Thursday, March 19, 2009

rubbish


အခုတစ်လော အတော်ကြီးကို ခေါင်းစားနေတယ်။ ပြသာနာက definition ဘဲ။ အကျိုးပြူစာပေ ဆိုတာ ဘာလဲ။ ဘာကို အကျိုးပြူ ပေးရမလဲ။

တကယ်ကိုပါ ဘဲ စဉ်းစားနေပါတယ်။ rubbish တွေ မရေးဘဲ အကြံပြူသလို informative, knowledgeable stuff တွေ ရေးဘို့စိတ်ကူးကြည့်တယ်။ ဖြစ်ညှစ်ပြီး စိတ်ကူးပါတယ်။ သွားရင်းလာရင်းနဲ့လည်း စဉ်းစားနေတယ်။ တစ်သက်လုံး ကလွန်းထားထား နဲ့ နေနော်နဲ့ ကံချွန်နဲ့ မောင်သောင်းထိုက်နဲ့ဘဲ နေလာတော့ ခက်နေတယ။် ကြိုးစားပါဦးမည်။

အခုလောလောဆယ်တော့ ဒါလေးဘှဲရှူ စားသွားပါဦး။။ ဈေးသိတ်မကြီးပါဘူး။ ပေါပေါလေး ။ ပိုက်ဆံအိတ် တစ်လုံးဘယ်လောက်လဲ သိတဲ့သူကို ဖုံးနံပါတ် ပေးမယ်။

61 comments:

  1. ပိုက်ဆံ အိပ်တော့ ဈေးမသိ။ ဒီနေ့ နံပါတ် ၁ ရ လို့ပျော် ၏

    ReplyDelete
  2. ကောင်းကင်ပြာ ပြီးတော့ နေညိုရင့်ပါ။ ဟီ.. ကြုံဖူးဘူး.. ဒီလို အဆင့်ပြိုင်ပွဲ..။ နံပါတ် ၃ နေရာ.. အချောင် ရလိုက်တယ် ။ လိုချင်ရင်.. ဦးရာလူစနစ်နဲ့  လေလံပွဲ လုပ်ပေးမယ်။ :P
    ပြောချင်တာပြောပြီး အိမ်ရှင်ကို မနှုတ်ဆက်ရသေးဘူး..ဟီ။ မီးမီး..အဲ.. မ kom စာပေတွေ အကျိုးပြုပါတယ်ဗျာ။

    ReplyDelete
  3. $20-$30 ကြားခန့်မှန်းလိုက်မယ်..။ သိပ်အလေးအနက်မထားပါနဲ့ အေးဆေးပါ။

    ReplyDelete
  4. definition ကို ခဏထားပါဦး...
    ဘယ်သူက ဘယ်သူ့ကို အတင်း သေနတ်နဲ့ ချိန်ပြီး အကျိုးပြုခိုင်းနေတာလဲ...
    အဲတာလေး အရင် ဖြေပါဦး...

    ReplyDelete
  5. ခေါင်းစားယင်ခေါင်းဖြူမယ်
    တော်အောင်နေယင် ..........
    ပြောတော့ဖူး
    ပျော်အောင်နေ ယင် အေးဆေးပဲ။

    ReplyDelete
  6. မမရဲ့ မိတ်ကပ် ပစ္စည်းတွေ... ပိုက်ဆံအိတ်က S$9.99. မှန်ရင် တကယ် ဆုပေးနော်။ အမှိုက်လား ဘာလားတော့ မသိ ဒီကိုနေ့တိုင်း တခေါက်မက လာတာ ယောကျာ်းကတောင် မင်း ခင်ဦးမေကို obsessed ဖြစ်နေပြီ လို့ ပြောနေတယ်... နိုးတာနဲ့ ဒီရောက်လာပြီး မအိပ်ခင် လည်း ထပ်သွားလို့

    ReplyDelete
  7. 19 Mar 09, 01:59 AM
    Kyaw Thein soe: Hallo? I.you ko love

    ကျော်သိန်းစိုးတို့လန်တယ် ဘလိုင်းကြီးကိုချစ်ခွင့်ပန်တော့တာပဲ ဟ ဟ ဟ၊
    kom မုန့်ကြွေးရမယ် :D

    ReplyDelete
  8. ဘာမှ အခုမှလာပြီး rubbishတွေ၊informative, knowledgeable stuff တွေလုပ်မနေတဲ့တော့ လာဖတ်တယ့်သူတွေလည်းအူကြောင်ကြောင်ဖြစ်ကုန်တာကြာပြီ မထူးတော့ဘူး ရေးချင်တာ၊ လုပ်ချင်တာသာဆက်လုပ်တော့ သန်းခေါင်ထက်တော့ညမနက်တော့ဘူး။

    ReplyDelete
  9. Lost in communication or lost in translation !

    Not all informative and knowledgeable items are Not always Positive, not always fruitful , ie, not always အကျိုးပြု.

    Please don't mess it up.

    Example one. You can't say sharing the info or knowledge about how to cheat a husband or wife is အကျိုးပြု. But it would be informative and knowledgeable post for some people.

    Let me give you one more simple example.

    Mr Pitt is tall. But not all tall men are Mr Pitt. Sorry if I am patronising. :)

    ReplyDelete
  10. မမရေ
    ပိုက်ဆံအိတ်က ဘယ်လောက်လဲတော့ မသိ၊ ဘေးနားက မျက်တောင်တုကြီးကို စိတ်ဝင်စားသွားပြီ။ မမက အဲဒါကြီး တကယ်တပ်တာလား။ အမလေးလေး.. :D
    မမရေ မမကို လူတိုင်းချစ်တာ၊ ဘယ်သူ့မှ အပြစ်မမြင်။ မမစိတ်ရင်းကို သိရင် ချစ်သွားကြတာချည်း..။
    ရိုးသားမှုသာ ချစ်စရာပါ မမရေ..

    ReplyDelete
  11. ဖုန်းနံပါတ်? ဘာလုပ်ရမှာလဲလို့..ဟင့်အင်း..ဦးkmsl ကိုင်လိုက်ရင်ဘယ်လိုလုပ်မလဲ(ဖုန်းပြောတာပါ)"တစ်သက်လုံး ကလွန်းထားထား နဲ့ နေနော်နဲ့ ကံချွန်နဲ့ မောင်သောင်းထိုက်နဲ့ဘဲ နေလာတော့ ခက်နေတယ။်"
    တသက်လုံးနေလာတယ်ဆိုတော့ တယောက်အကြောင်းတယောက်သိကြမှာပဲ။ သူတို့အကြောင်းတွေကိုပဲ တွေ့ရကြုံရသူတို့ဘဝဆိုပြီး ရေးပေါ့ အန်တီကွန်ရဲ့။

    ReplyDelete
  12. 1$! 9$! 20$! 25$!.... 100$! တစ်ခုခုတော့ မှန်မှာပဲ တိန်.... ပေးတော့ ဖုံးနံပါတ်... :P

    ReplyDelete
  13. ဟာ ဒါတိုက်ရိုက်ကြီး စိန်ခေါ်တာပဲ

    ReplyDelete
  14. အယ်..မမ လှလှတွေပြင်တော့မယ်..း)း)
    မီးမီးက နံပါတ်မှာ ၁၅... :P

    ReplyDelete
  15. နာ နံပါတ်က ၁၆ တွ ကောင်းရော အဟဲ ပိုက်ပိုက်ကတော့ ၂၅ ကျပ်လောက် ရှိရောပေါ့ အဟဲ စလုံး ပိုက်ပိုက်နဲ့ ပြောတာနော် အမရေ ပျော်ရွှင်နေတာပဲ ကောင်းပါတယ် ဘာတွေရေးရေး ကောင်းတာပဲ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  16. အလှပြင်ပစ္စည်းတွေဝယ်လို့ အလကားရလာတာ...

    ReplyDelete
  17. အိတ်ကြီးဝယ်လို့ အိတ်လေးရတာလား။ မဟုတ်ရင် ဘယ်လောက်လဲ။ OG မှာ discountရှိတယ်ကြားတယ်။ ဟုတ်လားမမ။

    ReplyDelete
  18. ဖုန်းနံပါတ်က 199 လား :)
    မပေးနဲ့တော့ အဖြေကိုတော့သိသား ဆက်စရာကဒ်မရှိလို့ မဆက်တော့ဘူး :P

    ReplyDelete
  19. မဂွိစ်ရေ
    ရေးချင်တာသာရေးပါ။ မဖတ်ချင်တဲ့သူ ကျော်သွားပါလိမ့်မယ်။ ကိုယ်ရေးသမျှ ပို့စ်ကို လူတိုင်းက ကြိုက်မှာ မဟုတ်ပါဘူး။ အကျိုးပြု စာပေ ဆိုတာ လူကြိုက်အနည်းဆုံး ပို့စ် အမျိုးအစားပါ။ မယုံရင် ကျွန်တော့် ဘလော့ခ်ရဲ့ LogFile ပြပါ့မယ်။ :P Hit အများဆုံးက ပေါက်တတ်ကရ ရေးထားတဲ့ ပို့စ်တွေချည်းပါပဲ။

    အကျိုးပြု စာပေမရေးလို့ ဘလော့ခ် မရေးရဘူး ဆိုရင် Dawn Yang တို့၊ Monique တို့လို ဘလော့ဂါမ ချောချောကလေးတွေ ထိုင်ငိုနေပါဦးမယ်။ :D

    ReplyDelete
  20. "အကျိုးပြူစာပေ ဆိုတာ ဘာလဲ"
    ဒီလို သတ်ပုံအမှားတွေကိုဖတ်ပြီး တော့ရယ်လိုက်ရတယ်ဆိုရင် လူတွေကိုပျော်အောင်လုပ်ပေးလို့ အကျိုးပြူနည်း တစ်မျိုးပါလေ..
    tuition intensive ဆိုပြီး boy တွေအတွက် အကျိုးပြူခဲ့တယ်..
    girl တွေအတွက် nature of man လို ပိန်ဖေါင်းနိယာမ လေးတွေနဲ့...
    ရာသီဥတုအကြောင်းမသိမှာ စိုးလို့ weather report ဆိုပြီး ပန်းပုံတွေ၊ MRT ပုံတွေရိုက်ပြခဲ့တယ်လေ..
    နိုင်ငံခြားကလူတွေ မေ့သွားမှာစိုးလို့ crazy ဆိုတဲ့ ငရုပ်သီးပုံ..
    မျူိုး လို့တစ်ခါခေါ်လိုက်တိုင်း မျက်နှာ ရှုံ့သွားရလို့ အကြောပြေသွားရတာတွေ..
    အို ပြောရရင် အများကြီးအများကြီး မမကွန်း အကျိုးပြူခဲ့တာတွေ..
    (ဟီးဟီးရေးနေရင်းနဲ့ကိုရယ်ချင်လာလို့..ဒါလည်းမမရဲ့ အကျိုးပြုခြင်းပဲ)

    ReplyDelete
  21. ဘယ်တူက အကျိုးပြုခိုင်းတာလဲ။ ကိုအောင်သာငယ် မေးတာကို ထောက်ခံတယ်။

    ReplyDelete
  22. အဓိပ၌ါယ်တခုခု မရှိပဲနဲ့တော့ ဒီဘလော့ ဒီလောက် လူစည်မယ် မထင်
    လာဖတ်သူတွေ အကျိုးရှိလို့ ပဲ လာကြတာပေါ့
    ကိုယ့်လမ်း ကိုယ် လျှောက်တာ အကောာင်းဆုံးပါ
    ဘေးပြောစကားတွေ ယုံမိရင် မKOM ရဲ့မူပိုင်ဟန်တွေပျက်သါားလိမ့်မယ်
    ဒီအတိုင်းနေ..း)

    ReplyDelete
  23. Hey ma ma ..Are you using false eye lashes? I think the purse is $10.00? is it correct? Pls reply.:p

    ReplyDelete
  24. မမရယ်။ ပေတံဆိုတာ တစ်ယောက်တစ်မျိုး တိုင်းချင်တာနဲ့တိုင်းကြတာ။ WeSheMe ကပြောသလို ပြောရရင် မမခင်ဦးမေဟော်မုန်းတွေ ဘယ်ရောက်သွားလဲ ဖြစ်သွားပါ့မယ်။ စိတ်ချမ်းသာသလိုသာ စီမံပါဗျာ။ :)

    ReplyDelete
  25. ပြုံးရ၊ ရယ်ရလို့ ရုပ်သင့်သက်သာတဲ့အကျိုးတစ်ခုက ပစ်မလွဲရှိနေတယ်....။
    ရေးချင်တာသာရေးပါ....။
    တို့များလို ပညာရှိများကတော့ ဘယ်လိုစာဖြစ်ဖြစ် ကိုယ့်အတွက် အကျိုးရှိတာလေးတွေ စစ်ထုတ်ယူသွားမှာပါ......
    ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  26. မာလကာသီးမမတို့များ ရဲချက်ကတော့...ဘုရား ဘုရား

    ReplyDelete
  27. ရုပ်ရင့် ရေးတာ ရုပ်သင့် ဖစ်တွားလို့.....။
    strike နော်...... ပစ်ထည့်လိုက်ရ.....။

    ReplyDelete
  28. jia yo!!

    ဒါက စီရုပ်လို အားပေးတာ။

    keep go on

    ဒါက အင်ဂုလိ လို ဆက်လုပ် လို့ ပြောတာ။

    ReplyDelete
  29. क्या कभी आप जैसे लिखने

    ReplyDelete
  30. Hello Daw Daw KOM,
    Rubbish, Informative! If i wanna know about them, I gonna read the books. Now I am away from my home, moreover away from our warm Myanmar society. So, i love to visit you blog. I read and laugh your posts. I will smile at the funny comments of other bloggers and readers. I can't start my day without your posts, your funny experiences, your lovely and wrong spelling posts. When i visit your blog, i feel that i am listening my elders's chatting. I usually like the chatting of you and myo, strike, tza, sindanlar, ma za ni, blue sky,mia, ksanchaung,-------oh-------all. so, go ahead.

    ReplyDelete
  31. မလိခလည်း မမကိုစွဲနေပြီ... တကယ်... မနေ့က modem ပျက်သွားလို့နေမထိထိုင်မသာဖြစ်ရသေးတယ်.... အဲဒါကြောင့် ၃၂ဖြစ်သွားတာ..း(...
    မမ ရေးချင်တာသာရေး ညီမကတော့ ဖတ်မှာပဲ.:) သူများကိုရယ်အောင် ပြုံးအောင်လုပ်နိုင်တာ အကျိုးပြုတာပါပဲ

    ReplyDelete
  32. ခေါင်းစားမခံပါနဲ့။ ခါးစောင်းသွားတတ်တယ်။ သတိထား။

    Informative ဆိုတာ “အိမ်ဖော်မတင့်”ကို ပြောတာ။

    လွန်းထားထားနဲ့ နေနော်ကို သိပ်မကြိုက်။ ကံချွန်နဲ့ သောင်းထိုက် (သတ်ပုံမှားနေတယ်။ မောင်ကောင်းထိုက်)ကတော့ ရယ်ရဒယ်။

    ဈေးပေါတယ်ဆိုပြီး ၀ယ်ရင်းနဲ့ အသုံးမတည့်တာတွေ အိမ်မှာ ပုံနေမယ်။

    ဒီအမျိုးသမီး အလှမက်မယ့် ပုံပဲ။ KMSL တော့ ဒုက္ခ။

    ReplyDelete
  33. strike is really really funny^^

    strike said...

    ဘာမှ အခုမှလာပြီး rubbishတွေ၊informative, knowledgeable stuff တွေလုပ်မနေတဲ့တော့ လာဖတ်တယ့်သူတွေလည်းအူကြောင်ကြောင်ဖြစ်ကုန်တာကြာပြီ မထူးတော့ဘူး ရေးချင်တာ၊ လုပ်ချင်တာသာဆက်လုပ်တော့ သန်းခေါင်ထက်တော့ညမနက်တော့ဘူး။

    ReplyDelete
  34. ဒီ Anonymous ဟာ strike ရဲ့ကွန်မက်တွေကို တိတ်တခိုးသဘောကျနေတယ် ဆိုတဲ့ ခွေဖြူလေးများလားကွယ်.. :)

    16 Mar 09, 13:01
    ခရေဖြူ: မမကွန် နဲ စထရိုက်နဲ ချကြရင် ဘုဘက်ပါရပါ့ (မမကွန်ကလဲ ကိုယ့်မကြီး ဆိုတော့၊ စထရိုက်ကလဲ တိတ်တခိုး သဘောကျနေတဲ ကွန်မန့်များရှင် ဆိုတော့ တော့ တော့ တော့)

    ReplyDelete
  35. ဒီထက် ပြည့်စုံတဲ့ အကျိုးပြု စာရှိအုန်းမလား အစ်မရဲ့ ။ အစ်မ စာထဲ အကုန်ပါတယ်။ ကျမဖြင့် သဘောကျ လွန်းလို့ ပါ။ လိုရင်းကို တိုတို ရှင်းရှင်း ရေးတဲ့ လိုတိုရှင်း ဇွန်းသုံးချောင်းတပ် ရှယ်ပါပဲ။


    အယ်ဇီ

    ReplyDelete
  36. 19 Mar 09, 05:20 PM
    sin dan lar: အကျိုးပြုစာပေဆိုတာ 3 ထပ်တိုက်ပေါ်က ခုန်ချခိုင်းတဲ့စာပေပါမမ၊ အခန့်မသင့်ရင်အကျိုးပြုရုံမက၊အသေပါပြုနိုင်ပါတယ် မမ။ ရေးနဲ့နော်

    ReplyDelete
  37. မမရေးတာကို ဖတ်ပြီး ရီနေရတာနဲ့ တင် စာဖတ်သူတွေကို အကျိုးပြုနေပြီမို့  ဒါ အကျိုးပြုစာပေလို့ သာမှတ်လိုက်ပါ။ ဆက်လုပ်ရဲဘော်

    ReplyDelete
  38. ဘယ်သူတွေ ဘာပြောပြော ဒီဘလောဂ့်ရောက်ရင် ပျော်တယ်..ဟေး..

    ReplyDelete
  39. ပုံထဲက rubbish တွေ လွင့်ပစ်မလို့လား ..
    နှမြောစရာကြီး အစ်မ . . .
    ;-P

    sin dan lar said...

    19 Mar 09, 05:20 PM
    sin dan lar: အကျိုးပြုစာပေဆိုတာ 3 ထပ်တိုက်ပေါ်က ခုန်ချခိုင်းတဲ့စာပေပါမမ၊ အခန့်မသင့်ရင်အကျိုးပြုရုံမက၊အသေပါပြုနိုင်ပါတယ် မမ။ ရေးနဲ့နော်

    ထောက်ခံ၏။

    ReplyDelete
  40. ဆင်ဒဏ်လား တို့IQမြင့်ချက်ကတော့။

    ...Paris Hilton ကြိုက်တယ့် ပဲရစ်ဆင်ဆင်ရေ Paris Hilton လေးလိုဝတ်ပြမယ်ဆိုတာလဲမမေ့နဲ့အုံးနော်၊ကိုကိုကာလသားတွေက
    တမေးထဲမေးနေကြပြီ။

    ReplyDelete
  41. မမ KOM ရေ...

    အပေါ်မှာ ပြောပြီးသွားကြပြီ :)
    သူတို့ပြောတဲ့ အတိုင်းပါပဲ :D

    အပင်မြင့်လေ လေတိုက်ခံရလေ ပဲ ဆိုတဲ့ သဘောပေါ့နော် ဆိုင်လားမဆိုင်လားမသိ :)

    မမ စတိုင် အတိုင်းသာ ဆက်ရေးပါ.....

    tz

    ReplyDelete
  42. အမရယ်။
    ဘယ်သူဘာပြောပြောဂရုမစိုက်ပါနဲ့။
    အပင်မြင့်လေ လေတိုက်ခံရလေပဲတဲ့။
    အမရေးတဲစာတွေက ရီလဲရီရတယ်။
    ဖတ်ရတာလဲပေါ့ပေါ့ပါးပါးရှိတယ်
    ကော်မန့်တွေက အစ လိုက်ဖတ်မိတယ်။
    ဘာပဲဖြစ်ဖြစ်ဆက်သာရေး။
    ဒီကအားပေးနေတယ်။
    ။ဆင်ဒဏ်လားနဲ့။ စထရိုက်။ပေါက်သူတို့ကိုတောင်မှတ်မိနေပီ။ :D
    star

    ReplyDelete
  43. အမရယ်။
    ဘယ်သူဘာပြောပြောဂရုမစိုက်ပါနဲ့။
    အပင်မြင့်လေ လေတိုက်ခံရလေပဲတဲ့။
    အမရေးတဲစာတွေက ရီလဲရီရတယ်။
    ဖတ်ရတာလဲပေါ့ပေါ့ပါးပါးရှိတယ်
    ကော်မန့်တွေက အစ လိုက်ဖတ်မိတယ်။
    ဘာပဲဖြစ်ဖြစ်ဆက်သာရေး။
    ဒီကအားပေးနေတယ်။
    ။ဆင်ဒဏ်လားနဲ့။ စထရိုက်။ပေါက်သူတို့ကိုတောင်မှတ်မိနေပီ။ :D
    star

    ReplyDelete
  44. ဖုန်းနံပတ်ရရင်တောင်ပိုက်ဆံကကုန်အုံးမှာ..
    နေပါစေ..ဆားနဲ့ ပဲစားတော့မယ်..
    အဟေးးဟေးး

    ReplyDelete
  45. မမဂွိ က သူငှေးပါ လေ ၊၊ ပီကေ ကျွေးပါ ၊၊

    ReplyDelete
  46. မမကွမ်းရေ
    မမကို ဘယ်သူက ဘာတွေ ရေးခိုင်းနေနေ အာရုံရတာရေးပါဗျာ။
    ကျွန်တော်တို့ကတော့ လာဖတ်နေမှာပဲ။

    ReplyDelete
  47. LOL ... who cares?

    ReplyDelete
  48. အမှန်ကိုဝန်ခံရရင်..
    ပို့စ်ကိုရော..ကောမန့်တွေပါ နားမလည်ဘူး.။
    ရေးထားတာအရမ်းမြင့်တာပဲ..
    Xထုံ

    ReplyDelete
  49. သြော်..အရေးထဲ.

    မာလကာသီးသည် “စန္ဒာလ” နဲ့ “သပိတ်သမား”
    တို့က တစ်မှောင့် သူများအိမ် လာသတ်နေကြတယ်..
    (ဒါ “Public Area” လို့ သတ်မှတ်လို့ရတယ်)
    ကျိမ်ဒဏ်နော်...ဟွန်း...ကျပ်..ကျပ် .

    အမ်.မေ့တော့မယ်.
    ဒီလောက် အားပေးတဲ့သူတွေများနေတာ.
    လူမျိုးကို စုံလို့
    ------------------------------------------------
    Phyo Maw said...
    jia yo!!
    ဒါက စီရုပ်လို အားပေးတာ။
    keep go on
    ဒါက အင်ဂုလိ လို ဆက်လုပ် လို့
    ပြောတာ။

    March 19, 2009 2:05 PM


    strike said...
    क्या कभी आप जैसे लिखने
    March 19, 2009 2:37 PM

    -----------------------------------------------------
    ဒီလိုအောင်မြင်ဖို့ လွယ်တာမှတ်လို့...(အနည်းဆုံးတော့ အိပ်ရေးပျက် ဖူးမယ်.)
    ခင်မင်မှု မရှိရင် ဘယ်သူကမှ “မန့်” မယ်မထင်မိ.
    မျှောက်တယ် မထင်ပါနဲ့ “ပင့်” တာ.ဆွမ်းခံ ကြွပါ ဆရာလေး..^_^

    ရပြီးရင် ပြစ်ပြစ် သွားတဲ့ “ရပြစ်” “အိမ်ဖော်မတင့်” ကို “အနော့်အလှည့်ပေးမလား” လို့ “Stuff” တွေကို သွားမေးမနေပါနဲ့...အဲဒါ “ဒီဘက်ကနေရှင်း” ပြဿနာပေါ့. *_*

    ရေးစရာ ရှိတာဆက်သာရေးပါ..ဗျာ


    ချစ်ခင်သူတွေ များတဲ့


    လူမုန်း

    ReplyDelete
  50. myo...

    im not ခွေဖြူ ^ _ ^

    ဒီ Anonymous ဟာ strike ရဲ့ကွန်မက်တွေကို တိတ်တခိုးသဘောကျနေတယ် ဆိုတဲ့ ခွေဖြူလေးများလားကွယ်.. :)

    ReplyDelete
  51. မခင်ဦးမေရဲ့ ဘလော့ကို အမြဲလာဖတ်ဖြစ်သလို ခင်ရာ ခင်ကြောင်း မိတ်ဆွေတွေကိုလည်း ဖတ်ဖို့ ညွှန်ပေးဖြစ်တယ်။ အမရဲ့ ဘလော့ကို ဖတ်ပြီးရင် စိတ်လက်ပေါ့ပါး ကြည်လင် သွားရလို့ပါ။ စာတွင် မဟုတ်ဘူး ... ကွန်မန့်တွေ ဖတ်ရတာလည်း ပျော်စရာကောင်းတယ်။

    အမရဲ့ စာတွေ စာလုံးပေါင်းမှားတယ် ဆိုပေမဲ့ ဒါကလည်း အမရဲ့ သင်္ကေတ တခုလို ဖြစ်နေတော့တာ။ နောက်ပိုင်း စာလုံးပေါင်းမှန်သွားရင်တောင် မခင်ဦးမေမှ ဟုတ်ရဲ့လားလို့ ဇဝေဇ၀ါ ဖြစ်နိုင်တယ်နော် :)

    အခုအတိုင်းပဲ ကောင်းပါတယ် မခင်ဦးမေ ...။ ဖျစ်လဲ မရေးနဲ့ ညှစ်လဲ မရေးပါနဲ့။ rubbish လို့ သတ်မှတ်သူတွေ လာမဖတ်ရုံပေါ့။ ဂရုမစိုက်ပါနဲ့ အမရယ်။ ကျမကတော့ ဒီလိုဘလော့လေးတခုလဲ ရှိနေဖို့ လိုအပ်တယ် ထင်တာပါပဲ။

    ပျော်ရွှင်ပါစေ ...
    မေဓာဝီ

    ReplyDelete
  52. Anonymous star said...

    အမရယ်။
    ဘယ်သူဘာပြောပြောဂရုမစိုက်ပါနဲ့။
    အပင်မြင့်လေ လေတိုက်ခံရလေပဲတဲ့

    of course, I made a false wind. My elder sister is Ma khin oo may. she is peace whatever I said.

    ReplyDelete
  53. ပိုက်ဆံအိတ် သုံးလုံး ၁၀ ပါ။

    ReplyDelete
  54. လာတာနောက်ကျလို့ ဘိတ်ချီးဖြစ်တွားဘီ ..း( ဒါပေမယ့် အားမငယ်ပါဘူး .. နောက်ကရီရင် ၁ ပဲ :D

    ReplyDelete
  55. အဲဒါနဲ့ပဲ ဘယ်သူမှဖုန်းနံပါတ်မရကြပါဘူးတဲ့ကွယ်။ သို့ပါသော်လည်း အားကြိုးမာန်တက်လာရောက်ဖြေဆိုသောသူများကို လေးစားသောအားဖြင့် ဖုန်းနံပါတ်ကိုပေးပါမယ်တဲ့နော်။

    ကြည်

    ReplyDelete
  56. $15 . can buy the shop which beside tampines posb branch.... Now.... give me phone number...:)

    ReplyDelete
  57. မမ..မမ..မမ..မမ..
    စတိုင်တွေကတော့တကယ်လန်းတယ်..
    ရေးချင်တာရေး..ဖတ်တတ်သလိုဖတ်သွားတယ်။

    ReplyDelete
  58. စိတ်နှလုံးရွှင်ပြုံးအောင် ရေးတဲ့စာမျိုးကို အကျိုးပြုစာထဲမထည့်ချင်ဘူးဆိုရင် အကျိုးပြုဆိုတာ ဘာလဲ။

    ReplyDelete
  59. ကလူသစ် ပြောသလို ဘယ်စာထဲ သွားထည့်ရမှာလဲ.. ချီးထုပ်ကျတဲ့စာ လို့ ပြောရမှာလား...
    အလေးအနက် မရှိတဲ့စာတွေ လို့ ပြောရမှာလား...
    လမ်းဘေးက စာတွေလို့ ပြောရမှာလား...
    ဘေထုပ်စာတွေလို့ ပြောရမှာလား...
    xxxx ပြောရမှာလား...
    ပြောလိုက်စမ်းဘာ အရပ်ကတို့
    လုပ်ဇာတ် မဟုတ်ရပါဘူး ပရိသတ်ကြီးတို့ရာ...။
    ဖြုတ်ထုတ်သတ်.. အဲ... မဟုတ်မဟတ် မလုပ်တဲ့ တရုတ်နပ်ပါ...။

    ဘာပြောပြော မညီ ညီအောင် ကာရံပလိုက်တယ်။
    မော်ဒိန်ကွ...။ မဒန်ဘူး.. ဟိဟိ
    (ပျော်နေထှာ...)

    ReplyDelete