Thursday, September 4, 2008

Blogging

ကိုယ်ဘလော့စွဲ နေတာ တစ်နှစ်လောက် ရှိပါပြီ။ အစတုံးကတော. အပျော်ဘဲ.။ ဘာရယ် မဟုတ် စကြည့်တာ.။ အဖော် မရှိလို့ စကားပြော ချင်လို့ပါ..။ စာဖတ် ဝါသနာ ပါတာလဲ ပါတာပေါ့.။ စလုပ်တုံး ကတော့ မြန် မာလို မရိုက်တတ်.။ HTML ဆိုတာ နားမလည်. အချိန် အတော်ကုန် ပါတယ်။ အိပ်ရေး တွေလည်းပျက် ဘလော့နဲ့  နပန်းသတ်နေတာ။ ကိုစိုးထက် နဲ့ J ဆီသွားပြီး marketing လုပ်။

ကိုယ့်ဆီ လူ မလာတော့လဲ စိတ် မကောင်း ။ လူလာပြန်တော့လဲ ရေးရတာ အနေ ကြုံ့လာတယ်။ ငါရေးတာ ကောင်းမှ ကောင်းပါ့ မလား။ ဒီ အကြောင်း အရာ က သိတ် များ ပေါ့နေ မလား။ kmsl အကြောင်းများနေပြီ ထင်တယ်။ ငါ ဒီနေ့ရေးတာ မနေ့ ကလောက် မကောင်းဘူး။ ဟိုဟာ ကတော့ မသင့်ဘူး ထင်ရဲ့နဲ. စိတ်ညစ်လာတယ်။ post ကို တင်ရမလို မတင် ရမလို နဲ့ ချီတုံ ချ တုံ ဖြစ်လာတယ်။

လမ်းထွက်ရင် လဲ telephone camera လေး က stand by / အိတ်ထဲ မှာ ကလည်း စာရွက်နဲ့ ဘောပန် နဲ. က stand by / စာ ရေးဆရာ ကြီး ကျ နေ တာဘဲ။ မဟုတ်ရင် လဲ အတွေး တွေ က ထွက် ပြေးသွားတယ်။

TV လည်း မကြည့်တာ ကြာပေါ့.။ သတင်းစာ လည်း မဖတ် တာ ကြာတော့ ဖြတ်မလား တောင် စဉ်းစား မိတယ်။ ကိုးရီးယား ကား လည်း မကြည့်ဖြစ်တာ ကြာ.။ ဒီပုံ နဲ.တော. မဖြစ်ဘူး။ ဘလော့ တွေ အဖတ် ကောင်း လို့ အိပ်ရေးလည်း ပျက်။ မနက် သွားခါ နီး ဖွင့်မိရင် တော့ အလုပ် နောက် ကျပါပြီ။ အိပ် ရေးပျက် လို. မျက် တွင်းတွေ လဲ နက်။ နားထင်တွေ လဲ ချိုင့်။ အရေးထဲ မရို မသေ Period ကလဲ မလာ. ။ ကိုယ်ဝန် များ ရှိ သလား စစ်တာ ၂ ခါ။ ပိုက် ဆံ ကုန် တာ သာ အဖတ်တင်။ negative ။ နောက်ဆုံး ကိုယ် ဝန် ရှိ တာ မဟုတ် ။ သွေး ဆုံးခါ နီး ရွေ.ဖြစ် ကြောင်း ကိုယ့် ကို ကိုယ် ဆုံးဖြတ် ချက် ချ ပေးလိုက် ရ. ။

ကဲ အရက် သမားလို ဘဲ.။ ဖြတ်မှ ဖြတ် မှ နည်းနည်းဘဲ လုပ် မှ ။ . ဒီလို ပြော တာ ၂ ခါ ရြှိ့ပီ။ kmsl ကလည်း သိတ် မကြည် ဖြူချင် တော့ဘူး ။ ဟေ့ကောင်. မင်း စာရေး ဆရာ လုပ် မှာ လား။ လုပ် မယ် ဆိုရင် လည်း အလုပ်ထွက်။ အလုပ် တဖက် နဲ့ ဒီလောက် ပင် ပန်းရတဲ့ အထဲ ကောင်းကောင်းလဲ မအိပ်.။ ကျန်းမာရေးထိ ခိုက်လိမ့်မယ်။ ဆိုပြီး အဆူခံရ။ တိုးတက် ရာ တိုးတက်ကြောင်းလဲ မဖတ်နိုင်။

လျှော့မှ ဖြစ်မယ်။ လျှော့မှ ဖြစ်မယ်။ ရေးချင်တာဘဲ ရေးတော့မယ်။ ချုပ်ချယ် မှုတွေ နဲ. မရေးလိုဘဲ. ကြိုက်တဲ့ အခါ လည်း ဖတ် မကြိုက်တဲ့ အခါ လည်း ကျော်သွားပေါ့.။ မ လျှော့ရင် အစိမ်းဖြတ် ဖြစ်သွားရင် မကောင်းဘူး။ ဒီနေ့တော.ဒီလောက်ဘဲ.။

20 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. မဇ္ဈိမပဍိပဒါ
    ယောနိသောမနဿိကာရ
    အဓိက နဲ့ သာမည
    ပေါ့ပေါ့ ပါးပါး ပျော်ပျော်ရွှင်ရွှင် ဆက်လက်ချီတက်ကြတာပေါ့ ခင်မျာ

    ReplyDelete
  3. MKOM ဆီကို ဟိုးကတည်းက လာလာဖတ်နေကြပါ။ ကျွန်မက အပျင်းထူလွန်လို့ ခြေရာလက်ရာ မချန်ခဲ့တာ :D
    KMSL ပြောတုန်းလေး အသာလေး ငြိမ်နေလိုက်လေ၊ နောက်မှ မသိမသာ ဒိုင်လျှိုလေး ဆက်ရေးပေါ့ :P

    ReplyDelete
  4. ဖြတ်မယ်ဆိုရင်လည်း ရုတ်တရက်ကြီး မလုပ်လိုက်နဲ့...

    ReplyDelete
  5. လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာပါနော့ .............ဗျာ

    ReplyDelete
  6. မမရေ

    နန္ဒာလဲ မမလိုပါပဲ။

    လျှော့မယ်၊ လျှော့မယ်နဲ့ မလျှော့ဖြစ်တာ ခက်တယ်။

    မမဘာရေးရေး နန္ဒာကတော့ ဖတ်မှာပဲ။

    Loves,
    SMNTL

    ReplyDelete
  7. ချစ်သော မမရေ
    ရေးချင်စိတ်ရှိတဲ့ အချိန်မှာသာ ရေးလိုက်ပေါ့ မမ။ မမတို့က စာကို ရေးချင်စိတ်ရှိလို့ ရေးနေတဲ့သူတွေမှန်း သိသာပါတယ်။ ဒါကြောင့် ဘာရေးရေး ဖတ်လို့ ကောင်းတယ်။ ချိုသင်းတော့ အမြဲလာဖတ်တယ်။ တခြား ဘာမှ တောင်တောင်အီအီ မစဉ်းစားပါနဲ့ မမရယ်။ ပန်းခင်းလေး တခုလိုပါပဲ။ အရောင်စုံတော့ လောကကြီး ပိုလှတာပေါ့။ မမက အ၀ါရောင်လေးဆို နောက်တယောက်က အနီရောင်လေး ဖြစ်ချင်ဖြစ်မှာပေါ့။ ပန်းအနီလေးဆိုလဲ လှတာပါပဲ။
    မသိဘူးလေ။ တတ်သလောက် မှတ်သလောက် အားပေးတာပါ။ KMSL ပြောလဲ စာရေးနေချိန်တော့ ခဏ မေ့ထားလိုက်ပါ။ အေးဆေးပါ။

    ReplyDelete
  8. မခင်ဦးမေရေ.....ကိုယ်ချင်းစာတယ်။ ဘလောက်စွဲတဲ့ ရောဂါကို။ တခြားကိစ္စတွေ လစ်ဟင်းတာလည်း အမှန်ပဲ။ ခက်တာက သူက စိတ်ရဲ့ အာဟာရလေ။ အစိမ်းတော့ ဖြတ်စရာ မလိုလောက်ဘူး ထင်ပါရဲ့။ လျှော့မယ်ဆိုတဲ့ အကြံက ဖတ်တာကို ပြောတာ မဟုတ်လားဟင်။ ရေးတာတော့ ဆက်ရေးပါလို့။ ပရိသတ်က မျှော်နေမှာကိုး။ အအိပ်ပျက် အစားပျက်လည်း မလုပ်ပါနဲ့နော်။ နေမကောင်းမှာ စိုးလို့ပါ။

    ReplyDelete
  9. မKOMရေ ညီမတော့ အပေါင်းအသင်းမရှိတဲ့နေရာမှာ ဘလော့လေးက အဖော်လုပ်ပေးနေတယ်လို့ဘဲ သဘောထားထားတယ်။ ဘလော့ကိုက်တာက အမှန်ဘဲ။ တနေ့တနေ့ ဟိုစာလေးလဲ သွားဖတ်ချင် ဒီဘလော့လည်း မလည်ရသေးနဲ့။ တခါတလေတော့လဲ ရပ်လိုက်ချင်သား။ အဲလိုကျတော့လဲ ပျင်းရပြန်ရော။ အဆင်ပြေသလိုရေးပေါ့အမရယ်။ ရေးသမျှ အားပေးနေမှာ။

    ReplyDelete
  10. မမKOMရေ...
    မမရေးချင်တာကို ရေးချင်တဲ့အချိန်မှာ ရေးချင်သလိုသာရေး...
    အားပေးဖို့ကတော့ အဆင်သင့်ပဲ...
    မမရဲ့ အပြောအဆို၊ အရေးအသား၊ စာလုံးပေါင်းလေးတွေနဲ့တောင် အသားတကျ ဖြစ်နေပြီကိုး... :D

    ReplyDelete
  11. သစ်စိမ်းချိုးတော့ မချိုးလိုက်ပါနဲ့ မမရေ ။ တစ်နေ့ တစ်ခေါက် မှန်မှန် လာအားပေးနေရတာ။

    ReplyDelete
  12. သူက ခွဲသွားတော့ မို့လား...လုပ်ပါနဲ့း(

    ReplyDelete
  13. ကျမ ပျော်တတ်ပါပြီလို့ post လေးတစ်ခုမှာတောင် ရေးထားတယ် (မတင်ရသေးဘူး။)
    ပျော်တတ်အောင် သင်ပေးတဲ့ မမကို ပျော်ရွှင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ်

    ReplyDelete
  14. လျှော့ချင်ရင်လျှော့ ဒါပေသိဆက်ဘလော့ပါဗျာ နော်..နော်
    ကျန်းမာရေးတော့ ဂရုစိုက်ပေါ့
    လမ်းလျှောက်ထွက်ရင်းနဲ့ ဖုန်းလေးကနေ လှမ်းဘလော့ အဟိဟိ :P

    ReplyDelete
  15. http://mbl0gger.net/2008/07/blogger-in-draft-new-features/
    မှော်ဆရာ ရဲ့ post
    100 th Special Feature Blog Post for All
    ကို ကလိကြည်.တာပါ.
    ကျေးဇူးပါ .မှော်ဆရာ.

    ReplyDelete
  16. အစ်မကြီးရေ...
    အဲလိုတော့မလုပ်ပါနဲ့။ blogosphere က အပြစ်ကင်းပါတယ်..။ ဘာသာတရားနဲ့ ဆက်စပ်တာ.. ဗဟုသုတ အထွေထွေနဲ့ ဆက်စပ်တာ... ကိုယ့်အတွေ့အကြုံကို ဝေငှလို့ အများဆောင်နိုင် ရှောင်နိုင်ရင် ကုသိုလ်တောင် ရပါတယ်.. တကယ်ပါ.. ရေးသာရေးပါ.. တင်သာတင်ပါလို့.

    ReplyDelete
  17. မမ..
    ဒီလိုကြီးတော့ လုပ်ပါနဲ့ လေ..။
    အချိန်လေးရသလောက် ခပ်ကြဲကြဲ ခပ်ဖြည်းဖြည်းလေး ဘလော့ဂ်ကြတာပေါ့နော်..။

    ReplyDelete
  18. အဲလိုလုပ်ပါနဲ့ ..
    နဲနဲစီတော့ ရေးပါ..
    မရေးဖြစ်လည်း လာလည်ပါနော်..
    .. အစ်မဆီ လာလည်ရတာ သူငယ်ချင်းတစ်ယောက် စကားပြောတာ နားထောင်နေရသလို ခံစားရတယ်..
    ပျော်ရွှင်စွာ အတွေ့အကြုံတွေ ဆက်ပြောပြနိုင်ပါစေ..။

    ReplyDelete
  19. အဲလိုလုပ်ပါနဲ့ ..
    နဲနဲစီတော့ ရေးပါ..
    မရေးဖြစ်လည်း လာလည်ပါနော်..
    .. အစ်မဆီ လာလည်ရတာ သူငယ်ချင်းတစ်ယောက် စကားပြောတာ နားထောင်နေရသလို ခံစားရတယ်..
    ပျော်ရွှင်စွာ အတွေ့အကြုံတွေ ဆက်ပြောပြနိုင်ပါစေ..။

    ReplyDelete
  20. ဘလော့ စွဲသူကို လာဖတ်ရတော့ သူများရေးနေတာ လို့ မထင်မိပဲ ကိုယ်ကိုယ်တိုင်ရေးထားတာကို ပြန်ဖတ်ရသလို စိတ်ထဲထင်လာမိတယ် .... မတူတာဆိုလို့ Period နေရာလေး တစ်ခုလောက်ပဲ :D
    ဟုတ်တယ် အစ်မရေ .... ကျွန်တော်လည်း စွဲနေတာ တစ်နှစ်ကျော်သွားပြီပဲ ပြောရတော့မယ် ...စစချင်းတော့ ကွန်ပြူတာအကြောင်းလဲ နားမလည် လက်ကွက်လည်း မရိုက်တတ်နဲ့မို့ ဘလော့ဆိုရင် သူများတွေ Link ပေးကြတဲ့ ဘလော့ ၁ ခုစ ၂ ခုစလောက်ပဲ သွားဖြစ်တာ များတယ် ... Cbox တို့ ဘာတို့ကနေ နောက်တစ်ရောက်ဆီကို လိုက်လို့ရမှန်းလည်း မသိခဲ့ဘူးလေ ... ဟိုက် !! ကောမန့်ရေးတာ မဟုတ်ပဲ ...သူများဆီပို့စ်လာတင်သလို ဖြစ်နေမပြီ .. မဖြစ်ချေဘူး .... နောက်တစ်ပုဒ်ကို လစ်မှ .... နောက်တစ်ပုဒ်ရောက်မှ ဘာယောင်ယောင် ညာယောင်ယောင်နဲ့ ကြားညှပ်ပြီး ထပ်ပြောတော့မယ် ... စကားမစပ် ဘလော့ဂါ တစ်ယောက်ရဲ့ စိတ်ခံစားမှုလေးတွေ ခံယူချက်အမြင်လေးတွေ ရေးထားတာ အတော်မိသဗျာ .... Cheers !!

    ReplyDelete