Thursday, November 6, 2008

James Bond

ျိန်းစဘွန်းကား (Quantum Of Solace) သွားကြည့်တယ်။ သူငယ်ချင်းမလေး တစ်ယောက် နဲ့။ လူများပေမဲ့ ကံအားလျော်စာ နောက်ဆုံးနားက နှစ်ခုံ က လွတ် နေတယ်။ ကိုယ်တို့ ကို လက်မှတ်ရောင်းတဲ့ ချာတိတ်မ က ‘ကားပတ်ဆ’ီ ယူ မလား။ ရလားလို့ မေးတယ်။ သူငယ် ချင်း က ယောင်တောင်တောင် လုပ်နေတယ်။ ကိုယ်က နိုးပရော့်ဘလမ် လို့ ပြောလိုက်တယ်။ အစ်မ ‘ကားပတ်ဆိ‘ ဆိုတာ ဘာလဲ ( carpet seat.= ကော်ဇော်ခင်းထားတာလား လို့မေးတယ်။ အို့ကွာ… ‘ကားပတ်ဆိ‘ ဆိုတာ (couple seat = သမီးရည်းစားများထိုင်ရန် လက် တန်းဖြုတ် ထားသော ထိုင် ခုံ လို့ ခေါ်တယ် ) လို့ ရှင်းပြလိုက်ရတယ်။


ဂျိန်းစဘွန်း ကားက တော့ဂျိန်းစဘွန်း ကားဘဲပေါ့ ။ ကြည့် လို့ ကောင်းနေတာဘဲ။ အဲဒီ ကား မရရင် နီကိုလပ်ကေ့ဂ်ျ. ကား ကို ကြည့် မယ် လို့ စိတ် ကူးထားတယ်။ ဒါပေမဲ့ ကိုယ် ကြည့်မယ် ရည်ရွယ် ထားတဲ့ ကားကို ကြည့်လိုက် ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကာ နာရီဝက် တစ် ခါ လေးဆယ့်ငါးမိနစ် တခါ ပြနေတာကိုး။ ရုံတွေ က လည်း သိတဲ့ အတိုင်း တော်တော် များများရှိနေတော့ကာ ငယ် စဉ် ကာ လ က ဂျိန်းစဘွန်း ကားရုံတင် တယ် ဆိုရင် first day first show ကို ကြည့်ချင် လို့ မှောင် ခို လက် မှတ် နဲ့ သမတရုံ မှာ ဝယ်ကြည့်ခဲ့ ရတာ ကို သတိရ မိသေးတော့ တယ်။

17 comments:

  1. ၀ုန်းခနဲ့ဒိုင်းခနဲရယ်...ရေကုန်နေတာရယ်..မင်းသမီးနှစ်ယောက်လုံးချောတာရယ် သြော် ဒီတစ်ခေါက် ဂျိမ်းစ်ဘွန်းတော်တော်ပင်ပန်းမယ်နော် လို့တွေးပြီးပြန်ခဲ့ရတာ အခုထိတော့ ဘာမှန်းကိုနားမလည်တတ်သေးဘူးဗျာ...

    ReplyDelete
  2. ကြော်ငြာကောင်းလို့ သွားကြည့်ဦးမယ်ဗျာ

    ReplyDelete
  3. ရုပ်ရှင်မကြည့်ဖြစ်တာ..တော်တော်ကြာပေါ့..

    ReplyDelete
  4. "ကားပတ်ဆိ" ဆိုတာနဲ့ မမဂွိ က တန်းသိနေတာ ၊၊ အဲဂလို ၊၊ ခဏခဏ ကြည့်နေတော့ မမဂွိတို့အဖို့အသံဆင်တာနဲ့ ဒက်ကနဲသိနေပြီ၊၊

    ကိုကြီးဝီ

    ReplyDelete
  5. မမဂွိ “ကားပတ်ဆီ” က ဈေးကြီးလားဗျ။ သူငယ်ချင်းတွေက ကိုဇနိနဲ့ရုပ်ရှင်သွားမယ်ဆိုရင် “ကားပတ်ဆီ” ၀ယ်ပေးမယ် တကဲကဲလုပ်နေကြတာ။ မကြည့်ဖူးခဲ့ဘူးဗျာ။

    ReplyDelete
  6. ကြည့်လို့ ကောင်းလားမမ
    ကောင်းမှာပဲနော် ကြော်ငြာတည်းကကြည့်ချင်နေတာ

    ReplyDelete
  7. အခုတလော အလုပ်ရှုပ်နေတာ ဂျိမ်းစ်ဘွန်းတောင် တင်သွားမှန်း မသိလိုက်ဘူး မမရေ။ ချိုသင်းတို့ဆီမှာတော့ နိုဝင်ဘာ ၁၄မှ တင်မှာ ဆိုလားလို့။ မမတို့ ကြည့်ရတာ Sneak Preview လား။
    ဂျိမ်းစ်ဘွန်းဆိုရင် ပီရားဘရော့စ်နန်ကို အကြိုက်ဆုံးပဲ။ အခုမင်းသားကို သိပ်မခန့်ဘူး ထင်လို့။
    မမက Couple Seat လဲ သိလိုက်တာပဲလား။ KMSL နဲ့ သွားနေကျ ထင်ပါရဲ့။

    ReplyDelete
  8. ကောင်းတယ်ဆို..ရုံတင်ရင် သွားကြည့်အုံးမှပဲ။

    ReplyDelete
  9. ကားပတ်ဆိရော ကော်ဇော်ဆိရော မသိပါဘူးဗျာ။ ကျနော်သိတာ ၂၅ပြားတန်(အဟဲ ခေါင်းကလေးကို ခပ်မော့မော့ဘဲ ဘ၀င်ခိုက်တန်းလို့ ခေါ်သလားလို့ ) ၅၀ပြားတန် ၂ကျပ်ခွဲတန် ၅ကျပ်တန်ဘဲ သိတယ်

    ReplyDelete
  10. "ကားပတ်ဆိ" ယူမလားပြောခံရရင် အူကြောင်ကြောင်ဖြစ်နေမှာသေချာတယ်....:)
    တီဗီမှာကြော်ငြာတွေ့နေသား...မမကကြည့်ပြီးပြီ..
    လျင်လိုက်တာ..:))

    ReplyDelete
  11. ကားပတ်ဆိ ဆိုတာ ဂလိုကိုး။ အတွဲလေးနဲ့ တစ်ခါမှ မကြည့်ဖူးတော့ မသိဖူးရယ်။ ဟဲဟဲ မှတ်သားသွားပါ၏၊။ ( ရုပ်ရှင်ဆိုလို့ ကတော့ အမ်းမားတို့  ဘာလျှင်သလား မမေးနဲ့ ။ အသံကြားရုံနဲ့  လူကရှေ.ရောက်နေပြီ။ ) နောက်တစ်ခေါက် ဂျိန်းစ်ဘွန်းမင်းသမီးရွေးရင် အမ်းမားကိုပါ ရွေးခိုင်းရမယ် လျှင်လွန်းလို့ ။

    ReplyDelete
  12. ညီမလည်း James Bondကားတွေဆို ငယ်ငယ်တည်းက ကြိုက်ပဲ... :)

    ReplyDelete
  13. ကားနဲ့လက်နက်အဆန်းတွေလဲသိပ်မပါဘူး၊ သိုင်းကားကျနေတာပဲ။

    ReplyDelete
  14. ထိုင်ခုံကြော်ငြာလား၊ ရုပ်ရှင်ကားကြော်ငြာလား အစ်မ၊ သတ်ပုံအမှားလေးတွေကလည်း ဖတ်ရတာ သံယောဇဉ်တစ်ခုလို ဖြစ်နေတယ်၊ ဒီလို သတ်ပုံအမှား ပါတဲ့ ပိုစ့်ကို မဖတ်ရ မနေနိုင် ဖြစ်နေပါရဲ့အစ်မရေ .. ..
    လေးစားလျက်

    http://winzaw-mdy.blogspot.com

    ReplyDelete
  15. ဪ ကားပတ်စိ ကိုသာမီးလဲမသိဘူး မှတ်မှတ်ရရ Vivo City မှာ သူရဲကားကြည့်တုန်းက ခုံကအဲလိုမျိုး နောက်ပိုင်းတခြားရုံတွေမှာကြည့်တော့ လက်တန်းကအသေကြီးပဲ။ Vivo City ကရုံမှာပဲဒါမျိုးခုံရှိတယ်မှတ်နေတာ။ အခု မမပြောမှပဲ ဒီလိုခွဲထားမှန်းသိတော့တယ်။ ကျေးဇူး ။ Madagascar II တင်ရင် သွားကြည့်မယ် ။ ကာတွန်းကား ဟီးဟီးးး :D

    ReplyDelete
  16. ကျနော်တောင်ကြည့်ချင်လာတယ်ဗျာ

    ReplyDelete
  17. ကျွန်တော်က တော့မကြည့်ရသေးဘူးဗျ နော်- ၀ါ သနာ ပါလွန်းလို့သာ ရှာပြီး သတင်း ပေးနေ ရတာဗျ- ကြည့်ပြီးရင်တော့ သေသေချာချာ ပြန် တင်းဦးမယ်- ကောမန့်ပေးတာ အရမ်း ကျေး ဇူးတင်ပါတယ်.

    ReplyDelete