Thursday, January 1, 2009

Bob Marley

Bob Marley သီချင်းရေးဆရာ..ဂစ်တာတီး။ သီချင်းဆိုတဲ့သူ. .အနေနဲ့ သိပါတယ်။ သီချင်းတွေထဲ မှာ.."I Shot the Sheriff", "No Woman, No Cry", "Exodus", "Could You Be Loved", "Stir It Up", "Jamming", "Redemption Song", "One Love" နဲ့"Three Little Birds" တွေ က အန်မတန် နာမည်ကြီးတယ်။ သူ မရှိတဲ့နောက် ထပ်ထွက်တဲ့ Legend သီချင်း အယ်လဘမ် က ၁၂ မီလျှံ ကော်ပီ ရောင်းရတယ။်


သူ့ကို ဂျမေကာ က ရွာလေး တစ်ရွာမှာ ၁၉၄၅ မှာ မွေးတယ်။ သူ့အဖေက white Scottish Jamaican ဖြစ်ပြီး အမေက တော့ black Jamaican ဖြစ်ခဲ့တယ်။ အသက် ၁၀ နှစ်နဲ့ ဖခင်မဲ့ဖြစ်ခဲ့ပြီး. Mixed racial origins ကြောင့်စိတ် အနှောင့်ယှက်တွေ သူ့ဘဝမှာ ဖြစ်ခဲ့ရတယ်။ အသက် ၁၄ မှာ ကျောင်းကို ကျောခိုင်းခဲ့. .အနုပညာဘက် ကို ဇောက်ချခဲ့ပြီး ၁၉၆၂ မှာ ပထမဆုံ့း သီချင်း တွေ ကို အသံသွင်းတယ်။ သိတ်တော့ နာမည်မရခဲ့သေးဘူး။


ဒီလိုနဲ့ အနုပညာခရီးကိုဆက်လျောက်ရင်း ၁၉၇၅ မှာ No Woman, No Cry နဲ့အရမ်း နာမည်ရတယ်။ ၁၉၇၆ မှာ England ကို ရွေ့သွားခဲ့တယ်။ ၁၉၇၇ မှာ အရေပြား ကင်ဆာတစ်မျိုး ဖြစ်တယ်.။ အကြောင်းအမျိုးမျိုးနဲ့ ဆေးကုသမှူကို သေချာ မယူခဲ့ဘူး။ အနုပညာ အလုပ်ကိုတော့ ဆက်လုပ်နေတယ်။ နေရာ တော်တော်များများ မှာ tour တွေ လုပ်တယ။် award တွေ honor တွေ အများကြီးရတယ။် ၁၉၈၁ အသက် ၃၆ မှာ ဆုံးတယ်။ သားသမီး စုစုပေါင်း ၁၃ ယောက် ရှိတယ်။ ၈ ယောက် ကတော့ separate women နဲ့ရတယ် လို့ဆိုတယ။်
Reference: http://en.wikipedia.org/wiki/Bob_Marley

မှတ်ချက်.

သူမရှိတော့တာ အနစ် နစ်ဆယ်ကျော်လို့ သုံးဆယ် နားရောက် နေပြီ ဖြစ်ပေမဲ့လည်း သူ့သီချင်းတွေ ဟာ ကမ္ဘာကျော်ဆဲဘဲ။ သီချင်း ဆိုင်ကြီးတွေ ကိုရောက်လို့ Bob Marley လို့မေးလိုက်ရင် ရှိနေဆဲ.. ..ဘဲ..။ သူ့ဘဝဖြစ်စဉ်ထဲမှာ နိုင်ငံရေး..လူမျိုးရေး အချို့ပါသေးတယ်။ သိတ်နားမလည်လို့ ထားခဲ့တော့တယ်။။ kmsl သဘောင်္လိုက်စဉ်က အမေရိကရောက်တော့သူပထမဆုံးဝယ်တာ Bob Marley လို့ဆိုတယ်။ အခုထက်ထိ သိမ်းထာားပြီးနားထောင်နေဆဲဘဲ။




bob marley - no woman no cry


ratings: 23,250
views:12,381,978

13 comments:

  1. ဝေး ..ပထမကွ၊၊

    ReplyDelete
  2. သူ့သီချင်းတွေ ဂျမ်းလည်း ကြိုက်တယ် အမ။း)

    ReplyDelete
  3. ခုတစ်ခေါက်မှ ဖတ်တာ ၊၊ လေးစားအားကျစရာ ပါ ၊၊ အသက် ၃၆ နှစ်အတွင်း သားသမီး စုစုပေါင်း ၁၃ ယောက် ဆိုတော့ တော်တော်ပျော် စရာကောင်းခဲ့ပုံပဲ ၊၊
    KMSL က သဘောင်္ ကပ္ပတိန်ကြီး ဖြစ်မှာ ၊၊ မဂွိစ်က ဘော့စ်ပဲ ၊၊

    ReplyDelete
  4. သီချင်းတော့ ကြားဖူးတယ်။ အဆိုတော် အကြောင်းပါ သိရလို့ ကျေးဇူးပါ။ ဒါနဲ့ ဘယ်ဇာတ်လမ်း ရေးမယ်ဆိုတာ အရိပ်အမြွက်ပြောလိုက်တာလား မမ

    ReplyDelete
  5. Bob အကြောင်း ကျနော့် ဘလော့မှာလည်း ရေးခဲ့ဖူးတယ်လေ...
    ဒီမှာ ဖတ်ကြည့်ပေါ့ http://aungthange.blogspot.com/2008/07/blog-post_14.html ... ဆက်တော့ မရေးဖြစ်ဘူး...
    ဒီမှာက သီချင်းတပုဒ် ...
    http://aungthange.blogspot.com/2008/07/blog-post_09.html ... ကျနော် အတော် ကြိုက်တာ... Bob သီချင်းတွေထဲမှာ အကြိုက်ဆုံးပဲ... စာသားက အစ...

    ReplyDelete
  6. သူ့ရဲ့သီချင်း ရင်းနှီးတာသိပ်မရှိပါဘူး
    ကျနော့မှာ..
    no woman no cry နဲ့
    is this love ပဲရှိပါတယ်
    ~~is this love..
    ...is this love...
    is this love that i'm feeling?..
    ..i wanna know...wanna know..wanna know....now..
    ...i got to know ..got to know...
    now~~~~~~

    Xထုံ

    ReplyDelete
  7. ဆားပိုစ်ကြီးနော် :P

    ReplyDelete
  8. ;) သူ့ သီချင်းလေးတွေကောင်းတယ်...

    ReplyDelete
  9. ဟောင်းနွမ်းသွားသော ရင်သိမ့်တုန် ဇာတ်လမ်းများ အပိုင်း (၃) လာမယ် အောင့်မေ့လို့။ Bob Marley ဖြစ်သွားတာကိုး။ တကယ်ကောင်းတဲ့ သီချင်းတွေပါ။

    ReplyDelete
  10. Bob Marley တော့ ကြိုက်ပါတယ်..
    မြန်မာပြည်မှာ သူ့ပုံစံအတိုင်း လိုက်လုပ်တဲ့ ဗုံမကျ ပတ်မကျ.. စောဖိုးခွားဆိုတဲ့ ငတိတော့ ကြိုက်ဖူး...

    ReplyDelete
  11. :)
    (ကို)ယောဟန်အောင် ထင်တယ် .. သူ့ဘလော့ဂ်မှာ စတွေ့ဖူးတာ...

    ReplyDelete
  12. ကျွန်တော်လည်း သိပ်ကြိုက်တာပေါ့ ...
    No Women, No Cry ကို ကြိုက်ဆုံးပဲ ...

    ReplyDelete
  13. Bob Marley ကိုအရမ်းကြိုက်တာ။ ရောခ်ဂီတပြီးရင် အရူးသွပ်ဆုံးက Reggae ဂီတပါပဲ။ ဘာဖြစ်လိုလဲဆိုရင် မြူးမြူးကြွကြွနဲ့ ဘဝအကြောင်းလေးတွေ ဆိုတတ်လို့ပါပဲ။ မြန်မာပြည်မှာတောင် ဟိုးအရင်ထဲက Reggae ဂီတရှိခဲ့တယ်။ သိက်ကြီုက်သူတွေ မရှိလို့လေ။ ဦးကျော်ဟိန်းတို့၊ ကိုချစ်ကောင်းတို့က Reggae သီချင်းတွေစဆိုခဲ့တာ နံရံအားလုံးအနားတွေရှိတယ်ဆိုတဲ့ သီချင်းလေ။ နောက် ဘောလုံးအကျော်အမော် စောဖိုးခွား၊ ဇမ်နူး၊ ဘရိတ်ကီ တိုဆိုလဲ နောက်ပိုင်း Reggae သီချင်းတွေ ဆိုခဲ့ဖူးပါတယ်။ တကယ်တမ်းမအောင်မြင်ခဲ့ကြဘူး။ နားထောင်တဲ့လူ သိပ်မရှိလို့ပါ။

    ReplyDelete