Sunday, September 14, 2008

Jalan Jalan

ဟိုနားဒီနား လမ်းသလား






အစ်မရယ် . စလုံး မှာ ဒီ လောက် တောင် သွားစရာ ရှားလို့ ကဒီး ကဒီး city hall ဘဲ သွား နေ တာလား လို့ မေး ကြ ရင် လဲ ဖြေ ရ မှာ ပါဘဲ။ အကြောင်း အမျိုး မျိုး ကြောင့် နိုင်ငံခြား ရောက် နေ ကြ ဘဲ မဲ့လည်း ကိုယ့် တိုင်းပြည် ကို သတိရ တဲ့စိတ် က တော့ ဘယ် တော့ မှ မပြောင်းလဲ ကြ ပါဘူး။ တစ်ပါတ် လုံး အလုပ် လုပ် ပြီး သကာလ မြန် မာ ရပ် ကွက် ကလေး ထဲ ဝင် လိုက် ရင် တော့. အမျိုးတွေ နဲ့ တွေ့ ရ သလိုဘဲ ခံစား ရလို့လဲ ခဏ ခဏ သွားဖြစ် နေ တာပါ.။

ကလေး မရှိ တာလဲ ပါတာပေါ့လေ။ မဟုတ်ရင် အိမ် မှာ ဘိုးဘွားရိပ်သာ လို ဘဲ ဘာသံ မှ မကြားရ။ တီဗွီ လေး မှ မဖွင့် တော့ အမြဲ တိတ်ဆိတ် လို့ နေပါတယ်။ kmsl တစ်ယောက် ထဲ လေပေါ။ တို့ က ခေါင်းညိမ့် ခေါင်းခါ ဘဲ လုပ် လို့ဘေး က အိမ်တွေ ကဆို သူ တစ်ယောက်ထဲ များ စကား ပြောနေ သလား အောက်မေ့ မိမယ်။ သူ့ရဲ့ topic တွေ ကမြင့် လို့ပါ.။ ကိုယ် နဲ့ ကီး မကိုက်ဘူး။ ကျေနပ် အောင် တော့ ဖော်လို လုပ် ပေးရတာပေါ.။

ဒီတစ်ပါတ် ထွက် သွားတော. RAFFLES CITY မှာ ကိုယ့် အတွက် စိတ်ဝင်စား စရာတွေ့တယ်။ ပန်းချီကားလား ဘာ မှန်း မသိတဲ. အကြီးကြီး ကို (သိချင်ရင်တော့ July Dream http://july-dream.blogspot.com/ တို. TZA http://degolar.blogspot.com/ တို့ ကို သာ သွားမေးပေတော့. ။ သူ တို့ က မရေးခင် သေချာစုံစမ်း လိုအပ် ရင် တိုင်ဝမ် တို. ဟောင် ကောင် တို့ ကို တောင် ဖုံးဆက် မေးမြန်းပြီး/ သေချာ အချက် အလက်စုံစမ်း သေချာ မှ ဘလော့ လုပ် တဲ့သူ တွေ မို့လို့ပါ.။ တှို့တွေ က တော အမြဲ ဗြဲလရမ်း လျှပ်တီး လျှပ်ပြာ ကိုးရီးယား ကားထဲက မင်းသမီးလေး တွေ လိုပါဘဲ. (kmsl ကတော့ လက် မခံပါဘူး။ မင်းသမီး အမေ ပါကွာ. လို့ ကန့် ကွက်လေ့ ရှိပါတယ်။ )

ကဲ ကဲ…အဲဒီ အရှေ့ရောက်တော့ လူတွေ ရုံးစု ။ရုံးစု။ အဲဒီတော့ ဘလောက်ကာ ကြီး လဲ ဝင်ပြီး စပ်စုလိုက်ပါတယ်။ TZA (သိန်းဇော်အေး) လိုဘဲ ပေါ့. ။ Raffles city အပေါ် ကို မော့ကြည့်လိုက် ကြ။ .အရှေ့ က မှန် ကာထားတဲ့ အကာ သေးသေးလေးထဲ ဝင်ကြညှ်ုလိုက် ကြ။ တို့ လည်း သူ တို့ လို လိုက် လုပ် တော့ ဒီ လိုဖြစ်သွားပါတယ်။ အပြင် ကကြည့်ရင် တစ်မျှိုး။ အနီရောင် မှန်ကာထားထည်းက ကြည့်ရင် တစ်မျှူိုး။ အပြာ ရောင် မှန် ကာထားထဲ က ကြည့်ရင် တစ်မျိုး ဖြစ်သွားပါတယ်။ မထူးဆန်းပေမဲ့ လည်း အထူး အဆန်း လေး တစ်ခုပေါ့လေ။

မြန်မာဆိုင် သွားတော့ အရင် ဆုံး ဈေးကွက် ဂျာနယ် ပြေးဝယ် ရပါတယ်။ ကိုကို့ အတွက် .။ အဲဒါ ပါလာရင် အမှူကြီး တာ တွေ ပေါ့သွားတတ်လို့ပါ.။ ကျန် တာကတော့တဆိုင်ဝင် တဆိုင်ထွက်။ စာအုပ်တော့ မအပ် သေးဘူး။ နောက် မှဘဲ။ မဇနိ က လေ ထဲ က နေ တို.ဟုး သုပ်ကျွေးလိုက် ။ စိုင်းထွန်း က ရှမ်းခေါက်ဆွဲ လုပ် ကျွှေး နေကြ တာ မတင်းတိမ် လို့ အသုပ်စုံ ကို စလုံး သုံ့း ကျပ် ခွဲ နဲ့ဝယ် စားခဲ့ ရတယ်။

မြေအောက် ထပ်တစ်ခု လုံး ကို လဲ တို့ မြန် မာ ဆိုင် များ သိမ်းပိုက် လိုက် ကြ ပါပြီ။ တစ်ယောက် ထဲ နဲနဲ ကြောင် သလို ရှိတာနဲ့ နကို ခင် မင် လက်စ ရှိ တဲ့ အပေါ် ဆိုင် မှာဘဲ စားခဲ့ ဝယ်ခဲ့ တော့တယ်။ မြ နဒါ ကို လည်း အားပေးခဲ့ ပါသေးတယ်။ သပြေ ပန်း သေးသေး လေး တွေ ကလည်း တစ်ခက် စလုံး ၂ ကျပ် ပါ။ ချဉ်ပေါင် ကလည်း တစ်စည်း တစ် ကျပ် ဖြစ် သွားပါပြီ။ ကျန် တာ တွေ ကတော့ ထုံးစံ အတိုင်းပေါ့.။

ငွေ ဈေး သိချင် ရင် တော့ ကိုစိုင်း ထွန်း ကို သာ သွားမေး။ သူ ကစေတနာ နဲူ့ တင်ပြ နေတာပါ။ ငွေ လွှဲ လုပ် နေတာ မဟုတ်ပါဘူး။ မေမိုးနဲ့ တောင် ကပ် လွဲ သွားသေးတယ်။ သူ က အဝင် ကိုယ် က အထွက်။ republic ဆီ ဖုံးဆက် ကြည်.တော့ရေ ကူးကန် ရောက်နေတယ် ဆိုလှို့။ အေးအေး။ ဆက် ကြည့်. အဲလေ ဆက်ကူး လို့ ပြောလိုက် ရတယ်။ အိမ်ရောက်တော့ ခဏ လေး ဘဲ ဘလော့ ကိုဖွင့်။ စိတ်မဝင်စား သယောင်ဟန်ဆောင်ပြီး နေ လိုက်တယ်။ ကြာကြာ ဝါးမဲ့သွား အရိုးကြည့်ရှောင်ရမယ် မဟုတ်လား။

20 comments:

  1. မမရေ..စိမ်းစိမ်းတော့ City Hall သွားရမှာ ပျင်းလွန်းလို့ ငွေလွှဲတဲ့ တစ်ရက်ပဲ ရောက်တယ်။ :)

    ReplyDelete
  2. အမတို့ဆီကို လာချင်သား။ အဓိက က ချဉ်ပေါင်ဝယ်လို့ရတယ်ဆိုလို့။
    သပြေခက်တွေလည်း ၀ယ်ရတယ်လား။ မေမိုးနဲ့ တိုင်ပင်ပြီးသွားပါ့လား တယောက်ထဲ ပျင်းစရာ။ ကိုကြီး ၀ီ က ဖုန်းကိုင်လို့လား မမရာ သူရေကူးကန်မှာ အလုပ်ရှုပ်နေမှာပေါ့။ မြန်မာဆိုင်တွေကလည်း ပေါတာပဲလား ဟင်း ဟင်း အလည်လာအုံးမယ် ကွိ ကွိ

    ReplyDelete
  3. မမရယ်
    ဗမာဆိုင်တွေ အများကြီးပဲ။ သွားရည်ယိုလိုက်တာ..။
    မမကတော့ ၃ရက်နားတော့ လမ်းသလားနေတယ်ပေါ့။
    ချိုသင်းတော့ မအားလို့ မမရေ။

    ReplyDelete
  4. မိုက်တယ်။ အဲ့လိုပုံတွေကို သဘောကျတယ်.. အလည်မထွက်ရတာ ကြာပေါ့.. ဟင့်..။

    ReplyDelete
  5. အမ..စလုံးကို အမနဲ့လိုက်လည်တာ မြတ်နီုးကို တွေ့ဘူးလား
    တို့ဟူးသုတ်နောက်တပွဲ အစပ်ပုစိလေးထည့်လို့ အမနောက်ကနေ လှမ်းပြောတာလေ.. အမကလဲ..သူများကို..အဟင့်

    ReplyDelete
  6. မကြီးရေ..ကျွန်မတို့ ဆီမှာတော့မြန်မာဆိုင်တွေအများကြီးပဲသိလား။ ရှမ်းဆိုင်တွေ အရုတ်
    ဆိုင်တွေကလွဲရင်မြန်မာဆိုင်တွေပဲလေ။ ဈေးတော့ကြီးတယ်ဗျ။ ချဉ်ပေါင်တစ်စီး(၅၀ိ) ပေး
    ရတယ်။ ၂ကျပ်ဆိုတန်တယ်နော်။ အဲဒီကိုလှမ်းမှာမှထင်တယ်။

    ReplyDelete
  7. ဟူး..ခုမှပဲ ကော်မန့် တက်တော့တယ်။

    ReplyDelete
  8. ဟွန်း..အထုမှတိတော့ဒယ်....သို့ဖူးတုတ်ချားပီးပိုက်ချံမပေးဖဲထွက်
    တွားတာတီတီကွန်းရားမတိဖူး...တီတီကိုသွေ့ယိုက်ဒယ်နော်...
    ဟီးဟီး.....တီတီကွန်းမာထယေးရေးမချိဝူးယား.....
    ဏောက်ချိုယင်တီတီဂျာလန်းဂျာလန်းရုတ်ယို့ယတော့ဝူးဏော်....
    တွားခြင်ယင်အထုထဲဂမြားမြားတွား........ ဟီးဟီး..

    တီတီချစ်ကွန်းယဲ့မီးမီးDream.. :P

    ReplyDelete
  9. ဒီ Post ဖတ်ပြီး ပြုံးရ ပြန်ပြီ။ :))

    မမနဲ့ လျှောက်သွား ခြင်လိုက်တာ။

    ဒီ Post ထဲက ''ကဒီး ကဒီး''၊ ''ဗြဲလရမ်း'' ဘာကို ဆိုလိုလဲ နားမလည်ဘူး။

    ''လျှပ်တီး လျှပ်ပြာ'' နဲ့ ''ကြာကြာ ဝါးမဲ့သွား အရိုးကြည့်ရှောင်'' ဆိုတာတော့ ပြောတာ ကြားဘူးလို့ သိတယ်။

    မမ Writing style က ဖတ်ရတာ စွဲတယ်။

    Keep rolling မမရေ။
    SMNTL

    ReplyDelete
  10. အမ ဒီနေ့လည်း ပင်နီစူလာ ရောက်တယ် ၄နာရီလောက်က မြေအောက်ထပ်က Mandalar မှာထိုင်နေတာ ။ မမရှိမှန်းသိရင် အပေါ်တက်လာပါတယ်။ Jalan Jalan နည်းနည်းများသွားတယ် ဒီနေ့ ခုမှပြန်ရောက်တာ :D

    ReplyDelete
  11. မမရေ တို့ဟူးသုတ်လေးများ ပါဆယ်ဆွဲလာသေးလား။

    ReplyDelete
  12. မ KOM က အလည်ထွက် တယ်ပေါ့လေ ၊၊ဟီး.. ကောင်းဗျာ ၊၊ ရေးထားချက် ကတော့ ၊၊
    (kmsl ကတော့ လက် မခံပါဘူး။ မင်းသမီး အမေ ပါကွာ. လို့ ကန့် ကွက်လေ့ ရှိပါတယ်။ ) အမှန်တွေ ပြောတတ်တဲ့ KMSL ရေ...

    ထောက်ခံပါတယ်ဗျာ ၊၊ ဂွိဂွိ ...

    ReplyDelete
  13. အစ်မရေ အားကျတယ်နော် အလုပ်ပိတ်ရက်လဲ အိမ်ထဲမှာကြည့်နေနေရတော့ လျှောက်လည်နေတဲ့မမကို အားကျတယ်နော်။ ကိုးရီးဟားကားထဲက မင်းသမီးအမေတွေက အရမ်းချောတာကိုတော့ ကိုkmsl လက်ခံရလိမ့်မယ်နော် မမ

    ReplyDelete
  14. မခင်ဦးမေ ရေ- ဒီပို့စ် ကြိုက်တယ်-
    အသော့လေးတွေ..အထေ့လေးတွေ.. နဲ့
    ရီလိုက်ရတာ။ ပစ္စည်းတွေမနိုင်မနင်းနဲ့..ပန်နီဆူလားက အထွက်- ဘူတာအကူး..ကားသတိထားဦး။

း))

    ReplyDelete
  15. အစ်မရေ ဈေးဝယ်များလို့  မနိုင်မနင်းဖြစ်နေရင် လှမ်းခေါ်လိုက်လေ။ လာကူဆွဲပေးမယ်။ လက်ထဲ အထုပ်ရောက်လို့ ကတော့ လာမခေါ်နဲ့ ။ မသိချင်ယောင်ဆောင်ပြီးတော့ကို ပြေးမှာ။ နောက်တစ်ခါဆို ခေါ်မယ်ဟုတ်။

    ReplyDelete
  16. သြော်.... စလုံမှာ ဒီလိုလား။ အဟဲ ရေးပေးတာ ကျေးဇှူး။

    ReplyDelete
  17. မလေးတွေ ပြောသလိုပေါ့။
    ~Jalan Jalan Cari Makan~
    ဟိုနား ဒီနား လမ်းသလား အစားစားပြီးမှ ပြန်သွား ပေါ့နော်။ :-)

    ReplyDelete
  18. မမခင်ရေ
    ပင်နီဆူလာသွားတာလည်း သွားပေါ့ဗျာ
    လမ်းဖြတ်ကူးရင်တော့ သတိထားဦး
    အဖြူတွေရော အနီတွေရော အညိုတွေရော အနက်တွေရော လိုက်ကူးကုန်ကြပြီ။ မြန်မာတွေ ကူးပြလိုက်တာ။ ပျော်စရာကြီး။
    အဲလို မျဉ်းကျားမဟုတ်ဘဲ ပြေးကူးရတာလဲ မြန်မာအလွမ်းပြေတာပါပဲ။

    ReplyDelete
  19. မမရေရီသွားပါတယ်

    ReplyDelete
  20. အမတို့ဆီကို လာချင်သား။ အဓိက က ချဉ်ပေါင်ဝယ်လို့ရတယ်ဆိုလို့။ သပြေခက်တွေလည်း ၀ယ်ရတယ်လား။ မေမိုးနဲ့ တိုင်ပင်ပြီးသွားပါ့လား တယောက်ထဲ ပျင်းစရာ။ ကိုကြီး ၀ီ က ဖုန်းကိုင်လို့လား မမရာ သူရေကူးကန်မှာ အလုပ်ရှုပ်နေမှာပေါ့။ မြန်မာဆိုင်တွေကလည်း ပေါတာပဲလား ဟင်း ဟင်း အလည်လာအုံးမယ် ကွိ ကွိ

    ReplyDelete