Sunday, January 26, 2014

Ah Myint

ခင်ဦးမေ အမေသည်လည်းအပေါင်ဆိုင်သွားမသွားမသိသော်လည်း အရောင်းဆိုင်သို့သွားဘူးသည် ဘာမှန်းမသိသော အရာကိုလက်ကတိုင်ရွေ့ သမီးငယ်ကို ပုဇွန်တောင်ဈေးထိပ်တွင်ထားခဲ့ကာ ဈေးထဲဝင်သွားးပြီးလျှင်စားစရာအချို့လက်ကကိုင်ကာပြန်လာလေသည် အဖေသည် အရာရှိကြီးဖြစ်ပါသည်

ခင်ဦးမေဆယ်တန်းတွင်ကျောင်းစိမ်းလုံချည်နှစ်ထည်သာရှိ၏ ဂေါက်ဂတ်ဖိန်စီးသည် ဆရာဝန်ကြီးဖြစ်လျှင်ချမါးသာမည်ဆိုသောကြောင်စာကျက် ရာ လခထုတ်ျသာ် ဓါတ်ဆီခြောက်ဂါင်္လ၀ယ်နိုင်သည

ကျေက်စိမ်းများဖမ်းကာ သိမ်းထားပြီးလဲလို့ရေူာနေရာတွင်နေပြီး မလဲပေါင်ဆိုကာ လခကို အမြင့်ကိုအပ်ကာ အမြင့်စီင်္မလိမ့်မည်ဆိုကာ ခခမ ကရိုးတယ်ကွ ဆိုသောဂုဏ်ကိုဖက်ကာနေသောသူသည် အမြင့်မရှိသဘ်နှင်အြသက်ထွက်သည်မှာ အဆန်းမ၀ဘုတ်

အမြင့်သည် သူ့အမေပေးခဲ့သောအမွေနှင့်ခုသည် ခုမနိုင်သေည်ပါတိတ်ကိုနှစ်ထောင့်ငါးရညနှင့် အတိုပေးကာစယ်ပြီးနှစ်ထောင်နှင့်လက်ငှင်းရာင်းကာဖြေရှင်း၏ သမီးကိုမြေတောင်မျြောက်သည် စီးပွားရေးကိုထူောင်သည် ရှိသမျှသူပူသည် ယောက်ကျားးကိုလွန်စွာချစ်သည် ယောက်းကျားအည်းအသန်ဖြစိသော် heart ထိကာ heart attack ဖြင့်င်္သုးနာရီအတွင်းကြွေလွင့်သည် လွင့်ကြွေသွားသော အမြင်ုနောက်သို့ အဖေသည်ရက်ပိုင်းအတွင်းလိုက်သွားသည် အမေမရှိတေ့ကြေင်း ဆေးရုံပေါ်မှ အဖေူကို မပြောသော်ငြား အမြင့်ကိုချစ်သော အဖေသည် အမြင့်ကတြင်ခြေရင်းမှာမင်းသမီးအ၀တ်အစားလေးနဲ့ထိုင်နေတယ်ဆိုသော် အလတ်မမျက်ရည်ကျသည်

ရက်လည်အမျှဝေသော် လိပ်ပြာလေးနှစ်ကောင်တရားလာနာကြသော်ခင်တို့အားလုံးငိုကြရလေသည်

Friday, January 24, 2014

jack ryan




ကြည့်တာတော့မင်းသားချောလို့ ကြည့်တာဘဲ . ကိုယ်က မွေးရင် ကိုယ့်သားလောက်ရှိပေမဲ့ လဲ အေ ဘာဖြစ်တာမှတ်လို့ ချောချောလေး ကြည့်ရတာ အသက်ရှည် အမောပြေတယ် ဘာတွေ မှန်းလဲမသိပါဘူး ကောင်လေး အိပ်နေရာက ထ . ကျောင်းဝင်းထဲသွား ဟိုကြည့်ဒီကြည့်လူတွေ စုကြည့်နေတဲ့ နေရာကြည့်လေယဉ်ပျံနဲ့သွား လေယဥင်္ပျက်ကျတယ်ထင်တယ် ဆေးရုံထဲရောက် လေကျ့ငက့်ခန်းတွေ လုပ် မျက်နာတွေ ကလည်းခပ်ဆင်းဆင် . နောက်ဆယ် နစ်ကြောသော်အခါ နယူးယောက် မြို့တော့်က ရိုင်ဖယ်ပလေ့းလိုနေရာမျိုးမှာ အလုပ်လုပ် စတော့ရှယ်ယာ လုပ်တယ် ထင်နေတာ မော်စကို မြို့တော်ရောက်သွားပြန်တယ် ဖဘ မှာ မော်စကို မြို့တော်က လူတွေ များလို့ မော်စကို မြို့တော်ကြိးကို မြင်ဘူးလိုကရတယ်။

အစပိုင်းနဲနဲအေးတယ် အဲကွန်းလေးနဲ့ အိပ်ပျော်သွားတယ် ရုံမှာ ကြည့်တာ ကြမ်းမှ ရမ်းမှ တန်တယ် သိတ်မကြမ်းလို့ကတော့ အိမ်မှာကြည့်တာ ကပိုတန်တယ် အခုကတော့ အေးအေးချမ်းခချမ်း အဲကွန်းလေးနဲိ့စိတ်အေးလက်အေးဝင်ကြည့်တာပါဘဲ။ လူနည်းတယ်။ ပြတဲ့အချိန်လဲ များသလို တော်တော်များများလဲ အလုပ်လုပ်နေကြတုံးဘဲ လားထင်ရဟန်တူတယ် ဒီလောက်ချောင်တဲ့ရုံမှာ ထောင့်က နေရာ လေးမှာ လင်မယားနစ်ယောက် နဲ့ မောင်ဈန်လင်း လေး အရွေယ်လောက် ကလေးလေး တစ်ယောက်ထိုင်တာ တွေ့တယ် ဘာဖြစ်လို့အလည်ဘတ်ကို မပြောင်းတာလဲ မသိဘူး. အလည်ဘက်. အလည်ဘက် အလည်ဘက် အလည်ဘက် အလည်ဘက် (ငါးခါရေး) .

မော်စကို မြိုတော်ကြီးကြတော့ ရည်းစားက ဝင်ဝင် ဖုံးဆက်သေးတယ်. တို့သာဆိုရင် မဆက်ပါဘူ မောင်အလုပ်လုပ်နေတာမ နှောက်ယှက်ရဘူး. I love you. . me too တွေ လဲ တို့တွေ လိုဘဲပို့ကြတယ်။ ရည်းစားက ဆရာဝန်မ ကမော်စကိုလိုက်လာပြီးလိုက်ရှူပ်သေးတယ် ပိနန်လို ပိန်လိုက်တာလဲ ညောင်လို့ အရပ်ကြီးကလန်ကလားနဲ့. ဖွံ့တာ ဘာမှ မရှိဘူဘူးေ ခါင်ငးကလဲ စောင်းစောင်းသါားသေးတယ်။

လူဆိုးတွေ နဲ့ရှူပ်. ထုံးစံအတိုင်း ကွန်ပြူတာထဲက ဟာတွေ download လုပ် ပက်စ်ဝက်မေးတာ စပယ်ရှယ်လစ်စ်တစ်ယောကို ဖုံးနဲ့လှမ်းမေးတာ ဖြေနိုင်တယ် တော်လိုက်တာ ဒီလောက် သေပြေးရှင်းပြးဒေါင်းလုပ်လုပ်နေရရဲ့ အထဲ့နေ အလာပ သလာပလဲပြောနိုင်တယ် . အံ့ရော

ပြေးရင်းလွားရင်း သူလဲသွားတော့လဲ လူဆိုးကသေနပ်နြ့မပစ်ဘူး ဆင်းချကြတယ်။ မင်းသားနိုင်တာပေါ့ ဇတ်ကတော့သွက်လာတယ်။ နောက်ဆုံး ဗံုးပါတဲ့ ကားက ရေထဲ ကျြပြီး ပေါက်ကွဲသွားတယ် လူဆိုးလား ..............ပါသွားတာပေါ့ . မင်းသားရော . ကျန်ခဲ့တာပေါ့ ဟင်းဟင်းဟင်.

နောက်ဆုံးဘာမှ မဖြစ်တဲ့မင်းသာ က ဆေး့းရုံထဲက ကုတင်ပေါါ်မှာထိုင်နေတယ် ပလာစကာလေးပတ်တိးလေးတောင် မကပ်ပေးထားဘူး ညံချက် ဒရစ်လေးဘာ လေး ချိတ်ပေးထားရင် ဇတ်ပိုနာမှာ ဆေးရုံအတက်လှတာပေါ့ အခုတော့ ဟို တယ်ခန်းမှာ ထိုင်နေတာ ကျနေတာဘဲ

မင်းသမီးလား . ...............လာမယ်လေ ၈ျုတီကုတ်ဝတ်ပြီး ခွဲဏိတ်ခန်းမှာဘဲ ဝတ်ရမဲ့ ဝတ်စုံအစိမ်းကြီးနဲ့ လန်းလန်းလန်းလန်း ကလန်ကလာ နဲ့ လာပြီး မင်းသာားနး လာပြး ကယု ကယဖက်အားရပါးရဖက်တာနြဲီ့ပီးသွားတာပေါ့ တောက်. ဒါ.....ဆေုးံရုံကို အလွဲသုံးစားလုပ်တာဘဲ. ဒီလောက်မအားဘူး..

Monday, January 20, 2014

Yangon 11 (Taunggyi) ထမ်းဆမ်း ဂူ

တောင်ကြီးမှာ တစ်ညဘဲ အိပ်တယ် မိုးလင်း တော့ ဆိုင်ကယ်ဆရာက ဖုံးဆက် ထားတယ် တည်းခိုခန်းအောက် ရောက်နေပြီ. မျက်နာသစ်ရေချိုး ထုံးစံအတိုင်း သွားပွတ်တံအောက်ကျသွား လွတ်ပလိုက်. ဆပ်ပြာ တိုက် အရင် ဟော်တယ်က မလာတဲ့ ဆပ်ပြာအသေးတိုက်. ရေချိုး ချမ်းလိုက်တာ.








အောက်ဆင်း ဆိုင်ကယ်ဆရာနဲ့ တိုင်ပင်ဘာလုပ်ရမလဲ စိတ်ကူး မုန့်စားအထွေ အထူးမရှိ. ရှိတာ စား ဂျီးမများ လမ်းများဘို့ဘဲစိတ်ကူးရ.







မော်တော်ကားလက်မှတ်သွားဝယ်။ အီလုက် စီးချင်ပါတယ် ဆို JJ ကိုလုကိပို့မနက်ဖြန် အတွက်လက်မှတ်ဖြတ်. အကြမ်းဖျင်း တစ်သောင်း နောက်ပြီးတော့ ဆိုင်ကယ် စီး ဂူတစ်ဂူစီလိုက်ပို့နာမမည်ကြီး .ထမ်းဆမ်း ဂူသွားမယ် ဆုံးဖြတ် ကက္ကူဆိုတာလဲဘုရား တောင်ကြီးမှာ သွားမယ် ဆိုရင် အဲသည်ထဲကတစ်ခုကိုေ၇ွးရမယ် အချိန်မရရင် ဆိုတာနဲ့ ဂူကြီးကြီးမမြင်ဘူးလို့သွားကြည့်တယ်












အထဲ မှာအတော်မှောင်.တယ် ဆိုင်ကယ်ဆရာက ပါ လိုက်ဝင်ပေးမယ် customer ပျောက်သွားမှာ စိုလိးု့ လူအတန်အသင့်ရှိပါတယ် တောင်ထဲက ဂူဆိုတာ အတ်ာကြီးတာဘဲ စိတ်ဝင်စားစရောတ့ကောင်းပါတယ်။ ဟိုကြည့် ဒီကြည့် ဘုရားဖူး ပြန်ထွက်.






အနားမှ စတုဒီသာကျွေးတာလဲ ရှိတယ် ဘုရားဖူးတွေ ကို ကျွေးတာ. ကိုယ့်ဘာသာ ဘဲ ဝယ်စားလိုက်တယ် ဘုရာဖူးတစ်ချို့စားနေတာ တော့ကြည့်ခဲ့တယ် အိမ်သာ ခက်တယ်။ ခက်တယ် ဆိုပေမဲ့ အဆင်ပြေပါတယ် တံခါးပိတ်လို့ရရင်ပြီးတာဘဲ ငါတို့ နိုင်ငံမှာ ထူးဆန်းတာတွေ သိတ်များပြီး ဆွဲဆောင်မှူအားနည်တးတယ်။ ငါ့လိုဘဲ ပေါ့ လှတာကို သိမှာ စိုးလို့ရုပ်ဖျက်ထားသလို. ငါတို့ လဲ လှတာလေးတွေရုပဖျက်ထားတယ် သူများလိုချင်မှာစိုးလို့။ နိုင်င့ခြားသားမိတ်ဆွေ များလိုက်လည်ချင်တယ် ဆို အာမခံ မခေါ်လာနိုင်ဘူး ဒီလို ဘုရားကြီးဖူးရတာ ကျေနပ်ပေမဲ့ ဒီလိုအိမ်သာ မြင်ရင် လန့်သွားမှာ စိုးတယ်။ အိမ်သာက လည်းအဝေးကြီးရယ် တစ်မျော်တစ်ခေါ်ျေလျာက်လိုက်ရတာ ကောင်းပါတယ်။ ဝေးတာ။











Saturday, January 18, 2014

unboxing



copy. print, scan ဝယ်လာတယ် ဈေးပေါဘို့ ကအဓိက့ ပစည်းကောင်းဘို့က ဒုတိယ. နာမည်မရှိ မဝယ်ချင်ဘူး. ကင်နွန် ၇၀ ကျော်. ပစည်းမရှိတော့ဘူး ။ စိတ်ညစ်မျက်နာက ငယ်ြ့ပန်ဘီ မျက်နာငယ်သွားတဲ့ လူကို sale person က ခေါ်ပြတယ်. မင်ဘာ member ဆိုရင် ၅၉ ကျပ်. မန်ဘာမ ဟုတ်ရင် ၆၉ ကျပ်. ၇၀ ကျပ်ဘဲ ဆိုကြပါစို့ ဈေးတော့ကြိုက်သွားပြီ. ကန်နွန်လဲကောင်းတာဘဲံHp လဲကောင်းတယ်။ HP ကတော့ပျက်ရင်ပြင်မရတော့ဘူးလို့ပြောရင် တစ်ခါအတွေ့အကြုံဘဲ သုံးနစ်ဝန်ရန်တီပေးထားတာ သုံးနစ်ပြပည့်ပြီးတာနဲ့ပျက်သွားတာ ပြင်ခ ငါးရာကျော်ကုန်တဲအထိမကောင်းတာနဲ့ လွတ်ပစလိုက်ရတယ်။ ကြောက်ကြောက်နဲ့ဘဲ. ဒါ အကောင်ဆုံးဘဲ ဆိုပြိး ဝယ်လာတယ်။ ပေါ့ပါတယ် လက်က ဆွဲသွားလို့ရတယ်။

အိမ်ရောက်ပြီ ရင်ခုန်တယ် ဆင်ရတော့မယ်. တီဗွီ မောင်ဆင်ရင် ဘေးကနေ စကရု screw လေးယူပေးရရင် တောင် ပွစိပွစိ ငါ့ကို သိတ်ခိုင်းတယ် ထင်တဲ့သူ. မောင် မောင်လို့ မျှော်မိတယ်။ မောင်က မလာ ဟာ. ။

မောင်မအားတော့လဲ လုံချည်တိုတိုဝတ်. စိတ်ကို ခိုင်ခန့င်္အောင်ထား. ယောကျားမရှိတဲ့ မိန်းမတွေ ဘယ်နယ့်လုပ်မလဲ ဆင်ပေါ့ကိုယ့်ဘာသာ အားပေး

ပုံးထဲကနေထုတ် ပလကစ်တစ်ခွာ ယူအက်စီဘီကြိုးတပ်. မီးကြိုးတပ်. ဒါကလွယ်ပါတယ်။ မှင်ထည့်တဲ့ဘူး ထည့်တာကတော့ပညာပါတယ် အရင်ံHP printer သုံးဘူးလို့ထည့်ဘူးလို့တော်တော့တယ်။

စီဒီချပ်ထည့်ပြီး install တယ် ရင်တော့ခုန်တာဘဲ error ပြသွားမလား စိတ်ပူတယ်။ အဆဆင်ပြေတယ်။ print alignment လုပ်ခိုင်းတယ် လုပ်လိုက်တယ်။ ကော်ပီကြည့်တယ် ရတယ်။ scan ဖတ်ကြည့်တယ် ရတယ်။ print ကြည့်တယ် ရတယ်။ ယူကျူထဲသွားပြီး unboxing ကို အားလုံးဆင်ပြီးမှ ကြည့်မိတယ်။ အွန်လိုင်း register လုပ်တယ် ပြောလို့ပြောတာ မဟုတ်ဘူ ငါအတော် တော်တာ။

Wednesday, January 15, 2014

5s

 



























အိမ်ပြန်ရောက်ပြီ. အိမ်ရောက်တာ ထူးဆန်းသလား ထူးဆန်းတာပေါ့ ဒီလောက်အဝေးကြီး. တို့လို အဝေးကြီးသမားတွေ လဲ အများကြီး လောကကြီး. အထုတ်ကြီးက လေးတော့ ရင်ဘတ်အောင့်လာတယ်။ ဘယ်ဘက်ဆိုရင် chest pain များလား ညာဘက် ဆိုတော့ muscularskeletal pain ဖြစ်ဘို့များတယ်။ B နေရာက အောင့်တယ်။ စိတ်ပေါက်ပေါက် နဲ့ ဖြစ်ညှစ် စမ်းပလိုက်တယ် ဂျိုင်းကြားဘာ လက်ထည့်စမ်းပလိုကတယ်။ ဒီလောက် ကြောက်ရတဲ့ လောကကြီး . ကဲ ဟယ် ဆို . ဘာမှ စမ်းလို့မမိဘုး ဝမ်းသာစရာဘဲ.

ဒါပေမဲ့လဲ ကြောက်မယ်ဆိုကြောက်စရာ. လောကကြီးဟာ. သွေးရောဂါကြောက်ဘို့ကောင်းမယ် medical term တွေ ကို မဆွေးနွေးဘူးလို့စိတ်ကူးရင်းနဲ့က ရေးမိတယ်။ အရင်က အကောင်းကြီးအခု မှ ဘာဖြစ်သွားတယ် ညာဖြစ်သွားတယ်တွေ ဟာ သိတ်ကြောက်စရာကေင်းတာဘဲ

ငယ်ငယ်ကတော့ အင်ဂျင်အသစ်ကလေးတွေ ပေါ့ ၁၉ နစ်သားနဲ့ တွဲလုပ်ဘူးသေးတယ် လှေကာားကို ရိုးရိုးမတက်ဘူး. ပြေးလွားပြီးတက် တယ် ကိုယ့်မှာ မောမောနဲ့လိုက်ရတယ်

ငယ်သူတွေ က သွက်သွက်လျှောက်တယ် ကိုယ်လဲ ကီသွင်းပြီးခပ်သွက်သွက် လျောက်ရတယ် ကော်ဖီတွေ ကြိတ်သောက်ထားတာ လူမသိဘူးလေ. သူလဲ လေးခွက်သောက်တယ်တဲ သူပြောတာဘဲ သူ့ကိုမှီဘို့ကိုယ်လဲ လိုက်သောက်ရတော့တာဘဲ

မသောက်ပါဘူး အေးဆေးဘဲ ဆိုတဲ့လူလဲ ရှိတာဘဲ.ကိုယ့်ကို ယ်ကို စိတ်ချမ်းသာ အေးချမ်းတာပေါ့ အင်ဂျင် ဆိုတာ တရားလွန်းမသုံးရဘူး ဘုံးဘုံးကျတတ်တယ်တဲ့ကျကာမှ ကျရော. ရေတံခွန် အလျင် ကို မှီဘို့အတွက်ဝုန်းရတာဘဲ

ကျလာတဲ့ အင်ဂျင်. ကျလာတဲ့ confidence မောရင် မှီရမဲ့ ရင်ခွင်. အချစ်ဆိုတာ ချစ်တာပါဘဲ မအေးခဲပေမဲ့ ငြိမ်းချမ်းတယ်ဆို ပြီးတာဘဲ. ချမ်းသာတာတွေ သုံးစားခွင့်တော့ရချင်တယ် ဘာတွေ သုံးချင်လို့လဲ ထွေထွေ ထူးထူးမရှိပါဘူ အိုင်ဖုံး ဖိုက်အက်စ်နဲ့ မီနီအိုင်ပက် ဝယ်ချင်တာပါဘဲ မောင်။

Tuesday, January 14, 2014

medical chek up

medical check up (1)

ရန်ကုန် ရောက်တုံးက HIV, Hepatitis B နဲ့ C နဲ့စစ်ဖြစ်တယ် စစ်ဘို့စိတ်ကူးထားတာ ကြာပြီ သတ္တိမရှိလို့ မသိချင်းဘူး ဖြစ်ခဲ့ရင်တောင် မသိချင်ဘူး. ဆေးကုတာက နောက် ဆေးမကုခင် ကိုယ် အရင် ခုန်ချသွားမလား ဆိုတာ မရေရာဘူး. လူတွေ ကို ဒုတ်ခ ပေးတဲ့ ဝေဒနာနဲ့ တော့ နီးစပ်ရာတွေ ကို ဒုတ်ခမပေးခဲ့ချင်ဘူး ကိုယ့်ဘာသာ တော့ကိုယ်အမြဲ သတိထားတာ ဘဲ သူငယ်ချင်း အရင်းေ ခါက်ခေါက်နဲ့တောင် ရေတစ်ပုလင်း ကို တစ်ယောက်တစ်ငုံမမော့တာ ဟင်းချို တစ်ခွက် ကို တစ်ယောက် တစ်ဇွန်းမသောက်နိုင်ဘဲ တစ်ပန်းကန် ထပ်တောင်းပြီး နစ်ပန်ကန် ခွဲပြီးသောက်တာတွေ. ကိုယ့်ဆီက ကုးမှာကြောက်တာ လား သူ့ဆီက ကူးမှာ ကြောက်တာလား. ယောကျာ်းကို ဆီးချိုရှိမရှိသွေးဖောက်စစ်တာတောငင် သူ့သွေးကို ကိုယ့်ကို မပေအောင် ဂရုစိုက်လို့ ယောကျာ်းကျားက ငြိုငြင်သွားတာ ချစ်တာက ချစ်တာ ဘဲ အလေ့အကျင့်က သံမှိုစွဲနေခဲ့ပြီ။

ရန်ကုန်မှာ ထမင်းဆိုင်တွေ မှာစားရင် တစ်ယောက်တစ်ပန်ကန်ပေးတဲ့ ဟင်းချို မကုန်ရင် ပြန်ထည့်မယ်လို့မထင်ချင်ဘူး လွတ်ပစ်လိုက်လိုက်မယ်လို့မျှော်လင့်တယ် ကလောမျ ထမင်းစားတော့ ဟည်းနေတဲ့ ထမင်းဝိုင်းကြီးက တို့စရာတွေ ကာတော့ထား အရံထည်တွေ ဟာ ထည့်လိုက် ပြန်ချလိုက် လုပ်နေမှာလား. ကလော ထမင်းဆိုင်မှာဟင်း ရံတွေ မှာ ဇွန်းမပါဘူး ဆိုလိုတာက ကိုယ့်ဇွန်နဲ့သော်လည်ေးကာင်း ကိုယ့်လက်နဲ့သော်လည်းကောင်း နှိုက်စားကြပါလို့ဆိုလိုတာ ဘဲ လူပေါင်း စုံ နှိုက်သွားကြတဲ့ ငပိထာင်းပန်းကန်ကို ထပ်နှိုက်ဘို့ စိုးရွံ့နေမိတယ်။ ဟင်းရံပေါင်း စုံထေဲ ကို ဇွန်းသေးသေးလေး တစ်ချောင်း စီထည့်ပေးပါ တောင်းဆိုတော့ ဆိုင်က အံသြတဲ့အကြည့်နဲ့ကြည့်တယ်။





medical check up 2

နိုင်ငံ ခြားမှာလဲ စစ်လို့ရတာဘဲ မတော်လို့များ ဒုတ်ခ ရောက်ခဲ့ရင် လူသိထင်ရှား အရှက်ရတော့မှာဘ ဆိုပြီး ကိုယ့်နယ်မှာတော့လွတ်မယ်ထင်တာပေါ့လေ.

HIV hepatitis B နဲ စီနဲ့ စစ်မယ်ဆိုတော့ ဆေးခန်းေ၇ွးရတယ်။ SSC ရောက်တယ်။ pathologist တွေ ဟာ မကင်းရာ မကောင်းကြောင်းတွေ ဘာလို့ဖြစ်နေရတာလဲ Neagative ဆိုရင် ဒီအတိုင်း လက်မှတ်ထိုးလိုက်ပေမဲ့ postiveဆိုရင် ဆရာဝန်တိုင်းလိုလိုက တော့ဘယ်သူများပါလိမ့်ဆိုတဲ့ စိတ်နဲ့ စိတ်မကောင်းတဲစိတ်နဲ့ နာမည် ဖတ်လိုက်ရင် ငါလိုနာမည်ကြီးလူကြိုက်နည်းတဲ့ သူတစ်ယောက်အတွက် ခက်ရချည်ရဲ့ ဆိုပြီး လှည့်ပြန်လာယတ် ညကြီးမင်းကြီး ဆေးခန်းလှည့်ပတ်ရှာတဲ့ အဖြစ်. နီနီဓါတ်ခွဲခန်း မဖြစ်သေးပါဘူ ရွေ့ဘုံသာလးမ်း အလိုလေး..........ဝေးရာကိုေ ပြးခွာမယ်ဆိုတော့အလုံက်ဘက်က အာရှတော်ဝင်ကို မျက်စေကျတယ်။

ကားကို တစ်နေရမှာရပ်. ဆေးရုံထဲဝင် သက်ဆိုင်ရာမှာမေး. စစ်ချင်တယ်လို့ပြော. ဘယ်သူက စစ်ခိုင်းတာလဲ ကွကို စစ်တာပါ မျက်နာငယ်နဲ့ပြော ငါလိုလူ ရိုးသားပါတယ်လေ. သူတို့ဘာညာ ထင်ကြမှာ မဟုတ်ပါဘူး. B စစ်ချင်တယ်ဆိုတော့အကောင်ရေ ပါထည့်စစ်မှာလားတဲ့ ဟင် ဘာပါလိမ့်အကောင်ရေ ဆိုတာ anitbody ကိုပြောတာ ထင်တာဘဲ. ကိုယ်ခံအားကောင်းတယ်ဆိုရင် ဆေးပြန်မထိုးရဘူးလေ. ကိုယ်ခံအားအကောင်ရေ နည်းနေတယ်ဆိုရင် ဆေးပြန်ထိုးရမယ်မဟုတ်လား ရှင်းပြတာ ကို တစ်ငြိမ့်ငြိမ့်နားထောင်. စစ်မယ်လို့ပြော ..........

တစ်ညလုံးအိပ်ဘို့ခဲ့ယဥင်္းလွန်းတယ်။ ဖြစ်ခဲ့ရင် ဘယ်နဲ့လုပ်မလဲ ဆိုတဲ့စိတ်က ကြီးစိုးလွန်းတယ် ငါ အပ်ဘယ်နစ်ခါ စူးမိပါလိမ့် ရောဂါရှိတဲ့သွေးတွေ နဲ့များထိမိသေးလား. risk ထဲမှာ့ ပါတဲ့ လူတွေ အတွက်. ရင်ပူရလွန်းတယ်။ မနက် မိုးလင်းကတည်းကလတုတ်တုတ်မှ မလှုပ်ဘူး သိတ်ကြောက်တတ်တယ်။ ဖြစ်လိုကရင်တော့သေလိုက်တော့မယ် စိတ်ကူးတာဘဲ။ အန်မတန် မြတ်နိုးတဲ့ အလုပ်ကိုလည်း စွန့်လွတ်ရမယ်။ ဆက်တေါးတာတွေ့တော့ လူတိုင်းကြောက်ြ့သလိုပါဘဲ ငြိမ်လွန်းအားကြီးတော့ မေးယူကြရတယ် နေကောင်းရဲ့လား လာမေးတယ် နေကောင်းပါယတ် ပြောပြီး ငြိမ်သွားပြန်ရော................... ငါသိတ်ကြောက်တတ်တယ်။.






 medical check up 3

နေ့လည် အဖြေရမယ်ဆိုတော့ ခုန်လွန်းတဲ့ ရင်နဲ့ အတူ ရောက်ခဲ့တယ် ပိတ်ထားတဲ့စာအိတ်ကလေးကို မဖွင်ရဲ့ ဖွင့်ရဲနဲ့ဖွင့်တယ် negative ဆိုတဲ့ အဖြေဟာ ချိုမြိန်လွန်းလှတယ် ပီတိဖြစ်လွန်းတဲ့ ရင် ဟာ ငြိမ်းချမ်းလို့မဆုံးနိုင်ဘူးလက်မှတ်ထိုးထားတဲ့ pathologist ကိုလည်း သိနေပြန်တယ် ဒုတ်ခ. လွတ်မယ်ထင်ပြီးလာတာတောင်မလွတ်ဘူး ဒါပေမဲ့ negative negative negative ဆိုတဲ့ ပျော်၇ွင် ခြင်းအသံဟာ နားထဲမှာ ရင်ထဲ မှာ လှိုင်းခတ်နေတယ်။ ရှိသမျှ အမျိုးအဆွေ ယောက်ျား သူငယ်ချင်းတွေ ဆီ ဖုံးဆက်ပြီးကြွားဝါတယ်။ ငါလေ. HIV Heaptiis B, C. neagative သိလား သိလား သိလား.





medical check up 4

သမီးမျက်လုံးလေးတွေ မို့နေတယ် ဆီးကောင်းရဲ့လား တဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့ အမေးက ရင် ကို ထိသွားတယ် ကိုယ့်မျက်လုံးကိုယ်ပြန်ကြည့် လဲသွားတယ်။ အစ်မရေ ငါ့မျာက်လုံးမို့နေလားဟင် မမို့ပါဘူး မို့တယ်ဆို. နင်ဝလာလို့ပါဟာ.

ဆီးကောင်းရဲ့လား ရေတွေ သောက်တယ် သောက်တယ် သောက်တယ် ပေါက်တယ် ပေါက်တယ် ပေါက်တယ် ပေါက်တယ်ဆိုရင် ငါ့ကျောက်ကပ် ကောင်းပါတယ် ဘာလို့မို့တာလဲ အေ. အသက်ပေါ့ဟာ အသက် အသက်.........အဖြေပေးကြတာယ် ဝိတ်လျှော့လေ. အားပေးကြတယ်။

စစ်ဘို့အားယူရပြန်တယ်။ မစစ်ခင်း ရေသောက်ဘို့လဲ သတိထားရသေးတယ် ရေတွေ သောက်သောက်. မနေ့တစ်နေကက ထပ်စစ်တယ်။ FBC် full blood picture နဲ့ urea . cholesterol. Liver function test ထည့်ဘို့မေးသွားလို့ ထပ်လိုကထည့်ရတယ်။ အဖြေကတော့ကောင်းမယ်မျှော်လင့်တာဘဲ မို့ရူးမတတ်တော့မဖြစ်ဘူး ဒါပေမဲ့အငိုက်မိမှာစိုးုလို့ကံကြမာ ကို မယုံရဲပြန်ဘူး

FBC ကောင်းပါတယ်ေ သွားအားကလဲ ကောင်းလိုက်တာမှ ကောင်းတာကို မမ က centrum 50 နဲ့ အမေရိကားက သူ့အမေ့အတွက်ပေးလိုက်တဲ့ ငါးကြီးဆီတွ ကို ကြားကနေ ဘတ်ပြီးသောက်နေတာကို. အားတွေ ရှိသမျှ. သွေားအားကောင်းပါဘိ. ဝါသနာပါရင် သွေားလှူလို့ရတယ်။ သွေးဖြူဥ သွေးနီဥ ဥ သုံးဥ အားလုံးကောင်းတယ်။ သွေးကင်ဆာတွေ နဲ့လဲ ကင်းရှငးပြီပေါ့.

urea, urea. သိတ်ဒုတ်ခပေးတဲ့ urea . ကျောက်ကပ် ဆေးတယ် ဆုတာ လဲ မလွယ်ဘူး တစ်နေ့လေးခါ အိမ်မှာ လုပ်မလဲ ဘိုက်မှာ ပိုက်ြ့ကီးတပ်ထာားရမယ် တစ်ပါတ် သုံးခါ လုပ်မလား ပိုက်ဆံ တေ အများကြီးကုန်မယ် ဘယ်လမ်းရွေးမလဲ အသေခံမလား.

တို့ကျောက်ကပ် ကောင်းတယ်မောင်. ။ မပျက်စီးသေးဘူး. အသည်းတွေ လဲကော်းတယ်။ ကော်လက်စထေရာတေက့ များပုံရတယ်။ Fasting မလုပ်ဘဲ စစ်လိုကတာ error ပြသွားတယ် ငါက ဘဲ fasting မလုပ်တာ စက်က သိသွားလာိးသိတ်မျတားလို့ဘဲ စက်က မဖတ်တတ်တော့တာလဲား သဒကါတာ့ ကိုယ့်အကြောင်းကိုယ်သိတယ်လေ. ဒီလောက် အစားပုတ် ထောပတ်တေါ လျှက်နေတာ ကော်လက်စရောရာတက်မှာဘဲ လျှော့ရမှာပေါ့.

ဝါသနာပါလို့ထပ်စစ်ချင်သေးရင် အဆုတ်ကတောမနစ်က ဓါတ်မှန်ရှိုက်ထားတယ်။ ကောင်းတယ် ဘာလခဏမှာ မရိဘှဘူးဆိုတော့တော်ပါပြီး သားအိမ် အလုံး ultrasoun နောက်ဆုံစစ်တုံးက သေးသွားတယ်တဲ့ သုံနစ်လောက်ရှိပြီထင်တယ။ pap smear စစ်တုံးက လဲကောင်းတယ် အခုမှ ကာကွယ်ဆေးသွားထိုးလို့တော့ မမှီတော့ဘူးထင်တယ်။ အသက်ကြီးရင် ရတော့ဘူးတဲ့ e. စစ်မယ်ဆိုရင်တော့ the whole boday scan ဘဲ. တော်ပါပြီ ကြောက်တယ်။ ငြိမ်ငြိမ်ဘဲ နေတော့မယ်။
 
  

Monday, January 13, 2014

phone




ရန်ကုန်ရောက်တော့ဖုံးပျောက်တယ် အကြောင်းအမျိုးမျိုးနဲ့ နိုကီရာ .ဈေးမကြီးပါဘူး. ဒါပေမဲ အထဲ မှာ ဒါတ်ပုံတွေ တောတော်များများပါတယ်။ ပျောက်သွားတယ်။ စနေနေ့ စနေမှာ တယ်လီဖုံးပျောက်တယ်။ postpaid မပြောင်းထားဘူး။ နိုင်ငံတစ်ကာမှာ prepaid ဆိုတာ ထက် postpaid ဆိုတာကို ပို အခြေခိုင်သလိုဘဲ လူက ကန်ထရိုက်နဲ့မှာဝယ်နိုင်တာ. အရှည်မရှင်းတော့ပါဘူး Prepaid လူတိုင်းဝယ်နိုင်ပေမဲ့ postpaid လူတိုင်းမဝယ်နိုင်ဘူး ဒါကို prepaid ကို ပြောင်းမလားမေးတော့ပျော်ပျော်ကြီး ပြေင်းလိုက်ကြတာလားမပြောင်းချင်း ပြောင်းချင်ပြောင်းလိုက်ကြတာလား။

prepaid ပျောက်ရင် ပျောက်တယ် ဘဲ ပိုက်ဆံတစ်သောင်းကုန် ပြီြး့ပီလို့သတ်မှတ်ရမပေမဲ့ postpaid ပျော်ကတာ တစ်သာင်းမက တသိန်းကုန်သွားနိုင်တယ် နိုင်ငံတစ်ကာ ကို ဖုံးလှည့်ပြီ ပြောလိုက်ရုံဘဲ. အော် သောကတွေ ပွားရတာများ.

ရန်ကုန်ရောက်စ. ဘယ်သူ့ကိုမ မရေလည်နဲ့ အချိန်. စနေနေ့ဖုံးပျောက်တယ် စကာပူမှာဆိုရင်တော့ ဖုံးဆက်ပြီးလိုင်းပိတ်ခိုင်းမယ်။ အခုတော့ဘယ်ကို ဆက်ရမလဲ မသိဘူး သူများကို အကူအညီတောင်းဘို့လဲ အားကြီးဝန်လေးတယ်။ ကိုယ်ကလဲ သူများကို သိတ်မကူညီတတ်ဘူးမဟုတ်လား

ကူမဲ့သူပေါ်လာတယ်. ဒါပေမဲ့ နောက်ဆုံးတော့ တနင်္ဂနွေမှာဘဲ ပိတ်သလား. တနလယကြတော့မှ ဘဲိပိတ်သလား မသိနိုင်ဘူး တစ်ချိန်လုံးဆက်ရင် တော့လူကြီးမင်းခေါ်ဆိုသော ဖုံးသည် ဘဲ ဆိုောတ့ လဲခက်တာဘဲ.

ချိန်းလိုက်ရတာ စာ၇ွက်တွေ သွားပေးရတယ် သွားယူရတယ် မစုံသေးဘူး ထပ်ပေးပါဦး။ ပွဲစားမဟုတ်ဘဲကူညီသူဆိုတာ Professional မဖြစ်ဘူး ကူညီချင်လို့ကူညီတာ ဆိုတော့ အပစ်ဆိုရခက်တယ် တစ်ပါတ်လောက် က သူနဲ့ဘဲ ချိန်းလဲ ပြန်ယူလိုက် ပြန်ပေးလိုက် ကဒ်ပြားပြန်ရတော့ပျော်သွားတယ် ဆက်မရပြဘူး နစ်ဆယ်လေးနာရီစောင့်ရတယ် ဆိုလို့စောင်လိုက် ခ်ါကြည်မလိုက်ရပြန်.

ကူညီသူလဲစိတ်ညစ် နောက်ဆုံးေ ပျာက်တုံးပိတ်မိတာ ကို မေ့သွားပြန်ဖွင့်ဘို့ ထပ်ချိန်းကြပြန်.

ဘာဘဲ ဖြစ်ဖြစ် ခလုပ်နိပ်ရင် အလုပ်ဖြစ်တဲ့ ရန်ကုန်မြို့မှာ မနိပ်တတ်သေးတော့လဲ ယောင်လည်လည်ဘဲ .

မှတ်ချက်
ပျောက်သွားတဲ့ ဖုံး
data တွေ မကူးဘဲနဲ့ပစ်ထားမိတဲ့ ဖုံး.
ဘာရယ်မဟုတ် လက်ထဲ ကျန်ခဲ့တဲ ပုံ။
ဒါဘဲ ကျန်တယ်။

Friday, January 10, 2014

Letter to friend


အမှန်တော့ပြောစရာတွေ တော့အများကြီးရှိတာပေါ့မပြောဖြစ်တာ. ဖြည်းဖြည်းတော့လဲ ပြောသွားမှာ. နားထောင်တဲ့သူရှိခဲ့ရင်....... ငါ့မှာ ဖဘ account တစ်ခု ရှိတယ် ခင်ဦးမေ တဲ့ khinoomay တဲ့ ပထမတော.(abc) နဲ့ လုပ်တာဘဲ လူသိများတော့သိတ်မလွတ်လပ်ဘူးအဲသာနဲ့ ခင်ဦးမေ ဆိုပြိး စိတ်ကူးပေါက်တာတွေ ရေးတယ်။ ဘလော့ဆိုတာ ကြားဘူးလား စိတ်ကူးပေါက်တာတွေ ရေးတဲ့နေရာပေါ့ . နာမည်ကြီးတယ်လို့တော့ပြောကြယတ။် နင်တို့ကတော့နားလည်မှာ မဟုတ်ပါဘူး ကြောင်တောင်တောင် အတွေးအ ရေးတေါ ကို ဒါပေမဲ့ငါပျော်တယ်။ ငါ့ဘာသာ ငါ ရေးချင်တာ ရေးတယ်။ စိတ်ကူးပေါက်တဲ့အခါ လာကြည့်ပေးပေါ့. တစ်ခါတစ်လေ. internet လိပ်စာက http://khinoomay77.blogspot.sg/

နင်ဖတ်နိုင်မယ်မထင်ပါဘူး ငါက အများကြီးရေးတယ် မဖတ်ပါနဲ့ ပြရုံပဘဲ ပြတာပါ ငါဘာလုပ်နေသလဲ ဆိုတာ တစ်ယောက်ထဲ နေတော့စကားမပြောဖြစ်တော့ တစ်ယောက်ထဲ စကားပြောသလိုဘဲ။ ကလေးလဲ မရှီဘူး

အဲသည်မှာ ငါစိတ်ကူးပေါက်တာ ရေးတယ် မြင်ရမှာပါ. တစ်ခါတစ်လေ ကြည့်ပေါ့ အမျိုးသားရှိလဲ ကလေးမရှိတော အိမ်က ခပ်ခြောက်ခြောက်သွေ့သွေ့ဘဲ . အဆင်ပြေသလို ကြည့်နေရတာပေါ့............ အဲသည် ဖဘ မှာတော့စိတ်ကူးပေါက်တာတေါ လျောက်လျောက်ရေးတယ်။

ငါ အခုနည်းနည်းကြောင်တောင်တောင်ဖြစ်နေတယ် လူတွေ နဲ့မနေရတာ ကြာတော့ လူတွေ နဲ့မနေတတ်တော့ဘူး. တစ်ယောက်ထေည်းနေရတာ များတာ စကာပူရောက်တာ ကြာပြီပေါ့ အဲသည်ကတည်းက ငါ့အမျိုးသားတစ်ယောက်ဲ့နဲ့ဘဲ သိတ်ယ် ကျန်တာ လက်ချိုးရေတွက်လို့ရတယ် သူက အရမ်းအေးတယ် ဘယ်သူနဲ့မှလဲ သိတ်မဆက်သွယ်ဘူး သူမဆက်သွယ်တော့ငါလဲ အေးေးအဘဲ နေလိုက်ရတယ် ငါတို့ဘယ်မှာလဲ မသွားကြဘူး. ဘယ်က ဖိတ်ဖိတ်လဲ မသွားဘူး မသွားတာ ကြာတော့မဖိတ်ကြတော့ဘူး............

အဲသည်တော့ ငါ လူတွေ နဲ့ တွေ့ရမှာဝန်လေးလာတယ် ဖဘမှာလဲ နာမည်ကြီးတော့ တွေ့ရင် ဒါတ်ပုံ ခိုးရိုက်တာတော့ပေါ်တင်ရိုက်တာတို့ ရိုက်ပြီး ချက်ချင်းှုinternet ပေါ်တင်တာတွေ လုပ်တာတေါ မကြို့်ဘူး privacy မရှိသလိုဘဲ ငါကလဲရုပ်ဆိုးတယ်လေ.အရင် က ခင်ဦးမေ ဖဘ မှာ ဒါတ်ပုံမထည့်ဘူး အခုကတောကလူတိုင်းက ထည့်နေတော့မကောင်းပါဘူးလေ ဆိုပြီး ထည့်တာ တစ်နစ်လောက်ဘဲရှိသေးတယ် .........................

ငါရန်ကုန်လာတော့ဘယ်သူများဆက်မလဲ မျှော်တယ် နစ်ယောက်ဘဲဘဲ ဆက်တယ် ဒါတောင် ppl ဆက်တုံးက မကိုင်လိုက်ရဘူး ငါပြနဆက်တော့ သူ့ဖုံးကပိတ်ထားတယ်။............. အမှန်အတိုင်းပြောရရင်နင် များဆက်မလား မျော်တယ်။ တစ်ခြားသူငယ်ချင်းတွေ့နဲ့ပုံတက်လာတော့ဝမ်းနည်းတယ် ငါက အညတရလေးပါလေ. စာရင်းမရှိပါဘူး ဆိုပြီးတိတ်တိတ်လေး ဝမ်းနည်းတယ်။

နင်တို့များ စားသေက်ဆိုင်တ်စ်ဆိုင်ကို ဖိတ်မလား မျှော်တယ် ဘာမှ မဟုတ်ပါဘူး. ဥပမာ happy လိုမျိုးမှာ ခဏမုနံ့်စားပြီး မတွေ့ရတဲ့သူငယ်ချင်းကို တွေ့ချင်တာပါဘဲ

ငါ့ကိုတစ်ကယ်ခင်ရင် ဖုံးဆက်ရမှာပေါ့ ................... တွေ့တော့မှ ဟေ့သူငယ်ချင်း ဆိုတာမျိုးတော့မလိုချင်ပါဘူ လမ်းကြုံလို့နှူဆက်သွားတာမျိုး................. မလိုချင်ဘူး သေချာ အေးအေးဆေးဆေး နာရီဝက်လောက်စကားပြောချင်တယ် ဒီလောက်ပါဘဲ ဒါပေမဲ ကဘယ်သူမှ ဖုံးမဆက်ကြဘူးလေ. ......................... ငါက စဆက်သွယ်ပါလား ဆုတော့လဲ ငါလဲ ခပ်ဂေါက်ဂေါက်ဘဲ ဟာ ငါ မဆက်သွယ်ဖြစ်ဘူ...........................

အဲသာ နဲ့ စိတ်နာတာနဲ့ ပိုပြီး ငါ့လဲ မချစ်ကြပါဘူး ဆိုပြီးဝမ်းနည်းပက်လက်နဲ့ ငြိမ်သွားတာ .................တိတ်တိတ်လေး ကောက်သွားတာပေါ့ အခုလို နင်က မေးလိုက်တော့ စိတ်ကောက်တာ ပြေလိုက်တော့မယ်။ ......................... ငါ့သူငယ်ချင်းတွေကိုငါအများကြီးချစ်မပါတယ်

https://www.facebook.com/khin.o.may

http://khinoomay77.blogspot.sg/

အဲသာ ပါဘဲ ဖတ်နိုင်ရင် ဖတ် မဖတ်နိုင်လဲိစိတ်မဆိုးပါဘူး။......

Saturday, January 4, 2014

back up charger




မနက် ခြောက်နာရီခွဲလောက်က အိမ်က ထွက်ပြီး ညမှ အိမ်ပြန်ရောက်တဲ့သူတစ်ယောက်အတွက် လမ်းလျောက်အလုပ်လုပ်ရတဲ့သူတစ်ယောက်အတွက် အိုင်ဖုံးမှာ ဘတ်ထရီက ကုန်ကုန်သွားတယ် . ကုန်သွားတယ်လို့ပြောတာ အရင်တုံးက ဘယ်လိုမှ မနေပေမဲ့အခုနေလာပြီ အခုခေတ်လိုကာလကြီးမှာ ဖုံးတွေ အတွက် Back up battery ဆိုတာ ရှိတယ် ဆိုပေမဲ့သုံနေပေမဲ့ကိုယ်သုံးနေတဲ့တစ်ခါထည်း အိုင်ဖုံးမှာ စွပ်လိုက်ရတဲ့ charger ကဘဲ အားနည်းလာသလား အင်တာနက်ကို တစ်ချိန်လုံးဖွင့်ထားလို့ဘဲ အားကုန်သလား ကလိလို့ဘဲ အားကုန်သလား အင်တာနက် broad band ကြီးရှိပေမဲ ဖုံးကို ပိတ်လိုက်ရတဲ့အချိန်တွေ ရှိလာတယ် 3G ကို off လိုက်ရတဲ့အချိန်တွေ ရှိလာတယ် ဘတ်ထရီကုန်မှာစိုးလို့ ဆိုပြီးအကြောင်းပြတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဘက်ထရီ back up charger တွေ ကိုလိုက်ကြည့်မိတယ် branded ဈေးတွေ က စလုံး ၅၀ ကနေ ၁၀၀ ကျော်အထိ ဖြစ်တယ် အခုမှ လေ့လာရတယ် လေ့လာစရာတွေ ဟာ မကုန်နိုင်ဘူး. သိတဲ့လူကိုမေးရင် တစ်ခွန်းထဲနဲ့ပြီးပေမဲ့အသိုင်းအဝိုင်းများပြီး မေးစရာ မရှိတဲ့သူတစ်ယောက်အတွက်တော့ကိုယ့်ဘာသာကိုလေ့လာရုံဘဲ.

လေ့လာရင်းနဲ့သိလာရတာ ဟိုတစ်နေ့က scan ဖတ်တာ adobe format နဲ့ jpeg format နစ်မျိုးဘဲ ထုတ်တယ် ဆိုတာ သိလာရတယ် word fomat နဲ့မထွက်ဘူးလို့ ဆိုင်က ပြောမှသိရတယ်. တို့ေ၇းတာ ကို သိတဲ့သူတွေက မဖတ်ကြဘူး. ဖတ်တဲ့သူတွေ လဲ မသိကြဘူးလေ. အဲသာ ကြောင့်ဘာ မှ မပြောကြဘူး တို့ပြောတာကိုဘဲ ခေါင်းတစ်ညိမ့်ငြိမ့်နဲ့ဖတ်ကြတယ်။

အခု လေ့လာပြန်တော့ back up charger တွေ အကြောင်း အတော်သိလိုက်ရတယ်။ တို့ အိုင်ဖုံးမှာ သုံးနေတဲ့တစ်ခါထည်း စွပ်ထားတဲ့ charger က 2350 mAh ဆိုတာ သိလိုက်ရတယ်။ အခု မှသိတာပါ အရင်က မသိဘူး။ Input output ဆိုတာတော့နားမလည်သေးဘူး medical term မှာတော့ input ဆိုတာ တစ်နေ့တာ လုံးရဲ့အဝင် . output ဆိုတာ တစ်နေ့တာလုံးရဲ့ အထွက် ရှူးရူး ဘာညာ အပါအဝင်ပေါ့ နင်တို့ကို ငါဆေးထိုးအပ်ဘဲ ပေးချင်ပြန်တယ်။

အဲသာနဲ့ လေ့လာပြန်တော့ ဝင်တဲ့အပေါက်လေးတွေ ထွက်တဲ့အပေါက်လေးတွေ သိရတယ် ဘာဝယ်ရမလဲ စဥင်္းစားရပြန်တယ်။ အသေးလေးလား အဝိုင်းလေးလား လေးထောင့်လား အကြီးလားအငယ်လား . ငယ်ပြန်တော့ mAh နည်းပြန်တယ် ဝယ်မဲ့ဝယ်တော့လဲ အားအကြီးကြီးဝယ်ချင်တယ် 50000 mAh တောင် နည်းတယ် ထင်မိတယ် 10000 mAh ဝယ်ချင်တယ်။ တစ်ခါထည်းအပြီးပေါ့. တစ်ခါတစ်လေ KL သွားရင်ဘဲ ဖြစ်ဖြစ် မြန်မာပြည်ထဲ လျောက်လည်ရင်ဘဲဖြစ်ဖြစ် ဘက်ထရီကုန်မှာစိုးလို့ခ ဏခဏ ပိတ်ပလိုက်ရတာမျိုး အင်းလေးကန်ထဲ လျောက်လည်ရင်း ကောင်လေးနဲ့ တို့နဲ့ အသည်းအသည် ဘက်ထရီအကုန်ခါနီးမှာ လက်မှူပစ္စည်းရောင်းတဲ့ဆိုင်က ပလက်ပေါက် နဲ့ electricity donate လုပ်ထားတာ မြင်တော့ အသည်းအသန် charge လုပ်ရင်းလည်မဲ့အချိန်ကို လျော့ပြီးဘက်ထရီ ကို အသည်းအသည် အသက်ဆက်ရတာတွေ မုန်းလာတယ် အရင်က ဒါတွေ မသိလို့အ ခုသိပြီ ကျွန်မဝယ်တော့မည်လေ။

ဝယ်တယ်ဆိုတယ်သာ ဆိုတာ ဘာဝယ်ရ့မှန်းကိုတစ်ကယ်မသိသေးတာ သိတဲ့ကိုဘ တို့ ဆိုတာ တို့ အီးမေလ်ပို့ရင် dust bin ထဲ တန်းပို့ထားတာ တို့ ကိုမျိုးအောင်တို့ တိုတာ မသိချင်ယောင်ဆောင်ပြီး အွန်လိုင်းမရှီပါဘူးတို့ ကိုရဲမြတ်သူတို့ဆိုတာ အင် meeting ရောက်နေတယ်တို့နဲ့ ဖြေကြမှာ မဟုတ်ဘူးဆိုတော့ကိုယ့်ဘာသာကိုယ် ဝယ်ဘို့ဘဲ့ကြံစည်နေရတာဘဲ.

....................................................
back up charger မှာ ထွက်ပေါက်က တစ်ပေါက် ပါတာ ရှိတယ် နစ်ပေါက်ပါတာ ရှိတယ် ဖုံး နစ်လုံး ရှိတဲ့သူတစ်ယောက်အတွက် နစ်ပေါက်လိုတယ် တစ်ပေါက်ထဲ လဲ ဖြစ်တာ ဘဲ တစ်ပေါက်ထဲကတော့ နဲနဲသေးမယ် နစ်ပေါက်နဲ့ ၁၀၀၀၀ mAh ကတော့နည်းနည်းကြီးတယ် ဝယ်ချင်တာ ကတော့ အကြီးဘဲ ကိုယ်က လမ်းလျှောက်ရတဲ့သူဆိုတော့ အိတ်ဆန့်ပါ့မလားတွေးပူရတယ် .။ သေးပြန်တာ့လဲ မလုံမလောက်ဖြစ်မှာ စိုးရိမ်မိတယ်။ အိုင်ဖုံး ၅ နဲ့ အိုင်ပက် မီနီ အတွက် သင့်တော်ပါသည် ဆိုတော့ အခု တစ်ချို့ဟာ ဝယ်ထားမိရင် အိုင်ဖုံး 5 ထပ်ဝယ်မိရင် အိုင်ပက် မီနီ ထပ်ဝယ်မိရင် အဲသည် သင့်တော်ပါသည်ဆိုဲ့တဲ့ back up charger ထပ်ဝယ်ရမှာလား စိတ်ပူမိတယ် အခုက အိုင်ဖုံး 4sဆိုတော့ မကြာခင် အိုင်ဖုံး ၅ ကျွန်တော် ရည်မှန်းသည်လေ. တွေးရတာပေါ့ တစ်တွေးထဲ တွေးနေရတယ် .

သုဝနသာမ သားရွေအိုးထမ်းသလို တစ်ခါထည်းလဲ အပြီးဖြစ်ရမယ် ဆိုလိုတာက 10000 mAh လဲ ဖြစ်ရမယ် နစ်ပေါက်လဲဖြစ်ရမှယ် အိုင်ဖုံး 4s , 5s , I pad mini နဲ့လဲ သင့်တော်တာ ဖြစ်ရမယ် ပုံစံလေးက လဲ လေးထောင့်ခပ်သေးသေးဖြစ်ရမယ်။ charging time ကလဲမြန်ရဦးမယ် ရွေးနေတယ် လေ ရွေးနေတယ် စလုံး ၁၀၀ ဆိုတာ နည်းတာ မဟုတ်ဘူး။

e bay သွားကြည့်တော့ပေါလိုက်တာ ၁၀ ဝန်းကျင်လောက်ဆို ပါဝါနည်းနည်းရပြီး ရန်ကုန်ကလည်း အွန်လိုင်း ရောင်းတာ သွားကြည့်တာ ၂၅၀၀ mAh ဆို မမငွေ ၃၀၀၀ ကျပ်တဲ့ ဘုရားဘုရား ဘာလို့ ဓီမှာ ဈေးကြီးနေပါလိမ့် အကော်းစားတွေ မို့လို့နေမယ်။ ဟိုဟာ တွေက ကောင်းဘူး။

မက်စေ့ကနေ note 3 ဝယ်ခိုင်းနေသေးတယ် ကြိုက်ပါဘူး အိုင်ဘဲ အိုင်လေးဘဲကြိုက်တယ် note 3 အလကား ရလို့ သုံးရရင်တော့တစ်မျိုး . အိုင်ဘဲသုံးဘူးတော့ အိုင်ဘဲကြိုက်တယ်။ conservative လေ. လှေထိုးကြီးရိုးရိုးဘဲ။

အိုင်ဝယ်ရင် အိုင် ကြိုက်မှာသေချာတယ် note 3 က ဒီလောက်ပိုက်ဆံဘဲ ပေးပြီး ကိုယ့်ဘာသာ ကိုမကြိုက်ဘူးဆိုရင် သူများကိုလည်းမ ပေးရက် ကိုယ်လဲ မကြိုက်ဘဲနဲ့ဆက်ကိုင်ရမှာ ရတဲ့ဈေးနဲ့ရောင်းပစ်ပါလား ဆိုတော့လဲ ကိုယ့်ပစ္စည်းအကောင်းစားကြီးကို အောက်ဈေးနဲ့ ချမရောင်းနိုင်ပါဘူး။

............................

နောက်ဆုံးနဲ့ ဘိုင်ကျင့်ဘိုင်ကြံကြံီ့ပီးလိုတာ မရသေးချိန်မှာ စလုံး ၃၀ နဲ့ တစ်ခု ဝယ်ခဲ့တယ် အပုံထည်းကပေါ့ ဆိုင်ကြီးဘဲ ငါ့အိုင်ဖုံးလေးတော့ဘာမှ မဖြစ်သွားနိုင်ပါဘူးဆိုတဲ့ ယုံကြည်ချက်နဲ့.

လာမယ်လေ လာမယ် တို့ဝယ်လာပါတယ် POWER BANK တဲ့ 5600 mAh တဲ့ အခု ပလပ်ထိုးတားတယ် တော်တော်ကြပြီ အဲသလို မီးလေးဘဲ လင်းနေတယ်။ ဘာမှ လဲ မဖြစ်ဘူး ပါဝါပြည့်သလား မပြည့်လားလဲ မသိဘူး မီးလုံးလေးလဲ မလင်းဘူး. ပါဝါပြည့်မှ လင်းမှာလား မသိ. အခုထက်ထိတော့အဲသလိုလေးဘဲ အိုင်ဖုံးနဲ့ charge လုပ်ကြည့်တော့လဲ battery charge ဖြစ်တယ် ။ မနေ့က သူများ ကိုတောင် charge လုပ်ပေးလိုက်သေးတယ် ပြသာနာက charge လုပ်ထားရင် အဲသလိုလေးဘဲ ဘယ်တော့ပြည့်မှာလဲ 5600 mAh မို့ကြာတာလား ။ indicator လေးတော့ပါသား. အခုထိ ဘာမှ မလင်းဘူးအဲသာ indicator လား. on off ခလုပ်လေးလဲ ပါတယ် နိပ်ကြည့်တော့လဲ ဘာမှ မဖြစ်ဘူး. အဲသာ ဘာဖြစ်တာရဲဟင်.

..................................
  

internet banking



internet banking က အတော်ကောင်းတယ် ရန်ကုန်မှာ မီတာ ခသွားဆောင်ရတယ် သွားမဲ့သူမရှိတော့ဆောင်မဲ့သူမရှိဘူး မီးဖြတ်မဲ့ရက်ပိုင်း လောက်မှ ကမန်းကတန်း အဆင်ပြေသလို သွားဆောင်ရတယ် အိမ်ကနေ ထွက်ရတယ်။ နေရာရှာရတယ်။ သွားနေမကျရင် အရာရာဟာ တန်းရှင်းဘဲ tension ဘဲ ဘဝတစ်ခု ကို ခဏခဏ တစ်က ပြန်စနေရတာလဲ မကောင်းဘဲ ဇီးသီးသည် မဗျိုင်းလုပ်ရတာလဲ မကောင်းဘူး. စောင့်ရတာ သိတ်မကြာပေမဲ့ အလုပ်တစ်ခုလိုခေါင်းထဲထည့်ထားရတယ် မီးမရှိလို့မဖြစ်ဘူး.

စကာပူမှာ ထိုင်ရာက မထ ဘဏ်ကို ဘီလ်တွေ ပေးနေလို့ရတယ် ပိုက်ဆံတော့ရှိဘို့လိုတာပေါ့လေ. မရှိဘဲနဲ့ဘယ်လိုလုပ်ပေးမလဲ ပေးစရာတွေ ကလည်းတန်းစီနေတာ .

ီဘဏ်တစ်ခုမှာ internet banking လုပ်ရင် အဲသာလေးတွေ ရတယ်။ အင်တာနက်ထဲသွားပြီးဘာဖြည့် ညာဖြည့်လေးတွေ တော့လုပ်ရတာပေါ့ ညဏ်ရည်မြင့်ဘို့မလိုပေမဲ့ လုပ်ချင်တဲ့ဆန်ဒလေးတော့ ရှိဘို့လိုမယ် လူတိုင်းကို မဆိုလိုပေမဲ့ အချို့သောသူတွေ ကို. ဖဘ ကိုဖွင့်ပေးရင် ပိုက်ဆံယူနေတာ ကိုမြင်နေရတော့ i Phone os update လုပ်တာ တစ်သောင်းခွဲ ယူနေတာ မြင်တော့ အင်တာနက်banking ရခဲ့ရင်တောင်

Friday, January 3, 2014

3th Jan 2013



 စကာပူလာလည်မယ်ဆိုလရင်
သုံးဘူးတာကတော့

M one.
၁၇ကျပ်တန် ဝယ်လို့ရှိရင် outgoing 120 မိနစ်နဲ့ incoming free ရတယ် သိတ်မပြောရင်တော့လောက်မယ်။

အရှည်ကြီး ပြောမယ် အားရပါးရပြောမယ် ရန်ကုန်လဲ ဆက်ချင်သေးတယ်ဆိုရင်တော့ ၂၈ ကျပ်တန်ကောင်းတယ် ကြိုက်လောက် ပြော မကုန်ဘူး အဲသည် ဒါနဲ့လောက်တယ် ကိုယ်ကဘဲ ဆက်ဆက် ကိုယ့်ဆီဘဲ ဆက်ဆက်ပေါ့ incoming ဘိုးယူပေမဲ့ အဲသည် ၂၈ ကျပ်နဲ့လောက်မယ်ထင်တာဘဲ နိုင်ငံခြား ကို ဆက်လို့လဲ ရတယ် ၃၀ ဘိုး အလကား ထပ်ပေးတယ် ရန်ကုန်ကို နဲနဲ ဆက်သွားလို့ရတာပေါ့ ဆက်ချင်မယ်ဆိုရင် ဘန်ကောက်တွေ ရှိသမျှ အမေရိကာ လန်ဒန်လဲ ဆက်လို့ရတယ်။ အဲသည်နစ်ခု ထဲကတစ်ခုေ၇ွးစေချင်တာဘဲ

အလည်အပတ်

မလေးရှားဗိဇာ လဲ ဈေးမကြီးရင် အချိန်ရရင်ယူခဲ့ရင်ကောင်းတယ် စကာပူနဲ့မလေး
ရှားက ကပ်နေတာ johor ကို သွားလို့ရတယ် နေ့ဝက်လောက်တော့ကုန်နိုင်တယ် အသွား တစ်နာရီခွဲ အပြန်တစ်နာရီခွဲ ဟိုမှာ သုံးနာရီလောက်နေ ရုပ်ရှင်တွေ ဘာတေါကြည့်မုန့်စား အေချိန်ပေးနိုင်မယ်ဆိုရင်တော့တစ်မျိုး

အချိန်ရရင်တော့ KL ကို တစ်ည အိပ်ကားစီးသွားလို့ရတယ် အသွားအပြန် မလေး တစ်ရာလောက်ထား. (မြန်မာငွေ သုံးသောင်း) ဟော်တည်ကို စလုံး ၁၀၀ (မမငွေ ခြောက်သောင်း) လောာက်ထား နစ်ယောက်အိပ်. ဒီထက်သက်သာတာတွေ လည်းရှိမယ်အချိန်ရရင်တော့ရသလို ခြေရှည်လို့ရတာဘဲ

ဘိုင်ကျန်ကြံချင်ရင်. ဒီကနေ ညကားစီးသွား မနက်လျှောက်လည် ညနေကားပြန်စီးလား ကားပေါ်မှာ အိပ်အဲသာကတော့ပင်ပန်းတယ် ပေါတဲ့ ဟော်တယ်မှာ တစ်ညိအိပ်တာတော့ကောင်းတယ်။ပီနန်တုံးက ဆိုရင် မလေးငါးဆယ် ဟော်တယ်တောင်တွေ့တယ် မလေးငါးဆယ်ဆိုရင်မမငွေ တစ်သောင်းခွဲ . တတ်နိုင်ပါတယ်။

ဝါသနာပါရင်အင်ဒိုနိးရှား batam ဘက်ကို ဘုတ်စီးလို့ရတယ်။ စလုံး ၇၀ အသွားအပြန်. ဟိုမှာမအိပ်ဘူး လျောက်လည် စားသောက်. တစ်နာရီစလုံး တစ်ဆယ် ကားငှားစီး. မမငွေ ရှစ်ထောင်အောက်. တစ်နေ့လုံးနေ တောင် စလုံး ၇၀ လောက်ဘဲ ကုန်မယ် ခုနစ်နာရီလည်.။ အနိပ်ခံ ဈေးသိတ်မကြီးဘူးထင်တာဘဲ အပြန် နောက်ဆုံး ဖယ်ရီနား ည ရှစ်နာရီလောက်နဲ့စကာပူဘက်ပြန်. လူများရင် နစ်ယောက်လောက်ဆိုရင် ရ၀ ကို နစ်ယောက်မျှ တစ်ယောက် စလုံး ၃၀ ကျော်လောက်ဘဲ ကုန်တာ သုံးယောက်ဆို ပိုသက်သာသေး။

အင်ဒီုနီရှားက ဗီဇာ မလိုဘူး ပိုက်ဆံလဲ မပေးရဘူး ဘုတ်စီးသွားပြီးဟိုရောက်မှ စာအုပ်ထဲ အဝင်အထွက် တုံးထုတပေးတယ် arrival visa ပေါ့

တစ်နာရီခွဲ စီးရတယ် ပျော်တော့ပျော်စရာကြီး စန်တိုစာနားက နေသွားစီးရတာ ဘာမှ မလုပ်တတ် တာနဲ့ ကားဘဲ တစ်နာရီတစ်ဆယ်နှဲု့ငှညြီ့း ခုနစ်နာရီ စိးလိုက်တယ်။ အနားက beach ကိုသွား ဟိုနားဒီနားသွား ဟိုမှာတော့ပျင်းစရာကြီး သံလျှင် ကြနေတာဘဲ ဘုတ်စီးတာလေး ကလဲ တစ်ကယ်တန်းတော့တညင်သွာတဲး့ ဘုတ်လိုပါဘဲ မထူးပါဘူ လုပ်ပြီးသွားရင် ဘာမှ မထူးတော့ဘူ မလုပ်ခင်ကတော့ထူးမယ်ထင်တာပေါ

ဒါပါဘဲ လောကကြီး ပျင်းသွားပြန်ရော.