Wednesday, May 21, 2014

Kalaw 1





တောင်ကြီးသွားလည်တော့ ညနေ သုံးနာရီလောက် တည်းခိုခန်းက နေ check out လုပ်တယ် တည်းခိုခန်းက မြန်မာငွေ သုံးထောင်ကျပ်ဘဲ ပေးရတယ်။ 12 နာရီ ကျော် နေလို့ နေ့ဝက်ခ ထပ်ပေးရတယ် ၁၅၀၀ ကျပ် ဘာဘဲ ဖြစ်ဖြစ်တန်ပါသေးတယ်။ မြို့လည်ခေါင်ဘဲ ရေချိုးခန်းအိမ်သာတွဲရက်မပါဘူး အခန်းကျဉ်းကျဉ်းကလေးဘဲ မောင်နောင်တ ရတဲ့ အထဲ မှာ ဟောတယ် မဆောက်လိုက်ရတာ ပါတယ် ဟော်တယ် ဟာ အတော်ကောင်းတာဘဲ။ ပိုကောင်းတာကတော့ ဆေးရုံ  ပေါ့ ဟော်တယ်ခန်းကို တစ်ရက်တစ်သောင်းယူရင်ဆေးရု့ခန်းက တစ်ရက်ကိုနစ်သောင်းယူလို့ရတယ။် သူက ဟော်တယ်ထက် ဈေးပိုကြီးတယ် တို့တွေ နိုင်ငံခြားမှာလုပ်နေတဲ့လူတွေ ကို အဲသည်တွေ က သနားတယ် ဖြစ်မယ် ရန်ကုန်မှာ စီးပွားရေးလုပ်နေတဲ့လူတွေ က သနားတယ် ဖြစ်မယ။်  တို့တွေဟာ သနားစရာလေးပါ. အချိန်ကုန် လခလေးကို ကျစ်ကျစ်ပါအောင်ထုတ် ပေးစရာကုန်စရာနဲ့ တွက်ပိုတာလေးကို သုံး.။


 

ဟော်တယ် ထဲကလူများကတော့ငွေဝင်ကောင်းကြတယ် ဒီထက်နားအေးချင်ရင် ကိုယ့်ဟောတယ်ကို အပြတ် ပြန်ငှား။ သူ့ဘာသာ ဘယ်လောက်ဘဲရရ. ကိုယ်ရတာ ကိုယ်အမြတ်ဘဲ အိမ်မှာအေးအေးထိုင်စားနေရုံဘဲ။ 




တောင်ကြိးဟိုတယ်က ထွက်လာပြီး ကလောကို ကားနဲ့ဆင်းတယ် ဘတစ်စကားကြီးဘဲ ကောင်းပါတယ်။ ကားပေါ်ရောက်ကတည်းက တော့ကိုယ့်အသက်ကို မေ့ထားလိုက်တော့တယ် ဘုရားတစ်ရားသံဂါ. မသေရင်အသက်ရှင်မယ် နိုင်ငံခြားမှာတာ့သေချာတယ် ကားပေါ်ရောက်တိုင်းမသေဘူး။ very rarely ပေါ့ ဒါမျိုးသေရင်တော့လဲ မတတ်နိုင်ဘူး ဒါပေမဲ့ ဒီမှာက တော့ပိုပြီးအသက်နဲ့ရင်းရတယ်။  ရင်းရပါများလို့လား မသိဘူး တို့တွေ လူမျိုးတွေ မကြောက်တတ်ကြတော့ဘူး။ ကားပေါင်းများစွာသွားနေတာ ဘဲ ကိုယ်စီးတဲ့ကားမြှ ဖစ်ရင်တော့လဲ မတတ်နိုင်ဘူး တစ်ယောက်ထဲ လျောက်လျောက်သါားနေတာ မကြောက်ဘူးလားတဲ့ မကြောက်ပါဘူး. manageable ဖြစ်ပါတယ်။

ကလောကိုဆင်းတဲ့ဘတစ်ကကားက အိအိအိအိနဲ့ဘဲတစ်မြို့ပြိးတစ်မြို့ဖြတ်တယ် ကလော ရောက်ရင် ပြောပါလို့ ကားဆရာကိုပြောထားတယ် ရောက်ခါနီးတော့အကြော်းးကြယးတယ် အထုတ်တွေဆွဲချပေးတယ်။ တည်းခိုခန်း နား ချပေးပါလို့မှာထားတယ် ဒီနားတစ်ဝိုက်မှာဘဲ ဆိုပြီးထာခးခဲ့တယ်။

ဟိုတုံးက ကြောက်တတ်ပေမဲ့ အခု မကြောက်တတ်တတော့ဘူး ချထားတဲ့ အထုတ်ကို ဘေးက ပလတာ ဆိုင်မာ အပ်ပြစ်ခဲ့တယ် ပျောက်လဲ ပျောက်တယ်မှတ်ရုံဘဲ အဝတ်အစားဘဲပါတာ.ဟော်တယ် တည်းခိုခန်း လိုက်ရှာတယ် သုံးထောင်တန် တည်းခိုခန်းကု နဲနဲစိတ်ညစ်လာတော့ နဲနဲကောင်းကောင်းတည်းချင်တယ်။ အနားက ဆိုင်တွေ ကိုမေးကြည့်တယ် ဟိုဟာ ကောင်းတယ် ဒီဟာ ကောင်းတယ် ကလောမှာတည်းခိုခန်းပေါပါတယ် ကိုယ့်  ကမြို့ထဲဖြစ်ဘို့ဘဲ





သန့်ံ့ပုံရတဲ့ ဟော်တယ်ထဲဝင်မေးတယ်။ တစ်သောင်းနစ်ထောင်တဲ့ မဆိုးဘူးကျေနပ်တယ်။  အခန်းပြပါဆိုတော့ မြေညီထပ်ကနေ အောက်ဆင်းမလို့လုပ်တယ် အောက်မှာ တစ်ထပ်ရှိတယ် မြေအောက်ခန်းလိုမျိုး ချောက်ထဲ မှာ ဆောက်ထားတော့  ကမြေညီမှာ ရှီပြီး  ဟော်တယ်အထပ်က မြေောက်ထဲ ရောက်နေတာ။ ဟင် ကြွက်တွင်းထဲ ငါမနေနိုင်ဘူး. အဲသည်လို အောက်ထပ်တော့မကြိုက်ဘူး . ဒါပေမဲ ချိုချိုသာသာပြောတာပေါ့ ငါအဲသာမကြိုက်ဘူး တစ်ခြားဟော်တယ် သွားတော့မယ်လို့ တစ်သောင်းနစ်ထောင်ပေးပြီးတော့ ကြွက်တွင်းမြေအောက်ခန်းထဲ မအိပ်နိုင်ပေါင်။









ထပ်ပေးတယ် နောက်တစ်ခန်း သွားကြည့်တယ် ဟော်တယ်မှာ မဝင်ခင် အခန်းကြည့်ချင်တယ် ဆိုရင်  ပြတာ ထုံးစံလိုဘဲ သွားကြည့်တယ် အင်တာနက် မမိဘူး. ကိုယ့် အင်တာနက်နဲကကိုယ်ကို မမိတာ သူတို့မှာဝိုင်ဖိုင်ရှိတယ် တဲ့ မမိပါဘူး ကျွန်တော်သွားတော့မယ် အဝေးကို ဆိုတော့ တားပြန်ရော နောက်တစ်ခန်း ဝိုင်ဖိုင်အောက်တည့်တည့်က အခန်း ကျေနပ်လား ဆိုတော့ကျေနပ်လိုက်တယ်။ မကျေနပိုလို့လဲ မရဘူး. အားနာတာရယ် မဆိုးပါဘူးလေ. ဆုပြီးပုံမှန်တစ်သောင်းခွဲလောက်ရှိမယ် ထင်ပါရဲ့ လျော့ပေးထားတာတဲ့ အဲကွန်းပါလား မေးလို့ကလောက ဟောတယ်က အခန်းကိုလိုက်ပို့တဲ့ခလေးက အံသြတဲ့မျက်လုံးနဲ့ကြည့်တယ်အေးလေ သူတို့ကကလောဘဲ ဘယ် အဲကွန်းပါပါ့မလဲ။



အခန်းလားကျေနပ်ပါတယ။် ရောက်လေရာ ဘုရားမရှိခိုးဘဲ ရောက်လေရာ မဦးချဘဲ ရောက်လေရာ ဒါတ်ပုံ၇ိုက်တဲ့ ကိုယ့်ကိုယ်ကို attention လိုချင်တာ မုန်းလာပြီ. ကိုယ်အိမ် အငြစ်ပါတ်လေးကိုတော့မပြဘဲ သူများဟော်တယ်တေါ မှာသွားရိုက်ရတာလဲအားနာလှပါပြီ။ ထမင်းသွားစားတယ် ကောင်းတယ။



စားပြီး ဟိုနားဒီနားနဲ့ ဘဲ ည ကိုးနာရီလောက်ဆိုတော့ဟော်တယ်ထဲ ပြန်ဝင်.ဇိမ်ယူတာပေါ့ နင့်အိမ်က အဲသလောက်မကောင်းလို့လားဟင်လို့ မေးရင်တော့လဲ ခက်သား။ သူများသောက်မြင်ကပ်အောင်ရေးရတာလဲ မလွယ်ဘူး။

Thursday, May 8, 2014

Yangon Thingyan

Myanmar version.

သင်္ကြန်တုံးက ခဥမ ပျောက်သွားသည် ပျောက်သွားသည်မှာ ရေတွေထဲဝင်သွားသောကြောင့်ဖြစ်သည်။ အကြိုနေ့ တွင် ကန်တော်ကြီး ကမာအေး လှည့်လည် ကြည့်ရူသည် ကမာအေးထက် ကန်တော်ကြီးကို ပိုကြိုက်ရာ အကျနေ့နေလည်တွင် အိုင်ဖုံးကို သိမ်းရွေ့ နိုကီရာ အဟောင်းလေး ကိုင်ကာ ရေတောထဲ ဝင်သွားလေသည် ပရိသတ်ကို ပေးဆပ်ချင်သောခဥမသည် သက်ြန်မတိုင်ခင်က ရေစိုခံဖုံးလိုက်ဝယ်သေးသည် လေးသောင်းခန့်သုံးရမည် ကို နမျောသည် ပြီးတော့လြ ဖုံးအစုတ်. ကင်မရာပါတာသာ ရှိသည် အင်တာနက်သုံးမရ အင်တာနက်သုံးရမည် ဆိုလျှင် ဈေးပိုပေးရဦးမည် နေပါစေတော့ပရိသိတ်ကို ပေးဆပ်ဘို့ထက်ငါပိုက်ဆံကုန်ဘို့သက်သာ ရင် ပြီးတာဘဲ ဆိုကာ ကင်မရာပါသော ဖုံးကို မဝယ်ခဲ့တော့ဝယ်ပြိး အင်တာနက် ထဲ ထည့်ဘို့လမ်းကြောင်းသည် complicated လမ်းကြောင်းဖြစ်သည်။

မဏပ်ကို သု့းသောင်း ခွဲ all day ကို နစ်သောင်းခွဲနင့်ဆစ်လို့ရသည် ဘယ်သူမှ မြေ့ပာနဲ့နော်ဟု ရောင်းသူကောင်မလေးက ပြောသည်။ အအေးသောက်ရင်းတွေ့သော ကောင်လေးတစ်ယေယာကိုမေးကြည့်ရာသူက အလကားရသည် ပက်သက်ရာပက်သကကြောင်းဆိုရာ ပက်လက်လန်သွား၏ ကိုယ့်ကိုယ်ကို တော်လှ ထင်ရာ မတော်သေးချေ

စင်ပေါ်တွင် ရေမစိုသေးသောကြောင့်ကိုယ့်ဘာသာ ကိုယ်ရေပန်ေးအာက်ဝင်ကာ ရေစိုအောင်လုပ်ရသည် သို့မသာ ခြောက်ခြောက်ကြီးမသိသာမည် မဟုတ်လေ။ ရေစိုပြီးသော် တန်းပေါ်တက်ထိုင်သည် အရင့်ကရေပက်သည် အဆင့်မြင့်လာသော နောက်က တန်းပေါ်တွင် ထိုင်ကာ ရေပက်သည် ရေပန်းကလေးကို ကိုင်ကာ သီချင်းစည်းချက်နင့်အညီ ဟုတ်သည် ရှိ မဟုတ်သည် ရှိယိမ်းကြ ယိုင်ကြသည် ကိုယ့်ကိုယ်ကို စင်မြင့်မင်းသမီါ်ဟု ထင်၏။ ယခု နစ်တွင်ကားပို အဆင့်မြင့်လေရာ ရေပိုက်ကို မကိုင်တော့ချေ. ဘေးမှ ပေးလာသူကို လက်ကာပြ၏ ထိုင်ရုံသာ ထိုင်က ဟို လှူပ် ဒီလှူပ်နင့်နေ၏။

ခဏတွင်ကောင်မလေးတတစ်ယောက်မှ ဝိုင်လာတိုက်သည် spy ဝိုင် ဖြစ်သည် ခဥမ ဘီယာ အရက်မသောက်ဘူးပါ. မိဘမျိုးရိုးကောင်း၏. သောက်သူများကို မကောင်းဟု မဆိုလု.ိ မြန်မာ အမျိုးသမီးပီသ၏. ဟင်.မိန်းကလေး အရက် မသောက်ရဘူးဆိုတာ ကို နားထောင်သည် မသောက်ချေ. တစ်သက်လုံးမသောက်ခဲ့။ ယခုသော် သောက်ချင်သည် သောက်ချင်စရာအကြောင်းများလည်းရှိသည်။ သောက်မည် ဟုလည်းဆုံးဖြတ်ထားရ.ာ ထိုေုကာင်မလေးတိုက်သော spy အနီရောင်ဝိုကိသောက်၏ထိုကောင်မလေးသည် ထိုင်နေသော ခဥမကို အတင်းလက်ဆွဲခေါ်က dancing floor ပေါ့်တွင် အတူတွဲကသည် သူ့တွင် ကောင်မလေးသုံးယောက် ကောင်လေးသုံးယောက်စြဖ်သည် အတွဲဖြစ်ပုံ ရသလိုလည်းအတွဲ မဟုတ်ဟု ကောင်မလေးက ပြောသည် သူ့အစ်ကို ဟု မိတ်ဆက်ပေးသည်ယုံလိုက်လေသည် အစ်ကို ဆို အစ်ကိုပေါ့ .

သူတို့သည် ဖက်ရက်မနေကြချေ. ခပ်ခွာခွာနေ၏. ကောင်မလေးများအနီးတဝိုက်တွင် နေသည် ဖက်ခြင်းရက်ခြင်းများမရှိ. ပူးခြင်း ခွားခြင်းများမရှိ.ကောငမလေးသုံးယောက်နင့်ခဥမသည်တွဲ dance လေသည်။ ပျော်၏ သူတို့တိုက်သော ဝိုင်ကိုသောက်ပြီးသော် ကိုယ်လည်းပြန်ဝယ်တိုက်သည် တစ်ပုလင်းတစ်ထောင် ထင်တာပါဘဘဲလေ. ပိုက်ဆံကို ပိုက်ဆံမထင်သော ခဥမသည် သိတိမတွက်။ သူတို့က တိုက်ုလိုက်ကိုယ်ကို တိုက်လိုက်နင့် နောက်သော်အမဲရောင် spy ကိုပြောင်းသောက်သည် နဲနဲမူးလာသည်ပိုပျော်၏. ကိုယ့် feel လေးနင့်ကို ငြိမ့်နေ၏. တီးလုံးလေးနင့်အတူ လှူပ်စိ လှူပ်စိလုပ်နေလေသည် နဲနဲ မူးလာလျှင် ရေပန်းအောက်သို့ဝင်ကာ ခေါင်းထိုးသည် အေးသွားရာနေလို့ကောင်းသွားပြန်သည်။

ကရင်းပျင်းလာလျှင် နောက်ဆုံးတန်း စင်မြင့် စင်တန်းပေါ်တွင် ထိုင်၏. ဟိုကြည့်ဒီကြည့်ကြည့်သည် ရေပိုက်ကို မကိုင်သလောက်ဖြစ်သည်လက်ညောင်းသည် ဟုထင်သည် ဝမ်းနည်းစရာများတွေးမိရာ တိုင်ကို ဖက်ကာ ငိုသည်။ ကောင်မလေးသည် လက်လာဆွဲပြန်သည် စင်ပေါ်မှ ခုန်ဆင်းကာသွားက ကြပြန်သည် နေ့လည် ရောက်သော်အောက်တွင် ထမင်းဘူးဝေသည်နဲနဲလေးဖြစ်သည်စားရာကုန်သည်. ကိုကာကိုလာ တစ်ဘူးသောက်ပြန်သည်. အားရှိဘို့လိုသည် မဟုတ်လား။

ယခုနစ်တွင် အိမ်သာအနေအထား တိုးတက်လာသည် မနစ်ကအိမ်သာမှ ကျူဖျာ နံရံဖြစ်ရာ စိတ်ပုတ်သောကောင်လေးအချို့သည်ချောင်းကြည့်ကြသည် ယခုနစ်ကတော့ သစ်သားဖြစ်ရာ မဆိုးလှ. အနဲငယ်လုံခြုံသည် ဆိုးသည်မှ.ာ ရေမြောင်းကို ခွကာ အိမ်သာ လုပ်ထားရာ မူးနေသော. ဘောင်းဘီကျပ်ကျပ်ဝတ်ထားသော ခဥမသည် ဇစ်ကို မနည်းဆွဲဖြုတ် ပြန်တတ်ရသည် ခြေချော်ကျလျှင်အောက်က မြောင်းထဲ ကျဦးမည် နောက်နစ် ဆင်ခြင်ပိုကောင်းအောင်လုပ်ပေးပစူးခါးဘယက် ။ မူးနေသော်ေ ကာင်မလေးတစ်ယောက်သည် toilet ထဲ အတင်းတိုးဝင်လာကာ ခဥမဘေးဝင်ထိုင်သည် ခဥမသည် ထိုင်ရမလို ထရမလို ဖြစ်သည်. ဖိုးစိန်ကြွက်ဝင်သည် ထက်ဆိုး၏။

အချို့လူများထင်မင်းဘူး မရ. ပွစိ့ပွစိ လုပ်ကြသည်။ ဖဘထဲ ရေးလိုက်ပြီ။ နင်တို့မဏပ် အစုတ်ဆုံးဘဲ ဟု ရေးလိုက်ပြီ ဟု ပွစိပွစိလုပ်ရာ ငါလည်း ဖဘ နာမည်ကြီး ဘဲ ဟုလိုက်ပြောသော်ငြားလည်းဘယ်သူမှ မကြာားချေ. လက်လျော့လိုက်ရသည်။

ညနေတွင် စင်ပေါ်မှ ဝိုင်အားလုံးကုန်သည်ဘီယာသာကျန်တော့သည်။ ရေခွက်စာလောက်ဘီယာကို တစ်ထောင်ပေးရသည်. စင်အောက်မှ ခေါက်ဆွဲပြုတ်တစ်ခွက်သည်လည်းတ်စထောင်ကျပ်ဖြစ်သည် စင်နောက်မှ ကိုကာကိုလာ တစ်ဘူးသည်တစ်ထောငှ်ုငါးရာ ဖြစ်သည် လူကြည့်ပြီးများယူကြသလားမသိ. ခဥမစိတ်လေလသွားသည်. ဘီယာခွက် တစ်ထောင်လည်းဘာဖြစ်လဲ သောက်တာပေါ့တစ်ခါတစ်လေဘဲ ထိုကောင်မလေးများနင့်သာနေ၏. ဘယ်လိုကြောင့်မှန်းမသိ ထိုကောင်မလေးမ်ျားသည် ခဥမကို အတော်ချစ်ခင်ကြသည်။ ယနေ့အတွက် ကံကောငးချေပြီ။ ကိုယ့်အဖွဲ့သူ့အဖွဲ့လေးများဖြစ်သည် သိတ်မရောကြလျ အချင်းချင်းမထိခိုက်မိအောင်နေ၏ မထိခိုက်မိအောင်ကကြသည်။ မတော်တဆ ထိမိလျှင် လက်အုပ်ကလေးချီသည်. စကားမပြော. ထိရောက်သည်အားလုံးကျေအေးကြသည်။

သူတိုက်ကိုယ်တိုက်ဖြင့်အနည်းငယ်မူးလာသည် နောက်ပိုင်းမူးလာရာ ပိုက်ဆံမရေနိုင်တော့ ပိုက်ဆံထည့်ထားသော ကြွတ်ကြွတ်အိတ်ငယ်ကို ဘီယာကောင်တာသို့သွားပြသည် ထိုကောင်တာမှ ကျသလောက်နှိုက်ယူကာ ပြန်ပေးသည်။ ကောင်းမလေးသည်နိုင်ငံခြားမှ လာသော အသွင်ရှိသည် သူ့နာမည် မပြော ကိုယ်လည်းမမေး ကိုယ့်လဲ မမေးချေ. ဘိုဆန်ကြလှသည်။ လမ်းခွဲသော်ပါးချင်းကပ်ကာ နှူတ်ဆက်ကြသည်.

အနည်းငယ်မှောင်လာသော် တွဲကမည့်သူ အမျိုးသား များပေါ်လာသည် ခင်သည် ခေတ္တတွဲကပြီး ကပ်လာသော်ပြေးလေ၏. လင်းတုံးက တော့ဘယ်သူမှ မကပ် စိတ်နာလှသည်.ထိုညက အနီရောင် spy ဝိုင် .အမဲရောင် spy ဝိုင် .. ကိုကာာကိုလာ ဘီယာ စုံပြီးသော်တစ်ည လုံးပူ၏ အိပ်လို့မရ. အိပ်မရသော် အိပ်ဆးသောက်ရာ ဒိုင်ကြောင်ကြောင်သွား၏။ ခုတင်ဘေးတွင် ငုတ်တုတ်လေးထိုင်ကာကုတင်ကို မှေးရွေ့နေရသည်။ ဤတွှုင် တစ်ခန်းရပ်ဇတ်ပြီးသည်။