Saturday, July 26, 2008

Rome

KMSL ကတော.လေယာဉ် စီးရတာ ကို သိပ်ကြိုက်ပါတယ်။ ရန်ကုန် ခဏခဏ ပြန် ရခြင်း အကြောင်းထဲ မှာ လေယာဉ်စီးချင်လို. လဲ ပါပါတယ်။ လေယာဉ် စီး မယ် ဆိုရင် သူ. ရဲ. STARDARD TIME က သုံးနာရီ ကြီုပြီး အိမ်က ထွက် ရပါမယ်။ အဲ.ဒါ ဆိုရင် ဘယ်တော. မှ လေယာဉ် MISS မဖြစ်တော.ပါဘူး.။

တို.ကတော. စည်း မရှိ ကမ်း မရှိ ဆိုတော. အမြဲတမ်း ကသီလင်တဖြစ်တယ်။ နောက်ဆုံး မှတ် မှတ် ရရ. တစ်ခေါက် နောက်ကျတာကတော့ ဥရောပ သွားခါနီး လေ ယာဉ် က ညကိုးနာရီခွဲ CHECK IN ဝင် တာ စောစော မသွားဘဲ. အလုပ်တွေကို ၅:၃၀ လောက် အထိလုပ် ပြီးမှ ROBINSON CITY HALL မှာ ခရီး သွားဘို. လိုတာလေး တွေ ထပ် ပြီး သွားဝယ် အိမ်ပြန်ရောက် လာ မှ ကမန်းကတန်း အထုပ်ပြစ်ထည်.။ အိမ်ကိုသော.ပိတ်ပြီး ထွက်လာတော. ည ၈ နာရီ ရှိနေပြီ. TAXI ကို ကမန်းကတန်း ငှား . လေယာဉ် ထွက် မဲ.အချိန် ကို မေးပြီး TAXI မောင်းတဲ.သူတောင် တို.ကို စိတ်ဆိုးတယ်။ အဲဒီလောက် ကပ် မှ လာရသလား ဆိုပြီး။

CHECKE IN ဝင်တော. လူတောင် သိတ်မှရှိ တော့ဘူး။ ကောင်တာ မှာ လူရှင်းနေပြီ။ ပထမဆုံး အနောက် နိုင် ငံ ကို သွားတော့အရစ် ကလည်း ခံရသေး။ ရောမကို လှမ်း ဖုံးဆက် ပြီး kmsl ကို sponsor ထပ်တောင်းရသေး။ လေယာဉ်ပေါ် တက်ခွင်.တောင် မရတော့ဘူးတောင် အောက်မေ့ ရတယ်။ မျူိးစူံ့ အရစ်ခံ ရပြီး မှ လေယာဉ် ပေါ်တက်ခွင်. ရတယ်။ လေယာဉ်က သုံးစီးချိတ်ထား တာ။ စလုံးကနေ ဘန်ကောက် ..ဘန် ကောက် ကနေ အီတလီ.ရောမ လေယာဉ်ကွင်း။ အဲဒီ ကနေ တစ်ခါ DOMESTIC ဘက် သွားပြီး ပြည် တွင်း လေယာဉ် နဲ. မြို.သေးလေး တစ်ခု ကို သွား။ အဲဒီ ကေ န တစ်ခါ ကားပြန် စီး.။ လေယာဉ် လွတ် သွားလို. ကတော. နာပြီ။ ပြန် စီမံပေတော. ပိုက်ဆံ တွေနဲ.။ အချိန်ကုန် အလုပ်ရှုပ် ပိုက်ဆံ ပိုကုန်။ စိတ်ညစ် အဲဒီ ကတည်း ကတို.လဲ KMSL အတိုင်းဘဲ လိုက်နာပါတော့တယ်။ သူကလဲ ပြောထား တယ်လေ။ ယောက်ကျားစကား နားထောင်ကြီးပွါးမယ် ဆိုဘဲ.။

လေယာဉ် ပေါ် မတက် ခင် ဘာမှ မစားခဲ့မိတော.ဆာတာပေါ့.။ ညစာ ကျွေးမယ် လို. မျှော်လင့် ထားတယ်။ ဗိုက်ဆာပါတယ်ဆို တေှာ့ လေယာဉ်မယ် ကလေး ကို မျှော်..။ထွက်လာပါတယ် တစ်ခေါက်. မျက်နှာ သုတ်ပုဝါ ဗန်း ကလေး ကိုင် လို.။ နောက် တစ်ခေါက် ချိုချဉ် ဗန်း ကလေး ကိုင်လို့. နောက်တစ်ခေါက် သတင်း စာ ကလေး ကိုင်လို.။ နောက်တစ်ခေါက် နားကြပ် ကလေး တွေ ကိုင်လို./ စောင် ကလေး တွေ ကိုင်လို.့. ။

အစ်မလေး အမေရေ. ဆာပါတယ် ဆိုမှ မျှော်လိုက်ရတာ ဘယ် သူမှ မသိပေမဲ. ရှက် လိုက် တာ. ဒီလိုမှန်းသိ ကိုယ်.ဖာသာ ကိုယ်ဘဲ ကြိုပြီး စားခဲ့ပါတယ်။ ဒါတောင် ရေဗူးလေး ပါလာ လို့.တစ်ခါ က ရေသောက်ချင်တာ အတော် စောင့်ပြီးသောက်ခဲ.ရတယ်.။ အမှန် ကတော. ကိုယ်.အပြစ်ပါ. ခရီးသည် တွေ ဒီလောက် များတာ.. သူတို.လဲ ROUTINE ကို တောင် မနည်းလုပ်ရတာ. EXTRA တွေ ဘယ်လုပ် ဘို. လွယ်ပါ.မလဲ. အခုတော. ကိုယ်. ပြသသာနာ ကိုယ်ဘဲ ဖြေရျင်း တော.တယ်. ကိုယ် ဆာတတ်ရင် ကိုယ်.ဘာသာ ကိုယ် သယ်လာ။ ကိုယ် သောက်ချင်ရင် ကိုယ်.ဘာသာ စီမံ. စောင်လိုချင်ရင် လျှောစောင်လေး ကြီူယူလာထား.။


ရောမလေဆိပ်ရောက်တော. မနက် ၇ နာရီ။ လေဆိပ် ကြီး ကလဲ အကြီး ကြီ.း. ရင်တွေ ခုန်. လဝက အရာရှိ ကငါ. ကို ဘာ ပြော မလဲ. အဝင် မှ ခံပါ.မလား။ ဥပဒိ ရုပ် ကလေး မခန့်ငြား တော. အားငယ် မိတယ်.။ စာ အုပ် ကို အရာ ရှိ ကို ပေးလိုက် တယ် . အရာရှိ က တို့ ကို မော.ကြည့်တယ်. စာ အုပ် ကို ကြည့်တယ် ။ ပြီးတော့ စကား စ ပြောတယ်။ (မင်္ဂလာပါ)။ မြတ်စွာ ဘုရား. ငါ ဘာ ကြားမိတာလဲ.။ နားကြားများ လွဲလေ သလား။ တို့ SHOCK ရသွားတယ်။ သူ ကပြုံးပြတယ်။ ((မင်္ဂလာပါ))။ လို. ထပ် ပြောတယ်။ မင်း ငါတို. နိုင်ငံ ကို သိ သလား ဆို တော. ငါ.အစ်ကို က သတင်းထောက်ပါတဲ.။ ဘာပြန် ပြောရမှန်း မသိအောင် အံသြော နေတဲ .တို့ကို သဘော ကျနေတယ်။ တို့လဲ မထင်မိဘူ.။ဒီလောက် အဝေး ကြီး အီတလီ ရောမမြို.တော် ကြီး က အဝင် လဝက အရာရှိ. က တို့. ကို မြန် မာလို ပြောလိမ်.မယ်လို့...

(စိတ်ကူးပေါက်မှဆက်ရေးမယ်။ ရောမ trip)

16 comments:

  1. အစ်မရေ စိတ်ကူးပေါက်ပါဗျို့ အခန်းဆက်ဝတ္ထုရှည်တွေက စောင့်မျှော်ရတာ မောတယ်ဗျာ

    ReplyDelete
  2. တစ်ဆိတ်ရှိ အဲဒီ ခရီးထွက်တာနဲ့ ကိုင်ပေါက်နေတော့တာပဲ...။ ကျွန်တော်သွားတုန်းကတော့ ၁-၂ နာရီကြားပဲ...။ မပိုမလိုဘူး...။ အစားကတော့ ခရီးစဉ်ကြည့်ပြီးတော့ စားသွားတယ်...။ ကိုယ့်အကြောင်း ကိုယ်သိနေတယ်လေ...။ ဟက်ပီး ဆက်သာဒေးပါ...။

    ReplyDelete
  3. ယောင်္ကျားစကား နားထောင်ရင် ကြီးပွားမယ် ဆိုတာ မှတ်သွားတယ် ပြန်သုံးမလို့ :)

    ReplyDelete
  4. ဖတ်ကောင်းပါတယ်ဆိုမှ
    ဆက်ရေးနော်

    ReplyDelete
  5. မKOM တို့က air ticket ဖိုးတတ်နိုင် တော့သွားကြပေါ့ဗျာ ၊၊သွားကြပေါ့ ၊၊ ဟီး ..
    ခရီးထွက်တာ ကောင်းတာပေါ့ဗျာ ၊ ဗဟုသုတ ရတာပေါ့ ၊၊

    ReplyDelete
  6. ဟား အားကျလိုက်တာ အဲလို ခရီး ခဏခဏ သွားချင်လိုက်တာ ။ :)

    ReplyDelete
  7. စိတ်ဝင်စားတုန်း ဖြတ်သွားပြီ..
    ဟင့်..
    ဆက်ရေးနော်..

    ReplyDelete
  8. အစ်မရယ်...။ ကိုင်ပေါက်တယ်ဆိုတာ စကားအဖြစ်ပြောတာပါ...။ အဲဒါကို အတည်ကြီး မယူလိုက်ပါနဲ့...။ ကိုယ့်အစ်မကို ချစ်လို့ ခင်လို့ စတာကို သူက အတည်ကြီး လာယူနေတယ်...။ ဆက်ရေးပါ..။ အစမ်ရေးတယ ဗဟုသုတ ရတယ်ဗျ...။ ဟိုဖလားမီးမီးက ယူအက်စ်က ...။ ဘယ်က ကျွန်တော်က သူ့အယောင်ဆောင်ရေးရမှာလဲ..။ သူက အိုင်တီ သိပ်မသိတော့ လင့်ခ်ဘာညာ ထည့်ရမယ်ဆိုတာ သဘောမပေါက်ဘူး..။ အခုမှ အစ်မကြီး ဘာပြောချင်တယ်ဆိုတာ သိတော့တယ်..။ ဟိဟိ

    ReplyDelete
  9. အစ်မရေ... အားကျငေးမော ဖတ်ရှုသွားပါတယ်...။
    “မင်္ဂလာပါ” ဆိုတော့ လေးမ လည်း ပါးစပ်အဟောင်းသား ဖြစ်သွားတယ်..။

    ReplyDelete
  10. ရောမမြို့ကြီးကို အကြွေးနဲ့ ၀ယ်ပေးမယ် .... :P

    ReplyDelete
  11. စိတ်ကုးပေါက်တဲ့ အချိန်ကို စောင့်မျှော်နေမယ်နော်အမ...

    ReplyDelete
  12. ရောမသားလေးတွေ ချောလား ဆိုတာ စိတ်ဝင်စားနေတယ် :P

    ReplyDelete
  13. ယောက်ကျားစကား နားထောင်ကြီးပွါးမယ် ဆိုဘဲ.<---ဒဂယ်လား အမ :D

    ReplyDelete
  14. အစ်မရေ အစ်မလိုခရီးတွေ ခဏခဏထွက်ချင်လိုက်တာနော် အားကျလိုက်တာနော်

    ReplyDelete
  15. အင်း KOM ရေးထားတဲ့ အီတလီက လ၀က အရာရှိများ လိပ်စာလေး များ သိခွင့်ရယင်ကောင်းသား နော်။
    ချီးကျူးစာရေးချင်လို့ ။
    ကြုံလို့ ပြောရဦးမယ်။
    ခုဇန်န၀ါရီက သီရိလင်္ကာကို အလုပ်ကိစ္စ နဲ့ သွားတာ။
    ဘန်ကောက်ကနေတဆင့်ပေါ့ဗျာ။ ဗီဇာကလည်း ရန်ကုန်ကတည်း ကထုလာတာ။ ၁၄ ရက်တောင်စောင့်ရတယ်။
    သီရိလင်္ကာ ကိုလံဘိုက လ၀က အရာရှိ ကိုကို ကုလား ကတော့ ကျွန်တော့် မြန်မာ ပတ်စပို့  အနီရောင် ကို ကြည့် ပြီးတော့ ဖင်တပြန်ခေါင်းတပြန် လှန်နေတာ ၁၅ မိနစ်ကြာသွားတယ်။ ရှေ့ က ပတ်စပို့  အနီရောင် ဂျပန် လူမျိုး ကျတော့ ၁၀ စက္ကန့်လောက် နဲ့ အ၀င်တုံးထုတယ်။
    ကျွန်တော့် ကို မေးသေးတယ်။ ဘာလာလုပ်တာလဲတဲ့ ။ ကျွန်တော် လဲ စိတ်ကတိုနေပြီဆိုတော့ မင်းတို့ လူမျိုး ဆင်ဖို့ မတတ်တဲ့ 
    စက်ပစ္စည်း လာဆင်ဖို့ ဖိတ်ခေါ်လို့ လာတာ လို့ ပြောချလိုက်တယ်။ ဘယ်နှစ်ရက်နေမှာလဲတဲ့ ။ ၃ ရက်တည်း ဆိုတော့ မှ အ၀င်တုန်း ထုပေးလေရဲ့ ဗျာ။
    မင်္ဂလာပါ လို့ နုတ်ဆက်ဖို့ နေနေသာသာ နော်။
    ကျန်ခဲ့ တဲ့ လက ဂျကာတာ မှာလဲ အဲလိုပဲ ကျွန်တော့် 
    စာအုပ်ကို ၁၀ မိနစ်လောက် ကြာအောင်စစ် ခံရတယ်။စာအုပ်ကလဲ ခရီးသွားထားတဲ့ တုံးတွေများလွန်းလို့ ကုန်တော့မယ်လေ။
    မင်္ဂလာပါ လို့ ပြောဖို့ နေနေသာသာ ပြည်ဝင်ခွင့်
    ထုပေးတဲ့  လ၀က ကိုကို ကို ကျေးဇူးတင်ရတော့မယ်ဗျာ။
    အီတာလီလျံ လူမျိုး လ၀က အရာရှိ နဲ့များ ကွာ ချင်တိုင်းကွာပါ့နော်။
    အဲ ဒူဘိုင်း တုန်းကတော့ အဆင်ပြေတယ်။ လ၀က အရာရှိက မြန်မာ စာအုပ်လဲတွေ့ ရော ဘာမား တိဝုဒ် ဗဲရီးနိုက်စ် တဲ့ ဗျာ။
    နယူးဒေလီ က ခေါင်းဖြူ အရာရှိကြီး ကတော့
    အထွက်တုံး ထုခါနီး အိုဗာစတေး မှတ်ပြီး မြန်မာ ဆိုလဲ မသိ ဘားမား ဆိုလဲ ရှာမရတဲ့  ဘူတန် နဲ့ မှားပြောသေးတယ်။ ခပ်ငယ်ငယ် အရာရှိက နေ M တလုံး ရိုက်ထည့်ုပြီး ရှာတော့ မှ Myanmar ဆိုတာ တွေ့ တော့တယ်။
    ကြုံလို့ ဖောက်သည်ချတာ။( လျှာရှည်တာ လို့ ) မထင် နဲ့ နော်။
    ဒါတောင် ထိုင်း က လ၀က အရာရှိအကြောင်း မပါသေးဘူး။ နောက် နေ့ မှ အခန်းဆက်လာရေးမယ်ဗျာ။
    Kom လို ပေါ့  စိတ်ကူးပေါက်မှ ဆက်ရေး မယ်ဗျာ။
    :) :) ယောက်ျားစကား တကယ်နားထောင် တယ် ဆိုယင်တော့ ကြီးပွား မယ် အမှန်ပဲ ဟဟဟဟ

    ReplyDelete
  16. ပါးစပ်အဟောင်းသားဖြစ်သွားတယ်...
    အဲလိုနှုတ်ဆက်မယ့်လူရှားမယ်ထင်တယ်နော့
    ဆက်ရေးမယ့်နေ့မျှော်နေမယ်မမရေ..

    ReplyDelete