Friday, October 24, 2008
ATM
သူငယ်ချင်း။ သင်သည် တပါတ်ကို ATM machine ကို ဘယ်နှစ်ခါ အသု့းံပြူမိပါသလဲ။ တို့တော့ သိတ်ပြီး သုံးမိတယ် မထင်ဘူး။ ပိုက်ဆံလဲ ရှိမှ မရှိဘဲ။ လခဝင် တဲ့ တချိန် သု့ံ့းတယ်။ြ့ပီးရင် ၁၀၀ သို့မဟုတ် ၂၀၀ လောက် ကြိုထုတ် ထားလိုက်တယ်။ အဲဒီ ထဲ ကနေ နဲနဲ နဲနဲ နဲ့ ယူ သုံး နေမိတယ်။ အိမ်မှာ နဲနဲထား။ pulse ထဲမှာ နဲနဲထားပြီး သုံးနေတာ ကုန် သွားရင် တခါထုတ်တယ်။ အဲဒီတော့ သိတ် သုံးမိတယ် မထင်မိပါဘူး။ သွား ရင်းလာရင်း လူရှင်းရင် ထုတ်ထားတယ်.။ဲ့ ATM machine ကို လေ့လာ ကြည့်မိတယ် ဘယ် တော့မှ လူပြတ် တယ် မတွေ့မိဘူး။ စက် ကဘဲ နဲနေ လှိုလား။ နဲတော့မနည်းဘူး။ သုံးလေးလုံး ပေးထားတာဘဲ။ သုံးတဲ့ သူတွေ ကဘဲ ကဒီး ကဒီး ၂၀ . ၃၀ ။၅၀ ။ ၅၀၀ ဘဲ ။ ၁၀၀၀ ဘဲ။ ဘဲ ထုတ် သုံးနေ ကြ သလား စဉ်းစား လို့မရဘူး။ ကိုယ် ထုတ်ချင် တဲ့အခါ ကြရင် လူများနေရင် သိတ် စိတ်တိုတာဘဲ။ တချို့ ကလုပ်တယ်။ ပိုက်ဆံထည့်တယ်။ print out လုပ်တယ်။ ပြန်စစ်တယ်။ အင်း သူ့ပိုက်ဆံ များလို့ထင်တယ် လို့ နားလည်မှူပေးပြီး စောင့်ရပါတယ်။ ဘယ်လို သဘောရသလဲ။ စက်ရှေ့မှာ လူအမြဲ များနေရခြင်း က ဘာသဘောလဲ။ ရှင်းပြ ကြပါဦး။ survey လုပ်ကြည့်နေတယ်။ ပြီးရင်တော့ ကွန်ကလူးရှင်း ဆွဲ လို့ရမှာဘဲ။ သင် ၏ ပူးပေါင်း ကူညီ ခြင်း ကို လေ ဖြင့် ကျေးဇူးတင်ပါသည်.။
28 comments:
  1. စက်ရှေ့မှာ အမြဲလူများနေရခြင်းက
    ၁) ပိုက်ဆံ အသုံး လိုသူများလို့ ဖြစ်ပါကြောင်း
    ၂) ဘဏ်ထဲကို ငွေသွားမထုတ်ချင်လို့ ဖြစ်ပါကြောင်း
    ၃) ခဏခဏ ထုတ်ရတာ အလီလီ သုံးရတာ သဘောကျလို့လဲ ဖြစ်နိုင်ပါကြောင်း
    ၄) မမ လာမယ်မှန်းသိလို့ တမင် ကန့်လန့် ကန့်လန့် လူများနေတာလဲ ဖြစ်နိုင်ပါကြောင်း။
    လေနဲ့ ကျေးဇူးတင်တာကို အနည်းငယ်ဖဲ့ယူသွားသည်။ ကျန်တဲ့ လူတွေလဲ ပြောအုံးမှာဆိုတော့..။ :))
    ReplyDelete
  2. သိပ်အရေးမကြီးဘူးဆိုရင်..
    တန်းစီနေရတဲ့ အေတီအမ်မှာ င်္ငေမထုတ်ဘူး.. တန်းစီပြီးစောင့်နေရတာ..သဘောမကျလို့
    တန်းစီရတဲ့ အစားအသောက် မစားဘူး..
    ကိုယ်ကတန်းစီပြီးစောင့်လေလေ..
    အရှေ့ကလူ တမင်စလိုးမိုးရှင်းလုပ်ပြလေလေ..ထင်လွန်းလို့
    ReplyDelete
  3. တန်းမစီရတဲ့ ဘဏ်ကိုအသုံးပြု ရန်အကြံပေးပါတယ်။ လေကျေးဇူးများတ၀တပြဲပြန်ယူသွားပါ၏.
    ReplyDelete
  4. ဟုတ်တယ် မမ ရေ..
    ဒီမှာလည်းအဲလိုပဲ..ပိုက်ဆံထုတ်ဖို့သွားလိုက်တိုင်းလူက
    အပြည့်ပဲ.. အဲဒီတော့ ၀ါဝါက တွေးလိုက်တယ်..သူတို့က
    ကိုယ့်ထက်အရေးတကြီးပိုက်ဆံပိုလိုနေလို့ဖြစ်မှာပါ
    ထုတ်ကြပါစေ.၀ါဝါမှာယန်း၁၀၀၀ တန် တစ်ရွက်လောက်
    ကျန်နေရင် တစ်နေ့စာဖြေရှင်းလို့ရနေပြီဆိုပြီး မထုတ်လိုက်ရတာ ခပ်များများပါပဲ။
    အဲဒီလိုနဲ့ပဲ ညနေ၅နာရီ မတိုင်ခင်မှ ပြေးပြီးထုတ်ရတာ
    တွေများနေပြီ။ညနေမှ လူရှင်တယ်လေ။ :P
    စက်ရှေ့မှာ အမြဲလူများနေတာကတော့... တိတော့ဘူး..
    အဟီးးးးးးး ( ၀င်ဖောသွားတယ်နော်.) :P
    ညီမ
    ReplyDelete
  5. ကျွန်မကျောင်းက စက်ရှေ့မှာဆိုရင် တန်းစီနေကြတာ အရှည်ကြီးပဲ။ စက် ၂-လုံး ရှိပေမဲ့ အမြဲ လူမပြတ်ဘူး။
    အများစုကတော့ ... ပိုက်ဆံများများစားစား လက်ထဲ မထားချင်လို့ နည်းနည်းချင်း ဂဒီး ဂဒီး ထုတ်ကြတာ ထင်တာပါပဲ။
    တချို့ကလည်း ဖုန်း top-up လုပ်ကြတယ်။
    တချို့ကလည်း ဘာရယ် ညာရယ်မဟုတ်ဘူး လက်ကျန် ပိုက်ဆံကို စစ်ရုံသက်သက်ပဲ။
    စက်အနားမှာ လူမပြတ်တာ တခုတော့ ကောင်းတယ်။ လူပြတ်တဲ့ နေရာတွေတို့ ညဘက်တွေတို့ ထုတ်ရင် စောင့်ပြီး လုခံရတတ်တယ်တဲ့။
    ဘဏ်မှာထုတ်တာတော့ ပိုစိတ်ချရသလို ငွေပမာဏလည်း ပိုများများ ထုတ်လို့ရတာပေါ့။ ဘဏ်မှာလည်း တခါတလေ တန်းစီရတာပါပဲ။ ပိုတောင် လူများရင် များနေတတ်သေးတယ်။
    နေရာတကာ တန်းစီရလွန်းတော့ တန်းစီရတာကို စိတ်ထဲ ဘယ်လိုမှ မနေမိတော့ဘူး။ အကျင့်ပါသွားတာ ထင်ပါရဲ့။
    ReplyDelete
  6. အစ်မ
    အနော်ကတော့ လူရှင်းမှ ပိုက်ဆံစောင့်ထုတ်တယ်။ ကိုယ်ထုတ်တာကို သူများမမြစ်စေချင်လို့၊ ... ငွေလိုလို့ ထုတ်ကြတာထက် ဟန်ရေးတပြပြ လုပ်နေတာကို မျက်စိ စပါးမွှေးဆူးတယ်၊ စေ့စပ်သေချာချင်လို့လားတော့ မသိဘူး။
    လေးစားလျက်
    ဝင်းဇော်
    ReplyDelete
  7. ATM ဆိုတာ ကြားပဲကြားဖူးတာ သုံးဖူးဘူး မမကြီး ရး) စက်ရှေ့မှာလူပြည့်နေတာ မသိရင်မှတ်ထား ၂၁ ရာစုမှာလူတွေ ချမ်းသာလာကြတဲ့ နမိတ်ပုံပဲ ။
    ReplyDelete
  8. တလမှ အလွန်ဆုံး ၂ ခါသာ သုံးပါတယ်။ လက်ထဲတွင် ငွေမထားလိုသူများကြောင့်လည်း ဖြစ်မယ်ထင်တယ်။
    ReplyDelete
  9. လက်ထဲတွင် ပိုက်ပိုက်အဆင်သင့်ရှိနေလျှင်..
    မြန်မြန်ကုန်လွယ်သောကြောင့် ဖြစ်ပါသည်။
    နည်းနည်းချင်းစီ ထုတ်သူပါသည်။
    ထင်တာတွေပြောသွားပြီ..ပေး..ကျေးဇူး...
    ReplyDelete
  10. လက်ထဲတွင် ပိုက်ပိုက်အဆင်သင့်ရှိနေလျှင်..
    မြန်မြန်ကုန်လွယ်သောကြောင့် ဖြစ်ပါသည်။
    နည်းနည်းချင်းစီ ထုတ်သူပါသည်။
    ထင်တာတွေပြောသွားပြီ..ပေး..ကျေးဇူး...
    ReplyDelete
  11. ဂျပန်မှာတော့ ဘဏ်ကATM မှာ ထုတ်ရင် ဝန်ဆောင်ခ မပေးရတဲ့ အချိန်တွေမှာ အမြဲလိုလို လူစည်ကားနေပါတယ်။
    Convenience Store က ATMမှာ ထုတ်ရင် လူရှင်းပါတယ်။ ဝန်ဆောင်ခနည်းနည်းပေးရလို့ပါ။
    ဘဏ်ကATMမှာ လည်း ညနေပိုင်း( 6:00)ကျော်ရင် ဝန်ဆောင်ခပေးရတော့ လူရှင်းပါတယ်။
    စင်္ကာပူမှာလည်း အဲလိုဝန်ဆောင်ခပေးရတဲ့စနစ်ရှိရင်တော့ ဝန်ဆောင်ခကြောင့် လူအနည်းအများ ကွာတာလို့ ထင်ပါတယ်။
    ReplyDelete
  12. အများကြီးထုတ်ထားရင် ပိုသုံးမိကြလို့ လိုမှပဲ နည်းနည်းစီထုတ်ကြတယ် ထင်တာပဲ။ UOB တို့ OCBC တို့က တော့ POSB/DBS ထက်စာရင် လူနည်းတာ သေချာတယ်။
    ReplyDelete
  13. တခါထုတ်ရင် များများထုတ်လိုက်ပါတယ်။ အလုပ်ရှုပ်လို့
    ကိုယ်ဘာဝယ်မလဲတွေးပီးတဲ့အပေါ်မူတည်ပီးထုတ်ပါတယ်။
    အရမ်းများရင်တော့ ကရက်ဒစ်ကဒ်ကို သုံးပါတယ်။
    တခါတလေ ပိုက်ဆံအိတ်ကို မဖွင့်ကြည့်မိပဲ ပိုက်ဆံ မရှိတာ မသိပါဘူး။
    ၂၄ နာရီဖွင့်တဲ့ ATM နားရောက်တယ်ဆိုရင်တော့ ထုတ်လိုက်ပါတယ်။
    စတိုးဆိုင်တွေမှာတော့ အပိုပေးရလို့ အရင်မလိုရင် မထုတ်ဖြစ်ပါဘူး
    ဒါပေမဲ့ စနစ်တကျ တန်းစီရတာကိုတော့ လူများတာကို မနှစ်သက်ပေမဲ့ စည်းကမ်းရှိတာကိုတော့ သဘောကျပါတယ်။
    ReplyDelete
  14. အဲဒီလို ဒုက္ခ.. မြန်မာပြည်မှာ မရှိတာ ကျေးဇူးတင်ပါ၏။ ပိုက်ဆံအိတ်ကိုဖောင်းနေအောင် ကိုင်ရသောကြောင့် ပျော်ရွှင်ပါ၏။ သို.သော်.. ပိုက်ဆံအဟောင်းတွေသာ များသောကြောင့် ပိုက်ဆံအိတ်တွေ မြန်မြန်ဟောင်းနွမ်း ရွဲပလဲ ကုန်တတ်ပါသည်။
    မမ ခင်ဦးမေရေ..
    ဒီတစ်ခါတော့ ကိုယ် ၀င်ဖောလို.မရတော့ပေမယ့် မမ ပို.စ်ဆို ကော်မန်.၀င်ပေးလိုက်ရမှ နေသာမှာမို. ခွင့်လွှတ်။
    ReplyDelete
  15. အမရေ.... ဘာကြောင့်မှန်းမသိ တရုတ်တန်းဖက်က ဘဏ်တွေဆို လူတန်းကြီးက အရှည်ကြီးဗျ။ လူဖြူတွေ နေတဲ့ ဘက်မှာဆို အတန်းက မရှိသလောက်ပဲဗျ။ လူတန်းနည်းနည်း ရှည်ရင် သူတို့က ဘဏ်ကိုဖုန်းခေါ်ပြီး ကောကြတယ်ဗျ။
    ReplyDelete
  16. အစ်မရေ...ပိုက်ဆံအိတ်ထဲ..များများမထည့်ချင်လို့ပါ..
    ဟိုးရောက်စတုံးကတော့..ဂဒီဂဒီးထုတ်ရတာ..မကြိုက်
    ဘူး..အလုပ်ရှုပ်တယ်ထင်လို့..ခုတော့ locker သုံးရ
    တဲ့အခါ..card သုံးလို့မရတဲ့ taxi အတွက်ရယ်..
    အရေးပေါ်အတွက်ရယ်..၅၀ ၊ ၆၀ ပဲထည့်တယ်..
    sin dan lar ပြောသလို..အများကြီးထုတ်မိရင်..
    မြန်မြန်ကုန်သွားလို့ကတော့...တ၀က်ဆိုင်ပါတယ်
    မထုတ်ပေမဲ့လည်း..၁ ခုခုဝယ်တိုင်း card သုံးမိလို့
    ကုန်တာပါပဲ..:P ဒါပေမဲ့ ..လက်ထဲမှာ..ပိုက်ဆံမထား
    တာကတော့..စိတ်လှည့်စားတာပေါ့..ကိုယ့်အကျင့်နဲ့
    ကိုယ်ပါပဲ..လက်လွယ်တတ်လို့ အစ်မရေ..ကဲ..
    survey ပြီးရင်..အကြောင်းပြန်နော်..
    ReplyDelete
  17. ဟုတ်ပါတယ် မမဂွိ၊၊ ကျနော့် အမြင်ပါနော် ၊၊
    Internet Banking (ibank) system ကို ဒီကလူတွေ follow up မလုပ်နိုင်သေးဘူးလို့ပဲ ထင်ပါတယ် ၊၊ အများစု ATM မှာ သွားလုပ်နေတဲ့
    -Acc information (inquire /history /Summary etc.)
    -Fund Transfer
    -Payment / Investment service
    -Application form
    -Customer services တွေအားလုံး ibank မှာလုပ်ယူလို့ရပါတယ်၊၊
    ကျန်တဲ့ ငွေသွင်း(deposit) ၊ ငွေထုတ်(withdrawl) ကို ပဲလုပ်ရင် ဘယ်bank မဆို မမဂွိ ပြောသလို အကြာကြီး စောင့်ရမှာ မဟုတ်တော့ဘူး ထင်တာပဲ ၊၊
    ibank ကို User friendly မဖြစ်သေးဘူးလို့ ပဲ ထင်မိပါတယ် ၊၊ (မမဂွိ ကွန်ကလူးရှင်း ဆွဲဖို့
    ခင်မင်စွာ ၀င်ဖော လိုက်တာပါ ၊ သိလို့တတ်လို့ မဟုတ်ပါ..ဟီး)
    ကိုကြီးဝီ
    ReplyDelete
  18. ဒီသူငယ်ချင်းကတော့ ရာခိုင်နှုံးတော်တော် အနည်းဆုံးထဲမှာ ပါမှာပါ။
    လစာဝင်တာတောင် စစ်စရာမရှိ။
    တန်းစီစရာ မလိုတဲ့ ကိုယ်ပိုင် ATM နဲ့ (အလဲ့) ထုတ်မသုံး တောင်းသုံးလေ၏။
    ReplyDelete
  19. ကျွန်တော်ကတော့ ATM ကို တစ်ခါတစ်လေ လိုအပ်မှ သုံးဖြစ်ပါတယ် အမ၊ လူတန်းကြီး ရှည်နေတာကတော့ အထက်က မိတ်ဆွေတွေပြောပြကြတဲ့ အခြားအကြောင်းတွေအပြင် စက်အရေအတွက်နဲ့ သုံးတဲ့ လူအင်အား မမျှတာလည်းပါမယ်လို့ ထင်မိတာပါပဲ။ ATM ကိုသဘောကျတဲ့အချက်က အချိန်တိုင်း ပိုက်ပိုက်ကို တစ်ပါတည်းယူသွားစရာမလိုတဲ့အတွက် ပျောက်ရှတာကို ပူစရာမလိုတာကို ပါပဲ။ Net သုံးဖြစ်တာများတဲ့အတွက် ကျွန်တော့်အဖို့ကတော့ အဆင်ပြေပါတယ် အမရေ ... ။
    ခင်မင်စွာဖြင့်
    ReplyDelete
  20. GreenGirlကတော့ တစ်ပတ်မှ တစ်ခါပဲ ကိုယ်သုံးစရာရှိတာနဲ့ ချိန်ပြီး ထုတ်ထားလိုက်တယ်မမ။ ဘယ်တော့မဆို တန်းစီရပေမယ့် မနက် ၈း၃၀ရုံးရောက်ရောက်ခြင်း ပြေးထုတ်ရင်တော့ ကိုယ်က နံပါတ် ၁ ပဲ :P
    ReplyDelete
  21. POSB ကတော့ ဘယ်နေရာမှာ ဖြစ်ဖြစ် အမြဲလူပြည့်နေတယ်။ အထူးသဖြင့် ငွေသွင်းလို့ ရတဲ့စက်တွေမှာဆို လူတန်းရှည်ကြီး။ ဒါကြောင့် OCBC ကိုပဲသုံးဖြစ်တယ်။ ငွေများများ လက်ထဲမှာထားရင် အကုန်မြန်တယ်ထင်လို့ နဲနဲခြင်းပဲ ထုတ်သုံးတယ်လေ။ ကိုယ့်လိုလူတွေကြောင့် တန်းစီရတာ ကြာတယ်ထင်တာပဲ.
    ReplyDelete
  22. မမ သာမီးကတော့ ရွာမှာလို မြွေခွံအိတ်နဲ့ပဲထည့်ပြီး အိမ်မှာပဲသိမ်းထားတယ် :P ဟီးဟီး အိပ်မက်ထဲမှာ ဘာပဲပြောပြော ဒီမှာ ပိုက်ဆံကိုင်ရတာ တယ်ပြီးအားမရချင်ဘူး အိတ်ထဲမှာအလွန်ဆုံးရှိမှ ၁၀၀ တခါတလေ ရှိတောင်မရှိဘူး :( ဟုတ်တယ် ကိုဂျီးဂီပြောသလိုပဲ ibank ကိုစလုံးကလူတွေ User friendly မဖြစ်သေးဘူးလို့ ပဲ ထင်မိပါတယ် :D ဟီးးး ဝင်ဖောသွားပါ၏ :P
    ReplyDelete
  23. ပိုက်ဆံကို ကြိုထုတ်ပြီး အိတ်ထဲထဲ့ထား ရင် ပျောက်မှာ စိုးလို့ လိုအပ်မှ ATM ကထုတ်တဲ့ အတွက် အခုထုတ် အခုသုံးရင် ပျောက်မှာ မပူရပါဘူး။ စလုံးမှာ နေရာတိုင်းက ကဒ်နဲ့ ပေးဝယ်လို့ ရတာ လွန်ခဲ့တဲ့ ၁၉ရာစု ကထဲက ဆိုတော့ နေရာတိုင်းနီးပါး လူအများ ပစည်းဝယ်ရင် ကဒ်နဲ့ ဘဲ ပေးတဲ့အတွက် ငွေကို ကြိုမထုတ် ထားခြင်းပါ။ ခါးပိုက်နိုက်ရန် ကို ရှောင်ချင်တာရော အလုခံရမဲ့အန္တရယ်ရော ရှောင်တဲ့ သဘောပါ။ ကျနော်ကတော့ အမြဲ လက်ထဲမှာ ၅၀လောက် ထားမိတာ အခိုးခံရပေါင်းများပါပြီ။ အခုဆိုရင် ၅ကျပ် ၁၀ထက် ပိုမထားပါဘူး။ အင်တာနက်ကို လူငယ်ပိုင်းက အသုံးများကြပါတယ်။ ချက်နဲ့ ငွေလွှဲလို့ ရလို့ လူငယ်ပိုင်း ပညာတတ်ပိုင်း အလုပ်လုပ်တဲ့သူ အပိုင်းက တော့ အဆင်ပြေ ပါတယ်။ ငွေအသွင်း အထုတ်လွယ်တာ က တော့ OCBCပါ။ POSBက ကျောင်းတွေမှာ မဖွင့်မနေ ဖွင့်ရလို့ ဖွင့်တဲ့သူများ တာပါ။ တကယ်တန်း Option မများလို့  သုံးရတာ အဆင်မပြေ လှပါဘူး။
    အခုလည်း ကော်မဲန့် ပေးဖို့  တန်းစီနေရတာ အရှည်ကြီးပါဘဲ ၂၅ယောက်မြောက် မှာ တန်းစီ နေ ရပါတယ်။
    ReplyDelete
  24. ကိုယ်နောက်ကျရင် အရင်လူပြီးအောင်စောင့်ရမယ်...၊ အဲလိုမစောင့်ချင်ရင်.. စောစောသွား...။ ကိုယ် စောစောရောက်သွားရင်လဲ.. ကိုယ့်ထက်နောက်ကျတဲ့သူက ကိုယ့်ကို စောင့်ရတာပဲ.. သူလဲ မစောင့်ချင်ရင် ကိုယ်လိုစောစောလာပေါ့..။ ကိုယ်လဲ သူများကို မစောင့်ချင်ရင် စောစောသွား... ကိုယ်စောစောရောက်ရင်လဲ...
    (ရှုပ်ကုန်ပီ.... အဟီး... :P)
    ReplyDelete
  25. ATM စက်ရှေ့မှာ လူအမြဲ များနေရခြင်း က ပိုက်ဆံ
    လာထုတ်တဲ့သူတွေ ပိုက်ဆံလာစစ်တဲ့သူတွေ ကြောင့် ပါ။......
    ReplyDelete
  26. အမရေ သူများတွေတော့ မသိဘူး။
    ကျနော့် လက်တွေကတစ်ချောင်းနဲ့တစ်ချောင်း ကျဲတယ်။ အဲတော့ လူမိုက်နဲ့ငွေ အတူမနေပေါ့ ။
    လက်ထဲရှိ ကုန်တာပဲ။ အဲဒါကြောင့် တပတ်တခါလောက်တော့ ထုတ်တယ်။ ထမင်းဖိုးပေါ့ ။
    ဈေးဝယ်ရင်တော့ by net နဲ့ပဲ ရှင်းဖြစ်တယ်။
    သူများတွေ ဘာကြောင့် အဲလို ဂဒီးဂဒီး ထုတ်ကြလဲဆိုတာက ကျနော်ထင်တာပေါ့လေ. . . များများထုတ်ထားချိန်မှာ ပိုက်ဆံအိတ်ပျောက်မှာ၊
    သူများ နှိုက်ယူမှာ စိုးရိမ်လို့ ထင်တာပါပဲ ။ ပျောက် လဲ နည်းနည်း၊ ပါသွားလဲ နဲနဲပေါ့။ အဲလိုတွေးကြတယ် ထင်ပါတယ် ။
    အဲဒါကြောင့် ATM ရှေ့မှာ လူစည်သည်ဟု ထင်မြင်မိပါကြောင်း ။
    ReplyDelete
  27. တစ်ပတ်စာပဲထုတ်ဖြစ်တာ များတယ်။ ဒီထက်ပိုထုတ်..ဒီထက်ပိုသုံးမိလို့လေ။ တစ်ပတ်တစ်ခါလောက်တော့ ATMလေးရှေ့တန်းစီမိတာပေါ့။
    ကံကောင်းတာက chinese garden MRTမှာရှိတဲ့ ATMက လူရှင်းတာများတယ်။ သိပ်မစောင့်ရဘူး။
    ReplyDelete
  28. မမဂွိလို ကွန်ကလူးရှင်းဆွဲဖို့ စက်ရှေ့မှာ ရစ်သီရစ်သီလုပ်နေတဲ့သူတွေ များနေလို့ဖြစ်မှာပါ။ တန်းစီပြီး လေတွေထုတ်သွားပါတယ်။
    ReplyDelete