
စင်္ကာပူ မှာ ရထားလက် မှတ် ကို သူများဝယ် နေ တာ ရိုက်ထား တာ ပါ.။ EZ link card လို့ ခေါ် ပါ တယ်။ အဲဒီ ကဒ် နဲ. ဘတ်စကား စီး လို့ ရ သလို ရ ထား လဲ စီးလို့ ရပါတယ်။ တစ်ခါ သုံး လက် မှတ် လဲ ဝယ် လို့ ရ ပါတယ်။
တစ်ခါ သုံးရဲ့  အားနည်း ချက် က ခရီးစဉ် များရင် discount မရပါဘူး။ ကဒ် ပြား ကတော. ဆက် တိုက် များများစီးရင် discount ရပါတယ်။ စက် ကလေး က သိတ် တော်ပါတယ်။ လက်ရှိ balance ကိုစစ် လို့ရ သလို top up လုပ် လို့ လဲ ရပါ တယ်။ ကျန်တဲ. လုပ် ဆောင် ချက် ကလေး တွေ လည်း ရှိ သေး ပေ မဲ. သိတ် ပြော စရော မရှိ လို. ကျော်လိုက် ပါမယ်။
ကွန်ပြူ တာ screen လို မှျှူိုး တွေ့တယ် ဟုတ်။ အဲ ဒီ အပေါ် မှာ လက် ညိုး ကလေး ထောက် ပြီး (လက်သန်း ထောက် ချင်ရင် လည်းရပါတယ်။ ) ကိုယ် ရောက် နေတဲ. အရပ်ဒေ သ ကနေ ကိုယ် သွားချင် တဲ. အရပ် ဒေ သ ကို လက် ထောက် လိုက် ရင် ဘယ် လောက် ကျ သင့်လဲ ဆိုတာ screen မှာ ပြပါတယ်။ ကျ သလောက် ကို စက် ထဲ ထည့် လိုက် ရင် စက် က အကြွေ လဲ ပြန် အမ်း တတ် ပါတယ်။
Top up လုပ်တဲ့ အခါ cash နဲ့ ပေး လို့ ရ သလို ဘဏ် ကဒ် နဲ.လည်. ပေး လို့ ရပါတယ်။ စလုံးး ကတော့ အတော် အဆင့်မြင့်ပါ တယ်။
စလုံး က ပဲရစ် လို ကိုးရီးယား လို တော. ရထားလမ်း မရှုပ် ပါဘူး။ ပဲရစ် နှဲု့ ကိုး ရီး ယား သွား တုံး ကတော့ ရထား လမ်း တွေ ဆို တာ ကြွက် တွင်း တွေ လိုဘဲ ရှုပ် ရှက် ခတ် နေ တာ မနည်း နားလည် အောင် ကြည့်ရပါ တယ်။ စလုံး မှာ ရထား စီး ဘူး လို. တော် သေး တာပေါ့.။
အီ တလီ သွား တုံး ကတော့ ရော မမြို့ ကြီး မှာ ရထား စီး ခဲ.ပါသေး တယ်။ စလုံး ကတော့ အသစ် ဆုံး ဘဲ။ ရော မမြို့ က လက် မှတ် ဝယ် တဲ. စက် ဆိုရင် အတော် ကို antique ဖြစ် နေပြီ။ ဘန်ကောက် ကတော.ခဏဘဲ စီးဘူးတယ်။ မှတ်မိတာ ကတော. ရထားလိုင်းဘေး မှာ dry ခြောက်သွေ့တယ်။ စလူံး ကတော့ နေရာ တစ်ကာ သစ်ပင်နဲ့ ဖုံးလွှမ်းထားပြီး သစ်တောထဲမှာ ဆိုတဲ. ခံစားချက် မျိုးရတယ်။
မလေး ရှား KL က ရထား က လဲ စလုံး နဲ. ယှဉ် ရင် နောက် ကျ သေး တာဘဲ။ စလုံးက ကဒ် ပြား လေး ကို အဝင် မှာ tap လုပ် ရပါတယ်။ ရုပ်ရှင် တွေ မှာ စုံ ထောက် က သူ့ရဲ့ ID လေး ကို ဖတ် ကနဲ ပြ လိုက် သလို ပေါ့. ။
KL ရထား လက် မှတ် ကတော့ ဟို တုံး က စလုံး လို မျှိုး အဝင် မှာ စက် ထဲ ထည့် လိုက်ြ့ပီး ပြန် ကောက် ခဲ့ ရပါတယ်။ . KL ရဲ့  အား နည်း ချက် က ဒီ ဘူ တာ မှာဘဲ ရထား ပြောင်း ချင် ရင် အောက် ကို ဆင်း / ဟို ဘက် ခြမ်း ကို သွား။ ပြန်တက် ပြီး မှ ရထား ပြောင်း စီး ရတာဘဲ။
စလုံး ရဲ့  အား သာ ချက် ကတော့ ဟိုဘက် ဒီ ဘက် ကို ဆငိးလိုက် တက် လိုက် လုပ် စရာ မလိုဘူး။ ဒီ ဘက် ကနေ ဟို ဘက် ကို ကူး သွား ရုံဘဲ။ ပလက် ဖောင်း က အလည် မှာ ရှိ ပြီး ရထား တွေ က ဘေး ကနေ ဝင် ကြတယ်။ KL ကတော့ ရထား က အလည် က ဝင် ပြီး လူ တွေ က ဘေး ပလက် ဘောင်း က တက် ကြ ရတယ်။
ရှုပ် ကုန်ပြီထင်တယ်။ ရပ် လိုက်တော့မယ်။ တို့ က အဲ ဒီ လိုဘဲ teaching ညံ့ တယ်။ ကိုယ် နားမလည် တဲ့ အကြောင်း အရာ မပြောနဲ့. နားလည် တဲ. အကြောင်း အရာ ကို သူ များ ကို ရှင်းပြ ရင် ကိုယ့်ဘာ သာ တောင် လည် သွားတယ်။ နိုင် ငံ ခြား နဲ့ ကိုက် တာ ပေါ့။ နိုင်ငံ ခြား မှာ မရှငိး လို့ သွား မေးရင် သေ ချာ ရှင်း ပြတယ် လေ။ ဒါ ပေမဲ. လိုက် လုပ် ကြည့် အ ဖြေ မရဘူး။
ဂျပန်. အင်္ဂလန်. အော်စီ အမေရိကား။ လာခဲ.ဦးမည်။ စိတ်ကူးထဲ။
ReplyDeleteမမခင်ဦးမေ .. အရမ်းကြွားတာပဲ ... အနော်တို့တောင် ဘယ်မှ မရောက်ဖူးသေးဘူး .... ရောက်ဖူးအောင် ခုလိုက်ပို့ပေးပါ ..။ ဒါပဲ ... :P
ReplyDeleteမမ နဲ့ KSML.., US & England လာရင် နန္ဒာ မမတို့ Couple ကို Tour Guide လုပ်ပြီး စုံအောင် လိုက်ပို့ ပေးမယ်။
ReplyDeleteUS & England ရောက်ခဲ့ရင် နန္ဒာ အိမ်မှာ တည်းရမယ်။
US မှာဆို Boston မှာ Family Home နဲ့ LA မှာ 2nd Home အဖြစ် Apartment ရှိတယ်။ States နှစ်ခုလုံးကDifferent weather & diffrent life style ဖြစ်ပေမယ့် States 2 ခုစလုံး လည်စရာတွေ ပေါပြီး နေလို့ကောင်းပါတယ်။ England မှာလဲ London မှာ 2 bed apartment ရှိတော့ ၁ခန်းကို မမတို့ Couple လာရင် Accommodate လုပ်လို့ရတယ်။
ဖေဖေနဲ့မေမေကလဲ မမတို့ ကိုခင်မှာ အသေအချာပါ။ အခုတောင် နန္ဒာ ပြောပြထားလို့ မမကို သိနေကြပြီ။
မမသာ လာဖြစ်အောင်လုပ်.. I do really mean it!! :))
England မှာလဲ Oyster Card ကို အဲဒီလိုပဲ အသုံးပြုကြတယ်။ Very Systematic ပဲ။ Easy to use for all passengers...
Thanks for sharing.
SMNTL
“ကဒ်ပြားလေးကို အဝင်မှာ tap လုပ်ရပါတယ်။ ရုပ်ရှင်တွေမှာ စုံထောက်က သူ့ရဲ့ ID လေးကို ဖတ်ကနဲ ပြလိုက်သလိုပေါ့”
ReplyDeleteကွက်ကွက်ကွင်းကွင်း ရေးပုံလေး ကြိုက်တယ်း)
ရထားအကြောင်းတွေ ရေးထားလို့ လာဖတ်သွားပါတယ် ခင်ဗျာ
ReplyDeleteမမလာလည်မယ်ဆို လက်တို့လိုက်ပါ။ အမြဲတန်းကြိုဆိုနေပါမယ်။ အဟုတ် တကယ် အတည်ပါ မမ။
ReplyDeleteခင်မင်စွာဖြင့်
မ KOM ..ဟုတ်ကဲ့ ..ရှင်းပါတယ်ဗျာ ၊၊ ခုလိုရှင်းပြတာ ၊၊ :D ဆက်လက်၍ ရေးသာရေးဗျာ စိတ်ကူးတည့်တာတွေ ...ဟီး
ReplyDeleteကြိုက်တာလုပ် ပါဗျာ :D
အစ်မထက် SMNTL ကပိုတောင်ကြွားသေး။ဖတ်ကြည်.။ :D
ReplyDeleteRepublic မနောက်ပါနဲ.အေ. ။စလံုးသား ချင်း။
My metro မလာ စဘူး အလာထူ။
ရထားသံကြား တာနဲ့ ပြေးလာတော့ တာဘဲ။ အသံ ကြားတယ် ထင်ရဲ့ ။
နုသွဲ့၊ တို. ရင် တွေ ခုန်နေသည်. အချစ် အားသိတ် မရှိ သေး။ ဖျားပြီး ကာစ။
မဇနိ. သူကဖြင်.စာတွေ ပိနေပြီးတော့။
သြော် .ကိုဇနိဆီ တော. အသွားတော့ပါဘူ။ ဝေးတယ်။ အေးတ.ယ် တို.က အအေး မခံနိုင်ဘူး။ နှာခေါင်း မကောင်းဘူး ဟက်ချိုးလိမ့်မ.် ။
ဂျပန် ကတော. အင်း။ မြတ် နိုးလေး ကတော. မဆိုးဘူး ။ မြရွက်ဝေ တို. ဝါဝါ ခိုင်မင်း တို. ဂျပန် မလေး meg. တို.ရှိကြတယ် ဒါပေမဲ. တစ်ချို့ ကသူ တို့ဘာသာ တောင် သိပ်မလည် သေးဘူး။ ဆိုဘဲ.
နတ်သျှင်နောင်။ ကဲ ခေါ်မယ် နောက် တစ်ခေါက် သားစိုး ကလည်း ကြိုးစား အားကျ နေရုံ နဲ. အပြီးဘူး။ မမ လိုကြီးပွါးအောင်။ ကြိုးစား စာကျက် .စာတတ် မှ ကြီးပွါး မှာ။ မောင်မောင်နဲ. ယုဝရီ. အခက် အခဲ ထဲ ကလာ လို. ကျေးဇူ.း
ဘယ် သူ မှန်းမသိတဲ. သစ်နတ်ဆူးလဲ ကျေးဇူး
အလုပ်တော.နောက်ကျ တော့မှာဘဲ.. ပြေး မှ. တကယ် ကို ပြေးမှ. ဘိုင်.
မမရေ Yishun ကိုလာလည်ပါလား ။ Tour Guide လုပ်ပေးမယ်လေ။ :P
ReplyDeleteတီတီကွန်း..တီတီကွန်း..ရေ..နောက်ဆိုရင်ရထားလမ်းတွေတိုးတော့
ReplyDeleteမှာ..ဒါဆိုပိုပြီးရှုပ်ကုန်တော့မယ်နော်။....
တီတီနော်..တီတီ..
တီတီတွားယည်ယင်မီးယဲယိုက်မာဏော်..မီးဂိုယဲလက်တို့လိုက်..
:P :P :P
ရှင်းရင်းနဲ့ ရှုပ်ပေါ့နော်... ဒါပေမယ့် Teaching မညံ့ပါဘူး။ မြင်သာသလိုတော့ ဖြစ်ပါတယ်။ စလုံးမှာ နေတဲ့လူမို့လို့ ဖတ်ရတာ နားလည်တာမျိုးလားတော့ မသိဘူးပေါ့ဗျာ။ နိုင်ငံတွေကို ခုန်ဆွ ခုန်ဆွ ရေးနေတော့ ဖတ်တဲ့သူက နိုင်ငံအစုံကို ရောက်သလိုတော့ ခံစားရပါတယ်။
ReplyDeleteမမ
ReplyDeleteစလုံးမှာ ရထားစီးတာဆိုလို့ ပြောပြရအုံးမယ်။ စလုံးက ဟိုးအရင်ကနဲ့မတူ၊ ကဒ်ကို စက်ကလေးထဲထည့်စရာမလိုဘဲ ကဒ်ထည့်ထားတဲ့ pocketပိုက်ဆံအိတ်ကို တင်လိုက်တာနဲ့ ငွေက နှုတ်သွားတာကိုးနော်။
ချိုသင်းက သူများတွေ လုပ်ပုံကြည့်ပြီး အားကျပြီး ကိုယ့်ပိုက်ဆံအိတ်ကို စက်ပေါ်တင်နေတာ တံခါးကလဲ မပွင့်ဘူး။ ဘယ်ပွင့်ပါ့မလဲ၊ ကဒ်ကို လက်ကကိုင်ထားပြီး ပိုက်ဆံအိတ်ချည်း တင်နေတာ။ ဖြစ်မှ ဖြစ်ရလေ..။ :D
မမKOMနဲ့အတူ ကမ္ဘာတစ်ပတ်ပတ်လိုက်ပြီ... :)
ReplyDeleteရထားဆိုလို့ ငယ်ငယ်တုန်းက လှည်းတန်းကနေ မြို့ထဲသွားရင် တစ်မတ်နဲ့ မြို့ပတ်ရထားစီးဖူးတယ်။
ReplyDeleteဘန်ကောက်မှာ Sky Train စီးဖူးတယ်။ တိုကျိုနဲ့ ဆိုးလ်မှာ Subway စီးတယ်။ အဲဒီနှစ်မြို့က ဘူတာခပ်ကြီးကြီးတွေဆို သုံးလေးထပ်နဲ့ ရှုပ်ယှက်ခပ်နေတာပဲ။ အပေါက်တွေကလည်း အများကြီး ဈေးတွေ ဆိုင်တန်းတွေ.... လမ်းမှားတာလဲအခါခါပဲ ... အားတဲ့အချိန် မြေပုံလေးကိုင်ပြီး လျှောက်လည်ရတာပေါ့ .....
သူများရေးတော့ ရေးပြချင်စိတ်တွေ ပေါ်လာပြီ။ အင်းခနနော် ၂၈ရက် နောက်ပိုင်း ရထားအကြောင်း ကားအကြောင်း နဲနဲ သိသမျှ လေပေါ ပေးလိုက်မယ်။ အခုတော့ မခင်ဦးမေ သွားခဲ့တဲ့နိုင်ငံတွေကို မှန်းစပြီး လည် လိုက်တယ်။
ReplyDeleteရန်ကုန်က မြို့ပတ်အကြောင်း ရေးပြရင်ကောင်းမလား.... :P
ReplyDeleteအစ်မပြောမှပဲသတိရတယ်။ ထိုင်ဝမ်ရောက်ကတည်းက ဆိုင်ကယ်နဲ့ ကားနဲ့ကြည့်ပဲသွားနေတာနဲ့ရထားကိုမစီးရသေးဘူး။ ဘန်ကောက်မှာတုန်းက ရထားကဒ်ထည့်လိုက်တာ ပြန်ထွက်မလာလို့ အရေးပေါ်ဂိတ်ထွက်ပေါက်က ဖြတ်လိုက်ရတယ် :P
ReplyDeleteဟားဟား... မမိုးချိုသင်း အဖြစ်ကမှ ပိုရီရသေးတယ်...။ ပိုက်ဆံအိတ်ထဲက ပိုက်ဆံကို နှုတ်မယ်ထင်လို့တဲ့...။
ReplyDeleteဒေါ်ဒေါ်နဲ့ ဦးဦးတို့
ReplyDeleteအနော်တို့ရွာလေးကို လာလည်ရင် ပတ်ဝန်းကျင်က ရွာတွေပါ အကုန်နှံ့အောင် လိုက်ပြဦးမယ်။ ဒေါ်ဒေါ်တို့လာရင် ရွာထိပ်ကနေ လှည်းနဲ့လာကြိုမှာ။ တည်းတာတော့ အနော်တို့အိမ်မှာပဲတည်းရမှာဗျ။ အိမ်ဘေးက အဖီလေးက ညအိပ်ရင် လေတဖြူးဖြူးနဲ့ အရမ်းအေးတယ်။ အပြောင်းအလဲလေးဖြစ်အောင် ရွာစပ်က ဘကြီးမှုံရဲ့ လယ်စောင့်တဲလေးမှာလေး တစ်ညတည်းဖို့ပြောထားတယ်။ ညခင်းဆို ဖားအော်သံလေး အုံးအွမ်နဲ့ တမျိုးကြည်နူးဖို့ကောင်းတယ်။ အဘနဲ့အမတို့ကလည်း ဒေါ်ဒေါ်တို့ကို ဆက်ဆက်လာလည်ဖို့ တဖွဖွမှာနေကြတယ်။ လာဖြစ်အောင်လာပါ ဒေါ်ဒေါ်တို့ဦးဦးတို့ရာ။ ရွာမှာတော့ နွားလှည်းပဲ အားကိုးနေရတယ်။ ငညိုနဲ့ ငနီက လိမ္မာပါတယ်။ ကြိမ်တို့စရာတောင် မလိုဘူး။ ဟဲ့ ဆိုတာနဲ့ တန်းပြေးတာပဲ။
ဒေါ်ဒေါ်နဲ့ ဦးဦးတို့ ကျမ္မာ ချမ်းသာကြပါစေ။ တော်သေးဘီ။
တူမောင်
မေတ္တာဖြင့်
မမရေ....
ReplyDeleteသာကေတီးယားကိုလာလည်ပါလားဟင် ..တိုးဂိုက်လုပ်ပေးမယ် ..ဆိုက်ကားခ မမစိုက်နော်.. နအဖပြုတ်ရင် ပြောင်ဖူးကျွေး.. အဲအဲ.. ပြန်ဆပ်မယ်..
သာကေတီးယားမှာ ကင်းတဲတလုံး ဒေါလပုံမှာ ဇရပ်တဆောင် မမနဲ့ ဟိုလူကြီးအတွက်.. ပါအောင်ခေါ်လာနော်.. ရပ်ကွက်လူကြီးကိုပြောထားလို့ သူတို့လဲ သိနေကြပြီ..
ဂျစ်တုံးလေး..
မရှုပ်ကုန်ပါဘူး.. နားလည်တယ်..
ReplyDeleteမလည်လည်း တကယ်သွားလည်မှပဲ လည်ပစေတော့.. :-D
အင်း KOM ရဲ့  ရထားကြီးနဲ့  ကမ္ဘာတစ်ပတ်တော့ လိုက်စီးလိုက်ပြီဗျာ။
ReplyDeleteကျေးဇူးတင်ပါရဲ့ ။
ကုလားပြည် ရဲ့  ရထားစီးတဲ့အကြောင်း လဲရေးပေးပါဦး။
ဘန်ကောက် မြေအောက်ဘူတာရုံထဲမယ် ကျပ်စိလို အ၀ိုင်း ကို စကင်လုပ်ရမှန်းမသိလို့  အပေါက်ထဲထဲ့ တော့မလို့ ။
ကော်ပြားမဲမဲလေးဗျ။ ကံကောင်းလို့  ပုံကိုတွေ့ လိုက်မိလို့ ။ ပြီးတော့
CCTV နဲ့တည့်တည့် မှာ ကင်မရာထုတ်ပြီးဓါတ်ပုံခိုးရိုက်တာ လုံခြုံရေးမ
ခပ်ချောချော က လာတာမြစ်တာတော့ခံရဖူးတယ်။ :) Delete ပေါ့ဗျာ။
၂၉၊၀၈၊၂၀၀၈ နေ့ က ညရထားစီးလာတာ ကံကောင်းစွာ နဲ့ 
ဟိုက်ဒရာဘတ်ကိုရောက်တယ်။ ၃၁ ရက်နေ့ ကျတော့ အဲဒီရထားပဲ ည ၁ နာရီခွဲမှာ ၅တွဲတောင် မီးလောင်တယ်တဲ့ဗျ။ အောင်မယ်လေး ကံကြီးပေလို့ ။
ရထားစီးခရီးများ ဖြည့်စွက်ခဲ့ ပါတယ်။
To SMNTL
ReplyDeleteCan OoOo stay in Mie Mie's room?
နားကောင်းတယ်လေ အမရဲ့။ မဆိုးဘူး။ အမစရေးလိုက်တော့ ကျန်တဲ့သူတွေကပါ အတွေ့အကြုံတွေ ဝိုင်းရေးကြတော့ တော်တော်ဗဟုသုတ ရပါတယ်။
ReplyDeleteကျွန်တော်ကတော့ 'ေ၇ွှပြည်သာ စစ်စကို'ကပါ။ မမ လိုင်းကားစီးလာရင် တံတားထိပ်က လာစောင့်နေမယ်။ လာမယ့်နေ့ ကြိုပြောနော်.... ဆန်ဝယ်ထားရအောင်လို့။ ဒါကလည်း တစ်ခုခု ပေါင်နှံပြီးမှ ၀ယ်ရမှာပါ မမရာ... လူပိုတော့ ခေါ်မလာနဲ့ပေါ့။ သွားချင်ရင် ဟိုနားဒီနား ခြေလျင် လိုက်ပို့ပါ့မယ်။ :D
ReplyDeleteဒီကရထားစနစ်က နောက်မှလုပ်တော့ တော်တော်လေးသစ်ပြီး စနစ်လည်းပိုကျတယ်နော်... အခုတောင် ez-link ကဒ်ကနေပြီး ကဒ်အသစ်ပြောင်းဖို့ စမ်းနေတယ်တဲ့...
ReplyDeleteကမ္ဘာ့မှာ ပထမဆုံးတို့၊ အကြီးဆုံးတို့ကို စလုံးလို နိုင်ငံ သေးသေးလေးက လုပ်နိုင်တယ်ဆိုတာ သိပ်ကြွားချင်ကြတာပဲ...
KOM ကိုအလည်ဖိတ်တဲ့လူတွေ များမနဲဘူးဗျ။ အင်း တစ်ရက်တအိမ်ကျသာ လိုက်လည်နေယင် အလုပ်လုပ်စရာတောင်မလိုဘူး။ လာကြိုကြမဲ့  နည်းလမ်းတွေ ကလဲ အသွယ်သွယ်ပဲ။
ReplyDeleteမျက်နှာမြင်ချစ်ခင်ပါစေ။အသံကြားသနားပါစေ။KOM ဘလော့ရောက့် ယင် အလည်ဖိတ်ပါစေ ဆိုတဲ့ ရှေးဆုတောင်းနဲ့ ပြည့်စုံနေပါကောလားဗျ။
အားကျတယ်ဗျာ။ အဲဂလို များဖိတ်ယင် တော့ သွားမှာဘဲ။
KL မှာ ရထားပြောင်းစီးချင်ရင် မှတ်တိုင်တိုင်း အောက်ဆင်းပြီးမှ ဟိုဘက်ကူးရတာတော့ မဟုတ်ပါဘူး။ တစ်ချို့ မှတ်တိုင်ပါဘဲ။ အများအားဖြင့် ချက်ချင်းကူးလို့ ရပါတယ်။ ဒါပေမယ့် တစ်ခုမကောင်းတာက ရထားလိုင်းက များလွန်းလို့။ စလုံးမှာဆို MRT တစ်ခုတည်းဆိုတော့ ရှင်းရော။ KL မှာက LRT, Star, Monorail, KTM ဆိုပြီး ကုမ္ပဏီ သပ်သပ်စီဆိုတော့ တစ်ခုကနေ တစ်ခုပြောင်းချင်ရင် တစ်ခါတစ်လေ လမ်းပါ အဝေးကြီးလျှောက်ရသေးတယ်။
ReplyDeleteမမရေးတဲ့ ပိုစ့်တွေမှာ တစ်နေရာမဟုတ် တစ်နေရာတော့ ပြုံးစရာတွေ တွေ့ ရစမြဲ...။ အခု ဒီပိုစ့်မှာတော့ ပိုစ့်တင်မက Comments တွေမှာပါ ရယ်စရာတွေနဲ့  အပြည့်...။
ReplyDeleteအကောင်းဆုံး Comment ဆုတို့ ၊ ပိုစ့်နဲ့  အလိုက်ဖက်ဆုံး Comment ဆုတို့ ရွေးကြပါလားဟင်...။ :-P
တို.လေ mct ရထား စီးဘို. ဘယ်လက် က ကဒ်ကြီးကိုင် လို. ညာလက် က ပိုက်ဆံ အိတ်ကြီးကိုင် လို. နားဆွဲ ကြီးနဲ. ဟာ ဟ မြင် ယောင် ကြည့်ပြီး ရယ် လိုက် ရတာ။ ခွိခွိ။
ReplyDelete(စိတ်မဆိုးနဲ.နော်. ချစ်လို.စတာပါ)
တောင်းပန်စာ
ReplyDeleteGreenGirl လေး စိတ်တွေလွင့်
ရင်ဘတ်ထဲမှာ ပို့စ်တွေလစ်
http://www.greengirllailai.blogspot.com/
Fire Fox က Error ဖြစ်
ကွန်နက်ရှင်က တစ်ခါရစ်
ဘလော့ခ်လေးမှာ ဗလာဖြစ်
Sorry for that everybody ပါရှင့်... :(
( GreenGirl စိတ်မငြိမ်သောကြောင့် စာရေးခြင်း ခဏနားထားပါတယ်။ ပြန်တော့ရေးမှာပါ။ အသစ်မရှိရင် စိတ်မဆိုးကြပါနဲ့နော်။ )
http://www.greengirllailai.blogspot.com/
i like it.
အစ်မရေးပြလို့  ရထားတွေအကြောင်းတော့ တော်တော်လေးသိသွားပြီဗျို.။ ဘတ်စ်ကားတွေအကြောင်း ရေးပေးပါဦး အစ်မရေ။
ReplyDeleteMyanmar Blog Reader ထဲမှာ Oldies အနေနဲ့ ညွှန်းထားလို့ လာဖတ်သွားတယ်။ :D
ReplyDeleteနိုင်ငံတွေစုံအောင်၇ထားတွေဆီးဘူးတာဘဲနော်
ReplyDeleteအဲတာဘ၀ကြီးပေါ့နော်
မေး၇အုံးမယ် ၇ထားကြီးကကျွန်တော်တို၇ွာက
လှည်းလိုဘဲလာဟင် အဲလိုမျိုးဆို၇င်တော.စီချင်လိုက်တာနော်
မသိလိုမေးတာနော်:p
မမ KOM, မမရဲ့ စာတွေကိုမကြာ မကြာဖတ်ဖူးပေမဲ့ တခါမှ comment မရေးခဲ့ဖူးပါဘူး။ post တွေ အကုန်လုံးကို အခု လိုက် ဖတ်ကြည့်နေတာပါ။ အခုရေးတဲ့ ပို့ စ် က ဗဟုသုတ ရတယ်ဆိုပြီး ဖတ်နေရင်း တွေ့ တဲ့ comment တစ်ခုက....ကြွားချက်က 9 လောက် တောင် မကဘူး 9.9 လောက်ကြွားနေတာကြီးကိုဖတ်ပြီး..ဟား ဟား ဟား လို့ အော်ရယ်လိုက်မိပါတယ်။ အမလဲ ရွှေပေါက်ကံ၊ ဒလ၊ သုံးခွ များ ရောက်ရင် ညီမ အိမ်ကိုဝင်ခဲ့နော်။ တာလပတ်မိုးတာလပတ်ကာ မြွေရေခွံအိတ်ခင်းထားတဲ့ အိမ် ဟုဆိုရမည့် နေရာတွေပိုင်ထားပါတယ်။Hall type မြေစိုက်တဲ ကို မမတို့ လာရင် နေလို့ ရအောင်အခန်းကာပေးမယ်လေ။ ဖေဖေ နှင့် မေမေတို့ ကလဲ မမလာရင် ၀မ်းသာကြမှာပါ။......
ReplyDeleteရန်ကုန်မှာလဲ အိုင်စီး အိုင်ပေး.....ယူစီး ယူပေးဆိုတဲ့ လိုင်းကားစီးကြိုတင်ငွေဖြည့်ကဒ် သုံးလို့ ရတော့မယ်တဲ့...
KSM...(ကြွားစိန်မ)
ဒလ၊ ရန်ကုန်တိုင်းဒေသကြီး
ဗမာပြည်
အချိန်- လင်းကြက်တွန်ချိန်...ဟိ