Saturday, October 4, 2008

Eagle Eye





Kmsl လစ်တံုး ရုပ်ရှင် သွားကြည့်ပါတယ် ။ နီးနီးနားနား မလေးရှား မှာပါ။ ဘယ်သူနှဲု သွား သလဲ အစ်မရယ် မေးတော့လည်း တစ်ယောက်ထဲ ပါ လို. ဖြေ ရ မှာဘဲ။ ဘယ် ပွဲ ကြည့် သလဲ မရွှေဖဲ ဆိုတော့လည်း ဖြေ ရတော့တာဘဲ ပေါ့. ညကိုးနာရီပါ။ ဒီဘလော့ ကို kmsl လာမဖတ် ပါစေ နဲ့ လို့တော. ဆုတောင်းရတာဘဲ။ ကိုယ် ကြည့်ချင်တဲ့ ကားက ညနေစောင်း မှာ အဲဒီ အချိန် မှ ပြတာ ကိုး ဘယ်နယ်လုပ်ပါ့မလဲ။ ကျန်တာ က မလေးကားရယ် တရုတ်ကားရယ်။ အမှန် ကနောက် တစ်ကား ကို ပိုကြည့်ချင်တာ preview ကားကောင်း တကား ရှိသေးတယ်။ သန်းကောင် မှ ပြမယ် ဆိုလို့ အပြန် ရထား မရှိ မှာ စိုးတာနဲ့ဘဲ ဖျက်လိုက်ရတယ်။

စိတ်ပူ စရာတော့ မရှိပါဘူး။ လဝက ဘေးနဲ့ ကပ်ရက် city square shopping mall အပေါ် ငါးထပ် မှာ အဆင်.မြင့် ရုပ်ရှင် ရုံ ရှိပါတယ်။ များသော အားဖြင့်လဲံ သေငှေး တွေ ဘဲ လာကြတာ များပြီး လူသန့် ပါတယ်။ ရုံ လဲ ပြည့်လု နီးပါး အရှေ့ပိုင်း လောက်ဘဲ နေရာ လွတ်ပါတယ်။ ရုံးပိတ်ရက် အကြို မို့လို့ မလေး တစ်ဆယ် ပေးရပါတယ်။ တကယ်ပါ. .. သူငယ် ချင်း ဆီ ဖုံးဆက်ကြည့် ပါသေးတယ်။ လိုက်ကြည့်ဘို့နေနေ သာ သာ ..ဖုံးတောင် မကိုင် ပါ ဘူး။ နောက် ဆုံး တော့လည်း နိုင့်ငံခြား မှာ နေလာတာ ကြာပြီ ဆိုတော့ လည်း သဘော ပေါက် နေ ပါပြီ.။ အားလုံး က ဒီလို ပါဘဲ.။ ဖူံးဆက်ရင် နှောက်ယှက်တယ် လို့တောင် ထင် နေကြတဲ့ နိုင်ငံခြား ပါ။။

ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကား တကာုးပါဘဲ. ။ အသေးစိတ်တော့မမေးပါနဲ.။ တို့လဲ သိတ် နား မ လည် ပါ ဘူး။ အများ နဲ့ခွဲ ထွက်ထားတဲ့ ဇာတ်လမ်း တစ်ခု မို့ ကြည့်ဘို့ အားရင် ကြည်.သင့်ပါ တယ်။ မလေး တွေက ဖော်ရွေ ပါတယ်။ ကိုယ့်ဘေးက သူ က သူကြည့်တာ ၂ ခေါက်ရှိပြီး သိတ်ကြိုက် လို့ပြန်လာ ကြည့်တယ် လို့ ဆိုပါတယ်။

Trailer က ဒီမှာပါ. ( http://www.eagleeyemovie.com/ ) ။ ညီမလေး တွေ ကို ကြိတ်ပြောရရင် မင်းသား (Shia LaBeouf ) ချောတာနဲ့တင် အချိန်ကုန် လူပန်း ရ ကြိုးနပ် ပါတယ်။ သူငယ်ချင်း ကောင်လေးတွေ ကိုတော့အဲဒါ မသိပါစေနဲ့ .။ မဟုတ်ရင် လိုက် မ ပြဘဲ နေတတ်တယ်။ jealous ပေါ့လေ.။ အဲဒီတော့ ကိုယ်က မှင် ကလေး နဲ့ ဘဲ နာမည်ကြီးလို့ နံပါတ် 1 movies in America မို့လို့ ကြည့်ချင် တယ် လို့ မှင် သေသေ နဲ့ ပြောဘို့ လိုအပ် ပါတယ်။ ဆယ့် နှစ်ကြိုးထဲ က တစ်ကြိုးကို ခင် လို့ပြောပြ တာပါ။ တတ်ပြီး သားလား မသိ... ...

26 comments:

  1. အစ်မရေ ပညာတွေ လာရောက်ဆည်းပူးသွားတယ်နော်။ နောက်ထပ် ကျန်တဲ့ ကြိုးတွေလဲ သင်ပေးဦးလေ။
    နောက်ခါ ရုပ်ရှင်ကြည့်မယ်ဆို လှမ်းခေါ်လိုက်လေ အစ်မ :P
    ရုပ်ရှင်ဆို လိုက်ပြီးသား (သရဲကားက လွဲလို့)

    ReplyDelete
  2.်မန်ကျည်းကိုးပင်ကိုထောက်ပါလို့ရယ်

    ReplyDelete
  3. အမနဲ့အတူ ရုပ်ရှင်လိုက်ကြည့်ရရင် ကောင်းမှာနော်
    မလေးလည်း မရောက်ဖူးဘူး စလုံးလည်းမရောက်ဖူးဘူးဆိုတော့
    အမနဲ့လိုက်ရင် မုန့်တွေလည်း စားရမယ်ထင်တယ်

    ReplyDelete
  4. ဟုတ်ကဲ့ ...။
    အမ်းမားတို့က သုံးတောင်ဝတ် မိန်းမသားများက ဆယ့်နှစ်ကြိုးသာ တတ်တာပါ..။
    ကျွန်တော်တို့ အတောင်နှစ်ဆယ်ဝတ် ယောက်ျားသားများတော့ ဆယ့်ခြောက်ကြိုးတောင် တတ်တယ်...။ ချစ်စမ်းမောင်ကြည့်ပါလား...။ သူတီးတဲ့ ဂီတာ ခွေတစ်ခုမှာ နာမည်ကိုတောင် ဆယ့်ခြောက်ကြိုးကဝေ ဆိုပြီးတော့တောင် နာမည် တပ်ထားတာသာ ကြည့်ပေတော့...။ ဟိ

    တော့ပစ်က်မချော်အောင် ပြောရရင်တော့ ကျွန်တော် အဲဒီကားကို စတင်တင်ချင်း ရုံကို မထင်မှတ်ပဲ ရောက်သွားလို့ ကြည့်ဖြစ်လိုက်တယ်...။ အရင် ထွေလာတွေ ပြတုန်းကတည်းက ကြည့်ချင်နေတာ..။ မိုက်တယ်...။ ဖြစ်နိုင်ချေ ရှိတာလေးတွေကို ရိုက်ပြသွားတယ်...။ ခုဆို ဖုန်းတောင် သုံးရမှာ ခပ်လန့်လန့်ရယ်...။

    စကားမစပ်.. ဘာလို့ ဂျေဘီ အထိကို သွားကြည့်တာတုန်း.. ကားခရယ် ဘာညာ ပေါင်းလိုက်တော့ Causeway Point က Cathay မှာ ကြည့်တာ ပိုမကောင်းပေဘူးလား...။

    ကြားရက်မှာ သွားကြည့်ရင်၊ NETS နဲ့ ပေးရင် ၆ ကျပ်ပဲ ပေးရတယ်...။ ကျွန်တော်ဆို ကြားရက် အထူးသဖြင့် Sneak View ပြတဲ့ ဗုဒ္ဓဟူးနေ့တွေမှာ သွားကြည့်တာ များတယ်...။ သူတို့က အဲဒီနေ့တွေဆို သောကြာနေ့မှာ တင်မယ့် ကားသစ်တွေ ပြတတ်တယ်...။ ကျွန်တော်တော့ အဲဒီရက်ရွေးကြည့်တာများတယ်...။ လူလဲ နည်းတယ်...။ အေးဆေးလဲ ကြည့်လို့ရတယ်...။
    ဒါပေမယ့် နောက်လက စပြီး (မနက်ဖြန်ကစပြီး) Causeway နဲ့ ဝေးရတာ့မယ်...။ ဟင့်...။ မြောက်ပိုင်းသားကနေ အရှေ့ပိုင်းသား ဖြစ်တော့မယ်...။ ည ၁၀ နာရီ ပုံမှန် အိပ်စရာ မလိုတော့ဘူး...။ နောက်ကျထလို့ ရသွားပြီ...။ ဟိ

    ReplyDelete
  5. :-) ရောက်လာရကျိုး နပ်ပါတယ်။
    trailer ကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်.. ကြောက်ဖို့လည်း ကောင်းတယ်။
    တစ်ယောက်ထဲ ပြန်လာတော့ ဖုန်းမည်မှာ မကြောက်ဘူးလား.. =)

    ReplyDelete
  6. တစ်ချို့တစ်ချို့ရဲ့ ဘ၀ဟာ တကယ်ပျော်ဖို့ကောင်းတယ်နော်.. :D

    ReplyDelete
  7. ခုပဲ Kmsl ဒီ Blog က ပြန်သွားတာမြင်လိုက်တယ်..
    ညီမနဲ့ အ၀င်အထွက်ပဲ...
    တူတိတွားပီ...ဘယ်လိုလုပ်မလဲအစ်မ..

    ReplyDelete
  8. ဟုတ်ကဲ့ ဟုတ်ကဲ့ ကျနော့်ကောင်မလေး အစ်မသင်ပေးတဲ့အတိုင်းပြောရင် လိုက်ပြလိုက်မယ် စိတ်ချ ......း)

    ReplyDelete
  9. မြတ်နိုး: http://www.watch-movies.net

    ReplyDelete
  10. မမရေ ဆယ့်နှစ်ကြိုးထဲကတစ်ကြိုးကို လာမှတ်သားသွားတယ် ဟိ :P

    ReplyDelete
  11. ကောင်းပါ့ မမဂွိ ၊၊ ထင်ရာကိုလုပ်နေတော့တာပဲ KMSL ရေ ၊၊ ဒီမှာဖတ်ကြည့်ပါ .. တစ်ယောက်တည်း JB သွားတော့ ပျင်းစရာကြီးပေါ့ ၊၊ immigration တုံးလည်း ထုရသေးတယ်ဟုတ် ၊၊ဒါပေမယ့် မမဂွိ အမြဲတမ်းသွားလေ့ရှိရင် နောက်ဆိုပြောပါဂျာ ၊၊ CHEWING GUM လေးလည်း မှာလို့ရတာပေါ့ ၊၊ ဟီး

    ကိုကြီးဝီ

    ReplyDelete
  12. မမရေ
    မိညောင်လေးကို နှပ်သုတ်ပေးနေရလို့ ရုပ်ရှင်တောင် မကြည့်အားတာ အတော်ကြာပါပြီ။
    မမရဲ့ တခြားကြိုးတွေကို သင်ယူဖို့ စာအုပ်ကိုင်ပြီး မှတ်ဖို့ အသင့်။ :)

    ReplyDelete
  13. သတ်တိကောင်းလှချည်လားမမရေ။ မလေးရှားအထိ ညကားတစ်ယောက်ထဲသွားကြည့်တယ်။ အဲဒါကလည်း “ကြိုး” တစ်မျိုးလို့ ထင်မိပါ၏။

    ReplyDelete
  14. အမ်းမားတို့ ကတော့ သတ္တိတယ်ကောင်း။ ကျူရှင် ဖွင့်ပါလား။ ၁၂ကြိုး ၁လပြတ် အထူးသင်တန်း ဆိုပြီးတော့လေ။ နံမည်ကြီးမှာ သေချာတယ်။ စိတ်ချ ကောင်မလေးကို မ၀င်ရ တားမြစ်နယ်မြေထဲမှာ ဒီဘလော. ထိပ်ဆုံးကပဲ။

    ReplyDelete
  15. အရေးအသားကတော့ ညက်နေတာပဲဗျို့...၁၂ကြိုးအကြောင်းကိုကြုံရင်ဝေမျှပေးပါဦး..
    ဗဟုသုတရအောင်လို့ပါ...

    ReplyDelete
  16. ကိုဘွိုင်း
    ခြောက်ကြိုးကဝေပါ ။ ဘယ်က ၁၀ကြိုး တိုးလာတာလဲ :P

    ReplyDelete
  17. တိုင်ပြောမယ်... :P

    ReplyDelete
  18. အမညွှန်းလို့ သူက ဇာတ်လမ်းကို ဒေါင်းလုဒ်ရှာပေးမယ် လာပြောနေတယ်။ စိတ်မပူရှာဘူး။:D

    ReplyDelete
  19. ဟုတ်တယ်နော်။ မြန်မာပြည်မှာဆို တစ်ယောက်မဟုတ် တစ်ယောက်တော့ ရုပ်ရှင်ကြည့်ချင်တယ်ဆို လိုက်ပေးမှာဘဲ။ သဉ္ဖာလည်း အခုနောက်ပိုင်း ရုပ်ရှင် ကြည့်ချင်ရင် တစ်ယောက်တည်း သွားသွား ကြည့်ပစ်လိုက်တယ်။

    ReplyDelete
  20. http://tvshack.net/movies/Eagle_Eye__2008_/

    ReplyDelete
  21. တစ်ကြိုးတော့ သိသွားပြီ...
    ကျန်တဲ့ကြိုးတွေ ပြောပြပါဦး မမKOMရေ...
    အားကိုးပါတယ်... :D

    ReplyDelete
  22. This comment has been removed by the author.

    ReplyDelete
  23. စင်ကာပူမှာ ရုပ်ရှင်ဆိုတစ်ယောက်ထဲသွားသွားကြည့်တာ။
    သူငယ်ချင်းတွေနဲ့ညှိပြီးသွားရတာ စိတ်မရှည်လွန်းလို့။
    မKOMစာရေးတာ အရမ်းပွင့်လင်းတာပဲနော။်
    တစ်ခါတစ်ခါ ကလေးဆိုးကြိးလိုပဲ။ :P

    ReplyDelete
  24. Ha Ha same with me, I normally watch moive depending on actor. But of course movie and the actress must be watchable. Sometime the actor is so handsome and actress is hateful than i don't wanna watch it even the actor is handsome. Coz i can't accept they being together.. hee hee... it's simply jealous.. h` h`.. I will definitely watch this movie sis.

    ReplyDelete
  25. ဆယ့်နှစ်ကြိုးသင်ချင်တယ်

    မပိစိ

    ReplyDelete
  26. ဆယ့်နှစ်ကြိုးသင်ချင်တယ်

    မပိစိ

    ReplyDelete