Thursday, April 30, 2009

Yangon 2

ရန်ကုန်သင်္ကြန်နဲ့ဝေးခဲ့တာ အတော်ကြာခဲ့ပြီ။ ကြာဆို ထွက်လာတဲ့ နစ်ကတည်းကဘဲ။ အဲဒီနစ်က သင်္ကြန်တွင်းကြီး စလုံးကို စလာဘူးခဲ့တယ။် အဲဒီကတည်းက လွဲခဲ့တာ ကြာခဲ့ပြီ။ ဒီနစ် ချိန်ပြီး ပြန်လိုက်တယ်။ သယ်ချင်းတွေ ကို ဖုံးဆက်တော့ တစ်ယောက်ပြီး တစ်ယောက် က ငြင်းကြတယ်။ အသက်ကြီးပါပြီကွာ။ ဘုရားတရားလုပ်သင့်နေပါပြီတို့ ဘာတို့ညာတို့ နဲ့ နောက်ဆုံးတော့လည်း ကိုယ့်လိုဘဲ အသက်ကြီးပေမဲ့ မကြီးသေးဘူး ငယ်ပါသေးတယ်လို့ထင်နေတဲ့ အုပ်စုကလည်း ရှိနေသေးတာဘဲ။ ချိတ်ဆက်မိသွားတယ်။

မနက် ကားနဲ့ လျောက်ကြည့်တယ။် သူ့ဘာသာ တော့စည်ကားတယ်လို့တော့ထင်တာပါဘဲ။ အမြင်ပေါ်မူတည်တယ်။ ခြောက်တဲ့ နေရာသွားရင်တော့လည်း မစည်ဘူးလို့ ပြောလို့ ရသလို အင်းယားလမ်း သွားရင်တော့မစည်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။




















ဓါတ်ပုံတွေ ကတော့ နေရာအစုံဘဲ။ စိတ်ကူးပေါက်တဲ့ နေရာရိုက်လာတာ ဆိုတော့ မှတ်မိတာလည်းရှိ။ မမှတ်မိတာလည်းရှိ။

















သွားရင်းလာရင်း မုန့်လုံးရေပေါ်စားခဲ့ရသေးတယ်။ ဝမ်းသာလိုက်တာ။ စားချင်နေတာကတော့ အများကြီး။ စားပြီးရင်းစားချင်နေတာပါဘဲ။













ရေကျော်ထဲက မြောင်းကြီးနဲ့ မီးရထားလမ်း။ ဘေးကလူတွေ က အော်ကြတယ်။ ပြူတ်ကျမှာစိုးလို့။ ကိုယ်အရင်တုံးက ဒီလိုမျိုးမှာ ပြေးနေကျ ဆိုတာ သူတို့မှ မသိတာဘဲ။စိတ်ပူနိုင်ပါတယ်။ ပြူတ်ကျရင် ဆယ်မရဘူး လို့လည်း ဘေးကနေ အားပေး နေကြသေးတယ်။














အင်းယားလမ်းက ရေကစားတဲ့နေရာရောက်သွားတယ်။ အတော်စည်တယ်။ လူကြိတ်ကြိတ်တိုးဘဲ။ သူငယ်ချင်းကားကို ယုဒသန်ရှေ့နားလောက် ရပ်ပြီး လမ်းလျောက်ကြတယ်။ ရေဝယ်သောက်တယ်။ ဘယာကြော်သေးသေးလေးတွေ စားတယ်။ လျောက်ရင်းနဲ့ ရေလုံးတွေ က များလာတယ်။ အရင်ဆုံးကိုယ့်ဦးထုပ်ပျောက်သွားတယ်။ ခဏနေတော့ပုဝါ ပျောက်သွားတယ်။ တော်ကြာနေတော့ လက်ပတ်နာရီ မရှိတော့ဘူး။ ပြူတ်ကျခဲ့တယ်လို့ ခန့်မှန်းကြည့်တယ်။ ရေစိုခံပလက်စတစ်အိတ်တွေ အရောင်းသွက်တယ်။ တကယ်လဲ ရေလုံတယ်။ တယ်လီဖုံးတွေ ရေစိုခံမှာစိုးလို့ ဝယ်ထည့်ကြတယ်။ အဲဒီအိတ်ကလေးတွေ ကယ်လို့ဖုံ့းတွေ အပျက်နည်းသွားတယ်။ မဟုတ်လို့ကတော့ ဒီရေလုံးတွေ နဲ့ ရေကန်ထဲ ကို ဖုံးချလိုက်သလိုဘဲနေမယ်။






































































ညနေစောင်းလာသလိုပွဲလည်းပို စည်လာတယ်။ ပွဲမသိမ်းခင် နောက်တစ်ပွဲဆက်ကြတယ်။ ရွေလီ အကင်ဆိုင်။ စီဒိုးနား နားကို သွားကြတယ်။ ရောက်တဲ့သူက ရောက်နင့်လို့စတဲ့သူက စနှင့်နေကြပြီ။ ပွဲကောင်းတယ်။
ကာရာအိုကေ ဆက်သွားချင်တဲ့သူက ရှိသေးတယ်။ ညီမလေးများမရှိဘူးဆိုပြီး မသွားချင်ပါဘူးဆိုတဲ့ အစ်ကိုများက ကန့်ကွက်တာနဲ့ သွားမဆိုရလို့ မကျေမနပ်ဖြစ်တဲ့သူက ရှိသေးတယ်။






အဲဒီညက မီးပျက်တယ်။ ပိုက်ဆံတွေ ရေစိုကုန်လို့ တစ်ရွက်ချင်း ဖြန့် အခြောက်ခံ. မိုးလင်းမှ ပြန်ကောက်ခဲ့ရတယ်။








42 comments:

  1. အနော် ရပြီဟ ပထမ အရင် အော်မှ

    ReplyDelete
  2. အဟဲ အရင်အော်ထားတာ ခုမှ မန့်မှာ ဟီးးးးးးးးးး
    ပျော်ရွှင်စရာ သင်္ကြန်ကို ကဲခဲ့တယ်ပေါ့။ ပိုက်ပိုက်တွေ အများကြီးပဲ မုန့်လုံးရေပေါ်လဲ စားချင်တယ် ယူတော့ ယူလာပေးဘူးပေါ့ အဟင့်



    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  3. Jelous..., But happy to read!!!

    :))

    ReplyDelete
  4. E မကောင်းဘူးကွယ်။ ငါ့နှယ် Jealous ပေါင်းတာတောင် မှားရတယ်။

    မနာလိုဘူးဟေ့။ ဖတ်ရတာတော့ ပျော်သား။

    :))

    ReplyDelete
  5. မမ...အတွေ့အကြုံတွေ လာဖတ်သွားတယ်

    ReplyDelete
  6. မရေ.............
    ပျော်ခဲ့တယ်ပေါ့.........
    ပျော်နိုင်ပါစေ............

    ReplyDelete
  7. မနာလိုဘူး ဟေ့...

    ReplyDelete
  8. ပျော်နိုင်သူတွေ ပျော်ကြပါ ပျော်ကြပါ :)

    ReplyDelete
  9. မမ အရန်းပျော်ခဲ့ပုံပဲ၊ ဗယာကြော်နဲ့ မုန့်လုံးရေပေါ်စားချင်တယ်၊ သင်္ကြန်ကျတိုင်း စာမေးပွဲချိန်မို့လို့ တခါမှ မပြန်ဖူးသေးဘူး၊ အခုပြန်ရင် မဏ္ဍပ်မှာ အသက်ကြီးလို့ဆိုပြီး ရေတောင် အပက်ခံရပါ့မလား မသိဘူး၊

    ReplyDelete
  10. မမက ရေကျော်မြောင်းကြီးဘေး ရထားလမ်းအပေါက်ကြီးမှာ ဘာသွားလုပ်တာတုန်း။
    အပေါ့သွားဖို့ အိမ်သာတွေ ရှိသား မဟုတ်လား။
    ခက်တော့တာပဲ မမရယ်။

    ReplyDelete
  11. ဟားဟားဟား အန်တီ မိုးချိုသင်းက ရီရတယ်

    ReplyDelete
  12. ပျော်စရာကောင်းပါတယ်ခင်ဗျာ

    ReplyDelete
  13. မမဂွိစ်စ် တကယ်မနာလိုပါ။
    တဖက်ကလည်း အားကျနေတယ်။

    ReplyDelete
  14. နောက်ဆုံးတော့လဲ တထောင်တန်တွေ ဖြန့် ကြဲပြပြီး ကြွားသွားတာပါပဲ။ ခံလိုက်ရပြန်ပြီ တခါ။

    ReplyDelete
  15. မုန့်လုံးရေပေါ် စားချင်တယ်

    Xထုံ

    ReplyDelete
  16. ပျော်စရာကြီးနေမှာပဲ.. အခက်အခဲတွေကြားက မရ အရ ဓာတ်ပုံရိုက်ယူ မှတ်တမ်းတင်ခဲ့တဲ့ မမကွန်ကို ဒီကနေ ကျေးဇူးတင်လိုက်ပါတယ်၊ ဘယ်ကနေလဲ ဟုတ်လား၊ မသိဘူး၊ ဒီကနေပဲ။

    ReplyDelete
  17. စန်တိုစာက ဝယ်သွားတဲ့ ဖိနပ်လေးရေမျောမသွားလို့ တော်သေးတာပေါ့ မမ

    ReplyDelete
  18. မမ kom

    ပျော်စရာကြီးးးးးးးးးးးးး

    ReplyDelete
  19. သင်္ကြန်ပုံတွေတ၀ကြည့်တယ် မမရေ
    ဗယာကြော်သေးသေးလေးတွေစားချင်တယ်
    အသုတ်စုံတွေစားချင်တယ် ..

    ReplyDelete
  20. မမ kom မှ ဟုတ်ရဲ့လားလို့သံသယ ဝင်မိတယ်.. ရန်ကုန်ကပြန်လာတာနဲ့ စာလုံးပေါင်းတွေမှန်သွားတယ်..
    (နည်းနည်း လွဲနေတာကလွဲလို့)
    အံ့သြစရာကြီး ဒါမှ မဟုတ် ကိုမဆလာ ရိုက်ပေးနေတာလားဟင်..

    တော်ပါသေးရဲ့ မမလုံချည်ဝတ်မသွားလို့..

    ReplyDelete
  21. nice n happy to read. :-)

    Including MCT comments :o). I guess , is she always thinking of that ?? just kidding. :))

    ReplyDelete
  22. I can not read those comment, What burmese font should I download? Thanks

    ReplyDelete
  23. maKOM...Thanks for sharing your happy moments. Did your KMSL go back together with you?

    ReplyDelete
  24.ွှမီးမီးချစ်April 30, 2009 at 11:10 AM

    မမ ကဲတော့ ကိုမဆလာ ကြီးရော ပါရဲ့လား...း)
    ခေါ်မသွားနဲ့နော် လက်စားပြန်ချေ

    ReplyDelete
  25. အော် သူတော်တော်ကဲခဲ့တာပဲ။ ထောင်တန်တွေ အုပ်လိုက်ကိုင်သုံးပြီးတော့ကိုကဲခဲ့တာပဲ။ မနာလိုရင်းနဲ့ အားကျ....ခက်ပြီ။ပုံတွေကြည့်ရတာတော့ စည်ကားမဲ့သဘောရှိတယ်။ပျော်ခဲ့တယ်ပေါ့နော်။

    ReplyDelete
  26. ပျော်စရာကြီး နာလိုဘူး

    ReplyDelete
  27. အင်း... သူများတွေ ပျော်နေတာ... မနာလိုစရာကောင်းလိုက်တာ...

    ReplyDelete
  28. အော်... ပျော်ခဲ့ပုံ ပျော်ခဲ့ပုံ

    တရားစခန်းတော့ မ၀င်ခဲ့ဘူးပေါ့လေ :)

    ReplyDelete
  29. ပိုက်ဆံမရှိတာနဲ့ အတော်ပဲ။ ပိုက်ဆံပုံကို မသွားပြီ။
    လည်လည်လာဦးလေ အစ်မ။

    ReplyDelete
  30. ပိုက်ပိုက်တွေ အများကြီးပဲ၊ မမ။ နာလိုဘူး။ ပျော်ခဲ့တာလည်း မနည်းမနောပဲ။ အားလည်းကျတယ်။ တိတ်ချက်သားကောင်းပါတယ် မှတ်တာ။ ကိုနတ်ရှင်နဲ့ စိတ်ကောက်နေတဲ့နေရာ ရောက်နေတာကိုး။ ပြန်ရောက်ပြီဆိုတော့ ပြန်ရေးတော့နော်... နော် မမ။ :D

    ReplyDelete
  31. တို့အမကြီးက ရန်ကုန်ပြန်ပြီး သူငယ်ပြန်ခဲ့တာပေါ့လေ :)
    ဓာတ်ပုံနဲ့ စာနဲ့ တင်ပြပုံလေးတွေ ကောင်းတယ်။
    ဖယောင်းတိုင်လေးနဲ့ ပိုက်ဆံထောင်တန်တွေပုံက အမိုက်ဆုံးပဲ။ ခေတ်ကို ထင်ဟပ်နေတယ်။
    ပွဲတော်ရာသီရဲ့ မြို့ပြညပေါ့ ...
    ကဗျာရေးမလို့ အတွေးတောင် ရသွားတယ်။

    ReplyDelete
  32. ပြန်သွားတယ်လို့ သတင်းကြားကတည်းက လွမ်းနေတာ…
    ဟိုမှာ အတော်ပျော်ခဲ့ပုံပဲ...
    မမပုံတွေ ကြည့်ပြီး ချမ်းလာတယ်… သင်္ကြန်နဲ့ ဝေးတာကြာတော့ အဲလောက်အကြာကြီး ရေပက်ခံနိုင်ပါ့မလားလို့  တွေးမိတယ်… မုန့် လုံးရေပေါ်တွေ သွားရေကျသွားတယ်…

    ReplyDelete
  33. မမပြောတော့ ပျော်စရာကြီးပဲ..
    မီးမီးလည်း ၂၀၀၇ က သင်္ကြန်ပြန်ခဲ့ပေမယ့် သင်္ကြန်
    မလည်ဖြစ်ခဲ့ဘူး... သမီးလေးကတော့ သူ့အန်တီတွေ
    နဲ့ အင်းယားသွားကြတယ်လေ.း)

    ReplyDelete
  34. အင်း။ ရန်ကုန်က သားသားလို လူရမ်းကားတောင် အဲ့သလောက်စုံအောင် မသွားနိုင်ဘူး။ လေးစားတယ်။

    ReplyDelete
  35. ငါတို့မမ အပြတ် မိုက်တယ်ဟေ့

    ReplyDelete
  36. ဘယ်လို Dressing နဲ့သွားလဲ
    သိချင်လိုက်တာ။

    ReplyDelete
  37. ဦးထုပ်၊ ပဝါ၊ လက်ပတ်နာရီ တခုပြီးတခု လွင့်သွားတဲ့ အကြောင်း၊ အရေးအသားကို သဘောကျတယ်။
    အပေါ်က မောင် ပြောသလိုမျိုးပဲ ပိုက်ဆံတထောင်တန်တွေက လက်ရှိရန်ကုန်မှာ ဖြစ်နေတာတွေကို တထပ်ထဲ ထင်ဟပ်နေတယ်။
    ရန်ကုန်မှာ ကိုးနတ်ရှင်ကြောင့် ဘယ်လောက်စိတ်ညစ်ခဲ့ရကြောင်းရယ်၊ အခက်အခဲတွေကြားက ဘယ်လို ကိုယ့်ဘလောဂ့်ကို ဝင်ရတယ် ဆိုတဲ့ အကြောင်းတွေ ရေးပါဦး အန်တီကွန်။

    ReplyDelete
  38. ဓာတ်ပုံတွေ အပြတ်ရိုက်ပြီး အပြတ်ကိုပျော်မြူးလာတာပါလား မမkomရေ အားကျလိုက်တာ။
    ဟိုသီချင်းလေးလိုပေါ့ “အားကျတယ် အားကျတယ် အားကျရုံပဲတတ်နိုင်ပါတော့တယ်” အဟဲ

    ReplyDelete
  39. နာလို ဘူးးးးးးးးးးးးး

    ReplyDelete
  40. နွေးနေခြည်May 4, 2009 at 12:56 PM

    မုန့်လုံးရေပေါ်အဟမ်းမရ စားချင်နေမှန်း သိသာတယ်။
    ပန်းကန် တ၀က်ကုန်မှ ဓာတ်ပုံရိုက်ဖို့ သတိရတယ်

    ReplyDelete