Monday, October 6, 2008

Kiasu

ရန်ကုန် ကို ဖုံး ဆက် ဘို့ Peninsular မြန်မာဆိုင်ကနေ တယ်လီဖုံးကဒ် ဝယ်လာ တာ ပါ။ --B- လို့အမည် ရ ပါတယ်။ စလုံး ၁၀ ကျပ် ဘိုး ကို ရန်ကုန် ကို ၄၄ မိနစ် ရတယ် လို့ ဆိုင်ရှင် က ထောက် ခံချက် ပေးလိဲု့ ၂ ကဒ် ဝယ် လာပါတယ်။ call back function လဲ ရတယ် လို့ ဆိုပါတယ်။

call back ဆိုတာ ကိုယ့်ရဲ့ တယ်လီဖုံးက incoming free ဖြစ်ခဲ့ဘို့ လိုပါတယ်။ အဲဒီလို ကဒ်ပြားနဲ့ဆက် လိုက်ရင် စက်ရဲ့ ညွန်ကြားချက် အတိုင်း ဟိုလို လုပ်ပါ. ဒီလို လုပ်ပါ ဆိုပြီး ဖုံးဆက် သွယ် မှူ ခဏ ပြတ်သွားပါမယ်။ ပြီးရင် ဖုံး ပြန် မြည် လာရင် ကိုင်လိုက် တဲ့ အခါ ကိုယ်ကို တစ်နေရာ ကနေ ပြန် ခေါ် သလိုဖြစ် ပြီး ကိုယ်တို့ရဲ့ outgoing call တစ်မိနစ် ကို ၁၀ ပြား ကျော် ပေးစရာ မလိုတော.ပါဘူး။ ဘယ် ကနေ ပြန် ခေါ် သလဲ မမေးပါနဲ့. ။ kom လဲ မသိပါ။ ရွာသူ လဲ ဖြစ်နိုင်ပါတယ်။ လောကဓါတ် ပညာ တွေ ကမြင်.လွန်း လို့ မနည်း လိုက်နေ ရတာပါ။

ပြီးခဲ့တဲ့ -A--- ကဒ် တုံး ကတော.အစမှာ ဟုတ်ပြီ ဟူတ် ရဲ့နဲ့ နောက်ပိုင်းတော. ကဒ် က အခြေ အနေ ဆိုး လာတာ က နောက်ဆုံး တစ်ခေါက် မှာ ပြောခွင့် ၁၃ မိနစ်ဘဲ ရလိုက် ပါတယ်။ ကိုယ့် မိတ်ဆွေ ကတော. ပိုဆိုးတယ်။ သှူု့မှာ ပြော ခွင်.တောင် မရလိုက် ပါဘူး။ စက်က သင်.တွင် balance မရှိပါ ဘူး လို့ ပြောနေပါတယ်။ စလုံး ၁၀ ကျပ် ဘိုး တန်ဘိုး ရှိ တဲ့ကဒ် က မပြော ရသေး ဘဲ နဲ့ ခေါ် မရ ဖြစ် နေတာပါ။ help line ကို ဆက် ဘို. ကလည်. ဟိုလို နှိပ်ပါ။ ဒီလို လုပ် ပါ လိဲု့ စက် ကပြောနေတာတွေ ကို နားမလည် တာနဲ့ဘဲ ဆက် မကြိုးစားဖြစ် တော.ပါဘူး။ ဒီလို အတွေ. အကြုံတွေ ရှိခဲ့ပေမဲ့လဲ အသစ် ထွက်ရင် တော.လဲ ဆက်လက် စမ်းသပ် နေရ တာဘဲ။

အိမ်ရောက် တော. စမ်းသပ်ကြည်.တော. Very exciting ပါဘဲ.။ သင်.တွင် ၄၄ မိနစ် ပြော ခွင်. ရှိပါသည် လို့ စက် ကဖြေ ပါတယ်။ ဒါပေမဲ့ စက် က မသိရှာ တာ က kom သည် ငထုံ မဟုတ်ကြောင်း ။ သေငှေး ဖြစ် ကြောင်း သူ က မသိလိုက် ပါဘူး။ timer ကို ရှေ့ချ ထားတယ် လေ။ နောက် ဆုံး ဇာတ်သိမ်း လိုက်တော. ၃၅ မိနစ် မှာ ပြော ခွင့် ကုန် ဆုံ့းသွားပါတယ်။ စလုံး ၁၀ ကျပ် ဘိုးပါ။ နောက် တကဒ် ကိုဆက်လက် မစမ်းသပ် ရသေး ပါဘူး။ ဒီလိုနဲ့ဘဲ အတွေ့ အကြုံတွေ ဆိုတာ ကိုယ် ခံရတာ တွေ လို့ အဓိပါယ် သတ်မှတ် ထားလိုက် ရပါတယ်။

18 comments:

  1. ဟားဟားဟား အဲဒီကဒ်ပဲဖြစ်မှာ ၁ခါ ၅၂မိနစ်ထိရလိုက်ပြီး ပျော်ပြီး ၂ကဒ်လောက်ဝယ်လာတာ။ နောက်တခါဆက်တော့ ၁၆ မိနစ်လောက်ပဲရတယ် မူလလက်ဟောင်း ၁၈၁၈ ပဲကောင်းပါတယ် မမရယ် :D

    ReplyDelete
  2. ဟားဟားဟား အဲဒီမမပဲဖြစ်မှာ မမတိုင်မာ ဆိုတာ :P
    မမ Timer မမ Timer
    အိမ်ပြန်ရင်ကျ လျှောက်လည်နေတယ် တိုင်မာမထားဘူး
    ကိုကိုကြီးက ရိုက်မယ်တဲ့နော်။
    နောက်ခါကျ မလေးရုပ်ရှင်ရုံပေါက်ကနေ စောင့်ရိုက်မယ်တဲ့

    ReplyDelete
  3. အတွေ့အကြုံဆိုတာ အမ်းမာ ပြောသလိုပဲ ကိုယ်ခံခဲ့ရတာကို ပြောတာ...။

    ReplyDelete
  4. ပြီးခဲ့တဲ့စနေတုန်းက
    ဖုန်းကဒ်နဲ့ အိမ်ကိုဆက်မရဘူး
    တိုက်ရီုက်စမ်းခေါ်ကြည့်တော့ ၀င်တယ်တော့
    အညင်ကပ်စရာ ဖုန်းကဒ်တွေ..
    ဒီမှာတော့ ၁၈၀ ကို ၃၅မိနစ်ရတယ်..
    တစ်ခါအကုန်ပြော)
    ကဒ်နဲ့ဆက်လို့မ၀င်ရင် ကိုယ့်ဖုန်းနဲ့ပဲတန်းခေါ်လိုက်ရော..
    ပြီးတော့ ဆောင်ပါ့လေ့ ဖုန်းကြေး...
    ဒီတစ်ခါနောက်ဆုံးပဲ..ဟီဟိ

    ReplyDelete
  5. ကိုယ်ကချည်း ခံနေရတဲ့ ကိုယ်ခံပညာတွေ တော်တော် တတ်နေပြီပေါ့လေ..။

    ReplyDelete
  6. ဟားဟားးးးးးး

    အမရေလည် ရေးတာ မိုက်တယ်..

    ဟုတ်ပ..အမရာ..။
    ဖုန်းကဒ် အသစ်ထွက်တိုင်း မဝယ်ပါဘူးအမရာ အမလို သေဌေးမှ မဟုတ်တာ

    ReplyDelete
  7. ဟားဟား ဒါဆို ဖုန်းရုံးသွားတိုင်ပေါ့ အစ်မရ လျှော်ပေးရင် ပေး မပေးရင် အထက်လူကြီးနဲ့ သွားတိုင်မယ်လို့  ရွှေပြည်ကြီးမှာဆို ဂလိုပဲး)

    ReplyDelete
  8. ဒီမှာလည်း ဖုံးကဒ်တွေ အတော်များများ ထိုနည်းလည်းကောင်းပဲ။ အသစ်ပေါ်တိုင်း လျှောက်မစမ်းနဲ့လေ။ သိပြီးသားက ပိုစိတ်မချရဘူးလားလို့။ ဖုံးကဒ် ပြောတာပါ ;)

    ReplyDelete
  9. ဟားဟား၊ သေဌေးအားမာ့ တိုင်မာကြည့်ဖုန်းပြောတာ မြင်ယောင်ပြီး ရီချင်တယ်ဗျ (ကိုယ်လည်းအဲလိုပါပဲ၊ ငှဲငှဲ)။

    ReplyDelete
  10. ဖြစ်ရလေ အစ်မရယ်.. အင်း.. ဖြစ်တတ်ပါတယ် .. :-)
    အတွေ့အကြုံ ဆိုတာ ကိုယ်က ခံစားရတာ ..

    ReplyDelete
  11. မမရဲ့ အတွေ့အကြုံလေး လာကြည့်တယ် ... :D

    ReplyDelete
  12. ဟုတ်တယ်အမရေ.. ကျွန်တော်လည်း ၁၈၁၈ ပဲသုံးတာလေ.. တခါက ခေါ်တာ ဘာသံမှ မကြားရလို့ ဖုန်းကိုချ.. ပြန်ခေါ်တာ... card number လည်းထည့်တော့ the card is in use ဆိုပြီး $2 ကျော်ဖြတ်ခံရတယ်.. ဖုန်းဆက်ပြောတော့လည်း မင်းခေါ်လို့ဖြတ်တာတဲ့ ရန်ဖြစ်ပြီး ပြောတာလည်း မရဘူး.. နောက်ဆို ဘာကဒ်သုံးရမှန်းတောင် မသိတော့ဘူး...

    ReplyDelete
  13. ဘာရေးရေး ပွင့်လင်းတဲ့ မမဂွိ က လုပ်ချ လိုက်ပြန်ပီ ၊၊ဒါတော့ မမဂွိ ကို ဒီလိုလာလိမ် လို့ဘယ်ရမလဲ ၊၊ စက်ကိုပြန်ပြောလိုက်တယ် ဟုတ် ၊၊ နောက်တစ်ခါ နာပီသာ မှတ်လို့ ၊၊ဟားဟား ..သူငှေးကြီး မမဂွိ ၊၊ ဖြစ်ရလေဗျာ ၊၊

    ကိုကြီးဝီ

    ReplyDelete
  14. ခု Peninsula မှာ My Phone Card ဆိုပြီးအသစ်ပေါ်
    နေတယ်လေ...စမ်းပြီးပြီလား....
    S$8 ပေးရတယ်၊ ၂၅ မိနစ် ရတယ်၊
ဲပြီးခဲ့တဲ့လ September မှာ Phone Card ကခေါ်မရလို့
    စိတ်မရှည်တာနဲ့ Hand Phone နဲ့တန်းခေါ်လိုက်တာ
    ခု Phone bill လာတော့ မျက်လုံးပြူးနေရပြီလေ....
    S$ 277 တဲ့ဗျား.......
    စိတ်မရှည် တတ်သူများ သတိထားကြဖို့ပါ....
    ဘီယာမူးရင် ပိုဆိုးတတ်ပါ ကြောင်း.......ဟီး ဟီး

    ReplyDelete
  15. ကျူပ်လဲ မူလ လက်ဟောင်း နိုင်ငံကျော် ၁၈၁၈ ပဲ သုံးတယ်။ ဘာပြောပြော နားမယောင်ပေါင်။ ;)

    ReplyDelete
  16. smarttel ကို သုံးကြည့်တော့ ၅၀မိနစ် တစ်ခါပြောရတယ်။ နောက်တစ်ခါတော့ ၁၇မိနစ်ပဲ ရတယ်။ ခုတော့ ၁၈၁၈ ကို အမြဲဆောင်ထားတော့တယ်။

    ReplyDelete
  17. ဟားဟား အမ်းမားတို့ ကတော့ ကိုယ်ခံပညာတွေ သင်နေလိုက်တာ ခါးပတ်နက် ရတော့မယ်ဗျ။ ဘာမှမပူနဲ့ ။ ကျနော် ကတ်အသစ်တစ်မျိုး ထွင်ပေးမယ်။ အမ်းမားသုံးရန် သီးသန့် ။ ဒါပေမယ့် အဲလို ထွင်တတ်အောင် စာသင်ဖို့  ပိုက်ပိုက်လိုတယ်ဗျ။ အဲဒါ ငွေရေးကြေးရေး ခြေသလုံးမွှေး အမ်းမားထုတ်ကာပေး။ ဟေးဟေးဟေး

    ReplyDelete