Tuesday, October 14, 2008
mo lay wa tha
မိုးလေဝသ
ဘလော. မရေးနိုင်သေး ။ အသက်ကြီးလာရွေ့ မောသည် ကကြောင်း။ အိမ်ပေါ် က ခဏ ခဏ ဆင်း ရလွန်းရွေ့ ယနေ့ အောက် မဆင်း ဟု သံဓိတ် ဒါန် ချ ထား သည်.။ ရာ သီ ဥ တု မကောင်း ရွေ. ဟတ် ချိုး ဖြစ် နေသည် မှာ နှာခေါင်း ထိပ် တွင် တောင် အနာ ဖြစ် နေသည်။ ယနေ့ဘာမှ မချက်။ ယနေ့ဘာမှ မချက် ဆိုရွေ့ မနေ့က ကဘာချက် သလဲ မေးလျှင် လည်း အဖြေ မရှိပါ။ မနေ့ ကလည်း ဘာ မှ မချက်။
အချစ် အကြောင်း ရေးရန် memory recall ခေါ် ရင်း စဉ်းစားရတာ ခေါင်းခြောက် ရွေ. ရေတောင် သွားလောင်း ရ သည်။ ဖြစ် သလို ချက်ရန် ဘလော.တက် ထားတာ ရေးမည် ကြံ တော. ဘာ မှ မချက် ရွေ့ ဘာ မှ တောင် ပြ စရာ မရှိ။ ဆယ် ရက် အလို ကတော. ရေးပြီးပြီ။ စိတ်ငြစ် မှာ စိုးရွေ. မတင်လို သေး။ ဒါတ်ပုံ တင် ကာ ဆားချက် သလို ဖြစ် သွားသည်. ဆောရီး ။ ဘာလုပ် ရမှန်း မသိရွေ. ဧည့်ခံထားခြင်း ။
ဘလော.ရေးတာ အချိန် တွေ ကုန်လှ သည်.ွ့။ ရေး သမျှ တွေကိုလဲ နိင် အောင် မနည်း ဖတ် လို့ နေရသည်။ အတွေး အခေါ် ဘလော. များ က လည်း ခေါင်းစား လှ သည်။ အကြံတွေ တော. ရှိသေးသည်။ အကောင် အထည် အဖေါ် ရသေး။ မရှိလို့ လုပ်စား ဖြည်းဖြည်း ပေါ့။ ခြုံကြည်.တော. (နွေးတာပေါ့လေ) ။ မိုးလေဝသ သာယာပါသည်။
24 comments:
  1. ဖြေးဖြေးပေါ့ မမရာ။ မမဘာလုပ်လုပ် ချစ်ပြီး၊ ကြိုက်ပြီးပဲ။
    သီတင်းကျွတ် လပြည့်ညမှာ မမကို ဒီနေရာက ကန်တော့ပါတယ်။
    မမနဲ့ KMSL ဘေးရန်ကြောင့်ကျ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
    Loves,
    SMNTL X X
    ReplyDelete
  2. Burglish ရေးတတ်သွားပြီလား။ နားကောလည်သွားပြီလား။ဟိ ဟိ။
    ReplyDelete
  3. နောက်တယ်..
    ဖတ်ပီး ၇ီ၏
    ReplyDelete
  4. မိုးလေ၀သ သာယာတယ်ဆိုလို့ ၀မ်းသာပါတယ် မမရေ။
    သီတင်းကျွတ်လပြည့်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ရပ်ကွက်ထဲ ပြေးလွှားဆော့ကစား နိုင်ပါစေ။
    အကောင်အထည်ဖော်မဲ့ အကြံတွေကိုလဲ စောင့်ဆိုင်းလျက် ရှိပါကြောင်း။ ။
    ReplyDelete
  5. ဒီက မိုးလေ၀သလဲ ပြန်သာယာသွားပါပြီ။
    သီတင်းကျွန်ပြီ လာကန်တော့သည်။မုန့်ဖိုးပေးပါ။
    ReplyDelete
  6. သီတင်းကျွတ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ အမခင်ဗျား
    ReplyDelete
  7. မမရေ.. အေးအေးဆေးဆေး စိတ်ချမ်းချမ်းသာသာ နေနိုင်ပါစေ.. အလည်အပတ်လျှော့ပြီး တိတ်တိတ်ကလေး တံခါးပိတ်နေပါ.. :)
    ReplyDelete
  8. မမ မိုးလေဝသဆိုလို့ ဘာများလည်းလို့ လာကြည့်တာ.. နောက်တယ်... :D
    စကားမစပ် ထပ်ကန်တော့သွားတယ်နော် :P
    ReplyDelete
  9. " ဘလော. မရေးနိုင်သေး
    အသက်ကြီးလာရွေ့ မောသည်
    အောက် မဆင်း ဟု သံဓိတ် ဒါန် ချ ထား သည်
    နှာခေါင်း ထိပ် တွင် တောင် အနာ ဖြစ် နေသည် "
    " အကြံတွေ တော. ရှိသေးသည်
    အကောင် အထည် အဖေါ် ရသေး
    ခြုံကြည်.တော. (နွေးတာပေါ့လေ)
    မိုးလေဝသ သာယာပါသည် "
    မမဂွိ ရဲ့ သင်ပုန်းကြီးဖတ်စာတွေလာကျက်တာပါ ၊၊
    စာမေးပွဲမှာ ဘယ် အပိုဒ်ပါ မှာလဲ မမဂွိ ၊၊ ဟီး ..ကြိုပြောနော် ၊၊( ခင်လို့စတာပါဗျာ)
    ReplyDelete
  10. မမ ချစ်ခင်စွာ လာကန်တော့သွားပါတယ်။
    ကိုဇနိ မဇနိ
    ReplyDelete
  11. မနေ့ကစာမရေးလို့နားပူမိတာ ဆောရီးနော်အစ်မ..နှာစီးနေတာမသိလို့ပါ...:)))
    ReplyDelete
  12. မကေအိုအမ်ရေ...
    နေကောင်းအောင်နေပါနော့...
    သီတင်းကျွတ်ညမှာ ပျော်ရွှင်ပါစေ။။
    ReplyDelete
  13. မမရေ မိုးလေ၀သသာယာတယ်ဆိုတုန်းလေး လာကန်တော့တယ်တာ မမတို့ဇနီးမောင်နှံနှစ်ဖော် စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ လိုအင်ဆန္ဒတွေပြည့်ဝပါစေ
    ReplyDelete
  14. ဘလော့သက်ကြီးပူဇော်ပွဲ ကန်တော့ခံ အမကြီးကို ကန်တော့သွားပါတယ်။
    မေတ္တာဖြင့်
    ReplyDelete
  15. ခေါင်းခြောက်လို့ ရေလောင်းရင်း ဟတ်ချိုးဖြစ်သွားတာ ထင်တယ်။
    ReplyDelete
  16. အစ်မက ပိုင်တယ်ကွာ ..
    ဖြည်းဖြည်းပေါ့လေ .. မရှိလို့ လုပ်စားတာပဲ ဟုတ်တယ်မို့လား ( သံယောင်လိုက်တာ အဟီး )
    အစ်မ ကိုလည်း ကန်တော့ပါတယ် ဘလော့ပေါ်မှာ
    တွေ့တဲ့သူ လိုက်ကန်တော့နေတာ ( မြန်မာပြည် ပြန်ချင်နေလို့ )
    ReplyDelete
  17. သီတင်းကျွတ်ည မိုးလေ၀သ သာယာပါသည် :-)
    ReplyDelete
  18. ဟုတ်မှတ်သားသွားပါတယ်... :D
    ReplyDelete
  19. အဟက် .... ဒေါ်ခင်ဦးမေရဲ့ ခေတ်ဆန်း စကားပြေလေးကို လာဖတ်သွားပါတယ်။ (သိပ္ပံမောင်ဝလိုလို ဘာလိုလိုပဲ ...) :D
    ReplyDelete
  20. This comment has been removed by the author.
    ReplyDelete
  21. မိုးလေ၀သ ဗေဒင်ဟော တောက်တဲ့ မရွှေချော
    ReplyDelete
  22. မမ ရေ..
    မနေ့တုန်းက ၀ါဝါလည်းကန်တော့ခံနေရပြီးမုန့်ဘိုးတွေ
    လိုက်ပေးနေရတာနဲ့ မမဆီမရောက်တာ။ အဟီး
    မုန့်ဘိုးပေး ။ ၀ါဝါတောင်းစရာ မမ ပဲရှိတာလေ။ အဟိ
    ခင်လျှက်
    ReplyDelete
  23. သူများက ပညာမတတ်ဘူးသိလား ကိုယ့်ကိုပြူးကြည့်ရင် မျက်စောင်းထိုးလိုက်ချင်တာ။
    ReplyDelete
  24. အမ ပိုစ့်ကလေးများက တိုတိုတုတ်တုတ်လေးများနဲ့ ထိမိလွန်းအားကြီးတာ ကျွန်တော် သိပ်သဘောကျမိတာပါပဲ
    ReplyDelete