Saturday, May 23, 2009

house

အိမ်များဝယ်ချင်မလားလို့။




















36 comments:

  1. ဘယ်နေရာ.. ဘယ်လောက်ကျတယ်.. ဘယ်လို ၀ယ်ရတယ် ဆိုတာ မပြောပဲနဲ့ ဘယ်လို ဆုံးဖြတ်မှာတုန်း...။
    နေရာ၊ ဈေးနှုန်း၊ ငွေချေပုံ စနစ် ပြောပြပါ...။

    ReplyDelete
  2. ကြည့်ရတာ ဘုရင့်နောင် ဟိုးဘက်အလွန် လှိုင်သာယာ၊ မီးခွက်ဈေးနား..။
    ဒါမှ မဟုတ်ရင် ကိုးမိုင်နားက လော်စစ်ဟန်တို့ နေတယ်ဆိုတဲ့ နေရာနား...။
    နေဦး... ဘောက်ထော်နား တစ်ဝိုက်လဲ ဖြစ်နိုင်တယ်။
    ဒါပေမဲ့ မော်ဒယ် ပုံသေးတွေဆိုတော့ ဘယ်နားဆိုတာ မှန်းလို့ မရဘူး ဖြစ်နေတယ်။
    နောက်ကို အင်ဖေါ်မေးရှင်း စုံစုံစေ့စေ့ ပေးပါ။
    ပလုံ မဖြစ်ချင်ဘူး။ (ဥထားတာ စုထားတာ ရှိတာ ကျနေတာပဲ)။

    လုပ်ထားပါ...။ ငါးလုံးတောင် ကြိုပွိုင့်နဲ့ ၀ယ်ထားနိုင်သူကြီးဆိုတော့ ၀ယ်ထားနိုင်တုန်း နှိပ်စက်ထားပါ။
    ပြန်သွားလို့ နေစရာ မရှိရင် တစ်ခန်း ပေးနေပါ။
    အိမ်လခ တစ်လ ငါးသောင်းပေးမယ်။ တစ်နှစ်စာ ကို ကြိုပေးမှာ...။
    အိမ်ရှင် တစ်နှစ်ကို နှစ်ခေါက်ပဲ လာပါ။

    ဒါပဲ

    ReplyDelete
  3. အပင်တွေ ကြိုက်တတ်ရင်တော့ လုံးချင်းလေးက ပို အဆင်ပြေမယ် ထင်ပါတယ်။ အသက်ရှည်ချင်ရင် အပင်စိုက်ပါ ဆိုတဲ့ သစ်တောဌာနက ပရိုပါဂန်ဒါလေး နားယောင်ထားတော့ ခြံလေး ၀င်းလေး ပါတာ လိုချင်တာပေါ့။
    နောင်အနာဂတ် ဂျူနီယာဘွိုင်းလေးတွေ မြေကြီးဓါတ် ထိအောင် မြေပါတာလေး ၀ယ်ချင်တယ်ကွယ်။
    လောလောဆယ် တိုတိုထိုးထားတယ်နော်။
    ထီပေါက်ရင် အိမ်ဝယ်မယ်။ မီးပေးတဲ့ ကုမ္ပဏီ ထောင်မယ်။
    လောလောဆယ်တော့ ဒါပဲ စဉ်းစားထားတယ်။
    တော်သေးပြီ။

    ReplyDelete
  4. အခုလောလောဆယ်လိုအပ်နေတာ..
    အိမ်ပါပဲ..
    လိုချင်လိုက်တာ..
    ကိုဘပြောသလို
    ဘယ်နေရာ.. ဘယ်လောက်ကျတယ်.. ဘယ်လို ၀ယ်ရတယ် ဆိုတာ မပြောပဲနဲ့ ဘယ်လို ဆုံးဖြတ်မှာတုန်း...။

    Xထုံ

    ReplyDelete
  5. မလေးရှား ထင်ပါရဲ့...။ နာစီလာမတ် မစားချင်ဘူး။ တရုတ်အမဲ အရမ်းကြိုက်တတ်တယ်။ အဲကဆို မ၀ယ်တော့ဘူး။ ပယ်တယ်။

    ReplyDelete
  6. ဝယ်ချင်တယ်.. မမ ပိုက်ဆံချေးမလား

    ReplyDelete
  7. ၀ယ်မယ်.. ခုသုံးလုံးစာကြိုပေးခဲ့မယ်..

    ReplyDelete
  8. တော်တော်နောက်တာပဲ

    ReplyDelete
  9. ဒီနေ့ TOTO ၅ သန်း ပေါက်ရင်တော့ ဝယ်မလို့ပဲ။ TOTO မပေါက်ဘဲ ကားတိုက်သေတော့ မလို့ နည်းနည်းပဲ လိုတော့တယ်။

    ReplyDelete
  10. ZT ရယ်

    တိုတို ဖြစ်သွားပါဦးမယ်။ ခြေထောက်ပြတ်လို့။ ရယ်လိုက်ရတာကွယ်။

    ReplyDelete
  11. မမ ၀ယ်ပီးရင် ပြောနော်၊ လာလည်မလို့၊

    ReplyDelete
  12. အိမ်ပွဲစား ခင်ဦးမေ ပြုံးပြန်ခဲ့ပေ မဆလာ ကိုဝက်ပေါက အိပ်လို့မဆုံး ဖင်တုန်းလုံး

    ReplyDelete
  13. မြန်မာပြည်က အင်းစိန်မှာဆို ၀ယ်ပါမယ်။ :)

    ReplyDelete
  14.ျအမငုနMay 23, 2009 at 3:12 AM

    ယုဗနဦးငှေးမြင့်ကိုလွမ်းနေပြီလား...

    ReplyDelete
  15. ယုဇနဦးငှေးမြင့်ကိုလွမ်းနေပြီပေါ့

    ReplyDelete
  16. အိမ်တစ်လုံးဘယ်လောက်လည်း...။
    အခုတော့ ပိုက်ဆံစုနေတယ်..
    ကြိုကြည့်ထားချင်လို့ ... အဆင်ပြေရင် 2050 မှာ ၀ယ်မယ်

    :P

    ReplyDelete
  17. အခုတော့ ဆန်ပြုတ်သောက်ပြီး
    ပိုက်ဆံစုနေတယ်...

    ReplyDelete
  18. ၀ယ်ဘူး... အလကားပေးရင်တောင် ယူဘူး၊ ဟီး.. ပေးမှမပေးတာကို.....

    ReplyDelete
  19. တိုင်ပင်လိုက်အုံးမယ် မကြီးရယ်

    ReplyDelete
  20. အမ် တို့ ရွာက အိမ်နဲ့ မတူပါလား
    အမတော့မမြင်ဖူးတာတွေ ပြနေပြန်ပြီ
    တောင်ပေါ်ရှမ်းပြည်မှာဆို လေတစ်ဟူးဟူးနဲ့ 
    အပင်တွေလည်းပေါမှပေါ
    ဝယ်တော့ဘူး အမရာ အမေပေးတဲ့အိမ်လေးပဲနေတော့မယ်

    ReplyDelete
  21. ဖိုးစိန် said...

    တိုင်ပင်လိုက်အုံးမယ် မကြီးရယ်

    အိမ်ကိုလာလယ်မလား။ ပို့လိုက်မယ် sponsor လိုခဲ့ရင်

    ဒီရောက်လာရင် ရှောက်ကဲကြရအောင် ;)

    ReplyDelete
  22. အဲ့ prototype တောင်ဝယ်နိုင်သေးဘူး။ မမကြီး ပိုက်ပိုက်ချေးရင် ၀ယ်မယ်

    ReplyDelete
  23. ပိုက်ပိုက်မရှိဘူး။ဟင့်
    လုံးချင်းလေးပဲသဘောကျတယ်။

    ReplyDelete
  24. အမရယ်....... ဘယ့်နှယ်ပြောပါလိမ့်။ မလိုချင် ရှိမလားလို့။ အလကားပေးမယ်လို့သာ ပြောလိုက်။ ခုဆိုခုပဲ။ ဟိ။ :P အတည်ပြောမယ်။ ထီထိုးထားတယ်။ ပေါက်ရင် ကိုဘမေးထားတဲ့ အချက်အလက်တွေ ထပ်မေးမယ်။ ခု ချက်ချင်းဆိုရင်တော့ အလကားသာ ပေးပေတော့။ :D

    ReplyDelete
  25. လုံးချင်းလေးဆိုကောင်းမယ်..... :P

    ReplyDelete
  26. အိမ်တော့ မ၀ယ်နိုင်ပါဘူး မမရယ်။ မမကို မနှုတ်ဆက်ရသေးလို့ လာနှုတ်ဆက်တာပါ။း)

    ReplyDelete
  27. ဘယ်နိုင်ငံကပုံတွေလဲ?

    ReplyDelete
  28. ဒီမှာတော့ နိုင်ငံခြားသားတွေလဲ အိမ် ဝယ်နိုင်တယ်။ အဲဒီမှာရောရလား ပြောပြပါ။

    ReplyDelete
  29. မမ က အသစ်ဝယ်မလို့ လား
    အားကျတယ်..

    ReplyDelete
  30. အစ်မ
    အိမ်ဝယ်ဖြစ်လို့
    အိမ်သစ်တက်ရင်ဖိတ်လိုက်ပါ ..
    မပျက်မကွက် လာဝါးပါမည်။ (အဟဲ)

    (အစ်မ၊ လေစိမ်းတိုက်တာ မဟုတ်ပါ၊ လေမတိုက်လို့ မပျံနိုင်တာပဲ ရှိပါတယ်)

    အဆင်ပြေ ပျော်ရွှင်စွာနဲ့ ဘလောဂ့်ဂင်းနိုင်ပါစေ

    ReplyDelete
  31. နှင်းဆီဖြူနဲ့ သားလေးလာရင် နေဖို့ ၀ယ်ထားအုံးမှ
    :)

    ReplyDelete
  32. ဘ၀တစ်ခုမှာ ဆောက်တည်ရာမဲ့သလိုပဲ..
    အောက်အလျင်ကမို့ ကျောက်ပြင်ကြမ်းမှာ
    သနပ်ခါးသွေးသလို ခပ်ကြမ်းကြမ်းအဖြစ်တစ်ခုနဲ့
    မှတ်တမ်းဝင်အောင် အပြေးကလေးဝယ်ချင်ပေမယ့်
    လှမ်းမမှီလို့ တန်းမှီတစ်ခုစာရရင်ပဲ နေပျော်ဘ၀မှာ
    အခြေတော်တော်ကျနေပြီမို့ အလျင်းသင့်ရင်ဖြင့်
    များစွာမလို တစ်ဘ၀စာစိတ်ငြိမ်မဲ့ အိမ်တစ်လုံးသာ
    လိုချင်ပါ၏ ...။

    ReplyDelete
  33. အခုမှပဲ လာနိုင်တော့တယ်။ ၀ယ်မယ် ၀ယ်မယ်.ထီပေါက်ရင်..ဟီး

    ReplyDelete
  34. နည်းနည်းများကျဉ်းသလားလို့..
    မြေအောက်မှာ ရုပ်ရှင်ရုံ အသေးစားရယ်.
    အားကစားခန်းမရယ် .ဘိလိယက်ခုံနဲ့ ကာရာအိုကေ တခန်းလောက် ပါမှဖြစ်မယ်...။
    ခြံထဲမှာ ၄ ထပ်အမြင့် ရှိမယ့် ကားဂိုထောင် တခုပါစေချင်
    တယ်။ mini golf ကွင်းလည်းပါစေချင်တယ်..။
    ၃ ထပ်တိုက်လောက်ဆိုရပါပြီ..။အပေါ်ဆုံးမှာ
    ပင်လယ်ရေနဲ့ ရေကူးကန် တကန်..ရေချိုကန် တကန်
    ပါအောင်စီစဉ်ပေးပါ..။
    အိမ်ထဲခင်းမယ့်ကော်ဇော်ကိုတော့ အီတလီ ထုတ်ပဲ ဖြစ်စေချင်တယ်..။
    ပြောရတာမောလို့ ကန်စွန်းရွက်ကြော်နဲ့ ထမင်းစားလိုက်အုံးမယ်..ပြီးမှဆက်ပြောမယ်..။

    ReplyDelete
  35. အိမ်လိုချင်ရယ် .... ဝယ်ကျေး :)

    ReplyDelete
  36. http://www.lawka-ahla.com/news.php?item.744

    နှလုံးသားရပ်ဝန်းမှ အသံများကို နားထောင်ခြင်း


    နှလုံးသားရပ်ဝန်းမှ အသံများ ဆိုတဲ့ http://heartstations.blogspot.com/ ဘလော့ဂ်ရဲ့  ဖန်တီးရှင် ကိုဘွိုင်း နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။

    ပြည်ပကို ဘယ်တုန်းက စရောက်တာပါလဲ။

    လွန်ခဲ့သော ဆယ့်ခုနှစ်နှစ်ကပါ။ မြန်မာပြည်ကို ပြန်ဝင်သွားလိုက် ပြန်ထွက်လာလိုက်နဲ့ ပါ။ အခု တစ်ခေါက်ကတော့ အကြာဆုံးပါ။ လွန်ခဲ့သော သုံးနှစ်လောက်ကပါ။

    မြန်မာနိုင်ငံကနေ ဘာဘွဲ့ကို ရရှိခဲ့တာပါလဲ။

    အင်ဂျင်နီယာဘွဲ့ပါ။ B.E (Electronics) ဖြစ်ပါတယ်။

    အိုင်တီနဲ့ ပတ်သက်ပြီးတော့ နည်းပညာလေးတွေ ဝေမျှနေတော့ ကွန်ပျူတာနည်းပညာနဲ့ ပတ်သက်ပြီး ဘယ်လို လေ့လာ ခဲ့တာပါလဲ။

    ကျောင်းတက်စဉ်ကာလများကတည်းက ကွန်ပြူတာ ပိုင်းဆိုင်ရာ နည်းပညာရပ်များကို စိတ်ဝင်တစ်စား ရှိခဲ့ပါတယ်။ ကျောင်းစာများအပြင် ပြင်ပက လက်လှမ်းမီရာ စာရွက်စာတမ်းများ၊ အိုင်တီဆိုင်ရာ ပညာရပ်စာအုပ်များကိုလဲ ဖတ်ရှုလေ့လာခဲ့ပါတယ်။ ကိုးဆယ်ကျော် ခုနှစ်များဆီက ထွက်ရှိခဲ့တဲ့ ကွန်ပြူတာ ဂျာနယ်အများစုဟာ ကျွန်တော့်ရဲ့ မြင်ဆရာများ ဖြစ်ပါတယ်။ MCF နဲ့ ဂျပန်တို့ ပူးပေါင်း ဖွင့်လှစ်တဲ့ ဂျာဗား သင်တန်း တက်ဖူးပါတယ်။

    သူတစ်ပါးတိုင်းပြည်မှာ ၊ အလုပ်လုပ်ကိုင်တဲ့အခါမှာ ရင်ဆိုင်ရတဲ့ အခက်အခဲလေးတွေ ရှိပါသလား။

    အခက်အခဲဆိုတာကတော့ နေရာမရွေး ကြုံကြိုက်နိုင်ပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကွာခြားမှုများ၊ ဘာသာစကား အခက်အခဲများ အမျိုးမျိုး ကြုံတွေ့ဖူးပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကတော့ အလုပ်က ပြန်သင်သွားတတ်တာမျိုး ရှိတော့ နောက်ပိုင်း အခက်အခဲ ကြီးကြီးမားမား တွေ့ကြုံတာမျိုး မရှိတော့ပါ။

    အင်တာနက်မှာ ဘလော့ဂ်ရေးပြီး နည်းပညာတွေ မျှဝေနေသလို စိတ်ခံစားမှု အနုပညာလေးတွေကိုလည်း ရေးတာ တွေ့ရတယ်။ သီချင်းတွေ ရေးတယ်လား။ ကဗျာတွေ ရော နှစ်သက်ပါသလား။

    အင်တာနက်မှာ Blog ရေးဖြစ်တယ် ဆိုတာက ကိုယ့်ရဲ့ ခံစားချက်များကို မှတ်တမ်းတင်ချင်တဲ့ သဘောဖြစ်ပါတယ်။ နောက်ပြီး ကိုယ်တွေ့တာ မြင်တာလေးတွေကို တခြားသော မိတ်ဆွေများကိုလဲ ဝေမျှခံစားစေချင်တဲ့ စေတနာနဲ့ Blogging လုပ်ဖြစ်တာပါ။ တေးသီချင်းများ နားဆင်တာ ၀ါသနာပါပါတယ်။ သီချင်းရေးတယ်ဆိုတာက ရှိပြီးသား သံစဉ်ကို ကိုယ်ခံစားမိတဲ့ စာသားလေးတွေ ထည့်တာပြုတာတော့ လုပ်ဖြစ်ပါတယ်။ ကဗျာတွေကို နှစ်သက်ပါတယ်။


    အလုပ်တစ်ခု လုပ်ရင် အကောင်း၊ အဆိုးတွဲနေတာပဲဆိုတော့ စိတ်အနှောင့်အယှက် ဖြစ်ရတာတွေရော ရှိပါသလား။

    ရှိပါတယ်။ အကောင်းအဆိုးဆိုတဲ့ သဘောက တစ်ခုနဲ့ တစ်ခု ဒွန်တွဲနေတယ်လို့ သဘောပေါက်ပါတယ်။ အကောင်းဆိုတာ ရှိလို့ အဆိုးဆိုတာ ဖြစ်လာတာပါပဲ။ ဖြစ်တတ်တဲ့ သဘောမို့လို့ လက်ခံသဘောပေါက်နိုင်ရင် စိတ်အနှောင့်အယှက်ဖြစ်ရတာတွေ ပျောက်သွားတာပါပဲ။

    ခုလောလောဆယ် ဘာတွေ လုပ်နေပါသလဲ။

    ခြုံပြောရရင်တော့ ၀မ်းရေးအတွက် အလုပ်လုပ်နေတယ်ပေါ့ဗျာ။

    အနာဂတ် အစီအစဉ်လေးတွေ ပြောပြပေးပါလား။

    အိုင်တီလုပ်ငန်းနဲ့ ပါတ်သက်တဲ့ ၀န်ဆောင်မှု လုပ်ငန်းတစ်ခုကို ကိုယ်ပိုင် ထူထောင်ဖို့ ရည်မှန်းထားပါတယ်။

    စိတ်ဖိစီးမှုတွေကို ဘယ်လို ပြေပျောက်အောင်လုပ်ပါသလဲ။


    သီချင်းတွေကို မရပ်မနား သီဆိုပါတယ်။ မိတ်ဆွေများနဲ့ တွေ့ဆုံ စကားစမြည် ပြောဖြစ်ပါတယ်။

    အားလပ်ချိန်မှာ ဘာတွေ လုပ်ပါသလဲ။

    ရုပ်ရှင်ကြည့်တယ်။ စာဖတ်ဖြစ်တယ်။ အပေါင်းအဖေါ်များနဲ့ တစ်ခုခု ထွက်စားဖြစ်တယ်။ အဲ.. အခုတော့ အင်တာနက်က လက်တစ်ကမ်းဆိုတော့ ကောင်းနိုးရာရာလေးတွေ တစ်ခါတစ်လေ အွန်လိုင်းပေါ်မှာ တမေ့တမော ရှာမိတယ်။

    ယနေ့ခေတ်လူငယ်တွေအပေါ် အမြင်လေးကို သိပါရစေ။

    အခွင့်မသာသေးလို့ ရေဆန်ကို အန်တုကူးခတ်နေရသူများလို့ မြင်မိပါတယ်။ သူတို့တစ်တွေဟာ အရင် ကျွန်တော်တို့ခေတ်ကထက်စာရင် လိုချင်တာတွေ၊ အခွင့်အရေးတွေဟာ လက်တစ်ကမ်းမှာ ရှိနေတယ်။ လိမ္မာစွာနဲ့ ယူတတ်ဖို့ပဲ လိုတယ်။ သူတို့ကို အားကျပါတယ်။

    ယနေ့ခေတ် လူငယ်များကို ဘာများ အမှာစကားပြောချင်ပါသလဲ။

    ရည်မှန်းချက် တစ်ခုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားစေချင်တယ်။ ပြီးတော့ အဲဒီ ရည်မှန်းချက်အတိုင်း ရောက်အောင် မလျှော့သော ဇွဲလုံ့လ၊ ဥာဏ်ဝီရိယများ ထားလို့ ပန်းတိုင်ကို လျှောက်လှမ်းကြစေချင်တယ်။ မဆုတ်နစ်တဲ့ လုံ့လနဲ့ ကြိုးစားစေချင်ပါတယ်။ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာ ထားစေချင်ပါတယ်။ ဒါမှလည်း နိုင်ငံတကာမှာ အောက်ကျ နောက်ကျ မနိုင်မှာ ဖြစ်ပါတယ်။

    အခုလို ဖြေကြားပေးတဲ့ ကိုဘွိုင်းကို လောကအလှမှ ကျေးဇူးတင်ရှိပါတယ် ရှင်။

    လောကအလှ

    ReplyDelete