Tuesday, January 25, 2011

busy

သို့
အလုပ်လဲများပါတယ်။
ဘယ်သူကမှ မချစ်ကြဘူးလို့လဲထင်ပါတယ်။မချစ်တဲ့အတူတူ မထူးဘူးလို့လဲထင်ပါတယ်။
ဟန်ဆောင်နေကြတဲ့လောကကြီးကိုလည်းမုန်းပါတယ်။ အားလုံးကိုလဲကိုယ်ကဘဲ
ချစ်ရပြီးကိုယ့်ကို မချစ်ဘူးလို့ထင်ပါတယ်။ စိတ်လဲမငြိမ်သလိုလူလဲ
မငြိမ်းချမ်းလှပါဘူး။
anxious ဖြစ်ရာကနေ aggressive ဖြစ်လာမိတယ်လို့ထင်ပါတယ်။
အစ်မစိတ်အေးအေးထားပါ. အဆင်ပြေသွားပ်ါလိမ့်မယ်လို့ မသိတဲ့ဘေးလူကအားပေးပါတယ်။
အခုညအခုအချိန်ထိတောအလုပ်ရှုပ်နေတုံးပါဘဲ။လောဘ ဒေါသမောဟတွေနဲပေါ့
ချစ်တဲ့အစ်မ

Saturday, January 22, 2011

ခဲမလောက်စာ ၁။

စာရွက်ပေါ်လက်တင်ပြီး စဉ်းစားတာမဟုတ်။ ကီးဘုတ်ပေါ်လက်တင်ပြီးစဉ်းစားတယ်။
ဓါတ်ပုံမပါတဲ့ စာရေးတတ်သလား ကိုယ့်ဘာသာကိုယ်ပြန်မေးကြည့်တယ်။ ရေးနေတဲ့
စဉ်းစားနေတဲ့အတွေးတွေက် ထွက်ပြေးသွားကြတယ်။ ပြန်လာပါလို့လဲ
မခေါ်လိုတော့ဘူး လာချင်လဲလာ မလာချင်လဲ နေ. ရေးချင်တာ
ရေးဖတ်လို့ကောင်းမှာဘဲ လို့ကိုယ့ဘာသာ သကိုယထင်မိတယ်။ ဟိုဖတ်ဒီဖတ်
ဖတ်ချင်တာလေးဖတ်.် မျက်စိထဲဝင်လာတာဖတ်။ အမြင်မသင့်တာလေးလဲတွေ့
မျက်စိမှိတ်ကျော်သွား အရင်လို ကိုယ့်ထမင်းကိုယ်ဏား
ကျီးတော်နွားမကျော်ငးတော့ဘူး။ ပြောတော့ြေ့ပာချင်သား ပြောချင်လ
ဲမပြောပါနဲ့ တော့ ကိုယ်ကိုယ်ကော ဘယ်လောက်ျများလေကာင်းလို့တုံး။
ပြောချင်တာ ပြော့ကည့်စမ်း ကဲ ဘယ်သူမှ မရှိဘူးဆိုကြပါစို့. ဟင်.
ဖြစ်ပ့ါမလား နံရဲမှာနားတွေ ရဂှိတ.ယ်။ မဖြစ်ဘူးထင်တယ်။ ဖြစ်ပါတယ်
ပြောကြည့် ဟင့်ဖြစ်ဘူး အရီုက်ခံရမယ်။ ဒီလိုဆို နဲနဲပြောကြည့်..
အင်
ဘာစပြောရမလဲ။ ပြောစမ်းပါ ရဲရဲ့
အင်း.
ကြက်ကြော်က အနေမတတ် အထိုင်မတတ်. ဘယ်လိုစားရမှန်းတောင်မသိ.
သေးသေးလလေးဖြဲ့ပေးရင်တော့ စားမိမယ် ဒီအတိုင်းတော့ခက်သား.
ပြီးတော့ရော
လန်ဒန်မှာ အခန်းရှိတယ်လို့ကြွားတာပေါ့ ဟုတ်လား. မဟုတ်ပါဘူးး
ဒါကြွေားတာမခေါ်ဘူးဘေ့စစ်ပါ.
ပြီးတော့ရော
စီ့ပုံးမှာ စကားသိတ်များလို့မဖြစ်ဘူး. ပိုစ်ဖြစ်သွားလိမ့်မယ်။
ြီ့းတော့ရော
မင်္ဂလာဆောင် ပွဲ့လေးများမတက်ချင်ဘူးလား ဟာ တက်ချင်တာပေါ့ ပြေတီဦး တို့ထက်
သာမယ်ထင်တာဘဲ ဘလော့ဂါများ ဝက်ဝက်ကွဲ အားပေးမဲ့ပွဲဘဲ။
ပြီးတော့ရော
အသက်ကြီးရင် အချစ်အကြောင်းမရေးရဘူး ဘယ်သူပြောသလဲ ခက်တာဘဲ
ပြီးတော့ရော
မစ်ဘဲလီမှာ ဓါတ်ပုံရိုက်ရင် လူကြိုက်များတယ်တဲ့ သွားရိုက်ဦးမှဘဲ
ပြီးတော့. ပြီတော့ ကော စကား ဆိုတာ အပေါက်ကြီးတဲ့သိလား ငါသိတ်စိတ်ညစ်တယ်။
ပြီေးတြ့ကော။
စကားစကားြော့ပါများ ဆောရီးဆိုရတဲ့
ဘာပြောချင်သေးလဲ။ လတ်တ်လောတော့ ဒီလောက်ဘဲ ခဲမလောက်ဖြစ်နေလို့
ခေါငးမပေါက်ရင်ပြန်လဲာ့ခဲ့မယ်။
ဒါနဲ့စကားမစပ် တို့ ဒီနေ့ ဆံပင်ကိုဘေးခွဲခွဲ
ကြိုးတစ်ချောင်းအမဲကြပ်ကြပ်ကို အောက်ကဝတ်. နောက် ခပ်ခေချာ်ချောင်း
ဟိုက်ဟိုက် ဟိုပေါ်ဒီပေါ်ကိုထပ်ဝတ်.။ ကိုယ့်ဘာသာတော့လှတယ်ထင်တာဘ.ဲ
သေချာ်တယ် လှပါတယ်။

Thursday, January 20, 2011

8 p

ပုံ ၁ : လမင်းကြီး




Penisulla
ဆက်ကော့လက်ကော့နဲ့ကောင်လေးတစ်ယောက် ပြေးပြီးကိုယ့်ကိုကြိုတယ်။ အြ့ပုံးကလေးနဲ့.. ဆရာမကြီးလုပ်နေပြီး လူတိုင်းကို ကိုယ့်တပည့်ထင်နေတော့ဘယ်သူလဲ မမှတ်မိဘူးလို့ ပြောလိုက်တဲ့အခါ ဟင်းဟင်း အလှူငွေကောက်ချင်လို့ပါ. ဆိုတယ် အဲဒါနဲ့ သူများတွေ ဘယ်လောက်ထည့်သလဲ မေးတှောုအခါ. (ရိုက်ချင်သူ သတိရသွားသည်)။ တစ်ဆယ်လို့ရေးထားတာတွေ့တယ်။ ငါးကျပ်ရသလားဆိုတော့ရပါတယ်တဲ့။ ထုတ်တော့ ကျပ်တန်နစ်ရွက်ဘဲရှီတာနဲ့ လေးကျပ်ကော ဆိုတော့ရပါတယ်တဲ့ နဲနဲတော့ရင်ခံသွားတယ်။

ပုံ ၂. လိမ်မော်သီး




ခေါင်းလျှော်မီးပူတိုက်တယ်။ လှသွားတယ်ထင်တာဘဲ ။ ကိုယ့်ကိုကိုယ် confidence နဲနဲရှိသွားတာပေါ့။ ခေါင်းလျှော် မီူးပူတိုက် ၁၅ ကျပ်. တံ့ မျက်နာလဲ ဆေးလိုက်သေးတယ။် ငါးကျပ်. မိတ်ကပ်လိမ်းရင်ပိုလှသွားတာပေါ့တဲ့ ပြီးတော့လည်းတယ်မထူးပါဘူး အော်ကအော်ဘဲ။

ပုံ ၃း မြေပဲယိုလိုမျိုး



ဖုံးမက်စေ့မည်လို့ အားရပါးရ ထုတ်ကြည့်တာ ကွန်ဒို ရောင်းတာ ကြော်ငြာဖြစ်နေတယ်။ စိတ်ဝင်စားရင်လြာ့ည့်ပါဆိုတယ်။ စိတ်ဒါတ်ကျသွားတယ်။ အားငယ်လိုကတာကွယ်။

ပုံ ၄။ တယ်လီဖုနံး



မှတ်ချက်
အိပ်ငိုက်ငိုက်ဖြင့်ရေးသည်။

Wednesday, January 19, 2011

C for cook

မိန်းကလေး ထမင်းချက်ရမယ်လို့ ဘယ်သူပြောသလဲ။ ချစ်လို့သာ ချက်ရ. တစ်စက်ကလေးမှ ချက်ခြင်တာ မဟုတ်။ ချက်တတ်တာလဲ မဟုတ်. စားတတ်ရင်ချက်တတ်ရမယ်ဆိုလို့သာ ချက်ရ. အရသာ ရှိမလားမေးရင်တော့ စားဖြစ်ရုံပေါ့လို့ဖြေ. မချက်ချင်ဘူးလို့လဲ မငြိုငြင်ရဲ့ မစားတော့ဘူးဆိုရင်အခက်. မချက်ချင်စိတ်ကို မြိုသိတ်. ကြိတ်မှိတ်ပြီးချက်. ချက်ပြီးရင်းချက်.

ပုဇွန်ဆီပြန်
ရန်ကုန်က သူ့အမေ ပေးလိုက်တဲ့ ပုဇွန်ဆိတ်ကလေးကို မမှီတဲ့. ကြိတ်မှိတ်ပြီးတောက်ခေါက်. ဘယ်လိုလုပ်တူနိုင်မှာလဲ. ဟိုက ဟိုပုဇွန်. ဒီက ဒီပုဇွန်. သူ့အမေ ပေးလိုက်တဲ့တစ်ခွက် စာ ပုဇွန်ဆိတ်ကလေးကို ယောင်လို့တောင် မနှိုက်. ချစ်သူကို စားပါစေဆိုပြီး နောက်ဆုံးကျန်တဲ့ တစ်ကောင်အတင်းလာ ပေးလို့သာကျေနပ်အောင်စားပေး မကြိုက်ပါဘူးမောင်. တို့မှာ စားစရာတွေ အများကြီးလို့တွင်တွင်ပြော. သူ့ကိုဘဲကျွေး. အဲဒါ အချစ်လား..



မုန်လာဥချဉ်ရည်ချက်တာ အဆာပလာများသွား လို့ဘာလုပ်ရမှန်းမသိဘဲ ငေါင်းစင်းစင်းဖြစ် ကျန်ခဲ့ ရတဲ့ ခရမ်းသီး………




မုန်လာဥချဉ်ရည်.
ခတ်ထားတဲ့ပန်းကန်ကို သွားရိုက်ရင် အဆူခံရမှာမို့လို့ ကျန်ဲ့ခဲ့တဲ့အိုးထဲက ကိုဘဲ ရိုက်ရ. မဆိုးဘူးလို့ဘဲမြင်လိုက်ပါတော့..



အမျိုးတွေ ကြော်ပေးတတ်တဲ့ပုဇွန်ဆိတ်ကလေးတွေ ပုဇွန်ငါးဆုပ် ဖြစ်မလားကြော်ကြည့်. ထောင်းးတာနည်းသွားလို့ထင်တယ်။ အဆုပ်အဆုပ်ကလေးတွေ မဖြစ်ဘဲ အဖတ်အဖတ်ကလေးတွေ သာဖြစ်သွား.



မရှိမဲ့ရှိမဲ့အမျိုးလာပေးတဲ့ ပထမတန်းစာ ရေဦးဝက်အူချောင်း. ဝက်အူချောင်းကြိုက်တယ်။ အခြောက်ကြိုက်တယ်။ ဟင်းအစိုတွေ သိတ်မစားတတ်ဘူး ထမင်းအဖြုနဲ့ ဘဲစားတာများတယ။်






ဝနေတယ်လေ. အပိန်ကျင့်ဦးမှ ဆိုပြီးထမင်းမစားဘူးစိတ်ကူးပြီး မီးဆိုတိုးမှာတာ လာဆာများဖြစ်သွားသလားမသိ. ကြည့်ပြီးမစားရဲတာနဲ့တစ်ဝက်ဘဲစား။ သွေးတို့းဆီးချို ကော်လက်စရော် ကျောက်ကပ် ဖြစ်စရာရောဂါတွေ ကအများကြီး.



အသီးလဲကြိုက်တယ်။ အို............အားလုံးကြိုက်ပါတယ်လေ






မှတ်ချက်

သူမသုံးရသေးဘူးထင်တာဘဲ ညှင်း ညှင်း

Tuesday, January 18, 2011

ငါ့ကိုမေ့လိုက်ပါတော့




ရေပေါ်ဆီလဲမဟုတ်
Brilliant လဲမဟုတ်
သာမန်ထဲကငါ
ဘယ်လိုမှ ယှဉ်မရနှိုင်
လာာလာလှုပ်
ကျောက်ရုပ်မဟုတ်တဲ့ အသည်းနလုံး
ခံနိုင်ရည်မရှိ
မင်းလဲမင်းနေ
ငါလည်းငါနေ

အန်ဂျီအေ…….. Nga …. ငါ
ဝိုင်အိုယူယူ …… youu……… ရူး
ဒီအိုတီ.. …dot………. တော့
အမ်အီးအယလ် … …mel…… …မယ်။
ငါရုးတော့မယ်

Sunday, January 16, 2011

Faster




ဒီဗလကြီးကို မြင်လိုက်မှ တော့ ရုံထဲရောက်သွားတာ မဆန်းပါဘူး။ ဒါပေမဲ့ဗလကြီးက သိတ်ကြီးလွန်းတယ်ကွယ်။ မကြိုက်ချင်လှဘူး ဒါပေမဲ့ပစ္စည်းရှားတော့လဲ ရတာဘဲ ယူလိုက်ရတာဘဲ။ ခမမ တို့စုံတွဲကို မနှောက်ယှက်ပါဘူး ခဝဝ ဘဲ ထိုင်ပါတယ်။ လှည့်လဲမကြည့်ပါဘူး ကိုယ်ကိုယ်တိုင်က လဲ အာရုံမရောက်လှဘူး ဗလကြီးဆီ ဘဲအာရုံက ရှိနေတာ။


အင်္ဂလိပ်စာ စကားကလဲ တဖြည်းဖြည်းညံ့လာလိုက်တာ ဒီကားမှာ ပြောတာတွေ သိတ်နားမလည်ဘူး လက်ဟန်ခြေဟန် နဲ့ဘဲ နားလည်ယူနေရတယ။် ဟိုတစ်လောက ဘော့ဆီကိုမက်ဆေ့ပို့တာ မှာ ဆောရီး နင်ဘာရေးထားတာလဲငါနားမလည်ဘူး လို့ ဘော့စ်က မက်ဆေ့ပြန်တယ်။ အတော်စိတ်ဓါတ်ကျသွားတယ်။

ဒါပေမဲ့ ရပါတယ် အင်တာနက် ဘာလုပ်ဘို့လဲ Google လိုက်ရင် နားလည်လိုက်မပေါ့။

An ex-con sets out to avenge his brother's death after they were double-crossed during a heist years ago. During his campaign, however, he's tracked by a veteran cop and an egocentric hit man.
(http://www.imdb.com/title/tt1433108/)

ဒါလဲ နားမလည်သေးပြန်ဘူး
Ex- con
Avenge
Double-corssed
Heist years
Veteran
Egocentric

ပိုဆိုးသွားပီ. ရှိစေတော့. ကိုယ့်ဘာသာဘဲ ဘာသာပြန်လိုက်တော့မယ်

အဲသာ သူ့အစ်ကိုထင်တာဘဲ အသတ်ခံရတာမှာ သူက သတ်တဲ့သူတွေ ကို မှတ်ထားပြီးပြန်ပြီးလက်စားချေတာဘဲ လိုရင်းက အဲဒါဘဲ။ တစ်ချိုကကို သတ်မိသလို တစ်ချို့ကို လည်းသနားလို့သော်လည်းကောင်းအကြောင်းအမျိုးမျိုးနဲ့ မသတ်ရက်ပြန်ဘူး သတ်ချင်ပြန်တော့လဲ ရက်ရက်စက်စက်.

တစ်ယောကိကကို ရုံးခန်းထဲဝင်သတ်တယ်။ တစ်ယောက်ကို သတ်တာမှာ မသေလို့ ဆြိုီပီး စိတ်ဆိုးမာန်ဆိုးနဲ့ဆေးရုံထဲဝင်ပြီးပြန်သတ်တယ်။ (ဒါတော့မဖြစ်နိုင်ဘူး) ဆေးရုံထဲဝင်ပြီး ဆရာဝန်တွေ ခွဲစိတ်နေတဲ့ ခွဲစိတ်ခန်းထဲကို တိုက်ရိုက်ကြီးဝင်သွားပြီး ခွဲစိတ်ကုတင်ပေါ်က လူကို သတ်တာတော့ အင်း

Menopause မို့လို့ နဂိုကတည်းက သွေးလေ ခြောက်ခြားနေရတဲ့အထဲမှာ သူလုပ်ပုံနဲ့ တစ်ချို့ အခန်းတွေ ဆို မျက်စိလေးမှေးထားလိုက်ရတယ် မြင်မိရင် ခြောက်ခြားနေမှာမို့လို့.

ကားလမ်းပေါ်မှာ မောင်းတဲ့ကားလမ်းတွေ ကိုတော့သဘောကျတယ်။ အထီးကျန်ဆန်တယ်။ လမ်းအရှည်ကြီး .ဘယ်သူမှ မရှိတဲ့ကားလမ်းပေါ် ကားတစီးထည်း.

နောက်ဆုံးကတော့သိတ်မရှင်းဘူး သူ့ကို cop က သေနတ်နဲ့ပစ်သတ်လို့သေသွားပြီထင်တာ တယ်လွယ်ပါလားလို့ထင်ရာကနေ မမျှော်လင့်ဘဲ ပြန်ပေါ်လာတော့ cop အံသြသလို အံသြသွားတာဘဲ သူက ဒါ metal plate ဆိုပြီး အဲဒါကြောင့်မသေသလိုနဲ့ ဟင်း…. မရှင်းတာတွေ အများကြီးဘဲ ခြုံငုံပြီးတော့သာ နားလည်ယူလိုက်ရတော့တယ်။ အဲသည်နေရာမှာတော့ IELTS 8 ရထားရင်ကောင်းမှာဘဲလို့တော့တွေးမိတယ်။ အဲဒါသာဆိုရင်တော့နားလည်မှာဘဲလို့..

Wednesday, January 12, 2011

ပြာသို. တပို့တွဲ

လမ်းသွားလျှောက်တယ်။ ဟိုငေး ဒီငေး.





ဟိုစားဒီစားတော့မရှိ. ဒါဘဲစား.












လမင်းကြီးကိုမော့ကြည့်.......တယ်လီဖုံးကင်မရာလေးနဲကဘဲချိန်..........
တပည့်ကများလက်လာဆွဲမလားလို့လဲ လှည့်ကြည့်သွားတဲ့သူကိုငေးကြည့်ရင်းစဉ်းစား.




ပြက္ကဒိန်ကို သွားကြည့်ပြာသိုလဆုတ်.။ တပို့တွဲလာခါနီး့ပီ. လေယဉ်လက်မှတ် တရုတ်နစ်ကူးအတွက် ဘွတ်ပြည့်နေပြီတဲ့။ waiting list စီခဲ့ ချစ်သူအတွက်..




တစ်ကျပ်တန် လည်ဆွဲကလေးတော့ရအောင်ဝယ်ခဲ့သေး..



Monday, January 10, 2011

breakfast

ကောက်ညှင်းပေါင်း နဲ့ ဆီထမင်း. ဘဲရှိတယ် မောင်ဝေးရယ်.















Sunday, January 9, 2011

တိုးတိုး

Suntec city မှာလျော့နေတယ်လို့သတင်းစာထဲ ဖတ်မိတဲ့ အိမ်ဦးစီးက မြင်တာနဲ့ ကွန်ပြူတာနဲ့အပ်နေတဲ့ ချစ်ဇနီးကို သွားတန်းစီလိုက်ပါလားဆိုတဲ့ဇတ်လမ်းက စတာဘဲ။ လမ်းထွက်ရရင်ကျေနပ်တဲ့ကိုယ်ကလဲ အီလေးဆွဲ ရေချိုး. ကာဖီသောက်. မိတ်ကပ်လိမ်း (ထူထူလိမ်းသည်. ဟိုနေ့ကကောင်မလေးတစ်ယောက်အမျိုးသမီးမိတ်ကပ်ခန်းတွင် မိတ်ကပ်လိမ်းနေသည်ကို ပညာယူလာသည်) ထူထူလိမ်းတာနင့် နဂိုပါးပါးလိမ်းတာ ဘာကွာသလဲ အဖြေကိုမေးရာ ထူထူလိမ်းလျှင် မိတ်ကပ် ပိုကုန်သည်ဟူသောအဖြေကို စိတ်ဓါတ်ကျဖွယ်ရာရသည်။

အလျင်အမြန်ထွက်ခွာလာရင် တယ်လီဖုန်းများ ဘက်ထရီညက မဖြည့်ထားသည်ကို ထွက်လာမှ သတိရသည်. ကင်မရာပါမလာ.။ အိမ်မှ suntec ဝေးသော်ငြား အငှားကားမစီးရဲ ဟိုတစ်လောက peak hour . မိုးကြီးသည်းကြီးမည်းကြီး ရွာနေချိန်တွင် တွင် အငှားကားစီးမိရာ ရထားစီးချိန်နင့်မတိမ်းမယိမ်းသာ ရောက်ရွေ့ ကားခ ၂၈ ကျပ်ကျသည်ကို စိတ်ထိခိုက်စွာနင့်ပေးလိုက်ရသည်ကို မမေ့နိုင်သေး.

Suntec သည်ကားကြီးမားလှပေစွ. ဘယ်သို့သွားရမည်မသိ. ဘယ်သွားရမှန်းမသိခင် မိတ်ကပ်လိမ်းခန်းဝင်ရွေ့ မှန်ကြည့် ဟိုလှည့်ဒီလှည့်လုပ်ပြန်သည်. လိုရင်းကို မရောက်နိုင်သေး.

ဟိုမေးဒီမေး ဟိုလူနောက် ဒီလူနောက်လိုက်ရင်းဖြင့် လေးထပ်သို့ရောက်သွားသည် သုံးထပ်တွင် လူတန်းကြီးမှ ကြောက်မက်ဖွယ်ကောင်းလေစွ. များလှသည့်အမျိုး. ယောင်ပြီး ဝင်စီမည်လုပ်ပြီးမှ မေးမြန်းရာ ဤနေရာသည် ဤဈေးရောင်းပွဲနင့်ဆိုင်သော်လည်း ကိုယ်လိုချင်သော်အရာသည် လေးထပ်သို့ညွန်ရာ ရောက်ရာ၏။

ဝန်ထမ်းများကားကူညီတတ်ပါပေသည်. မရှင်းသည်များကိုဖြေကြားပေးသည်. ဤအရာကို လိုချင်လျင် ဤနေရာတွင် q ရမည်ဆိုသည်ကို သိရှိပြီးသကာလ ထိုင်စောင့်ရ၏. မိမိလိုချင်သောအရာ ရနိုင်ပါမည်လားကိုရှေ့သို့နောက်သို့ လှည့်လည်ကြည့်ရှူရ၏. ရှေ့သို့နောက်သို့မေးမြန်းရ၏။

ရှေ့မှသူက ဈေးကြီးသော TV ကိုယူမည့်သူဖြစ်၏. ဝမ်းသာသွားသည်။ နောက်မှ လူကားကိုယ်နင့်အကြံတူသည်ဖြစ်သည်. စိတ်ညစ်သွားသော်ငြားသူသည် ကိုယ့်နောက်မှသူဖြစ်ပေသည်ဟုဝမ်းသာလိုက်ရသည် မနက်ကကွန်ပြူတာရှေ့တွင် ထိုင်ခဲ့အချိန်ဖြုန်းခဲ့သည်ကိုနောင်တရသွားရ၏. မိမိရှေ့တွင် လူခုနစ်ဆယ်ခန့်ရှိနေ၏. ဈေးကြီးသော အရာကို လိုချင်လျှင် ဤနေရာတွင် q ရရာ သူတို့ ဘာလိုချင်မည်ကို မသိနိုင် ..ရင်မေ၇ွ့စောင့်ရသည်. မိမိ လိုချင်သည်မှာ မျှော်လင့်ချက်ရှိနိုင်မရှိနိုင်မှာ သမီးရည်းစားအဖြေပေးသကဲ့သို့ရေရေရာရာ ဟိုလိုလိုဒီလိုလို ဝရမ်တီမပေးနိုင်ဖြစ်ရလေ၏။

အနောက်မှ သူနင့်ထပ်တီးခေါက်ရာ ပထမထိုသူမှာ လက်ညီုးထိုးပြသောအရာမှာ from 399 စကဲ့သို အရာကို ထိုသူက 399 ဟုထင်မှားပြီးယူမည်ဆို၏. မိမိက from ဆိုသည်မှာ from ဖြစ်ကြောင်း 399 မဟုတ်ကြောင်းပြောရာ ထိုသူများမှာ မိမိနင့်အကြံတူသွား၏. နောင်တရသွားချေ၏. မပြောလိုက်မိသော်အကောင်းသားဟုနောင်တရ၏။ မရှင်းပြသော် ထိုသူများ က ထိုအရာများကို လိုချင်သည်ရှိသော်ပြိုင်ဖက် များမလျော့ပေဘူးလားဟုနောင်တရသော်ငြား သူတို့ ငါ့နောက်ကဘဲဟု စိတ်ဖြေရ၏.နောက်တွင် သိသမျှ ကိုမရှင်းပြရန် အကြံရ၏။



လူများလှချည်ရာ မိမိလိုချင်သူကိုမရလျှင် ဘာယူရမည်နည်းဟု လမ်းစရိတ်နင့်အချိန်ကုန်ခဲ့သမျ ကာမိရန် တွေးတောရ၏. စာရွက်ကြီးကိုရှေ့ချကာ တွေး တောရ၏. ဤအရာမရလျင် ဤအရာယူမည်ဟုတွေး၏. ဤအရာမှ မရသေးလျင် ဤအရာကို ယူမည်ဟုတွေး၏. ထိုသုံးခုမှ မရလျင်တော့မနက်ဖြန်မှ ပြန် လာတော့ မည်ဟုတွေး၏။

မိမိနေရာကို ထိုသူများအားအပ်ကာ ရှေ့နောက်စနည်းနာရ၏. အဝတွင် လူတွေများလှသည် ဘာတွေ များလည်း မေးမြန်းရ၏. ကိုယ်နင့်မဆိုင်ဟု နားလည်ရ၏. အခြားသောရည်မှန်းချက်များဟုနားလည်ရ၏. မိမိ q သည်မှန်ကန်သည်ဟုနားလည်ရ၏. မဟုတ်က ရင်ခုန်ဖွယ်ပင်. တမနက်လုံးစီထားသမျှ ရင်နာရမည်ကို စိုးရိမ်မိသည်။ နောက်ဖက်တွင်လည်းလူတန်းမှာ အတော်ရှည်နေချေပေပြီ။ အောက်ကို လည်း ငုံ့ကြည့်ရသည်. လူတန်းရှည်ကြီးမှာ အားရပါဘိတောင်း....

ကူပွန်များ ဝေတော့မည်ဆိုသည် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်. ထိုင်ရမှ ထ ထရာမှ လှူပ်ရှား. ကုန်ကြ၏. ဝန်ထမ်း များလက်ထဲတွင် သက်ဆိုင်ရာကူပွန်များကို ကိုင်ထား၏. Q လာသူကိုမည်သည့်အရာယူမည်နည်းဟုမေး၏. ယူမည်ဆိုသောအရာကို ရွတ်ဆို၏. သက်ဆိုင်ရာဝန်ထမ်းက ကူပွန်ပေး၏။ မရှိဘူး ကုန်ပြီဆိုလျှင် မိမိလိုချင်သောအရာကိုအမြန် ဆက်ဆိုရ၏. ရှိလျှင်ရ၏။ အချို့သောသူတို့မှာ ကြိုတင်မစဉ်းစားထားရွေ့သော်လည်းကောင်း ကုန်ပြီဆိုသောစကားသံအကြားတွင် ကျန်သည်ကို မလိုချင်သည်လား ကြိုတင်မစဥင်္းစားထားရွေ့အချိန်တိုအတွင်းမဖြေကြားနိုင်သည်လားမသိ. လူတန်းရှည် အတွင်းမှ ခေါင်းကုတ်ရွေ့ထွက်သွားရ၏. မိမိအလှည့်တွင် စိတ်လှုပ်ရှားစွာဖြင့် မြွတ်ဟလိုက်ရာ ထိုသူက ဟိုလူကိုမေးရာ ဟိုလူက စာရွက်ဖြူကလေးကို မိမိကိုပေး၏. ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်မှာ ပြောဖွယ်ရာမရှိ. လာပြီးမှတော့ရလိုပေသည်. ။ လာရသည်မှာ လွယ်သူမဟုတ်. ဤအချက်များနင့်ပြည့်စုံရသည်. အင်ဖော်မေးရှင်းရှိရမည်. လာနိုင်သောအားနေမည့်သူဖြစ်ရမည်. လာချင်စိတ်လညှ်းရှိရဦးမည်။ ပိုက်ပိုက်က လည်းရှိရဦးမည်. လာသော်ငြားလည်း ဝီရိယလည်းရှိရဦးမည်။ တစ်ချက် မပြည့်စုံက လက်လွတ်ရချေ၏။

ကွူ့ပွန်ရပြီးသော်စိတ်အေးရချေပြီး အခြားသူများ၏လက်ထဲကစာရွက်ကလေးများကိ လိုက်အကဲခတ်ရသည်ဘာတွေ လုကြိုက်များသလဲဆိုသည်ကို အကဲခတ်ရသည်။ ခြောက်ရာတန်လည်းကောင်း၏ ခြောက်ရာတန် နင့်ပြန်လဲရချေသော်ကောင်းမလားဆိုသော လဲချင်သော အရာရာကိုလဲချင်နေသော စိတ်ဖြင့်စဉ်းစားသေး၏. ရှိသေးလားဟုပြန်သွား စပ်စုသော ရှိသေး၏. လိုချင်က တန်းစီ ဆိုသောအဖြေကိုရ၏. မိမိရယူထားသော ကူပွန်အခြေအနေကိုမေးသော် မေးရော့. ကုန်ပြီ ဆိုသောအဖြေကိုရရာ. ကုန်ပြီဆိုလျှင် လူပိုဝယ်သောအခြေအနေရှိသေည်. ငါသည် လူပိုဝယ်သောအရာကိုဝယ်ရမည်ဟူသော ကာစူစိတ်ဓါတ်ဖြင့်ခြောက်ရာတန်ကိုဈေးကြီးသည်ဆိုသောအရာဖြင့်ျမဝယ်တော့ဘဲ ငါ့ လက်ထဲကကူပွန်က လူပိုကြိုက်များတဲ့အရာဟုဆိုကာ တင်းတင်းဆုပ်ထားရ၏။ ကျပျောက်သွားသော် မခက်ချေလာ်း ကိုးရီးယားမင်းသမီးအမေသည် မကြခဏ ပျောက်လေ့ရှိသည်မဟုတ်ပေလား.

၁၁နာရီထိုးခါနီးပြီ. ဆိုင်ဖွင့်တော့မည်။ ရှေ့နားသို့တိုးသည် လူတွေများလှသည် ငါးဖယ်တိုးငါးမြွေထိုးတိုး တိုးနည်းမျိုးစုံဖြင့်ရှေ့ဆုံးနားသို့ချီတက်ခဲ့သည် မျက်မှန် ကြီးတဝင့်ဝင့်ဖြင့် …………..ဘေးကလူတစ်ယောက်ကသတိပေးသည် ဆိုင်ဖွင့် လျှင်ဝိုင်း တိုးကြသည်ဆိုသည်။ မျက်မှန်ကွဲနိုင်သည် ခါးပိုက်နှိုက်သတိထားပါဆိုသည်. ကျေးဇူးဆိုကာ အားလုံးသိမ်း အိတ်ကိုကျစ်ကျစ်ပါ.ညှပ်. အကျီကိုပင့်ခြေဖျားကိုခွဲ အသင့်အနေအထားဖြင့် စောင့်၏။

ဖွင့်ပြီ……….
တိုးလိုက်ကြသည်မှာ တိုးတိုးဖြစ်၏. မိမိသည်လည်း တိုးတက်သူဖြစ်လေရာ ဘာကိုမျှ မဝေဝါးလိုချင်သောအရာကိုသာဦးတည်သွား၏. သွေဖည်ချင်သောစိတ်ကို တည့်ရသည်. ဦးတည်ချက်ကိုမပျက်စေရာ.ကွန်ပူတွင်ပါသောညွန်ကြားချက်ကိုလိုက်နာရွေရှာရသည်. အခန်းကျယ်ကြီးဖြစ်ရွေ့လျင်မြန်ဘို့လိုသည်. မလျင်မြန်လျှင် ကက်ရှာရှေ့တွင်လည်း q ရနိုင်သည်။ ကူပွန်ပေးလိုက်ရာ ငွေပေးချေရန် စာရွက်ရ၏. ငွေပေးချေရန်သွား၏. စာရွက်တွင်ရေးထားသည်မှာ cash on delivery ဟုဆိုသည်.ခဏငြိမ်စွာ ရပ်ပြီးစဥင်္းစား၏. ဒါဘာပြောပါလိမ့် ငါနားမလည်ပါလားဟုစဉ်းစား၏. ကက်ရှ်ဆိုသည်မှာ ငွေသားဟုထင်၏. ငါ့တွင် ငွေသား ပါသလားစဥင်္းစား၏. ကျစ်ကျစ်ပါအောင်ညှပ်ထားသောအိတ်ကြီးမှ အိတ်ကလေးကိုထုတ်ရွေ့ရှိသမျှ ထုတ်ရေ၏. ကလေးမကိုမေးရသည်. Nets ရသလာေးမးသော်ရ၏ဖြေ၏. ဒါဆိုလျှင်ဘာလည်း. ပစ္စည်းလာပို့မှ ပိုက်ဆံပေးရမှာလား. ဟင် နားမလည်နိုင်ပါလားဟုစဥင်္းစား၏. ယခုထက်ထိလည်းနားမလည်သေး.

ကက်ရှာဆီမှထွက်လာပြီး ဘာလုပ်ရမည်မသိသေးဟိုဘက်သွား“ဟုညွန်၏. Delivery လုပ်လျင်ငါးဆယ်ပေးရမည် ငါးဆယ်မပေးလို. သိတ်မလေးသည်ကိုသိ၏. သို့ဖြစ်ရွေ့ကိုယ်တိုင်သယ်မည်ဟုဆုံးဖြတ်၏.

ခမ်းမထဲတွင်လူများစွာ .မိမိလည်းကြည့်ရှူလိုသေးသော်ငြား တိုးတက်ကြိးပွားလို လျင်တစ်စိုက်မက်မက်လုပ်ရာ၏ ဆိုသောမူအတိုင်း ကဲ မတတနိုင်ဘူး ပစ၁စည်းသွား ယူရမည်ဟုဆိုကာ ပစစည်းသွားထုတ်၏.။ လက်မှ ဆွဲသွားရန်အဆင်သင့်ထုတ်ပိုးထား၏. မစမ်းပေးဘူးလားဟု မေးသော် လိုလျင် အချိန်မွေရွးပြန်ဆက်သွယ်နိုင်ကြောင်းဆိုသည်။ ကျေနပ်ရွေ့ မနိုင်တစ်နိုင်မလာသည် လူအုပ်ကြီး ကိုက်ြည့ရွေ့ မည်သို့ ထွက်ရမည်နည်းဆိုသည် ကို မစဉ်းစားနိုင်. တစ်ရွေ့ရွေ့ဖြင့်သယ်ရသည်။ delivery မလုပ်မိသည် ကိုနောင်တရသလိုဖြစ်သည် မတော်ကွေဲသွားက ငွေသားများ ဆုံးရချည့်ဟုပူမိသည်။




တစ်ဖြည်းဖြည်းတစ်ရွေ့ရွေ့ထွက်လာရာ လေးထပ်မှ ဓါတ်လှေခါးမ ရှာတတ်ရွေ့ အက်စကေလေတာဖြင့်သာ တထိတ်ထိတ် ဆင်းရသည် ထိတ်ရသည်မှာ မနိုင်တနိုင်မှ ယိုင်ထွက်သွားက အောက်သို့တဒုတ်ဒုတ်ဆင်းသွားမည်ကို စိုးရိမ်ရသည်မဟုတ်ပါလား.

မြင်သူများကတော့ သယ်လာသူက မကြည့်ပစ္စည်းကိုသာကြည့်ရွေ့ good ဟု လက်မ ထောင်ပြကြ၏. ဒါကို နင်ဆင်မှာလားဟု မေးသူကမေးကြ၏။ ဘယ်လိုဝယ်ရသလဲမေးကြ၏. ရှင်းပြရချေ၏။

အောက်ထပ်တွင် မိတ်ကပ် ရေမွေး. အိတ်ဈေးရောင်းပွဲ ၉၀ ရာခိုင်နှုံး up to အထိကို မျှော်ရုံသာမျှော်နိုင်တော့၏။ ဝေးပြီအချစ်ရေ ဟု တီးတိုးရွတ်က တစ်ရွတ်ဆွဲရွေ့ အငှားကားဂိတ်ကိုသွားရသည် ကံအားလျှော်စွာ အငှားကားဂိတ်သည် အအောက်ထပ်တွင်သာ ရှိသောကြှောုငှ်ု့မပွန်းပဲ့လိုက်။ ဝီရိယကောင်းသောကြောင့် q သိတ်မစီလိုက်ရ. ကားရချေ၏။

ကားဆရာကြီးကလည်းသဘောကျသည်။ အိမ်ထောင်ဦးစီး ဘာလို့မပါလာသလဲဟုမေးရာ ဇနီးကို လွတ်လိုက်ရွေ့ အိမ်တွင် အိပ်စောင့်နေကြောင်း အိမ်အောက်ရောက်က .ဆင်းသယ်ပေးမည်ဖြစ်ကြောင်း. (ကွဲမည်စိုးသောကြောင့်ဟုထည့်မပြော). ဟုဆိုရာ ကားဆရာကြီးက smart guy ဘဲဟု ချီးကျူး၏. မိမိမှာ သက်ပြင်းကိုသာ ချရလေ၏။

Saturday, January 8, 2011

time format

ဝမ်းနဲ့မလွယ်ပေမဲ့မွေးထားတဲ့သားတပည့်လေးတစ်ယောက်ရှိပါတယ်။ ဘလော့ရေးချင်လို့ ဆိုပြီး ယောင် လည်လည်နဲ့ ဘလော့လောကထဲအရောက်မှာ ဘာလုပ်ရမှန်းမသိလို့ ဆရာလာတင်တာမှာ ဖမ်းပြီး ဆွဲထား လိုက်တဲ့ချာတိတ်ကလေးပါ. ရိုးသယောင်တော့ လည်းရှိပါတယ်။ သူငယ်ချင်းလည်းသိတ်ရှိ ရှာပု့မရဘူး သူ့ဘာသာ ကျိတ်လုပ်. ချာလပတ်လည်. ဆရာ့ကို ဆရာတင် ဆရာ ကလည်းသိတ်လည်တာ မဟုတ်ပေမဲ့ ခပ်တည်တည်နဲ့ အခြေခံလောက်တော့သိပေသတော့ ဆရာလုပ်လို့ရနေပေသေးတယ။်

ဒါပေမဲ့လည်း အထင်မသေးဝံပါဘူး. လူတိုင်းဟာ နေရာတိုင်းမှာမ တော်နိုင်ကြသလိုနေရာတိုင်းမှာလည်း ညံမနေကြဘူး. နဲနဲလေးသိတာကို မျှပေးတာပါ. အန်မတန်မှ ရိုးစင်းတဲ့ကိစ္စပေမဲ့လည်း ဆရာမပြရင်ငပိဖုတ်တာတောင်နည်းမကျတာမို့လို့ ခရီးသွားဟန်လွဲ ကူညီလို့ရရင် ကူပေးလိုက်ကြမိမှာပါဘဲ.။

သူက ပိုစ်တင်တဲ့အခါမှာ အချိန်တွေ မကိုက်ဖြစ်နေလို့ကူညီကြပါဦးဆိုပေမဲ့ နေနိုင်သူ ကိုရွေပေါက်က လှည့်ကြည့်မှာ မဟုတ်လို့ ဆရာကဘဲ အကြံအဖန်လုပ်ပေးလိုက်ရပါတယ်။ ရှင်းပြလဲ အာပေါက်မှာမို့လို့ ဒါကလေးကြည့်ပြီးလိုက်လုပ်ဘို့အ ကြံပြု လိုပါတယ်။ ဒါမှ မရသေးရင် လဲ ဆက်လက် ရှင်းပြဘို့အဆင်သင့်ရှိပါတယ်။

တစ်ချို့ကတော့အချိန်တောင်တမင်လွဲတင်တတ်ကြသေးတယ်။ လူညာ၈ျီးတွေ . .. ..















မှတ်ချက်
သူ့ဘလော့တော့မညွန်းတော့ပါဘူး ကိုယ်မွေးထားတာလေးမို့လို့ပါ။

translator





ဘာသာပြန်ခေါ်ပြန်သည်.


ဟင်းဟင်း…………........ညီမလေးကို အစ်မ လာတွေ့ရတဲ့အကြောင်းက ညီမလေးမှာ အခက်အခဲ ရှိနေတယ်ကြားလို့ အထက်ကို တင်ပြပေးမလို့ပါ. ညီမလေးက ဘယ်နယ်ကလဲ .

တောင်ကြီးက ပါ အစ်မ. .
ဟမ်. ရှမ်းလား.
မဟုတ်ဘူးအစ်မ /

ကဲ့ကဲ မေးခွန်းလေးတွေ စလိုက်ရအောင်. ညီမလေး ခံစားနေရတာ ဘာတွေ များလဲ သိပါရစေ.

ညီမလေး ကဖြေသည်. ဟုတ်ပရဲ့ အစ်မရယ်။ အားကြိုးမာန်တက်အမူအယာဖြင့်ဖြေ.

ညီမလေ…….

အင်း……….

ခေါင်းတွေးလေးတယ်။

ဘာသာပြန်စိတ်ငြစ်သွားသည်.

ခေါင်းထဲက ခဲနေတယ်။

ကွိုင်ဘဲဟုညည်းညူမိသည် တိတ်တစ်ခိုး

ရင်ထဲက လှပ်ကနဲ လှပ်ကနဲဖြစ်တယ်။

ဒီ စကား ကို ဘယ်လိုပြန်ရ့ပါ့မလဲ ဘေးပတ်ဝန်းကျင်သို့ အားကိုးတစ်ကြည့်လှည့်ကြည့်သည်.


ရင်ထဲက အေးကနဲ အေးကနဲ ဖြစ်ဖြစ်သွားတယ်အစ်မရယ်............

ဟင်းဟင်း…….. အစ်မသွားလိုက်ဦးမယ်နော်.
အစ်မသည် တိတ်တိတ်ကလေးပြန်လာကာ အထက် ကို အစီရင်ခံသည်. ဘာသာပြန်ရသိတ်ခက်ခဲနေရွေ့အချိန်အနည်းငယ်ပေးပါရန်................

Friday, January 7, 2011

revision

ဘာမှ မဟုတ်ပါဘူး တို့လဲ revision ပြန်တာ.

ရန်ကုန်သွားရင်တော့ အသစ်သယ်သွားရတာပေါ့.




ရန်ကုန်မှာ မနက် မနက်ကို အပြင်သိတ်မထွက်စားဖြစ်ဘူး အိမ်ကနေ ဝယ်ပေးတဲ့ ဈေးကသော်လည်းကောင်း မလှမ်းမကမ်းကသော်လည်းကောင်း ကဘဲစားရတယ်။ မနက်မိုးလင်းရင်ဘိုက်ဆာတာဘဲ အပြင်ကလည်းတော်တော်နဲ့မထွက်ဖြစ်တော့ ဝယ်ကျွေးတာဘဲစားလိုက်ရတယ်။




လမ်းထွက်တော့လဲ အစားအသောက်ဘဲသိတ်အာရုံမရောက်ပါဘူးလမ်းများနေရတာနဲ့ဘဲ.၊ ဝိတ်ထိန်းတာ လဲပါတာပေါ့လေ. တွေ့တိုင်းစားနေရင်ခက်မယ်။





ဒါပေမဲ့လဲရန်ကုန်ပြန်ရင် ဝိတ်ကတော့ အ သာလေး. လေးပေါင်ကတော့တက်တယ်။









တရုတ်တန်းမှ. မုန့်သွားစားရင်း စိန်ဂေဟာကဝယ်ထားတာ ဈေးပေါတယ်။ နိုင်ငံခြားထက် အများကြီးသက်သာတယ် မယုံနိုင်အောင်ဘဲ။ ဒါောတင် မသုံးလိုက်ရဘူး ရန်ကုန်မှာ ဈေးသက်သာာတာတော့ခေါင်းလျှော်တာဘဲ. တစ်ခါလျှော တစ်ထောင်နဲ့နစ်ထောင်ဝန်းကျင်. (ကျောက်မြောင်းဆိုင်. စကော့ဈေး. မင်္ဂလာဈေးနားက ဆိုင်) ပြီးခဲ့တဲ့ april က ဈေးနှူံး. . Compare with နိုင်ငံခြားထက်တော့အားကြီးသက်သာတာဘဲ. အဲသာနဲ့ အိမ်မှာ မလျှော်တော့ဘူးဆိုင်ဘဲသွားတော့တယ။် ဇိမ်ဘဲ။




မှတ်ချက်
ဘာမှ မဟုတ်ပါဘူး ဝက်ကလေးကိုတွေ့တာနဲ့ သူ မဖတ်ချင်တာရေးတာရယ။် TZA ကို ဖတ်ရင်းနဲ့သတိရတာရယ်။ ကိုကိုမောင် နဲ့သူ့ရည်းစား ပြန်လာပြီဆိုတာရယ်. ဖြိုးမော်ြ အိမ်လွမ်းတယ် ဆိုတာရယ်. ကိုကိုကလည်း ဂဒီးဂဒီးပြန်တာရယ်. ပြန်ချင်တာရယ်. ရောပြီး မွေလိုက်တာ..............အေးရော

Thursday, January 6, 2011

ဦးနီ

နာမည်ကြီးခြင်းသည်မကောင်းပါ. ရေးချင်တာ ရေးခွင့်မရသလိုဖြစ်သည်. သူမသည် သူမရေးချင်တာ ရေးဘို့အတွက် ဘလော့ဖွင့်ထားခြင်းဖြစ်ပါသည်။ နာမည်ကြီးသောအခါ (သူမအထင်) သူမရေးလျင် လာဖတ်သူများကို စိတ်ကျေနပ်မှုမရမှာ စိုးရသောခံစားချက်ကို သူမ မကြိုက်ပါ.ရေးချင်တာ ရေးချင်ပါသည်.အ မြင်ကပ်လျှင် ဖြတ်ကနဲပိတ်လိုက်နိုင်ပါသည်.။ ဆဲသွားလျှင်လည်းခံပါမည်။ အကျိုးမရှိတာတွေ လည်းရေးနိုင်ပါသည်. ရေးချင်တာ ရေးပါမည်။ အကျိုးရှိတာတွေ လုပ်ရပေါင်းများသောကြောင့်အကျိုးမရှိသောအ ရာများကို သူမ လုပ်ချင်ပါသည်။

(ဘလော့ဖတ်တာ များသွားသောကြောင့်ရေထသောက်သည်.).

ကိုကိုဒီဘီဘလော့ကို ဘလော့တွင်သွားဖတ်သောအခါဤသိုမြင့်ရသည်။ converter နင့် ပြောင်း ဖတ် လျှင် တော့ ဇော်ဂျီတွင်မြင်ရသကဲ့သို့မြင်ရပါသည်။



ရီဒါနင့်ဖတ်သောအခါဤ သို့မြင်ရသည်။ ကွန်ဗက်တာ နင့်ပြောင်းဖတ်ရပြန်ပါသည်. သူက ပြောသည်မှာတော့ သူ့ဆီမှာတော့ယူနီကုတ်မရှိလည်း ရီဒါနင့်မြင်ရသည်ဆိုသည်. သူမဆီမှာ တော့ မမြင်ရပါ။



ပုံမှန်ဘလော့များကိုတော့ချောမောစွာဖတ်လို့ရပါသည်.




သူမကိုတော့ယူနီကုတ်မပြောင်းခိုင်းပါနင့်ဦး သက်ဝေကဲ့သို့ပင် ယခုဘလော့ကို မြန်မာလိုရျိုက်ရန် သူမသည် နစ်ပါတ်မျှ အချိန်ယူခဲ့ရသည်။ သူမ၏ ညဏ်ရည်ညဏ်သွေးနင့် ယူနီကုတ်သည်အဝေးကြီးရှိပါသေးသည်. ဘလော့သက် နစ်ရှည်ခဲ့ သော်လည်း မြန်မာစာလုံးပေါင်းကိုမှန်အောင်ရိုက်ရန် မကြိုးစားသေးသော သူမ၏လက်သည် ဘက်ဂီယာ မရှိပါ .ရှေ့သို့သာ ရိုက်ပါသည်.။ မှားမှန်းသိသော်လည်းသူမသည်မပြင်ချင်ပါ။ ဘလော့ ကလေးသည် သူမ၏ထွက်ပေါက်ဖြစ်ပါသည်။ ပျော်ရွင်စွာ အနွရာယ်ကင်းစွာ သူမသည် ပျော်ရွင်ချင်ပါသည်။




ကမ္ဘာကြီးသည် ထူးဆန်းစွာ လည်ပတ်နေပေသည်သူမအတွက်တော့အရာရာသည် ထူးဆန်းရွေ့ ပျော်ရွင်ဖွယ်ရာကောင်းနေပေသည်. ကုသိုလ်ကံကောင်းလေစွ. ဥရောပ အမေရိကတွေငနင်းတွေ ကျနေသည်ဆို၏. ရန်ကုန်တွင် အေးသည် ဆိုသည်. ရှမ်းပြည်ဖက်တွင် ၅ c ဟု ကြားမိသည်. ဟုတ်မဟုတ်သူမ မသိပါ.




စလုံးတွင်တော့ယနေ့နေ့လည် နေပူရွေ့ ညနေက သည်းကြီးမည်းကြီး မိုးရွာသည်။ ရွာနေသောမိုးတွင် ထီးတစ်ဘက် အိတ်တစ်ဖက် နင့် broad band ဖုံးကြီးတစ်လုံး ကိုင်ကာယူကျု ကြည့်ပြီး နားထောင်သောသူသည် သူမဖြစ်ပါသည်. ဖုန်းတစ်လုံးကိုလည်း လက်ကကိုင်ထားသေးသည် မည်သူမည်ဝါ များခေါ်လေလိမ့် မလားမျှော်လင့်ချက်ဖြင့်..



Sunday, January 2, 2011

သူမ

သူမ မအားပါ။ အားကြီးအလုပ်များပါသည်။ အနည်ငယ်ခန့်ပိန်သွားသည်ဟုခံစားရရာ. သူက လက်မခံပါ။ ယခုလည်းအိပ်နေရာမှ ကုန်းရုံန်း (ကုံးရုံ့း) (ကုန်းရုံး) ထလာပြီး ကွန်ပြူတာရှေ့လာရေးနေပြန်သည်။ မရေးဘဲ နေလိုက်ရရင်ကောင်းမလား အကြိမ်ကြီမ် ကြိုးစားပြီးဖြစ်သည်။ ကိုယ်မှ မရေးရင်လာဖတ်တဲ့သူဘဲ ဖတ်စရာမရှိသလိုလိုဖြစ် နေသယောင်ခံစားချက်ကို တစ်ခြားသူများတော့မသိ. သူမတော့ဖြစ်မိပါသည်. သူမ ကိုယ်တိုင်ကလည်း ပြောချင်စိတ် ရေးချင်စိတ်များက ထိန်းသိမ်းမရ. စကားပြောရန် အခွင့်အလမ်းနည်းသော (အလုပ်ထဲမှာတော့အမြှုပ်ထွက်အောင်ပြောရသူ) သူမအတွက် ပြင်ပ နင့်ပြောရန် အခွင့်အလမ်းနည်းသော သူမအတွက် သည်နေရာလေးသည် သူမ၏များနေသော ဝါယော ( လေပုပ်များမဟုတ်) များကို ကန့်ကွက်လိုသူများမကန့်ကွက် နိုင်စွာ ပျော်ရွင်စွာ ပြောနိုင်သော နေရဖြစ်သောကြောင့် သူမတွယ်တာမိသည်။

အလုပ်ကလည်းများသလို စိတ်ဖိစီးမှုများကလည်း ရှိလေရာ ထိုအချိန်တွင် ဖုံးလာလျှင် သော်လည်ေးကာင်း မက်စိလာလျင်သော်လည်းကောင်း သူမ အာရုံမရနိုင်ပါ။ အားလုံးပြီးပြန်တော့လည်းမပြန်ဖြစ်တော့ပြန်။ သူမသည် လုပ်ရာတွင်သော်လည်းကောင်း တွေးတော ဆုံးဖြတ်ရာတွင်လည်းကောင်း အားကြီးနေးသူဖြစ်ပါသည်. တစ်ချိန်တွင် အလုပ်တစ်ခုကိုသာ လုပ်တတ်သူလည်းဖြစ်ပြန်ရာ သူမအတွက်အချိန်သည် မလောက်ငှနိုင်။

ဘလော့များကို ဖတ်မည်စိတ်ကူးဖတ်ရာ တစ်နေ့ကို နစ်နာရီခန့် (အနည်းဆုံး) အချိန်ပေးရလေ၏. သူမအတွက် အချိန်မှာ ရှားပါးပစ္စည်းဖြစ်၏ ဟုဆိုလျင်သူများတွေ ကို အားအားယားယား ဟု မဆိုလိုချေ. တော်သော်သူများသည် အချိန်တစ်ခုအတွင်း ဘလော့ရေးရုံမက သုံးယောက်နင့်ဂျီတော့ပြီး တစ်ယောက်နဲင့်ဖုံးပြောနိုင်သေးသည်ကို မယုံကြည်ဖွယ်ရာ အချိန်ကို manage လုပ်နိုင်သည်ကိုတွေ့ရ၏.။

တစ်ရက် မဖတ်လျင်တစ်သက်စာလွတ်သွားရသကဲ့ သို့မဖြစ်ရအောင် ဖတ်သော်လည်း တစ်ရက် လွတ်ရာ ဖတ်မပြီးလိုက် နစ်ရက်လွတ်ရာ အပြစ်မကင်းသကဲ့သို့ခံစားရ၏။ တပုဒ်မျှ မလွတ် ချင်သော သူမအတွက် ခက်ချေ၏. သက်ပြင်းကိုသာ တွင်တွင်ချရ၏။ လွတ်ချင်သမျှ လွတ်ပစေတော့ ငါရေးရလျှင်ပြီးစတမ်းဟုသောစိတ်ကို မွေးမြူရန် ကြိုးပန်းရာ၏။

ဖဘ ဘာလို့ပိတ်သလဲ ဟု မည်သူမျှ မမေးသောအဖြေကို ဖြေရသည်ရှိသော် အကြောင်းများစွာရှိ၏။ one of the အကြောင်းမှာ သူမသည် သိတ်ကို စပ်စုတတ်သူတစ်ဦးဖြစ်၏. သူမတွင် ၇၀၀ ခန့် friend များရှိရာ သူမမှာ စပ်စုလို့မကုန် သိချင်ရွေ့မခန်း တစ်ယောက်ပြီးတစ်ယောက် status တစ်ခုပြီးတစ်ခု ပုံများတစ်ပုံပြီးတစ်ပုံ ကြည့်မကုန်ဖြစ်လေရာ လူလည်း ချုံးချုံးကျ (ခြုန်းခြုန်းကျ ) (ဂျုူံးဂုံးကျ) ဖြစ်လေ၏. အခြားအကြောင်းများစွာလည်းရှိသေးသည် နောက်သော်ဆက်ရာ၏။ ယခုလည်း ဘလော့များသည် ဖတ်မကုန် ယူမခန်း ဖြစ်လေရာ ခက်ချေသည်. တစ်တပ်တစ်အား ကူညီရာရောက်အောင်သူမသည် မရေးဘဲလည်းမနေနိုင်ရာ ပိတ်သွားသောသူများ အရေးကြဲသူ များကို ကျေးဇူးတင်ရသည်။


ဘလော့ဖတ်ရင်းနင့်လည်းတွေးစရာများကို ဆက်တွေးရသည်.၁(၁) ဒါကတော့ လုပ်ရေးတဲ့ အိုက်တင်ကြီး. (၂) ဒါလေးကတော့ (သွေးပျက်) ကတော့အတော်ကောင်းတယ်။ သူမကြိုက်သည်.(၃) .လက်လန်တယ် စကဒ်ပါလန်တယ်ဆိုသော အရေးများကိုတော့ အလန့်တစ်ကြားဖတ်ရသည်။ (၄) ဒါမျိုးကတော့ ( )သူမကို များပြောလေသလား တွေး၏. အန်တီကြီးတွေမှာ လည်း အန်တီကြီးတွေ အကြောင်းရှိပါသည်။ ဘဝကို တည့်စွာ ဖြောင့်တန်းစွာ လျှောက်လှမ်းခွင့်ရသော သူများ ကွေ့သော်ငြားလည်း မှန်ကန်အောင်မြင်အောင် လျောက်နိုင်သူများ ကိုလည်းလေးစား မုဒိတာ သူမပွားပါသည်. သို့သော်ငြားလည်း ဘဝသည် ဘဝဖြစ်၏ ဆိုသည်ကို ရှင်းပြလျှင်လည်း ဆင်ခြေကန်ရာသာဖြစ်ချေမည်။

ဆက်ရသော်. ပင်ပန်းလိုက်သည်မှာ ခဏထိုင်ပြီး ပြန်ထလျှင် ကိုယ်လက်များကိုက်ခဲနာကျင်. သွေးပူသွားမှသက်သာရရာ၏။ (အသက်ကို လွဲမချရာ.) ယနေ့ shopping သွားရာ ဘာမျှ အပိုဆာဒါးဝယ်မလာ. ရေတပုလင်း ၃၅ ပြား + hair wax ၆ ကျပ် ပြားကိုးဆယ် သာ ကုန်၏။ (အပျိုစင် စာအုပ် မျက်နာဖုံှးှ ရှင် ကြည်နူးနိုင် ကို မပါပါအောင်ထည့်ရိုက်ကာ ဘလော့ပရိသတ်ကို ဆွဲဆောင်လိုက်သည်။ (ဝယ်ပြီးကုန်အောင်မသုံးတတ်သူများလေရာ သူမလည်းအပါအဝင်ဖြစ်သော်ငြား ကုန်အောင်သုံးရန်) ယခုတစ်လော ဆင်းရဲသူများ ………ဆင်းရဲသည် ဆိုခြင်းထက် ဘဝအဆင်မပြေဖြစ်သူ........ အသက်ကြီးပြီး ပြုစုသူက သေချာမပြုစုသောကြောင့် အခက်တွေ့နေသူများကို မြင်ရာ စိတ်ဓါတ်ကျဆင်းပြီး သုံးချင်ဖြုန်းချင်စိတ်များနည်းနေ၏။ ဈေးကလည်း ပေါသည်ဆိုလျှင်တောင် သုံးလေးဆယ်ဖြစ်ရာ မဝယ်ရက်ပါ။

သို့သော်ငြားဝယ်ချင်သည်များကို ရင်ထဲတစ်ဒေါင့်တစ်နေရာတွင် တိတ်ဆိတ်စွာ သိမ်းထားသည် အဆင်ပြေလျင် သမမည် ဟု ကြုံးဝါးထား၏။ ထီးတစ်ချောင်း ၁၈ ကျပ်.။ မိတ်ကပ် ရာကျော်တန် ( ကျားကန်လိုက်လျင်ပိုလှသွားမည်ဟုထင်သည်) လက်ရှိသုံးနေသူများ လှပြီးသားများကို မဆိုလို..သူမကို သူမ ဆိုလိုသည်။ ဖိနပ်ကိုလည်း အလှအပ စီးခွင့်မရရှာသောသူမ အတွက် very comfortable ဖြစ်သော Clarks ၁၁၂ ကျပ်ကို (၂၀ ရာခိုင်နှုံးလျော့ဦးမည်) ကို စိတ်ကူးယဉ်ထားသည်။

Saturday, January 1, 2011

ပဟေလိတွေနဲ့ရေးတဲ့စာ

ဦးဖိုးကျားလုပ်တာ များလို့ ဘတ်စကား စီးလိုက်ရတယ်။

၁။
လမ်းမှားတော့မဲ့ လူအုပ်စုကို ဆွဲခေါ်ပြီး လမ်းမှန်ပေါ်ပို့ရုံမက လိုရာ အရပ်ကို ပါ. လိုက်ပို့လိုက်မိသေးတယ်။ ကိုယ့်စရိတ်ကိုယ်စားရုံတင်မက သူများစရိတ်ကိုပါ ခံလိုက်မိသေးတယ်။ ပိုက်ဆံပြန်ပေးကြတယ။် မယူပါဘူး သူငှေးပါလို့ ဆိုလိုက်မိတယ။် ယုံကြပုံတော့မရဘူး. မယုံလဲနေ. ကူညီလိုက်ရတာ ဝမ်းသာတယ်။ ကူညီဘို့ မတောင်းဆိုကြပါဘူး အတင်းကို ဝင် ကူညီမိတာပါ။ သူတို့ကို ကူညီလိုက်တဲ့သူဟာ နာမည်ကြီး ဘလော့ဂါ ဆိုတာ သိသွားကြပုံမရဘူး ကိုယ့်နာမည်ကော ဖုံးနံပါတ်တွေကိုရော ပေးလိုက်တယ်။

၂။
ကလေးတစ်ယောက် ကို သနားတာနဲ့ မုန့်ဘိုးပေးရုံတင်မက တွေ့တဲ့နေရာမှာ ဆွဲခေါ်ပြီးတော့ မုန့်ဆိုင်ခေါ်သွားမိတယ်။

၃.။ လူတစ်ယောက်ကို သေချာ ထိုင်ပြီး အစာရေစာရှာဝယ်ကျွေးမိတယ်။

အဲသာနဲ့ဘဲ အခုရက်ပိုင်းအကုန်ကျများသွားလို့ တက္ကစီ သိတ်မစီးနိုင် တော့ဘဲ ဘတ်စကားဘဲ လှိမ့်စီးနေရတယ်။

























































၎။ သေးသေးလေးနဲ့သီးတဲ့ အပင်




















၅။ ဝယ်ပြီးမဖတ်ဖြစ်သေးတဲ့ဂျာနယ်








၆။ ရိုက်တာ ကတစ်မျိုး ထွက်လာတာက တစ်မျိုး.








၇။ နာမည်ကျော်ကြား လူ ကြိုက်နည်းနေသော်ငြားလည်း မရေးဘဲတော့လည်းမနေနိုင်ပါ. ယနေ့ အသစ်တင် သည်များကို မဖတ်ရသေး. မဖတ်ရ နေပစေ. ရေးလိုက်ရမှတော့ဖြစ်မည်။

















၈။ မရီနာဘေးမသွားနိုင်တော့လည်း ရှိတာလေးနဲ့ဘဲ ကျေနပ်ကြည့်ရတော့တယ်။
















၉။ မှတ်ချက်
နိုင်ငံရေးမပါ suzuki:



၁၀. Happy new year to all!!
I love you.