Saturday, September 6, 2008

Latha 2


အမှတ်တရ.

ရန်ကုန်မြို့ က လသာ ၂ ဆိုတာ နာမည်ကြီး မိန်းကလေး ကျောင်းတစ်ကျောင်းပါ။ ရန် ကုန် ဆေးရုံ ကြီး အရှေ့ မှာ ရှိပါတယ်။ ကျောင်းကြီး ကတော့ ကောင်းသလား မမေးပါနဲ့. အပေါ်ဆုံးထပ် က ဘော်ဒါဆောင်ပါ. ကျောင်းကြီး ကလည်း အကျယ်ကြီး ကျောင်းထဲ မှာ တင်ကျောင်းပြေးနေ လို့ရပါတယ်။ တောကျောင်း ကနေ ပြောင်းလြာ့ပီး ငါးတန်းကျ မှ ABCD စသင်ရတော့ စာတွေ မလိုက်နိုင်လို့ ငိုခဲ့ရသေးတယ်။ ဘတ်စကားနဲ.ကျောင်းတက်. ။ စာ ကို တစ်နေ့ ၁၀ နာရီ ကျက်ပါတယ်။ ကျူရှင် တောင် သိတ် မတက် နိုင်ပါဘူး။ မယူ မဖြစ် ဘာသာ လောက်ဘဲ ယူဖြစ် ပါတယ်။ အချစ်တော်ထားတာ လဲ ခေတ် စားပါတယ်။ ဘာရယ် မဟုတ် စာပေးစာယူ တွေ လုပ်ကြ. စကားတွေ ပြောကြ. ဒီလိုပါဘဲ. ။ စကော့ဈေး ဘေး ကမိန်း ကလေးကျောင်းနဲ့ ကတော့ မတည့်ကြဘူး။ သူ့ကျောင်းပိုကောင်းတယ်။ ငါ့ကျောင်း ပိုကောင်းတယ် နဲ့ သိတ် အဆင် မပြေကြဘူး။ ကျောင်း အုပ်ဆရာမကြီး က ဒေါ်မြူရီရယ် ထွန်းကျော်ပါ။ စည်းကမ်းလဲရှိ. စာလဲ အသင် အပြကောင်းတော့ နာမည်ကြီးပါတယ်။

23 comments:

  1. ဓါတ်ပုံထဲမှာ မမပုံပါလားဟင်။

    SMNTL

    ReplyDelete
  2. အဲ့ဒီက အချောဆုံးသူက ဒီမမပဲ ဖြစ်မှာပေါ့ဟ ... မေးနေဖို့လိုသေးလား ... :P

    ReplyDelete
  3. အဲဒီကျောင်း၂ကျောင်းက ခေတ်အဆက်ဆက်က ရန်ဘက်တွေဘဲ.. မခင်ဦးမေက သူငယ်ချင်းတွေထဲမှာ အရပ်အရှည်ဆုံးဘဲလား

    ReplyDelete
  4. ဒေါ်မြူရီရယ် ထွန်းကျော်...ပြီးတော့ ဒေါ်တင်တင်...ပြီးမှ ဒေါ်နန်းနွမ်။ လသာ-နှစ်က အရေအတွက် (သူငယ်တန်းမှ ဆယ်တန်းထိ ကျောင်းသူပေါင်း ခုနစ်ထောင်နီးပါး) ရော၊ အရည်အချင်းပါ သာပါတယ်။ ပန်းပဲတန်း-တစ်က အလကား အမောခံ ပြိုင်တား) ဟုတ်တယ်ဟုတ် မခင်ဦးမေ.....

    ReplyDelete
  5. မမပုံက ဘယ်ဟာလဲဗျ

    ReplyDelete
  6. နောက်တန်းမှာရပ်နေတဲ့အထဲကတစ်ယောက်ပါ.. :P

    ReplyDelete
  7. ကျောင်းကို ..သူငယ်ချင်းတွေ ...ကို သတ်ရလို့ သက် သက်ပါ.မခန်.မှန်းပါနဲ.။ shy sh့y. antique
    (SMNTL စတိုင်နဲ အဖြေပေးလိုက်တယ်/)ါ(mixed language)

    ReplyDelete
  8. ငယ်ငယ်တုန်းကပုံလေး ခုထိသိမ်းထားတာ ချီးကျူးပါတယ် မမ။
    ဘယ်တယောက်က မမလဲ၊ ချိုသင်းကိုပဲ တိုးတိုးပြောလေ..။

    ReplyDelete
  9. ရှေ့ တန်း ဘယ်ဖက် အစွန်ဆုံးက တစ်ယောက်က မမ လို့ ထင်တာဘဲ..

    ReplyDelete
  10. မဟုတ်ရင်လဲ စိတ်အရှိပါနဲ့ လေ.. နော် မမ

    ReplyDelete
  11. မြို့မ ကနေ လသာ-၂ ဘက် ကျောင်းဆင်းတိုင်း လျှောက်နေကြဗျ လသာ-၁ ကပုဂ္ဂိုလ်တွေနဲ့တောင် ရန်ဖြစ်ရသေးတယ်.... :P

    ReplyDelete
  12. လသာ(၂) ကကျောင်းသူတွေ
    အချစ်တော်တွေ ကိုယ်စီရှာကြ

    အချစ်တော်တွေ ကိုယ်စီရှိကြ
    လသာ (၂) ကကျောင်းသူတွေ

    ReplyDelete
  13. အခုလို ဓါတ်ပုံဟောင်းလေးတွေ ကြည့်ရတာလဲ ရသတမျိုးပဲ... အဲဒီ ခေတ် အဲဒီအချိန်ကို တခေါက်ပြန်ရောက်သွားရသလိုလေး...

    ReplyDelete
  14. မှန်းစမ်းလက်ထောက်ကြည့်လိုက်မယ် ဟုတ်လို့ကတော့ အော်ပြီပဲ...

    အမရေ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်ပေါ့ဗျာ

    ReplyDelete
  15. "အထက (၂)လသာ၊ မျှတ လှပ ချစ်စရာ၊ တိုးတက်မှာ မိုးထက်အာကာ။" ကျောင်း သီချင်း က စာသားလေးအချို့ပါ။ ကိုးတန်းနဲ့ ဆယ်တန်း နှစ် နှစ်ပဲနေခဲ့ပါတယ်။ ဆရာမကြီး ဒေါ်တင်တင် လက်ထက်ပါ။

    ReplyDelete
  16. My old flame is from Latha 2 and your post revoke old memories. Thanks!!

    ReplyDelete
  17. Dear KOM
    me too,I miss Latha2.

    ReplyDelete
  18. "အထက (၂)လသာ၊ မျှတ လှပ ချစ်စရာ၊ တိုးတက်မှာ မိုးထက်အာကာ… ပန်းပဒေသာ လန်းဝေဖြာ ဖွံ့ ဖြိုးလို့ တိုးတက် ခိုင်မာ… သင်းပျံ့ ရနံ့ စုံစွာ… သိပ်ပံပညာ ၀ိဇ္ဖာပညာ ဖွံ့ ဖြိုးလို့ တိုးတက် ခိုင်မာ အထက (၂)လသာ.... ရှေးတိတ်အခါခါလဲ အောင်ပွဲအဆင့်ဆင့်မြင့်ခဲ့တာ အထက (၂)လသာပါ… ယခုအခါလဲ အနာဂတ်မှာ အောင်ပွဲအဆင့်ဆင့်မြင့်ခဲ့တာ အထက (၂)လသာပါ…”
    မမသီတာကို ဖြည့်ဆိုပေးလိုက်တာပါ… တချို့ စာသားတွေ လွဲလောက်တယ်… ကြာခဲ့ပြီကို… မမခင်ဦးမေနဲ့ ပြောင်းပြန်… သူငယ်တန်းကနေ ၅တန်းထိပဲနေခဲ့တာ… ဘာပဲဖြစ်ဖြစ် အမျိုးတွေပေါ့…

    ReplyDelete
  19. လသာ ၂ ဆိုတော့ ကျွန်တော့် အမေလဲ အဲဒီ့ကျောင်းထွက်ဆိုပြီး ဝင်ကြည့်မိတာပါ။ အမပုံပါတယ် မဟုတ်လား ကျွန်တော်ကတော့ သိသွားပြီ ဘူတူမှ မပြောပါဘူး စိတ်ချ မှန်းကြည့်လို့ရတယ်။ အမေ့ထက်တော့ ငယ်မယ် ထင်တာပါပဲ ဟိ။ လသာ ၂ ကတော့ဗျာ တကယ်ပဲ ကျွန်တော် ရန်ဖြစ်ရတဲ့ အထဲ ခနခနပါတဲ့ ကျောင်းပေါ့။ သူများတွေကို လိုက်ပို့တာ အဲဒီ့က အချစ်တော်တွေက ကောင်မလေး လာကြည့်တယ် မှတ်ပြီး ပြဿနာလာရှာတယ် မိန်းမနဲ့ယောက်ျား တွဲသတ်လို့ မကောင်းတော့လဲ စိတ်လျှော့ရတာပေါ့ :D

    ReplyDelete
  20. please join latha2alumin at FB. you could see your old teachers.

    ReplyDelete
  21. ကျောင်းကိုအရမ်းသတိယတယ် ... :(

    ReplyDelete
  22. ဟင်.. ခုမှ ဒါကို ဖတ်ဖူးတယ်.. တူတူပဲပေါ့.. နညက သူငယ်တန်း တူ ဆယ်တန်းထိပဲ.. ဒေါ်ခင်အုန်းမြင့်လက်ထက်..

    ReplyDelete
  23. I miss our school, BEHS 2 Latha so much!! Thank you for your uploading! :D

    oh, by the way, let me share our school song. :)

    ပညာရေး အဆင့်မြင့်စေရာ….
    အစဉ်သာ တွေးချင့်တင့်ဝေဆာ……
    နှစ်ပေါင်းများ ရှည်ကြာ
    တကယ် ကြိုးစားလေတာ
    ဂါရဝထား၊ ဆရာမများ
    အားနဲ့ ဇွဲ နဲ့ သာ

    ပညာရေး အဆင့်မြင့်စေရာ…….
    အစဉ်သာ တွေးချင့်တင့်ဝေဆာ……
    အထက (၂) လသာ
    မျှတလှပ ချစ်စရာ
    တိုးတက်မှာ မိုးထက်အာကာ………

    ပန်းပဒေသာ လန်းဝေဆာ
    ပွင့်ဖူးလို့ မြူးဝင့်ကာသာ
    သင်းပျံ့ ရနံ့ စုံစွာ

    သိပ္ပံပညာ၊ ဝိဇ္ဇာပညာ
    ဖွံ့ ဖြိုးလို့ တိုးတက်ခိုင်မာ
    အထက (၂) လသာ....

    ရှေးခေတ်အခါကလည်း
    အောင်ပွဲ အဆင့်ဆင့်မြင့်ခဲ့တာ
    အထက (၂) လသာပါ…..
    ယခု အခါနဲ့ အနာဂတ်မှာ
    အောင်ပွဲ အဆင့်ဆင့်မြင့်လို့ သာ
    အထက (၂) လသာပါ.....

    ReplyDelete