Saturday, September 20, 2008

One minute interview

Kom:: ကြွပါ ရှင်။ ကြွပါ.။ ဘလောက် တိုင်း ဂျာနယ် က ကို Boyz ထင်ပါရဲ။ အစ်မ က နာမည် ကြီး မို. ဗျူး ချင် လို.ပါ လား။ ရပါတယ်။ ကြမ်းပြင် ပေါ် မှာ ဘဲ ဖျာ ခင်း ပြီး ထိုင် လိုက် ကြ တာပေါ.။ စလုံး အိမ် ငှား ခ တွေ ဈေး ကြီး လွန်း လို့ ဝိတ် လျှော့ပြီး no furniture အိမ် ကို ငှား ထား မိ လို.ပါ.။

ဘာဖြစ်လို. Khinwomay 77 ဖြစ်ရတယ် ဆို တာ 1977 မှာ မွေးတယ် လို့ မထင်ပါနဲ.။ အဲဒီ အချိန် မှာ ရည်းစားတောင် ရ နေပါ ပြီ ။ ငှဲငှဲ။ blog ကို နာမည်ပေး ရင်းနဲ. Khinoomay ကို လက် မခံလို. ဟိုစမ်း ဒီစမ်းရင်း နဲ. အဲဒီလို ဖြစ် သွား တာပါ။

အစ်မ on line မှာ ပျောက် သွား တာလား။ ဒါ က ဒီလိုရှိပါတယ်။ အလုပ် နဲနဲ ရှုပ်သွားတယ် လေ။ ပိရိတ်သတ် ကို ပိုစိတ်ဝင်စားအောင် နဲနဲ လှူပ် ပေးတဲ့ သဘောလဲ ပါတယ်။ ကိုကို့ Flu ကလဲ ရှင်းရှင်း မ ပျောက် သေးဘုး။ အစ်မ ကွန်ပြူတာ ရှေ့ မှာ ထိုင် နေပြီ ဆို ရင် သူ့ ချောင်း က ပို ဆိုး သလိုဘဲ။ အစ်မ လဲ အဲဒါနဲ. Baby sitter လုပ်ရင်း အိပ်ပျော် သွား လို့ပါ.။

ရုံးချိန် အတွင်းလား။ မဖြစ်ပါဘူး။ ကွန်ပြူတာ မှာ လေးထောင့် တုံး တွေ ဘဲ မြင် နေရတယ်။ TZA နဲ. Mabaydar ဆီသွားပြီး သူတို့ စီဘောက်ထဲ ထဲ. ကြည့် တော.လဲ မ မြင် ရဘူး။ ပြီး တော. ဘဲ အုပ် က တစ်ရာ နှစ်ရာ ဗေဒါ က တပင်ထည်း ဆို သလို ရှိတဲ. ကွန် ကလည်း လှည့် သုံး နေ ရတာလဲ ပါ ပါတယ်။

ပျင်းနေတာလဲ ပါပါတယ်။ ပျင်း ရင် ခွင်.ယူပြီး ဘလော. နေ ပါလား ဆိုရင် လည်း မဖြစ် သေးဘူးလေ။. Boss ခွင်.ယူ ထားတယ်။ boss ခွင်.ယူ ထားရင် ကိုယ် မယူ သင့် ဘူး မဟုတ် လား။ Boyz တို. ရှမ်းရိုး ရာ နှစ် သစ်ကူးပွဲ တော် ဖိတ် တာ ကျေးဇူးလဲတင်။ လာချင် ပါတယ်။ ဒါပေ မဲ.လဲ အစ် မ က နေ အမ်းမားဖြစ် သွား မှာ စိုးလို. မလာ တော့ဘူး လို့ ဆုံးဖြတ် ထားပါတယ်။

ဘာပြောချင် တာများ ရှိ ပါသေး လဲ ဆိုတော့ နောက် လာနောက် သားတွေ ကို ဘလော. စ မလုပ် ဘို့ပြောချင် ပါတယ်။ အချိန်ကုန်။ အိမ်မှု ကိစ လစ်ဟင်း။ စာမဖတ်ဖြစ်. သတင်းစာ မဖတ်ဖြစ် တီဗွီ မကြည်.ဖြစ် …သွားလို့ပါ။

ဟုတ်ကဲ.။ ရေး နေပါတယ်။ လက်စသပ် နေပါပြီ။ ဘယ် တော.ပို.စ် တင် မလဲ ဟုတ်လား။ သန်းကောင် ကျော်မှပါ။ ခက်တော.တာဘဲ။ မေးပြန်ပြီ။ ဘာဖြစ်လို. သန်းကောင် ကျော် မှ တင်ရတာလဲ ဆိုတော. ဒီနေ့ အတွက် နောက် ကျ နေတဲ့ အတူတူ အချိန် တစ်ရက် ခိုး လိုက်တာပါ။ အဲဒါ ဆိုရင် တစ်ရက် ပို နှပ် လို. ရတယ်လို.။ သြော် ….အဲ ဒီ လို ဥာဏ်ရည် မြင့်လို့လဲ အခု လို စိတ်အေးလက် အေး သူ များ ရှာ တာ ကို ထိုင် သုံး နေ နိုင် တာပေဲါ့။ အင်.. ..ပြန် တော.မလို့လား။ အအေး လေး မှ မတိုက်လိုက်ရ...... ဟုတ်..ဟုတ်…..ဂျာနယ် ထွက်ရင် အိမ် ကို ပို့ပေး ပါ ဦး…………………..ဖြည်းဖြည်းပြန်ပါ....

30 comments:

  1. ဂျာမယ် မရောင်းရပါဘူးဗျာ...။ လက်မှတ်ပဲ လာရောင်းတာပါ...။ တစ်ကတည်း ပတ်ပြေးနေလိုက်တာ...။ ဟွန့်။

    ReplyDelete
  2. အင်တာဗျူးက မိုက်တယ်ကွာ။ တမိနစ်နဲ့ ပြည့်စုံပါတယ်။ မေးခွန်းအားလုံးကို ဖြေပြီးသား ဖြစ်သွားပြီ။ မှတ်သားရပါ၏ မမ။

    ReplyDelete
  3. ဟား ဟား :))

    ရီရ တယ်ကွာ။ ရေလည် မိုက်တယ်။

    ''အဲ ဒီ လို ဥာဏ်ရည် မြင့်လို့လဲ အခု လို စိတ်အေးလက် အေး သူ များ ရှာ တာ ကို ထိုင် သုံး နေ နိုင် တာပေါ့။''

    အဲဒီ စကားကို ခိုက်တယ်၊ တကယ်ပါပဲ။

    SMNTL

    ReplyDelete
  4. စောင့်ရကျိုးနပ်ပါတယ်။ အားရပါးရ အော်ရယ်ပစ်လိုက်တယ် သိလား။ KMSL ကို ဂရုစိုက်နေလို့ မဘလော့ဂ်နိုင်တာကိုး။ လွတ်စေသတည်း ဟိဟိ။

    ReplyDelete
  5. ''အဲ ဒီ လို ဥာဏ်ရည် မြင့်လို့လဲ အခု လို စိတ်အေးလက် အေး သူ များ ရှာ တာ ကို ထိုင် သုံး နေ နိုင် တာပေါ့။''

    ဒီတစ်ခါ နန္ဒာ ဦးသွားပြီ =) ကြိုက်တယ် ပြောမလို့ဟာ.. နောက်တစ်ခုရှာလိုက်တော့ . . .

    "ဘာဖြစ်လို. သန်းကောင် ကျော် မှ တင်ရတာလဲ ဆိုတော. ဒီနေ့ အတွက် နောက် ကျ နေတဲ့ အတူတူ အချိန် တစ်ရက် ခိုး လိုက်တာပါ။ "
    ဒါလည်း မှတ်သားစရာပဲ။ =) =)

    ReplyDelete
  6. ဆူပါဘယိုင်းဘဲ ဘရာဘိုပေါ့နော်

    ReplyDelete
  7. အမ..ရေလည်မိုက်တယ်..
    ပြုံးပီးပြန်တယ်ဆိုတာ ဒါမျိုးပေါ့..
    မီးမီးက စိတ်ပူနေတာ.. ငါတို့အမကြီးနေမကောင်းဘူးလားဆိုပီး

    ReplyDelete
  8. အရိုးသားဆုံးဟာ အဆန်းပြား ဆုံးလို့ ပြောသလိုပါပဲ၊၊ မKOM ကြီး ရဲ့ ပွင့်လင်းတဲ့ ရေးဟန်တွေက ဖတ်သူတွေ ကိုစိတ်လက် ပေါ့ပါးစေပါတယ် ၊၊ ဒါပါပဲ ..ခင်စရာကောင်းတဲ့ မမဂွိ ၊၊

    ReplyDelete
  9. ဟား ဟား ပျောက်နေပါတယ်မှတ်တယ် အင်တာဗျူးနေလို့ မအားတာကိုး။
    မင်းသမီးဆိုတော့လည်း ပွဲဆက်က အများသား

    ReplyDelete
  10. ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေ လုပ်နေတာကိုးး)
    အမ်းမားဖြစ်သွားမှာ စိုးလို့ဆိုတာတော့ နားလည်ဘူးဗျ။

    ReplyDelete
  11. ဟီးးးး ဟီးးးး အတော်နောက်တယ်ဗျာ...
    ကြိုက်တယ်ဗျာ.... ရီရတယ်.....
    ကြိုက်တာလေးနှစ်ခု ရှေ့က မင်းသမီး ၂ယောက်
    ဦးသွားလို့ ရေးတော့ဘူးဗျ။ မိုက်တယ်.....

    ReplyDelete
  12. ဟားဟား.....ကျနော်တို့ မင်းသမီးက ဒီလို အလှုပ်တွေလည်း ရတယ်လား။ ချောင်းဆိုးမှာ ကြောက်လို့  Baby sitter လုပ်နေရတယ်ဆိုတော့ ရှိစေတော့ဗျာ။ ဒါနဲ့ ဘာဖြစ်လို့  အမ်းမား ဖြစ်ရမှာလည်းဗျ။ အင်တာဗျူးက မရှင်းမရှင်း မလုပ်နဲ့ လေ။

    ReplyDelete
  13. အမရဲ့ one minute interview ကိုဖတ်ပြီး သိချင်တာ သိသွားရပြီ။ khinoomay77 ဆိုတော့ 77 ခုနှစ်မှာမွေးတယ်လို့ထင်နေတာ..
    အမစာရေးထားတာ ဖတ်ပြီး ရီရလွန်းလို့... အမရေ.. :D

    ReplyDelete
  14. မိုက်တယ် ခိုက်တယ် ကြိုက်တယ် ဂွတ်တယ် :D

    ReplyDelete
  15. ဟား ဟား.. မမရေ.. ကောင်းလိုက်တဲ့ အင်တာဗျုး.. :P
    အဟဲ.. ဒါနဲ့ အမ်းမားဆိုတာဘာလဲဟင်.. တိဘူး.. :)

    ReplyDelete
  16. အမရေ အင်တာဗျူးဖြေနည်းကို သဘောကျတယ် ။ ဖြေချက်တွေက ချက်ကျ လက်ကျပဲ ။
    အသက်တွေ တော်တော် ရှည်သွားတယ် အမရေ ။ :)

    ReplyDelete
  17. ဟုတ်တယ်..မခင်ဦးမေကို ၁၉၇၇ မှာမွေးတယ်ထင်နေတာ..
    ဥာဏ်ရည် မြင့်လာစေရန် မည်သည့်စာပေကို
    လေ့လာသင့်ပါသနည်း၊

    ReplyDelete
  18. ဟားဟား ဒါကြောင့် စစချင်းတုန်းက ကျွန်မက ညီမလေးရေလို့ လာခေါ်မိတာလေ။ 77 ဆို
    တော့ သူများထက် ၅နှစ် ၆နှစ်ငယ်တယ်ထင်နေတာ။ နောက်တော့မှသူက I’m the oldest Myanmar blogger ဆိုပြီးလာအော်လို့ ပြန်တောင်းပန်ခဲ့ရသေးတာကော။ ခုမှပဲ
    ရှင်းသွားတော့တယ်။
    အင်း..နောင်လာနောက်သားတွေကိုသာ ဘလော့မလုပ်ဖို့ ပြောလို့ ရရင်ရမယ်။ ခုကွန်မန့် 
    လာရေးသူတွေကိုတော့ပြောလို့ ရတော့ဘူးဗျို့ ။ကျွန်မတော့ အတန်းဖေါ်တွေနဲ့ စိတ်ဝမ်းကွဲ
    ခံပြီးမှဘလော့စရေးခဲ့ရတာ။ သူတို့ နဲ့ ဘယ်သွားသွားမလိုက်တော့လို့ တဲ့။ အိမ်ပြန်ရောက်
    တော့ ကိုကိုက နားလည်မှူရှိလို့ တော်သေးရဲ့။ ဒါပေမယ့် အချိန်ပေးရတယ် အစ်မရေ။ ကိုယ်ကျေနပ်ရာကျေနပ်ရာပဲပေါ့နော်။
    တစ်မိနစ်လောက်ဗျူးဖို့ အတွက် စာကျက်နေတာထင်တယ်။ အဟဲ..ပျောက်နေတာကကြာသလားလို့ ပါ။ သူများတော့ရုံးကစက်ထဲမှာ ဇော်ဂျီရှိနေတယ်
    လေ။(ခုမှကွန်နက်ရှင်မြန်လို့ အစ်မဆီကွန်မန့် ပေးလို့ ရတာ)

    ReplyDelete
  19. ဟဲဟဲ အမ်းမား လို့ခေါ်ရမှာလား ခွိခွိ ကိုယ့် ညီမလေးတွေကိုလည်း ဥာဏ်ရည် မြင့် အောင် သင်တန်းလေး ပေးပါအုန်းနော် ။ :P

    ReplyDelete
  20. 77 မှာ တားတားတောင် မွေးတေးဝူး
    တူက ရည်းဂျားတွေ ဘာတွေ ရနေဘီ... :D

    ReplyDelete
  21. မကွန်းရေ..
    ကျွန်တော်လည်းဘလော့တွေလိုက်လည်ပြီးမှ..
    အိမ်ပြန်ဖို့လမ်းရှာမရဖြစ်နေပြီ...ဟီးး

    ReplyDelete
  22. မမအင်တာဗျူးဖတ်ရတာ
    သွားကိုစေ့လို့မရတော့ဘူး
    ထပ်ထပ်ပြီး အင်တာဗျူးသူတွေများလာပါစေ
    ဒါမှများများဖတ်ရမှာ....အဟိ

    ReplyDelete
  23. မမရေ ... အရယ်သန်သူများ ရုံးတွင် မဖတ်ရလို့ သတိပေးစာတန်းလေး ထိုးပေးပါနော် ...

    ReplyDelete
  24. အစ်မစာကိုဖတ်ဲပီးရယ်လိုက်တာ အကျယ်ကြီးဖြစ်သွားလို့ ဘေးကတောင်မေးတယ်အစ်မရေ မိုက်တယ်နော် ဆက်ရေးပါနော်အစ်မ

    ReplyDelete
  25. This comment has been removed by the author.

    ReplyDelete
  26. အမရေ...
    သိပ်ကောင်းတာပါဘဲ...။ ရယ်ရတာလဲ မပြောပါနဲ့ တော့။
    ရေးတတ်လိုက်တာနော်.. ဥာဏ်ရည်မြင့်လို့ ဘဲ ဖြစ်ရမယ်။ ဟီဟိ..
    နောင်လာ နောက်သားတွေ ကို ဘလော့ဂ် စ မလုပ် ဘို့ပြောချင်တယ် ဆိုတာကို ၁၀၀% ထောက်ခံပါတယ်။
    ဘလော့ဂ်တစ်ခုနဲ့  ဒီမှာ အစစ လစ်ဟင်းရတာတင်မက အသစ်မရေးနိုင် မတင်နိုင်ပြန်ရင်လဲ ရင်ထဲမှာ နဲနဲလေးမှ မကောင်း...။ ဟူး... ခက်ပုံခက်နည်းများ..

    ReplyDelete
  27. ဟွန့်..ဒီလိုကြီးလား..။ တော်တော်နောက် :P

    ReplyDelete
  28. ဟွန်း.. အကုန်ရေးသွားကြပြီ၊ ဘာရေးရမှန်းသိတော့ဘူး၊ ဒါပဲ။

    ReplyDelete