Sunday, October 5, 2008

never give up blogging



ယနေ့တနင်္ဂနွေ ဘလော.လျှော.ပြီး ထမင်းချက် အိမ်ရှင်း။ အိမ်စာ လုပ် မှာ မို့လို. ချက်ချင်း မ လည်ခဲ့ ရင.် ခွင့် လွှတ် စေ ချင်.။

မုန့်ဟင်းခါးကလဲ စား ချင် လို. ချက် ရ သေးတယ်။ ခင်ထွေးရီ ဆိုတဲ့ အထုတ် ကို ပြူတ် လိုက်တော. စား လို.ရသွား တာပေါ့။ ဘဲဥ. ပဲကြော်ကလည်း ထည့်ရသေး. ။ အောက် က ကုလားဆိုင် မှာ နနံပင် .နဲ့ လိုအပ် သည် များ က်ြက်သွန်နီ. ငံပြာရည် ကိုလည်း ဆင်းဝယ် ရသေးတယ်။ ပုဇွန်လေးပါ ကြော်ဦးမယ် ဆိုပြီး ဝယ် သေးတယ်။

အောက်ဆင်းရင်းနဲ့ တိုရှည် စားချင်စိတ် ပါ ဖြစ်လာတော. တိုရှည် လည်းဝယ် ပလာ တာ လဲ ဝယ် ။ မနေ့ က မြနန္နာ မှာ ပုဇွန်ချဉ် . မျှစ် ချဉ် ဝက်သား ။ ကြက်သား အသည်း အမြစ် နဲ့ ထမင်းစားခဲ့ ရုံ့ မက နေ ချဉ် ပေါင် နဲ့ မျှစ် ကြော် အပြင် ဝက်သား လုံးကြော် ကိုချက် တာ ရယ်။ ငှက်ပျောသီး ပေါင်း. ခေါက်ဆွဲ ကြော် ပါ ဝယ်လာ သေးတယ်။ ရွှေဝါမြေ က နေ လည်း ငါးဖယ်ဆီပြန် ဝယ် လာသေးတယ်။ လဘက်ကလေးကလည်း စားချင်လို့ နဲနဲဝယ်လာသေးတာ နယ်နေရသေးတယ်။ အဖွားကြီးသုတ်ပေါ.။ ဆားနဲ့ အချိုမှူန့်နဲ့ ကြက်သွန်ဖြူနဲ့ သံ့ပုံရာသီးလေးညှစ် .ဂွတ်.။

ဗိုက် လည်း မဆန်.တော. လောဘတွေ ကြီးပြီး ဝယ် တယ် ဝယ်တယ် ဖြစ်နေ တာဘဲ ရှိတယ်။ ဘယ် လိုကုန်အောင် စားရပါ့။ မြနန္နာ မှာ လူစည်တယ်။ ကျန်တာတွေလည်းသူ.ဘာသာ သူ စည် နေကြတာပါဘဲ.။ ဝိုင်ဝိုင်းရဲ့ (ဖြေသိမ်.လိုက်) သီချင်း လာတော. လိုက်ဆိုညည်း ကျတာ စတိတ် ရှိုး ရောက် နေ သလားတောင် အောက်မေ့မိတယ်။

ချဥိပေါင်နဲ့ မျှစ် ချဥိရည် ကလည်း ချက်နေတုံး။ အစိမ်းကြော်ဝယ် မလို့ ဆိုပြီး မနက် က ဝယ် ထား တာ တွေကလည်း ရှိသေး။ တပါတ်လုံး မြန်မာစာ မစားရ သမျှ အတိုးချ လို့ ဝယ်သာဝယ် ဖြစ် နေပါပြီ.။ အိမ်ကလည်း အမျှိုက်ပုံ ဖြစ်နေပါပြီ. ။ အိမ်မရှင်းဘဲ ဘလော.နေ တာကိုး။ မိဘနဲ့ များနေ ရင် ရိုက် ပေါက်ဘဲ။ အိမ်စာတွေ လဲပုံနေပြီ.။ ည မှ သန်းကောင်သန်းလွဲ အိမ်စာ တွေ.. လုပ်နေဦး မှာမြင်ယောင်သေး.။

19 comments:

  1. ဟုတ်ကဲ အိမ်အလုပ်တွေလည်းလုပ်ရင်း ဘလော့လေးကိုလဲ မှန်မှန်ရေးပါဗျို့

    ReplyDelete
  2. အားကျလိုက်တာ။ မြန်မာစာတွေ ဖွယ်ဖွယ်ရာရာ ၀ယ်စားနိုင်တာရော၊ ဘလော့ဂ်ရေးနိုင်တာရော။ ကိုယ်ကတော့ မစွမ်းနိုင်သူမို့လေး(

    ReplyDelete
  3. အိမ်စာမလုပ်ရင် ဆရာမက ရိုက်လို့လား ဟင်...
    ဘာရယ်တော့ မဟုတ်ပါဘူး မေးကြည့်တာပါ။ :)

    ReplyDelete
  4. ဂွတ်...ချက်တဲ့အဆင့်တော့ မရောက်သေးဘူး..

    ReplyDelete
  5. မုန့်ဟင်းခါး အဝစားပြီး ငှက်ပျောသီးပေါင်းလေးနဲ့ အချိုတည်းရရင် တော်ပါပြီ။

    ReplyDelete
  6. ဟီဟီး...တူဒယ်..တူဒယ်... မီးမီးလည်း အိမ်မရှင်းနိုင်တာ ကြာပါ့။။ ဧည့်သည်လာမယ်ဆိုမှ
    အိမ်အမြန်ရှင်းရတယ်လေ.. တော်ပါသေးရဲ့ အိမ်ကကျဉ်းကျဉ်းမို့.. အဟီး

    ReplyDelete
  7. မမရေ...အရမ်းမစားနဲ့ဦး..၀လာဦးမယ်..
    မမကလည်း အိမ်ရှင်းချင်တာများ အိမ်ကြီးရှင်(မမမြရွှက်ဝေအခေါ်)ကိုရှင်းခိုင်းလိုက်ပြီးရော..ဟိ

    ReplyDelete
  8. တီတီရေ...တားတားဆီမှာကွန့်ခဲ့တဲ့အတွက်ကျေးဇူးဂျ...
    ကောင်းလိုက်တဲ့မြန်မာထမင်းဟင်းတွေဗျာ...နောက်တစ်ခါချက်ရင်ပုံလေးတွေတင်ပါအုံး...အရသာခံရ
    တာပေါ့ဟဲဟဲ...ကွန့်ခဲ့တဲ့မေးခွန်းလေးတွေဖြေရရင်တော့
    ကျနော်လည်းဘလော့လုပ်တာ၁လတောင်မရှိသေးပါဘူး
    ဂျ.ခံစားချက်ကလေးတွေရင်ဖွင့်မလို့ပါ.ဂေါ်ဖီကြက်ဥကတော့ဂေါ်ဖ်ီထဲကြက်ဥထဲ့မွှေပြီးရော
    ကြော်ယုံပဲ...ကောင်းမှကောင်း
    အလုပ်မှရတဲ့ပိုက်ဆံမဟုတ်ဘူးဆိုတာက...ကျနော့သူငယ်ချင်းတွေဘောလုံးပွဲနိုင်လို့ပါ...တားတားပါဝူး... အိမ်မြန်မြန်ရှင်းနိုင်ပါစေ

    ReplyDelete
  9. မမရေ...ညီမလေးဆိုရင် တစ်နေကုန် ကွန်ပြူတာရှေ့က ထ ကိုမထတာ :P

    ReplyDelete
  10. မမ အိမ်ကရှင်းပါတယ် ။ ကြမ်းတွေဆို ပြောင်နေတာပဲ ။ သတင်းစာလေးတွေစီပြီး ခုံအောက်ထဲ ထည့်လိုက် ပြီးပြီ ။ Blog ပဲရေးတော့ :P

    ReplyDelete
  11. အိမ်လား မရှင်းတာ ကြာပေါ့။ စိတ်ကူးပေါက်မှ ရှင်းတယ်။ စိတ်ကူးကလဲ ပေါက်ခဲပါတယ်။ ရှင်းပြီဟေ့ဆို အိမ်ကလူတွေ နားပူပြီသာ မှတ်တော့။ ဒါရှုတ်တယ် လွှတ်ပစ်မယ် ဘာလို့သိမ်းထားတာလဲ လိုက်မဖွနဲ့ ခုဘဲသိမ်းလိုက်တယ် ဘလား ဘလား....... hip-hop နဲ့အပြိုင်ဘဲ အဟိ။ :D

    ReplyDelete
  12. အမ်းမားကတော့ ၀ါးတီးတွေနဲ့  စည်ကားနေတာပဲ။ ဒီကလည်း အစားအသောက်ဆို အချိန်မဆိုင်း ဒိုင်းကနဲ အရောက်ဗျ။ အိမ်စာက လုပ်မနေနဲ့ ။ သင်ပေးတဲ့ ဆရာမကို မုန့် တွေခေါ်ကျွေးလိုက်ပေါ့။ လွတ်စေသတည်း အဟီး။

    ReplyDelete
  13. ခေါင်းစဉ်ကိုတော့ တကယ်ပဲ လေးစားသွားပြီ။
    စာကို ဖတ်လိုက်တော့ ဟင်းအမယ်စုံတာတွေ ရေးထားပြန်တော့ အားငယ်သွားတယ်။

    သူများတွေ ဟင်းတွေချက်ပြီး တင်ကြတော့ နဂိုကမှ အားငယ်တတ်သူပီပီ ချက်ကြည့်အုံးမယ် ဘာညာ ပြောပြီး ကိုယ့်အကြောင်းကိုယ်သိလို့ ၀မ်းပမ်းတနည်း ပြန်ပြန်လာရတယ်။ အခုတော့ မမက ကိုယ်တိုင် မချက်သော်လည်း ၀ယ်ထားတာတွေ ထုတ်ကြွားပြန်တော့ နေစရာမရှိတော့ :'(

    အိမ်မရှင်းတာကတော့ မမနဲ့အတူတူပဲ ဆိုပြီး ပြန် ၀မ်း သာ သွားပြန်တယ် မမရေ..။ ဒီတချက် ကယ်သွားပေလို့။ :))

    ReplyDelete
  14. မမ စားချင်တယ် စားချင်တယ်
    ဘလော့ဂ်လည်း ရေးပါ။ အလည်လည်း လာပါအုံး။ မဟုတ်ရင် အားငယ်နေမှာစိုးလို့ပါ။

    ReplyDelete
  15. ဟုတ်ကဲ့ မမဂွိ ၊၊ ဘလော့ လည်းမှန်မှန်ရေး ၊
    အိမ်အလုပ် လည်းလုပ် ၊ အပြင် လည်းလျှောက် လည် ၊ ရုပ်ရှင် လည်းကြည့် ၊ shopping လည်းထွက် ၊ အိမ်စာတွေ လည်းလုပ် .. အားလုံးကို စီမံ ခန့်ခွဲ နိုင် တဲ့ မမဂွိ ကြီး လစာ အမြန်တက်ပါစေဗျာ ၊၊ ဟီး

    ကိုကြီးဝီ

    ReplyDelete
  16. ကိုကြီးဝီ ရဲ့  အဆိုကို ထောက်ခံပါတယ် :-P

    ReplyDelete
  17. ဟီးး မမကတော့ ရေးထားတာ ဗိုက်တောင်ဆာသွားပြီ
    အဘွားကြီးသုတ်တဲ့ စားချင်လိုက်တာ... :P
    အိမ်ရှင်းပြီးပြီပေါ့ :P

    ReplyDelete
  18. No Prescription medication Pharmacy. Order Generic Medication In own Pharmacy. Buy Pills Central.
    [url=http://buypillscentral.com/about_en-us.htm]Purchase Top Quality Viagra, Cialis, Levitra, Tamiflu[/url]. prescription generic pills. Discount pills pharmacy

    ReplyDelete
  19. hi all

    http://www.tor.com/community/users/bridfoefreeker1979
    http://www.tor.com/community/users/puetidsehrla1988
    http://www.tor.com/community/users/pleadvilcomar1986
    http://www.tor.com/community/users/muehatnosan1972
    http://www.tor.com/community/users/masrdepnecxcuss1974

    ReplyDelete