Monday, January 19, 2009

c box

ပိန်ချင်လို့ဆိုပြီး တနေ့က မနက်စာ မစားဘဲ skip လုပ်လိုက်ပြီး ..ဘရိတ်ဖတ်ကတော့ အများကြီး စား မိ ပါ တယ်။ မြန်မာပြည် ကို ဘယ်လောက်ချစ်သလဲ ဆိုတာ မြန်မာပြည့်  လက်ဘက်ရည် tea mix ကို စလုံးက မြန်မာဆိုင်က နေ ဝယ်သောက်ပါတယ်။ အဲဒီ တီးမစ် နဲ့ အီကြာကွေး နဲ့တော့ စားမိပါတယ်။ မုန့်ဖက်ထုပ်..လဲ စားမိသေး တယ်။။ အဲဒါ ကောက်ညင်း ဆိုတော့ အစာမကြေဘူး ထင်ပါတယ်။ မနေ့က တည်းက လေအောင့် နေလို့ အတော် အီနေတယ်။ ခွင်္င့်ယူဘို့ အစီအစဉ်င်္ လား ..မရှိပါဘူး.။

ဗိုက်အောင့်နေတဲ့ကြားထဲက ဖတ်လိုက်တဲ့ဘလော့လည်း မနည်းပါဘူး..။ ကိုယ့်လိုလူ ကိုယ် တစ်ယောက်ထဲ လား လို့ဘဲ လို့တောင် အောက်မေ့ပါတယ်။ အဲဒီ အထဲမှာ ကိုစမ်းချောင်း က စီဘောက်ထဲ မှာ အရုပ်ကလိချင်လို့ ကြိုးစားနေတာ ကိုလည်း ရိပ်မိပြီး. ကူညီချင်စိတ်နဲ့ အခုပိုစ် ကို ရေးပါတယ်။ မီယာ တုံးက တော့ ဆရာကြီး ကိုဇနိ ဆီ ကိုလွဲ လိုက်ပါတယ်။ မည်သို့ဖြစ်သွားသည် မသိ..အခု မီယာ ကတော့ အရုပ်ကလေးတွေ နဲ့ပျော်နေပါတယ်။ အခုကတော့ ကိုယ်ကိုယ်တိုင်က ရှည်ပြီး ကူညီပရစေ ဆိုပြီး သွား ပြောမိလို့ပါ ။ ဆရာကြီးများ ရေးထားတာများ ရှိ ခဲ့ရင်လည်း ပြန် ညွန် ပေးနိုင်ပါတယ်။ ကိုယ်က စာ သင်တာ အန်မတန် ညံ့ပါတယ်။

အဲဒီ အရုပ်ကလေးတွေ ကို ကိုစိုးထက်ဆီမှာ စပြီး သဘောကျခဲ့ပါတယ်။ လိုချင်ပေမဲ့ ဘယ် လို လုပ်ရမှန်းမသိ..ကိုစိုးထက်က သင်ပေမဲ့လည်း တောတော်နဲ့သဘောမပေါက်မိခဲ့ ။.slow learner မို့လို့အတော် အချိန်ပေးခဲ့ လေ့လာခဲ့ရပါတယ်။

စီဘောက် ထဲမှာ အရုပ်ထဲ့ချင်တယ် ဆိုပါစို့။

အပိုင်းကြီး နှစ်ပိုင်းရှိပါတယ်။
ပထမအပိုင်းက အရုပ်ရှာနည်း..
ဒုတိယအပိုင်းက အရုပ်ထည့်နည်းဖြစ်ပါတယ်။

အရုပ်ရှာနည်း၁.
http://www.icone-gif.com/
လက်ဝဲလက်ဘက်မှာ
Icone (35946)
Gif-Animé (86474)
Mini Jeux
Full Wallpaper
Top Delire
Font Police
Annuaire
Actu Mobile
Cuisine du Monde
Emoticone
Affiliation

အဲဒီ အထဲက eg : Emoticone ကို ကလစ်လုပ်လိုက်ရင်..ခေါင်းစဉ်တွေ အများကြီးတွေ့ပါမယ်။ အဲဒီအထဲကမှ ကိုယ်ကြိုက်ရာ egး bye bye ကို ကလစ် လိုက်ပြန်ရင် အရုပ်တွေ အများကြီး ထွက်လာပါမယ်။ အဲဒီ အထည်းက မှ ကိုယ်ကြိုက်ရာ အရုပ်တစ်ရုပ် ကိုရွေးပြီး..right click လုပ်ခဲ့ရင် ပေါ်လာတဲ့စာသားတွေ ထဲက properties ကိုရွေးပါ။ အပေါ်ဆုံးလိုင်း location က
http://emoticoneemoticone.com/emoticones/byebye/2.gif ကို copy လုပ်ပါ။

အရုပ်ရှာနည်း နစ်
ကိုယ်နစ်သက်ရာ စီပူံးထဲမှ အရုပ်များကို right click ယူပြီးး properties ထဲ က location http address ကိုယူပြီး copy လုပ်ပါ

အရုပ်ရှာနည်း၃
အင်တာနက် စာမျက်နှာများမှာ smile gif ..3d smlie gif စသဖြင့် ရှာပြီးတွေ့တဲ့ အရုပ်တွေကို ထုံးစံအတိုင်း right click ..properties. .location …http မှတ်ပြီး copy လုပ်ပါ။

အရုပ်ထဲ့နည်း
http://www.cbox.ws/
Sign in လုပ်လိုက်ပါတယ်

Home Publish! Look & Feel Options Users & Access Messages Log out
Option အောက်မှာ smile ကိုရွေးပါတယ်။

ပေါ်လာတဲ့ အကွက်တွေထဲမှာ ..စောစော က ကိုယ် copy လုပ်ထားတဲ့ eg http://emoticoneemoticone.com/emoticones/byebye/2.gif ကလေးတွေ ကို လာ ထည့် ပါ။ ပြိးရင် save လုပ်ပါ.

ပြီးရင် ကိုယ့်စီဘောက် ကို ပြန်သွားကြည့်ပြီး စီဘောက် အောက်ဘက် နားမှာ smile ကို ကလစ်လုပ်ကြည့်ပါ..ကိုယ်ထဲ့ထားတဲ့ အရုပ်ကိုမြင်ရရင် အောင်မြင်ပြါီ့ပီ..အဲဒါကို ကလစ်လုပ်လိုက်ရင် စီပုံးထဲမှာ ချစ်စရာ အရုပ်ကလေးတွေ ကိုမြင်ရပါပြီ.။ မမြင်ရရင်တော့ ဆရာညံ့လို့ဘဲ အောက်မေ့ပါ။ ကိုဇနိ ဆီသာ ချဉ်းကပ်ပါတော့...။

29 comments:

  1. ဒီတစ်ခါ ပထမကွ။ ဖတ်ရသေးဘူး။ :P

    ReplyDelete
  2. ဂျမ်းလည်း အရုပ်ထည့်နည်းကို ဟိုနေ့မှ သေချာသိတာ အမရေ။ သေချာရေးပေးတာ ကျေးဇူးပဲ အမ။

    ReplyDelete
  3. အခုလိုရှင်းပြရေးပြတာ ကျေးဇူ့းပါပဲအမရေ...။

    ReplyDelete
  4. အရင်တုန်းကတော့ သိချင်သားပဲ။ ခုမသိချင်တော့ဘူး :)

    ReplyDelete
  5. အရုပ်ကတော့ မမနဲ့ ကိုနိ ပူးပေါင်း သင်ပေးလို့ ဆော့တတ်ပါပြီ။ အရုပ်ထည့်နည်းကတော့ စီဘောက်စ်ထားမှ ပြန်လာဖတ်အုံးမယ်။ မမက ဒါမျိုးလဲ ရတယ်။

    ReplyDelete
  6. မမရယ်..စောစောစီးစီးရေးလိုက်ပါတော့လားနော်... ကိုယ်ကလည်း အဲလို အရုပ်လေးတွေ ချစ်တာနဲ့ မမစီဘောက်စ်တို့ နိနိတို့ဆီမှာ တွေ.ဖူးပါတယ်...။ ဟိုလိုစမ်းသည်လိုစမ်း.. how to တွေနဲ့ ဂူးဂဲလ်မှာရှာ.. စာတွေ ဖတ်လိုက်ရတာ...သူများတွေ မေးဖို့ကလည်း လူတကာသိတဲ့ကိစ္စ ငါမသိရကောင်းလားဆိုပြီး ရှက်တာကတကြောင်း.. သည်အရွယ်ရောက်မှ အရုပ်တွေနဲ့ ကစားတယ်ဆိုပြီး အပြောခံရမှာက ရှက်တာက နှစ်ကြောင်း.. ဟဲဟဲ.. ကြိုးစားလိုက်ရတာ..။ နောက်ဆို ပျော်စရာ အရုပ်ကမ္ဘာ စီဘောက်စ်တွေတိုးလာမှာကို မျှော်လင့်ရင်း....

    ReplyDelete
  7. မမက သူများအရုပ်တွေနဲ့ ပျော်နေတာ ဘယ်လိုသိလဲ။ အရှိန်မနဲ သတ်ထားရတယ်။ မမဆီမှာ လာလာပြီး အရုပ်လေးတွေ ကြည့်ရတာ ပျော်လွန်းလို့။ အရုပ်တွေ သိပ်များရင် ဘာဖြစ်တတ်ပါသလဲ။ အရုပ်ကူးနည်း သိသွားပြန်ပြီ။ ကြိုက်တဲ့ အရုပ်တွေ လာယူဦးမယ်နော်။

    ReplyDelete
  8. တို့လဲထည့်ဖို့လုပ်လိုက်ဦးမည်။

    ReplyDelete
  9. မမရေ...

    မီးမီး ဆီမှာလဲလာမေးနေကြတယ်.
    မမ ဆီ လာဖတ်ခိုင်းရမယ်.း)

    ReplyDelete
  10. S-C အိမ်ကတစ်ယောက် အရုပ်လေးတွေထည့်ပေးနဲ့ ပူဆာနေတာ မမကြားသွားလို့လားဟင်
    အလိုက်သိတဲ့ ချစ်မမ
    အောင်မြင်ပါစေ ...(cheers! ကို ဘာသာပြန်ထားတာ)

    ReplyDelete
  11. မမ.. ဖူးနုသစ်မှာ ယုန်ဖြူလေး ဖင်တွန့်ပြီး က နေတဲ့ပုံ
    အရမ်းချစ်ဖို့ကောင်းတယ်.. သွားခိုးပါလား...။

    ReplyDelete
  12. ပထမဆုံး ကွန်မင့်ပေးတဲ့သူ စီဗုံးမှာ အရုပ်ထည့်ရမယ်လို့  မမkom က အမိန့် ထုတ် ထားတယ်နော်

    ReplyDelete
  13. မင်္ဂလာပါ ဆရာမ။ ကျေးဇူးတင်ပါတယ် ဆရာမ။ မအားလပ်တာနဲ့ သင်ခန်းစာကို ခုမှတွေ့တယ်။ မဖတ်ရသေးဘူး။ ညနေအားမှ ဖတ်ပြီးတာနဲ့ တပည့်ကြီး လုပ်စရာရှိတာတွေ ဆက်လုပ်လိုက်ပါ့မယ်။ စီပုံးပိုင်ရှင်တွေတော့ မျက်ခုံးလှုပ်နေလောက်ပြီ။ အမှိုက်ရှုပ်မယ့်သူ နောက်တစ်ယောက်တိုးလာလို့။

    ReplyDelete
  14. အရုပ်ထည့်နည်းတော့ သိသွားပြီ။
    ကိုးနတ်ရှင်ကောင်းအောင်
    ဘယ်လို ပူဇော်ပသရမယ် ဆိုတာလေး
    တစ်ချက်လောက်ပါ .. ..

    ReplyDelete
  15. မမရေ...
    ဖတ်သွား မှတ်သွားပါတယ်...
    ခုတလော မမတော်တော်ပျောက်နေပါလား...
    ဘာလို့ လဲ...
    ဘယ်တွေသွားပုန်းနေတာလဲ...

    ReplyDelete
  16. လာလည်ပါအုံးလေ.. နော်...
    မျှော်နေမယ်...

    ReplyDelete
  17. ကလိထားတယ်မမ။

    ReplyDelete
  18. ထည့်ချင်တဲ့လူတွေကို လက်တို့ပေးလိုက်မယ်ဗျာ ....

    ReplyDelete
  19. ဟုတ်တယ် အမ kom, C ဗုံးမှာ အရုပ်ကလေးတွေနဲ့ ရှိနေတာ ... ပျော်စရာကောင်းသလိုပဲ ... ။

    ReplyDelete
  20. ဝေးးးးးးးးးး မဂွိစ် ၊၊ တကယ့် အရုပ်ပဲဝယ်ပေးပါ ၊၊

    ReplyDelete
  21. မီးမီးတော့ ဧည့်ဝတ်မကျေမှာစိုးလို့ စီဗုံးဖွက်ထားလိုက်သည်။

    ReplyDelete
  22. This comment has been removed by the author.

    ReplyDelete
  23. i think you are the happiest person in the blog world while others are in this tough time. I must say your posts make me calm down whatever you post. Thanks for that.

    ReplyDelete
  24. ဆင်ဒဏ်လား(လူဒဏ်လား)ရယ် ယုန်ဖြူက ဖင်တွန့်ပြီးတောင်ကရတယ်လို့

    ReplyDelete
  25. စမ်းကြည့်မယ် ကျေးဇူးပါမမခင်ဦးမေ :)

    ReplyDelete
  26. နည်းပညာတွေလဲ မျှဝေပေးတာ ပဲလား ဟဲ ဟဲ ကောင်းတယ် ဗျာ ကောင်းတယ် ..။

    ReplyDelete
  27. ကျေးဇူးဘဲအစ်မရေ....။ ကျွန်တော်ကအဲလိုအရုပ်တွေ ထည့်ရတာအရမ်းကို ကြိုက်တာ..။
    ကောင်လေးအိမ်ကိုလည်းလာလည်ဖို့ဖိတ်ခေါ်ပါ တယ်..။မြန်မာ့ရေနွေးကြမ်းနဲ့ကိုဧည့်ခံမှာနော်...။

    ReplyDelete
  28. မမမေ
    နည်းပညာမျှဝေပေးတာ ကျေးဇူးဗျာ...
    စမ်းကြည့်ဦးမယ်...
    ဘလော့ဂ်နည်းပညာပိုင်းနဲ့ ပါတ်သက်ရင် ကျနော်လည်း ခေသူမဟုတ်..လေ။
    ကိုယ်လည်ချင်တဲ့ ဘလော့ဂ်တောင် နှိပ်လိုက်တာနဲ့ 
    တိုက်ရိုက်ဝင်လို့ ရမှဗျ...နည်းနည်းခက်ရင် မလုပ်တတ်တာနဲ့ လှည့်ပြန်သွားရတာ မနည်းဘူး...
    ဆင်တဲနားက မိတ်ဆွေဆီတောင် ဆက်မ၀င်တတ်လို့ 
    မမမေ ပြောသလို လုပ်ကြည့်ဦးမယ်..။
    ခေသူမဟုတ်တဲ့ 
    မောင်ဆူး

    ReplyDelete
  29. အစ်မ .. အစ်မပြောသလိုပဲ.. copy ကူးပြီး ဒီတိုင်း save လုပ်တာ မရဘူး.. နောက်မှ.. code နေရာမှာ ကိုယ့် ဘာသာ :bye တို့ လိုမျိုး code လေးတွေ ထည့် ပြီး save မှပဲ ရတော့တယ်.. ဘာပဲဖြစ်ဖြစ် အခုလို သေချာရှင်းပြပေးတာ ကျေးဇူးပဲ .. အစက ဆို ညီမ အဲဒါမျိုးလုပ်လို့ ရမှန်းတောင် သိတာ မဟုတ်ဘူး.. Thanks a billion ပါ အစ်မရေ..။

    ReplyDelete