Sunday, November 30, 2008
SMNTL
အစကတော့ SMNTL အကြောင်း ရေးဘို့စိတ်ကူးမရှိပါဘူး.။ ကိုယ်ကို့ကိုယ်လဲ ဘာကောင်မှ လို့ မထင်ခဲ့ပါဘူး.။ lonely ဖြစ်တဲ့ ဘဝမှာ ဘလော့မောင်နှစ်မတွေကို ဘဲ ကိုယ့် အမျိုးသဖွယ် သဘောထားခဲ့တာဖြစ်ပါတယ်။ ပညာရှိသဘော အရလဲ ဘာကိုမှ မပြောလို့ရွေ့ဖြစ်ပါတယ်။ ရေးလိုက်ရင်လဲ သူသာစေ. သူနာစေ လို့ဖြစ်မှာစိုးပါတယ်။ အခုကို ကိုယ့်မှာ ကိုယ့်လက်နဲ့ကိုယ် တော်တော်များများ အမုန်းခံနေရလိဲု့လဲ ဆင်ခြင်လိုပါတယ်.။
ကိုယ်တို့ဘလော့ကမ္ဘာ ကလေးကလဲ။ ခက်သား ။ ဖတ်ပြီးရင် ကောင်းတယ်လို့ြေ့ပာရမှာဘဲ။ မကောင်းဘူးလို့ရင်ထဲရျှိတဲ့အတိုင်းပြောခဲ့ရင် ရေးသူခမျှာ လဲ သူကြိုးစားပန်းစားရေးထားတာ ကိုယ်ပြောရင် သူရင်ကွဲရှာမပေါ့။ အ နေ အ ထိုင်ဆင်ခြင် ရပါတယ်။ ဝေဖန်မယ် ဆိုရင် ဒီလူ က အဝေဖန်ခံနိုင်ရဲ့လားဆိုတာ အရင် တီးခေါက် ကြည်ဲရပါတယ်။ မခံနိုင်ဘူးထင်ရင် ရေးသမျှ ကောင်းတယ်လို့သာပြောပေးပါတော့။ မဟုတ်ရင် ခေါင်းကွဲနိုင်ပါတယ်။ ခံနိုင်တဲ့သူ ဆိုရင် တော့လည်း ရင်ထဲ ရှိတာ ပြောခဲ့လို့ရပါတယ်။
သူ့ကိုလည်းခင်ပါတယ်။ ပထမ 1001 က ရေးတုံးက တော့ မိန်းကလေးချင်းစာနာပြီး အတော် စိတ်မကောင်းဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့လဲ အားပေးခဲ့ပါတယ်။ သူရေးသမျလဲ သွားဖတ်ပါတယ်.။ သူရေးသမျ တင်မကပါဘူး.။ အားလုံးသော ဘလော့ မောင်နှစ်မများ များရေးတာလဲ နိုင်သလောက် ဖတ်ပါတယ်။ ကိုယ့်ကိုယ် ကိုကြော်ငြာတာ မဟုတ်ပါ။ တမင်ကို လိပ်စာထားခဲ့တာပါ။ ကိုယ့်ဆီလာလည်ရင် အဆင်ပြေ လိပ်စာ မရှာရအောင်ပါ. အခုခေတ် ကာလကြီးက အချိန်ရှားတယ်မဟုတ်လား။ ကိုယ်ကိုတိုင်လည်း ရေးပြီးရင် ဘယ်သူက ဘာလေးများ ပြောခဲ့မလည်းဆိုတာ အရမ်းသိချင်ပါတယ် လို့ အစကတည်းက ဝန်ခံထားပါတယ်။
၁၀၀၁ ကပြောတဲ့အခါ အရမ်းအံသြသွားခဲ့ပါတယ်။ မယုံနိုင်အောင်ပါဘဲ။ ရင်ထဲမှာတော့ စကားတွေ အများကြီးပြောဖြစ်ပါတယ်။ ကိုယ့်လိုဘဲ လူတိုင်းဖြစ်မယ်ထင်ပါတယ်။ ကမ္ဘာကြီး မတုန်ုလှူပ်သွားပေမဲ့ ကိုယ်တို့ ကမ္ဘာကြီး တုန်လှူပ်သွားတာကတော့ အမှန်ပါ။ လောကဒါတ်ပညာတွေ ကိုလည်း ချီးကှူးမိပါတယ်။
အမှန်အတိုင်းပြောမိမယ်ဆိုရင် လဲ ကိုယ်လဲ ခေါင်းကွဲမဲ့အထဲ ပါပါလီမ့်မယ်။ ကိုယ်လေ သူ့ကို စိတ် မဆိုးပါဘူး။ ခွင့်လွတ်တယ်။ သူခံစားချင်တာလေးတွေ သူဖြစ်ချင်တာလေးတွေ ကို ဇာတ်လမ်းဆင်ရေးပြီး။ စိတ်ချမ်းသာ သလို နေတာကို …အံသြသွားသလို ချီးလဲကူးမိပါတယ်။ flicker ထဲက့ ပုံလေးတွေယူ။ စိတ်ကူး ပေါက်သလို ဇာတ်လမ်းလေးတွေဆင်. ။ ကိုယ်တို့ကို ပြောပြ. ။ ကိုယ်တို့ ကလည်း အဟုတ်ကြီးတွေ မှတ်လို့ သွားပြီး ချီမွမ်းကြ။ ဟယ်သိတ်လှတာဘဲ။ သိတ်ဈေးကြီးမှာဘဲနော်ဲတို့... သိတ်စားကောင်းပါတယ်လို့ ပြောခဲ့ကြတယ်။ ငပေါကြီးတွေ ကိုဖြစ်လို့ ။ခလေးမ ကတော့ ရယ်ချင်နေမလား. သဘောကျနေမလားတော့ မပြောတတ်ဘူး။
ကိုယ်တို့ ကိုယ့်ကိုကိုယ် ဘလော့ဂါကြီးတွေ. စာရေးဆရာကြီးတွေ လို့ မထင် မှတ်ခဲ့ကြပေမဲ့ အားလုံးသော သူတွေ ဟာ စာရေးစာဖတ် ဝါသနာပါလို့ ရေးနေကြ ဖတ်နေကြတာပါ။ ဘာရေးရေးဖတ် မှာဘဲ ဆိုတဲ့ သူတွေကြီးပါဘဲ။ အဲဓီအထည်းကမှ ကိုယ်နှစ်သက်တဲ့ သူကိုတော့ ပိုဖတ်ဖြစ်ကြပါလိမ့်မယ်။
ကိုယ်တို့ရေးကြသမျ မှာလဲု အမှန်တွေချည်းဘဲ ရေးကြသလို ဇာတ် အိမ်ကလေးတွေ ဆင်ပြီးရေးကြတာ ပါပါလိမ့်မယ်။ အမှန်တဝက် အမှားတဝက် ဖတ် လို့ကောင်းအောင် ရေးကြတာပါပါလိမ့်မယ်။
ဒါပေမဲ့ ဘာပြောရမှန်းမသိပါဘူး။ ကိုယ်တွေ မသိခဲ့ရင်လည်းကောင်းသား. ဆက်ဖတ်ပြီး ဆက်ကောင်းနေတယ် လို့ပြောနေမိဦးမှာ.။ သိခဲ့တော့လည်း စိတ်မကောင်းပါဘူး။ ကလေးမ မှားသွားတဲ့ တချက်က သူဘယ်က နေ ယူပြီး ဇာတ်လမ်းဆင်ရေးပါတယ်။ လို့။ ကဲ ဒီလိုဆိုလဲ ဘယ် ဖတ်လို့ကောင်းပါတော့မလဲ။ အဲဒီတော့လည်း အစကတည်းက ဇတ်လမ်းမဆင်သင့်ဘူးလို့ အဖြေရပါတယ်။ အဲဒီတော့ ကိုယ်တဲို့မှာ သူတသက်လုံးပြောခဲ့တာတွေ ကို ဘယ်ဟာ က မှန်ပြီး ဘယ်ဟာ က မှားတယ် ဆိုတာ မသိနိုင်တော့ပါဘူး။
အခုလိုရေးရတာ စိတ်မကောင်းပါဘူး။ ကိုယ်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ..ဝက်ဝက်ကွဲ အောင်မြင်နေတဲ့ သူ့ကိုပေးလိုက်ရတဲ့ အတွက်… ကိုယ့်ကို ပလ္လင်ပေါ်ကနေ လက်ပိုက် ဒူးနန့်ပြီးကြည့်နေမယ် ဆို တဲ့ သူတစ် ယောက်အတွက်.....
63 comments:
  1. အစ်မ.. ဘာပြောရမှန်းတောင်မသိတော့ဘူး။
    စကားရှာမရအောင်တောင် စိတ်ကုန်ပါရဲ့။
    mm
    ReplyDelete
  2. မမ..
    ဘာမှ စိတ်မကောင်းဖြစ်မနေပါနဲ့ ။
    သူဘာလဲဆိုတာ သိပြီးပြီပဲ...။
    သူ့ ရဲ့  အမူအကျင့် သူ့ ရဲ့  ဗီစ လို့ သာ မှတ်လိုက်ပါ။
    ReplyDelete
  3. ကိုယ်ချင်းစာပါတယ် အစ်မရေ... ဒီလိုပဲ ဆားညှပ်တတ်ပါတယ်။ ကျွန်တော်လည်း အဲဒီလို ဆားညှပ်ခံဖူးပါတယ်။
    အွန်လိုင်းလောကမှာ ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်လို့ပဲ မှတ်ထားလိုက်တာပဲ ကောင်းပါတယ် ခင်ဗျာ။
    စိတ်ထဲမှာတော့ အကြာကြီး မခံစားပါနဲ့ဗျာ။ ပင်ပန်းပါတယ်လေ။
    ReplyDelete
  4. ၀မ်းသာပါတယ် ခင်ဦးမေ..ဒီလို သဘောထားရှိတာ သိရတဲ့အတွက်
    ReplyDelete
  5. မောင်တီးနဲ့ ရန်အောင်ထက်တော့သာတာအမှန်ပဲ
    ReplyDelete
  6. အီး ဘလော့လင့် လေး သွားကြည့်တာ
    "ဤဘလောဂ့်၏ ခြေသုတ်ခုံ သို့မဟုတ် ဤဘလောဂ့်အား ဟစ်များစွာတက်ရန် ပံ့ပိုးသူ" တဲ့
    ဒွတ်ခေါ
    အစ်မရေ ... ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ တဲ့
    ဆရာတော် ဦးဇောတိကရဲ့" အသက်ရှင်နေလျက် သေသောသူ " စာအုပ်ထဲ မှာ "ကိုယ်သုံးတဲ့ စကားလုံးက ကိုယ့်ရဲ့ အဆင့်အတန်းကို ဖော်ပြနေတယ်။ ကိုယ်ဘယ်လိုလူလဲ ဆိုတာ ဖော်ပြနေတယ်။" တဲ့
    မ KOM ဆက်ပြီး ဘလော့ဂင်းနိုင်ပါစေ :)
    DWBH
    ReplyDelete
  7. အဆိပ်ပင်ကကြီးလာတဲ့ အဆိပ်သီးအတွက်တော့
    စိတ်မကောင်း မဖြစ်စေလိုပါ...
    ReplyDelete
  8. ဘယ်သူ့အတွက် စိတ်မကောင်းဖြစ်ရမယ် တောင် မသိတော့ပါဘူး။ လူတိုင်း မှားတတ်တယ် ဆိုပေမယ့် ဒါက ဒုတိယအကြိမ် မို့လို့ နည်းနည်းတော့ များသွားတယ် ထင်မိပါတယ်။ အလွန်အေးဆေးပျော်ရွှင်တတ်တဲ့ အစ်မတောင် ဒီလို ဖီးလ်ဖြစ်သွားရင် ကျန်တဲ့စာဖတ်သူတွေလဲ ဖီးလ်ဖြစ်မှာ သေချာပါတယ်။
    http://winzaw-mdy.blogspot.com/
    ReplyDelete
  9. ကျေးဇူးပါဗျို့။..
    အမှန်က သူက သူ့ကို တကူးတက မြှောက်ထိုးပင့်ကော်တဲ့အစားမှာ ဝင်မပါတဲ့သူတွေကို စော်ကားလိုက်တာပါ။ မြှောင့်ပင့်ကပ်ဖားနေသူများကိုမဆိုလိုပါ။
    မခင်ဦးမေ အခုလိုရေးလိုက်တဲ့အတွက် အများကြီးကောင်းပါတယ်။
    ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး သဘောထားအမှန်တင်ပြပေးတဲ့အတွက် မခင်ဦးမေကို အားမလိုအားမရဖြစ်နေတဲ့ ပရိတ်သတ်တယောက်အနေနဲ့ ဒိပို့စ်လေးအတွက် ကျေးဇူးပါ။အခုမှပဲ အမြင်ရှင်းတော့ပါတယ်။
    ReplyDelete
  10. အမရေ စကားလုံးတွေ တိတ်ဆိတ်သွားပါတယ် ဘာပြောလို့ပြောရမှန်းကို မသိတော့ပါဘူး။ မရဘူးသေးတဲ့သင်ခန်းစာတခုလို့ပဲ မှတ်ယူလိုက်ပါတယ် ။
    ReplyDelete
  11. မေ့ လိုက်ပါ အမရယ်။ ပလ္လင်ပေါ်က ဒူးနံ ကြည့်နေသူဆီ နောက်တခေါက် မသွားကြစို့ နဲ့ ။ တခြားချစ်စရာ မောင်နှမတွေ အများကြီး ကျန်သေးတယ်
    ReplyDelete
  12. I don't care whoever wrote for what reason. But I come to your blog 3/7 at least. So keep posting about your daily life and something interesting.
    Thanks
    ReplyDelete
  13. မမရေ...ဘယ်လိုအားပေးရမှန်း မသိဘူး။ မမစိတ်သဘောထားကို ခန့်မန်းလို့ ရပါတယ်။ ဘယ်သူဘာပဲ ပြောပြော ညီမလေးတို့ကတော့ မမကို ချစ်ခင်လျက်ပါ။ စိတ်မကောင်း မဖြစ်ပါနဲ့နော်။ သူ့သဘော သူဆောင်သွားမှာပါ။ မမကို ချစ်တဲ့ တခြားမောင်နှမတွေနဲ့အတူ ဆက်လက်ဘလော့ခ်ဂင်းနိုင်ပါစေ :)
    ReplyDelete
  14. လူတွေဟာသူ့စရိုက်နဲ့သူလာပြီး သူလုပ်တဲ့ဒဏ်သူခံရတာ
    ပြောစရာမရှိပါဘူး။ ဒါပေမယ့် ဘာမှမဆိုင်တဲ့
    ဒီဘလော့ဂ်ရဲ့ စီဘောက်စ်မှာ လာအော်ခြင်းခံရတာကို စိတ်မကောင်းဖြစ်မိပါတယ်။ အဲဒီလိုပြန်ပြောမိလို့ SMNTL ကို ညလေးလို့ခေါ်ပြီးခင်မင်ခဲ့တဲ့အတွက် KOM နဲ့ ဆိုင်တယ်တဲ့။ ၀င်ပြောတဲ့လူကိုလည်း ကတ်ကတ်လန် အဖွဲ့လိုက်ဝိုင်းရန်တွေ့တာခံရပါတယ်။
    KOM ဟာ KOM ၊ SMNTLဟာ SMNTL ပါ။
    ReplyDelete
  15. အဲဒီ ပြဿနာလေးက စိတ်ဝင်စားစရာပါ။ သူ့ကို ခင်မင်မိထားသူတွေကို ပျက်ရယ်ပြုလိုက်သလိုပါပဲ။ အတော်ထူးဆန်းပါတယ်။
    ကျွန်တော့်အနေနဲ့က ဘလော့ဂ်ပေါ်မှာ အပေါင်းအသင်းရယ်လို့ ကောင်းကောင်းမရှိပါဘူး။ စာရေးချင်လို့ ရေးတယ်။ သူများတွေရေးတာလည်း လိုက်ဖတ်တယ်။ ဒါပေမဲ့ မှတ်မိနေတဲ့ ဘလော့ဂ်တွေတော့ ရှိပါတယ်။ ဇနိမောင်နှံ၊ မKOM မMayMoe ကိုRepublic တို့အဖွဲ့လေးကိုဆိုလည်း မှတ်မိနေပါတယ်။
    ဘလော့ဂ်တွေကို အချိန်ရရင် ရသလောက်လျှောက်တတ်သူပါ။ ဖြစ်ချင်တော့ ဟိုတနေ့ကပဲ အီတာလျံစာဆိုတာကို သွားဖတ်ဖြစ်ခဲ့ပါတယ်။ အခုလိုမျိုးတွေ ကြားရတော့ အံ့သြမိတာတော့ အမှန်ပေါ့။
    ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်ပေါ့ဗျာ။
    ဒါနဲ့ အခုကျွန်တော်စာလာဖတ်တာ မျက်စိလျှမ်းပြီး SMNTL ကို အရင်လိုပဲ အမရဲ့ kmsl အကြောင်းဆိုပြီး ဖတ်လိုက်တာ နောက်မှ အော်....ဆိုပြီး ဖြစ်သွားတယ်။
    ပျော်ရွှင်အဆင်ပြေပါစေခင်ဗျာ။
    သုခမိန်(E-Journal)
    ReplyDelete
  16. မမဂွိ ဂွိဂွိ စိတ်မကောင်း မဖြစ်ပါနဲ့။ ကွိတို့ ခွိတို့ ရှိတယ်။ ခွဲခြားသိပါတယ် မမရဲ့။
    ReplyDelete
  17. အစ်မကွန်..
    ဖြစ်သမျှ အကြောင်း
    အကောင်းချည်း
    သူကသူ ပဲဟာ။
    ပျော်ပျော်နေဗျိုး
    ဒီဇင်ဘာမှာ
    ဘလော့ဂါ လမ်းလျှောက်ပွဲတော် မရှိဘူးလား။
    လက်တ်စ်....
    :D
    ReplyDelete
  18. မခင်ဦးမေ..စိတ်မကောင်းဖြစ်နေလား? ခင်တတ်လို့ မမြင်ဖူးတော့လဲ သူရေးတာ အမှန်ထင်ပြီး ခင်မိတာပေါ့။ မခင်ဦးမေ..စိတ်ပြန်ရွှင်လန်းပါစေ..လို့။
    ReplyDelete
  19. မမရေ
    စိတ်မကောင်းမဖြစ်ပါနဲ့နော်။ တကယ်က မမက အမတယောက်လို ဘယ်သူ့ကိုမဆို ချစ်ခင်တတ်တာ လူတိုင်း သိနေတာပါ။ ချိုသင်းလဲ ဒါကြောင့်မို့ မမ ဘာပဲ ရေးရေး လာဖတ်၊ စီဘောက်စ်မှာ လာနေမိတာပါ။ အဓိကကတော့ ရိုးသား ပွင့်လင်းလို့ ချစ်ခင်မိတာပါပဲ။
    သူ့ကို မမ ခင်တာလဲ ချိုသင်းတို့ သိကြတာပဲ။ အစကတော့ ဘလော့ဂ်ဆိုတာ ခုမှ စ ကြားဖူး၊ မြင်ဖူးလေတော့ ဘလော့ဂ်ပုဝါလေးတခုခြားပြီး အရှိန်အ၀ါတွေ ဘာဘာညာညာ မပါဘဲ ရိုးသားတယ်ထင်ရင် ကြွားနေလဲ သူ့စရိုက်နဲ့သူမို့ ခင်နေမိတာပဲကိုး။ ဒါပေမဲ့ သူက ဒါကို တန်ဖိုးမထားတတ်တာ သိခဲ့ရပြီ။ အဲဒီတော့လဲ ရှိစေတော့ပေါ့။
    ချိုသင်းက အလုပ်နေရာ အပြောင်းအရွှေ့နဲ့မို့ ဒီကိစ္စတွေ ဖြစ်ပြီး ၂ရက်လောက်ကြာမှ သိတယ်။ သိတာကလဲ မမ စီဘောက်စ်မှာ ၀င်ရေးနေတာတွေကြောင့်ပါ။ အံ့သြပြီး လိုက်ဖတ်တော့မှ သိရတာ။ မမက ခင်မိရုံနဲ့ သူခိုးကို ခိုးဟေ့ ခိုးဟေ့လို့ အားပေးအားမြှောက်လဲ မလုပ်ခဲ့ပါဘဲ အဲဒီလို လာရေးတာတော့ မတရားဘူး ထင်ပြီး ၀မ်းနည်းမိတာ အမှန်ပဲ။ ဒါကြောင့် မမဆီ လာပြီး စီဘောက်စ်မှာ လာနေ၊ စိတ်ကြည်အောင် လာ သီချင်း ဆိုပြနေမိတာပါ။ အင်တာနက်ဖွင့်တာနဲ့ ကိုယ့်ဘလော့ဂ်ထက် မမဆီ အရင်ရောက်တာပါ။
    ဘာပဲပြောပြော မမ အဲဒီလို ရေးလိုက်တဲ့အတွက် ကျေးဇူး တင်ပါတယ်။ ဒီအကြောင်း ဒီမှာ ရပ်စို့ရဲ့။
    ပျော်ပျော်ရွှင်ရွှင်ပေါ့နော် မမ။
    ReplyDelete
  20. မဦးရေ...
    အချိန်တွေ မရှိတဲ့ ကြားက ဘလော့လေးတစ်ခုကို ရအောင်ဖွင့်တယ်...
    တင်ထားတာလေးတွေကို ရအောင်ခံစားလိုက်တယ်...
    ကော်ပီတွေ မကော်ပီတွေဆိုတာလေးထက်..
    လက်ရှိဖတ်နေတဲ့ စာလေးပေါ်မှာဘဲ...
    အသက်ဝင်လိုက်ခဲ့မိကြတာလေနော်...!!
    စိတ်မကောင်း မဖြစ်ပါနဲ့ မဦးရယ်။
    ခင်မင်တဲ့...
    ReplyDelete
  21. မမခင်ဦးမေ.. စိတ်မကောင်းမဖြစ်ပါနဲ့ အမရယ်.. ကျနော်တို့က အမကို ခင်တာ ချစ်တာ အမရဲ့ ရိုးသားပွင့်လင်းတာကိုပါ.. ပြီးတော့ အမရဲ့ ဟာသဥာဏ်လေးပေါ့.. cbox မှာ ဖြစ်ဖြစ် comment မှာပဲဖြစ်ြဖစ် အမရေးသွားပြီဆိုရင် မရယ်ပဲ မနေနိုင်ဘူး.. ပြီးတော့ အမက ကျနော်တို့ကို နောက်ခဲ့ ရင်လည်း ဘယ်လိုမှ စိတ်ဆိုးလို့ မရဘူး.. ဒါကြောင့် ပြီးခဲ့တာတွေကို မေ့ထားလိုက်တော့နော်.. ဖြစ်တာတွေလည်း ဖြစ်ပြီးသွားပြီ။ အရင်လို ပျော်ပျော်နေနော်.. ရီစရာ စာတွေ ဆက်ရေးပါဦး.. :)
    ReplyDelete
  22. မမရေ...
    ဒီညလည်းသီချင်းဆိုပြမယ်နော်..
    ပျော်အောင်နေပါနော်...
    စကားမစပ်..
    ကျနော်ဘလော့စဖတ်တာ..
    မမလှထုံဆီကတဆင့်ပေါ့..
    ဒါဆို..ကျနော့ဘလော့သက်တမ်း
    မမခိုးရီနေလောက်ပြီ..ဟီးးဟိ
    ပေါက်ထုံ..
    ReplyDelete
  23. မမရဲ့မေတ္တာကိုလူတိုင်းသိပါတယ်။ ကိုယ်တိုင်လည်းခံစားရပါတယ်။ မမ comment လေးကိုတွေ့ရင်ပဲအရမ်းပျော်ပါတယ်။ လူမမြင်ဖူးလည်း စာတွေဖတ်ရင်းနဲ့ ခင်နေတာပါ။ SMNTL ကိစ္စကြောင့် စိတ်မထိခိုက်ပါနဲ့။ မေတ္တာရှိရာမေတ္တာလာတာပါမမ။
    ReplyDelete
  24. မမရယ်
    စိတ်မညစ်ပါနဲ့။ ပျော်ပျော်နေပါ။
    စိတ်ရှုပ်ခံမနေနဲ့။ မတန်ပါဘူး။
    အရင် ကိုယ်တို့မသိလို့ ငပေါကြီးတွေဖြစ်တယ်။
    အခုသိပြီ။ ပြီးပြီပေါ့။
    ဘလော့ဂ်ရေးသူဆိုတာ ဘယ်လိုလူမှန်း
    စာဖတ်ရုံနဲ့ မမှန်းနိုင်တာ ထုံသူကိုယ်တို့အပြစ်ပါကွယ်။
    မမခင်ဦးထုံနဲ့ အထုံများအဖွဲ့ပေါ့။
    (ချစ်တဲ့ Iထုံ)
    ReplyDelete
  25. မပူနဲ့ မအေအိုအမ်.. အခုလဲ ဒုတိယစမနသလ ပေါ်နေတယ်
    http://nineninesanay.blogspot.com/2007/02/blog-post_21.html
    http://melodymaungmm.myanmarbloggers.org/2008/11/blog-post_30.html
    ReplyDelete
  26. မမရေ....
    မမက ဘလော့လောက က မောင်နှမတွေကိုချစ်တာခင်တာ ညီမလေးတို့သိပါတယ်... ဘယ်သူမဆိုကိုယ်ခင်တဲ့လူကိုအားပေးမှာပဲလေ.... ဟုတ်ဖူးလား... မမအားပေးလို့ သူကအဲလိုရေးတာမှ မဟုတ်တာ... သူဘာသာသူရေးတာပဲလေ...မမနဲ့ဆိုင်ပါဘူး... စိတ်မရွှင်ဖူးမဖြစ်နဲ့နော်မမ... ညီမလေးလည်း ဒီဇင်ဘာ(၆)ရက်နေ့နောက်ပိုင်းဆိုရင် အားပီ..မမ.. ဘလော့ပြန်ရေးမယ်...
    ချစ်တဲ့
    မီးငယ်
    ReplyDelete
  27. မမရေ စိတ်မညစ်ပါနဲ့နော်။ အမကို ခင်ပြီးသား။ အမနဲ့လည်း ဘာမှမဆိုင်ပါဘူး။ တို့အမစာဖတ်ရရင် အမြဲပြုံးရတယ်။ အမစိတ်ညစ်တော့ ပျော်အောင်မလုပ်ပေးတတ်ဘူး။ (အသံဆိုးကြီးနဲ့ သီချင်းဆိုပြရ ကောင်းမလား!!) :D ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ်လို့ မှတ်လိုက်ပါ အမရေ။
    ReplyDelete
  28. အမရေ ....အစက အမကိုတောင် တမျိုးထင်မိတာ.အခုလို ရေးလိုက်တော့ အားလုံးရှင်းသွားတာပေါ့.ဒီပုပ်ထဲက ဒီပဲအတွက် စိတ်မကောင်း ဖြစ်စရာမလိုပါ.အဖိုးတန်သော အချိန်များကို အမရဲ့ reader များအတွက် ဆက်လက်ရေးနိုင်ပါစေ.သူရဲ့ ရွှေထီးကြီး လွင့်မသွား၊ပျက်မသွားအောင် ဆုတောင်းပေးပါတယ်.တနေ့တော့ ရောင်ပြန်တွေ ဟပ်ကြမှာပါ
    ReplyDelete
  29. ဟင်.. ဝေလေးမအားလို့မလာဖြစ်တုန်းဘာတွေဖြစ်တာလဲဟင်.
    မမကို ဘယ်သူဘာတွေပြောလို့လဲ.. ဇာတ်လမ်းကိုတော့သိဘူး.
    သူများတွေပြောလို့ စိတ်မကောင်းဖြစ်နေတယ်ဆိုတာတော့သိတယ်လေ..
    စိတ်ထဲမထားပါနဲ့မမရယ်နော်...
    ReplyDelete
  30. မမ KOM ဆီ ၂ရက် လောက်မရောက်လိုက်တာ နဲ့
    သတင်းတွေ နောက်ကျကုန်ပါပေါ့လား...
    ဒီပို့စ် ကိုဖတ်ပြီး link ပေးထား တဲ့ SMNTL ဆီသွားလိုက်
်တာ စာလာဖတ်တဲ့သူကို စော်ကား နေသလိုဘဲ...
    ဒီ ကောင်မလေး တော့ ရွှေထီးဆောင်းပြီး သဲကန္တာရထဲ မှာ လဒ အစွဲခံနေ ရမှ ဟုတ်ပေ့ဖြစ်နေမယ်။
    ReplyDelete
  31. မမရေ...အရင်က မမြင်ဖူး မသိဖူးတဲ.လူတွေ ဘလော.ဂ်ပေါ်မှာ စာတွေဖတ်ပြီး ရင်းနှီးလာကြတာပါ။ ဘယ်သူက ဘယ်လို သိနိုင်ပါ့မလဲ။ ရေရှည်ခင်မင်ဖို့ကတော့ ခင်မင်မှုမှာ ရိုးသားဖို.လိုမယ် ထင်တာပါပဲ။ ကိုယ့်ဘာသာရေးချင်တာ ရေးလို.ရပေမယ့် သူများတွေကို စော်ကားသလို မဖြစ်မိဖို့တော့....။
    မမရေ.. forget it!
    ReplyDelete
  32. အေးဗျ
    မKOM ကို စကားလဲ မပြောဘူး ။ တခါတလေ ဘလော့ ၀င်ကြည့်တာလောက်ဘဲရှိပါတယ် ။
    တကယ်တော့ ဘလော့တွေကို ဖတ်တယ်လဲ မဟုတ် မဖတ်ဘူးလဲမဟုတ် ။ ကြုံရင်တော့ ကြည့်လိုက်တာပေါ့ ။
    ဒါပေမဲ့  တခါဘဲ ကြည့်ပြီး နောက်တခါ ဘယ်တော့မှ ၀င်မကြည့်တော့တဲ့  ဘလော့ ၂ခုရှိတယ် ။
    အခု ဆူဆူညံညံဖြစ်နေတဲ့  so called girl ရဲ့  ဘလော့ နဲ့  သူ့ ဟာသူ စွပ်ရွတ်ကြေငြာပြီး တခြားလူဆို အကုန်အထင်သေးနေတဲ့  အန်တီကြီး မေဘားမားဆိုတာဘဲ ။ ၂ယောက်လုံးဟာ အသက်ကွာပေမဲ့  ရေးတာ slutty လို့ ခံစားရလို့ ပါ ။
    ကျွန်တော် ဒီမှာ ပြောချင်တာက အဲလိုလူမျိုးတွေဟာ စိတ်ရောဂါသမားတွေဗျ။ masochistic and grandiose tendency ၂ခုတွဲနေတတ်တဲ့ သူတွေပါ ။
    သူတို့ ဟာ သူတို့  လေထဲတိုက်အိမ်ဆောက်တာကို သာယာတတ်တယ် ။လူသိများရင်ပြီးရော ဘာမဆို လုပ်တတ်ကြတယ်ဗျ
    ဗမာ အွန်လိုင်းသမားတွေအားလုံး ဒီလိုလူတွေအတွက့် ကိုယ့်တန်ဘိုးရှိတဲ့  အချိန်တွေကို မပေးစေချင်ဘူးဗျာ
    လွှတ်ထားလိုက်ပါ ။ ဘလော့လောကမှာ လူပြောမခံရတော့ရင် သူတို့  ပျောက်သွားမှာပါ ။
    အဲ အရေးတယူလုပ်ပြောနေရင်တော့  ဆက်နေနေအုံးမှာလေ ။
    ထားထားလိုက်လို့  သူတို့ လိုဘမပြည့်ရင် အလိုလို ဒီလောကက ခွါပြီး သူတို့  အလိုဖြည့်မဲ့  တနေရာကို သွားကြမှာပါ။
    စင်စစ်တော့ သနားစရာ သတ္တ၀ါလေးတွေပါဗျာ ။
    Madam Bovary , Camilly စတဲ့  ပြည့်တန်ဆာအကြောင်း စာအုပ်တွေဖတ်ဘူးရင် ဒီလူတွေ ရဲ့  စိတ်နေစိတ်ထားကို သိကြမှာပါ ။
    (အဲ ပြည့်တန်ဆာ အကြောင်းသိလှဆိုပြီး ကျွန်တော့လဲ တောထင်တောင်ထင်မထင်နဲ့ ဗျနော် ။ ကျွန်တော့ လူနာတွေထဲမှာဆေးစွဲနေတဲ့  ပြည့်တန်ဆာတွေ မကြာခဏ လာတတ်လို့ပါဗျ။
    :P )
    KOM ရေ ဘယ်နားရေးရမှန်းမသိလို့  လူဖတ်များမဲ့ အမဆီဘဲတင်ခဲ့ တယ်ဗျို့  ။
    ReplyDelete
  33. အမရေ အမှိုက်တစ်ခုအတွက် ကိုယ့်အပေါ်မှာပါ လာရိုက်ခတ်တာ..။ကာယကံရှင်မဟုတ်ပေမယ့် အတိုင်းတာတခုထိ ကိုယ့်ကိုပါ တွဲအမြင်ခံရတာ.. ဒါတွေအားလုံးဟာ ဘယ်သူမပြုမိမိမှုလို့ပဲ ပြောရမှာပဲ.။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အမပြောသလိုမျိုးပဲ သိပ်စာနာတတ် အားပေးချင်တတ်တယ်။ သူများရေးထားတာလေးကို အချိန်ပေးသွားဖတ်ပီး ဘာဖြစ်ဖြစ်ရေးသားသူကို ကြည်နူးစေချင် အသိအမှတ်လေးပေးချင်တာက အပြစ်မဟုတ်ပါဘူး.။ဒါပေမယ့် ဒီလို ချစ်စရာ အကျင့်လေးတွေကို အခွင့်ကောင်းယူပီး မရှိကိုအရှိလုပ်ပီး နာမည်လိုချင်သူအတွက်တော့ အသုံးချလို့သိပ်ကောင်းတဲ့ အခြေအနေဖြစ်သွားတာပေါ့.။ လူချစ်လူခင်များ လူသိများတဲ့ သူတွေက အားပေးအားမြှောက်ပြုကြတော့ သူလဲ ပရိသတ်တိုးလာ (အမှန်တော့ အပေါ်က အမတစ်ယောက်ပြောသလို. လူထုံတွေ လူအတွေ တိုးလာတာပေါ့)။နောက်ဆုံး ရှာရှာဖွေဖွေ စုံစမ်းထောက်လှမ်းနိုင်သူတွေ ဖွင့်ချတော့ အဖြစ်မှန်ပေါ်.အမတို့ကျွန်တော်တို့ လူထုံ လူအတွေလဲ ဘာမှမပြောနိုင်လောက်အောင် ဆွံ့အ..။ ဘာမှ မပြောပဲနေတာထက် ခုလို ကိုယ့်ရပ်တည်ချက်ကို ရဲရဲချပြလိုက်တော့..ကိုယ့်ပရိတ်သတ်လဲ ကြည်လင်ကျေနပ် သွားတယ်..။ကိုယ့်ပရိတ်သတ်မဟုတ်သူတွေလဲ သဘောပေါက်နားလည်သွားကြတယ်..။နောက်ဆိုရင်တော့ မြန်မာဘလော့ဂါလောကထဲမှာ သင်ခန်းစာ ကြီးကြီးရသွားတာပေါ့။ အရာအားလုံးကို စွတ်ရွတ်ပီး သဘောကျ ထောက်ခံပစ်လိုက်တာမျိုး..ဒီရှေ့လျှောက် နည်းသွားပါလိမ့်မယ်..။ အရေးအသား ဖန်တီးအားတွေလဲ ပိုတိုးလာကြလိမ့်မယ် (ကိုယ်ပိုင်ဖန်တီးမှု စစ်စစ်တွေမဟုတ်ရင် လူလက်မခံဘူးဆိုတာ သိလာကြလို့)။ ကျွန်တော်ကတော့ အဲလိုပဲ ကောင်းတဲ့ဖက်က တွေးကြည့်ပါတယ်.။ တကယ်တော့ သူလေးကသာ အားလုံးကောင်းဖို့ ခြေသုတ်ခုံလုပ်ပေးသွားတယ်လို့ ထင်ပါတယ်...
    ခင်မင်စွာ
    အောင်ဆန်းမန်း
    ReplyDelete
  34. သဗ္ဗေသတ္တာ ကမ္မသကာ ... ပါ အမ kom.
    ReplyDelete
  35. အမရေ အမနဲ့ မရင်းနှီးဘူး ပေမယ့် ဒီ ကိစ္စ ကို ဘေးကနေ အတော်ရပ်ကြည့် ခဲ့ ဖူးပါတယ်..။ အခုလို အမရဲ့ သဘောထား မှန် သိလိုက်ရမှပဲ ဘ၀င်ကျသွားမိပါတယ် ။ လေးစားပါတယ် အမ ။
    ReplyDelete
  36. for me, it's a sort of entertainment. not more than that.
    Let's keep virtual things in virtual world. I have never seen virtual friends in real world. But there would be an exception.
    All the best!
    ReplyDelete
  37. အလုပ်တွေ အရမ်း ရှုပ်နေခဲ့လို့ သိတာ အတော့်ကို နောက်ကျသွားတယ်။ ဒီကိစ္စတွေ မဖြစ်ခင် ရက်ပိုင်းတင်ပဲ ကျွန်မတောင် သူ့ဆီ ပထမဆုံး ကွန်မင့် သွားရေးလိုက်သေး။ ခါတော်မီလေးရယ်....ဟားဟား။ ကျွန်မဆီ သူ လာရေးသွားလို့ ယဉ်ကျေးတဲ့ မြန်မာဘလော့ဂ် အသိုင်းအ၀ိုင်းရဲ့ ထုံးစံအတိုင်း တုံ့ပြန်တဲ့ သဘောပါ။ ကိုယ့်လိပ်ပြာ ကိုယ်သန့်ကြေးမို့ ကျွန်မကတော့ စိတ်သန့်ပါတယ်။ မ KOM လည်း ဒီလိုပဲ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ စိတ်ထဲက ထုတ်လိုက်ကြတာပေါ့။ ကိုယ့်မူနဲ့ကိုယ် ပျော်သလို ဆက်လက် ချီတက်ပါး)
    ReplyDelete
  38. အစ်မရေ ကြားရတာစိတ်မကောင်းပါဘူး...။ သူ့ရဲ့
    င်္Feeling Good (http://soemyanandarthetlwin.blogspot.com/2008/09/michael-buble-feeling-good.html)
    ဆိုတဲ့ပို့စ်မှာအစ်မရေးတဲ့ ကောမန့်တွေဖတ်ပြီး အစ်မတစ်ယောက်တော့ သူ့အကြောင်းသိနေမယ်ထင်နေတာ။ မှတ်မိပါသေးတယ် အစ်မ အဲဒီပို့ကိုဘဲ မကြာမကြာ comment သွားပေးပြီး မေးမေးနေတာလေ...။ ခုတော့လဲ ပြီးတာတွေလဲ ပြီးပါစေပေါ့...။
    ReplyDelete
  39. အမရေ အခုမှသိလို့ အဲဒီတစ်ယောက်က စိတ်ဝေဒနာ တစ်ခုခုရှိမယ်လို့ ထင်ပါတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့ အမရေ။ သူသဘောသူဆောင်သွားပါပြီ။ သူ့စိတ်ကူးဖြစ်ချင်တာတွေကို ဘလော့ဂ်မှာ အကောင်အထည် ဖော်တာနဲ့ တူပါတယ်။
    ReplyDelete
  40. 26 comments:
    NatShinNaung said...
    ကမ္ဘာ့အလှုပ်ရှုပ်ဆုံး လူသားတစ်ယောက်ပဲ. :D
    19 September 2008 08:21
    ပန်းခရေ said...
    ရော့...အချိန်..း)
    အချိန်ပေးခဲ့တယ်နော်...း)
    ကဗျာလေးကောင်းတယ် နေကောင်းတယ်ဟုတ်
    ပျော်ရွှင်ပါစေ
    19 September 2008 10:47
    Taungoo said...
    နန္ဒာရေ
    မြန်မာထမင်းဟင်း ကိုယ်တိုင်ချက်တတ်တယ်ဆိုတော့ ကြားရတာ ဝမ်းသာပါတယ်။ ညီမက စာရေးတာ အတော်ပွင့်လင်းတာပဲ။
    နန္ဒာ မြန်မာစာ ကြိုးစားပြီးရိုက်နေတာ သိလို့ တစ်ခုထောက်ပြမယ်။ စားချင်တာတို့၊ သွားချင်တာတို့၊ လုပ်ချင်တာတို့ ဆိုရင် “ချင်” ကို “-ျ” နဲ့ ရေးရတယ်ညီမရဲ့။ “ခြင်” ဆိုပြီး “ြ- ” နဲ့ မရေးရဘူး။
    ညီမရဲ့ ကဗျာကိုတော့ တောင်ငူစာကြည့်တိုက်ထဲ ထည့်ထားမိပြီ။ ခွင့်ပြုပါ။
    မေတ္တာဖြင့်
    19 September 2008 14:30
    My Wonderful Moral Thoughts said...
    Correct လုပ်ပေးတာ ကျေးဇူး ကိုတောင်ငူ။
    အခုလို မြန်မာစာ အရေးအသား အမှားပြင်ပြီး သင်ပေးမယ့် သူတိုင်းကို Welcome ပါရှင်။
    Appreciate it V much!!
    Cheers, :))
    SMNTL
    19 September 2008 14:50
    Dream said...
    တီတီနန္ဒာ....တီတီရဲ့post လေးကread ရတဲ့လူကိုအဆုံးထိreadချင်အောင်
    ရေးတတ်တယ်။
    တီတီတင်တဲ့song လေးကlistenရတာမီးမီးလည်း
    like တယ်။ အဲဒီmichael buble ကိုလည်းlike တယ်။သူ့song လေးတွေကvery good ပဲ။ စာသားလေးတွေလဲလန်းတယ်။
    ဟီးဟီး...
    19 September 2008 16:05
    Republic said...
    ဟုတ်ကဲ့ဗျ ၊၊ ခုလိုဘာတွေလုပ်မယ် ဆိုတာ လာဖတ်သွားပါတယ် မ SMNTL ..ဟီး..
    ပျော်ရွှင်ပါစေဗျာ ၊၊
    ခင်မင်စွာဖြင့်...
    19 September 2008 16:20
    May Moe said...
    ဖိတ်ဖိတ် မဖိတ်ဖိတ် ထမင်းလာ စားမှာမို့လို့ ၂ယောက်စာပိုချက်ထားပါဗျိုး :P
    19 September 2008 16:24
    BLACK DREAM said...
    ကောင်းလေစွ...ကောင်းလေစွ :P
    19 September 2008 19:54
    Heartmuseum said...
    ဒီ weekend မှာပျော်ပါစေ။
    19 September 2008 20:01
    ကလိုစေးထူး said...
    လန်ဒန် ပြန်ရောက်ပြီ။ ပြီးခဲ့တဲ့ အပတ်က Thesis ကိစ္စ အလုပ်များနေတာနဲ့ မပြန်ဖြစ်ဘူး။ ဒီတပတ်တော့ အတန်းချိန်နည်းလို့ သောကြာနေ့ အတန်း တက်စရာမလိုတာနဲ့ ဒီနေ့ ပြန်လာဖြစ်တယ်။ ည ၇ နာရီလောက်ရောက်တယ်။ Take Aaway ပီဇာမှာစားတယ်။ တီဗွီမှာ ကိုယ်ကြိုက်တဲ့ Eastender ဇာတ်လမ်းတွဲ ကြည့်တယ်။ သတင်းကြည့်တယ်။ ရေစိမ်ချိုးပြီး စာအေးအေးဆေးဆေးဖတ်မယ်။ ဒီည စောစောအိပ်မယ်။
    ဘာရယ်တော့ မဟုတ်ပါဘူး ညီမရေ...။ ညီမရေးထားတာတွေထဲက သုံးဖို့ သိပ်မလိုဘူး ထင်တဲ့ အင်္ဂလိပ်စာလုံးတွေနေရာမှာ မြန်မာစာ အစားထိုးကြည့်တာ။ ဖတ်ရတာ ပိုအဆင်ပြေမယ် ထင်တယ်နော်။ ဆရာလာလုပ်သလို ဖြစ်နေရင်တော့ ခွင့်လွှတ်။ :)
    20 September 2008 00:06
    My Wonderful Moral Thoughts said...
    နန္ဒာကို မြန်မာစာ အရေးအသား အမှားပြင်ပြီး သင်ပေးတာ ကျေးဇူးပါ။
    စာရေးရင်း စကားလုံး ရှာမရ၊ တွေးမရလို့ အဲသလို ရေးဖြစ်နေတာ။ တမင် Style လုပ်ရေးတာတော့ မဟုတ်ပါဘူး။
    လေ့လာ နေပါတယ်။ Gradually ပြင်ယူ သွားပါ့မယ်။ ဆရာ လာလုပ်တယ် လုံးဝ မထင်ပါဘူး။
    အချိန်ရလို့ အမြဲ လာပြင်ပေး၊ သင်ပေးရင် သိပ်ကောင်းမှာပဲ ကိုစေးထူးရေ။
    Thanks a lot ပါရှင်..
    SMNTL
    20 September 2008 02:12
    khin oo may said...
    MNTL old message ထဲ မှာ ညီမအတင်းတုတ် ထားသေးတယ်။ ငါးဖယ်က ပြောင်းပြန် ဆိုတာ သိ သလား။
    20 September 2008 02:22
    Yu Wa Yi said...
    The most important thing in our life is to be Feeling Good Nandar. I think so.
    20 September 2008 03:55
    khin oo may said...
    SMTNL ညီမလေးရေ…..လုပ်ချင်တာတွေ များလှ ချည်လား။
    ၁။ အိမ်တွင်းမွမ်းမံမှူ။ ခန်းဆီးလဲ့ရန်. အင်း living room ထဲ က ခန်းဆီး လဲ မှာ ဆိုတော. ပြူတင်းပေါက် ဘယ်နှစ်ပေါက် ရှိမလဲ။ စလုံး က တို.အိမ် မှာ ကတော. တစ်ပေါက်ဘဲ ရှိတော့ လဲရင် အင်း ၁၅ မိနစ်ပေါ.၊ သိတ်ကြာကြာ လေးကွာ။ အင်း နာရီဝက်ပေါ.။ ဒါပေမဲ. ဒီအိမ် ရောက် တာ တစ် နှစ် ရှိ တော.မယ်။ တစ် ခါ မှ မလဲ ဘူးပါ။ honestly ! လန်ဒန် အိမ် မှာ ဆိုရင် ပြူတင်းပေါက် သူံ့ပေါက် ဖောက် လိုက်ကွာ။ ကဲ. တစ်နာရီ ခွဲ ကြာမယ်။
    ၂။ weekly food shopping .
    အင်း။ စလုံး မှာ ဆိုရင် တော. NTUC သွားကြတာဘဲ။ တို. ကတော့ တစ်ခါ မှ weekly food shopping မသွားဘူးပါဘူး။ အောက် က ကုလားဆိုင် မှာဘဲ ကြက် သွန် ဥလေး တကျပ်ဘိုး ဝ.ယ်လိုက် ။ တိုရှည် ပလာတာလေး ဆင်း ဝယ် စား လိုက်. မုန်လာ ဥ လေး နှစ်ကျပ် ဘိုး ဝယ်လိုက် နဲ.ဘဲပြီးသွားတာဘဲ။ လန်ဒန် ဆို တော. Carrefour လိုမှိုး သွားကွား။ တပါတ်စာ ဆို တော. အနည်း ဆုံး သူတ်သူတ် လုပ်တာ တောင် သု့းံနာရီ လောက် ကြာမယ် ထင်ရဲ။ အသွား အပြန် တွက်။
    ၃။ cuddle ဆိုတာ ဘာမှန်း မသိလို. ရှာကြည်.ရသေး။
    Best Answer - Chosen by Voters
    1. transitive and intransitive verb tenderly hug or nestle: to nestle together or hold somebody or something close for affection, warmth, or comfort
    2. intransitive verb assume comfortable position: to get into a warm comfortable position
    ညီမတော်ကို သတိပေးရရင် ဖြင့် ညီမ အနေနဲ. နိုင်ငံခြား အနေကြာ တာတော.မှန်ပါတယ်။ ဒါပေမဲ.မြန် မာ အသိုင်း အဝိုင်းထဲ မှာ နေ မယ် ဆိုရင် တော. မြန် မာ ဓလေ့ ထုံးစံတွေ ရှိပါတယ်။ နိုင် ငံခြား သား တွေနဲ နေရင်တော. ကြိုက် သလိုပြော ကြိုက် သလို နေပါ။ ပြောသင်.တာ မပြောသင်.တာ ကို ဆင်ခြင် ရပါမယ်။ ရင်ထဲ ရှိတာ ကို သိတ်ပွင်.လင်းလို. မဖြစ်သေးဘူးလို.ထင်ပါတယ်။ နဲနဲ ဆင်ခြင်စေချင်တယ်။
    မြန်မာပြည် မှာ က သမီးရည်းစား မဖြစ်သေးဘဲနဲ. သိတ် နီးစပ် လို. မဖြစ် သေးဘူး။ အဖက်ဖက် ကိုကြည်.ရပါတယ်။ အဲဒီလူ နဲ.မယူဖြစ်ရင် မိန်းကလေး မှာ သိတ် နစ်နာပါတယ်။ ညီ မလေး က သိတ် ငယ် သေးတယ်။ လော က အကြောင်း မသိသေးဘူး။ အဲဒီ သူ နဲ. မယူဖြစ်ဘဲ မြန် မာ လူ မျိုးနဲ.အိမ်ထောင် ကျ ဖြစ်ရင် ဒါတွေ က အရီိပ် လို လိုက် လာ ပြီး အိမ်ထောင်ရေး ပြို ကွဲတတ်ပါတယ်။ှ နှတ်တရာ စာ တစ်လုံး လို. အဆိုရှိပါတယ်။ ဒါလေးရေးတာ ဘာ ဖြစ် သလဲ အစ်မရယ် ဆိုပေမဲ.လဲ… (စိတ်မရှိပါနဲ. မြန်မာ ထုံးစံ မှာ သိသည် ဖြစ်စေ မသိသည် ဖြစ် စေ. မသင်.တော်တာ မြင်ရင် လူကြီး သူ မ တစ်ယောက် အနေနဲ့ဆုံးမခွင့်ရှိပါတယ။် မကြိုက်ဘူး ဆိုရင်လဲ နောင် ကို နှူတ်ပိတ်ထားပါမယ်။) DG အကြောင်း အမှတ် တရ ပို. စ် မကြာခင် ဖတ်ရမယ် လို.မျှော်လင်.ပါတယ်။ မကြာခင် announce လုပ် ဖြစ်ရင် ဘယ်သူ ကစ ပြောတယ် ဆို တာ ပြောပြနော်။ :D/ ကိုးရီးယား ကားတွေ မှာတော. မိန်းကလေးတွေ က စပြော ကြတာဘဲ။ ယောက်ကျားလေးတွေ က စဉ်းစား ပါရစေဦးလို.ပြောကြ ရတယ်။ တကယ်ပြောတာ. မယုံ့ရင် ရှာပြီးကြည့်. ။
    ၄၊ မြန်မာ အစားအစာ ကောင်းကောင်းချက်စားမယ် ဆိုတာ ဓါတ်ပုံလေးရိုက်ပြီပြ စမ်းပါ။ လက် ရာ သိချင်လို. ဆိုင် ကဝယ်ြ့ပီးတော. မပြနဲ.နော်။ ဒီက ဆိုင် ကဟင်းတွေ ဆို ကျွမ်းပြီး သား။ (ကျွှမ်းပြီး သား ဆို တာ သိပြီး သား ကျွမ်းကျင်ပြီး သား လာမညာနဲ. သိနေတယ် လို.ဆိုလိုပါတယ်။ ) တို.သာချက်ရင်တော. အနည်း ဆုံး လေးနာရီ ကြာတယ်။ ဒုံး ဒုံး ဒိုင်း ဒိုင်းနဲ.ထုပြီး တော. နောက်ဆုံး မုန်လာ ဥ ချည်ရည်နဲ. ပုဇွန်ကြော်ဘဲ ဖြစ်လာတယ်။ သူလဲ သေချာချက်ရင် သုံ့းနာရရီ တော. အသာလေးပေါ.။
    ၅. Park ထဲ သွားပြီး စကိတ်စီးမယ်။ ဒါလဲ အနဲ သုံးနာရီဘဲ.. ရေခဲမုန်.လေးစားပြီး indoor plant လေးပါ ဝယ်လိုက်ရင် ငါးနာရီလောက် အသာလေးဘဲ.။
    ၆။ တို.သာ chill out လုပ်ရင်တော. တစ်နေကုန်ဘဲ. အပြင် ကို မတွက်ဘူး ချက်စာ်းဘို.နေနေ သာ သာ home deliver ဘဲ မှာ စား လိုက်တော.မယ် အဟုတ်. ။ ခန်းဆီးလဲတာတို. စကိတ်စီးတာတို. ဆိုတာ အသာထား။။
    ရး။ loundary ပေးရင်တော. သု့်းနာရီ လောက်တော.ကြာမယ်ထင်ရဲ.။ ironing ကတော. သုံးနာရီပေါ.ကွယ်။ သေဋ္ဌေး ဆိုတော. အကှျှီင်္တွေ အများကြီး ရျှိတာကိုး။
    ၈။ Plan က ဒီလောက်ဘဲ မဟုတ်ဘဲ တို.အတွက်ကတော. ဒီလောက်ကြီး ဖြစ်နေပါတယ်။ လုပ်ချင်တာတွေ များနေတဲ.ညီမလေးရေ ဘာတွေ လုပ်ဖြစ်သလဲ ဆိုတာ သိစမ်းချင်လှပါဘိတော.တယ်။
    20 September 2008 04:04
    မင်းကျန်စစ်။ said...
    မလည်တလည် တလိမ့်ကောက်ကွေး လည်တယ်ပူတယ်နဲ့ သပွတ်လိုက်အောင် ဖတ်ပြီး ပလုံးပထွေးကြီး နားလည်ပစ်လိုက်တယ်ဗျာ။
    ကဲ ... မှတ်ကရော :P
    20 September 2008 04:23
    tint said...
    အဲ
    ကလေးတွေပါ လာဖတ်နေတဲ့  ဘလော့တခုဆိုရင်တော့ ပြောစရာရှိလာပြီ
    မင်းလဲ ငါမသိပါဘူး
    (ဒီကွန်မင့်လဲ မင်းတက်မှာမဟုတ်မှန်းသိပါတယ်)
    မင်းမိဘကတော့ သင်ပုံမရပါဘူး
    ဒို့ ဗမာယဉ်ကျေးမှု (အထူးသဖြင့်ဗုဒ္ဓဘာသာပေါ့နော် ) က free sex or cheap sex ကို အလွန်ရွံတတ်တယ်ကွ
    အဲဒါ ငါပြောလို့ မင်း ငါ့မုန်းလဲ ဂရုမစိုက်ပါဘူး ။ ကလေးတွေပါ လာဖတ်နေတဲ့ ဘလော့တခု စာရေးရင်တော့ ဆင်ခြင်ရေးပါကွာ
    20 September 2008 11:25
    My Wonderful Moral Thoughts said...
    အားလုံး Comments အတွက် ကျေးဇူး။
    နန္ဒာ ဒီည Post တခု ရေးမယ်။ မမKOM နဲ့ Tint ဆိုတဲ့ Comment ကနေ Post ရေးဖို့ Idea ရသွားလို့။
    အခုလို ရှင်းပြတာ ဝမ်းသာ ပါတယ်။ နန္ဒာ့ အပေါ် စေတနာ ထားလို့ အချိန်ပေးပြီး နန္ဒာ့ Post ကို ဖတ်တယ်။ ပြီးတော့ လိုအပ်တာကို ဝေဖန် အကြံဥဏ် ပြုတယ်။
    ကြိုဆိုပါတယ်။ တန်ဖိုးထား လေးစားပါတယ်။
    ကိုယ့်အပေါ် ကောင်းစေခြင်တဲ့ လူကြီးက မြန်မာ အသိုင်းအဝိုင်း ကြားထဲမှာ မြန်မာ မိန်းကလေး တယောက် အနေနဲ့ နေတတ် ပြောတတ်အောင် သင်ပေးတယ်လို့ မှတ်ယူပါတယ်။
    နန္ဒာ လိုအပ်တာ ရှိရင် ဆက်ပြောဆိုနိုင်ကြောင်း ပြောပါရစေ။
    ကျေးဇူးပါ။
    SMNTL
    20 September 2008 14:50
    khin oo may said...
    2 ခါ ပြန်လာဖတ်သွားပါတယ်။ ပိုစ် ရော ကွန်မက်တွေရော.
    20 September 2008 17:40
    khin oo may said...
    အကြွေး ၂ ခုနော်. .တခုက response of this post ရယ်။ ဒီ weekend ရဲ၊ ဓါတ့်ပုံ တွေရယ်။ကြည်.ချင် လို.ပါ။
    21 September 2008 01:56
    ပန်းခရမ်းပြာ said...
    schedule တွေ အပြည့်ပါလားနော်။
    21 September 2008 09:02
    မသက်ဇင် said...
    လာလည်ပါတယ် နန္ဒာရေ----
    အားပေးနေပါတယ်---
    ဆက်ရေးပါ--
    ခင်မင်လျက်
    မသက်ဇင်
    21 September 2008 17:25
    PAUK said...
    ချက်ထားတဲ့ဟင်းလေး..ရိုက်ပြပါဦး..
    မကေအိုအမ်ပြောသလိုပဲ..ဟုတ်မဟုတ်ကြည့်ချင်တယ်
    အဟီးး
    စတာ..
    21 September 2008 17:43
    မောင်မျိုး said...
    မူးမူးနဲ့ ဖတ်သွားတယ် တစ်ချို့  နေရာတွေနားမလည်ဘူးး)
    22 September 2008 08:40
    khin oo may said...
    လာ လည်ပါတယ်။
    22 September 2008 15:12
    ဖြိုးငယ် said...
    ခင်ဗျားက စီဘောက်မထားတော့ လာလည်တဲ့သူ ဒုက္ခရောက်တယ်ဗျ .. နှုတ်ဆက်ရင်တောင် ဒီမှာလာပြောရတယ်
    23 September 2008 20:48
    TZA said...
    JG အကြောင်းဖတ်ချင်ပါတယ်၊ ရေးပါ။
    --
    by စပ်စုစိန်မိဘပြည်သူတစ်ဦး
    28 September 2008 19:01
    ReplyDelete
  41. Anonymous တစ်ယောက်ကတော့မနေနိုင်လို့ ကောမန့်
    တွေကိုလာတင်ပေးသွားပြီ...။
    ReplyDelete
  42. ပျော်ရွှင်ပါစေ မမKOM... :)
    ReplyDelete
  43. တိမ်စိုင်တွေလိုပါပဲ အမရယ်
    ဟုတ်တယ်
    တိမ်စိုင်တွေလိုပါပဲ
    ReplyDelete
  44. မြန်မာလူမျိုးများ၏အယုံလွယ်မှု၊မစူးမစမ်းအလွယ်တကူအထင် ကြီး အားကြမှု၊လိုသည်ထက်ပိုသည့် မုဒိတာပွားမှု၊စသည်တို့ကြောင့် ဖိနပ်ကိစထဲကပင်ပြီးခဲ့ရမည့်ဇတ်လမ်းသည်မပြီးဆုံးနိုင်ပဲ အဆိပ်ပင်ဝိုင်းရေလောင်းမိကြ
    သကဲ့သို့ ယခုလိုနိုင်ငံတကာကပင် တရားတဘောင်ဆွဲနိုင်သည့်ခြေနေသို့ရောက်ခဲ့ရခြင်းဖြစ်ပါသည်။
    ကျွန်တော်နှင့်တနိုင်ငံထဲနေသော်လည်း
    ကျွန်တော်ကြောင့် ဟစ်အကြိမ်မတက်စေချင်ရ်ျ သူ့ဆီ ၂ကြိမ်ခန့်သာဝင်ကြည့်ဖူးပါသည်။ပြီးခဲ့တာတွေလည်းပြီးပါပြီနောက်
    နောင်သာကျွန်တော်တို့သူ့အားလုံးဝလက်မခံဖို့လိုပါလိမ့်မည်။
    ReplyDelete
  45. သူ့ကို အရင်က နားလည်ပေးခဲ့ပေမယ့် ခုတော့မရတော့ဘူး ကြာလေ ဆိုးလာလေပဲ ပြီးတော့ တစ်မျိုးပဲ sexy ဆိုတဲ့ အသုံးကို လွယ်၂ သုံးတက်တဲ့ သူကို အံ့သြမိပါရဲ့........။
    ReplyDelete
  46. ဟင်းးးးးးးးး သက်ပြင်းသာချမိပါတယ်ဗျာ။ ပျော်ပျော်နေတတ်တဲ့ အမတစ်ယောက် ပျော်ရွှင်စွာနဲ့ဘဲ ဆက်လက် ရေးသားပါအမရေ။ အားပေးနေပါတယ်။
    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်
    ReplyDelete
  47. မမရေ..
    မအားနေလို့ပါမမရေ.
    စိတ်ချမ်းသာအောင် ပျော်ပျော်ရွှင်ရွှင်နေပါ မမရယ်နော်.
    ဒီလိုပါပဲ အခက်အခဲ အနှောက်အယှက်ကလေးတွေဆို
    တာ လူတိုင်းမှာရှိတတ်ပါတယ် မမရေ.
    ထားလိုက်တယ် မမရေ. အဲဒါ တော်တော်လေး စိတ်
    အေးချမ်းသာသွားတယ်နော်.
    မမ စိတ်ချမ်းသာ ပျော်ရွှင်ပါစေ.
    အမြဲချစ်ခင်လျှက်
    ReplyDelete
  48. အမကြီး စိတ်လျှော့ဗျ။ နောက်တော့ ကောင်းသွားမှာပါ။
    ReplyDelete
  49. ပိုစ့်ကို သေသေချာချာ ဖတ်သွားသလို ကော်မန့်အားလုံး ကိုလည်း စိတ်တည်ငြိမ်စွာဖြင့် ဖတ်သွားပြီး အားလုံးရဲ့ မေတ္တာကို လှိုက်လှဲစွာဖြင့် အပြည့်အဝ ခံယူ သွားပါတယ်။
    ပျော်ရွှင်ပါစေ။
    SMNTL
    ReplyDelete
  50. မကြီးရေ…ဘာမှတော့ထပ်မဆွချင်တော့ပါဘူး။ ဒီအောက်ကလင့်လေးထဲကလို ပထမတော့သဘောထား
    ကြည့်ရမှာပေါ့။ ကိုယ်နဲ့ ကခင်ခဲ့ကြပြီးပြီဆိုတော့ ကိုယ့်ကိုလည်းရိုက်ခတ်မှူတော့ရှိတာပေါ့လေ။ အွန်လိုင်း
    ပေါ်မှာကတော့ ကိုယ့်ကိုလာခင်ရင်ခင်လိုက်ကြတာပဲလေ။ ခင်တိုင်းသာ…အားလုံးတာဝန်ယူရမယ်ဆိုရင်
    တော့..ဘယ်လိုလုပ်မလဲ။ တချို့ ပို့ စ်တွေဆို မြန်မာလိုမမြင်ရလို့ မဖတ်ပဲ အင်္ဂလိပ်လိုမြင်ရတဲ့စာလောက်ပဲ
    လွယ်လွယ်ဖတ်ပြီး မှတ်ချက်လွယ်လွယ်ပေးခဲ့မိတာတွေလည်းရှိတယ်။ ယုံကြည်စွာနဲ့ ပေါ့။ ကိုယ်နဲ့ နှိုင်းမရိုင်း
    ဆိုသလို ကိုယ်နဲ့ ပဲနှိုင်းပြီး ကျွန်မတို့ ကလည်း အယုံအကြည်ပိုခဲ့တာကိုး။ အပေါ်မှာ ကျွန်မရဲ့မှတ်ချက်ပါနေ
    တဲ့ပို့ စ်ဆိုရင်မြန်မာလို ဘယ်သူတွေဘာတွေရေးထားမှန်းမဖတ်မိခဲ့ဘူးလေ။ အခုမှတော်တော်မလွယ်တဲ့ပို့ စ်
    တစ်ခုကို ကိုယ်ကသေချာမဖတ်ပဲ လွယ်လွယ်ဝင်မှတ်ချက်ပေးလိုက်တာ။ စာတစ်စောင်ကိုမဖတ်ပဲ လက်မှတ်
    ထိုးပေးမိလို့ အမှူပတ်ခံရသလိုဖြစ်ကိန်းရှိတယ်။ ပြုပြင်သွားနိုင်ပါစေလို့ ပဲ…..။ မိန်းကလေးချင်း၊ ကိုယ့်လူမျိုး
    ချင်း စာနာရသေးတယ်ဆိုတော့..။ သူများတွေဝိုင်းပြောတာခံရတာနဲ့ တင်သူလည်း တော်တော်နာသွား
    လောက်ပြီလေ။ ဘလော့ပေါ်တောင်ဒီလောက်ဖြစ်နေကြရင် အပြင်မှာဆို ထမီခိုးတဲ့သူခိုးတော့မိရင်မစားသာ
    ဘူး။ ၀ိုင်းရိုက်တာနဲ့ စိစိညက်ညက်ဖြစ်မှာ။ ထမီခိုးစရာမလိုပဲ လူတိုင်းချမ်းသာအောင်ဘယ်လိုလုပ်ပေးမလဲပဲ
    တွေးနေမိတာ။ ထမီခိုးတဲ့သူခိုးကို ၀င်ရိုက်ဖို့ တော့ ကျွန်မစိတ်ကူးမရှိပါဘူး။
    http://haymar71.blogspot.com/2007/11/what-kind-of-animal.html
    ReplyDelete
  51. 3 Dec 08, 08:54 PM
    နွေဆူးလင်္ကာ: ရောက်ပါတယ်
    3 Dec 08, 08:46 PM
    လင်း: မမိုးချိုက tag မရေးချင်တိုင်း ပုန်းနေတယ် ahyu
    3 Dec 08, 08:45 PM
    လင်း: suprise သိပ်ငြိမ်တာဘဲ အခုတလော
    3 Dec 08, 08:31 PM
    sin dan lar: မမရဲ့ ဘလော့ဂ်ကို မန်ဒိုင်( သတ်ပုံသည်းခံပါ)ပြုပြီး အိမ်လည်နေပါသည် Jep
    3 Dec 08, 08:20 PM
    sin dan lar: MayMoe ရေ.. thaut
    3 Dec 08, 08:17 PM
    zeRoTraSh: အသစ်ရေးထားပါကြောင်း :D
    3 Dec 08, 08:11 PM
    နေလင်း: မမခင်ဦးရေ... အလည်လာသွားပါတယ်... ဖက်တာfactorတွေက တော်တော်များများ တူနေပါလား.. ဟီးဟီး..
    3 Dec 08, 06:18 PM
    strike: paunee
    3 Dec 08, 05:37 PM
    MayMoe: ဝါး ပျင်းလိုက်တာ black
    3 Dec 08, 04:26 PM
    PHinMM: :)
    3 Dec 08, 04:10 PM
    ka ka: vote
    3 Dec 08, 04:08 PM
    kaka: vote
    3 Dec 08, 03:05 PM
    ပုဂံဖွားစော: အစ်မလာလည် လာဖတ်သွားပါတယ်။
    3 Dec 08, 02:30 PM
    ပေါက်: တာ့တာပါ
    3 Dec 08, 02:30 PM
    ပေါက်: ပေါက်ထုံလို့အမည်တွင်ပါတယ် respect
    3 Dec 08, 02:30 PM
    ပေါက်: သေချာပြောပါ
    3 Dec 08, 02:29 PM
    ပေါက်: ဘယ်သူဆီမှာလဲ..ဗိုင်းရပ်စ်က
    3 Dec 08, 02:29 PM
    ပေါက်: မနေ့ညက..ပြန်လာကြည့်တော့..မွန်ကမရှိတော့ဘူး
    3 Dec 08, 02:29 PM
    ပေါက်: မွန်ရေ..တရစပ်မပစ်ပါနဲ့
    3 Dec 08, 02:29 PM
    ပေါက်: အလုပ်ကနေ..လစ်လာပါတယ်.. pda
    [older messages]
    3 Dec 08, 02:19 PM
    mm: bgun2 မထရင်ပစ်တယ်
    3 Dec 08, 02:14 PM
    MayMoe: မထသေးဘူး အိပ်အုန်းမယ် alarm
    3 Dec 08, 02:06 PM
    mm: ထပါဗျို့
    3 Dec 08, 02:06 PM
    mm: မမ
    3 Dec 08, 01:39 PM
    tg.nwai: မမ ခွင့်ယူပြီး ဘယ်သွားမလို့ပါလိမ့်။ မင်္ဂလာပါ..
    3 Dec 08, 01:12 PM
    mm: exercise
    3 Dec 08, 01:04 PM
    Dream: :P :P :P :P
    3 Dec 08, 11:41 AM
    Dr. Nyan: အိမ်ကမဟေသီနဲ့တူတာတွေအများကြီးဘဲ။
    3 Dec 08, 11:20 AM
    sin dan lar: ပေါက်ရေ... မမမရှိဘူး pada2
    3 Dec 08, 11:08 AM
    ပေါက်: မမရေ...
    3 Dec 08, 11:05 AM
    ပေါက်: ညက သူငယိချင်းနဲ့လေကြောရှည်နေလို့
    3 Dec 08, 11:05 AM
    ပေါက်: ကူးကူးရေ..ပြန်နိုင်တဲ့သူပြန်ပေါ့အေ
    3 Dec 08, 10:53 AM
    စန္ဒကူး: KOM ရေ.. ပြန်တော့မယ်မြန်မာပြည်ကို ၁ လကြာမယ်။ ဘာမှာအုန်းမလဲ
    3 Dec 08, 10:31 AM
    Boyz: Annual Leave တွေဆို နောက်တစ်နှစ်မကုန်ခင်အထိ စုလို့ ရတယ်ဟုတ် ???
    3 Dec 08, 10:31 AM
    Boyz: ဖျားနာတာ၊ အရေးကြီး ရှောင်တခင် ကိစ္စတွေမှာ သုံးဖို့ စုရင် ပိုကောင်းမယ်။
    3 Dec 08, 10:30 AM
    Boyz: ခွင့်ကို ဘာလို့ ခဏခဏ ယူချင်တာလဲ။ လိုအပ်မှ သုံးဖို့ စုထားတာ မကောင်းဘူးလား။
    3 Dec 08, 09:13 AM
    PHinMM: :)
    3 Dec 08, 09:04 AM
    mm: နောက်ကျပါတယ်ကွာ
    3 Dec 08, 08:48 AM
    လင်း: အစောဆဲုံးရောက်ရှိ kyawkun
    3 Dec 08, 08:08 AM
    mm: hihi
    3 Dec 08, 06:43 AM
    kom: ဘိုင်. ။
    3 Dec 08, 06:39 AM
    kom: မနက်ဖြန် .နဲ့ သဘက်ခါ အတွက် ခွင့်သွားတင်လိုက်ဥိးမယ်. apporve ဖြစ်ခဲ့ရင် မနာလို မဖြစ်ကြပါနဲ့. ငှဲလျောင
    3 Dec 08, 06:24 AM
    kom: မောနင်း.။
    3 Dec 08, 05:55 AM
    strike: Mornig Asia & Good Night spr
    3 Dec 08, 05:53 AM
    strike: kom is pulling back JMSL to the bed shat
    3 Dec 08, 05:50 AM
    strike: cahung JMSL
    3 Dec 08, 04:39 AM
    Mm: hihi
    3 Dec 08, 04:05 AM
    မီယာ: မတွေ့လို့ပြန်သွားပါတယ်
    3 Dec 08, 04:05 AM
    မီယာ: မမရေလာတယ်
    3 Dec 08, 03:09 AM
    လင်း: အိပ်၍မပျော်သောညများကုန်ဆုံးလွန်မြောက်ပါစေကွယ်
    3 Dec 08, 01:17 AM
    yegyi: ၁၀ချက်လာဖတ်ပါတယ်ဗျာ
    3 Dec 08, 01:15 AM
    strike: 8 8
    3 Dec 08, 12:57 AM
    kom: ဘိုင်..။ luy luy luy
    3 Dec 08, 12:55 AM
    kom: strike ကိုကြောက်လို့ စိုးဇေယျှဆီမှာ ဘာမှ မပြောခဲ့တော့ဘူး။
    3 Dec 08, 12:49 AM
    kom: ဘာပြောတာလဲ ကိုဂျူလိုင်။
    3 Dec 08, 12:49 AM
    kom: အိပ်ခွှုင့်ြ့ပူပါ. (စစ်ရေးလေ့ကျငှ်ု့သကဲ့သို့အော်ပြောသည်)
    3 Dec 08, 12:48 AM
    kom: အလာကောင်ပေမဲ့အခါနျောင်းပေါ့လင်း ။။။
    3 Dec 08, 12:48 AM
    JulyDream: LOL!
    3 Dec 08, 12:47 AM
    လင်း: မမကိုအားကျလို့ သန်းခေါင်ကျော်မှပြန်လာတာ
    3 Dec 08, 12:46 AM
    kom: အိပ်ပါတော့မယ်။ အားလုံးကို လေးစားပါတယ်။ (ကျော်ဟိန်းလေသံ့ဖြင့် နားထောင်ပါ။ )ကောင်းသောညပါ။
    3 Dec 08, 12:45 AM
    kom: ကျေးဇူးလင်.း။ date ကနေပြန်လာပြီလာ.။
    3 Dec 08, 12:12 AM
    Boyz: ၁၀ ချက်မကဘူး ထင်တယ်...။ အချက်၅၀ ပြည့်အောင် ရေးပါ။
    3 Dec 08, 12:02 AM
    ညခင်းနဲ့ လမင်း: ပျော်ရွှင်ဖွယ်ကောင်းသော ဒီဇင်ဘာဖြစ်ပါစေ
    2 Dec 08, 11:59 PM
    ညခင်းနဲ့ လမင်း: အလည်ရောက်တယ် အစ်မရေ အဆင်ပြေပါစနော်
    2 Dec 08, 11:56 PM
    ပေါက်: ဘူတူမှလည်းမရှိကြတော့ဘူး anr
    2 Dec 08, 11:55 PM
    ပေါက်: အိပ်သွားကြပြီလားဗျိုးး
    2 Dec 08, 11:44 PM
    မောင်လူအေး: Blog Roll ကို Style တစ်မျိုး ပြောင်းဖို့ ကြိုးစား ကြည့်ပါဦးမယ်... အကြံပေးတာ ကျေးဇူးပါဗျာ.. :-)
    2 Dec 08, 11:44 PM
    မောင်လူအေး: ဟုတ်တယ်ဗျ အစ်မရ... အောက်မှာ ထည့်ထားတဲ့ Blog Roll ရဲ့ Loading က တော်တော်လေး လေးနေတာပါ။
    2 Dec 08, 11:44 PM
    kom: စိတ်ကလေးချမ်းသာအောင်နေပါလေ။
    2 Dec 08, 11:42 PM
    Republic: MCT ပြေးပါ ပြေးပါ ဗျာ ၊၊
    2 Dec 08, 11:39 PM
    MCT: မမရေ ရုံး ပြေးလိုက်အုံးမယ်။ ခဏ၀င်လာတာ။ ppau
    2 Dec 08, 11:39 PM
    Republic: သာမီး ကြောက်ကြောက် gur
    2 Dec 08, 11:39 PM
    Republic: သာမီး ယောကျာ်းကြောက်တာတော့ လူသိကုန်ပါပီ၊၊
    2 Dec 08, 11:38 PM
    Republic: စိတ်ရွှင်ဝူးဗျ ၊၊ မမဂွိ တို့ကို အာရုံရလို့ ထလာတာပါ ၊၊
    2 Dec 08, 11:38 PM
    kom: မေမိုးတို့များ ယောက်ကျားကြောက်ရတယ်. လာလဲလာရော သုတ်ကနဲပြေးရေား။
    2 Dec 08, 11:35 PM
    kom: ဟာ။ MCT က D တွေ အများကြီးဘဲ။
    2 Dec 08, 11:33 PM
    kom: ထူးထူးဆန်းဆန်း။ ကိုဂီ လမ်းထွက်လို့ပါလား။ စိတ်ရွင်တယ်ထင်ရဲ့
    2 Dec 08, 11:32 PM
    Republic: သာမီး အိမ်ပြန်ပါ ၊၊ဒါရိုက်တာရင် ကားရိုက်ဖို့စောင့်နေဒယ် smile
    2 Dec 08, 11:31 PM
    MayMoe: ကိုဂျီးဂီ က ကိုနိဆီရောက်နေတယ် ပြန်သွားပြီး အချွန်နဲ့မရကောင်းမလား smile
    2 Dec 08, 11:31 PM
    Republic: မဂွိ.. ကွိကွိ ကိုကပ်ထားပါလေ ၊၊ ကိုကြီးဝီတို့ မရှိရင် ချေးလို့ရအောင် ၊၊ ကွိ က သာငှေး ၊၊
    2 Dec 08, 11:30 PM
    MayMoe: ဒါရိုက်တာရင်ပေါ့ မမရယ် ဒီမှာလဲ သံယောဇဉ်ကမပြတ် pone
    2 Dec 08, 11:28 PM
    kom: ဘယ်သူနဲ့ဘယ်မှာပေါမှလဲ မေမိုး gur
    2 Dec 08, 11:26 PM
    MayMoe: ဪ ကိုဂျီးဂီကခုမှပဲလာတယ်
    2 Dec 08, 11:25 PM
    MayMoe: လေပေါလိုက်အုန်းမယ် မမ စောစောအိပ်နော်
    2 Dec 08, 11:24 PM
    MayMoe: ဒါရိုက်တာရင် ကင်မရာတလုံးနဲ့ အလုပ်ရှုပ်နေတယ်
    2 Dec 08, 11:20 PM
    kom: thirteenborn: ကျေးဇူး။
    2 Dec 08, 11:20 PM
    kom: မေမိုး ။အနောက်မှာ ဒါရီုက်တာရင် naryi
    2 Dec 08, 11:18 PM
    thirteenborn: i like factor 10
    2 Dec 08, 11:17 PM
    MayMoe: pywe
    2 Dec 08, 11:15 PM
    kom: smile မေမိုးမှားတယ်.ဒါက မှ အမှန်
    2 Dec 08, 11:14 PM
    MayMoe: alchol1 ခွက်ထိုးခွက်လှန် ကဒါမျိုးလားမသိ
    2 Dec 08, 11:14 PM
    kom: အဲဒီလိုဆိုရင် အစ်မ ကမ္ဘာကျော်မဲ့ ပိုစ် ကို ဘယ်လိုလုပ်စဥ်းစားလို့ရတော့မှာလဲ
    2 Dec 08, 11:13 PM
    kom: “ဟိုဘက်အိမ်က နေ ဒီဘက်လိုက်လာပြီး ။။။
    2 Dec 08, 11:12 PM
    kom: ကြည့်
    2 Dec 08, 11:12 PM
    kom: သာမီး သာမီး နာချင်ပြီထင်တယ် အချစ်ပေါ့့အောင် မလုပ်နဲ့လေ. ဟိုက အသည်းက ခပ်နုနုရယ်။
    2 Dec 08, 11:11 PM
    ကိုဇနိ: smile
    2 Dec 08, 11:11 PM
    ကိုဇနိ: မမရေ ခွက်ထိုးခွက်လုန်ကို ရှင်းပြစမ်းပါ သားသားက ခွက်ကြီးထိုးလိုက် လှန်လိုက်လုပ်နေတာနဲ့ရီရတာအရသာပျက်လိ
    2 Dec 08, 11:11 PM
    MayMoe: ဟီး မမနိဆီရောက်သွားတာ run
    2 Dec 08, 11:10 PM
    ကိုဇနိ: ပြုံးယုံလေး ပြုံးနေတယ် smile တကယ်က ခွက်ထိုးခွက်လှန်
    2 Dec 08, 11:08 PM
    ပေါက်: thinking ဘယ်ေ၇ာက်ကုန်တာလဲ..မမနဲ့မေမိုး
    2 Dec 08, 11:05 PM
    MayMoe: မိန်းမရပြီး စုဘူးရှိနေပြီလား smile
    2 Dec 08, 11:05 PM
    MayMoe: ကိုဂီ စုဘူး ကဘာလဲ မမ thinking
    2 Dec 08, 11:04 PM
    kom: သာမီး ကိုဂီ စုဘူး ကဘယ်တော့ခွဲ မယ် လို့ အသံကြားသလဲ
    2 Dec 08, 11:03 PM
    MayMoe: အေးအေးတွေး အမ thinking
    2 Dec 08, 11:03 PM
    kom: ဘလော့လည်းဖတ်ရဦးမယ်။ ည ကလည်း ၁၂ နာရီထိုးတော့မယ်။.. အာ.း...........
    2 Dec 08, 11:02 PM
    kom: အစ်မတွေးခေါ်လိုက်ဦးမယ်။ အသစ်အတွက်.။ ကမ္ဘာကျော်ချင်လို့။
    2 Dec 08, 11:02 PM
    MayMoe: ဟီး ကောင်းတယ် ထိုးရအောင် smile
    2 Dec 08, 11:01 PM
    kom: မီလုပ်ပါနဲ့ ပိုက်ပိုက် က အိုစာမင်းစာ ချန်ရဦးမှာ.။
    2 Dec 08, 11:01 PM
    kom: မေမိုး မဇနိဆီမှာလဲ တိုက်. ဒီမှာလဲ တိုက် ..ထီထိုးရအောင်ကွာ။
    2 Dec 08, 11:00 PM
    MayMoe: ချက်ပေးမယ်လေ မမ ဘယ်မှာလုပ်မလဲ ဖူလတန် မှာ Book လုပ်လိုက်ရမလား
    2 Dec 08, 11:00 PM
    kom: kom: မေမိုးတိုက်သွားပြနပြီ. မဇနိဆီမှာ
    2 Dec 08, 11:00 PM
    kom: ဘယ်ကောင် မှ အဖြစ်မရှိဘူ။
    2 Dec 08, 11:00 PM
    MayMoe: ဟီး သာမီးမပြောဘူးနော် မလင်းကို smile
    2 Dec 08, 11:00 PM
    ပေါက်: လူကြားကောင်းအောင်ကြေငြာနေတာနေမှာ lysapete
    · 1 – 94 ·
    ReplyDelete
  52. ဟိုက် ရှာလပတ်ရည် ပါပဲလား
    ဒီလိုမျိုးဆို ဆရာအီကြာကွေးကို သတိရတယ်။
    အဟွန့်...
    ပျော်ရွင်ပါစေ...အစ်မ Kom..
    စိတ်ထဲမထားပါနဲ့။ အိုကေပါတယ်။ :)
    ReplyDelete
  53. မမရေ...ဘယ်လိုအားပေးရမှန်း မသိဘူး။ မမစိတ်သဘောထားကို ခန့်မန်းလို့ ရပါတယ်။ ဘယ်သူဘာပဲ ပြောပြော ညီမလေးတို့ကတော့ မမကို ချစ်ခင်လျက်ပါ။ စိတ်မကောင်း မဖြစ်ပါနဲ့နော်။ သူ့သဘော သူဆောင်သွားမှာပါ။ မမကို ချစ်တဲ့ တခြားမောင်နှမတွေနဲ့အတူ ဆက်လက်ဘလော့ခ်ဂင်းနိုင်ပါစေ
    ReplyDelete
  54. မခင်ဦးမေ...
    အစ်မစာတွေကို တစ်ခါနှစ်ခါဖတ်ဘူးပါတယ်...
    ကြားညှပ်သွားတာ ကျနော်တောင်ပါတယ်ဗျ...
    ကျနော် တစ်ခြားဆီကိုသွားလည်ရင်း လမ်းကြုံလို့  ၀င်လိုက်မိတာ ...အရင်က ကော်မန့် မရေးဘူးပါဘူး....အင်္ဂလိပ်တစ်ပိုင်းမြန်မာတစ်ပိုင်းရေးထားတာကို စိတ်ညစ်လို့ ပါ...
    အဲဒီနေ့ က ကံဆိုးချင်တော့ ခေါက်ဆွဲကို သွားငေးမိတာဗျ...
    ခေါက်ဆွဲကိုတွေ့ တော့ ကွန်မန့် ရေးမိရော...
    နောက် ကျနော့်စီဘောက်မှာ လာသတိပေးတော့မှ
    ၁၀၀၁မှာသွားပြီး ကျနော် ကွန်မန့် နဲ့ သဘောထားကိုရေးတာ...။
    မခင်ဦးမေလဲ ကြားညပ်သွားတာ ကိုယ်ချင်းစာပါတယ်...
    စိတ်မကောင်းမဖြစ်ပါနဲ့ ...။
    စာတွေဆက်ရေးပါ...
    အစ်မကွန်မန့် ဖတ်မိရုံလေးတောင် ပြုံးချင်ခဲ့ တာပါ....
    ဒီလိုပါဘဲ....
    လူဆိုတာ ကိုယ့်သမိုင်းကိုယ် ရေးကြတာပါ...။
    ReplyDelete
  55. မရေ...ညီမလည်း ပထမ ၁၀၀၁ မှာစဖတ်တုန်းက အီလည်လည်ကြီးဖြစ်သွားသေးတယ်... စိတ်မကောင်းမဖြစ်ပါနဲ့ ... အမကိုခင်တဲ့ တခြားသူတွေကျန်ပါသေးတယ်...
    အဲအဲ ဒါနဲ့ သူ့ ခမျာလည်း ဒူးနန့် ရလွန်းလို့  ဒူးကြောလိုက်တဲ့ရောဂါတောင်ရတော့မယ်ထင်တယ်.. ဟီး
    ReplyDelete
  56. အဖွဲ့လိုက်ပြောခဲ့ ကြတယ် ဆိုပေမယ့် အဲဒီအဖွဲ့ထဲမှာကို မခင်ဦးမေကို အကောင်းမြင်တဲ့သူတွေ တဝက်ကျော် ပါပါတယ်..... လာပြောကြတဲ့ အဖွဲ့တွေကရော အဲဒီစီဘောက်က အဖွဲ့ထဲ ကြားညှပ်ပြီး....ဘေးလူက ဝင်ပြောတာတွေလဲ အများကြီးပါပဲ.... ဘယ်သူဆိုတာ တပ်အပ် ပြောနိုင်လို့လား.... မမိုးချိုသင်း..... အွန်လိုင်းပေါ်က အနောနီးမတ်စ်တွေကို.... လျှော့မတွက်ပါနဲ့.... ဒီလောက်တော့ အမြင်ကျယ်မယ်လို့ ထင်ပါတယ်....
    ၁၀၀၁ ဘလော့ကို ရေးသူကလဲ တယောက်ထဲ မဟုတ်ပါဘူး.... စီဘောက်စ်ထဲက အဖွဲ့ လဲ အမြင်ထက် ပိုများပါတယ်.... ခင်ဗျားတို့ အသိတွေထဲကတောင် ပါသေးတယ်
    ဓာတ်သိ
    ReplyDelete
  57. Hi! This is kind of off topic but I need some advice from an established blog.
    Is it tough to set up your own blog? I'm not very techincal but I can figure things out pretty quick. I'm thinking about setting
    up my own but I'm not sure where to start. Do you have any ideas or suggestions? Thank you
    My web blog :: unlock iphone 5 code
    ReplyDelete
  58. Very descriptive post, I loved that bit. Will there be a part 2?
    Also visit my site ... green coffee bean extract for weight Loss
    ReplyDelete
  59. It feels like I've visited this blog before on but immediately after looking at some of the entries I figured out that it's new for
    me. In any case, I'm certainly pleased I stumbled upon it and I'll add it
    to my bookmarks to check back often.
    My webpage ... leave
    ReplyDelete
  60. Hello, yeah this piece of writing is in fact nice and I have learned lot of things from it about blogging.
    thanks.
    Here is my site ... müssen
    ReplyDelete
  61. I work with things like this out here in Unterschmidbach, Austria.
    Genuinely doing what you like and writing about it in such a
    remarkable way is a great gift. Your insightful post possesses the ideal combo
    of passion and well-written, interesting material that
    I’ve come to love and admire.
    Here is my homepage :: manège
    ReplyDelete
  62. Solid article. I study something similar here at Georgia Tech.
    It's definitely beneficial to learn new facts from fellow writers and get expertise from new sources. If it's okay, I'd greatly appreciate it if I might use some of the articles on your blog. Naturally, I’ll provide a hyperlink to %target_domain% on my blog. Kudos for sharing.
    Look at my web blog ... http://www.kv1jalahalli.org/
    ReplyDelete