Wednesday, May 6, 2009

bread

ပေါင်မုန့်
နိုင့်ငံခြားနေတာ ပေါင်မုန့်ကြိုက်တတ်လို့တော်သေးတယ်။ တစ်ချို့ဆို ပေါင်မုန့်မကြိုက်တတ်လို့ အတော် ဒုက္ခ ရောက်တယ်။ အခုကတော့အိုကေပါတယ်။ ဘိုက်ဆာရင် ပေါင်မုန့်ထုတ်ဝါးနေရုံဘဲ ။ အညိုက ပိုကောင်းတယ။် အဖြူဆိုရင် သုံးချပ် လောက်စားမှ ဝတယ်။ အညိုက တစ်ချပ်ဆိုရင်တောင် မဆိုးဘူး။ ရန်ကုန်မှာတုံးကတော့ ပေါင်မုန့်မိးကင် ထောပတ်သုတ် ဆိုတာ လဘက်ရည်ဆိုင်ထိုင်ရင် တမင်မှာစားခဲ့ရတာကိုး။ ။အခုတော့ အိုကေဘဲ။ ဝါသနာပါရင် သကြားလေးပါ ဖြူးလိုက်လို့ရသေးတယ်။ သကြားတစ်ကျပ်ဘို့ဆိုရင် တစ်နှစ်လောက်စားယူရတယ။်

တစ်ခါတစ်လေ တော့လည်းဒီလို ပေါင်မုန့်ဝယ်စားတယ။် ဈေးကတော့တစ်ခုကို အကြမ်းဖျင်းမြန်မာငွေ ၈၀၀ လောက်ပေါ့။ ဟို အထုပ်ကတော့ ဘိုက်ဆာရင် ထုတ်စားတယ်။ ငယ်စဉ်ကာလ က ဘိုက်ဆာ ခဲ့ရဘူးလို့လားမသိဘူး ကိုယ့်ကိုကိုယ် သံသယ ရှိတယ်။ psychological trauma ပေါ့။ ဘိုက်မဆာရလေအောင် အမြဲဘဲ အဆင်သင့်ပြင်ထားလေ့ရှိတယ။် ဘိုက်ဆာပြီး စားစရာမရှိမှာ ကို သိတ်စိတ်ပူတယ်။ အဲဒါနဲ့ ဘဲ စားစရာ ကိုအမြဲ သိုလှောင်ထားလေ့ရှိပါတယ။်

54 comments:

  1. တူတူပဲ ကျနော်လည်း ပေါင်မုန့်ကြိုက်တယ် :)

    ReplyDelete
  2. ကျနော်ပေါင်မုန့်မကြိုက်ပေမယ့်..
    တခါတရံစားလေ့ရှိပါတယ်..
    `` မချစ်သော်လည်းအောင့်ကာနမ်း´´
    ဆိုသလိုပေါ့..

    Xထုံ

    ReplyDelete
  3. ပေါင်မုန့်အရမ်းကြိုက်တယ်။ ငပိကြော်လေးနဲ့တွဲစားမလား။
    ပေါင်မုန့်မီးကင် ထောပတ်သုတ်၊ ပေါင်မုန့်ကို နီု့ဆီဆမ်း၊
    တစ်ခါတစ်လေ ပဲပြုတ်ဆီဆမ်းလေး ညှပ်စားသေးတယ်။
    ဟော..စိတ်ကူးပေါက်ရင် ဟင်းနဲ့တို့စားလဲ ကောင်းတာပဲ။
    ပေါင်မုန့်ကို နွားနို့နဲ့သကြားဖျော်ထားတာလေး လောင်းပြီး
    ပေါင်မုန့်နွားနို့ဆမ်းလဲ စားကောင်းတာပဲ။ ဒါပေမယ့် ဟမ်ဘာဂါတော့
    မကြိုက်ဘူး။

    ReplyDelete
  4. ပေါင်မုန့်ကို ငပိထောင်းလေးနဲ့ရော စားဖူးလားဟင် မမ

    ReplyDelete
  5. အော် မမရယ်

    ReplyDelete
  6. ပေါင်မုန့်ကို အကြိုက်ကြီးထဲမှာတော့ မပါ...
    ဒါပေမဲ့ စလုံးကိုရောက်ပြီးမှ breadtalk က အသားမှုန့် ကပ်ထားတဲ့ ပေါင်မုန့်ကို တော်တော်ကြိုက်တယ်..။

    ReplyDelete
  7. ဒီကတော့ ပေါင်မုန့်မကြိုက်တတ်တာဆိုတော့ ဒုက္ခရောက်တဲ့ အထဲမှာပါတယ် :(

    KYAW

    ReplyDelete
  8. ငယ်စဉ်ကာလ က ဘိုက်ဆာခဲ့ရဘူးတယ်ဆိုတော့ မိဘတွေကလောက်လောက်ငငမကြွေးခဲ့ဘူးလား

    ReplyDelete
  9. ပေါင်မုန်းပြီးတော့ ဘာမုန့်ကြိုက်သေးလဲ...

    ReplyDelete
  10. ကျနော်လဲပါမုန့်အညိုကိုကြိုက်တယ်
    ချိစ့်လေးညှပ် ထောပတ်သုတ်စား
    ရှယ်ပဲ

    ReplyDelete
  11. အခုပဲ ကိုနဗန ဆီက ပြန်လာတာ...
    ကိုဘက ပေါက်စီ...
    သူက ပေါင်မုန့်လုံး အကြောင်းတွေ ရေးကြတယ် လို့ တောင် ပြောခဲ့သေးတယ်...
    အခုတိုက်တိုက်ဆိုင်ဆိုင် မမက ပေါင်မုန့်တဲ့...
    သို့သော် သူတို့ရေးတဲ့ အကြောင်းနဲ့ မမရေးတဲ့ အကြောင်းကတော့ မတူပါဘူးလေ...

    ReplyDelete
  12. မြူးသျှရီMay 6, 2009 at 11:55 PM

    မြူးလဲပေါင်မုန့် ကြိုက်တယ်
    နောက်မှမမကိုပါမုန့် ဖုတ်ကျွေးမယ်နော်

    ReplyDelete
  13. တစ်ချို့ဆို ပေါင်မုန့်မကြိုက်တတ်လို့ အတော် ဒုက္ခ ရောက်တယ်။

    har har harrr i dont like it , no problem

    ReplyDelete
  14. အစားအသောက်ဆိုရင် မကြိုက် မရှိကောင်းဘူး ထင်မိတယ်။ ခါးတယ်ဆိုရင်တော့ တမျိုးပေါ့လေ။ :)

    ReplyDelete
  15. မကြိုက်ပေမဲ့ မနက်မနက်ဆို ပေါင်မုန့်နဲ့ပဲ နှစ်ပါးသွားရတယ် မမရေ

    ReplyDelete
  16. ပေါင်မုန့်လုံးဝမကြိုက်ပါ
    စားဖို့လည်းစိတ်မဝင်စားပါ...
    အမုန်းဆုံးအရာတစ်ခု ပြပါဆိုရင် ပေါင်မုန့်ပင်ဖြစ်သည် ။

    ReplyDelete
  17. ကြိုက်တယ်အမရေ.
    နံက်စား အတွက် မသွားတယ် အမရေ။

    ReplyDelete
  18. မြေပဲထောပတ်နဲ့ သုတ်စားပါတယ်။ Nutella နဲ့ သုတ်စားပါတယ်။ Nutella ကို အကြိုက်ဆုံးပါပဲ။ :)

    ReplyDelete
  19. Did you say bread? No bread in the picture. A joke again.

    ReplyDelete
  20. ပေါင်မုန့်.. အင်း..ကြိုက်တယ်တော့ မဟုတ်ဘူး..အရေးပေါ်တော့ အမြဲဆောင်ထားတတ်ပါတယ်...ကြက်ဥ မကျက်တကျက်ကြော်နဲ့ ပေါင်မုန့်နဲ့ဆို မနက်စာရပြီပေါ့.. ဒါမှမဟုတ်..ကလေးတွေကြိုက် ပေါင်မုန့်ကြက်ဥကြော် နို့ဆီဆမ်း..ထောပတ်သုတ် သကြားဖြူး.. အမျိုးစုံလုပ်စားလို့ ရတယ်လေ..Season bakery က ပေါင်မုန့်မျိုးစုံကိုလည်း အိမ်ကလူတွေ ကြိုက်ကြတယ်..

    ReplyDelete
  21. ပြင်သစ်က ဘုရင်မကြီးက နန်းတော်ရှေ့ မှာ လာပြီး ဆန္ဒပြနေတဲ့ ပြည်သူတွေကို

    "ခက်လိုက်တာရှင်... စားစရာပေါင်မုန့် မရှိရင် ကိတ်မုန့် စားကြပါတော့လား" လို့ ပြောသတဲ့...

    အခုတော့ ပေါင်မုန့် ရှိတယ်ဆိုတော့...

    ReplyDelete
  22. ပေါင်မုန့်ကြိုက်တယ် .. ဒါပေမယ့် အဲလိုပေါင်မုန့် အညိုရောင်တွေတော့ ကြိုက်ဘူး ... ပေါင်မုန့်ဆို ဖြူမှ ...

    ReplyDelete
  23. ပေါင်ဆိုရင်ညိုညို၊ဖြုဖြုကြိုက်တာပဲ

    ReplyDelete
  24. ပေါင်မုန့်ထက် ဘိန်းမိန့်ကို ပိုကြိုက်သဗျား...

    ReplyDelete
  25. ပေါင်မုန့်စား ကောင်း၏... ပေါက်စီလဲ ကောင်း၏... ကျန်းမာရေးကို ကောင်းစေ၏...း)


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  26. ကိုက်ကိုစားပြစ်မှာ...ဂွတ်...ဂွတ်..ဂွတ်..အောင်သာငယ်ပြောသာအရာနဲ့တပသ၏ပေါက်စီမပါပါ

    ReplyDelete
  27. ပေါင်မုန့်ထောပတ်သုတ်ကြိုက်တယ် မမရေ...
    ပေါင်မုန့်ထက် ဘီစကစ်ပိုကြိုက်တယ်... မမလိုပဲ ဗိုက်ဆာရင်စားဘို့ ဆောင်ထားတတ်တယ်လေ..ဘီစကစ်. :D

    ReplyDelete
  28. ရောက်ခါစတုန်းကတော့ ပေါင်မုန့်စားတယ်။ မြန်မာပြည်မှာနေတုန်းကလည်း ကိုယ့်ကိုယ်ကိုပေါင်မုန့် ကြိုက်တယ်ထင်တာ။ ဒီတိုင်းတောင်စားတယ်လေ။ အခုတော့ အနံ့လုံးဝမခံနိုင်တော့ဘူး။

    ReplyDelete
  29. ပေါင်မုန့် ကြိုက်ဘူး

    ReplyDelete
  30. စားချင်စိတ်ရှိရင်တော့ ထုတ်ဝါးနေတာပါပဲ :D

    ReplyDelete
  31. ဒီက ဒုက္ခရောက်သူပါ။ပေါင်မုန့်၊ကိတ်မုန့်၊ဘီစကစ် လုံးဝ၊လုံးဝ မကြိုက်။

    ReplyDelete
  32. အနီးစပ်ဆုံး ၇၀၀ ကျော်ပါဗျ။ :)

    ReplyDelete
  33. ၀ါး .. ချစ်ဖို့ကောင်းလိုက်တာ..
    နိုးတာနဲ့ မခင်ဦးမေဆီမှာ မနက်စာက အဆင်သင့်..
    ကျေးဇူး

    ReplyDelete
  34. Everynight, I always plan to cook something (Moat hinn khar, fried rice, etc.) for tomorrow breakfast. But everymorning, I wake up late and have breakfast with bread only whether I like it or not.

    ReplyDelete
  35. အားလုံးကတော့ အခြေအနေအရ ပေါင်မုန့်ကို မကြိုက်လည်းစားကြိုက်လည်းစားနေကြရတဲ့ ဘ၀တူတွေချည်းပါပဲလား။ ဗိုက်ဆာရင်ကော်ဖီနဲ့မျောချ။ ဆက်လက်ပြီး ဘလောက်ခ်တွေကိုလျောက်လည်..ဘ၀ဆိုတာနေတတ်ရင် ကျေနပ်စရာတွေချည်းပဲ။

    ReplyDelete
  36. ပေါင်မုန့် စားရင်း ဖတ်သွားသည်။

    ReplyDelete
  37. လုံ့ လရှိတယ်။ ပုရွက်ဆိတ်လိုပဲ။ ရိက္ခာစုဆောင်းထားတယ်။

    ReplyDelete
  38. wai နဲ့ အိမ်နီူချင်းဖြစ်ရင်ကောင်းမယ်။

    ReplyDelete
  39. ဟား ဟား ပုံနဲ့ ခေါင်းစဉ် နဲ့ တခြားစီ။ အကန့်ပြက်နေကြပါသည်။ ရွှေ ငပေါသီးတွေ

    ReplyDelete
  40. ကြိုက်တတ်ယင် ယူစားပေရော့၊

    ReplyDelete
  41. မုန့်စိမ်းပေါင်း၊ ကောက်ညှင်းပေါင်း၊ ဘိန်းမုန့်၊ ထန်းသီးမုန့်၊ ကောက်လှိုင်းတီမုန့်၊ မုန့်လိပ်ပြာ၊ မုန့်လင်မယား၊ မုန့်လက်ကောက်၊ မုန့်ပြားသလက်၊ မုန့်ကြာခွက်၊ မုန့် ..... ဘာမုန့် ကျန်သေးလဲ ... အဲဒါတွေ အကုန်ကြိုက်တယ်။

    အဲ မုန့်ရောင်းနေတာ မဟုတ်ဘူးနော်။

    ReplyDelete
  42. ကော်ဖီခွက်မ လာပြီး စာဖတ်နေပါတယ်၊၊ ပေါင်မုန့်ကျွေးပါ မမဂွိ ၊၊

    ReplyDelete
  43. “အချစ်ရယ် ပေါင်မုန့်တလုံးရယ် ဘ၀ကို ငါရောင့်ရဲတယ်”

    “ဟယ်ရီလင်း” သီချင်းလေ။

    “X ထုံ” ကိုအားကျလို့ သီချင်းလာဆိုကြည့်တာ။

    ReplyDelete
  44. ရှိသေး ရင် နဲနဲကျွေးပါ...မမကွန် ပေါင်မုန့်လေး..

    ReplyDelete
  45. ဟောာာ ဒီ က..ဘိန်းမုန့်.......

    ReplyDelete
  46. ဒီမှာက အရမ်းပူနေတော့ နေ့လယ် နေ့ခင်းဆိုရင် ပေါင်မုန့်ကို ice cream ညှပ်ပီး စားတယ်။ တီကွန်ကိုလည်း သတိရတယ်။ စားပါအုံး။ :D

    ReplyDelete
  47. မမရေ ..ရှိသေးရင်နဲနဲကျွေးပါ။ :)

    ReplyDelete
  48. For me, I cried during 12 days lasting field trip in Aussy for unabling to have lunch and dinner with rice. Rice and curries are very expensive there. But I can't eat bread all days too.

    ReplyDelete
  49. ma ma ..ygn a kyaung set yay oo naw.

    ReplyDelete
  50. ကော်ဖီယူလာတယ်။ ပေါင်မုန့်နဲ့စားမယ်။

    ReplyDelete
  51. ဒီမော်ဒန် အက်ဆေးက ဖတ်လို့ ကောင်းလိုက်တာဗျာ ။

    ReplyDelete