Friday, January 23, 2009

Money.. Spend.. Save.. deliver

ကိုယ် က ပျင်းတယ်။ ပျင်းတယ် ဆိုတာ ပိုက်ဆံရှာဘို့ကို ပြောတာပါ. ။ လောဘနည်းတယ်။ လောဘနည်း ဆို အသင့်အတင့်စားစရာ ရှိမယ်။ ဆိုရင် ကျေနပ်နေတယ။် အလုပ်များများ လုပ်ရင် ပိုက်ဆံရမယ် ဆိုတာတောင် မလုပ်လိုဘဲ သက်သက်သာသာနဲ့ နေလိုတယ်။ သူငယ်ချင်း တစ်ယောက် ကတော့ ပိုက်ဆံကို အသေရှာတယ်။ ရှာပြီးလဲ သုံးတယ်။ ကုလားခတ်ဲ် တဲ့ရေ ကုလားခြေဆေးတာန့ ကုန်မယ် လို့ ခဏခဏ ဆုံးမရတယ်။

ကိုယ်ကတော့ ရှာလဲမရှာလိုဘူး။ သုံးလဲမသုံးဘူး ဆိုရင်တော့ မှားမယ်။ နဲနဲတော့ သုံး ပါ တယ်။

ကိုယ့်ဘော်ဒါ တစ်ယောက် ကတော့ ရှာတော့ မရှာဘူး။ သုံးတော့သုံးတယ။်

နောက်ဆုံး လူလိမ်မာ ကတော့ရှာလဲရှာတယ် သုံးလဲ မသုံးဘူး ။ ဘယ်သူလဲသိလား။။ KMSL ပါ။ သု့မှာ ပိုက်ဆံ ရှိရင် ဘယ်သူ့ကို ပေးရမလဲ စဉ်င်္းစားနေတာ.. အခုတစ်လော တော့ငြိမ်နေတယ်။ ဟိုတလော က ကိုယ့်မောင်လေး သဘောင်္ မလိုက်.. ကို ပိုက်ဆံတော် တော် များများ ချေးတယ်။ ကိုယ့်မောင်ကလဲ ကိုယ့်အတိုင်းပါဘဲ ..သဘောင်္ လိုက်ရင် ပိုက်ဆံရမယ် ဆိုတာသိရက် နဲု့ မလိုက်ဘူး။ ချက်ကလေး ထိုးလိုက် ဘီယာ လေးသောက်လိုက်နဲ့ ဘဲ နေတယ်။ အဲဒါ ချေးရုံတင် မက…သူ့မိန်းမ ကိုယ့်ယောင်းမ ကို သနားလို့ ဆိုပြီး ပြန် မယူဘဲ အချို့ ကို လျှော်လိုက်တယ်။ မပေးနဲ့တော့ ဆိုပြီး။။ အခု သဘော်သားများ အတော် ဝင်ငွေ ကောင်းတဲ့ခေတ် ကျမှ သူ့မှာ နှမျောသလိုလို ဖြစ်နေတယ်။

ကျောင်းလာတတ်တဲ့အမျိုး ကို လည်း ငွေကျပ်တည်း ရှာမယ် ဆိုပြီး တစ်လ တစ်ခါ နစ်လ တစ်ခါ ဆိုသလိုမျိုး ချေးတယ် ဆိုပြီး ၂၀၀…. ၂၀၀ ပေးတယ်။ ထောင်ဂဏန်း ကျော်သွားတယ်။ စာရင်းမလုပ်ဘဲ ချေးတာပါ။ အခု အဲဒီကောင်က အဆင် မပြေလို့ RECOVERY မဖြစ်ဘူး အစ်ကို ရေ လို့ ဆိုတော့ သူ စိတ်ရှုပ်သွားရော.. ကဲ.. ဘာပြောချင်သေးလဲ ဆိုတော့ ဒီတစ်ခါ ငါမလျော်ပါဘူးကွာ.. သူပြန်မပေးတာတော့ သူ့ကီိစ္စပေါ့ လို့ ပြောပါတယ။်

လာသေးတယ် နောက်တစ်ယောက်... ကလေးမတစ်ယောက်.. သူ့သူငယ်ချင်းရဲ့ဝန်ထမ်း တစ်ယောက် ရန်ကုန် ကထွက်လာပြီး။။။ ဒီမှာ ဖုံးနဲနဲဆက်ပြီး အကူအညီ တောင်းတယ်။ သူငယ်ချင်းကလဲ ငါ့တပည့်ကွာ.. မင်းတတ် နိုင်တာလေး ကူညီ လိုက်ပါ စကား ခံထားတော့ ကလေးမက သူ့ဆီက ပိုက်ဆံ့ချေးတယ်။ ဘယ်လောက်လဲတော့ကိုယ်လဲမသိ..အခုဒီ ချာတိတ်မ သူ့ဆီ ဖုံးမဆက်တာကြာပြီ.. သူကတော့ပြန်ဆက်ပြီး အကြွေးပေးပါလို့ တောင်းမဲ့သူမဟုတ်ဘူး....

ရှိသေးတယ်။ ဘန်ကောက်က သူငယ်ချင်း ဒုက္ခ ရောက်လို့ ဆိုပြီး ဖုံ့းဆက်တော့ စလုံးသုံးရာလား ငါးရာလားမသိ..မြန်မာဆိုင်ကနေ ပို့ပေးလိုက်တယ်။ ဘာသံမှကို မကြားလိုက်ရဘူး။ ပလုံလို့တောင် မမြည်သွားရှာဘူး။

သူ ရန်ကုန်သွားရင်လဲ ရင်မနေရတယ်။ သူ့အမေ နဲ့စကားပြောနေရာ ကနေ ရှေးဟောင်း နှောင်းဖြစ်တွေ ရောက်သွားပြီး သူ့အမေ က ဘယ်သူပေါ့ကွယ်။။ အမေတို့ဒုက္ခ ရောက်တုံး ကဘယ်သူက ဘယ်လိုကူညီခဲ့တာ ဆိုပြီး မျက်ရည်လေး စမ်းစမ်း စမ်းစမ်း ဖြစ်လာလို့ ဆိုရင် အဲဒီ အိမ် ကိုတွေ့အောင် လိုက်ရှာပြီး နိုင်သလောက် သိန်းဂဏန်း ကိုလှူတာပါ ဆိုပြီး ပြန်ပေးခဲ့တာ က ရှိသေးတယ်။

ကိုယ့်ဦးလေး အရင်းပါ။ ဆေးရုံတက်တယ် ဆိုတော့လဲ ပိုက်ဆံသိန်းဂဏန်း ပို့ပြန်ရော။။။ဒါ မင်းဦးလေးကွ..မသေခင် မင်းစောင့်ရှောက်ရမယ် ဆိုတာ က ပါသေးတယ။်. သေသွားရှာပါတယ်။ ဦးလေး ဆုံးပြီး မကြာခင် သူရန်ကုန်ပြန် တော့ကိုယ့်ညီမဝမ်းကွဲ က ပိုက်ဆံ့အိတ် ဈေးကြီးကြီး မှာတော့ ကိုယ့်မှာ ကြိတ် ရယ်ရသေး…။

နာဂစ် တုံးးက.. …..အင်း တော်ပါပြီလေ..။ များနေပြီ.. အဲလိုလူလို့ဘဲ ထားလိုက်ပါတော့။ သူ့ဘာသာကျတော့ ဘာမှမသုံးတာ. သိတ်ချမ်းသာလို့ လိုက်ပေးနေတာ မဟူတ်ဘူး။ သူမသုံးဘဲနဲ့ သူများကို ပေးပြီးပီတိဖြစ်နေတာ။ ကောင်းတယ်လို့ ဆိုရပေမဲ့ မြင်ရတဲ့ ကိုယ့်မှာတော့ တယ် စိတ်မချမ်းသာ လှဘူး။
(သူ မသုံးစွဲဘဲ သူများကိုဘဲ ပေးနေလို့သူမသုံးရတာကို သနားနေမိတာပါ.။)

32 comments:

  1. အေးလေ.. လွန်လွန်းတယ်လူကြီးကလည်း..
    ထိန်းဦးနော်ဂျီးဒေါ် မဟုတ်ရင် ပြုတ်ပြုတ်ပြုန်းမယ်..။
    ဒါနဲ့ "သူ့မိန်းမ ကိုယ့်ယောင်းမ" ဆိုပါလား
    စကားက အနှောင့်အသွားသိပ်မလွတ်ချင်။

    ReplyDelete
  2. မမဂွိ ကိုကိုကြီး kmsl က သဘောကောင်းတယ်။ သမီးလည်း ပိုက်ပိုက်လာချေးအုံးမယ်။ ဒါမှမဟုတ် စလုံးရောက်မှ ဖုန်းခေါ်လိုက်မယ်နော်။ မမ သာဓုခေါ်လိုက်ပါ။ သူဌေးတွေပဲလေ။ ကလေးမှမရှိတာနော်။

    ReplyDelete
  3. ဟား..ဟား..ဟား...
    ဘာရမလဲ...
    ပိုက်ပိုက်ချေးစရာ တစ်အိမ်တွေ့ ပြီ...

    ReplyDelete
  4. ကျနော်တို့လည်း ခင်ချင်လို့ပါဗျို့.. :P

    ReplyDelete
  5. ကောင်းလိုက်တာ

    ReplyDelete
  6. သာဓု သာဓု သာဓု ....
    ၃ ကြိမ်သာဓုခေါ်ပါတယ်

    ATN

    ReplyDelete
  7. ဟီး အကြွေးစာရင်း ကို အတော်လေး အသေအချာ ပြုစုထား တာပဲ မခွန် က ကောင်းတယ် ကောင်းတယ် ဒါမှ စီးတဲ့ရေ ဆည်တဲ့ ကန်သင်း လို့တင်စားတဲ့ မိန်းမဖြစ်မယ် :P

    ReplyDelete
  8. http://ywetwar.blogspot.com/2008/10/blog-post.html
    ဖတ်ကြည့်ပါ။
    mm

    ReplyDelete
  9. တို့ ကိုကြီး kmsl ကို တွေ့ဖူးချင်လိုက်တာ။ ခန့်ခန့်ကြီး နေမှာ။ အရင်ပို့စ်တုန်းက မမကိုယ်စား စွာလိုက်မိတာတွေ ဆောဒီးနော် ကိုကြီး..
    လှထုံဆိုတဲ့ ကောင်မလေးကိုလဲ ချီဖို့ အဲ..ချေးဖို့ မမေ့ပါနဲ့လို့..

    ReplyDelete
  10. kmsl နဲ့ပဲခင်ချင်တယ် အမေဂွိ မပါဘူး။

    ReplyDelete
  11. MCT ကိုချီဖို့ဆိုရင်တော့ KMSLကရိန်းကားဌားရလိမ့်မယ်

    ReplyDelete
  12. ဟိဟိ အမရေ မိတ်ဆက်ပေးပါလား။ နီးတယ်နော်ပိုက်ပိုက်လာချေးမယ်

    ReplyDelete
  13. “စိတ်မချမ်းသာလှဘူး”။ (ဘာပြောတာပါလိမ့်)။ “စိတ်မချမ်းသာလှဘူး”။ အောင်မယ်။ KMSL က ကောင်းမှုကုသိုလ်ပြုနေတာကို ပါရမီဖြည့်ဖို့ မစဉ်းစားဘူး။ နောက်ဘ၀ KMSL က နတ်သမီးလေးတွေ တစ်ဖက်လေးငါးရာနဲ့။ KOM က စိတ်ပုပ်ပုပ်၊ ရုပ်ဆိုးဆိုး ... ။ (ပြောကိုမပြောချင်ပါဘူးအေ။)

    ReplyDelete
  14. ငါလိုလူတွေ့ဖူးပြီကွ... :P
    ပေးရတဲ့ အရသာကို ကျေနပ်နေတာပါမမ
    မပေးနိုင်ရင်တောင် စိတ်မကောင်းဖြစ်ရပါတယ်။
    ကိုယ့်မှာ သုံးစရာမရှိမှာ မပူဖူးမမရေ
    သူများကို ပေးစရာမရှိမှာ ပူတယ် :D

    ReplyDelete
  15. GG လေးရယ်ကို့ယ်ကိုပေးပါလားကွယ်

    ReplyDelete
  16. မမကလည်း အဲဒါသူ့သုံးနည်းပေါ့ -
း)

    ReplyDelete
  17. ဒီလိုယောက်ျားမျိုးနဲ့ ပေါင်းဖက်ရတာ အမအတွက် ကံကောင်းတာပေါ့။

    အလုပ်လုပ်ပြီး ရှာလဲရှာတယ် သုံးတော့မသုံးပဲ ကိုယ်နဲ့ရင်းနှီးရာ အကူအညီလိုရင် ကိုယ်ရှာတဲ့ ပိုက်ဆံနဲ့ ကူညီတာ။

    တချို့ယောက်ျားတွေများကြ ကိုယ်တိုင်လဲ အရည်အချင်းကမရှိ၊ ကံကောင်းလို့ ယူထားတဲ့ မိန်းမရဲ့ အရည်အခြင်းနဲ့ နိုင်ငံရပ်ခြားရောက်လာ၊ မိန်းမထမီနားခိုစား၊ မိန်းမရှာတဲ့ငွေနဲ့ အိမ်မှာပဲနေပြီး သောက်စားဝယ် ဆရာကြီးလုပ်၊ အခန့်မသင့်ရင် မိန်းမကို ရန်ရှာ ဆဲဆိုသေးတာ။ အဲဒါကိုက သူအလုပ်လို့ ဆိုသေးတာ၊ ပြီးတော့ အဲဒီကောင်က Coward... ဟား ဟား

    သူတို့ဟာသူတို့ ဘာဖြစ်ဖြစ် ကိုယ့်အလုပ် မဟုတ်ပေမယ့် ဒီပိုစ့်နဲ့ ဆက်စပ်နေလို့ ဝင်ရေးတာ အမရေ။

    အဲလို ယောက်ျားမျိုး ထက်စာရင် KMSL ဟာ အရည်အခြင်းရှိ စိတ်ကောင်းရှိသူ တယောက်လို့ ထင်ပါတယ်။

    ReplyDelete
  18. မီးမီးလည်း ပိုက်ပိုက်များများရှာမှထင်တယ်။

    ReplyDelete
  19. သူရှာထားတာကို သုံးတာပဲ မမရယ်..မဖြုန်းတာဆိုရင် တော်သေးတာပေါ့။ ခံယူခြင်းထက် ပေးကမ်းခြင်းသည် မင်္ဂလာရှိတယ် တဲ့။ ကို kmsl ကသူခံစားရတဲ့ ကောင်းကြီးတွေကို ဝေမျှခံစားတာပါ မမ။ သာဓုခေါ်ပါတယ်။ လူတိုင်း မလုပ်နိုင်ဘူး။

    ReplyDelete
  20. မရေ...ကိုkmslကိုပြောပေးပါနော်..မ..နော်
    နည်နည်လောက်။။။ ငါးရာလောက် ချေးပါလားဟင်? ပြန်မဆပ်ဘူးနော်။။။

    ReplyDelete
  21. ၀ိုး ပိုက်ဆံချေးလို့ ရမယ့်သူတွေ့ ပြီ နောက် semester အတွက်ကျောင်းလခကို လာချေးရမယ်

    ReplyDelete
  22. မမရယ်....
    KMSL ကိုပြောမှားဆိုမှားရှိတာတွေ ဗွေမယူပါနဲ့လို့ပြောပေးပါ.....။
    အရမ်းခင်ပါတယ်.....။ အကူအညီလိုရင်ပြောမယ်လို့.....။:P
    အပေါ်မှာလည်း ပိုက်ဆံချေးချင်တယ်ပြောတဲ့လူတွေ ပြည့်နေပြီ......။ တောက်.. ညက ပို့စ်အသစ်စောင့်မဖတ်ပဲ စောစောအိပ်မိတ်ာမှားတွားဒယ်....။ နံပါတ်စဉ်တော်တော်နောက်ကျသွားပြီ....။

    ReplyDelete
  23. မမရေ မမကသည်းခံနိုင်တာပဲ။တော်တော်သဘောကောင်းတဲ့မမ၊

    တို့ ဆိုရင်တော့ စာရင်းအသေအချာမှတ်ထားမှာ။

    ReplyDelete
  24. KMSL ရေ .. ကျနော် ကိုလည်း ပိုရင်ချေးပါ ၊၊ မမဂွိ ထက် ပိုသဘောကောင်းမယ်လို့ ခန့်မှန်းပီးသားပါ ၊၊(ဂွိမသိပါစေနဲ့လေ) ၊၊ ပီကေ မှာတာ ခုထိလဲ
    မ၀ယ်လာသေးလို့ ၊၊

    ReplyDelete
  25. တွေ့ပြီ တွေ့ပြီ ဂလိုလူမျိုးလိုက်ရှာနေတာ။ ဖုန်းနံပါတ်လေး ပေးစမ်းပါအုန်းဗျ ။ ပိုက်ပိုက် ခဏလှည့်ချင်လို့ပါ။

    ReplyDelete
  26. အမ KOM စိတ်မချမ်းသာဘူးဆိုတာကို မယုံ ...။

    ReplyDelete
  27. မမ..ကံကောင်းလိုက်တာ...သူများတွေကိုတောင် သည်လောက် သဘောကောင်းနေတဲ့သူဆို.. မမကိုဆို..ပြောဖွယ်ရာမရှိ..။

    သကြားမင်းကတော်နေရာ သူများမပေးချင်ပါနဲ့ မမရာ..ဟဲဟဲ

    ReplyDelete
  28. ဒါဆို.. ကိုကို မဆလာ (KMSL)က သိကြားမင်းကြီးဆို
    တို့မမကေအိုအမ်က သုဂွိတာ ပေါ့နော။်

    ReplyDelete
  29. လောဘနည်းပြီး ပေးကမ်းဝေမျှတတ်တဲ့ လူတွေနဲ့ပဲ မိတ်ဆွေဖြစ်ချင်တာပါ..ခုမှပဲ အဖော်တွေ့တော့တယ်ဗျာ..K & K+ KMSL တို့က ရှေးကထက် ပိုချစ်ကြ.. အဲ့ ရှေးကတည်းက ဆွေမျိုးပေါက်ဖော်တွေဆိုတာ သေချာသွားပြီ.. ခေတ်ကောင်းတဲ့အခါ ရွာပြန်ပြီး ကုမ္ပဏီထောင်ဖြစ်အောင်ကို ထောင်အုံးမှာ..၊KK&K Co.,Ltd.

    ReplyDelete
  30. အစ်မရေ ရှိသမျှနဲ.ေ၇ာင့်၇ဲတာက မှန်တယ် ဖြစ်သမျှနဲ. ရောင့်ရဲတာက မမှန်ဘူးတဲ့၊ ကျွန်တော်ကြားဖူးတာလေးပါ။

    ReplyDelete
  31. အစ်မရေ...
    KMSL ရဲ့ ဖုန်းနံပါတ်လေး ပေးထားပါလား..
    အကူအညီလိုရင်တောင်းလို့ရအောင်လို့..ဟီး..

    ReplyDelete
  32. စိတ်ထားအရမ်းကောင်းတယ်နော်။ လေးစားပါတယ်။ :)

    ReplyDelete