Thursday, January 22, 2009

Matt Harding Dance

TZA ဘလော့သွားဖတ် တယ်။ သူကြည့်ခိုင်းတဲ့ Matt Harding ရဲ့ အက ကိုကြည့်ရင်းနဲ့ မြင်ဘူး သလိုရှိတယ်။ memory ကို recall ခေါ်ပြီး you tube မှာ ရှာကြည့်တယ်။ ကံအားလျော်စွာ ပြန်ရှာလို့ တွေ့တယ်။ အစကတည်းက ဘယ်သူဘယ်ဝါမှန်းမသိဘဲ ကြိုက်မိနေတာပါ။ ခဏ ခဏကြည့် ဖြစ်တယ်။ ပထမတော့ တကယ်ကို ရန်ကုန် ကို လာရိုက်သွားတယ်ထင်မိတာဘဲ။ အမှတ်တရပြန် ကြည့်ပြီး သိမ်း ထားလိုက်တယ်။ သီချင်းလေး လည်းကြိုက်တယ်။ နဂို ကြည့်လက်စ အခံ နဲ့ အခု video ကိုတောင်ပိုကြိုက်သေးတယ်။

ဝန်ခံချက်
ဒီပိုစ် ကို မနေ့ညကတည်း က ရေးပြီးပါတယ်။ အင်တာနက် ဥပဒေ အရ သူများ ဘလော့ကိုသွားဖတ်ပြီး မှ idea ယူပြီး ရေးတာမို့ လို့ တင်သင့် မတင်သင့် စဉ်းစားနေတာ နဲ့ကြာသွားတယ်။ အခု တင်ချင်လွန်းလို့ တင်လိုက်ပါတယ်။ ကိုယ်တွေးမိ ရေးမိတာလေး တွေ နှမျောလို့ပါ။ အချင်းချင်းမို့ ခွင့်လွတ်မယ် ထင်ပါရဲ့။



19 comments:

  1. “ပထမတော့ တကယ်ကို ရန်ကုန် ကို လာရိုက်သွားတယ်ထင်မိတာဘဲ”

    ဟုတ်တယ်လေ၊ ရန်ကုန်မှာရိုက်တာပဲ။
    http://en.wikipedia.org/wiki/Matt_Harding
    First Video ထဲမှာပါတယ်။

    ReplyDelete
  2. ဟားဟား.. ကိုယ့်ဟာကိုယ်တင်တာများ ဟိုတွေးဒီတွေး တွေးရတယ်လို့၊ အန်တီကေအိုအမ်တို့က လုပ်တော့မယ်။

    (kom ကို အတုခိုးပြီး ကော်မန့် ခွဲ ခွဲရေးသည်၊ သူနားလည်ပေးမည် ထင်ပါသည်)

    ReplyDelete
  3. အင်တာနက်ဖြင့် ဗီဒီယို ကြည့်နိုင်ခြင်းမရှိ၍ စိတ်မကောင်းပါ။ မကြီးပဲကောင်းတယ်။ ကိုယ်ကြိုက်တာကိုယ်လုပ်။

    ReplyDelete
  4. တချို့နေရာတွေမှာ သူ့အရိပ်တွေ မတွေ့ရဘူး၊
    အတင်းကြီးစွဲဆောင်လို့ လာဖတ်သွားပါတယ်ခင်မျာ..။
    (နုံတောမြိုင်က တားတားစုံထောက်)

    ReplyDelete
  5. အမှန်တစ်ကယ် သွားတဲ့ နေရာတွေနဲ့ ကွန်ပြူတာနည်းပညာ ဗွီဒီယို တည်းဖြတ် တွေ ပေါင်းပြီး ရိုက်ထားတယ် ထင်တာပဲ ဟီးး

    ReplyDelete
  6. အခု စလုံးက ရုပ်ရှင်ရုံမှာ မပြခင် ကြော်ငြာထိုးတော့ သူ့အကတွေနဲ့ ဗီဇာကဒါ ကြော်ငြာတွေ လာတယ်လေ...။ ဒါလေးတောင် မသိုးလား...။ ဟွန်း...(သံကင်းမဲ့ဇုံ..။)

    ReplyDelete
  7. အားကျသဗျာ။ ပိုက်ဆံများ ရှိလို့ကတော့လေ။ တောင်ရှည်ပုဆိုးဝတ်ပြီး မန္တလေးသိန်းဇော်သီချင်းနဲ့ အဲဒီလို နေရာစုံလိုက်ကဦးမယ်။ မယုံမရှိနဲ့။ ကွေးနေအောင်ကို ကမှာ။

    ReplyDelete
  8. ရီရတယ်..နော်...အဲလိုကမ္ဘာပတ်ပြီးလိုက်က ချင်လိုက်တာ...။

    ReplyDelete
  9. သူ့ရဲ့ စိတ်လက်ပေါ့ပါး လွတ်လပ်ပျော်ရွှင်မှုကို သဘောကျမိတယ်။

    ReplyDelete
  10. သူကတော့ ကမ္ဘာပတ်ပြီး လိုက်ကတယ်။ ကျနော်ကတော့ ကမ္ဘာပတ်ပြီး ရှိသမျှ အစားအသောက်တွေ လိုက်စားချင်ပါ့ဗျာ။ ပြီးမှ ဓါတ်ပုံရော၊ ဗီဒီယိုပါရိုက်ပြီး youtube ပေါ်တင်လွှတ်လိုက်မယ်။ သူများတွေ သားရေကျအောင်လို့  :P

    ReplyDelete
  11. သူက ကမ္ဘာပတ်ပြီး အဲ့သလို လိုက် က တာလား။ ပျော်သလိုနေပါကွယ်...မမရေ ခရီးတိုလေး သွားပါလား။ သူငယ်ချင်း မရှိဘူး မပြောပါနဲ့။ ခေါ်ချင်တဲ့သူတွေ အများကြီး ရှိနေတာကို သူက ပုန်းနေပြီးတော့...

    ReplyDelete
  12. သူလိုကမ္ဘာပတ်ရလို့ကတော့ က တာတောင် နည်းနေသေးတယ်ဗျာ ... :D

    ReplyDelete
  13. ကြည့်တော့ကြည့်ဘူးတယ်။ နောက်တစ်ခေါက် ပြန်ကြည့်သွားပါတယ်။

    ReplyDelete
  14. ဘုရားပေါ်မှာ ကနေတယ်

    လင်း

    ReplyDelete
  15. ဟဲဟဲ ဘုရားပေါ်မှာကနေတယ် လူဇိုး :P

    ReplyDelete
  16. နွားနား သွားကလိုက်၊ ကုလားအုတ်က ထွက်ပြေးလိုက်၊ ခွေးဟောင်လည်း အကမပျက်ဘူးနော်....
    တော်လိုက်တာ...

    ReplyDelete
  17. matt ကတော့ကမ္ဘာအနှံ့ကနေ matt ကောင်မလေး ကတော့
    http://www.youtube.com/watch?v=ECoMe8IM3RU&feature=related ဟီးဟီးစတာနော် စိတ်မဆိုးကြေး

    ReplyDelete
  18. ဟား။ ဟား။ ဟား။ ရှာရှာကြံကြံဗျာ။ အတော်ဆိုးတဲ့ သူတွေ။

    ReplyDelete
  19. ကောင်းပါတယ် landmark တွေမှာလွတ်လွတ်လပ်လပ် ကတာ ၊၊ ဘုရားပေါ်မှာ ကတာတော့ ကြည့်ရင်းနဲ့ ဓာတ်ခံမကောင်းလို့ တစ်မျိုးကြီးဖြစ်သွားတယ် ၊၊
    ဘာပဲဖြစ်ဖြစ်လုပ်ပါလေ ၊၊ ကပါ ကပါ ၊၊

    ReplyDelete