Thursday, February 5, 2009

cloud

အခုတလော တိမ်တွေ ကိုစိတ်ဝင်စားနေတယ်။ ရန်ကုန်ကို လွမ်းလို့ထင်ရဲ့။ အညာဘက် သွားရင် တိမ်တွေ သိတ် လှတယ်။ အခုတိမ်ကတော့ စလုံးတိမ်နဲ့ မလေးတိမ်ပါ။

စလုံးတိမ်




မလေးတိမ်















မလေးတိမ်

28 comments:

  1. တိမ်တွေတောင် ငိုချလိုက်တယ် မိုးကိုသည်းရော.. (စိုင်းစိုင်း)

    လွမ်းတောင် လွမ်းသွားတယ်.. :)

    ReplyDelete
  2. အသက်အရွယ်နဲ့လိုက်ပြီး စိတ်ဝင်စားမှုတွေ ပြောင်းတတ်တယ်တဲ့
    တိမ်ကို စိတ်ဝင်စားနေတယ်ဆိုတော့ ဘယ်အရွယ်ပါလိမ့်
း)

    ReplyDelete
  3. cloud spotting လုပ်နေလား မမ။ ၀ါသနာတူ သူတွေ ဖွဲ့ထားတဲ့ အဖွဲ့ရှိတာ ကြားဖူးတယ်။ ဂူးဂယ် လုပ်ကြည့်ပါလား။

    ReplyDelete
  4. ရန်ကုန်မှာတော့ တိမ်တွေစင်လို့ ကြယ်တွေ မြင်နေရတယ် မမ.. ကြယ်တွေစုံတဲ့ညပေါ့။
    တိမ်မျှင် တိမ်လွှာ တိမ်တောင် မိုးတိမ်... ငယ်ငယ်ကတော့ ကောင်းကင်ကို မော့ကြည့်ရင်း တိမ်တွေကို ပုံဖော်.တိမ်တွေရွေ.ရာ လိုက်ပါသွားတတ်ခဲ့တာတောင် ပြန်လွမ်းသေးတော့တယ်။
    ခုခေတ်ကလေးတွေ တိမ်ကြည့်ပြီး စိတ်ကူးယဉ်တတ်ကြပါ့မလား မသိ...။

    ReplyDelete
  5. ချိုသင်းလဲ တိမ်တွေကြည့် စိတ်ကူးယဉ်ရတာ ကြိုက်တယ်။ တမေ့တမော ကိုဖြစ်လို့။
    Las Vegas က Casino တချို့မှာ မျက်နှာကြက် wallpaperတွေကို တိမ်တွေ လွင့်နေတဲ့ ဒီဇိုင်းကပ်ထားလို့ သိပ်ကြိုက်တာပဲ။ တိမ်အတုတောင် ကြိုက်ပါရဲ့ မမ။ လွတ်လပ်တယ် ထင်လို့။

    ReplyDelete
  6. စင်ကာပူတိမ်က ပိုသာသာယာယာရှိတယ်နော်။ :)

    ReplyDelete
  7. စလုံးတိမ် ဆိုလို့ စလုံးပုံတိမ် လားလို့စဉ်းစားလိုက်သေးတယ်

    ReplyDelete
  8. တိမ်တွေမှာအရုပ်တွေကောပေါ်ဘူးလား
    ကျားရုပ်လို့..အကောင်ရုပ်တွေပေါ်တယ်လေ
    နေညိုညိုမှာတိမ်တောက်ရင်ပိုလို့တောင်လှတယ်နော်
    ဟီး..

    ReplyDelete
  9. စလုံးတိမ်က လှလိုက်တာ။ ဒီနေ့ ကောင်းကင်ကို မော့ကြည့်အုံးမယ်။ ခလုတ်တိုက်ရင် မမဂွိစ် အပြစ်နော်။

    ReplyDelete
  10. တို့က မလေးတိမ်ပိုလှထင်။မမရေ ညတုန်းက လသာလိုက်တာ
    ထိန်နေတာပဲ။ကြည်နုးဖို့ကောင်းလိုက်တာ။

    ReplyDelete
  11. တိမ်တွေကြည့်ရတာ ကြ်ုက်တယ်။
    ကောင်းကင်မောကြည့်ပြီး
    စိတ်တွေကို တိမ်နဲ့ အတူ
    လွင့်ချင်ရာလွင့် မျောချင်ရာမျော

    ReplyDelete
  12. မြန်မာပြည်က တိမ်တွေလောက်တော့
    ဘယ်တိမ်မှ မမီဘူး ထင်တာပဲ...း)

    ReplyDelete
  13. ရှင်ဥတ္တမကျော်ရဲ့ တောလားမှာတော့…. တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက်၊ မရမ်းဖက်၍၊ တိမ်သက်တန့်ရောင်၊ အ၀ါဘောင်ဝယ်၊ မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ ညို့ခဲ့တလီ၊ ရီခဲ့တဖုံ၊ မှုန်ခဲ့တချက်၊ ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့…လို့ ရေးစပ်ခဲ့တယ်။

    မခင်ဦးမေက ကိုဘွိုင်းဇ်ရဲ့ ဘော်ဒါဆိုတော့ တိမ်ညိုမိလ္လာတွေကို စိတ်ဝင်စားတယ်ထင်ပါ့။ အထူးသဖြင့် မိလ္လာတို့၊ အိမ်သာ တို့ အကြောင်းဆိုရင်ပေါ့း-)

    ReplyDelete
  14. တိမ်တွေ ပျံလာတာ မော့ကြည့်လို့
    သီချင်းဆိုတာ ကောင်းတယ်...
    မင်းကြောင့်မို့.. မင်းကြောင့်မို့...
    သီချင်းဟစ်လို့ ဆိုချင်တယ်...

    (သီချင်းဆိုနေသော အရှိန် မသေသေးလို့ပါ...)

    ReplyDelete
  15. နေညိုချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနဘေးမှာ ...... စာဥရေ ရွာအရောက်ပြန်ခဲ့မှာ။

    ReplyDelete
  16. ဟမ်... တိမ်တွေကို ပြထားပါ့လား...။
    မကွန်ကြီးးး... ဒါဆိုကျနော်တို့(HAPPY CLOUD)က ဗမာတိမ်ပေါ့နော်..။

    ReplyDelete
  17. နေညိုချိန် တိမ်တောက်တဲ့အခါ သနပ်ခါးဘဲကြားနဲ့
    ခေါင်ရမ်းပန်းလေးပန်ပြီး ကိုကိုရေ ကိုကိုရေလို့ တတွတ်
    တွတ်ရွတ်နေတယ့် kom ပုံလေးမြင်မိတယ်။

    ReplyDelete
  18. ကမ္ဘာရွေ့တဲ့နောက် တိမ်တွေက လျှောက်လိုက်တတ်သလား..
    စကြာဝဠာနဲ့ချီ စဉ်းစားပြီးပြန်သွားတယ်..ဟီး

    ReplyDelete
  19. စလုံးကို မခင်တွယ်လို့ နေ့အခါဆို သူ့ကောင်းကင်ကို တစ်ခါမှကို မော့မကြည့်ဖြစ်တာ မမရေ။
    သူ့ကောင်းကင်ကနေဆိုလို့ အိပ်ခန်းကနေ အိပ်ရင်း လှမ်းမြင်နေရတဲ့ ကြယ်တစ်လုံးကိုတော့ လိုချင်တာတွေပေးစမ်းပါလို့ တောင်းဖူးတယ်၊ တောင်းနေမိတယ်။

    ReplyDelete
  20. ဒီနေ့ပဲပြန်လာတော့ လေယာဉ်ပေါ်ကနေ တိမ်တွေကို
    ရိုက်လာတယ်..
    အခု...မမက တိမ်တွေအေ့ကြာင်းရေးထားတယ်..
    တိုက်ဆိုင်လိုက်တာ..
    Xထုံ..

    ReplyDelete
  21. တိမ်တွေ ပျံလာတာ မော့ကြည့်လို့
    သီချင်းဆိုတာ ကောင်းတယ်...
    မင်းကြောင့်မို့.. မင်းကြောင့်မို့...
    သီချင်းဟစ်လို့ ဆိုချင်တယ်...

    မီးမီးလဲ မမသက်ဝေလိုပဲ ဟေမာနေ၀င်း သီချင်းအော်
    ဆိုသွားတယ်နော် မမ။ :P

    ReplyDelete
  22. စင်္ကာပူတိမ်က ပြာပြီး မလေးတိမ် ကဘာလို့ မဲနေတာလဲ မသိဘူးနော် ..

    ReplyDelete
  23. မလေးတိမ်
    မကြီးတိမ်
    ကိုကြီးတိမ်
    ကိုလေးတိမ်
    တိမ်ချင်တာတိမ်း)

    ReplyDelete
  24. ကြည့်ရတာ ဂျဟိုးတိမ်ပဲ

    ReplyDelete
  25. တိမ်လွှာ မို့မို့ မမဂွိစ် ၊၊

    ReplyDelete
  26. အင်း...ဗျာ... တိမ်တွေ ကြည့်ပြီး လေပေါ် ပြန်တယ်... အင်းဗျာ... တိမ်တွေ ကလဲ ထူးဆန်းလိုက်တာ... စ'လုံးတိမ်... မလေး တိမ်တဲ့လားဗျာ... ကောင်းကင်ကြီးနဲ့ တိမ်တွေ က တစ်ခုတည်း မဟုတ်လား.. ?

    ReplyDelete
  27. ဟာကြိုက်တယ်ဗျာ တိမ်တွေ....အံသြစရာဗျာ....
    မလေးမြေကြီး တွေနဲ့ စ' လုံး မြေကြီးတွေ အကြောင်း
    Post မှာ တင်ပေးပါအုံး.......

    လမ်းပြကြယ်.......
    www.lampyakyal.blogspot.com

    ReplyDelete