရထားနင့် ရှော့ပင်မောသည် အေးသည်. အေးလျင် မခံနုင်..။ ဟတ်ချိုးဖြစ်သည်.. ဆေးဝယ်သည်. ပါရာစီတစ်မောသည် ၁၂ လုံးကို စလုံး ခုနစ်ကျပ်နီးးပါးဖြစ်သည်. တစ်လုံးစလုံးပြားခုနစ်ဆယ်ခန့်ကျသည် အဘယ်ကြောင့် ဤသို့ဈေးကြီးရသနည်း. ပိုကောင်းရွေ့ဖြစ်မည်.သောက်လိုက်ရာနဲနဲသက်သာ်၏. ရေဘူးမှာ ပြားလေးဆယ်ဖြစ်သည်။






















အင်နာဗွန်စီဝယ်သည်. စလုံး ၁၃ ကျပ်ခန့်ဖြစ်သည်.။ တစ်နေ့တစ်လုံးသောက်ရမည်. အလုံး သုံးဆယ်ပါသည်.။ ညီမငယ် ၂၆ နစ်သောက်သောဆေးဖြစ်သည်. အညွန်းကောင်းရွေ့လိုက်သောက်ကြည့်နေသည်. ဆူပရာဒင်ခဏသိမ်းထားလိုက်သည်။


လမ်းဘေးတွင်ထိုင်သည်.























မည်သည်ကိုမျှမသွား. ဘူးဂစ်မှတ်တိုင်မှ တက်ေ၇ွ့ဆေးသောက်ကာ ထိုင်နေခြင်းဖြစ်သည်. ဘေးလမ်းအုတ်ခုံတွင်ဖြစ်သည်။ ဖုံးထိုင်ပြောသည်. ရန်ကုန်မှ ဖုံးလာသည်. မကြားတစ်ချက် ကြားတစ်ချက် လူသံများကလည်းဆူညံလှသည်။ နောက်ဆုံးလိုင်းပြတ်သွားမှသာ အေးတော့သည်.
























ထိုင်ရာမှထကာ ရေပန်းဘေး သွားမော့သည်.။ ဒါတ်ပုံများရိုက်ကြသည်. ကွကို၇ိုက်လျင်အားကြီးရုပ်ဆိုးသည် ဆယ်ပုံတစ်ပုံတင်၏။ . သူများရိုက်ပေးလျင်ကော..........ရိုက်သူပေါ်မူတည်သည်. ကင်မရာခွန်မပေးရပါ . ရိုက်လိုက်သည်မှာ မနည်းကျ. အောချတ်တွင်လည်းသောက်သောက်လဲစည်သည်ဟုသိရသည်။



























ညကလကြတ်သည်ကိုမသိလိုက်. ထိုင်နေသောနေရာနင့်မနီးစပ်သောကြောင့်ဖြစ်မည်။ ရှော့ပင်မောထဲသွားမော့နေသောကြောင့်ဖြစ်မည်။ ထီးများသွားကိုင် ပိုက်ဆံအိတ်များသွားလွယ်။ ဖိနပ်များသွားစွပ်နေ၏. ပြီးခဲ့သောအပတ်ကသက်သာသည်ဆိုပြီးဖိနပ်တစ်ရံထပ်ဝယ်သေးသည်. မကုန်နိုင်မခမ်းနိုင်ဖိနပ်များကို ကြည့်ကာသက်ပြင်းချရသည်.

စီးသည်မှာအကြမ်းဖိနပ်ဖြစ်သည်.ဒေါက်ကလေးများကိုကြိုက်သောလည်းမစီးနိုင်. လူကရုပ်ကြမ်းရုံမက ခြေထောက်ကြီးပါကြမ်းလေရာ လှပသောဖိနပ်ကလေးများသည် သူမ၏ ခြေထောက်နင့်တွေ့သောအခါ သနားစရာကောင်အောင် ရုပ်ဆိုးသွားကြလေသည်.




























ထိုရေပန်းသည်သေးငယ်သော်လည်းပရိတ်သတ်မနည်းလှချေ. အမြဲစိတ်ဝင်စားကြသည်. ခလေးများအမြဲပျော်သည် လူကြီးလည်းပျော်ပါသည်။




























ယနေ့သည် စုံလင်သည်။ ရန်ကုန်မှ ဖုံးဆက်နိုင်သကဲ့သို. အောချက်တွင်လည်း မုန့်စားနေသူရှိသည်. လကြတ်နေသည်ကိုကြိုးစားပန်းစားရိုက်သူများလည်းရှိသည်. မဂ်လာဆောင်သွားသူများလည်းရှိသည်. ဟင်းချက်နေကြသသူများလဲရှိသည်။ မသိသည်များစွာရှိသေးသည်.ဘာမှန်းမသိရသူများလည်းရှိသည်.။ သတိရလျင်ရင်ဘတ်ဘာကြောင့်အောင့်ရသနည်းဆိုသည်ကိုသိပါသလား.. သူမသည် လူတွေနင့်ဝေးကွာသည်.ဘာကြောင့်ဝေးကွာရသနည်း. အတွေးများကိုဤတွင်ရပ်ပါ.။







































































ပြန်လျှင်တော့လည်းအိတ်တအိတ်ပါသည်. ကောက်ရခြင်းမဟုတ်.ဝယ်ခြင်းဖြစ်၏။ စလုံးတစ်ဆယ့်နစ်ကျပ်ကျော်ဖြစ်သည်. နောက်တစ်ခေါက်အလှူခံလျင်ထည့်ပါမည်ဟုကိုယ့်ကိုကိုယ်.ခံဝန်ကာဝယ်လိုက်သည်။။




















10 comments:

Anonymous said...

နောက်တစ်ခေါက်အလှူခံလျင်ထည့်ပါမည်ဟုကိုယ့်ကိုကိုယ်.ခံဝန်ကာဝယ်လိုက်သည်။။

ဒီဟာ မှတ်ထားလိုက်မယ်နော်။ :D

အလှူခံကောက်စဉ်က အိတ်တစ်လုံးဖိုး၊ ဖိနပ် တစ်ရံဖိုး၊ တက္ကစီ တစ်ကြောင်းဖိုး ထည့်ရန် သတိတရ အလှူခံသူ။

Anonymous said...

ဆေးပေါင်းခချိန်ရွေးပြီး ဆေးသောက်လိုက်တယ်ပေါ့..
လကြပ်တာတော့မသိလိုက်ဘူး
ဒီကသန်းခေါင်အချိန်စောင့်ပြီး တခုခု သောက်အုံးမှပဲ..
N/A

TZH1985 said...

ညနေက ဒလက်နဲ့ ခရစ်စမတ်သစ်ပင်ကို မဲပြီး ဓါတ်ပုံရိုက်နေတုန်း နောက်က ဗမာလို ဖုန်းပြောသံ ကြားလို့ လှည့်ကြည့်လိုက်တာ အော် လက်စသပ်တော့... :P (အဟုတ် တကယ့်ကို တိုက်ဆိုင်တာ)

Anonymous said...

အလှူခံပါရစေမမ.. အိမ်ပြန်လမ်းစရိတ်လေး မစပါ

ူပွင့်

rose of sharon said...

မမရေ.... ကျမစကာင်္ပူရောက်တိုင်း ဘူးဂစ်သွားဖြစ်တယ်... ခလေးတွေက အဲဒီရေပန်းလေးတွေကို သဘောကျလို့ တခါတလေ အဲဒီနားမှာ တနာရီလောက်ကိုနေပေးရသေးတား))

ညိမ်းနိုင် said...

ဟုတ်ပါ့အစ်မရာ....အဲ့ရေပန်းလေးကိုဘာကြောင့်မှန်းမသိ
သဘောကျတယ်...၊ရောက်တိုင်း ရပ်ရပ်ကြည့်မိတယ်....။
ဒါနဲ့ စတုတ္ထမြောက်ပုံကို သဘောကျသွားတယ်....။

San San Htun said...

ဘူးဂစ်ရောက်တိုင်း ကလေးတွေ အဲဒီရေပန်းမှာ ဆော့နေတာကို မော့နေကျ..:)

Candy said...

ဟုတ်ပ.. သွားစရာကလည်း ဘူဂစ် စီးတီးဟော အောချက် ဒါပဲရှိတာ ဒီမှာ >.<

Anonymous said...

ထိုင်ရယ်နေတယ်...။
(မှန်းကြည့်ကြည့်...ဘယ်စာကြောင်းကို
ရယ်တာလဲ ဆိုတာ..)

ညက နန နဲ့ အမျိုးတွေ လာသွားတယ်..။
စောအိပ်သလို ဖြစ်ပြီး စောမအိပ်မိ..။

ပုံ။
Xထုံ

ချော(အစိမ်းရောင်လွင်ပြင်) said...

လကြတ်နေသည်ကိုကြိုးစားပန်းစားရိုက်သူများလည်းရှိသည်။ ဆိုတာ စောင်းပြောတာဘဲ ဖြစ်ရမယ် :P :P
လကြတ်မယ်ဆိတာ မခင်ဦးမေကြိုပြီး သတင်းရလိုက်ပုံမရဘူး
မဟုတ်ရင် ဓာတ်ပုံရိုက်ဦးမှာ သေချာတယ်
ခုတော့ မမြင်ရတော့ဘူး။။ စိတ်ကောင်မကောင်း....