Friday, February 20, 2009

view

ဘတ်စကားစီးမိတိုင်းမှာ ညာဖက်ခြမ်း မှာထိုင်တယ်။
မော်တော်ကားတွေ ကိုကြည့်ချင်လို့

တချို့ ဘယ်ဘက်မှာထိုင်တယ။်
အိမ်တွေ ကို ကြည့်ချင်လို့။

တချို့က အပေါ်ထပ်မှာ ထိုင်တယ်။
ရှုခင်းတွေ ကြည့်ချင်လို့

တချို့က ရှေံဆုံးမှာထိုင်တယ်။
မြင်ကွင်းကျယ် ကြည့်ချင်လို့။

တချို့…..
တချို့..

42 comments:

  1. နေရာစုံအောင်ထိုင်ပါတယ်.. အဟီးပြန်ရောက်လာပြန်ပြီ.. ကိုယ်ဘာသာကိုယ်ဘဲပြန်တော့မယ်...။

    ReplyDelete
  2. ma ma ka car lo chin loe lar? chit chit ko wel khine..hehe

    ReplyDelete
  3. အနော်က ဘယ်ခုံမှာမှ မထိုင်ဘူး... အဲဒီထိုင်ခုံတွေရဲ့ ပေါင်ပေါ်မှာပဲထိုင်တာ.. အ... ဟီး....

    ReplyDelete
  4. ရတဲ့နေရာ ထိုင်ရတာပါ မမရာ။ ရွေးလို့ရမယ်ဆိုရင် ပြူတင်းပေါက်နား ထိုင်ချင်တယ်။ အပြင်ကို ကြည့်ချင်လို့။
    ဖြစ်နိုင်ရင်တော့ အမိုးပွင့် ဘတ်စ်ကားကြီးတွေ အပေါ်ထပ်မှာ စီးရတာ ကြိုက်ပါတယ်။ City Tour Bus ကြီးတွေလိုမျိုးလေ။

    ReplyDelete
  5. မမြင်ဖူးသေးပါ)
    သို့သော်
    နေရာအမျိုးမျိုးမှ စီးကြည့်သွားပါ၏
    ကျေးဇူးတင်ပါ၏။

    ReplyDelete
  6. Sit anywere vacant. No preference.

    :))

    ReplyDelete
  7. ဘတ်စကားစီးမိတိုင်းမှာ ညာဖက်ခြမ်း မှာထိုင်တယ်။
    မော်တော်ကားတွေ ကိုကြည့်ချင်လို့

    It is true for Thailand, Singapore, Japan, UK and some more. Not for US and Europe :)

    ReplyDelete
  8. အ၀င်အထွက်လွယ်အောင်အပြင်ဖက်ခုံမှာထိုင်တယ်။

    ReplyDelete
  9. your idea are excellent!!
    there's always sth u want to tell us
    as in hidden world , I feel like that
    have nice day

    ReplyDelete
  10. ရွေးချယ်ခွင့်ရှိရင်တော့ ရွေးချယ်ပြီးထိုင်လိုက်ပါတယ် အစ်မရယ်။

    ReplyDelete
  11. အမြဲတမ်းလိုလို မတ်တပ်ရပ်စီးနေရပါတယ်။ ကားကျပ်လို့ :(

    ReplyDelete
  12. အပေါ်ထပ် ရှေ့ဆုံးမှာပဲ ထိုင်တယ်...ကားတွေ လူတွေ မှတ်တိုင် ခေါင်မိုးတွေ အုပ်ကြည့်ရတာ သဘောကျလို့...

    ReplyDelete
  13. အပေါ်ထပ်မှာ ထိုင်တယ်။
    အနှောက် အယှက် မရှိ အိပ်ချင်လို့။

    ReplyDelete
  14. ပြတင်းပေါက်ဘေးက ခုံကိုမှ ရွေးပြီး ထိုင်တယ်။
    ဘတ်စ်စကား တွေက အမြဲတမ်း ချောင်နေတော့ စိတ်ကြိုက် ရွေးချယ်ခွင့် ရတာကိုက ကံကောင်းမှု တစ်ခုလို့  ပြောရမှာပဲ။

    ReplyDelete
  15. ခံစားချက်အပေါ်မူတည်တယ်။
    တစ်ခါတလေအပြင်ကိုငေးချင်တယ်။
    တစ်ခါတလေကောင်းကင်ကျယ်ကိုကြည့်ချင်တယ်။
    တစ်ခါတလေလူကြားမှာပုန်းနေချင်တယ်။
    တစ်ခါတလေအနောက်မှာထိုင်ပြီးအားငယ်ချင်တယ်..

    ReplyDelete
  16. နောက်ကယ်ရီယာကနေတွယ်စီး ရတာမို့
    ပြုမကျအောင် ဘုရားတနေရတယ်။
    လက်ကလည်း အံသေလိုက်တာ ခဏခဏပဲ။

    ReplyDelete
  17. နောက်ဆုံးမှထိုင်ချင်တယ် အတွဲချောင်းမလို့ ဟီး ဟီး

    ReplyDelete
  18. ခုန်တွေအောက်ကနေ အိပ်ပြီးလိုက်တယ်။ အတိုတွေ ချောင်းချင်လို့၊ :P

    ReplyDelete
  19. အော်..မေ့လို့ လာလယ်ပါဒယ် :P

    ဒို့......19

    ReplyDelete
  20. ဗီလိန်က ကြားဖြတ်ဝင်သွားတယ်း(

    ReplyDelete
  21. လူငယ်တွေက သက်ကြီးအိုနာ ခုံတွေမှာ ထိုင်တယ်
    လူ့စည်းကမ်း နားမလည်လို့

    မိန်းမတွေက သံဃာတော်ဘေးမှာ ထိုင်တယ်
    ဘာသာရေးစည်းကမ်း နားမလည်လို့

    လောဘသမားတွေက သူများနေရာမှာ ထိုင်တယ်
    ဘယ်တော့မှ ဖယ်မပေးဘူး

    ReplyDelete
  22. ဟိတ်ကောင် ဘယ်သူက ဘယ်သူ့ကို ကြားဖြတ်တာလဲကွစ်။

    ReplyDelete
  23. တံခါးပေါက်နဲ့ အနီးဆုံးနေရာမှာထိုင်တယ်။ ကားရပ်ရင် မြန်မြန်ဆင်းရအောင်လို့။ ဘတ်စ်ကားစီးရင် ဘာ view မှ ခံစားဖို့ ဖီးလ် မလားဘူး.. :D

    ReplyDelete
  24. ပြတင်းပေါက်ဘေးမှာ ပဲ ထိုင်တယ်

    ReplyDelete
  25. I sit at the side with the best chance of getting a good breeze and away from the sun :-)

    ReplyDelete
  26. ခရီးဝေးအတွက် ကားစီးမယ်ဆိုရင်တော့ ပြတင်းပေါက်နားကို ရအောင်ဝယ်ပြီးစီးပါတယ်။ တော်ရုံ သွားသွားလာလာအတွက်ကတော့ ဆင်းရလွယ်တဲ့နေရာပေါ့။ သူများနိုင်ငံမှာ အလည်အပတ်ထွက်တာဆိုရင်တော့ ၂ထပ်အမိုးဖွင့်ဘတ်စ်ကား အပေါ်ထပ် ရှေ့ဆုံးတန်းကို ရွေးဖြစ်တယ်။

    ကြည်

    ReplyDelete
  27. ကျွန်တော်ကနောက်ဆုံးကထိုင်ချင်တယ် ကောင်မလေးကို ကြောင်မလို့

    ReplyDelete
  28. ဘတ်စ်ကားစီးတိုင်း ဟိုးနောက်ဘက်ထောင့်မှာသွားထိုင်တယ်. အိပ်ငိုက်ရတာ အနှောင့်အယှက်ကင်းလို့။
    mm

    ReplyDelete
  29. ကိုယ့်အကျင့်ကိုယ် ခုမှ ပြန်တွေးကြည့်မိတော့တယ်..။
    နောက်ဖက်နားမှာ လွတ်တဲ့နေရာဝင်ထိုင်တယ်..။
    ကားထဲ မျက်နှာလှည့်နေတဲ့ခုံတွေ ဖြစ်တတ်တယ်..။
    ကားပေါ်တက်လာတဲ့လူတွေကို ကြည့်တယ်.. ပြိးတော့
    ဘယ်ကို ကြည့်မိမှန်းလဲ မသိတော့ပါဘူး...။
    p.s strike ကားမစီးဖူးဘူး ထင်တယ်.. လာမန့်တာ မတွေ့ဘူး... ဟိ

    sin dan lar

    ReplyDelete
  30. ရွေးစရာ ရှိရင် ရွေးထိုင်ပါတယ်။ ရွေးချယ်စရာ မရှိရင်တော့ ကားပေါ်ပါသွားဖို့သာ အရေးကြီးဆုံး...:)

    ReplyDelete
  31. မောင်းသူနေရာကလွဲရင်အကုန်ထိုင်ပါတယ်

    ReplyDelete
  32. ကျွန်တော်ကတော့ အစွန်ဆုံးနှစ်ဖက်မှာ ရရနေရာကထိုင်တယ် မြန်မြန်ဆင်းလို့ရအောင်လို့ :D

    ReplyDelete
  33. စိတ်အေးလက်အေး နောက်ဆုံးပဲစီးတာကောင်းပါတယ်

    ReplyDelete
  34. နေရာအစုံတော့ထိုင်ဖူးပါသည်။
    အကြိုက်ဆုံးခုံမှာ...အပေါ်ထပ် ရှေ့ဆုံး ဘယ်ဘက်ခြမ်း ပြတင်းပေါက်ဘေး လှေကားနှင့်နီးနီး ဖြစ်ပါသည်။ (မှတ်ချက်။ ။သားရွှေအိုးထမ်းလာတာ မြင်ချင်သောသူ ဖြစ်နိုင်ပါသည်)

    ReplyDelete
  35. မမ..
    ကျနော်က ဆိုင်ကယ်နဲ့ပဲအလုပ်တက်တယ်..
    Xထုံ

    ReplyDelete
  36. အကုန်ထိုင်ကြည့်ပါတယ်။ အခွင့်ရရင် ဂီယာတိုင်ကို ခွထိုင်ဘို့လဲ ကြိုးစားကြည့်ချင်ပါသေးတယ်။

    ReplyDelete
  37. သားလည်း အပေါက်နားရရင်အပေါက်နားထိုင်တယ် ။ ဘယ်ညာက ကိစစမရှိပါဘူး ။ နောက်ဆုံးမှာထိုင်ပြီး အင်အင်းလည်းပါခဲ့ဖူးတယ် ။ ရှူရှူလည်းပေါက်ခဲ့ဖူးတယ် ။ မြန်မာပီပီ မြန်မာ့သေး ကို ပြခဲ့တယ်လေ ။ မြန်မာ့ အင်အင်းကိုလည်း ပြခဲ့တယ်။ ဟီးဟီး

    ReplyDelete
  38. ဘစ်စကား က ဈေးကြီးတယ် ၊၊
    မမေအောင်က နေရာမျိုး စုံက စီးကြည့်သွားတယ်ဆိုလို့
    ခေါင်မိုးပေါ် ကောပါလားဗျ ၊၊ ဟီး စတာ ၊၊

    ReplyDelete
  39. ထိုင်လို့ ရတဲ့ နေရာမှာ ထိုင်တယ်။ ခုံမရှိတော့ရင် အောက်မှာ ထိုင်တယ်။

    ReplyDelete
  40. Sorry for my bad english. Thank you so much for your good post. Your post helped me in my college assignment, If you can provide me more details please email me.

    ReplyDelete