Saturday, December 13, 2008

darling





















အိမ်က စာတိုက်ပုံးကို သိတ်မဖွင့်ဖြစ်ဘူး ။ bill ကလွဲရင်လဲ သိတ်လာစရာမရှိပါဘူး။ အိမ်မှာ လာထိုးထည့်သွားတဲ့ ကြော်ငြာတွေ လည်း မဖတ်ဖြစ်ဘူး။ ခေါင်းစဉ်လောက် ကြည့်ပြီး လွတ်ပစ်လိုက်တာ များပါတယ်။

အခုတစ်ခု လဲ လွတ်ပစ်ခါနီး ခေါင်းစဉ်ဖတ်မိပြီး မျက်လုံးပြူးသွားတယ် ။ သူရေးထားတာ က လူကြီးမင်း ၏ အိမ် ကို လာရောက် ကြည့်ရှုသော်ငြားလည်း မည်သူမျ မရှိပါရွေ့ ယခု စာ ကို ထားခဲ့ရပါသည်။ မိမိနေအိမ် တွင် တီဗွီ ရှိပါက နစ်စဉ်ကြေး ၁၁၀ လာပေးပါရန်. ၁၄ ရက် အတွင်း မလာပါက ဒဏ်ကြေး ၂၀၀ နင့် တကွ ပေးရပါမည်။ လို့ ဆိုပါတယ်။ ပေးဘို့ ကတော့ စိတ် ကူး ရှိပြီးသား ပါ။ ဟိုဘက် လှည့်ဒီဘက် လှည့်နဲ့ ကြာနေတယ်။ အကျယ် မချဲ့လို တော့ပါဘူး။ ပေးခဲ့တယ် ။ ရူးချင်ယောင် ဆောင်နေလို့ရရင် ကောင်းသား။ စိတ်ကူး မိတာ ပြောတာပါ။

သွားရင်းလာရင်းနဲ့ ဘွတ်ကစ်ဘက်တော့မှာ show ကြည့်ခဲ့တယ်။ တယ်လီဖုံးနဲ့ ရိုက်လာတယ်။ စက္ကန့် ၅၀ ရှိပါတယ်။ သွားရင်းလာရင်းနဲ့လည်း ဟမ်ဘက်ဂါ ဝင်စားလာတယ်။ MRT တစ်ခုပြီးတစ်ခု တက်လိုက် ဆင်းလိုက် သွားရင်းလာရင်းနဲ့ ချွှာခူးကန် မှာလဲ ယောင်လည် ယောင်လည်နဲ့ ပိုက်ဆံအိတ် တစ်လုံး ဝယ်လာတယ်။ သိတ် မကြီးဘူး။ ခပ်သေးသေးဘဲ။ လွယ်လို့ ခက်တယ်။ လက်က ကိုင်ရင် ပိုလှတယ်။ ကိုယ့် အတွက် မဟုတ်. ။ဘယ်သူအတွက်မှန်းမသိပါဘူး။ လှတယ် ထင်လို့ဝယ်လာတာဘဲ။ သွား ရင်း လာ ရင်းနဲ့ ပင်နီဆူလာ သွားဦးမလားလို့ ။ စိတ်ထဲ မရွှုင်တာနဲ့ အိမ်ဘဲ ပြန် လာ လိုက်တော့တယ်။ ဒီလို အချိန်မျိုးမှာ အပြင်မှာ နေရတာ တယ်ပြီး ဂယောက် ဂယက်ဖြစ် တာ ဘဲ။ လွမ်းသလိုလို .. ဆွေးသလိုလို..။

27 comments:

  1. လွမ်းနေပြီလား မမ :D

    ReplyDelete
  2. aww.. mamaKOM ka Bukit Panjang Plaza twar kae tar lar?

    ReplyDelete
  3. ဟာဟ အခုမှ Shaow ကြည့်မိတယ် ။ Show ကသီချင်းသံကြားရတာ ၂၀၀၁ က သကြန်ကိုသတိရမိတယ် မဏပ်မှာ အဲသီချင်းနဲ့လေ ကလိုက်ကြတာ ဟီး သာမီးတော့မပါဘူးနော် :D

    ReplyDelete
  4. မမဂွိ သွားရင်း လာရင်း မဟုတ် တမင်တကာလာပြီး ပိုက်ဆံအိတ် ဝေစုလာတောင်းသည်။ လွမ်းနေရင် အလွမ်းပြေအောင် ကပြပါမည်။ ကယောက်ကယက်တော့ မဖြစ်ပါနဲ့။ ပြောလို့ပြောတာမဟုတ် ပိုက်ဆံအိတ်က နိနိနဲ့ သိပ်လိုက်မည် ထင်ပါသည်။

    ReplyDelete
  5. အမကြီး တော်တော် သတိရနေပုံဘဲ။ ကျွန်တော်လဲ အဲလိုဘဲ စိတ်မရွှင်ရင် အိမ်ထဲဘဲအောင်းနေခြင်တယ်။ ဒါနဲ့များ လိုက်သွားတာမဟုတ်ဘူး။ (စိတ်များ ကောက်နေကြသလား ဟိဟိ)

    ReplyDelete
  6. မမKOMရေ...
    လွမ်းနေပြီပေါ့လေ... :P

    ReplyDelete
  7. မမဆီက ပိုက်ဆံအိတ် လာတောင်းတာ မဇနိလေး ဦးသွားပြီ.. ဘယ်သူ့ကို ပေးရမှန်းမသိဘူးဖြစ်နေရင် ကျနော်နဲ့ နိနိကိုပေးနော်.. ပိုက်ဆံအိတ်လေးက လှတယ်.. :D

    ReplyDelete
  8. အဲဒါပဲလေ...နှလုံးသားက ပိုပိုနုလာတယ်ဆိုတာ...ဟိ။
    ကဲ ကဲ ဒါဆိုလည်း အိမ်မှာပဲနေပြီး အ၀တ်လျှော်၊ မီးပူတိုက်၊ တစ်ပတ်စာ ဟင်းချက်၊ အိမ်ရှင်း၊ သီချင်းလေး ဖွင့်ပြီး ၀ယ်လာတာလေးတွေ မှန်ရှေ့မှာ ၀တ်ကြည့် ကပ်ကြည့်၊ ဘလော့ဂ်ရေး ဘလော့ဂ်လည်ပေါ့။ လွတ်လပ်ရေးလေး ရတုံးရခိုက်း)

    ReplyDelete
  9. လေ့လာသွားပါတယ် မရောက်ဖူးတဲ့နေရာဒေသ
    ဆိုတော့ လေ့လာသွားပါတယ်

    ReplyDelete
  10. အမ်းမား ကိုယ်အရမ်းလွမ်းနေပြီ အချစ်ရယ်လို့ သာ သီချင်းအကျယ်ကြီး အော်ဆိုလိုက်ပေတော့။ လွမ်းသာလွမ်းတာ ဈေးဝယ်တော့ မပျက်ဘူးဗျား။ မှီသေးတယ် ဒီအချိန် Zoukout သွားရင်။ စိတ်ပြေလက်ပျောက် သွားကြည့်လိုက်ပေါ့လေ။

    ReplyDelete
  11. မမရေ.. ညှိုးမနေနဲ.။ လယ်လယ်သွားမယ်..ဘလော့၈်တကာကို..မီးမီးတို.လည်း လိုက်မယ်.. ဟဲဟဲ။

    မမ..နောက်တစ်ခါဆိုရင်တော့ တို.လည်း လိုက်မယ် ချန်မထားနဲ့။ ဆိုပြီး တစ်ခါတည်းသာ လိုက်သွားတော့နော်..

    ReplyDelete
  12. ဓားပြတိုက်မှာကြောက်ဘူးလားးးးးးးးးးးးးးးးးး ရှိတာ အကုန်ထုတ်း)

    ReplyDelete
  13. ရှင်..သြော် မီးမီးကို ခေါ်တယ်မှတ်လို့ ထူးလိုက်တာ။ ခေါင်းစဉ်ကိုကြည့်ပြီးတော့လေ..။
    Kmsl ပြန်လာသေးဘူးလား မကြီး။ ဒါဆို မိုက်တယ် လျှောက်လည်ပစ် သိလား။
    ပိုက်ဆံအိတ်က မီးမီးဖို့ လား။ အားနာစရာကြီးနော်(သေးလို့ ဟိဟိ)။လှပါတယ်။

    ReplyDelete
  14. မမက အတော်လွမ်းနေတာကိုး။
    စာအုပ်ဖတ်နေပေါ့ မမ။ အခုအချိန် အေးအေးနဲ့ စောင်လေးမှာ ကွေးပြီး စာဖတ်နေရရင် အရသာ အင်မတန်ရှိ။
    ဒါမှမဟုတ် နိနိလုပ်တဲ့ ဟင်းတွေ ချက်ကြည့်၊ ဟင်းချက်နည်း စာအုပ်တွေဖွင့်ပြီး စမ်းကြည့်။ ဟင်းချက်တာ မုန့်လုပ်တာ ပါရမီမပါတော့ လုပ်လိုက် ပျက်လိုက်နဲ့ အားရမှာတောင် မဟုတ်ဘူး။
    ဒါမှမဟုတ်ရင် သီချင်းတွေဖွင့်၊ Live show တွေ ကြည့်ပြီး လိုက်ဆိုပစ်လိုက်။
    ဒါက ချိုသင်း လုပ်တတ်တဲ့ နည်းတွေ မမကို မျှတာနော်။
    တခုခုနဲ့ occupy ဖြစ်အောင်နေနော် မမ။ လိမ်မာတယ်။ လျှောက်မသွားနဲ့နော်။

    ReplyDelete
  15. kkmg ငပေါရူးနေလား ၀င်ဝင်မပြောနဲ့

    ReplyDelete
  16. ကော်မန့်တွေဖတ်ပြီး..
    မူးချင်သလိုလို..
    ရူးချင်သလိုလို..
    အိုလေ...
    ကိုယ်ထုံနေလို့ပဲဖြစ်မှာပါလေ....

    ReplyDelete
  17. ခေါင်းစဉ်ကြည့်ပြီး စိတ်ဝင်စားသွားလို့းP
    အိတ်ကြိုက်တာတူတယ်မမရေ ဘာရယ်မဟုတ် ကိုယ့်အတွက်ရော သူများအတွက်ပါ လျှောက်ဝယ်တာပဲ

    ReplyDelete
  18. အင်း...ရောဂါက တော်တော်ကို သည်းနေပြီပဲ။ မေဆွိရဲ့ သီချင်းထဲကလို အိပ်ဆေးပေးရတော့မယ့် ပုံပဲ။ အဟက် အဟက်...

    ReplyDelete
  19. လွမ်းလို့ကျန်ခဲ့မှာကို အားနာပါတယ်လေ...
    ပုံ- ငြိမ်းကျော်

    ReplyDelete
  20. အလိုလေးလေး...
    ချိုသင်းရဲ့  အားပေးပုံလေး ကြိုက်သကွာ...
    လျှောက်တော့မသွားနေပါနဲ့  မမရယ်...
    ဒီနေ့ ကြည့်ရတာ မိုးအေးမယ့်ပုံဘဲ...
    ဘလော့ဂ်လည်၊ စောင်ခြုံ ထဲမှာ စာဖတ်နေပေါ့နော်...

    ReplyDelete
  21. ကျွန်တော်တို့လည်း ၁၁၀ ပေးဖူးတယ် အမ၊ နှမြောစရာကြီး ... လိုလည်း တွေးမိခဲ့သေးတယ်။ ထူးဆန်းတယ်နော် ... ဒီက ... ;)

    ReplyDelete
  22. လင်းအတွက်လား ပိုက်ဆံအိတ်က?

    ReplyDelete
  23. To;koko, I m not kokomaung.Poor little things kkmg doesn't mean kokomaung. Ha..Haa..Haaa .. paw ye` lite tar.. ala kar ya tae blog hmar lar pe sayar paw lote chin nay tal..myanmar pyi pyan pe BABAGYI tway nae atu htar fote kaung tal. Shut your itchy mouth and keep your itchy hand. that's good 4 u.

    ReplyDelete
  24. အင်း ခက်တာပဲတရက်တရက်ပိုပိုဆိုးလာပုံပဲ၊ကု့ပေးချင်တောင်မှ ကုပေးလို့မရတာမျိုးဆိုတော့လဲ။

    ReplyDelete
  25. လွမ်းတယ်ဆိုလို့ ဒနားဒယ် ငါ့အစ်မကို ..

    http://winzaw-mdy.blogspot.com/

    ReplyDelete
  26. ဘူကစ်လား၊ west mall လားဗျ။ ပုံက west mall မှာ ရိုက်ထားတာလားလို့ပဲ

    ReplyDelete