Tuesday, October 7, 2008
Nature of women 4
မိန်းကလေးတွေက ယောက်ကျားလေးချော ရင် သဘောကျပါတယ်။ ဒါကြောင့်မို့ စိုင်းစိုင်း တို့ ရဲလေး တို့အောင်မြင် နေတာ ကြည့် ပါလား။ ကိုယ်လဲ သဘော ကျတာဘဲ။ သွားရင်းလာရင်း ချော တာလေး များတွေ့ရင် မသိမသာ နဲ့ မကြည့် သလိုနေပြီး ကြည့် မိတာ ဘဲ။ မိန်းကလေးတို. အိနြေ္ဒ တော့ မပျက် စေရဘူးပေါ့။
ကိုယ့် သူငယ် ချင်း တစ်ယောက် ကို ကိုယ့်ချာတိတ်မ တစ်ယောက် က သဘောကျပါတယ်။ အိမ်ထောင် ရှိ တယ် ဆိုလို့ ချာတိတ် မ မှာ စိတ် မကောင်းတွေ ဖြစ် လို့။ ဘာဖြစ် ရတာလဲ မေးတော့ Mk ကို တွေ့ရင် သူ့ရင်တွေ ဖလပ် ဖလပ် နဲ့ ဖြစ်တယ် လို့ ဖြေပါတယ်။ အစ် မတို့ ဘာစကားနဲ့ ပြောကြတာလဲ မေးချင်ပြန်ပြီလား။ မလေး စကား နဲ့လား။ ဘိုတွေ လိုပြော ကြ တာ လား။ မြန်မာ စကား နဲ့ မဟုတ် ပေမဲ့ သူ မ ကလေး ဘယ် စကားနဲ့ ပြော သလည်း ဆိုတာ တော့ သတိမရတော့။ ဒီလို စကားမျိုး တွေ ကို မိန်းကလေး တွေ ပြောရင် ဘာသာ စကား က သိတ် အဓိ က မကျ တော.့ပါဘူး။ ကိုယ် တို့ အချင်းချင်း ချက် ခြင်း နားလည် သွားကြ တာဘဲ။
အရပ် ရှည်ရင် လည်း သဘော ကျတယ်။ အရပ် ရှည်ရင် မြင်တာနဲ့ ကို ရင် ခုန်နေ တယ် လို့ ကိုယ့်မိတ်ဆွေ ကောင် မလေးက ပြောပြန်တယ်။ ယုံမလားတော့ မသိဘူး။ တို့လဲ အရပ်ရှည် မှ ကြိုက်တယ်။ အရပ်သိတ် မရှည် တဲ့မောင် လေး များအတွက် တော့ စိတ် မကောင်း ပါဘူး။ အဲဒီ လို ဖြစ် ခဲ့ရင် တော့လဲ တနည်း တလမ်းနဲ့ ကြိုးစား ရင် အောင်မြင် နိုင် ပါတယ်။
ရှပ် အကျီင်္င်္င်္လက်ရှည် ကို လက်ခေါက်ပြီး ဝတ်ရင် သဘောကျတယ်။ ပုဆိုး ကို အဆင် စိတ် စိတ်ကလေးတွေ အရောင် ခပ် ရင့်ရင့်ဝတ်ရင် နှစ်သက်တယ်။ မန်းဒလေး ဖိနပ် ကလေးနဲ့ ဆိုရင် လိုက် မှ လိုက်။ အခုခေတ် ချာတိတ်တွေ ကိုတော့ အခု ခေတ် ကလေး မလေးတွေ က ဘယ်လိုမြင်ချင် မလဲတော့မသိဘူး။
သိတ်ပြီး မျက်နှာရူးရင် မကြိုက်ပါဘူး။ တည်တည် ကြည်ကြည် နေ တဲ့သူ ကို ပိုပြီး မေတာ ရှိ ပါ တယ်။ ဘာဖြစ် လို့လဲ တော့ မသိဘူး။ ကိုယ်တို့ ငယ်ငယ်တုံး က ဆိုရင် ကိုယ့်သူငယ်ချင်း ကို သူ့ဦးလေး က လာကြိုတတ် ပါတယ်။ အဲဒီခေတ်က ဖယ်မလီယာ လေး နဲ့ပေါ့. ။ အဲဒီ ဦးလေး က သိတ်ပြီး အပြုံးအရယ် မရှိဘူး။ အရွယ်လဲ ကိုယ်တို့နဲ့ သိတ် မကွာလှဘူး။ အဲဒီဦးလေး ကို ကိုယ်တို့ သူငယ်ချင်း တွေ အားလုံးက သဘောကျခဲ့ဘူး ကြတယ်။ ပြန်တွေူ့ ကြတုံး က ဆိုရင်.. ဟယ်.. နင့်ဦးလေး အိမ်ထောင်ကျပြီလားလို့ သတိတရနဲ့ မေးခဲ့မိဘူးတယ်။
38 comments:
  1. ၀ိုးး...အစ်မ ပြောတဲ့ အချက်တွေ ကျနော်နဲ့ အားလုံးကိုက်တယ် ဟီးးး ရေးလိုက်ရင်တော့လေ ဖတ်တဲ့သူကို မရယ်ပဲမနေနိုင်အောင်ရေးတက်တယ်ဗျာ မန်းလေးဖိနပ်မဟုတ်ပဲ ယိုးဒယားဖိနပ် ဆင် ၁၈ ကောင်ဆိုရင်ကော ကောင်မလေးတွေ ရင်မခုန်ကြဘူးလား :P
    ReplyDelete
  2. ဟုတ်မမ.. သမီးတို့လည်းကျောင်းတုန်းက အဲလိုပဲအုပ်စုလိုက်ငန်းတာ..တစ်ယောက်ကြိုက်ရင်တစ်အုပ်စုလုံးကြိုက်တာ..တကယ်မချစ်ကြလို့..ချစ်ရင်ထသတ်ကုန်မှာ.. :D
    စကားမစပ်... အစ်ကိုကြီးကရောမမပြောတဲ့အချက်တွေနဲ့ ကိုက်လားဟင်... :P
    ReplyDelete
  3. နန္ဒာနဲ့ မမတူတယ်။
    ယောက်ကျားဆိုရင် အရပ်ရှည်ပြီး ခန္ဓာကိုယ်ရှိမှ စိတ်ဝင်စားတယ်။
    JG က 6 ပေ 4 လက်မ ရှည်တယ်။ Gym လဲ ကစားတော့ ခန္ဓာကိုယ်လဲ ရှိတယ်။
    နန္ဒာအရပ်က 5 ပေ 9 လက်မ ဆိုတော့ JG နဲ့်Suit ဖြစ်တယ်။ Heels စီးရင် သူနဲ့ အရပ် အတူတူပဲ။
    ကြွားလိုက်အုံးမယ်။ နန္ဒာတို့ အတွဲ အပြင်ထွက်ရင် လူကြည့်ခံရတာ များတယ်။ အဲဒီလို အကြည့်ခံရတာကို ကျေနပ်နေမိတာလေ။ ဟီး ဟီး :))
    KMSL ရော အရပ် ဘယ်လောက်ရှည်လဲဟင။်
    SMNTL
    ReplyDelete
  4. စိတ်ကူးထဲမှာ..
    ငယ်ငယ်တုန်းကတော့ ငယ်ငယ်တုန်းကပေါ့..။
    ချစ်တော့လဲ ရှည်သလား တိုသလားတောင် မကြည့်မိ။:)
    ReplyDelete
  5. မမိုးချိုသင်းပြောသလိုပါပဲ။ အရင်တုန်းက သဘောကျလိုက်ရင်
    အလွန်တရာသန့်ပြန့်ချောမော။ အဟိ....ချစ်သွားတော့လဲ
    ဒီရုပ်ဆိုးလေးကိုပဲ အလှဆုံးထင်နေတာ။
    ReplyDelete
  6. မှတ်သားသွားပါတယ် အမရေ။ အရပ်လေးရှည်လို့ တော်သေးရဲ့လို့ ကိုယ်တိုင်ပဲ နှစ်သိမ့်သွားလေရဲ့။
    သုခမိန်(E-Journal)
    ReplyDelete
  7. အစ်မ..
    လာဖတ်သွားတယ်..
    ဘယ်လိုမှတ်ချက်ချရမှန်းမသိလို့..
    ဖတ်ပြီးတော့..ကိုယ့်ကိုယ်ကို ပြန်မေးကြည့်နေတယ်။။
    တွေ့တွေ့ချင်းအမြင်မကပ်လောက်တဲ့သူကို
    သဘောကျပါတယ်။။(ရုပ်ဆိုးဆိုး ချောချော ပေါ့)
    ReplyDelete
  8. ဝမ်းမန်းတွေရဲ့နေချားကလည်း...
    တားတားလို၅ပေနဲ့၆လက်မပဲရှိတဲ့ဂျပုကိုလူရာမသွင်း
    တော့ဝူးလားဟင်... ဗြဲ...အဲဆို
    ဆင်ခြောက်ကောင်စီး ပုဆိုးကွက်စိတ် အရပ်မြင့်မြင့်
    ကြိုက်တဲ့မြန်မာမတွေမယူတော့ဝူး...
    စကင်နီဝတ် အောစတားစီး ပြီးကျနော်နဲ့ဆိုက်တူဂိုက်တူ
    စလုံးအီမိုမပဲရှာတော့မယ်...ဟဲဟဲ
    ReplyDelete
  9. လာဖတ်ပြီးတော့ ချိတ်နာတယ်ဗျာ။ နောက်နေ့  လမ်းထွက်ရင် အရင်ဆုံး မျက်နှာကို ရွေပေါ်ထိုး၊ရှပ် အကျီင်္င်္င်္လက်စက ကို လက်ခေါက်ဝတ်ပြီး ကုလားမ ခြေထောက်တပ်ပြီး ထွက်တော့မယ်ဗျာ။ မျက်နှာမရူးအောင် ရွာသားကြီး ခဏပို့ ထားလိုက်မယ်။ ဂလောက်ဆို ဖြစ်ပြီလား။
    ReplyDelete
  10. အမရေ ဒါဆို ကိုကြီး kmsl တစ်ယောက် ဖလက်ဘားတွေ၊ ရိန်းဘားကွင်းတွေ ဆွဲခဲ့ရမှာပေါ့ ။ :D လာဗျူးဦးမှပဲ
    ReplyDelete
  11. အမရေ .. ဖတ်လို့တော့ကောင်းတယ် .. ကိုယ်နဲ့လည်း တစ်ချက်မှ မညီဘူး .. :P
    နောက်ဆုံးအကြောင်းကြီးကို လျှို့ဝှက်ထားတယ် ..
    အိမ်ထောင်ကျ .. မကျ မပြောသွားဘူး ... တစ်ခုခုပဲနော်
    :P
    ReplyDelete
  12. ဟုတ်ကဲ့ပါခင်ဗျ၊၊ မမဂွိရဲ့ လက်ချာ ကို လာတက်ပါတယ် ၊၊ လိုက်လည်း ကူးပါတယ် ၊၊ အိမ်ပြန်ရင် လည်း ကျက်ပါ့ မယ်ဗျာ ၊၊ ဂွိဂွိ..
    ကိုကြီးဝီ
    ReplyDelete
  13. Not only gal....Guys like to look at pretty gal too....
    ReplyDelete
  14. ညီမကတော့ စိုင်းစိုင်းလဲ ကြိုက်ဘူး ရဲလေးလဲ ကြိုက်ဘူး။ လူကို မကြိုက်တာပါ။ သီချင်းကျ ကြိုက်တဲ့ဟာတွေ ရှိပါတယ်။ မင်းသားဆိုလဲ အနုပညာသက်သက်ဘဲ သဘောကျတာ။ ရုပ်ချောလဲ ဒီကားမှသရုပ်ဆောင်ကောင်းရင် အတော်သဘောကျပေမယ့် နောက်ကားကို ဖြစ်ကတတ်ဆန်း ရိုက်ရင် လုံးဝကြည့်မရတော့ဘူး။ ခုချိန်ထိကြိုက်တဲ့မင်းသားဆိုလို့လို့ သုမောင်ရယ် ဝင်းဦးရယ်ဘဲရှိမယ်။ ယောက်ျားလေး ချောတာ မကြိုက်တာတော့ အမှန်ဘဲ၊ မြင်တုန်း ဪ ချောရှာတယ် ဒီလောက်ဘဲ။ ကိုယ်က မလှလို့လားတော့ မသိဘူး၊ လှတဲ့သူနဲ့ ရီးစားဖြစ်မှာ သိပ်ကြောက်။ တော်ကြာ အမြဲ သဝန်တိုနေရမှာလေ။ ဒီမှာတော့ ကောင်လေးတွေ (ကောင်ကြီးတွေရော) အလှအပ သိပ်ဦးစားပေးတာ။ မျက်ခုန်းမွှေးရိတ်ထားကြတယ်။ ဆပင်ဒီဇိုင်းတွေ အဝတ်ဒီဇိုင်းတွေကလဲ လန်ထွက်နေတာဘဲ။ အသားဖြူတော့ ကြည့်ရ မဆိုးပါဘူး။ ဒါပေမယ့် ညီမကတော့ မိန်းကလေးချောတာမျိုးကို ပိုသဘောကျတယ်။ ချောတဲ့ မိန်းကလေးတွေဆို လိုက်ငမ်းတာဘဲ။ ချောလိုက်တာ ဘာဆေးများစားထားပါလိမ့် အသားလေးက မှုန်နေတာဘဲတို့။ တော်သေးတာပေါ့ ညီမက မိန်းကလေး ဖြစ်နေလို့၊ ယောက်ျားလေးသာဖြစ်ရင် မလွယ်လောက်ဘူးထင်တယ်။
    မမအတွက် လက်ဆောင်။ အပတ်တိုင်း ကြာသပတေးနေ့မှာ အသစ်တင်တဲ့ ဂျပန်ရဲ့ နာမည်ကြီးနေရာတချို့က လမ်းသွားလမ်းလာတွေရဲ့ ဖက်ရှင်ဆိုက်။ http://www.style-arena.jp/index_e.htm ကောင်မလေးတွေများပါတယ်။ တခါတခါမှ ကောင်လေးတွေပါလို့ အမ ကြိုက်ပါ့မလားတော့ သိဘူး။ နေရာအလိုက် ဖက်ရှင်ကွာတယ်။ Ginza "ဂင်းဇ"က အများစုက မမနဲ့ ရွယ်တူလောက်တွေများမယ်လို့ ထင်မိတာဘဲ။:D
    ဒါနဲ့ မမချိုသင်းပြောတာ ဟုတ်တယ်။ စိတ်ကူးတုန်းကတော့ ကူးခဲ့တာပါဘဲ။ အဟီး
    ReplyDelete
  15. မီးလေးလဲ ယောကျာင်္းလေးချာချောတွေ့ရင် ငန်းတာများခုထိပဲ မမနဲ့တူတူပဲ ...ဒါပေမယ့် မီးလေးယူမယ့်ယောင်္ကျားကတော့သာမန်ရွက်ကြမ်း ရေကျိုလေးဆိုတော်ပါပြီး ချောနေရင် လိုက်ပြီးသ၀န်တိုနေရဦးမယ်.....ဟိဟိ
    ReplyDelete
  16. အမရေ.. အမှန်ပဲ ..
    ဒါပေမဲ့ ယောကျာင်္းအရမ်းချောတာ မကြိုက်ဘူး သဝန်တိုတတ်လို့။
    သန့်နေရင်အရမ်းကြိုက်တယ်။
    စကြည့်ကတည်းက ခြေထောက် ဖွေးပီးသန့်နေတယ်ေ့ခြချောင်းလေးတွေ သန့်သန့်လေးဆို သိပ်ကြိုက်တာ။ ပီးတော့ အရပ် ရှည်မှ မျက်နှာဆိုလဲ တည်နေမှ ကြိုက်တာ။
    ကြိုက်တာကို ပြောတာပါ။
    ReplyDelete
  17. ဟဟ မမရဲ့လက်ချာတွေကြည့်ပြီး ပြင်ကုန်ကြပြီ. :P
    ဟုတ်တော့လည်းဟုတ်တာပဲနော်. ချောတယ်ဆိုတာထက် သန့်တာကိုပိုကြိုက်တယ် တည်ကြည်ပြီး ရုပ်ကသန့်နေတာမျိုးပေါ့.... အဲလိုဆိုကြည့်ကောင်းတယ်.. ခိုးကြည့်တာပဲ မသိမသာ :P ဟိဟိ
    အင်း ကြည့်ကောင်းတယ်ပြောတာနော်.... နောက်တော့လည်းး :D
    ReplyDelete
  18. ဟယ်..
    သူတို့ကဒီလိုကိုး
    ဒါကြောင့်ငါမစွန်တာ
    Alternative လေးများမရှိတော့ဘူးလား
    အမkom ရယ်...
    ReplyDelete
  19. မမKOM စာတွေကို ဖတ်ရင်း ရင်တွေ ဖလပ် ဖလပ် ဖြစ်သွားတယ်။
    Wesheme မှာ အကယ်ဒမီရတော့ ရင်တွေ ဖလပ် ဖလပ် ဖြစ်သေးလား .....
    ReplyDelete
  20. သဉ္ဖာတော့ ကိုးရီးယား မင်းသားနဲ့ ထိုင်ဝမ် မင်းသားတွေ ကြိုက်တယ်။ (ဥပမာ - Alec Su လိုပေါ့။ ရုပ်ရှင် ကြည့်ရင် မင်းသား ချောတဲ့ကားတွေဘဲ ကြည့်တာ။ အစ်မလိုဘဲ တည်တည်နေတဲ့သူကိုဆို ပိုကြိုက်တယ်။ နောက်တစ်ခု .. ငယ်ငယ်လေးကတည်းက မျက်မှန်တပ်တဲ့သူတွေကို ကြိုက်တယ်။ :D
    ReplyDelete
  21. မမပြောတဲ့အချက်တွေနဲ့ ကိုဇနိကို တိုက်ကြည့်ရအုံးမယ်
    မကိုက်ညီလည်း မတတ်နိုင်ပါဘူးလေ
    ပြီးပီကိုးနော်
    ReplyDelete
  22. ဟုတ်တယ် မမKOMရေ...
    ယောက်ျားလေးဆို အရပ်ရှည်မှ သဘောကျတယ်... အဟဲ...
    တည်တည်ကြည်ကြည်နေတဲ့သူဆို ပိုပြီးမေတ္တာရှိတယ် ဆိုတာလည်း အမှန်ပဲ...
    ချောတာထက် တည်ကြည်ပြီး သန့်တဲ့သူကို ပိုကြိုက်တယ်...
    သုံးသပ်ချက်တွေကတော့ တန်းခနဲပဲနော့... :)
    ReplyDelete
  23. အားပါးပါး.......
    များလိုက်တဲ့ မှတ်ချက်တွေပါလား.....
    မ KOM ရေ ကျွန်တော် နဲ့ အကုန်ကိုက်ညီတယ်....ဗျို့
    .........ဟီး ဟီး
    ReplyDelete
  24. look is no use when in dark..like wiseman said.."everyone looks the same in the dark"..but not everyone is the same in the dark..some got better skill.:p
    so wanna choose a nice looking guy who is getting uglier and uglier eventually or better skill guy who look the same in the dark..
    ReplyDelete
  25. ဟားဟား မမနိပြောသလိုပါပဲ ။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာတော့ ဟုတ်ပါဘူး ။ သူ့ကို " ဒါရိုက်တာရင် " နဲ့တူတယ်လို့ပြောကြတယ် ဟိ အရပ်တော့ သိပ်မရှည်ပါဘူး :P
    ReplyDelete
  26. ခက်ပြီဗျာ ဒီမျက်နှာကြောင့် စိတ်ညစ်နေရတာ
    ကြာပြီဗျာ တကယ်ပဲ
    မှန်ထဲပြန်ကြည့်ပြီး စိတ်ညစ်နေရတယ်
    ခုတော့ ပိုသေချာသွားပြီပေါ့ ဒီလိုမျိုးရေးတာ တွေ့တော့ သေပြီဆရာပေါ့ :D
    ရုပ်ကိုက လူကြည်ညိုချင်စရာလေ
    အပြင်ထွက်ရင် ဝိုင်းကြည့်လွန်းလို့ခက်နေတာ
    အရပ်အမောင်းကလဲ အနေတော်
    အင်္ကျီ အဝတ်အစားကလဲ ဘေထုပ်ကို ဘေထုပ်မှန်း မသိအောင် ဝတ်တတ်တယ်
    ခန့်လွန်း ချောလွန်း တည်လွန်း ကြည်လွန်းလို့
    တည်ကြည်ခန့်ဆိုပြီး နာမည်ပြောင်းရ ကောင်းမလားပဲ
    ဟီး ဟီး ဟီး :D
    ReplyDelete
  27. မမရေ... GreenGirlလည်း အဲ့လိုပဲ။ ကိုယ်ကမြေကြီးထဲ ၀င်အောင်ပုပါစေ၊ ယောကျာ်းလေးကိုတော့ အရပ်ရှည်မှ ကြိုက်တယ် :P
    ReplyDelete
  28. အရပ်ရှည်တယ်ဆိုတော့ ဘယ်လိုမျိုးလဲ ခင်ဗျ။ အတိုင်းအတာလေး တစ်ခုတော့ နမူနာလေး ပေးပါလား။ ဥပမာ ၅ ပေနဲ့ ဘယ်နှလက်မ ထက်ကျော်မှ အရပ်ရှည်တယ်လို့ သတ်မှတ်တယ် ဘာညာပေါ့။ အဲဒီတော့မှ မိန်းခလေးတွေရဲ့ အမြင်မှာ ကိုယ်အရပ် ပုလား ရှည်လား ဆိုတာ သိမှပေါ့ဗျာ။
    ReplyDelete
  29. ယောက်ျားကောင်းတို့ရဲ့ ဂုဏ်ပုဒ်တွေကို သတ်မှတ်ထားလိုက်တော့... အင်း... ဟန်သစ်ငြိမ်တော့ ရွှေဖြစ်ရချည်ရဲ့...။
    ReplyDelete
  30. တူနေပြန်ပါပြီ။ အရပ်ရှည်မှ သဘောကျတယ်။
    နောက်တစ်ခုက သဘောကျတဲ့ ကောင်လေးဆို ခြေညှိုးရှည်လား မရှည်လား မသိမသာ ကြည့်တတ်သေးတယ်။ ခြေညှိုးရှည်တဲ့ ကောင်လေးတွေက ကြင်နာတတ်တယ် ဆိုလို့လေ အဟီး :D
    ReplyDelete
  31. ရှည်သလား တိုသလား...ချစ်တော့လဲပြီးတာပါပဲ။...:D
    Ko Byz
    ReplyDelete
  32. ထပ်လာဖြည့်တာ ...
    မေ ကြားဘူးတာက မိန်းကလေးတွေ ခြေညှိုးရှည်ရင် ယောကျာ်းနိုင်တယ်တဲ့၊ ယောကျာ်းလေးတွေ ခြေညှိုးရှည်ရင်တော့ ကြင်နာတတ်တယ်တဲ့။ အစ်မ လာပြောသွားသလို ခြေညှိုးရှည်တဲ့သူက အိမ်ထောင်ဘက်ပေါ် သြဇာညောင်းတယ်ဆိုရင်တော့ ပြန်စဉ်းစားရမှာပေါ့နော် :D အဲဒီ ရေခပ်ခိုင်းတဲ့သူကြီးက ကြင်နာတတ်လားဆိုတာ အစ်မကိုပဲ တိတ်တိတ်လေး မေးရမှာပဲ :P
    ReplyDelete
  33. ဟဟဟား မမ ရေ..
    အခုမှဖတ်ဖြစ်တယ်.. မမပို့စ်လေးက တော်တော်ပေါ်
    ပြူလာဖြစ်ပါလား။ အဟား
    ရဲလေးတော့ကြိုက်တယ်.. စိုင်းစိုင်းလည်းနဲနဲကြိုက်တယ်
    .အဟဲ. စံချိန်တွေနဲ့ စိတ်ကူးမိခဲ့ပေမယ့် မမိုးချိုသင်း ပြော
    သလိုပဲ ချစ်တော့လည်း တိုလားရှည်လား၊ တိုရှည်လား
    တိတော့ပါဘူး။ အဟီး ။ချစ်တာကို။ မီးမီးနဲ့ အရပ်တူတူပဲ။
    အဟဲ....
    ReplyDelete
  34. အင်း.. စံရယ်လို့တော့ မထားခဲ့ပေမယ့် ယောကျာင်္းလေးဆိုရင် တည်တည်တံ့တံ့ သဘောကျတယ်။ ချောဖို့မလိုပါဘူး။ သဘောထားကြီးတဲ့ ယောကျာင်္းလေးမျိုး သဘောကျတယ်.. :P။ ဒါပေမယ့် ချစ်တာနဲ့ ကြိုက်တာ မတူဘူးလေနော့။
    ReplyDelete
  35. အမရေ comments တွေကလည်း တစ်သီကြီးပါလား။ အမတို့ပြောတဲ့ အချက်တွေနဲ့ ကျွန်တော်နဲ့ တစ်ချက်ကလေးမှမကိုက်ပါ။ အင်းးးးးး မိန်းကလေးတွေ အကုန်လုံး ဒီလိုစံတွေနဲ့ သတ်မှတ်ပြီး ရွေးကြမယ်ဆိုရင်တော့ မိုးမြင့်တိမ်တို့တော့ ငှက်ပျောတုံးဖက်ပြီးဘဲ အိပ်ရတော့မယ်။ အားငယ်လိုက်တာနော်။
    ReplyDelete
  36. ဝေါ်...ဂလိုလား???
    နည်းလမ်းရပြီ
    လုပ်ကြည့်တာပေါ့
    ReplyDelete
  37. သူသာ ဖတ်မိမယ်ဆိုရင်တော့.... အင်းးးးးးးး
    ဟူးးးးး ဝေးပြီ ဘေဘီ အဝေးဆုံးးးးးး :P
    ReplyDelete