Sunday, February 22, 2009

visited

ပီးခဲ့တဲ့ ရက်ပိုင်းက virtual world သူငယ်ချင်း တစ်ယောက်ဆီက မေလ်ရပါတယ်။ သူ့ခံစားချက်ကို ဖတ်ပြီး ကိုယ် စိတ်မကောင်းပါဘူး။

ကိုယ့်မှာ အချိန်လေး အတော်နည်းပါတယ။် ဘလော့ကိုလည်း အန်မတန်ချစ်ပါတယ်။ ထွက်သမျှကို နိုင်သလောက်ဖတ်ပါတယ်။ တစ်ချို့ တွေမှာ ကွန်မက် ရှည်ရှည်ရေးဖြစ်သလို တစ်ချို့မှာလည်း တိုတိုရေးဖြစ်ပါတယ်။ တစ်ချီု့မှာလည်း သိတ် မဆွေးနွေးလို၍ သော် လည်းကောင်း သိတ် နားမလည်၍ သော်လည်းကောင်း ဆိုရင် သိတ်မရေးဖြစ်ပါဘူး။ တခါတစ်လေ လည်းဘာပြောရ မှန်းမသိရင် အဲလိုဘဲပြောမိပါတယ်. ထွက်သမျှနီးပါးကို အကုန်လုံးလောက်နီးနီး ဖတ်ဖြစ်ပါတယ်။

သူရေးတဲ့ ဗြိတိသျှလိုကို မြန်မာလို ပြန်လိုက်ပါ့မယ်။ တို့ကလဲ e သိတ်ကောင်းတာ မဟုတ်ဘူး။

သူပြောချင်တာကတော့ တို့ဟာ သူ့ရဲ့ reader no 1 ဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ ကျေးဇူးြ့ပီုး ကျေးဇူးပြူပြီး (သုံးခါ သုံးပါတယ်။ ) သူ့ရဲ့စာ ကိုလာဖတ်တဲ့အခါမှ ပြောစရာ ရှိမှသာလျင် လာခဲ့တဲ့ အကြောင်းကွန်မက်လုပ်ပါ လို့ ဆိုပါတယ်။ ကိုယ်ပြောချင်တာ ပြောခဲ့ လို့ရပါတယ်။ ဒါပေမဲ့ visited တို့ read တို့တော့ မလုပ်ပါနဲ့လို့ဆိုပါတယ်။ သူ့အတွက်လဲ အဓိပါယ် မရှိ။ လာဖတ်တဲ့သူများအတွက်လည်း အဓိပါယ် မရှိလို့ဆိုပါတယ်။

ဒါကို သူစိတ်ပျက်လွန်းလို့ တိုဲရဲ့ ပိုစ်တစ်ခုထဲမှ seen လို့လာရေးဘူးပါတယ် လို့ဆိုပါတယ်။ သူ့ရဲ့ တခြားသော reader တွေ က မြင်ဲခဲရင် သူက ကိုယ့်ကို by force လာ ခိုင်းထားတယ်လို့မြင်နိုင်သွားပါတယ်တဲ့။ မြန်မာ ဘလော့တွေမှာ အဲလို သဘောမျီူး သုံးခဲကြပေမဲ့ အင်္ဂလိပ်လိုမှာတော့ အဓိပါယ် အတူ မဆောင်ဘူးလို့ ဆိုပါတယ။် ဒါပေမဲ သူကတော့ တို့ကို ချစ်မြဲခင်မြဲပါဘဲ လို့ဆိုပါတယ။်

တို့လဲ စိတ်ငြစ်သွားတယ်။ အားလုံးကို နိုင်သလောက်ဖတ်ပေမဲ့ အားလုံးကိုတော့ မဝေဖန်နိုင်ပါ။ တို့သည်လည်းဦးဝင်းငြိမ်းမဟုတ်။ စိန်ခင်မောင်ရီမဟုတ်။ သာမန် စာဖတ်သူသာဖြစ်ပါတယ်။ သူလဲ သူတကယ် ခံစားရတာကို ရေးတာပါ။ ခံစားလို့ရပါတယ်။ သူသေချာရေးထားတာကို တို့က ပေါ့လျှပ်လျှပ် သွားလုပ်သလို ဖြစ်သွားမယ် ဆိုတာ နားလည်ကြည့်လို့ရပါတယ။်

မြန်မာလိုရေးမယ်ဆိုရင်...ရောက်လာပါတယ်အစ်မရေ.မမရေ..လည်တယ်။......မင်္ဂလာပါချင့်လည်လည် လာရယ်.လည်ပတ်ဖတ်ရှူသွားပါတယ်ခင်ဗျာ ရောက်စ။ ချစ်စ်။ လည်ပါတယ်။ ရောက်ခဲ့တယ်နော်။ ဆိုတာတွေထက် လိုရင်းတိုရှင်း visited ဆိုတာ ရောက်ခဲ့တယ် လို့ ဆိုပါတယ်။ read ဆိုတာ ဖတ်သွားတယ်လို့ ဆိုလိုပါတယ်။ ဒီကိစ္စ ဟာ.megumi နဲ့မှာတစ်ခါဖြစ်ပြီးပါပြီ။ ဘာမှ မရေးဘဲ ပြနိပြန်သွားလို့သူစိတ်ငြစ်ရတယ်ဆိုတာ။ မို့ကိုယ်က ကိုယ် ရောက်ခဲ့ကြောင်း ဖတ်သွားကြောင်း ကြောင်း လေးစားစွာ အသိပေးတာပါ။ ကိုယ်မြန်မာလို မရေးတာက e လိုရေးတာပိုမြန်လို့ပါ။

အဲဒီတော့ရှေ့ဘယ်လိုဆက်သွားကြမလဲ။ တိတ်တိတ်လေးဘဲ ဖတ်ပြီးပြန်လာခဲ့ရမလား။ စဉ်းစားပြီး ကွန်မက်ခဲ့ရမလား ။ အခု မြင်တာကတော့ စာရေးသူ အချို့ဟာ သူဖတ်ချင်တာ ဖတ်ပြီး သူရေးချင်တာ ရေးနေတာ မြင်မိတာလဲရှိတယ်။ ကိုယ့်လို ထွက်သမျှဖတ်. ရေးလည်းရေးဆိုရင်တော့ ကိုယ် ကွန်ပြူတာရှေ့ ကထရတော့မယ် မထင်…………မထင်..။



E လိုဖတ်ချင်သူများ
ဘာသာပြန်မှားသွားမှာစိုး၍ ကိုယ်တိုင်ပြန်ဖတ်ကြရန်။
>
> visited
>

I know!!! You're like my number one reader but please please please only comment if you have something more to add then to tell me you've been to my site. Tell me I've written something badly or that my writing this week is boring ...anything... but comments like "visited" and "read" are just not interesting to read. Not for me nor the rest of my readers.

I got so annoyed of it, I once commented "Seen" on one of your posts :(

When my other readers read comments like "Visited", they assume I'm forcing people to come visit my site. It gives the impression that you were under obligation to visit or read. I know it is a common thing and a good thing to say among Myanmar blogs like "လာလယ်သွား ပါတယ်။"
"ဖတ်သွားတယ် နော်။" but the language just doesn't translate to the same meaning when you say it in English.

61 comments:

  1. ပထမပါပဲကွယ်ငှဲငှဲငှဲ

    ReplyDelete
  2. အဲဒါကြောင့်ပြောတာဗြိတိသျှလိုဆိုကာကာမဖတ်တာ
    မတတ်တော့ မဖတ်ဘူးလေ ဟီးဟီး အရင်ပထမနေရာယူပြီး
    အခုမှစာဖတ်ပြီးလို့

    ReplyDelete
  3. အနော်လည်း ဘာပြောရမှန်း မသိတော့ဝူး။ ဘာဖြစ်ဖြစ် အချိန်တွေပေးပြီး ဘလော့ဂ်တွေ အများကြီးကို လာဖတ် အားပေးနိုင်တဲ့ မခင်ဦးမေကို လေးစားပါတယ်။ ကိုယ်တိုင်လည်း ဒီလို မတတ်နိုင်ခဲ့ပါ။

    ReplyDelete
  4. မမ အဖြစ်ကို ရီချင်နေတယ်..
    ရီလိုက်ရင်လည်း..ပေါ့သွားမှာစိုးတယ်..
    မြင်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်ပုံပြင်လေး
    ပြေးမြင်ယောင်နေတယ်..

    Xထုံ

    ReplyDelete
  5. တွေးနေသည်။ စဉ်းစားနေသည်..။

    ReplyDelete
  6. ကွန်မန့် ရှည်ရှည် ရေးစေချင်သူကို
    အချိန်ရရင် ရေးခဲ့ပေါ့...
    မရရင်တော့ တိတ်တိတ်လေး ပြန်ခဲ့တာ
    ပိုကောင်းမယ် ထင်တယ်...
    တချို့က ခံစားချက် ပြင်းတယ်လေ...း)

    အများစုကတော့ အေးဆေးပါပဲ.... ဖတ်ရတဲ့သူတွေမှာ အချိန်လည်း နည်းတယ်ဆိုတာ နားလည်ပါတယ်...

    ReplyDelete
  7. “သင်၏လွတ်လပ်မှုသည် သင်ကိုယ်တိုင်ပင် ဖြစ်သည်”


    ဆိုင်လား မဆိုင်လားတော့မသိ ရေးလိုက်ပါပြီ။

    သုခမိန်(E-Journal)

    ReplyDelete
  8. အင်းးး

    visited :)

    ReplyDelete
  9. ဟီးဟီး.. ကောမန့်ဖတ်ပြီးရယ်စရာတွေ့လို့ မနေနိုင်၊ မထိုင်နိုင် ပါမိပြန်ပြီ...။
    “သင်၏လွတ်လပ်မှုသည် သင်ကိုယ်တိုင်ပင် ဖြစ်သည်”
    လို့ မန့်ထားတဲ့ ကိုသုခမိန်ရဲ့ နစ်က "တားမြစ် ထားသော"
    ဖြစ်နေတော့ ရယ်ချင်သွားတာ...။

    _______ထုံ

    ReplyDelete
  10. လူအမျိုးမျိုး စိတ်အထွေထွေပေါ့ မမ။ ဘာပဲပြောပြော မမ စာလာဖတ်ရင်တော့ ၀မ်းသာမိတာပါပဲ။ မမ ကွန်မန့်မချန်ခဲ့တဲ့ အခါတိုင်းလဲ နားလည်ပေးနိုင် ခဲ့ပါတယ်။
    မမလို စိတ်ရှင်းရှင်းနဲ့ လူတိုင်းကို မေတ္တာ စေတနာ ထားနိုင်တာ ချိုသင်းစိတ်ထဲမှာတော့ ခံစားလို့ ရနေခဲ့တယ်။ မအားရင်တောင် မမဘလော့ဂ်ကို စိတ်ချမ်းသာလို့ တနေ့ တခေါက်တော့ ရောက်ပါတယ်။
    ချစ်ညီမ လှထုံ

    ReplyDelete
  11. မမဂျီး- ဘာတွေလဲ..
    တချို့လူတွေက..နားမလည်ချင်စရာပဲ။
    ကျမဆီမှာတော့..မမဂျီး ပြောခဲ့လဲ ရတယ်..သိတယ်..မပြောခဲ့လဲ ရတယ်.. သိတယ်။
    ခက်တယ်..ခက်တယ်..သိပ်ခက်တယ်။ ဘလော့ဖတ်တာ လည်တာ..နှုတ်ဆက်တာ..ပိုင်ရှင်က..ဖွင့်ထားရင်..ကိုယ်လဲ နှစ်သက်သလို လုပ်နိုင်တာပဲ။

    ReplyDelete
  12. မမရေ ဒီပို့စ်နဲ့တော့ မဆိုင်ပါဘူး မဆိုင်တာတစ်ခု လာရေးတာပါ အနော်က မမရဲ့စာတွေကို အမြဲလာဖတ်တဲ့ မမရဲ့ပရိသတ်တစ်ယောက်ပါ မနေ့က မမရဲ့ blog ကိုလာလည်ခဲ့ပါတယ် invited reader ဖြစ်နေပါတယ် အနော် ကွန်ပြူတာရဲ့ အပြစ်ကြောင့်လားတော့မသိပါဘူး မမရေ တကယ်လို့များ အဲဒီလိုဖြစ်သွားရင် အနော်တော်တော်ဝမ်းနည်းရပါလိမ့်မယ် နောက်ကို အဲလို မလုပ်ပါနဲ့နော်... request တာပါ မမရေ ...

    မြတ်နိုးဦး

    ReplyDelete
  13. မမစာတွေကို သိပ်ကြိုက်ပါတယ် comment မရေးတတ်လို့ comment မထားခဲ့တတ်ပေမယ့် အမြဲ ဖတ်နေကျ ပရိသတ်ပါရှင်
    မြတ်နိုးဦး

    ReplyDelete
  14. မမ သဘောအတိုင်းပဲ။ မမကိုမြင်ရင် စိတ်ချမ်းသာပါတယ်။
    တကယ်ပြောတာပါ။ blog တွေကို တချို့ ကြိုက်လို့ ဖတ်တယ်။ တချို့ စိတ်ဝင်စားလို့၊ တချို့ ရီရလို့၊ တချို့ ကြည့်မရလို့ ဘာမဟုတ်တာတွေ အိုဗာတင်းဖျော်နေသလဲလို့ (အားအားယားယား) အကုသိုလ်ယူဖို့ ဖတ်တယ်။ မမ blog ကိုတော့ ချစ်လို့ စိတ်ချမ်းသာလို့ ဖတ်တယ်။ ဒီလိုပဲ ကျွန်မ blog ကို မမ လာတာသိရင်လဲ စိတ်ချမ်းသာတယ်။ ကျန်တာ မမ တီဘော .. မမ တီဘော။ (တကယ် အတည်ပြောတာ.. မမ တော်တော် ဆုတောင်းကောင်းခဲ့တာ)

    ReplyDelete
  15. >> မမ အဖြစ်ကို ရီချင်နေတယ်..
    >> ရီလိုက်ရင်လည်း..ပေါ့သွားမှာစိုးတယ်..

    ရယ်စရာ ဟုတ်တယ် :D ကျနော် ကတော့ လေးလေးပင်ပင် စဉ်းစား မနေပါဘူး။

    ကွန်မန့် တိုတို အစား ဘာမှမရေး တာကိုပိုလိုချင်တယ် ဆိုတာကို in ga late လို ရေးလိုက်တာ စာထဲမှာ စာလုံးတွေ အများကြီးပါသွားပြီး meaning ပျောက်သွားတာပါ

    မြင်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်ပုံပြင်လေး... အမှန်ပဲ
    ကျနော်ကတော့ လိုချင်တဲ့ ပရီဖားရန့်(စ်) ကိုတောင်းဆိုလိုက်တာပါ။

    လာလယ် တဲ့သူတွေကိုတော့ အမြဲကျေးဇူးတင်ပါတယ်။

    ReplyDelete
  16. visited တို့ read တို့ မလုပ်ပဲ အဲသလိုလုပ်ပါတယ်။

    ReplyDelete
  17. အယ် .. ဘလော့စောင့်နတ်ကြီးဘဲကွယ် .. ဂလောက်များ စိတ်ထဲထားမနေပါနဲ့။ ပျော်ပျော်ပါးပါး ဆက်ဖတ် ဆက်ရေး။ ကျွန်တော်ကတော့ အသစ်တွေသိခြင်ရင် ဒီလာရှာလိုက်တာဘဲ။ အရီးကွန်လောက် ဘယ်သူမှ မသွားနိုင်ဘူးထင်တာဘဲ။ လက်ဖျားခါတယ်။ အံ့ရော။

    ReplyDelete
  18. ကျန်ပါသေးတယ် မမ kom.. လာဖတ်တဲ့လူ တွေရဲ့ ကော်မန့်တွေကိုလည်း ပြန်လည်ဖြေကြား ပေးစေလိုပါတယ်.. ကိုယ့်ရဲ့ ကော်မန့်အပေါ်မှာ စာရေးသူ ဘယ်လိုသဘောထားတယ် ဆိုတာကို လည်းသိချင်ပါတယ်.. မမရဲ့ပို့စ်တွေမှာ ကော်မန့် က လေး/ ငါးဆယ် လောက်ပဲ ရှိတာပါ။ အချိန်မရရင် laptop လေးကို လည်ပင်းမှာ ဆွဲထားဖို့ အကြံပေး လိုပါတယ်.. :P (ခင်မင်မှုဖြင့် ဤစာကိုရေးပါသည်။)

    မမလိုမျိုး လူတော်တော်များများ မလုပ်နိုင်ပါဘူး.. စိတ်မကောင်းမဖြစ်ပါနဲ့..

    ReplyDelete
  19. မမခင်ဦးမေရေ.. ဘာမှ စိတ်ထဲမထားပါနဲ့.. ပျော်ပျော်ပဲ နေပါ။ အမ ကျနော်တို့ဆီရောက်ပြီး comment တိုတိုရေးလည်း ရီရလို့ သဘောကျတာပဲ.. တခါတလေ တချို့ comment တွေကို အမ ၀င်ဖြေပေးတာ ဖတ်ရပြီး ရီရတယ်.. ရောက်လာပြီး comment မရေးရင်လည်း ဘယ်လိုမှ သဘောမထားဘူး အမ.. စိတ်ထဲလည်း ဘာမှ သိပ်ခံစားမနေနဲ့နော်.. :)

    ReplyDelete
  20. ဟားဟား..
    ဘယ်နှာ..Zatlite ဆိုတဲ့သူက ကျနော်ပြောတာပဲ
    ပြန်ပြောနေတာပါလိမ့်လို့ စဉ်စားနေတာ..
    အခုမှ သဘောပေါက်တော့တယ်..
    သူက ဇာတ်လိုက် ကိုးး...
    ဟားဟား
    Xထုံ
    (စိတ်မဆိုးပါနဲ့..အပြင်မှာလည်းအော်ရီနေမိလို့ပါ..)

    ReplyDelete
  21. မမရေ

    ကျမကတော့ အမျိုးမျိုးသော ပြဿနာတွေ ကြုံလာပြီးတဲ့နောက်မှာ ဘလော့ကို အရင်ကလောက် အလေးမထားတော့ဘူး။ စိတ်လည်း မထည့်တော့ဘူး။ :P :D
    လုပ်ချင်သလိုသာ လုပ်ကြပါစေတော့ဆိုပြီး လွှတ်ထားပေးလိုက်တယ်သိလား။ :)
    အခုဆို စိတ်ချမ်းသာမှသာ။

    မမလည်း အရမ်းကြီး စိတ်ထဲထားမနေပါနဲ့။
    လူအမျိုးမျိုး စိတ်အထွေထွေမလို့ လူတိုင်းမှာ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိပါတယ်။
    သူ လိုချင်တာကို အတတ်နိုင်ဆုံး လိုက်လျောပေးလိုက်ရင် အစစအရာရာ အဆင်ပြေသွားမှာပါ။ မလုပ်နိုင်တာကြီးကိုတော့ အတင်းအကျပ်မလုပ်တာ အကောင်းဆုံးပါပဲ။
    အဓိကကတော့ အရမ်းမခံစားပါနဲ့ မမ။ ပျော်ရွှင်ပါစေ။

    ReplyDelete
  22. မမ လာလည်တယ် ဆိုရင်ပဲ ဝမ်းသာလှပါပြီ

    ReplyDelete
  23. သူလည်း သူ့သဘော၊ အမလည်း အမသဘောပေါ့။

    အမြင်မတူတဲ့အခါ တစ်ဖက်နဲ့ တစ်ဖက် ပွင့်လင်းစွာ ယဉ်ယဉ်ကျေးကျေး အသိပေးတာဟာ ကောင်းတဲ့ အလေ့အထလို့ မြင်တာပဲ။ အလေးထားရာလည်း ရောက်၊ ကိုယ် မစဉ်းစားမိတာလည်း စဉ်းစားမိ၊ ကိုယ်လည်း သေသေချာချာ ဖြေရှင်းခွင့်ရတာပေါ့။ မဟုတ်ဘူးလား။

    ဒါနဲ့ ကျွန်မဆီမှာ အမ visited လို့တောင် မရေးသွားတဲ့အခါတွေ အများကြီးပဲ။ ပြန်စဉ်းစားရင်း ကိုယ့်အသည်းတွေ ကွဲကြေကုန်ပါပြီကွယ်း)

    ReplyDelete
  24. ဟိုနေ့ကလို invited reader only နောက်မလုပ်ရဘူးနော်း)

    ReplyDelete
  25. တခါတလေကျတော့လည်း
    တချို့ပိုစ့်တွေက ကွန်မန့်ရေးရခက်နေတတ်တယ်...
    ရောက်လာကြောင်းလည်းပြောချင်တယ်..
    အဲလိုလေးတွေပေါံ အစ်မရယ်

    ReplyDelete
  26. ဘာရေးရမှန်းမသိ
    လို့ (၃)ခါမြောက်အလည်
    ရောက်အပြီးမှာ မန့် လိုက်ပါတယ်။
    ပြောတတ်ပါဘူးအမရယ်..

    ReplyDelete
  27. visited :)

    read....:P

    ကြည်

    ReplyDelete
  28. မမရေ..
    ဘာဘဲဖြစ်ဖြစ်ကူးကူးဘလော့မှာတော့
    visited ဘဲရေးရေး..
    ... အစက်လေးဘဲချသွားသွား..
    လာသွားတယ်ဆိုတာသိတာနဲ့တင်စိတ်ချမ်း
    သာပါတယ်။ counter ရှိပေမယ့်
    ကိုယ်တိုင် ချန်ထားတဲ့စာလေးနဲနဲက
    အများကြီးပိုအဓိပယ်ရှိတယ်လို့ယူဆပါတယ်။

    ReplyDelete
  29. Anyway you have some kind of attractiveness. That's why you got so many comments over any kind of posts. Cheers!

    ReplyDelete
  30. လူအမျိုးမျိုး စိတ်အဖုံဖုံပါ။ စိတ်ထဲမထားပါနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ ပါးပါးစိတ်နဲ့သာလျှောက်လည်ပါ။

    ဒါနဲ့ စကားမစပ်...
    မမဆီရောက်တိုင်း ပျော်ပြီး ပြုံးမိတယ်။

    ReplyDelete
  31. မမ..လူအမျိုးမျိး စိတ်အထွေထွေမို့...လူတိုင်းကို ကျေနပ်အောင် လုပ်ဖို့ဆိုတာ မလွယ်ဘူးလေ..။ မမက စိတ်မကောင်းဖြစ်နေတာကိုး။ သူလည်း သူခံယူချက်နဲ့ သူဖြစ်မှာပေါ့ မမရယ်။ အိမ်လည်လာပြီး ဘာနဲ့မှ ဧည့်မခံလိုက်ရပဲ အပေါက်ဝကနေ လှည့်ပြန်သွားတယ်လို့ ခံစားရလို့ ဖြစ်မယ်..။ မမကို ချစ်ကြပါတယ်..အားလုံးက..။ ကျမလည်း မမဆီ အမြဲရောက်အောင်လာပြီး မမ စီဘောက်စ်မှာ အလွတ်ကျက်ထားတဲ့ respect နဲ့ pgi တစ်ခုခု ရိုက်ပြိး ပြန်ပြေးရတာတွေလည်း ရှိတယ်..။

    ပျော်ပျော်နေပါ မမရေ..။

    ReplyDelete
  32. ကမ္ဘာ့အရောင်းအသွက်ဆုံး ကမ္ဘာကျော် စာရေးဆရာကြီးတွေကို မေးချင်တယ်။
    ငါ့စာအုပ်တွေတော့ ဖတ်ပြီး ငါ့ဆီ ဘာစာမှ ပြန်ရေးဖော်မရတဲ့ စာဖတ်ပရိသတ်တွေ တေဂျင်းဆိုးနဲ့ တေပါစေလို့ ကျိန်ဆဲတတ်ကြလား။ ငါ့ဆီ ထင်မြင်ချက် စာပြန်မရေးနိုင်ရင် ငါ့စာအုပ် မဖတ်ရလို့ အမိန့်ထုတ်ကြလားလို့။
    သေချာတာက အရောင်းသွက် စာရေးဆရာဘ၀ကနေ အရောင်းထိုင်း စာရေးဆရာ ဖြစ်သွားဖို့ ၁၀၀% မို့ ဘယ်သူမှ ပြောမှာမဟုတ်ဘူး။
    ပိုသေချာတာက မြန်မာပရိသတ်မို့လို့ သည်းခံတာ။ နိုင်ငံခြားပရိသတ်ကို ဒါမျိုး သွားလုပ်ရင် နားကြားပြင်းကပ်တာနဲ့ သတ်ပစ်နိုင်တယ်။ သေနတ်တွေက ၀ယ်လို့ ပေါမှပေါ။

    ReplyDelete
  33. Forced by no one-Visited
    Forced by no one-Read
    Forced by no one-Make comment
    Foeced by no one-Leave

    ReplyDelete
  34. ဘာပြောရမှန်း မသိတော့ဘူးမမ။

    ReplyDelete
  35. တခုခုရေးမလို့ပြင်ပြီး
    ဘာရေးရမှန်းမသိလို့
    ဘာမှမဟုတ်တဲ့ အကြောင်းပဲ
    ရေးလိုက်တယ်။
    မမရေ.
    အေးဆေး။

    ReplyDelete
  36. မမရေ..
    စိတ်ထဲမှာ မထားပါနဲ့..
    မီးမီးကတော့ မမဘာမှ မရေးခဲ့လဲ ထရပ်ဖစ်မှာ မမရဲ့
    လင့်ကလေးတွေ့နေရတာနဲ့တင် မမလာလည်သွားတယ်
    ထင်တယ်ဆိုပြီး ၀မ်းသာမိပါ၏။ ဟီး
    ဆိုင်လားမသိဘူး..၀င်ဖောသွားပြန်ပြီ။
    မီးမီးက အရှည်ကြီးမန့်တတ်လို့ မနည်းထိန်းနေရတာ။း)

    အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

    ReplyDelete
  37. မမရေ. အကျင့်ကမပျောက်သေးဘူး။ ရေးဘို့မေ့သွား
    လို့ နောက်တစ်ခေါက်ပြန်လာရေးတာပါ။
    များများရေးရင် များများအမှားပါတတ်တယ် မမရဲ့..
    အဲဒါ မီးမီးကိုယ်တွေ့.. ဟီး
    တိုတိုလေးပဲကောင်းပါတယ်။
    မမ အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  38. မကြီးkom
    ဘာရေးရေးချစ်တယ်၊ခင်တယ်၊မရေးခဲ့လဲခင်တယ်။
း)

    ReplyDelete
  39. ထုံးစံအတိုင်း တိတ်တိတ်လှည့်ပြန်သွားဦးမလို့။ အမရယ်... အနော်တို့ဆို လာသွားတာ သိလိုက်ရရင်ကို အတော်ပျော်တာ။ ကိစ္စမရှိ၊ ပြောချင်က ပြောနိုင်၏။ ပြောရန်မရှိက နားလည်ပေးပါ၏။ အားလုံး အေးဆေး... အမ busy လို့ပါလေဆိုပြီး :D

    ReplyDelete
  40. မကြီးက ဘလော့ဂ်တွေအများကြီးနဲ့ သိတာကိုး။ မီးမီးတော့ သိပေါင်။ ဒါနဲ့ မီးမီးပို့ စ်သစ်တက်မလာပါလား။ လင့်ဖြုတ်လိုက်တာလား။ အဲလိုမရက်စက်သင့်ပါဘူး။

    ReplyDelete
  41. တခုနားမလည်တာ က ဒီဘလော့မှာ ဘာမှ မယ်မယ်ရရ ဗဟုသုတဖြစ်စရာ မှတ်သားစရာ ဒါမှ မဟုတ် ရသပိုင်းဆိုင်ရာ သို့မဟုတ် သတင်းအတင်းအဖျင်းစတာတွေလည်းမဟုတ် ပို့စ်ဖြစ်ပြီးရော တင်နေပေမယ့် ကွန်မန့်တွေ တအားများတာ ထူးဆန်းတယ် ။ ပီယဆေးရှိတယ်ထင်တယ် ။ ဆင်စွယ်နန်းရှင် သခင်မ လားလို့တောင် ထင်မိပါသေးသဗျာ ။
    anonymous လားဟေ့...ဝင်ခဲ့လေကွယ်..ခွိခွိ

    ReplyDelete
  42. 2nd time visited.Enjoyed again loads of comments

    ReplyDelete
  43. ၂၄နာရီလောက် မမဘလော့ဂ်ကို မလာမိတာနဲ့ သတင်းလွတ်သွားတယ်.. ဟီးဟီး.. ပျော်လို့လာတာပါ.. မန့်ချင်တဲ့အခါ မန့်ပါတယ်.. အသစ်တွေ ဖတ်ချင်လည်း မမဆီပဲ လင့်လာရှာပါတယ်။ မမရေ ပျော်ပျော်နေပါ...

    ReplyDelete
  44. I must admit when you left similar message in my blog, I didn't get what it was and what you meant. Later I realised that you just showed you arrived and you're still pending your proper feedback, taking some time. That is what you normally do I know that, no worry :)

    ReplyDelete
  45. But one time what I thought that if you said "read". We normally produce our response in our mind once you read article, newspapers and so on. For some reason, you did not reveal it, just saying visited or read. That means you dont support what I posted and not bothering to argue against. That is what came to my mind. I dont know about what Zatlite thought.

    ReplyDelete
  46. တိတ်တိတ်ကလေးဘဲဖတ်သွားရတော့မလားလို့ အန်တီ..။
    အန်တီKOM ခံစားနေရတာတွေကိုလည်းနားလည်ပါတယ်..

    ReplyDelete
  47. လူကြီးတွေစကားပြောကြတော့ ကလေးကဘေးနားကထိုင်နားထောင်သွားတယ်..။

    ReplyDelete
  48. အန်တီ ... ကျနော်လည်း သွားပြီး visited လိုက်တယ်။

    တို့ အန်တီကိုများ ... :D

    ReplyDelete
  49. ကျွန်မ မနုသွဲ့ ပြောတာကို လက်ခံပါတယ်။ လူနှစ်ဦး အမြင်မတူတာကို အသိပေးတဲ့ သဘောပဲ ဖြစ်မှာပါ။ အဲဒီတော့လည်း သူ့အမြင်အတိုင်း ဘာမှ ပြောစရာမရှိတဲ့ အခါ တိတ်တိတ်လေး နေလိုက်ပေါ့ မခင်ဦးမေရယ်။

    ReplyDelete
  50. I'm just happy to know that you're alive.

    ReplyDelete
  51. မမရေ... GreenGirl ကတော့ ကိုယ့်ဆီကို လာလည်နေကျလူတွေ ပျောက်နေရင် လိုက်ရှာတယ်။ ကောင်တာပဲတက်ပြီး ဘာမှရေးထားတာမတွေ့ရင်လည်း ငါ့ဆီမှာ ဖတ်စရာဘာမှထူးခြားတာမရှိလို့နေမှာပဲလို့ တွေးလိုက်တယ်။ ရေးရေးမရေးရေး စိတ်မဆိုးပါဘူး။ မမလည်း ကိုယ်စိတ်ချမ်းသာသလိုသာနေနော်။ အရာအားလုံးကိုသာ ထည့်စဉ်းစားရရင် နေစရာနေရာမရှိတော့ဘူး မမရယ် :)

    ReplyDelete
  52. မမရယ်...
    ရယ် ....
    ရယ်..

    ReplyDelete
  53. visited ဆိုလဲ ok
    read ဆိုလဲ ok
    ဘယ်လို လာလာ ကြိုမယ်၊

    ReplyDelete
  54. မီယာပြောသလိုပါပဲ
    ၂၄ နာရီလောက် ဘလော့ဂ်တွေနဲ့ ပြတ်သွားတာ
    တော်တော်လွတ်သွားတာပဲ...
    ဘာတွေပဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို ကိုယ့်စိတ်ဆန္ဒ ရှိသလို ပြုမူဆောင်ရွက်တာ အကောင်းဆုံးပါလေ...
    မမ စိတ်ချမ်းသာ ပျော်ရွှင်စွာ ဘလော့ဂ်နိုင်ပါစေ

    ReplyDelete
  55. တစ်ချို့က စာမဖက်ပဲ မန့်တာက ရှိသေးတယ်လေ။
    မအားရင်လည်မလည်နဲ့ပေါ့ လာလည်ရင် ဖက်ပေါ့။
    အဖက်ခံချင်လို့ ရေးပါတယ်ဆို မဖက်တော့ feel ငုတ်တာပေါ့
    . အမ ညီမဆီလာရင် ဖက်ရမယ်နော် '
    ညီမလည်း ဖက်တယ်လေ

    ReplyDelete
  56. visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited visited

    ဘာရမလဲ။ ငါကွ။

    ReplyDelete
  57. Hi, I am new here.

    ReplyDelete
  58. Completely I share your opinion. It seems to me it is excellent idea. I agree with you.

    ReplyDelete