Sunday, January 4, 2009

Old.. B.. friend /3

ကိုယ်နဲ့ kmsl ဇတ်လမ်းကို ကိုယ့်အိမ်က ရိပ်မိဟန်ရှိတယ်။ ဘာမှတော့ ပြောဆိုခြင်း မရှိဘူး။ ကိုယ်တို့ နှစ်ယောက် ဆွေနီးမျိုးစပ် တော်ပါတယ်။

ဒီလိုနဲ့ ကျောင်းတက်ရင်း ဇတ်က ရှူပ်ပါသေးတယ်။ km လို့ အမည်ရပါတယ်။ စာသိပ် မတော် တဲ့ကျောင်းသား။ သူငယ်ချင်းလဲ မရှိဘူး။ တစ်ယောက်ထည်း လဲ နေ တတ်တဲ့ တစ်ယောက်ပါ။ သူ က ခင်ဝမ်း သီချင်းတွေ ကိုသိတ်ကြိုက်တယ်။ အနုပညာဘက် မှာ မဆိုးဘူး။ အဲဒီတော့ စာမလိုက်နိုင်တာ လည်း အထူးအဆန်း မဟုတ် ပေဘူး။ ကိုယ်က စာမတော်ပေမဲ့ ကိုယ့်သူငယ်ချင်းများက စာတော်ကြပါတယ်။ အဲလိုနဲ့ ကူညီတတ် တဲ့ ကိုယ် က ကူညီရင်းနဲ့သူငယ် ချင်း ဖြစ်သွားကြတယ်။

သူ့မှာ long time girl friend ရှိပါတယ်။ အတော်ချစ်ကြတယ် လို့လည်း ကြားဘူးတယ်။ သိတ် တော့ တွဲတာတော့မတွေ့ဘူး။ ကိုယ်နဲ့ သံယောဇဉ် ဖြစ်မိပြန်တယ်။ ကိုယ် သိတ် ချစ်ခဲ့လား လို့ဆိုတော့ မချစ်ခဲ့ဘူး။ ဘာဖြစ်လို့ တွဲခဲ့တာလည်းဆိုရင် လည်း ဖြေရမှာ အခက်သားလား။ တခါတလေ အမှန်တရားကို ဝန်ခံရရင် သူ့မှာ ချစ်သူရှိရဲ့ သားနဲ့ ကိုယ့်ကို ပိုပြီး ဦးစားပေးတာ ကို လိုချင်လို့ပါ ဆိုရင် လဲ အရိုက်ခံရမှာ သေချာပါတယ်။ မိန်းကလေး တစ်ဦးရဲ့ လွဲမှားတဲ့ မာနပေါ့။ ကိုယ် လိုချင်ရင် ကြံရင် ရနိုင်ပါတယ် လို့ ကြွားဝါချင်တဲ့ စိတ် ကလေး ပါခဲ့ပါတယ်။ ကိုယ့်ကို သူ့မိန်းကလေးထက် ပိုပြီးဦးစားပေးတာ ကို ကျေနပ်ခဲ့တယ်။

သူက အင်းယားမြှိုင်မှာ နေပါတယ်။ အဖေက နိုင့်ငံခြား မှာ အလုပ်လုပ်ပြီး အမေက စကော့ဈေးမှာ ဆိုင်ဖွင့်ပါတယ်။ လက်ထပ်ချင်မယ် ဆိုရင်တော့ လက်ခံနိုင်မဲ့ သေဋ္ဌေးသား တစ်ယောက်ပါ။ ဒါပေမဲ့တစ်ကယ်တန်း မှာကျတော့ ကိုယ်က kmsl ကိုဘဲ ပိုချစ်ခဲ့တယ်။

သူ့ရဲ့ ခံစားချက်တွေ မြင့်လြာ့ပီ ဆိုတော့ ကိုယ်စိုးရိမ်လာမိတယ်။ တကယ်တမ်းကျ တော့ ကိုယ် သူ့ကို လက်မထပ်လိုဘူး။ သူ့ရဲ့ အားနည်းချက် က ကိုယ့်ကို အတော်လေး မေတ္တာ ရှိပြီး လိုက်လျောလွန်းတာဘဲ။ သူဘာဖြစ်ချင်တယ် ဆိုတာ မရှိဘူး. ကိုယ်ဖြစ်စေချင်တာဟာ သူဖြစ်ချင်တာဘဲ။ ဘယ်သွားမလဲ မေးရင် ကိုယ့်သဘော..ဘာစားမလဲမေးရင် ကိုယ့်သဘော.. ဘာလုပ်ကြမလဲ မေးရင်ကိုယ် လုပ်ချင်တာ လုပ်…ကြာတော့ကိုယ်က leading role ဖြစ်လာတယ။် ကိုယ် ဒီ အခြေအနေ ကိုမလိုလားဘူး။

မိန်းကလေးဆိုတဲ့သဘော က အားကိုးချင်တယ်။ မှီချင်တယ်။ အခုဖြစ်နေတာက သူက ကိုယ့်ကို မှီသလို ဖြစ်နေတယ်။ဒါ ကို သူက ချစ်လို့ လိုက်လျောခြင်း သူ့ဘက်က ပေးဆပ်ခြင်း လို့မြင်မယ်။ ကြာတော့ဒီ အခြေအနေ ကို ကိုယ် စိတ်ပျက်လာတယ။် သူ သံယောဇဉ်ကို နည်းအောင်လို့ အဆက်အသွယ် လျှော့ခဲ့တယ်။ ကြာတော့သူ စိတ် တိုလာတယ်။

ဇတ်ရှိန်မြင့်တဲ့ အပိုင်း ကသူ ကိုယ့်အိမ်ကို လိုက်လာပြီး ကိုယ့်အမေနဲ့ အစ်မနဲ့ကိုတွေ့တဲ့ အခန်းဘဲ။ သူမေတ္တာ ရှိတယ် လို့ အမေ့ကိုပြောတယ်။ ကိုယ်က မဟုတ်ဘူးလို့ခံငြင်းတယ်။ သူပိုစိတ် တိုလာပြီး ကိုယ်က kmsl နဲ့ ကိုယ်နဲ့ ကြိုက်နေပါတယ် လို့ ကိုယ့် အိမ်ကိုပြောတယ်။ ကိုယ်က လည်း ဟုတ်တယ်။ လက်မှတ်တောင် ထိုးပြီးသွားပြီ လို့ ပြောလိုက်တယ်။ သူပေါက်ကွဲ သွားသလို ကိုယ့်အိမ်လည်း ပြာယာခတ်သွားတယ်။ နောက်ဆုံး သူ ပြန်သွားတယ်။ ကိုယ့်အိမ်ကို ကို ရှင်းပြလိုက်တယ် ။သူ သံယောဇဉ် ကိုယ့်ကို ပြတ်သွားအောင် စိတ်နာသွားအောင် တမင်ပြော လိုက်တာပါလို့ ရှင်ြး့ပ လိုက်ရတယ်။

ကိုယ့်ကို တကယ်လည်း စိတ်နာသွားပါတယ်။ ဘာသံမှ မကြားရတော့ဘူး။ သူများ အသည်း ကို ရက်ရက်စက်စက် ခွဲတဲ့ ကိုယ် အမှတ် မရှိ သူ့အိမ် ကို ဖုံးဆက်ကြည့်သေးတယ။် စိတ်ပူလို့ပါ။ သူ့အသံ ကိုကြားရတယ်။ ကိုယ် က ဟဲလို ဆိုတဲ့အခါ စကားပြန်တော့ မရဘူး။ ဒါပေမဲ့သူ ဖုံ့းမချသွားဘူး ။ ကိုင်ထားတယ်။ ကိုယ်က km လား ဆိုတော့လဲ အသံပြန်ရမရဘူး။ နောက်ဆုံးတော့ ကိုယ်စိတ် လျော့လိုက်တယ် အသက်ရှိသေးရင် ပြီးတာဘဲ ဆိုပြီး။။

သူ ..သူ့မိန်းကလေးနဲ့လက်ထပ်သွားတယ် ပြီး အမေရိကသွားတယ် လို့ကြားတယ် ။ နောက်ဆုံ့း တစ်ခါ ကိုယ်တို့ လမ်းထိပ် နားမှာ တွေ့တယ်။ ကိုယ်က လမ်ဘေး မှာ သူက .ကားထဲက.မောင်းတဲ့သူနေရာမှာ.. ..ဒီလူ ကိုမြင်ဘူးပါတယ် လို့ ပြန်ကြည့်တော့ သူ ဖြစ်နေတယ်။ တချက်ြ့ပုံးပြ သွားတယ်။ အဲဒီ အပြုံးကို အခုထက်ထိ အဓိတ်ပါယ် ဖေါ်လို့မရဘူး ဖြစ်တယ်။ လူတွေ ကို အကဲခတ် တော်တဲ့ လူတွေ ရဲ့စိတ် ကိုဖတ် တတ်တယ် လို့ကိုယ့်ကိုကို ထင်တဲ့ကိုယ် ဒီတစ်ခါ တော့ မိုနာလီဇာ အပြုံးလိုဘဲ။ ကိုယ် မဆန်းစစ် နိုင်ခဲ့ဘူး။

ကိုယ်တို့ လမ်းထိပ်ကို လာတာ ကိုယ့်ကို သတိရလို့လာခဲ့တာလား။ ပြုံးခဲ့တာ က ဘာ သဘောလဲ။ သူလာ တာကို ကိုယ်တွေ့သွားလို့ အနည်းငယ် အောက်သွားတာလား။ မင်းထားခဲ့ ပေမဲ့ ငါ ဘာမှ မထိခိုက်ပါဘူးလို့ဘဲ ပြောချင်သလား. .။ မင်းကို ငါ မေ့နိုင်ခဲ့ ပါပြီ လို့ဘဲပြောချင်သလား။ အခုထက်ထိ ကိုယ်မသိပါ။ အဲဒီ ကတည်းက အသံမကြား တာ နှစ်ပေါင်း မနည်းတော့ဘူး။ မြန်မာပြည်ထဲ မှာ ရှိတော့မယ် တော့ကိုယ်မထင်ဘူး။ ငယ်သံယောဇဉ်နဲ့ ဘာဖြစ်လို့ဘယ်ရောက် နေလဲဆိုတာတော့သိခွှုင့်ရှိမယ် ဆိုရင် သိချင်မိသေးတယ။် သူကတော့ကိုယ့်ကိုသတ်ချင်နေမယ် ဆိုတာတော့ကိုယ်သိပြီးသားပါ။

44 comments:

  1. Mama ....
    I feel touched to read your story !
    You are a good writer , wow !! :)
    Pls carry one....till how many episodes ? 100th ? :D
    Love

    ReplyDelete
  2. ဟားဟ..
    မမ ဆိုးလိုက်တာ..
    မကောင်းဘူး..
    သူတပါးခံစားချက်ကို အလွှဲသုံးစားလုပ်တယ်..
    မမ ဖုန်းဆက်တော့..သူကိုင်သေးတာပဲ..
    ( အသက်ရှိသေးတယ် လို့ မှတ်ချက်ချတာ
    ဟီးဟိ)
    Xထုံ
    မှတ်ချက်။။ လွတ်လပ်ရေးနေ့အမှတ်တယပေါ့နော်

    ReplyDelete
  3. စကားမစပ်..
    ခင်ဝမ်း သီချင်းနားမထောင်ရတာအတော်ကြာပြီ..
    သားထွေးတို့..
    ဘာတို့ ညာတို့...
    Xထုံ

    ReplyDelete
  4. အဟားဟား.. တော်သေးတာပေါ့.. ဟိဟိ..

    ဒါနဲ့ အဲဒီ ဦးဦးကိုရော အခုတွေ့သေးလားတီတီ... အပြုံးလေးဘယ်လို ပြုံးသွားလဲ ဆိုတာ မေးချင်လို့.. ဟိဟိ..

    မိုနာလီဇာတောင် သြချလောက်တယ်ဆိုတော့ အဟဲ... :P :P

    ReplyDelete
  5. စဉ်းစားပေးမယ်နော်။ အဖြစ်မှန်က ဒီလိုဖြစ်မယ်။
    ဗိုက်နာလို့ အိမ်သာလိုက်ရှာနေတုန်း မမကိုလဲတွေ့ရော..ဟာ..အတော်ပဲ..
    သူ့အိမ်မှာ သွားရင်ရမလားမသိ၊ အင်း မဖြစ်သေးပါဘူးလေ။
    ဒီမိန်းမ ငါ့အသည်းခွဲထားတာ။ အောင့်ထားလိုက်ပါမယ်။ အား..တွေးရင်းနဲ့ ဗိုက်ပိုနာလာပြီ။ အခုနေ
    သူသာ ငါ့ကို လှမ်းခေါ်ရင် ကောင်းမှာ၊
    အဲလိုတွေးရင်း သူ့အဖြစ်ကိုသူ တွေးမိရင်း အီလည်လည်လေး ပြုံးမိသွားတာ ဖြစ်မယ်။ :D
    mm

    ReplyDelete
  6. အော် ဂလိုကိုး - :P

    ReplyDelete
  7. မမပြောတဲ့ ကိုယ်က leading role ဖြစ်တာကို သဘောမကျဘူးဆိုတာရယ်၊ မိန်းကလေးသဘာဝက အားကိုးချင်တယ် မှီချင်တယ် ဆိုတာကို လက်ခံမိတယ်..

    “အသက်ရှိသေးရင် ပြီးတာဘဲ ” တဲ့.. အတော်ဆိုးတဲ့ မမ.. :D

    ReplyDelete
  8. ဇာတ်လမ်းလေးလည်းကောင်းတယ်။
    အရေးအသားလည်းကောင်းတယ်။ =)

    ReplyDelete
  9. ဖတ်လို့ ကောင်းပါတယ်။ အစ်မ ဒီလို ဇာတ်လမ်းတွေ ရေးရင် စာရေးဆရာမ ဖြစ်နိုင်တယ်။

    ReplyDelete
  10. ပေးချင်တဲ့ ရသကို အပြည့်အ၀ ခံစားရပါသည် အမ Kom။
    ဇာတ်အနိမ့်အမြင့်အတက်အကျနှင့် ပြည့်စုံကောင်းမွန်၏၊ အဆုံးသတ် လှပသေသပ်၏။ ဘရာဗို !!!

    ReplyDelete
  11. “ကိုယ် လိုချင်ရင် ကြံရင် ရနိုင်ပါတယ် လို့ ကြွားဝါချင်တဲ့ စိတ် ကလေး ပါခဲ့ပါတယ်။ ကိုယ့်ကို သူ့မိန်းကလေးထက် ပိုပြီးဦးစားပေးတာ ကို ကျေနပ်ခဲ့တယ်”
    သိပ်မှန်တာပဲ။ အမက သတ္တိကောင်းတယ်။ အမှန်အတိုင်း ပြောလို့။ (တကယ့်ဇာတ်လမ်းဆိုရင် ပြောတာပါ။ fiction ဆိုရင်တော့ အဲဒီအမြင်မှန် insight လေး ထည့်ပေးတာ ကျေးဇူး)
    အဲဒီလို စိတ်နဲ့ မိန်းကလေး ဘယ်နှစ်ယောက် သူများအတွဲကြား ၀င်ခဲ့၊ ၀င်နေကြသလဲ မသိဘူး။ အများကြီး ရှိမယ်လို့ မှန်းပါတယ်။ သိပ်ကြောက်စရာကောင်းတဲ့၊ အဆိပ်ရှိတဲ့ အယူအဆလို့ မြင်ပါတယ်။

    ReplyDelete
  12. သြော် “အသက်ရှိသေးရင်ပြီးတာပဲတဲ့ ” ဟုတ်တယ်မမ .. ပြတ်စရာရှိအဲလိုပြတ်ရတယ်နော်.. သနားနေရင်ပြီးတော့မှာမဟုတ်ဘူး... မမရေးတာအရမ်းကောင်းပါတယ်....

    ReplyDelete
  13. အစ်မရယ် ရက်စက်လိုက်တာ။ ဟိ။ အမှန်အတိုင်းဝန်ခံရရင် အစ်မလိုပဲလုပ်ခဲ့ဘူးတယ်။ အဲဒီလိုပဲ ကိုယ်က leading role ဖြစ်သွားတာကို မကြိုက်လို့။ ပြီးတော့ အဲဒါတကယ်မချစ်တာကြောင့်လဲ ပါတယ်။ အစ်မဘယ်လိုခံစားရတယ်ဆိုတာ သိပါတယ်။ အစ်မနှစ်သစ်မှာပျော်ရွှင်ပါစေ။

    ReplyDelete
  14. “ဒါပေမဲ့တစ်ကယ်တန်း မှာကျတော့ ကိုယ်က kmsl ကိုဘဲ ပိုချစ်ခဲ့တယ်။ ” ... ဦးဦး kmsl ကို အဲဒီ စာသားလေး မြင်စေချင်ပါသည် ။

    ReplyDelete
  15. အတိတ် ဘ၀က ရည်းစားဟောင်းဇာတ်လမ်းလေး ...
    တို့ သတိရနေဒယ် ....

    သီချင်းလာဆိုပြတာ ..မဂွိစ်

    ReplyDelete
  16. မိန်းကလေးတစ်ချို့ရဲ့ တလွဲမာနကို အမှန်အတိုင်းရေးပြတဲ့မမ...
    မိန်းကလေးတွေရဲ့ သဘာဝ ချစ်သူအပေါ်
    အားကိုးချင်စိတ်ကို ချပြတဲ့....မမ
    မမရဲ့ အရေးအသားတွေ တိုးတက်လာတယ်...
    *** ပြုံးပြသွားတာကတော့ "ဟဲလို ဒါလင်.. မတွေ့ ရတာကြာပြီနော်.. အရင်လို ကြည့်ကောင်းနေတုံးပဲ "ဆိုပြီး ကောင်းတဲ့စိတ်နဲ့ ပြုံးသွားတာ နေမှာပါ...။
    ဆင်ထုံ

    ReplyDelete
  17. အသက်ရှိသေးရင် ပြီးတာပဲတဲ့လား
    စိတ်ပူတတ်လို့ တော်သေးတာပေါ့ မမဂွိ
    ရက်စက်တတ်သူကြီး

    ReplyDelete
  18. ဇတ်လမ်းက ဒီမှာတင် ပြီးပြီလား ? နောက်တပ် ၄တွေ ၅တွေ လာဦးမှာလား

    ReplyDelete
  19. ကျွန်တော်ကတော့ ဆန့်ကျင်တယ်။
    အတိတ်တွေ ပြန်မဖော်ကြေးလေ။း)

    ReplyDelete
  20. မိုက်တယ်ဗျာ...
    သူက မမကို သတ်တော့ မသတ်ချင်နေလောက်ပါဘူး...
    တွေ့ တုံးက ပြုံးတောင် ပြုံးပြသွားသေးတာပဲလေ...
    သံယောဇဉ်ဆိုတာ ရှိတယ်... :-)

    ReplyDelete
  21. သမိုင်းကို စစ်နိုင်သူတွေရေးကြသတဲ့
    အကိုkmခင်ဗျား...
    အကို နှစ်ပေါင်းများစွာစွဲကျန်ရစ်နေတဲ့ ဒဏ်ရာတွေ
    အတက်နိုင်ဆုံး မြန်မြန်မေ့နိုင်ပါစေ
    အဲဒီလိုအပြုံးမျိုး နောက်မပြုံးရပါစေနဲ့လို့
    ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  22. “ဒါပေမဲ့တစ်ကယ်တန်း မှာကျတော့ ကိုယ်က kmsl ကိုဘဲ ပိုချစ်ခဲ့တယ်။ ”.... ဟားဟား တို့ အမကတော့ ပိုင်တယ်ကွာ.. ဒီတစ်ခွန်းနဲ့တင် ကို kmsl ကြီး ခမျာ ဘာမှ ပြောနိုင်တော့မှာ မဟုတ်ဘူး.. :P
    အမရေ.. နောက်ထပ် မျှော်နေမယ်.. ၄/၅.... တွေ နော်..။

    ReplyDelete
  23. မမရေ ချစ်ကောင်းရဲ့ မမ သီချင်းကြားဖူးလား။

    ReplyDelete
  24. ဒီတစ်ယောက်ကရော.. အဆိုတော်ဖြစ်မသွားဘူးလား။ မမ..မမ..ရက်စက်လိုက်တာ..သားတွေကို ပေးဖတ်ဖို့ သိမ်းထားရမယ်..ဟဲဟဲ..နောက်တာပါ..တို့မမ က ချစ်တတ်တာပါကွာ..ဆက်ရေးဦးနော်..

    ReplyDelete
  25. wow

    you are very outgoing .

    cheers

    ;)

    ReplyDelete
  26. KOM ရဲ့စာတွေဖတ်ရတာပေါ့ပေါ့ပါးပါးပဲ…Sincerity ရှိလှတယ်။
    Cheers,

    ReplyDelete
  27. အမှန်အတိုင်းပြောရရင် ဒီဇာတ်လမ်းအရေးသားလေးနဲ့လသာ ၂ ကကျွန်တော်အကြိုက်ဆုံးပဲဗျ...
    အစ်မက သရုတ်ဖော်တွေတော်တော်ပိုင်တယ်ဗျာ

    ခင်မင်လျက်
    နွေသူရ

    ReplyDelete
  28. ugly girls like to tell their love story :) but don't trust. Who can say it is totally true :D

    ReplyDelete
  29. ဟုတ်တယ်...
    ဘယ်လောက်ထက်တဲ့မိန်းကလေးပဲဖြစ်ပစေ
    သဘာဝအရမှီခိုလိုတယ်..

    ဘယ်လောက်ပဲနိမ့်ပါးပြီး
    လူ့ အောက်ကျို့နေရတဲ့ယောကျာ်း
    တစ်ယောက်ပဲဖြစ်ပစေ
    မာနလေးတော့ရှိစမြဲဘဲ၊

    မိန်းကလေးတွေကလဲ
    အဲ့ဒီမာနကိုသွားမထိမိဖို့တော့လိုတယ်၊
    ဒါလဲ Pattern ဘဲ

    ReplyDelete
  30. ကျနော့်ရည်းစားလောင်းလည်း အဲလိုပဲပြောဖူးတယ်၊ သူ့ကို အလိုလိုက်လွန်းတဲ့ ယောက်ျားတွေကို မကြိုက်ဖူးတဲ့။ မိုက်တယ်၊ ဆက်ရေးအစ်မ။

    ReplyDelete
  31. I Don't Believe it at all...Most Of Myanmar Girls Always Think that They 'r The WINNER, But Actually They R Always Always NOT....In REAL WOrld...

    ReplyDelete
  32. မိန်းကလေးဆိုတဲ့သဘော က အားကိုးချင်တယ်။ မှီချင်တယ်။ အခုဖြစ်နေတာက သူက ကိုယ့်ကို မှီသလို ဖြစ်နေတယ်။ဒါ ကို သူက ချစ်လို့ လိုက်လျောခြင်း သူ့ဘက်က ပေးဆပ်ခြင်း လို့မြင်မယ်။ ကြာတော့ဒီ အခြေအနေ ကို ကိုယ် စိတ်ပျက်လာတယ။်
    သိပ်ဟုတ်တာပဲမမရာ အဲလိုလူတွေ စိတ်ပျက်ဖို့ကောင်းတယ်

    ReplyDelete
  33. သူများရဲ့ အချစ်ကို အလွဲသုံးစားလုပ်တယ်လို့တော့ မပြောတော့ပါဘူးနော် ဖတ်လို့ကောင်းတဲ့ ပို့စ်
    တခုလို့ပဲပြောသွားတယ်ဗျ။ ဒါနဲပ မိုနာလီဇာအပြုံးလိုပဲ ဝေခွဲရခက်တယ်ဆိုတာ
    အမက မိုနာလီဇာ အဲဒီပန်းချီဆွဲခံနေတဲ့ အချိန်
    မှာ သူဘာဖြစ်နေလဲ မသိလို့ပါဗျ။ အမှန်က သူ
    အဲဒီအချိန်မှာ ခံစားနေရတာက ပန်းချီဆွဲတာလဲ
    မပြီးသေး အိမ်သာကလဲသွားချင်နဲ့ ပန်ချီဆ၇ာ
    ကိုပြောပြီးသွားရမှာလဲ ကြောက်တော့ အောင့်အီး ပြီးပန်းချီဆရာကို မချိပြုံးလေး
    ပြုံးပြနေတာပါဗျ ဟီးဟီး

    ReplyDelete
  34. ဒါမျိုးလေးတွေ များများလုပ်ပါ လို့ ပြောရမှာလည်း ကိုယ့်အစ်မကြီးက ဒဿဂီရိခေါင်းလို လို့ထင်သလိုဖြစ်မှာစိုးလို့..။အင်း..ဖတ်လို့ကလည်းကောင်း..။

    ReplyDelete
  35. ကျွန်တော်ကိုယ်တိုင် ဒီလိုဇာတ်လမ်းမျိုးထဲ ဓားစာခံဖြစ်ဖူးတယ်။ နာကျဉ်းတာရော၊ ၀မ်းနည်းတာရော၊ အရှက်ကွဲတာရော။ ကိုယ့်ကျမှ အဖြစ်ဆိုးရလေခြင်းလို့ တွေးမိတယ်။ နောက်မှ ဒီလိုဇာတ်လမ်းမျိုးတွေ အများကြီးရှိမှန်းသိလာတယ်။

    အခုပြန်တွေ့ရင်ရော။ ဒဏ်ရာကပျောက်ပေမယ့် အမာရွတ်တော့ ကျန်သေးတယ်။ ခပ်ယဲ့ယဲ့အပြုံးနဲ့ မိုနာလီဇာပေါ့။

    ReplyDelete
  36. အင်း ယောက်ျားလေးဘက်ကလည်း ကိုယ့် leading role ကို မပျောက်အောင် ထိန်းနိုင်ကာမှ မိန်းကလေးက လေးစား အားကိုးတော့မှာပေါ့လေ။ အမ်းမား အဆိုးတော့လည်း ဟုတ်ပါဘူး။ သူကလည်း ရှိရဲ့သားနဲ့  ထပ်ကြွေခဲ့တာကိုး။ ဘာပဲဖြစ်ဖြစ် မိုနာလီဇာ အပြုံးကိုတော့ မြင်ယောင်ကြည့်သွားပါတယ်ဗျာ။

    ReplyDelete
  37. ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို နှစ်ခြိုက်စွာနဲ့ အားပေးသွားပါတယ်...။
    အသက်ရှိသေးရင် ပြီးတာပဲ ဆိုတဲ့ စကားလုံးရဲ့အတိမ်အနက်က သံယောဇဉ်လက်ကျန်ကို ဖော်ပြနေတာပေါ့နော်.....။

    ReplyDelete
  38. အို.. တို့ကတော့ မိုနာလှဇာ အပြုံးဆိုရင်
    မျက်ခုံးမွေးမပါပဲ ပြုံးပြနေတာကိုသာမြင်မိတော့တာပဲ...။

    ReplyDelete
  39. မြက်ဏှာများတယ်ဟ .. ငါတို့အစ်မ

    http://winzaw-mdy.blogspot.com

    ReplyDelete
  40. ဘဝအတွေ့အကြုံ ဆိုတော့လည်း ဖတ်ရတာ တစိမ့်စိမ့်ပဲဗျ။ ကောင်းတယ် အမရေ။ ဆက်ရန်တွေ အများကြီး ရှိဦးမယ် ထင်တယ်ဗျ။ မျှော်နေမယ်နော်။

    ReplyDelete
  41. ဟီးးးမမ ရေ..ဖတ်လို့ကောင်းလိုက်တာ.
    ကောင်းမှကောင်း..း)

    ReplyDelete
  42. ကိုယ်ချင်းစာတရားဆိုတာ ... တော်တော်ခက်ပါတယ် ...
    ရေငြိမ်နေတာကို အနည်ထအောင်လုပ်ခဲ့တဲ့ ... အတွက် ...
    အေးချမ်းပြီလို့ ထင်တဲ့ အချိန်မှာ ...
    မတည်မငြိမ်ဖြစ်ရဦးမယ် ...။

    တစ်ယောက်ယောက်ထိခိုက်နာကျင်အောင်လုပ်ခဲ့တဲ့သူတစ်ယာက်က
    ပေါ့ပေါ့ ပါးပါး ပြောလိုက်တော့ ... စိတ်မချမ်းသာဘူး ...။

    first and last visit for this blog ....

    ReplyDelete
  43. ဒါဟာ အပြစ်ကြီးတစ်ခုတော့ မဟုတ်ပါဘူး .... နောက်ဆုတ်သင့်တဲ့ အချိန်အတိုင်းအတာလေးတစ်ခုကို သူ့ပေးဆပ်မှုမှာ အနည်းငယ် သာယာသွားရင်းနဲ့ နောက်ကျခဲ့တာပါ ... ယောကျာင်္းပဲ ဖြစ်ဖြစ် မိန်းမိန်းပဲ ဖြစ်ဖြစ် ရည်းစားမဖြစ်ကြသေးရင်တောင် အခင်ဆုံး သူငယ်ချင်း ဘဝမှာ နောက်တစ်ယောက်နဲ့ ကိုယ့်ကို နှိုင်းယှဉ်ခံလာရပြီ ဆိုရင် ကိုယ့်ကိုယ်ပဲ ဦးစားပေးခံချင်ကြတဲ့ သူများပါတယ်။ မိန်းကလေးကတော့ နဲနဲ ပိုမယ်ထင်တယ် .... အဲလိုနဲ့ ကိုယ့်ကိုယ်သူ ပိုဂရုစိုက်လာအောင် ယောကျာင်္းလေးဆိုလည်း ပိုပေးဆပ်ပြ .. မိန်းကလေးဆိုလည်း ရေလာမြောင်းပေးတွေလုပ်နဲ့ နောက်ဆုံး ချစ်သူဖြစ်သွားကြရော .... တစ်ချို့လည်း အဲလိုအဖြစ်အပျက်ကနေ တကယ်ချစ်သွားကြတာ ရှိသလို ... တစ်ချို့ကျတော့ တကယ် Feeling လာတာ မဟုတ်တော့ နောက်ပိုင်းလည်းကျရော ခွာပြဲကုန်ကြတာပဲ .... ကားပေါ်ကနေပြုံးပြသွားတဲ့ သူ့အပြုံးလား .... ယောကျာင်္းတစ်ယောက်အနေနဲ့ သူ့အပြုံးကို ခံစားကြည့်မယ်ဆိုရင်တော့ " ကျရှုံးသွားပေမယ့် အနယ်ထိုင်ခဲ့ပါပြီ " ဆိုတာကို သူလှစ်ဟ ပြချင်တာပဲ ဖြစ်ပါလိမ့်မယ် ... သေချာတာ တစ်ခုက ဘယ်ယောကျာင်္းမဆို အကြာကြီး စိတ်မကောက် စိတ်မဆိုးတတ်ကြဘူးလေ ...

    ReplyDelete