Sunday, December 14, 2008

wonderful moon


သောကြာနေ့ည (12/12/2008) က လကသာတယ်။ ထုံးစံအတိုင်း အိမ်ပြန် နောက်ကျတယ်။ ကောင်းကင် ကို ဘာရယ် မဟုတ် မော့ကြည့်တော့ လ က သာလိုက် တာ။ လင်း ထိန် နေ တာဘဲ။

ဘာရယ်မဟုတ် စဉ်းစားမိတယ်။ နိုင်ငံခြား နေတာ လ တောင် မမြင်ဘူး တာကြာပါရောလား လို့ စဉ်းစား တယ။် ဟိုတုံးကတော့ အိမ်ရှေ့က ထိုင်ခုံလေးမှာ ပက်လက်လှန်အိပ်ရင်း လမင်းကြီး ကို ကြည့်ပြီး အိပ်ရင်း အစ်မနဲ့ စကား တွေ အကြာကြီး ပြောခဲ့ဘူးတယ်။လမင်းကြီး ကို မော့ကြည့်ပြီး သတိရသွားတဲ့စိတ်နဲ့ တယ်လီဖုံးကင်မရာ ကို ထုတ်ပြီး ရိုက် လိုက်မိတယ်။ များသောအားဖြင့် ကိုယ့်လမ်း ကိုယ်သွားနေကြတာ ဆိုတော့ သွားရင်းလာရင်း အရှိန်ဖျက်ပြီး ဘာရပ်လုပ်တာလဲ ဆိုတဲ့အကြည့်ကြောင့် သေချာပုံ ကောင်းတော့ မရခဲ့ဘူး။

အမှတ်တရဘဲလေ ဆိုပြီး ကိုယ်လဲ ရိုက်လာခဲ့တာဘဲ။ J က ပြော တော့မှ ဒီလဟာ သာမာန် အချိန်ထက် ၁၄ ရာခိုင်နှူန်း ကြီးပြီး ၃၀ ဆ ပိုလင်းတယ် ဆိုတော့မှ အံ သြသွားတယ်။ သြော် ဒါကြောင့် ဒီလောက် ထင်ရှား လင်းထိနနေတာကိုးလို့ သိသွားရတယ။် လက အရမ်းလင်းတော့ အချစ်ကို လွမ်းတာပေါ့ဆိုတာတော့ အထူးပြောစရာလိုမယ် မထင်ဘူး။


ဒီပိုစ်က အခု ၂၀၀ မြောက်ဖြစ်သွားတယ်။ မွးနေ့ နဲ့ချိန်လို့ မရလိုက်ဘူး။ မရေးဘဲ မနေနိုင်တာကလွဲ..လို့ ကိုကို.. အချစ်ရေ့ ..အချစ်ရေ့..လို့ ဆိုပြီး ကော်နီသီချင်းလေး ကို ဆိုနေဘို့ဘဲ ရှိတယ်။ မတ်လက စတာ ၁၀ လအတွင်း ပိုစ်၂၀၀ ဆိုတော့တစ်လ ကို ၂၀ နှူန်းနဲ့ တင်နေတဲ့သဘောရှိတယ်။ စာကို အဲလို ကြိုးစားရင်ကိုယ်ဘွဲ့လွန် ၂ ခါ လောက် ထပ်ရပြီးလောက်ြ့ပီ။ ဒါကိုလည်း အချစ်လာမဖတ်ပါစေနဲ့ လို့ဆုတောင်းတယ်။ အသိ ခေါက်ခက် အဝင်နက် ဘုန်းကြီးစာချ ဆိုတာ ကိုယ်တို့(ကိုယ်တို့ ဆိုတာ အဖော်တွေရှိတယ် လို့ ဆိုလိုပါတယ်) လို လူမျိုးတွေ အတွက် ဖြစ်နေတယ။် ပိုစ် ၂၀၀ ဆိုပြီး congratulate လာမလုပ်ကြပါနဲ့။ လူမိုက်အားပေး ဖြစ်သွားမယ်။

ရေးရင်းနဲ့ TZA နဲ့ရေးတာ တူလာသလိုဘဲ။ မတတ်နိုင်ဘူး ။ သှူု့စာကို ကြိုက်တော့ (စာကို ကြိုက်တော့ ဟု လေးလေးနက်နက်ဖတ်ပါ) ခဏခဏ သွား ဖတ်မိ တော့ အဲလို ဖြစ်သွားတယ်ထင်တာဘဲ. ။ တံငါနားနီးတံငါ. မုဆိုးနားနီး မုဆိုးပေါ့.။ ဒါပေမဲ့ ဗာလာနံ နား နီး လို့တော့ မဖြစ်ဘူး။

PS
အမှား၂ ခါပြင်ရတယ်။
ရက်စွဲမှားနေတယ်လို့ ဗေဒါရီက ပြောတော့ တစ်ခါ။
၁၄ ဆ ကြီးတာ မဟုတ်ပါဘူး ။ ၁၄ ရာခိုင်နှုန်းကြီးတဲ့လမင်းကြီးပါလို့ ShwnMi က ပြင်ပေးတာ က တစ်ခါ။ ကျေးဇူး။
ပုံ။ မှားပြီးရင်းမှားရင်းက ဖိုးဖိုးကြပ်

23 comments:

  1. ကျနော်လည်း ဟိုနေ့က လကိုသတိထားမိတယ်..
    တော်တော်သာနေလို့..
    ဒီကသူငယ်ချင်းကို..လကိုလက်ညိုးထိုးပြီး
    ကြည့်ခိုင်းတာ..
    သူက..လမင်းကို..လက်ညိုးမထိုးရဘူးတဲ့..
    တူပါတယ်..
    မေမြို့ရောက်ရင်..လနဲ့ ကြယ်တွေကို
    ညတိုင်းမော့ကြည့်ရတာ..
    အမောသား
    ချန်းချန်းကပြောတယ်..
    မေမြို့မှာ..ကြယ်တွေများတယ်နော်တဲ့..
    လမင်းကြီးရှိတယ်တဲ့..
    သနားစရာ..

    ReplyDelete
  2. မမဂွိ လမင်းကြီး ထိန်ထိန်သာနေပါ့လား။
    သတိတရ ဓါတ်ပုံရိုက်ထားတော့ ကြည့်ရတာပေါ့နော်။

    ReplyDelete
  3. အင်းအခုတလော ဘာရေးရေး အချစ်အကြောင်းက မပါရင် မပြီးပါလားဟရို့ 

    ReplyDelete
  4. သမီးလည်း အဲဒီညက လမင်းကြီးသာလိုက်တာလို့တွေးမိတယ် နောက်မှ နတ်တော်လပြည့်မှန်းသိတယ်

    ReplyDelete
  5. လအကြောင်းရေးရင် လအကြောင်း အေးဆေး ရေးတာ မဟုတ်ဘူး..။ လူကို ဗာလနံလေး ဘာလေးနဲ့...။ သတ်ပုံတောင် မှန်အောင် မပေါင်းနိုင်ဘူး...။ နောက်တစ်ခါ သတ်ပုံမှန်အောင် ပေါင်းပေးပါ...။ လူမိုက် ဖြစ်တာတောင် သတ်ပုံအမှားကြီးနဲ့ ဖြစ်ရတယ်...။ ဟွန့်...။

    အနော်လဲ မနေ့က လွှတ်တော် နောက်ခံနဲ့ လမင်းထိန်ထိန်သာနေတာကို ရိုက်လိုက်ပါတယ်နော်...။ နောက်မှ ပုံတင်မယ်...။

    ReplyDelete
  6. မမလကြီးကိုမြင်ရတာ ဘယ်သူ့လွမ်းမှန်းမသိဘူး။

    ReplyDelete
  7. ဒီလို လ ကြီး တမဟုတ်ချင်း ကြီးသွားတာ မသိလိုက်ဘူး။ မမပြောမှ သိတယ်။ အင်း..တယောက်တည်းမို့ လွမ်းစရာပဲ။

    မွေးနေ့ကို ဘယ်နေ့မှန်း မသိပေမဲ့ အကောင်းဆုံးတွေနဲ့သာ ပျော်ရွှင် ကြည်နူးရပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။ အဓိကက ကျန်းမာရေး၊ ပြီးရင်း စိတ်အေးချမ်း ပျော်ရွှင်ပြီး တူနှစ်ကိုယ် ကြည်နူးရပါစေလို့။

    မမရဲ့ အသိခေါက်ခက် အ၀င်နက် မိုက်ဖော်မိုက်ဖက်
    ညီမ လှထုံ

    ReplyDelete
  8. လပြည့်နေ့ကိုး။ ဟုတ်တယ်နော် လွမ်းစရာကြီး။ ပြန်မလာသေးဘူးလား မမရေ။

    ReplyDelete
  9. မခင်ဦးမေ
    နေ့စွဲ မှားနေသလားလို့။
    12/16/08 က လာမယ့် အင်္ဂါနေ့လေ။
    သောကြာက 12/12/08 ဟုတ်ဖူးလား။

    ReplyDelete
  10. ဟုတ်တယ် အစ်မ ရက်စွဲ မှားသွားတယ်။ သိုင်းကျူး

    ReplyDelete
  11. လပုံက လနဲ့မတူဘူး၊ကျွှမ်းခါနီးနေတယ့် အိမ်သာထဲကမီးလုံးနဲ့တူတယ်။

    ReplyDelete
  12. comment လာပွတ်တယ် ၀မ်းသာလိုက်တာ နောက်ကရေရင် ပထမမို့လို့ ပျော်လိုက်တာ ဝေးဟေးဟေး လအကြောင်းရေးတာတော့ ဟုတ်ပါဘီ lunatic တော့ မဟုတ်ပါဘူးနော်

    ပုံ
    တစ်ကျပ်အတိ

    ReplyDelete
  13. ကိုကိုမပါမပြီးပါလားကွယ်ရို့..ဂျီးဒေါ်ရေ..။

    ReplyDelete
  14. လူမိုက်ကြီးကို ဂါရ၀လာပြုပါတယ် .. =)
    (အားမပေးနဲ့ ဆိုပေမယ့် လူမိုက်လေးပီပီ နားမထောင်ပါ။)

    ReplyDelete
  15. အမရေ ပုံမှန်အချိန်ထက် ၁၄ရာခိုင်နှုန်းကြီးတဲ့ လမင်းကြီးကိုကြည့်ရင်း ခံစားသွားပါတယ်။


    စိတ်၏စေရာနာခံလေသော

    မိုးမြင့်တိမ်

    ReplyDelete
  16. ShwunMi: :-) .. ၁၄ဆ ပိုကြီးတဲ့ လ ဆိုလို့ မျက်လုံးတောင် ပွတ်ပြီး ကြည့်မိတယ်.. ၁၄ ရာခိုင်နှုန်းလုပ်ပါ အစ်မရယ်..

    မှားပြီးရင်းမှားရင်းက ဖိုးဖိုးကြပ် ဖြစ်နေပြီ.ကျေးဇူးပါ shwunmi

    ReplyDelete
  17. အဲဒီညက ကျနော်တို့ဘက်မှာ မိုးအုံတယ် လအလင်းရောင်အတော်လင်းတာ က မိုးအုံ့တာတောင် မြေပြင်မှာ မှောင်မဲမနေဘူး။ နောက်တနေ့ သည်းကြီး မည်းကြီး မိုးရွာတာဘဲ။ လကိုကောင်းကောင်းမမြင် လိုက် ရပါဘူး။ မခင်ဦးမေဓါတ်ပုံဘဲ ကြည့်သွားပါတယ်။

    ReplyDelete
  18. (ဘာရယ်မဟုတ်) လမင်းကြီးကို မော့ကြည့်မိ ပါတယ်။ တဖြည်း၂ကြီးပီး ကိုယ့်အပေါ် ပြုတ်ကျ လာမလားလို့ပါ။

    http://winzaw-mdy.blogspot.com

    ReplyDelete
  19. ပုံကို ကြည့်ရတာ Clementi Ave 2 နဲ့ Ave 5 ပတ်ဝန်းကျင်က တိုက်တွေ လိုပဲနော်။ ဟီးဟီး။ ရမ်းကြိတ်တာ။

    ReplyDelete
  20. ၀ိုင်းဝက်ပြီး တော်တော်လှတဲ့ ဖိုးလမင်းကြီးဗျာ ၊၊ မမဂွိရဲ့ ရိုက်ချက်ကလည်းကောင်းမှကောင်း ၊၊ အဟီး
    တမင် ရန်စသွားပါတယ်ဗျို့ ၊၊

    ReplyDelete
  21. ၁၆ ရက်နေ့လို့ မှားရေးမိတယ်ဆိုတော့ စိတ်ထဲ စွဲနေတဲ့ နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ရမယ် (ဦးစံရှား လေသံဖြင့်း)၊ဒီဇင်ဘာလမှာ ကျရောက်မယ့် xxx ဆိုတာများလေလား

    ReplyDelete
  22. အဲနေ့ညက ကျွန်တော် အလုပ်အပြန်မှာ သတိထားမိတယ် လ ကို၊ ဖုန်းကင်မရာနဲ့လည်း ထုတ်ရိုက်လိုက်သေးတယ်၊ ပုံက သိပ်မကောင်းလို့ ပြန်ဖျက်လိုက်တယ်၊ ညအခါ လသာသာ စင်္ကာပူ မပါ ပေါ့ဗျာ။

    ReplyDelete
  23. မရေ.. ပြောတာကြားရသလောက်တော့ အဲဒီလက အဲလိုမျိုး ၁၇နှစ်မှတခါဆိုလား(သိဘူးနော်.. ပြောတာပြန်ပြောပြတာ)သာတာတဲ့.. Marina Bay မှာအဲဒီလကို ဓာတ်ပုံလာရိုက်တဲ့လူတွေမှအများကြီးပဲ အဲဒီနေ့ ကMarina Bay ဘက်သွားရင်းမေးကြည့်မှသိတာ..

    ReplyDelete