Saturday, January 31, 2009

su

စိတ်ဆင်းရဲစရာတွေ ကို မဖတ်ချင်တဲ့သူ အခု ရောက်တဲ့နေရာကနေ ရပ်လိုက်ပါ။ ရှေ့ဆက် မဖတ်ပါနဲ့။ လူ့လောကထည်း မရှိတော့တဲ့သူငယ်ချင်းတစ်ယောက် ကို ဒီနေ့ သတိရနေတယ်။ ဟိုနစ်ပိုင်း က ရန်ကုန် ကို တစ်ခေါက် ပြန်တော့ ဒီနေ့ရောက်ပြီး နောက် တစ်ရက် အဲဒီ သူငယ်ချင်း ကို သွားတွေ့ပါတယ်။ အတော်လေးကို ချစ်ခင်ကြပါတယ်။ အမြဲ့တန်းလိုလို သွားလည်လေ့ရှိပါတယ။် သူ အလုပ်လုပ်တဲ့ နေရာ ကိုရော.. အဲဒီ တစ်ခေါက် က တော့ အိမ် ကို သွားခဲ့တယ်။

အဲဒီ သူငယ်ချင်းပေါ့။ အဆိုတော် တူးတူး ကို သိတ်ကြိုက်ပါတယ်။ တူးတးူး မင်္ဂလာ ဆောင် တော့ တူးတူး ရဲ့ မင်္ဂလာဆောင် ဖိတ်စာ ကို ရှာပြီး သိမ်းထား ပါတယ်။ အိမ် ထောင်ပြူတော့လည်း တူးတူး နဲ့ခပ်ဆင် ဆင် တစ်ယောက် နဲ့ အိမ်ထောင်ြ့ပူပါတယ်။ သူ့မှာ ထူးဆန်းတဲ့ အကျင့်ကလေးရှိတယ်။ ပိုက်ဆံ ကို အသစ် ကလေးတွေ စုတတ်တယ်။ ပြီးရင် ပိုက်ဆံကို နံပါတ် ကလေးတွေ အစီအရီအလိုက် ပြန်ပြန် စီတတ်တယ်။ မပြန့်ရင် မီးပူ တိုက် လိုက်သေးတယ်။

သူ့စိတ်ကလေး ကလည်း အန်မတန် အေးချမ်းပါတယ။် မျက်နှာလေး ကလည်း အေးချမ်း တယ်။ လောဘလည်း မရှိဘူး.။ အဆင်ပြေသလိုဘဲ ကြည့်ကျက်နေတယ်.။ သူနဲ့ စကား အတော်ကြာပြောပြီး ပြန်လာခဲ့တယ်။ နောက် ၂ ရက် နေတော့ နောက် သူငယ်ချင်း တစ်ယောက် က ဖုံးဆက်လာတယ်။ စု မရှိတော့ဘူးတဲ့။ ဘာတွေ လာပြောနေတာ လဲကွာ. ငါ ပတ်စပို့ရုံးမှာ ခြာလပတ် လည်နေတုံး လူတွေ ကလည်း အများအပြား ..အသံတွေ ကလည်း မသဲမကွဲ..။ ဟဲ့ မီန်းမ.. စု မရှိတော့ဘူး ဆိုတာ သေပြီလို့ပြောတာ.. ကြားလား စု မရှိတော့ဘူး.လို့ . ဆိုတော့ ဘာဆက်ပြောရမှန်းမသိ.. မယုံ ဘူး. မဖြစ် နိင် တာ ကွာ..ဆိုတဲ့စကားကိုဘဲ စိတ်ထဲမှာ အော်ဟစ်နေမိတယ်။

သူ့အိမ် သွားတယ်။ တကယ်ပါဘဲ.။ အချိန် တို တစ်ခု အတွင်းမှာဘဲ အဲဒီ ကိစ္စ က ဖြစ်ပျက် သွား ခဲ့တယ်။ ဓါတ်လိုက်တယ် လို့ဆိုတယ်။ အပြန်လမ်းမှာ စဉ်းစားနေမိတယ်။ ကိုယ် အမှန် အတိုင်း ပြောရင် ငါးပါးသီလ အတော်လေး လုံပါတယ်။ သို့သော်လည်း ဘာသာရေးနဲ့ ပက်သက် လို့တော့ အားနည်းတာ အမှန်ပါဘဲ။။ သူငယ်ချင်း မင်း ဘယ် ရောက်သွား သလဲ. .ဘာဖြစ်သွားသလဲ။။ မင်းကိုယ်မင်း သိလိုက်ရဲ့ လား..ငါ မင်းအိမ် လာတာကို မင်း သိသလား..မင်း ငါနဲ့များ လိုက်လာသေးလား။ စိတ်ထဲမှာ အတွေးတွေ ရှုပ်ထွေးလို့။

အဲဒီတုံးက ယုဇန ဟော်တယ်မှာ ကိုယ်တည်းပါတယ်။ တစ်ယောက် ထည်းပါ။ မီးမြငှ့် တယ် ဘဝင် မြင့်တယ်.။ ဘဝ မေ့တယ် ဘဲ ဆိုကြပါစို့။ ဟော်တယ် ကိုပြန်လာ ပြီး ကိုယ် တစ်ယောက်ထဲ ထိုင်နေပြီး အဲဒါတွေ စဉ်းစားနေမိတယ်။ ကဲကွာ ဘာဘဲဖြစ်ဖြစ် ငါလုပ်တတ် တာ ငါ လုပ်ပေးမယ်။ ငါပြူသမျှ ကုသိဲုလ် ကို စု ရေ.. အမျှ အမျှ အမျှ မင်း ယူပါလို့ကိုယ် တိုးတိုးလေး အမျှဝေ လိုက်တယ်။ ယုဇန ဟော်တယ် က ကိုယ်နေတဲ့အခန်း အဲဒီ စက္ကန့်ပိုင်း မှောင် အတိ ကျသွား တယ်။ မီးပျက်သွားတဲ့သဘော။ ကိုယ်လဲ လန့်သွားတယ။် စု ငါပြောတာ မင်းကြားသလား စိတ်ထဲကနေ ရေရွတ် လိုက်မိတယ်။ မိနစ်ပိုင်း အတွင်း မီးပြန်လင်း လာတယ်။ အဲဒီည က တညလုံးကိုယ် အိပ်လို့မရဘူး။
စု........ရေ.....

39 comments:

  1. ဆက်ဖတ်မှာပါပဲ

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. စိတ်မကောင်းစရာပါပဲ... ကွေးသောလက် မဆန့်မှီ ဆန့်သောလက် မကွေးမှီပေါ့။ ကျနော်လဲ ခုနေများ သေရင်... (အင်း... သေချာတယ်ဗျာ)

    ReplyDelete
  4. ကျွန်တော် ထင်တယ်... သူ ကျေနပ်သွားပါပြီဗျာ ... မှောင်အတိကျသွားပေမယ့် သူ့စိတ်ထဲမှာ အမကွန်ရဲ့ ကုသိုလ်ကောင်းမှုတွေနဲ့ လင်းကျင်းနေမယ်ဆိုတာ ... ။

    ReplyDelete
  5. သူ့စိတ်ကလေးအေးချမ်းတယ် ဆိုတော့ ကောင်းရာမွန်ရာရောက်မှာပါလေ....

    sin dan lar

    ReplyDelete
  6. ဟား...TZA တွင်အောင့်ထားသမျှ သွားထုတ်နေစဉ်

    ပထမ မကွန့်ရတော့....ဗြဲ

    ReplyDelete
  7. No4 ထင်တာ စင်စင် နဲ့ အိမ်မက်ဦးသွား။

    ReplyDelete
  8. စိတ်မကောင်းလိုက်တာ မမရယ်။ ကိုယ်ချစ်တဲ့ သူငယ်ချင်းဆိုတော့ ပိုဆိုးတော့မပေါ့။ မီးလေး ပျက်သွားသတဲ့လား။ သနားလိုက်တာ။

    အဲဒီလို ရုတ်တရက်တွေက ကျန်ခဲ့တဲ့သူတွေအတွက် ရူးလောက်တယ်။ ချိုသင်းလဲ မိသားစုဝင် ၃ယောက်စလုံး ရုတ်တရက် အကောင်းကြီးကနေ နှလုံးရပ် ကြတာပါပဲ။ တခါတလေတော့လဲ ကိုယ်လဲ သူတို့လို သေခွင့်ရရင် ကောင်းမှာပဲ လို့ အားကျမိတယ်။

    ReplyDelete
  9. စိတ်မကောင်းစရာပဲ..ဒီလိုပဲဖြစ်တက်ပါတယ်..
    တရားနဲ့သာဖြေရတာပေါ့..ကျွန်တော်လဲကြုံဘူးပါတယ်
    စိတ်မကောင်းဘူး

    ReplyDelete
  10. ကောင်းရာ မွန်ရာ ရောက်မှာပါ မမ။

    ReplyDelete
  11. စိတ်ဆင်းရဲမှာကြောက်လို့ နှစ်ကြောင်းနဲ့ ရပ်လိုက်ရတယ်။ ဘာဆက်ဖြစ်သေးလဲဟင်။

    ReplyDelete
  12. မမရေ တူးတူး သိပ်ကြိုက်တဲ့ သူဖြစ်တာချင်းတော့ တူတယ်။ နံမည် ဘယ်သူလဲဟင်။ စိတ်ဝင်စားလို့ပါ။ ရတာတော့ ဆန့်ကျင်ဖက်.. တူးတူးကိုလည်း မကြိုက်ဖူးတဲ့။ မင်္ဂလာဆောင် တုန်းကတောင် မဖိတ်ရဘူး။ မိသားစုတွေ ကြီးကြီး ငယ်ငယ် ဆုံးရှုံး ခဲ့ဖူးပြီမို့ သေချင်းတရားက လူမရွေးတာတော့ ကြုံဖူးပါပြီ။

    ReplyDelete
  13. စာကိုဖတ်ပြီး သူငယ်ချင်းတွေကြားမှာထားတဲ့ မေတ္တာ နဲ့ သံယောဇဉ်ကို ခံစားမိပါတယ် ။ ယုဇန ဟော်တယ်မှာ ။ အဲဒီအချိန်မှာ ၊အမျှဝေချိန်မှာ ၊ မီးပျက်တယ် ။ မီးပြန်လာတယ် ဆိုတာ ---။ စာတစ်ပုဒ်ရဲ့နောက်မှာ ပြောပြလို့မရတဲ့အရာတွေရှိနေတာ ။။

    ReplyDelete
  14. အင်း လို့သာပြောချင်တော့တာပဲ ဗျာ ကျွန်တော်လဲ ကြုံဖူးတယ်ဗျာ မနေ့ကတင် ကိုယ်နဲ့ တွေ့သေးတယ် ဒီနေ့ မနက် ဖုန်းဆက်တော့ သူငယ်ချင်းနာမည် မေးတာ မနောက်ပါနဲ့ကွာ ဆိုပြီး ဖုန်းချသွားလို့ ဘာများ ဖြစ်လဲ သွားကြည့်တော့ ဆုံးသွားရှာပြီတဲ့လေ

    ReplyDelete
  15. အင်း စိတ်မကောင်းစရာပါပဲဗျာ။ အဲဒါပဲဗျ လူ့ဘ၀ဆိုတာ နေ့မြင်ညပျောက် ဆိုတာသိနေကြပေမဲ့ ခုလိုခင်မင်ရတဲ့ ရုတ်တရက်ပျောက်သါားတော့လဲ ခံစားမိတာပေါ့
    ဗျာ။

    ReplyDelete
  16. စိတ်မကောင်းပါဘူး အမ

    ReplyDelete
  17. အတိတ်စာမျက်နှာ ပြန်လှန်ပီး စဉ်းစားသတိရနေတဲ့ မမဂွိစ်၊၊ သူငယ်ချင်းအတွက်စိတ်မကောင်းပါ ၊၊ မမဂွိ ဟက်ပီးပါစေ ၊၊

    ReplyDelete
  18. စိတ်မကောင်းစရာဗျာ...

    ReplyDelete
  19. ညတုန်းက မဖတ်ရဲလို့ ခုမှပြန်လာဖတ်ပါ၏။

    ReplyDelete
  20. စိတ်ဆင်းရဲစရာတွေ ကိုယ်ကိုယ်တိုင်နဲ့တင် ပြည့်ကျပ်နေလို့ မဖတ်နဲ့ဆို တားထားလို့ မဖတ်လိုက်ဘူး။
    ဘာဖြစ်သွားလဲဟင်...။

    ReplyDelete
  21. စိတ်မကောင်းစရာပဲ... ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု အသိုင်းအ၀ိုင်းထဲကိုလူတစ်ယောက် ၀င်လာရင် ပျော်ဖို့ကောင်းသလောက် ထွက်သွားတဲ့အခါမှာ အရမ်းခံစားရတယ်နော်..

    ReplyDelete
  22. သူ့စိတ်လေးက လောဘနည်းပြီး အေးချမ်းနေတော့ ကောင်းရာမွန်ရာရောက်မှာပါ မခင်ဦးမေ ပေးတဲ့ အမျှ သူရမှာပါ ။

    ReplyDelete
  23. အပေါ်က မောင်မျိုးပြောသလိုပဲ ပြောချင် ပါတယ်။ အချိန်ရှိတုန်း ဘုရားတရား လုပ်အုန်းမှ။ shopping ပဲ ထွက်နေလို့ မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဆုံးမထားရမယ်။
    လေးစားတယ်။

    ReplyDelete
  24. မမနဲ့ ထပ်တူ ခံစားသွားပါတယ်

    ReplyDelete
  25. ကွေးသောလက် မဆန့်မှီ ၊ ဆန့်သောလက်မကွေးမှီဆိုတာ တကယ်မှန်တဲ့စကားပဲ အစ်မရေ ။
    မဖတ်နဲ့ဆိုပေမယ့် မဖတ်ဘဲလဲ မနေနိုင်ဘူး ။

    ReplyDelete
  26. အရမ်းချစ်တဲ့ သူငယ်ချင်းဆိုတော့လည်း ခံစားရတာပေါ့နော်။ ကောင်းရာမွန်ရာ ရောက်မှာပါ မမရယ်း(

    ReplyDelete
  27. စိတ်မကောင်းပါဘူးမမရယ်..။ ဓာတ်လိုက်ပြီးဆုံးတာဆိုတော့ တွေးကြည့်မိရင် တကယ်စိတ်မကောင်းစရာနော်.. ဘယ်လိုများခံစားလိုက်ရမလဲနော်..။
    ငယ်ငယ်တုန်းက သပြေ မျက်နှာဖုံးရှင်ညီအမ နှစ်ယောက်မှာ အမက ရေချိုးခန်းက ထွက်လာစ rice cooker ကိုင်လိုက်တာ ဓာတ်လိုက်ပြီး ဆုံးသွားရတာ ကြားဖုးလိုက်တယ်..။ အဲဒီကတည်းက ရေစိုလက်နဲ့ လျှပ်စစ်ပစ္စည်းတွေ မကိုင်ဖြစ်အောင် သတိထားနေဖြစ်တယ်..။

    မမ သူငယ်ချင်း ကောင်းရာမွန်ရာ ရောက်နေမှာပါ..

    ReplyDelete
  28. စိတ်မကောင်းစွာနဲ့ ပြန်သွားပါတယ်။
    ထပ်တူ စိတ်မကောင်း ဖြစ်မိပါတယ်။

    ReplyDelete
  29. many people died in front of me. nothing happened in my mind. but your piece of words made me something different. Yes some people died in a quite easy way. on the other hand, some people very difficult to die even though they don't want to suffer any more and keen to go.

    Anyway electrocution is very rare cause of death these days I think.

    R.I.P Su

    ReplyDelete
  30. ညီမတို့ ငယ်ငယ်က မင်းသမီး မေစိုးထိုက်လေ.. တက္ကသိုလ် တင်မောင်ထွေးရဲ့ နတ်ရေကန်မိတ်ကပ် ကြော်ငြာတယ်။
    ဓာတ်လိုက်ပြီးဆုံးတာထင်တယ်..
    မတီဂျီပြောတာ သူလားမသိဘူး၊
    မမကေအိုအမ် သူငယ်ချင်းတော့ မဖြစ်နိုင်ဘူး၊ မေစိုးထိုက်က ကြာပြီ။

    ReplyDelete
  31. o sin dan lar: may soe Oo died not may soe htake
    sin dan lar: မေစိုးဦးလား... ကျေးဇူးတင်ပါတယ်၊ မေစိုးထိုက်က ကျန်ခဲ့တာပေါ့နော်၊ အမှတ်မှားသွားလို့ပါ

    ReplyDelete
  32. မရေ- တမျိုးပဲ ..စိတ်မကောင်းဘူး။ ကိုယ်လဲ..ဟိုတလောက ပြောတဲ့သငယ်ချင်း တလ အတွင်းပဲ ဆုံးသွားလို့ စိတ်မကောင်းဖြစ်နေတာ။ Gloomy !

    ReplyDelete
  33. မခင်ဦးမေရေ...

    တော်တော်စိတ်မကောင်းဖြစ်သွားမှာပဲနော်...

    လောကမှာ..

    မသေသေးတဲ့ သေခြင်းတရားတွေ
    မသေသင့်တဲ့သေခြင်းတရားတွေ
    အသေစောတဲ့သေခြင်းတရားတွေ
    ရှိနေတယ်တဲ့ ဆရာမိုဃ်းဇော်က

    ခင်မင်စွာ

    ReplyDelete
  34. အင်း.. ဟုတ်သားပဲ. . ဓာတ်လိုက်ရင်လည်း အသက်မမီ ဖြစ်တတ်တယ်.. အမြန်ဆုံး ဆိုလားပဲ.. ဆင်ခြင်မှ..
    (ဆရာတစ်ယောက်ကတော့ ပြောဖူးတယ် မီးခလုတ်ကို ဘယ်လက်နဲ့ မကိုင်ရဘူး တဲ့။ )

    ReplyDelete
  35. သနားပါတယ်.. အတူတူကြေကွဲသွားတယ် ဂျီးဒေါ်ရယ်

    ReplyDelete
  36. အဲလိုဖြစ်တာ တိုက်ဆိုင်တာလား တကယ်ရောက်လာတာလား သိချင်လိုက်တာ။ လင်းလဲ ဖြစ်ဘူးတယ်။

    ReplyDelete
  37. ဆေး-၁က ဆရာမလားဟင်? ဓာတ်လိုက်ပြီး ဆုံးသွားတယ်လို့ ကြားမိလိုက်လို့။ ညီမတို့ကို တခါ/၂ခါလောက် သင်ပေးဘူးပေမယ့် နွေကျောင်းပြန်ဖွင့်ပြီး ဆရာမ သတင်းကြားတော့ စိတ်မကောင်းဘူး။

    ညီမအဖေလဲ အသက်ငယ်ငယ်မှာ ရုတ်တရက် ဆုံးသွားတာ။ အဖိုးဆိုလဲ ညီမတို့ ခရီးသွားတာကို လိုက်ပို့ရင်း သင်္ဘောဆိပ်မှာ မောင်လေးဝမ်းကွဲကို ချီရက်နဲ့ မတ်တပ်သတိလစ်ပြီး ဆုံးသွားတာ။ ဘယ်လိုမှ မယုံနိုင်လောက်အောင်ဘဲ။

    ReplyDelete
  38. တခါတလေ အခုလိုဖြစ်တတ်တယ်လို့ လူကြီးတွေပြောတာကြားဖူးတယ် နိမိတ်ပြတယ်လို့ ပြောကြတာပဲ စိတ်မကောင်းပါဘူး အရင် ၃ ရက်ကပဲ ဦးလေး၁ ၀မ်းကွဲ ရုတ်တရက် ဆုံးသွားတော့ စိတ်မကောင်းဖြစ်နေတာ မမသူငယ်ချင်းကောင်းရာရောက်မှာပါနော်

    ReplyDelete
  39. သေခြင်းက ဒီလိုပါပဲ အစ်မရေ..
    နီးလွန်းတော့ သတိမထားမိကြဘူး..

    ReplyDelete