Thursday, July 24, 2008

allergic rhinitis

ဟက်ချိုး။

မိုးတွေကရွာတယ်. ရာသီဥတုကအေးတယ်။ အားကစားသမား အကြိုက်ကလေးပေါ..

တို.ကတော. မကြိုက်နျိုင်ပါ.အေးရင် နှာခေါင်းပိတ်လို. အသက်ရှူ လို.မရပါ။။ allergic rhinitis ရှိပါတယ်။ ဗမာလိုဆို ရင် ထိပ်ခတ်နာ လို.များခေါ်ါ မလား။ သေချာ မသိဘူး။ ရန်ကုန်မှာ တုံး ကနှာ ခေါင်း က အကောင်းပါဘဲ. နိုင်ငံခြား ရောက်ပြီး ပညာသင် တုံးက ဘယ်သူ မှ မထိုင် ချင်တဲ. လေ အေးစက် အောက်တည်.တည်. မှာ ထိုင်ပြီး ကတည်. က နှာ ရည် တောက်တောက် ကျတော.တာ ပါဘဲ. ။ air con ကလာတဲ. Dust လေးတွေ ကနေ စတယ် ထင် တာဘဲ. ။ဟက်ချိုး။ ဟတ်ချီူးနဲ.ချည်တော.တယ်။။ အတော်ဆိုးတယ်။။

အခန်းထဲ ကနေ အပြင်ထွက်ရင်လဲ ဟက်ချိုး။ ကုတင်ပေါ် ကနေ အောက်ကိုဆင်းလို.ခြေထောက်ကလေး အောက် ကို ချ လိုက်လို. ကြမ်းပြင် အေးအေးလေး နဲ.တွေ.လိုက်ရင်လဲ ဟက်ချိုး။ ရေခဲ သေတာ ဖွင်.လိုက်ရင်လဲ ဟက်ချိုး။ sensitive nose လို.ခေါ်ပါတယ်။ ရာ သီဥတုလေး အေးလာတာနဲ. နှာခေါင်းကသိတယ်။ ဟက်ချိုး။

စဖြစ်ကတည်း ကဆိုရင် ခုနစ်နျစ်လောက်ရှိပါပြီး။ စပြီး ရှာဖတ်တာက နှာခေါင်းနဲ.ပက်သက်သော ရောဂါ များ။ ကင် ဆာ ကနေ စဖတ်ပြီး စပြီး ကြောက်မိတယ်။ အသည်းငယ်တဲ.နေရာ နှစ်ယောက် မရှိ။ စလုံးဆေးရုံကြီး ကအကြီး ဆုံး နှာခေါင်း ဆရာ ကြီးနဲ. မှ appointment ယူပြီးပြတယ်။ နှာခေါင်းထဲ ကို မှန်ပြောင်းနဲ. ကြည်.ပြီး အလူံး အဖု မရှိပါဘူး ဆိုမှဘဲ ညအိပ်လို. ရတော.တယ်။ အရေပြား ကို test လိုက်တယ်။ allergen test လို.ခေါ်မှာပေါ.။ ဘာ အကောင် မှ လဲ ပေါက်တာ မတွေ.ဘူး။

အဲဒီတော. Histamine ပါတဲ.ဆေးကိုခဏ ခဏ ကိုသောက်ဖြစ်တယ်။ သာမီတွန် လိုမျှူိုးပေါ.။နှာရည် ကျတာ ကို သက်သာစေပါတယ်။ steroid ပါတဲ.ရှုဆေးကိုလဲ ရှူရတယ်။ ရေခဲရည်. သခွား သီး. ဖရဲသီး အအေးစာ စားရင် ပိုဆိုးတယ်။ ဒီန်ခဲ. မြေပဲ. စားရင်လဲ မရဘူး။ မနက်စောစော ညဘက်ဆိုရင်လဲ ဟက်ချိုး။ နေ.လည် ဆိုရင် သက်သာတယ်။ အပူဓါတ်ကလေးနဲ.နေမှ. ဖြစ်တယ်။ ပရုက်ဆီ ကလေးရှုလိုက် ငယ်ထိက် ကို ပရုတ်ဆီလေး လိမ်းလိုက်နဲ. ပရုတ်ဆီနံ.လေးများ နဲ. တို.ပေါ.လေ။

ဟိုတယ် သွားတည်းရင် သိတ်ရှုံးပါတယ်။ air con ကို ပိတ်အိပ် ရတယ်။ ရှုံးပြီပေါ.။ အိမ်မှာလဲ လေအေးစက် တပ်လို. မဖြစ် . KMSL က အအေး သိတ် ကြိုက်ပေမဲ.တို. ကို ညှာပြီး လေအေး စက် မတပ်ဘဲ နေရတယ်။ ရေခဲ သေတာ ကို ဖွင်ရင် နှာခေါင်း ပိတ်ြ့ပီး ဖွင်.ရတယ်။ ပိုတယ် မပြော ပါနဲ. နှာ ခေါင်း ကအေးတာ ကို သိနေတယ်လေ။ လက်ကလည်းသိပါ.. ညဘက် ပန်းကန်ဆေးလို.မရဘူး။

ဆရာ သာ ဂဒိုးရဲ. စာ ထဲ မှာ မျက်နှာ ကို စောင်း နှာခေါင်း ကို မော.ပြီး ဆားရည် ထည်.ရမယ် ဆို လို. ကြိုးစား တာ လဲ အခါခါ. မအောင်မြင်ဘဲ သီးသီးသွား တာဘဲ အဖတ်တင်တယ်။။ နားနှစ်ခေါင်း ဆရာဝန် နဲ.ပြတာလဲ အခါခါ။ appointment ကိုလဲ သွားလိုက် မသွားလိုက်. ရက်ချိန်းပြင် လိုက်နဲ. ဆရာဝန် အသေးလေး ကို စိတ်ငြစ်အောင် လုပ်ထား လို. အခုဆိုရင် walk in.- open appointment ပေးထားတယ်။ လာချင်တဲ.အချိန် မှ လာပါလို.ပြောထားတယ်။

12 comments:

  1. ဒီမှာ လည်း ... ဟေး ဖီဗာ (Hay Fever) အဖြစ်များ ကြတယ် ... :P

    ReplyDelete
  2. အပူစာ.. ဥပမာ-စွပ်ပြုတ်၊ ရှမ်းခေါက်ဆွဲ ၊ မုန့်ဟင်းခါးပူပူ၊ အစပ်စာအရည် ပူပူ စတာတွေကို စားမိပြီဆို ဖြစ်ပါပြီ...။ နှာရည်တစ်ယိုယို၊ နှပ်တွေ တစ်ညစ်ညစ်နဲ့...။ ဟပ်ချိုးတာကတော့ နည်းနည်းလေး အေးတာနဲ့ ဖြစ်တော့တာပဲ...။ အစ်မနဲ့ တူသွားပြီ ဒီနေရာမှာ...။ မကာရ ဖွားလားဟင်...။

    ReplyDelete
  3. ပျောက်အောင်ကုတဲ့နည်း ရှာတွေ့ရင် မျှပါဦးနော်..
    မီလဲ ခဏခဏ နှာစေးတယ်..

    ReplyDelete
  4. ဟတ်ချိုး ...... ဒီမှာလည်း မိုးအေးအေးနဲ့ဆိုတော့ ဒီတစ်ရက်နှစ်ရက်မှာ ကိုယ့်မိန်းမတောင် အအေးမိနေတယ်ထင်ပါ့ ဟတ်ချိုး ဟတ်ချိုးနဲ့ ....

    ReplyDelete
  5. ဒီလောက် MC ယူလို့ကောင်းတဲ့ အရာကို မKOM ရထားတာပဲဂျ ၊၊ မိုက်တယ်ဂျာ ..ကုသိုလ်ကံများ ကွာပါ့ဂျာ၊၊ :)

    ReplyDelete
  6. အမ.. မြတ်နိုးက ပူရင် အသက် ရှူကျပ်တယ်

    ReplyDelete
  7. ဒီမှာတော့ နွေရာသီကြီးကို ဟက်ချိုးနေရတယ်..
    အဟင့်ဟင့်

    ReplyDelete
  8. ဒေါ်လေးခင်ကလည်းဗျာ

    ကြက်တောင်တို့၊ ဘိလိယက်တို့ကစားသမားတွေကျတော့ရော
    မိုးတွေရွာရင် ကြိုက်တာပဲလား

    သြော် နှာစေးတဲ့သူတွေ အဘထရှူဆေးသာ ဆောင်ထား အမှတ် ၂ အမှုန့်ဗူးကို ပိုကြိုက်တယ်
    ကျွန်တော်ကတော့ လက်စွဲပဲ
    မြန်မာဆေးက ကောင်းပါတယ်ဗျ။

    မေတ္တာဖြင့်

    ReplyDelete
  9. Histamine မဟုတ်၊ Anti-histamine ပါ။ study guide လုပ်တာ များတော့ အမှား ပြင်တာ အကျင့်ပါနေလို့။

    ReplyDelete
  10. အစ်မ ကျနော်လည်း ဟတ်ချိုးသမားပဲဗျ။ အနံ့ပြင်းပြင်းရရင်လည်း ချိုးတာပဲ ကျနော်ကြားဖူးတာပေါ့ မှိုဟင်းချိုသောက်ရတယ်ဆိုလားပဲ။ ကျနော်တော့ နှာစီးတိုင်း မှိုဟင်းချိုပဲ ပြုတ်သောက်တော့တာပဲ..

    ReplyDelete
  11. ဒီနောက်ပိုင်း နှာခေါင်းက တော်တော် sensitive ကျွန်မလဲ ဖြစ်လာတာ သတိထားမိတယ်။ ကျွန်မက အအေးကြောင့်မဟုတ်ဘူး။ ဟင်းဆီသတ်တာ၊ ဖုန်မွှန်တာ၊ ရာသီဥတု နည်းနည်းအေးလို့ အအေးမိရင်၊ ရေချိုးကြာရင် နှာအရမ်းချေတယ်။ နှာခေါင်းလဲ ခဏခဏ ပိတ်တယ်။ ဆရာဝန်တော့ မပြကြည့်သေးဘူး။ လူကြီးနာထင်ပါရဲ့ :P

    ReplyDelete
  12.ှအစ်မရေ
    တူပြန်ပြီ။ ဆုလည်း မနက်စောစောနဲ့ ညမိုးချုပ်ဆို နှာရည်ကျတယ်။ စိတ်ညစ်နေတာကြာပြီ တရေးနိုးထ စာတွေဘာတွေကျက်မယ်ဆိုလည်း ခေါင်းငုံ့တာနဲ့ နှာရည်ကျရော။ ကြာပြီ 2နှစ်လောက်တောင်ရှိတော့မယ်။ အဲဒီဝေဒနာကိုလေ ခံစားဖူးမှသိတာနော်။

    ReplyDelete