Saturday, January 3, 2009
Lady finger…..e/lecture
ကောင်းသောနေ့ပါ။ မနေ့က ညနေက hawker center ထမင်းဆိုင်မှာ ထမင်းသွားဝယ်တယ်။
စကားမစပ် ဘာဖြစ်လို့ ဟော်ကာ လို့ခေါ်တာလဲ ဆိုတာ wikipedia မှာ ရှာကြည့်ရသေးတယ်။ တရုတ်စကားဖြစ်ပြီး စလုံး ဟောင်ကောင်.. မလေးရှား မှာ အသုံ့းများတဲ့စကားလုံး ဖြစ်တယ်။ လူနေအိမ်ခြေ စည်တဲ့တဝိုက်.. ဘတ်စကားရထား လမ်း အနီး. မှာ ရှိပြီး လေဟာပြင်မှာ ရောင်းတဲ့ သိတ်ဈေးမကြီးတဲ့ များစွာသော စားစရာများ ရှိသော နေရာ လို့ အနက်ပေးထားပါတယ။်
ညနေ ညနေ ကျရင် ခေါင်းခြောက်အောင် စဉ်းစား ရတယ်။ kmsl ကို ဘာဝယ် ကျွေးရမလဲ ဆိုပြီး။ ။ဟိုဟာလေး ဝယ်လိုက်..ဒီဟာလေးဝယ်လိုက်နဲ့ မှန်တဲ့ အခါလည်း မှန်.မှားတဲ့အခါလည်း မှား။။ ကိုယ်နဲ့ရကတည်း က တသက်လုံး ထမင်း ကောင်းကောင်း မစားရဘူး လို့လည်း အပြစ် က အခုရှာနေပြီလေ။။ ကောင်းကောင်းစား ချင်ရင် နောက်တစ်ယောက် ယူမှဖြစ်မယ် လို့လည်း ပြောသေးတယ်။ တသက်လုံး မိန်းမ တစ်ယောက် ထဲနဲ့ နေရတာ ပျင်းစရာကြီ..။ ......ing.....boring life လို့လဲ ပြောသေးတယ။်
ပြောချင်တာ က ထမင်းဆိုင် မှာ ထုံးစံ အတိုင်း this one.. That one.. သွားလုပ်တယ်။ ရု့းံပတီသီး ကို လက်ညိုးထိုးပြီး this one သွားလုပ်တာ ဆိုင် က အော် lady finger လို့ပြောတော့ နဲနဲ ရှက်သွားတယ်။ သိတာ က ကြက်ဥ ..အာလူး ခရမ်းချဉ်…tomato, ပန်းဂေါ်ဖီ..cauliflower ‘
မုန်လာဥ,ကြက်သွန်ဖြူ, ကြက်သွန်နီ, ငံပြာရည်, ဒန့်ဒလွန်။, နံနပင်, ဘူးသီး…အများကြီး.. ငါမသိ/ လမ်းကြုံရင် စိတ်ကူးပေါက်ရင် သိတာလေး နဲနဲသင်ပေးခဲ့ပါလား.။ ပညာတိုးတာပေါ့။ memorize လုပ်ပြီး နောက်နေ့ကျရင် ဆိုင်ကို ခပ်မာမာ နဲ့ သွားမယ်။
Old.. B.. friend /3 လား ။စိတ်ထဲမှာ ရေးနေပါတယ်။ လူမလစ်သေးလို့..ခဏစောင့်...
26 comments:
  1. လူလစ်ပြီ
    ReplyDelete
  2. မုန်လာဥဖြူ .. radish
    မုန်လာဥနီ ... carrot
    ကြက်သွန်ဖြူ.. garlic
    ကြက်သွန်နီ.. onion
    ငန်ပြာရည်... fish sauce
    ဘူးသီး..... gourd
    :)
    ReplyDelete
  3. မမ ဇာတ်လမ်းလေးဆက်ဖတ်ချင်လှပြီ :P
    ReplyDelete
  4. အဖော်ခေါ်မယ့် တစ်ယောက်နာမည်က “ခပ်မာမာ” တဲ့လားဗျ ... ထူးဆန်းတယ်နော် နာမည်က ... :P
    အခုထိ အခန်းဆက်မျှော်ရတဲ့ ဘ၀က မလွတ်သေးပါကလားနော် အမ kom ...
    ReplyDelete
  5. သတိရသလောက် ပြောကြည့်မယ်...
    တရုပ်နံနံ ... celery
    နံနံပင်... parsley
    ဒန့်သလွန်ကတော့ မေ့နေတယ် -
    ပင်စိမ်းရွက်... mint, basil
    ကြက်သွန်မိတ်... scallion, green onion
    ကြက်သွန်နီမှာတောင် ကြက်သွန်နီ လုံးလုံး သေးသေးလေး တမျိုးကို... shallot
    ကြက်သွန်နီ အကြီးမျိုး အခွံနီနီ... red onion
    ကြက်သွန်နီ အကြီးမျိုး အခွံဝါ... yellow onion
    ကြက်သွန်နီ အကြီးမျိုး အခွံအဖြူ... white onion
    ခရမ်းသီး... egg-plant
    ကြက်ဟင်းခါးသီး... bitter-melon
    သခွားသီး... cucumber
    ရွှေဖရုံသီး... pumpkin
    ဂေါ်ရခါးသီး... chayote
    ပိန္နဲသီး... jack fruit
    ခေါင်းထဲ ပေါ်လာတွေ ရေးလိုက်သဗျား...
    အဆင်ပြေပါစေ...း)
    ReplyDelete
  6. ခုမှ သတိပြန်ရလို့ ဒန့်သလွန်သီးကို DrumStick လို့ ခေါ်ပါတယ်... သို့သော်လည်း တချို့အရပ်တွေမှာ မသိကြပါဘူး...
    ReplyDelete
  7. မမရေ..
    မသိတာတွေ ၀င်မှတ်သွားပါတယ်..
    သီချင်းလာနားထောင်ပါ...
    မမသိတဲ့အဆိုတော်ပါ..
    Xထုံ
    ReplyDelete
  8. မမရေ...သိတာလေးတွေ အီးမေးပို့လိုက်တယ်။
    မလုရဲ့ ဘလော့က ယူခဲ့တယ်ထင်တယ်.. မမှတ်မိတော့ဘူး....
့ဟော့ကာစင်တာမှာ မာနိုင်ပါစေ
    ReplyDelete
  9. http://lulucooking.blogspot.com/search/label/%E1%80%A1%E1%80%B1%E1%80%81%E1%81%9A%E1%80%A1%E1%80%B1%E1%81%80%E1%81%9A မလုလုဆီမှာ တင်ထားပေးဘူးတယ် အမ။ ဒီလင့်ခ်အတိုင်းသွားချင်ရင်သွားလို့ရတယ်။ မဟုတ်ရင်လည်း မလုလုဆီရောက်ရင် ဘေးမှာ အခေါ်အဝေါ်ဆိုတာလေးကို နှိပ်လိုက်နော်။
    ReplyDelete
  10. ရုံးပတီသီးကို Okra အုတ်ခရာ လို့လဲခေါ်တာ ကြားဖူးတယ်
    ReplyDelete
  11. သဘောကျပါတယ် မမရေ..တို့မမကို kmsl က ခြိမ်းခြောက်နေပြီလား။
    ReplyDelete
  12. ပို့စ်ဖတ်ရင်း ၊စီဘောက်ထဲ မှာ vocabulary
    ReplyDelete
  13. မမဂွိ မသိတာတွေများလို့ မဇနိပါ ၀င်ကျက်သွားတယ်။
    နောက်နေ့ ခပ်မာမာနဲ့ဈေးဝယ်ချင်လို့။
    ReplyDelete
  14. ကဲကဲ အင်္ဂလိပ် စကားပြော သင်တန်းဖွင့်မယ် သင်တန်းသား ဦးရေ ကန်.သတ်ထားတယ်။ မြန်မြန် စာရင်းပေးနော်။
    ReplyDelete
  15. KOM နှင့် KMSL ဟော့ကာစင်တာမှာ မာနိုင်ပါစေ။
    Chinese stink plant...တရုပ်နံနံ ...
    stink plant...နံနံပင်...
    Plant green leaf...ပင်စိမ်းရွက်...
    Onion friend...ကြက်သွန်မိတ်...
    Waist shaking fruit...ခရမ်းသီး...
    Chicken curry fruit...ကြက်ဟင်းခါးသီး...
    Gurka fruit...ဂေါ်ရခါးသီး...
    Sour water...ငန်ပြာရည်...
    Bottle fruit...ဘူးသီး
    Dance throne fruit..ဒန့်သလွန်သီး...
    ReplyDelete
  16. kangkung ကန်စွန်းရွက်
    toge ပဲပင်ပေါက်
    daun ketumbar နံနံပင်
    mee ခေါက်ဆွဲ
    နောက်တမျိုးမှတ်လိုက်နော်။ မလေလို နောက်ပြီးရင် တရုတ်လို ဆက်သင်မယ်
    ReplyDelete
  17. ဟော်ကာမှာ တရုတ်လို ပဲပြောတဲ့သူနဲ့ တိုးရင် this one, that one ထက် လက်ညှိုးထိုးပြတာက အလွယ်ဆုံးပါပဲကွယ်။
    ReplyDelete
  18. ဟုတ်သားပဲ အမကလဲ ဘ၀မှာမိန်းမတယောက်ထဲယူရင် ပျင်းစရာကြီး
    နောက်တယောက်ပေးရှာလိုက်ပါဗျာ ဟီးဟီး
    ReplyDelete
  19. “တစ်သက်လုံးမိန်းမတစ်ယောက်ထဲနဲ့ နေရတာ ပျင်းစရာကြီး” (ဟိုက်။ မဖြစ်ဘူး။ ငါ သတိပေးဦးမှ။)
    No need leh. No need! Actually, dis one a problem lor. Not small lah? I tink not. Maybe he oreddy has a "New..G..Friend" leh. You know lah?
    ReplyDelete
  20. “တစ်သက်လုံးမိန်းမတစ်ယောက်ထဲနဲ့ နေရတာ ပျင်းစရာကြီး” (ဟိုက်။ မဖြစ်ဘူး။ ငါ သတိပေးဦးမှ။)
    No need leh. No need! Actually, dis one a problem lor. Not small lah? I tink not. Maybe he oreddy has a "New..G..Friend" leh. You know lah?
    ReplyDelete
  21. ကို Strike ပြောတာတွေဖတ်ပြီး ရယ်နေရတယ်
    ReplyDelete
  22. အမ်းမားတို့နှစ်ယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ပျော်ရွှင်ဖွယ်နှစ်သစ်ကို ကူးသန်းကြရပါစေ။
    ps. mee က မလေးစကားမဟုတ်ဘူး၊ တရုတ်ဖူကျန်စကားပါ။
    ReplyDelete
  23. "စကားမစပ် ဘာဖြစ်လို့ ဟော်ကာ လို့ခေါ်တာလဲ ဆိုတာ wikipedia မှာ ရှာကြည့်ရသေးတယ်။ တရုတ်စကားဖြစ်ပြီး စလုံး ဟောင်ကောင်.. မလေးရှား မှာ အသုံ့းများတဲ့စကားလုံး ဖြစ်တယ်။"
    Hawker ဆိုတာတရုတ်စကား မဟုတ်ပါဘူး။
    hawk⋅er
    2   /ˈhɔkər/ –noun
    a person who offers goods for sale by shouting his or her wares in the street or going from door to door; peddler.
    hawk·er (hô'kər) One who sells goods aggressively, especially by calling out.
    http://dictionary.reference.com/browse/hawker
    ReplyDelete
  24. အစ်မရေ မှတ်စရာတွေတော့တိုးလာပါတယ်။ ညီမမှာလည်းပြသနာက Fair Price သွားလို့ငါးတွေ တွေ့ရင်ဝယ်ချင်ရက်နဲ့ ကိုယ်လိုချင်တဲ့ငါးကို အင်္ဂလိပ်လိုမသိလို့ ဘယ်လိုမေးရမှန်းမသိဖြစ်နေတာ။ ငါးသလောက်တို့၊ ငါးရံ့တို့၊ ငါးခူတို့ကိုဘယ်လိုခေါ်လဲဆိုတာသိရင် ကျေးဇူးပြုပြီးပြောခဲ့ကြပါ။ ဟီး။
    ReplyDelete
  25. မမရေ...
    နဂိုထဲက English က ခပ်ညံ့ညံ့မို့  သူများတွေ သင်ကြားပို့ ချထားတာတွေကို သေသေချာချာ လေ့လာသွားပါတယ်...။
    ပညာတိုးပါတယ် မမ...
    ReplyDelete
  26. ဟုတ်တယ်...
    တသက်လုံး မိန်းမ တစ်ယောက် ထဲနဲ့ နေရတာ ပျင်းစရာကြီး
    very boring life ပဲ၊၊
    အဲဒီလိုပျင်းစရာလဲကောင်းတယ်၊
    very boring lifeမှန်းလဲသိတယ်၊
    သိလျက်နဲ့ အပျော်အပါးတွေအားလုံးကိုစွန့်လွှတ်ပြီး
    မိန်းမ တစ်ယောက် ထဲနဲ့
    အဲဒီလိုပျင်းစရာကောင်းတဲ့ boring life ကြီးမှာ
    နေနေတာ အဲ့ဒီယောကျာ်းက အဲ့ဒီမိန်းမကိုတော်တော်ချစ်လို့ဘဲ၊၊
    အဲဒါကြောင့်စိုင်းခမ်းလိတ်ကပြောတာ....
    အချစ်ထောင်..
    လူ့ လောက အကြီးမားဆုံး အရာဝတ္တု .. နှိုင်းမရအောင်
    အပါယ်ဘုံဖြစ်လိုက်.. နတ်ပြည်ဖြစ်လိုက် .. ရူးချင့်စရာ
    မဆိုင်လှတဲ့ ဦးနှောက် အတွေးအခေါ်များလည်း .. အပ်လိုက်ပြီ
    ကိုယ့်ကို ထာဝရ ချုပ်နှောင်.. မင်းအကျဉ်းထောင်...
    ReplyDelete